Friday, August 21, 2026

မိုးလင်းခဲဝါ



မိုးလင်းခဲဝါ
========

ဝင်လိုက်ထွက်လိုက်
ဖြစ်ပျက်ရှုမှတ်
လွတ်လွတ်လားရေ။

ပဒရီတခြား ခယောက်တခြား
ပုတီးတခြား စိတ်တခြား။

ဝီစိကိစ္ဆာနှင့် ဝိရောဓိ
မျက်စိလည်လမ်းမှား။

ဝိပဿနာ အဘိဓမ္မာ
အဘိဓါန်မှာ လိုက်လို့ရှာ။

မျက်စိပြာပြာ
ပြူးတူးပြာတာ။

ဘုရားတကာ ကျောင်းတကာ
မိုးလင်းခဲဝါ
ကြောင်သူတော်။

မြန်မာပိုင်ဆို လိပ်ကိုရီမှာချ
ပစ်သားမဟိ ကျကျနန
ရခိုင်ပိုင်ဆို ပမကျ နမကျ
တခွန်းချေလည်း မဟ။

လူအများနားလည်ယောင်
သကာစားရေ အိုမောင်းမောင်။

​ကြောင်ရီဝတ်
ထုတ်မှာသတ် ယောက်မှာသတ်
အောက်ခြီလွတ် ဘောက်ကတတ်
မိုးကြိုးပစ်မကျွတ်
ကျွတ်သတ် ဖွတ်။

ရခိုင်ပြည်ကြီး သီးခြားလွတ်လပ်ရီး
ပြောခါ ယခီး ရွီးခါ ဗချီး
အကောင်ရာကြီး အလီးမစီး
ရောင်းပန်းလှ ကျီးအာသီး
မစားရရေခွီး ဂေါင်းညီး။

ကဠုံရာလည်းနဂါး
(မသိကေရွှေအိုး)
(-----)(ဖရုံသခွား။)။

မောင်ပေါက် (ရခိုင်ပြည်)
August 20, 2026 (Thursday)