Friday, March 27, 2015

ကုလားဖန်ထိုးသူများအကြောင်း


ကုလားဖန်ထိုးသူများအကြောင်း
==================

ဂျီဝိဂျီဝါ
ငလိငလည်
အရည်မရ အဖတ်မရ
ကျမိကျရာ
ဗြန်းစိကာရ စကားပြောပြီးကေ
မျောက်မှာ သပြာရယှောင်
အချိတ်ကြီးတက်လို့
ဝမ်းကြီးသာလို့
ပျော်မနီပါကဲ့ တချက် --။

အမြင်ကပ်လို့
မြင်းကျောက်ခံရခါ
လိပ်ပိုင် ထလန်းကားလန်လို့
ယကန်ယကန်နန့်
ဂြိမ်သီသီဖို့ယေ ---။

စားပါလီဖိသကာ
ကိုးက ထောင်သတ်ပစ်လိုက်ကေ
တစ်စိ ၀င်လို့
(ဘူ) ကျ လားခယင့် --။

ယနာနာနန့်
ဖဲဝိုင်းပြီးလို့
ပွဲသိမ်းခါ
ဆရာသမားမှာ
(ဗျ) ကျန်ယင့် --။

(ဟိဟိဟားဟား ဟိဟိဟားဟား)
ဗြားစားလားခပျာယ်
အရာလည်း
ခြီခန့်သိမ့်လား
ငြောင့်ငြောင့်ချေ မတွိလား --။

(သာလှဦး)
December 10,, 2014 ဗုဒ္ဓူးနိ

ရခိုင်သားနှင့် (ဧ့) အဘိဓါန်


ရခိုင်သားနှင့် (ဧ့) အဘိဓါန်
================

ဇာလောက် လှလှ
ဇာလောက် ဖြူ ဖြူ
ဇာလောက် ၀င်းဝင်း
ဇာလောက် ပြောင်ပြောင် ---။

ဇာလောက် တော်တော်
ဇာလောက် တတ်တတ်
ဇာလောက် သိသိ
ဇာလောက် မှန်မှန် --။

ဇာလောက် ချစ်ချစ်
ဇာလောက် ကြိုက်ကြိုက်
ဇာလောက် မိုက်မိုက်
(ဧ့) ကိုက်ကေ လားပျာ --။ ။

(သာလှဦး)
December 11, 2014 (ကသစ်ဗုဒ္ဓိနိ)

ရခိုင်သားစာ ရခိုင်စာ


ရခိုင်သားစာ ရခိုင်စာ
============

ကြန်စုံနှစ်ဆူ
တဆူကကျွဲ တဆူကနွား
ကျုပ်များကျွံ ကွင်းပြင်လှမှာ
မြက်ရှာစား --။

အပ် (ရီး) ထွန် (ရီး)
ထို အ (ရီး) က
စာ (ရီး) ခြင်းမှာ
ဖြစ်လာပါ၍
(ရီး) ကတ်ပါသည် ရခိုင်စာ --။

(ရဲ့) ကစ၍
(ယေ့) ဖြစ်တဖန်
တဖန် (ဧ့) ဖြစ်
ရိနာလိုက်သည်
အဖြစ်ဆိုဝါးလှရေကား --။

မာမာကျန်းကျန်း
ကျန်းကျန်းမာမာ
ကျမ်းမှာကျန်းမာ
ရောထွီးလာသည်
(အဘာငါ့သား) တော်ရေကား --။

တယောက်က (၏) တယောက်က (ဧ့)
တယောက်က (မှာ) တယောက်က (မာ)
တယောက်က (လာ) တယောက်က (လှာ)
ရခိုင်သားစာ ရခိုင်စာ --။

ဆရာများ သားသီ
ထုတ်မှာလည်းသတ် ယောက်မှာသတ်ကေ
ထွတ်ထွတ်ကြီ --။

(သာလှဦး)
12/12/2014 (သောက်ကြာနိ)

