Friday, May 22, 2026

သံဖရာသီးခွဆုံ

သံဖရာသီးခွဆုံ
==========

ဒေါင်းပြောက်
ဂေါင်းစောက်
လောင်းမှောက်။

အောက်ရှောက်
ဘောက်ကတတ်
ယောက်ဖဖတ်ဖို့ ကဗျာစပ်
"အောက်အီးအီအွတ်"

လူအများ နားလည်ယောင်
ဘောက်သာဆောင်းရေ အိုမောင်းမောင်။

လူအများ နားလည်ယောင်
ရှောက်ရှာစားရေ အိုမောင်းမောင်။

ကြီးလီချဉ်လီ
"သံဖရာသီးခွဆုံ"

(------)
တိုးနိုး။

အောက်ရှောက်အရွှန်
သဘောက်ကျွန်။

(မောင်ပေါက်တူး)
April 24, 2026 (သောက်ကြာနိ)


နာရီစင်အောက်ကလူ

နာရီစင်အောက်ကလူ
=============

သံဖရာသီးခွဆုံမှာထိုင်
မင်းကြီးကျောက်တန်းမှာ လီခံ
အင်းပေါက်ဝမှာ ငယက်နှိုက်
ဘီယာချေသောက်လိုက်
Selfie ချေဆွဲလိုက်
ကဗျာချေစပ်လိုက်
ကိုယ်ခြီကေလီမဖြစ်
ကြမ်းပိုးကိုက်ကိုက်
ခြင်ကိုက်ကိုက်။

လလည်းကွယ်
ပြည်လည်းဆုံး
ပြည်ဖုံးကားကို ကုလကာချ
ဘီလူးဆိုင်းနှင့်
မယ်သီတာ ရာမလက္ခဏ
တခန်းရပ်ပြဇတ်
"က" ခါ "က"
ဘီလူးမတန်းထထက်က
ခုန်ချသူကခုန်ချ။

ဆတ်ရိုးကျချောင်းမှာ
မိုးဦးကျ ငပြီမ
အကျိတ်ကျိတ် အလှိုင်းလှိုင်းတက်
အရက်ယစ်လို့
ကော်နှက်သူက ကော်နှက်
တာယက်လူက ယက်
အစိချေနှင့် ငပိသည်
ငါးစိမ်းသည်တိ အလုအယက်
လီချဉ်တက်လူက တက်။

မင်းကြီးကျောက်တန်း
သံဖရာသီးခွဆုံ
အင်းပေါက်ဝ
ဘီလူးမတန်းထ
ဆတ်ရိုးကျ (နှင့်) နာရီစင်
အထင်ကရ
စစ်တွေမြို့ပြ ပင်လယ်ဝ။

(နာရီစင်အောက်ကလူ)



သာလှဧူး

သာလှဧူး
======

လိုတမျိုး မလိုတမျိုး
ကုလားဖန်ထိုး။

အရှိတမျိုး နောက်တမျိုး
ဝက်ထီးအားကိုး။

ဝခါတမျိုး ငတ်ခါတမျိုး
(အာနိုး)






သာလှဧူး

သာလှဧူး
=====

နခေါင်းချေရှုံ့
ငသလောက်ပြုံ့။

ငုံ့လို့လည်းခံ
အပေါက်ကျွံ။



Wednesday, February 11, 2026

ဝါကြီးအိမ်

ဝါကြီးအိမ်
=======

ဝါကြီးကအို ကြမ်းကပြို
ကျင်သန်အို ကြက်နှင်မရ
၀က်ကတမှောင့်
ကျီးကနှောင့်ယှက်
တောကြက်ယက်တေ။

အဖိုးမောင်းမောင်
မှောင်မှောင်မဲမဲ
တောင်ယာတဲမှာ
တ​ယောက်တည်းလေ။

အိပ်လို့မရ
ခွီးကထဟောင်
ညည့်သိုင်ခေါင်မှာ
ယမ်းလို့ယောင်ရေ။

ညည့်ဦးလွန်ကေ
မိုးသောက်ယံမှာ
တညံညံလေ
တာကိုယက်လို့
တဒေသက တကြက်တွန်ရေ။

သာလှဧူး (မြောက်ဧူး)
December 17, 2025)(ဗုဒ္ဓူးနိ)


