Sunday, April 7, 2013

မပြောဘူး၊ မလာနဲ့

တခါက မောင်တောက ကျောင်းဆရာမောင်ဖြူချေတယောက် ငါးခူရရွာတွင် ကျောင်းဆရာဘ၀နှင့် တာဝန်ကျလျှက်ဟိသည်။ တရက်နိတွင် ရန်ကုန်က မြန်မာကျောင်းနီဖက်သူငယ်ချင်းတယောက် မောင်တောမြို့သို့ အစိုးရ၀န်ထမ်းတာဝန်နှင့် ပြောင်းလာရမည်ဖြစ်ကြောင်း သတင်းရသည်။ သို့ဖြင့် သူငယ်ချင်းအား မောင်တောမြို့သို့ရောက်လျှင် မိမိတာဝန်ကျလျှက်ဟိရာ ငါးခူရရွာသို့ လာလည်ရန်ဖိတ်ကြားလိုက်သည်။ သူငယ်ချင်းလည်း စနီ၊ တလဂုင်္နီယုံးပိတ်ရက်တွင် သူ့သူငယ်ချင်းကျောင်းဆရာဟိရာ ငါးခူရရွာသို့ လည်ဇောင်ရောက်လာသည်။ ရွာကိုရောက်၍ ကျောင်းဆရာမောင်ဖြူချေအိမ်ကို မီးကြည့်ရာ ကန်ဘောင်နားက သံဖြူမိုး၍အိမ်ဖြစ်ကြောင်း လမ်းညွှန်ပီးလိုက်ကတ်သည်။ အိမ်သို့ရောက်သောအခါ သူငယ်ချင်းမောင်ဖြူချေမှာ အိမ်၌မဟိ ပုဇွန်ကန်သို့ ရောက်လျှက်ဟိသည်။ သို့ဖြင့် သူငယ်ချင်းမယားသည်ကို "အစ်မ စားပြီးပြီလား၊ ဘာဟင်းနဲ့စားသလဲ" ဟု လောက၀တ်စကားမီးစမ်းကြည့်ရာ သူငယ်ချင်းမယားသည်က "နပျိုးဖူးနန့် မလာနန့်" ဟု ဖြေလိုက်သည်။။ သို့သော် ဗမာဝန်ထမ်းနားလည်လားသည်မှာ "မပြောဘူး၊ မလာနဲ့" ဟူ၍ဖြစ်သည်။ ထို့ကြောင့် ဗမာဝန်ထမ်းမှာ ရှက်ကွန်ချေဖြင့် အိမ်ပေါ်ထက်က ဆင်းပြီးရလီပါတော့သတည်း။