သာဓု အနုမော ဒနာ


သာဓု အနုမော ဒနာ
============

တော်လှန်ရေးလောကမှာလည်း
သပွတ်အူလိုက် --။
စာပီလောကမှာလည်း
ရိနာလိုက် ---။

နိဗ္ဗာန်မဂ္ဂဖိုလ်ကို
ရက်တိုတိုနန့်လိုချင်ကေ
တောထွက်ပြီး
ကမ္မဌာန်းထိုင်ဖို့မလို --။

ဖုန်းတလုံးနန့်
Sim Card တကပ်ဝယ်လို့
Facebook ထက်
တက်ပါလတ် --။

တပါတ်မကြာ
ကိလေသာနန့် အာသဝေါကုန်ခမ်း
မယားတန်းလန်းနန့်
ရဟန္တာဖြစ်ဖို့ --။ ။

သာလှဧူး (မြောက်ဧူး)
December 22, 2014 (တလင်္လာနိ)

သဘာပတိကြီးနှင့် မင်းပရိဿတ်

သဘာပတိကြီးနှင့် မင်းပရိဿတ်
===================

ဆက်လုပ်ဆက်လုပ်
လက်ခုပ်ဖြောက်ဖြောက်
ပြိုင်းသားဒေါက်နှင့်
ထောက်ခံပါသည် --။

သာလှဧူး (မြောက်ဧူး)

တဒေသက တကြက်တွန်


တဒေသက တကြက်တွန်
================

(တေးခြင်း)
ဘင်္ဂလာဒေ့ခ်ျ တောတောင်စခန်းမှာ
ကျက်စားလားတဲ့ ဗိုလ်အောင်ကျော်ပါ
ဗမာတွေကို တွန်းလှန်ခဲ့တာ
သေနပ်တောင်က သံချီးကိတ်လားခယာ --။

ညီညွတ်ရေး ညီညွတ်ရေး
ညီညွတ်ရေးလို့ ကြွေးကြော်ရေ
လုပ်ခီပြန်ကေ စောက်တလွဲကြီး
တိုင်းပြည်ဦးစီး တက်မကိုင်
ထိမ်းသိမ်းမနိုင် ကရားငါးပါး
(ထိမ်းသိမ်းမနိုင် ကားရီကားရား)
ပါတီအများ ကွဲလိုပြို
တရုတ်မျက်နှာကို ၀က်ကြည့်မရ
(တယောက်လုပ်စွာ တယောက်ကဖျက်)
တဒေသက တကြက်တွန်
သူရို့အမှန် တကွဲတပြား
သေနပ်အများ ကိုင်ထားစွာ
မျောက်လက်ထဲမှာ သပြာရလို့
မာနမိုးသို့ ကော့လို့ထောင်
တယောက်တတောင် တကောင်တမင်း
(တယောက်တကောင် တတောင်တမင်း)
ကိုယ်ရို့အချင်းချင်း သတ်လို့ပင်
အားလုံးကားစင် တင်ကတ်ရဖို့
မောင်မင်းကြီးရို့ ထုတ်ကာပြန်
စကားလွန်သီဒါဏ်အပြစ်
စကားလုံးကြီး ဆို့မနိုင်
တိုက်တိုက်ဆိုင်ဆိုင် ထန်းသီးလုံးလောက်
(တိုက်တိုက်ဆိုင်ဆိုင် ဓပြုတ်သီးလောက်)
အမှောက်မှောက် မှားပြီးသကာ
ပြောရေအခါ ပစ်သားမဟိ
လုပ်တေအခါ တနီသတ်ခချီး
လွတ်လပ်ရီးသို့ ခရီးနှင်
လမ်းခုလပ်တွင် အလင်းမ၀င်ကဲ့
လွတ်လပ်ရီးသို့ ခရီးနှင်
သူ့ထက်ငါယင် လက်မြှောက်ဒူးထောက်
လူတချို့က ပြောကတ်တေ
ပညာတတ်ကေ ဖောက်ပြန်ရေလတ်
(ပညာမတတ်ကေ တော်ရေလတ်)
အောက်ဆီအောက်ဆတ် ဆိုလတ်တေ
ပညာမတတ်စွာ ဂုဏ်ကိုယူလို့
(ပညာမတတ်သူ အာဏာယူလို့)
ဗဟုသုတ လေ့လာပါ
များများဖတ်ပါ စာအုပ်အများ
ဝါးတုတ်ကိုစား အမြဲနီ
အချိန်ကိုလေ မဖြုန်းကတ်ကဲ့
စေတနာနန့် ပြောလိုက်တေ
မာန်ပါရေဆို လဲလို့သီလိုက် --။ ။

