အဝကျွန်းသမိုင်းရာဇဝင်
====================
ကံဆိုးမိုးမှောင် ကျယင်းနှောင်၍
ပြည်ဘောင်ရက္ခ ချက်မြှုပ်မှလျှင်
များလှရန်စွယ် အန္တရာယ်ကို
ယှောင်ဖယ်လိုဘိ ထိုအသိကြောင့်
မိမိနီရာ ဖောင်းခါးရွာက
လျှင်စွာအပြီး လောင်လှီကြီးနှင့်
ခရီးရီပြင် သီဒါခွင်ကို (--------)
ရီနီဆိုးကြမ်း ငါးမန်းငါးဆင်
ငါးဘုရင်လည်း လောင်းတွင်လာကပ်
ရန်မူလတ်၍ သတ်မည်အယောင်
ခေါင်းကိုထောင်လျှက် မျောလာငြားကျင်
ရင်ဆိုင်တွိရ ငိုမိရ၏။
ပြည်မှအထွက် အနောက်ဘက်သို့
တည်လျှက်လောင်းကို နီညိုညိုတွင်
လီချိုပြင်းထန် ထလတ်ပြန်၍
မမှန်ဥတု ရာသီလုချိန်
မိုးမငြိမ်ဘဲ ထသည့်လှိုင်းဆိုး
ယက်ခေါက်ကျိုးကာ
အိမ်မိုးခေါင်သွင် တောင်ယောင်ထင်၏၊
သမုဒ္ဒရာ ခရီးမှာမူ
များစွာဖီးရန် အတန်တန်ကြောင့်
ကြံဖန်ကြိုးကုတ် နောက်ပြန်ဆုတ်လည်း
အယုတ်များစွာ မသမာနှင့်
ဆိုင်ကာဖီးတွိ သီနိစီဖို့။
လားမိလားရာ လားလီပါသော်
ကြီးစွာရန်မီး လှိုင်းလီကြီးနှင့်
ခရီးထွက်လာ ငါးရက်ကြာသည်
ကျွန်းသာအနောက်သို့ရောက်လီရေ၊၊
ထွက်လာပြီးနောက် ကျွန်းသို့ရောက်လည်း
ဝမ်မြောက်စရာ မဟိပါတည်း။
ကျွန်းမှာကျွန်းရိုင်း တောခြုံဝိုင်း၍
အုံမှိုင်းထူထပ် ကြားမလပ်ပဲ
ထွီးညှပ်ယှက်ပွီ (—---)
များသည်သရဲ တောကျွဲမြွီကျား
ဖီးရန်များကာ ဟိငြားမကန်
ကျွန်းရိုင်းမှန်၏။
တန်တန်ရန်သူ
ရီ၌မူလည်း တောဆူမီးကျောင်း
ကြောက်ဖွယ်ကောင်း၏။
တကြောင်များထူ
ကြွက်ရန်သူလည်း ဆူပူသောင်းကျန်း
တောခြုံလွှမ်း၍ စိတ်နွမ်းမအီး
ထိုရန်မီးကြောင်း အသီးအနှံ
ဆုံးရပြန်သော် စားရန်ဝမ်းစာ
မလောက်ပါ၍ ရန်ခါဆက်ပြတ်
ထမင်းငတ်၏။
လိုက်လတ်ဝိဘက်
ထိုဒဏ်ချက်မှ ကျွတ်ထွက်စီလို
တောင်းဆုဆိုရေ။
နောင်ကိုသတိ
ဝဋ်မငြိအောင် အသိဓမ္မ
ဟိကတ်မှရာ လွတ်ဟိပါမည်။
တောရိုင်းထဲတွင် ဖီးကိုမြင်၍
ပြန်ချင်သောဇော သဘောပေါ်မိ
အာရုံဟိလည်း မရွိနိုင်ပါ။
သီတာခြားသည်
ဇာမှာဇာသို့ လားဖို့လမ်းပင်
မှန်းမမြင်ဘဲ အရှင်ငရဲ
ရခိုင်ခွင်ကို ပြန်ဝင်ရေးကား
တွေး၍မရ ဘဝဇာပိုင်
အေလူရို့မှာ မတွိနိုင်ပါ။
ထွက်လာချိန်တွင် စိတ်ဘဝင်လည်း
မရွှင်ညှိုးနွမ်း မျက်ရည်ရွှမ်းလျှက်
တမ်းတမ်းတတ ရိပန်းလှ၏။
ထွက်ရအခက် နီအခက်နှင့်
မသက်မသာ လားရပါလျှက်
ဆရာသျှင်ကောင်း ရွာဦးကျောင်းက
ဦးနန္ဒကို မလျှောက်ခရ။
တရက်မျှနှင့် စုရအိမ်ဝန်
ဆန်ဆီငပိ ဆုံကျမွိနှင့်
ဝါစိမျိုးမှန် ပိုက်ကွန်ယက်သဲ့
စုံအောင်ထည့်၍ မိ၍မကျန်
ယူရပြန်၏။
ဆိုးလှဇာတာ
ချက်မြှုပ်ရွာတွင် နီချင်ပါလည်း
မနီခရ ထွက်ပြီးရရေ။
ဒုက္ခဖုံဖုံ ခံရပုံကို
စိစုံသိရန် ရွီးရပြန်သည်
အမှန်ငါရို့ပွဲတွိတည်း။ ။
ဤကဗျာအပြည့်အစုံသည် ဝရာဇ်မြီ (ဦးရာဇ်မြီ) မဂ္ဂဇင်း အမှတ် (၆) တွင် အပြည့်အစုံပါပါသည်။ ကျကျန်ခသည့် အပိုဒ်များကို ဖြည့်စွက်ပီးရန် ပြည်ထဲက စာပီပညာသျှင်များကို အကူအညီတောင်းဖူးပါသည်။ ကူညီဖြည့်စွက်ပီးဖို့လူတိ ရှာမတွိပါ။ သို့ဖြစ်ပါ၍ မပြည့်မစုံဖော်ပြပီးလိုက်ရပါသည်။
အေနိ အသိအစ်ကိုကြီးတယောက်နှင့်စကားမိရာမှ အတွက်ပြန်ပေါ်၍ ပြန်လိုက်ရှာကြည့်ရာ မိမိလက်ထဲ၌ဟိသောမူမှာ မည်သည့်နီရာတွင် သိမ်းထားမှန်းလည်း မမှတ်မိလိုက်ပါယာ။ ရှာလို့လည်း မတွိလိုက်ပါယာ။ ယေဇူး Internet တွင် လိုက်ရှာကြည့်ရာ ပြန်တွိသဖြင့် ပျောက်ပျက်မလားရအောင် ပြန်၍ Share လုပ်ပီးလိုက်ရပါသည်။
(ရခိုင်ပေါင်းကူး သာလှဦး)
July 26, 2026 (တလင်္ဂုနီနိ)
Sunday, July 26, 2026
Subscribe to:
Post Comments (Atom)
No comments:
Post a Comment