ရူးဖို့ယာ

ရူးဖို့ယာ
=====

ညည့်နက်သိုင်ခေါင်
ခွီးကဟောင်
မှောင်မှောင်မိုက်မိုက်
မိုးကြိုးပစ်တေ။

လူအရပ်မှာ
စမ်းဖီစမ်းဖတ်
နွားခုံးတိုင်ကို
ခလုန့်သတ်တေ။

ကျီးနင်းကျီးနင်း လျှောက်လို့လာ
ကြာလားခလို့
မာန်ပါ စိတ်ဆိုးရေလား။

တသိတမန် အိပ်ကွန်ဆောင်
ခြီနရောင် နာရေမဟိ
မေမသိ
မောင်မောင်ကြီးမှာ
ကျွဲခတ်ပိုင်ယှောင်တွိရေ။

မောင်ခေါ်ကေ တခွန်းမထူး
သဘောက်စာမှာ
ဘယ်ညာလှူး
ကျွီးလို့အော်ကေ ပဒါမြီလူး
ရူးဖို့ယာ ပုယေ။

အဏ္ဏဝါသား (နတ်ဆိတ်)

ရွာပြန်ခရီး

ရွာပြန်ခရီး
======

အိမ်စွန်ဖျားမှာ
ငှက်ရွှီဝါ။

ရောက်ပျာရောက်ပျာ
တြင်းငြာ။

ကျီးကန်းအာ
ငှက်ဝါပျံဗြီး
မောင်ကြီးလာ လာခါနီးနီး
ရွာပြန်ခရီး ပိုလို့ဝီး။

သာလှဧူး (မြောက်ဧူး)
December 17, 2025)(ဗုဒ္ဓူးနိ)

မြင်ပါဖို့လား

မြင်ပါဖို့လား
=======

လလည်းတပေါင်း
ဖုံဆောင်းဆောင်းနှင့်။

နီပူချစ်ချစ်
ချွေးပြစ်ပြစ်နှင့်။

တလင်းပြင် ကွင်းပြင်တဆုံး
ကြွင်းလို့ကျန်
လက်ကျန်ကောက်ရိုး
ငေါက်စောက်ကေ ထိုးလို့။

မေ့အိမ်နောက်က
ကောက်ရိုးပုံလေ
နို့ပုံဇာတီ
လုံးပတ်ညီနှင့်။

ရွှီမင်းဂံလေ ကန်ဘောင်အနီး
ညောင်ပင်ကြီးမှာ
ကျီးကန်းအာ တစာစာနှင့်။

ညချမ်းနီခါ ရီခပ်လာ
မြင်ပါဖို့လား။

မေကြီးလာ
လာရာလမ်းကြောင်း
ချောင်းကမ်းထောင်းမှာ
နွားကိုကျောင်း
မျက်စိစောင်းနှင့်
ချောင်းချောင်းလို့ ကြည့်ရေ။

ဖုံဆောင်းဆောင်းနှင့်
တပေါင်းနွီမှာ
နီလည်းစောင်းကေ
မေကြီးညောင်းဖို့ မောင်ကြောက်တေ။

သာလှဧူး (မြောက်ဧူး)
December 24, 2025 (ဗုဒ္ဓူးနိ)

လာတောင်းမေ

လာတောင်းမေ
=========

ပုလဲကုံးကေ ရွေးလုံးအသွင်
မေအပျိုကို အလိုလိုက်
အပြစ်မမြင်။

အစွယ်ကိုလို သောနုတ္ထိုရ်ကို
စေလိုရာခိုင်း
ယူဖို့ခိုင်းကေ
မေခိုင်းအတိုင်းလုပ်ပါမေ။

ဝါးတရာကို
တရက်တည်းနှင့်
ညက်အောင်ထွန် ထွန်ပါမေ။

ပိန်လို့ညှိုးကေ
ထမင်းသိုးနှင့်
တမိုးစား စားပါမေ။

သဝင်ချောင်းမှာ
ကျွဲကိုမောင်း
နွားကိုကျောင်း ကျောင်းပါမေ။

ဆောင်းမဝင်ခင် အယင်ပေါင်းဖို့
အခါကောင်းမှာ
လာလို့တောင်းဆို တောင်းပါမေ။

နုနုနွယ်နွယ်
အပုယေမှာ။

ရွှေကိုလို ရွှေကိုလိုလို့
ချစ်ပါရေလား။

ငွေကိုလို ငွေကိုလိုလို့
ကြိုက်ပါရေပါလား။

ရွှေကိုမလို ငွေကိုမကြိုက်
မောင်ကြီးနောက်ကို
ခြီ​တောင်းကျိုက်
လိုက်ဝန့်ဖို့လား။

သာလှဧူး (မြောက်ဧူး)
December 15, 2025)(တလင်္လာနိ)