(သာလှဦး)

သက္ကရာဇ် (၂၀၀၀) ရခိုင်သင်္ကြန်တော်လှန်ရီးသံချပ်။ လွန်ခရေ (၁၅) နှစ်က ဖြစ်ရပ်မှန် သံချပ်ဟောင်းတပုဒ်ပါ။ တချို့အပိုဒ်တိ ပျောက်လားခပြီးဖြစ်သည်။ ပြန်တွိရေအပိုဒ်တချို့ကို အမှတ်တရ ပြန်တင်ပီးလိုက်ခြင်းဖြစ်သည်။

ROOSTING COCKS OF ARAKAN


ROOSTING COCKS OF ARAKAN
====================================

(Song)
In the jungle of Bangladesh,
I am General Bo Aung Gyaw.
I have been fighting Burmese invaders for many years
My rusted rifle proves it.

xxxxxxx

(Wah hoo hoo yeah yeah yeah)2

"Unity" is the word hailed loudly
In practice, it is a "Damn"
The Pilot cannot control the Aeroplane
It is flying in chaos now.

The parties are in disorder,
The pigs cannot see the face of Chinese anymore.

The cocks are roosting everywhere,
They are really disunited.

The weapons in their hands are
The coconuts in the hands of the monkeys.

They are proud
And their thumbs are up in the air.

They are killing each other,
All of them must be hanged.

If you do something wrong,
You are shot dead on the spot.

Why you can't love each other?
Why you can't forgive?
Are we not Brothers and Sisters?

You know,
Your word is bigger than your mouth?

What you speak is good,
But, what you do is wrong.

You should know that
Our common enemy is Military Government.

If we are in Harmony,
Victories are in our hands.

You fought for "Independence",
But you surrendered so early,
"Confidence is Victory".

You taught us "Independence" at the border,
Now, you say "Democracy" in Delhi.

You know the monks in the monasteries
Are worse than the tigers in the jungles.

You should have wise wisdom,
To save the country.

I tell you to correct your errs.
I don't wish you to commit the crimes.

"Forgiveness is salvation".
Stunts are in the Hollywood movies.

Go straight on right ways.
Don't be proud living in the cities.

You say, "Educated are opportunists",
Can you prove it?

That idea is out of date.
Shun it.

The fall of Arakan was because of Ngakuthala.
Who blinded all the Eyes.

The History of Arakan had been bloodstained,
It should not be done again.

Remedy is due now.
Don't expect ready-made kings too.

Learn the history.
And do correctly.

If you don't know history
Then, you know nothing.

Read more books,
Knowledge is power.

Don't waste your time eating bamboo always.

If you can't stand my words,
Then, go to the Hell.

(Wah hoo hoo yeah yeah yeah)2

By Tha Hla Oo

(Translation of Traditional Lyrical Poem)

ဝိဘစ္ဆ


ဝိဘစ္ဆ
====

ဒသဂီရိ
တောင်ဆယ်လုံးကို ပိုင်စိုးအုပ်ချုပ်
ဖရုဿလူကြမ်း
ဇတ်လမ်းကို ပတ်ကြမ်းနန့်လိုက်
ပရိဿတ်မကြိုက်ခါ
ကျောက်ခဲပစ်ခံရရေ --။

