Saturday, September 14, 2024

တပင်တိုင်နန်း

တပင်တိုင်နန်း
=========

လမုတပင်
ချောင်းကမ်းစပ်တွင် အသက်ရှင်။
ဗျိုင်းကတရွီ
အကိုင်းဖျားမှာ နားလို့နီ။

အညာရီ ဖြားရီတိုက်လည်း
တိုက်ပတ်စီ ငါမသီ။

အရုပ်မလှ မမွှီးမြလည်း
လောက၏ဒါဏ် ကြံ့ကြံ့ခံယင်း
ကျုပ်ကျွံနွံနစ် ကမ်းနားသစ်ပင်
ချောင်းကမ်းစပ်တွင် အသက်ရှင်။

အလင်္ကာလေ ကဗျာမဖွဲ့ စာမဖွဲ့
တကောင်တည်း ယေလည်းခြင်္သေ့။

ခြင်္သေ့မင်းမူ ကြည့်ခီမူသော်
ဇမ္ဗူဒီတောင်ကျွန်း
ထီးလူလူကေ ရောင်ဖြူရွှန်းလို့
သောင်ပြင်ကမ်းက တပင်တိုင်နန်း။

တပင်တိုင်နန်း လှပုံဆန်းသည် 
ကြငှာန်းဆင့်ဆင့် ပန်းဆင့်ဆင့်။

လီအဟုန်ဖြင့် ဇကုန်ရွှင့်သည်
ရွှီဘုံမြင့်မြင့် ဂုဏ်ဝင့်ဝင့်။

သာလှဦး (မြောက်ဦး)




No comments:

Post a Comment