ဆာရီကို ပဒရီကျိတ်
နခေါင်းမှာ ထုံးကြောင်း
အလောင်းတော် ဝေသန္တရာ
ပါရမီပြည့်ဖို့
အဖြည့်ခံဘဝ
ကြံဖတ်နန့် ဒုတ်ပိုင်းကျရေ --။

လူကြမ်းကို အကယ်ဒမီ ပီးပီး မပီးပီး
အရေးမကြီး
မင်းသားနန့်မင်းသမီး
ရွှီစင်ဆုကြီးနန့်
ပရိဿတ်လက်ခုပ်တီးကေ
ပျော်ရေ --။

(သာလှဧူး)
December 29, 2014 (တလင်္လာနိ)

မီးမှုတ်ကျင်သန်


မီးမှုတ်ကျင်သန်
==========

ဘရာစီယာဝတ်လို့
အတွင်းခံဘောင်းဖီနန့်
ဝက်ခေါက်ကိုထုတ်
လှုပ်ခါလှုပ်ခါ
ခရမ်းသီးဇတ်မှာ
ဝါ၀ါနိုင်ကခါ
ပရိဿတ်က အားပါ
ခေါင်းချေငေါက်စောက် ထောင်လို့လာ --။

အားနာပရ
ရခိုင်သားရဲသားက
ထိုင်ပါပြောခါနားမထောင်
“ဟေ့ကောင် ယခီး” လို့
တချက်ငေါက်လိုက်စွာနန့်
ပင့်ခူကိုမြင်ရေ မြွီဟောက်အမောက်
“ဂေါက်” ကျလားရေ --။

အလှပလှ အားကောင်းမောင်းသန်
ကျင်သန်က ကျင်သန်
(ယေကေလည်း) ထမင်းချက်ခန်းက
မီးမှုတ်ကျင်သန်
(------)

(သာလှဧူး)(မြောက်ဧူး)
မှတ်ချက်။။ ကွက်လပ်ဖြည့်ပါ ကဗျာအမျိုးအစား။ ရခိုင်သားလဒမှိုင်နိ အမှတ်တရ ရွီးစပ်ပါသည်။

သံဘောဒူ


သံဘောဒူ
=====

မင်းဖောက်ကေလည်း ငါမဖောက်ပါ
တယောက်တည်းလည်း ဖြစ်ပါတ်စီ --။

မင်းကြောက်ကေလည်း ငါမကြောက်ပါ
တယောက်တည်းလည်း ဟုတ်ပါတ်စီ --။

စောက်ရူးလို့ ပြောပြော
စောက်ပေါလို့ ဆိုဆို
လုပ်သင့်လုပ်ထိုက်စွာလုပ်လို့
အကြိမ်တရာ ဆဲလီပါတ်စီ
ငါမဖြုံ
(ထုံ) လားခပျာယ် --။

ပရိဿတ်ကို ရယ်ပြလို့
လက်ခုပ်တီးခံရစွာထက်
ပရိဿတ်ကို ဝေဖန်လို့
ကျောက်ခဲပစ်ခံရစွာ ကြိုက်တေ --။

(သာလှဧူး)(မြောက်ဧူး)
ရခိုင်သားလဒမှိုင်နိ အမှတ်တရ ရွီးစပ်သည်။

ဆရာငပွာ


ဆရာငပွာ
=======

တခါလာလည်း ဖတ်ဖို့ မြန်မာ
ဖတ်ဖို့ ရခိုင် မဟိပါ --။

နှစ်ခါလာလည်း ဖတ်ဖို့ မြန်မာ
ဖတ်ဖို့ ရခိုင် မဟိပါ --။

သုံးခါလာလည်း ဖတ်ဖို့ မြန်မာ
ဖတ်ဖို့ ရခိုင် မဟိပါ --။

ပြည်မြန်မာက လူများမှာ
သူရွီးသောစာ မဖတ်ပါ
ထိုသောအခါ
ဆရာငပြာ ဝမ်းရီဆာမှာ
စားပါလီယင့် သကာ --။

ဆရာငပြာ ဝမ်းရီဆာ
မြန်မာပြည်က ပြန်လို့လာ
ဒေါကီးလို့ လာ --။

မြန်မာအောက်ချီး မောင်ဗချီး
ငါ့ကို (ယခီး) လို့ခေါ်ရေ ---။

မောင်ပေါက် (ရခိုင်ပြည်)


ဆရာငပြာကဗျာ
===========

ဆဆရာကြီး ဝမ်းနှုတ်ဆီး
ညည့်အခါ သောက်ပီးပါ
ဝမ်းပြည့်ဝမ်းရောင် ဆီးကိုဆောင်
အစာမကြီ စားပါလီ
စအူနာဖြစ် ဝမ်းချူလိုက် --။

မောင်ဂေါက် (ရခိုင်ပြည်)

ဆႏၵ


ဆႏၵ
==

ဝမ်းရီးကြောင့်
ဘ၀မှာ ပျာလာဆီးနီရကေလည်း
အချစ်မှာ လောင်ပွန်းဆီးမဖြစ်ချင်ပါ --။

(သာလှဦး)

မြန်မာမ


မြန်မာမ
======

အနာပြည်ပုတ်တိကို
ဖုံးအုပ်ထားမရ
ရဲရဲကြီးခွဲထုတ်
မြီမြှုတ်ပစ်ရဖို့ --။


ချစ်ကြည်ရေးဆိုရေ
(မလာဥ) စကားတိနန့်
အတွင်းပြည်နာ လှောင်စား
တရိရိ ဝေဒနာ
ခံစားနီရစွာက ပြည်သူ --။

တနိကျ
အောင့်မရလို့
ပြည်ပုတ်တိ မီးတောင်ပိုင်ပေါက်ကွဲ
(၈၈၈၈)
အရေးအခင်းဖြစ်တေ --။

အခုလည်း
ကျန်နီသိမ့်ရေ အနာပြည်ပုတ်တိကို
ခွဲထုတ်ဖို့
ပြည်မြန်မာမှာ
ဆရာဝန်တိ အများကြီးလိုရေ --။

အေနီရာမှာ
(ကြောင်ချီး) တိ မပါ --။

ပြည်ထောင်စု - လတ်
သကာလူးထားရေ
အာလူးဂါထာနန့်မန်းမှုတ်
ဆီသုတ်ဖို့ကြိုးစားသူတိရေ
လက်တွိမှာ
စိန်နားကပ်နန့်ပါးပြောင်
အယောင်ဆောင်တိရာဖြစ်တေ --။

ယင်းပိုင်နန့်
တလင်ကွာ မဆမ
မိခင်မြန်မာမသည်
ဝမ်းတွင်းပါ
(မာဒရာ) ကို ချွတ်မရ
အနိစ္စဖြင့်ဈာန်ကြွ
(မရဏ)
ဘ၀ပြောင်းရလီသည်တည်း --။ ။

(မောင်ပေါက်)
(July 23, 2005) စနီနိ။

BASTARD BURMA


BASTARD BURMA
==============

The foul-smelling pus should not be hidden,
It must be gorged out by surgery.
Under the Sugar-coated "Union",
The wound-cannel runs deep inside,
The patients are the People.
One day, the Volcano erupted,
And there was Civil War in Burma.
We need a lot Surgeons
To operate Burma in the Clinic.
But we don't need Dr. Cat.
The people who try to smear the wound
By the spellbound of "Solidarity",
Are just the guys who shine by Gild.
By This and That,
The patient Burma cannot be cured
And dies in his early age
And cremated in "Yeway".

(K. Kyaw)

ဆရာသို့


ဆရာသို့
=====

လေးစားပါရေဆရာ
ဆရာလုပ်လာစွာ
တော်လှန်ရေးသက်တမ်း
အနှစ် (၆၀) ကြာလားဗျာယ် --။

ယှင်းယှင်းပြောရကေ
မုဆိတ်တောင်ဖြူလားဗျာယ် --။

ယေကေလည်း ပေါက်သံတချက်မကြားရ
ဆရာ့တပည့်တိက
ရက်ပြတ်အမှောင်ခို
ရှုတ်ဆို ၀င်လားခဗျာယ် --။

ဆရာပြောလာကေ
(သေနင်္ဂဗျူဟာ) (နည်းဗျူဟာ)
(နည်းဗျူဟာသည် သေနင်္ဂဗျူဟာကို မထိခိုက်စီရ)
ဆရာ ဇာစာအုပ်က
နှုတ်ကျက်ကျက်ထားစွာလဲ --။

ယင်းစာအုပ်က
ဟိပါသိမ့်လား --။

ရွီးသူနာမည်ကား
ဇာပါလဲ --။

ဆရာပြောရေ
ပညာတတ်မှန်
ဖောက်ပြန်ရေလတ် --။

ရခိုင်ပြည်မှာ
ဇာမျှယောက်
ပညာတတ်ဟိပါရေလဲ ဆရာ --။

ဆရာ့တပည့်
လက်နက်ချ အမှောင်ဝင်
မောင်တောစံပြရွာက လူတိထဲမှာ
ဇာမျှယောက်
ပညာတတ်ပါရေလဲ ဆရာ --။

အခုအခါ ဆရာမှာ
ဇရာထုထောင်း ကျောက်ကပ်လည်းမကောင်း
ခြောင်းကလည်းဆိုး
အရိုးတီဘီ ဖြစ်နီပြန်ရေ --။

တောထဲမှာနီခါ
မရွှန်မကန်
အဖန်ရည်သောက်ခလို့ထင်ရေ --။

(Project) တင်လို့ ကျလာငွေလည်း
ယုံးခန်းဖွင့်ဖို့တောင်မလောက်
ဆရာ့တပည့်တိက
မယားတွဲလွဲ သားတွဲလွဲ
ပါးစကိုကျည်း ဖြဲထားရေ --။

ဆရာနီမကောင်းစွာ
တယောက်ချေလည်း လာမကြည့်
ဟတ်ကျကေ
ဖြောက်ခနန့်ရောက်
နဖူးမောက်မောက် ဒူးငေါက်ငေါက်နန့်
ပေါက်ချပါလတ်ကတ်တေ
ပွေသာတောင်းဖို့လောက်ရာသိရေ --။

ဟုတ်ပါဗျာယ် ဆရာ
အေပိုင်အတိုင်းဆို
ဘ၀ဂြိုကျိုးလို့ နီမညှိုးခင်
အရာ အစွာလုပ်ခန့်လဲ --။

(သာလှဦး)(2005)

မြန်မာဖဲဝိုင်း


မြန်မာဖဲဝိုင်း
======

တပုတ်ထဲ ပဲ
တကိုင်ထဲ ငပိ
ထူးမခြားနား
ဒိုင်စားစား
ဝိုင်းစားစား --။

(သာလှဦး)

နိုင်ငံရေးကြိုးဝိုင်း


နိုင်ငံရေးကြိုးဝိုင်း
============

(၁)
မြန်မာကိုလိုနီခေတ်ယုတ်မှာ
ရခိုင်ပြည်က ထွက်ကုန်ဆိုလို့
ပျက်မတိနန့်
သွီးရောခံလိုက်ရရေ
ကပျက် ကုလေကုချေတိရာဖြစ်တေ --။

မယုံနိုင်စရာ
ပုံဝတ္ထုတပုဒ်ပိုင်
ရခိုင်ပြည်သူတိ
စစ်တွေပင်လယ်ဝက
ဆန်တင်သင်္ဘောတိကို ငေးလို့
ထမင်းငတ်နီကတ်တေ --။

ယင်းချင့်အတွက်နန့်
အကျိုးဆက်ပြဿနာ
သြဂုတ် (၁၃) အရေးအခင်းမှာ
ရခိုင်ပြည်သူတိ
ဘုံးဘုံးဆာလို့ ကျဆုံးလားခကတ်တေ --။

အေရာဇ၀င်
ကမ္ဘာတည်သရိ
ပျောက်ပျက်မလားအောင်
ရခိုင်ပြည်သူတိ
နှလုံးသားမှာ
ကျောက်ထက်အက္ခရာတင်လို့
သားစိုင်မြီးဆက်
လက်ဆင့်ကမ်း ဆောင်ယူလားကတ် --။

ကမ္ဘာအဆက်ဆက်
Generation အဆက်ဆက်
ဆက်လက် ဆောင်ယူလားကတ် --။

(၂)
စိုင်းတင်ရီအား
အားကောင်းမောင်းသန်
စီးဆင်းနီချိန်
ကျောက်ဖြူက သဘာဝဓါတ်ငွေ့ကိုရောင်းလို့
ဖက်ခွက်တိ ဇိမ်ကျနီချိန်
ရခိုင်ပြည်က အချေတိ
မီးခွက်မလင်းတလင်းနန့်
ခြင်ကိုက်ခံလို့
စာဖတ်နီကတ်ရရေ --။

ကျောက်ကြမ်းလမ်းထက်က
လူခရုတကောင်စွာ
ပေတရာလမ်းမထက်က
မာရူးတီးမြင်းတကောင်ကို
ဇာပိုင်လုပ်
အပြီးပြိုင်နိုင်ဖို့လဲ --။

ရခိုင်လူငယ်ချေတိ
ထိုင်းဝလက်မှာ
ကူလီလုပ်နီကတ်ရရေ ဘဝ
ရခိုင်သမချေတိ
ကချင်ပြည်မှာလားလို့
ကျောက်တူးနီရရေ ဘဝ
ပြည်ထဲက
ကျောင်းဆရာမချေတယောက်
တလ၀င်ငွေ
ထပိန်တထည်ဝယ်ဖို့ မလောက်တေ ဘဝ
ယင်းချင့်အတွက် အကျိုးဆက်
Self-determination ဆိုရေ ဝေါဟာရ
ပေါ်ပေါက်လာရရေ --။

(၃)
အခြားတဖက်မှာ
မုတ်ဆိတ်ဖွားဖွားနန့်
မိစ္ဆာကုလားတိကလည်း
ရခိုင်ပြည်ကို အသျှင်ခံ
တန်ပြန်လက်မ ထောင်နီကတ်တေ --။

လူ့အခွင့်အရေးဆိုစွာ ဇာလဲ
ပျော့စိစိနန့်
ပေါင်မုန့်တုန်းလား --။

ကိုယ့်နိုင်ငံမှာ
ကိုယ်ကျွန်ဖြစ်ရဖို့ ဘဝ
တွေးကြည့်တိုင်း
ရင်နာဖို့ကောင်းရေ --။

"မီများမီးနိုင် ရီများရီနိုင်" ဆိုရေစကား
နှစ်ဆယ်ရာစု လူ့ယဉ်ကျေးမှုသမိုင်း၏
မှတ်တိုင်တိလား --။

အရှိတီမောပိုင်
ငါရို့နိုင်ငံ
အဖြစ်မခံနိုင် --။

ချစ်ကြည်ရေးကို
လူတိုင်းလိုချင်ပါရေ
ယေကေလည်း
ဒို့တာဝန်အရေးသုံးပါး တချက်ဘေးချိတ်ထား
သတ္တိဟိကေ
ယှင်းကတ်မည် --။ ။

(မောင်မှန်)(1/2/1999)

ရခိုင့်စာပီ AIDS


ရခိုင့်စာပီ AIDS
==========

အပျော်လိုက်လို့
(ဧ့) ကိုက်နီရေ ရခိုင်စာပီ
အရိုးမှာ အရီကပ်
ကမ္မဌာန်းရုပ်ပေါက်နီဗျာယ်--။

တိုင်ထူဆီးလည်းမနိုင်
သွီးသွင်းလို့လည်းမရ
ကုရာနတ္ထိ ဆီးမဟိ
တရိရိနန့် လုံးပါးပါး
လေးဖက်တွားနီဗျာယ် --။

ကိုယ်ခံအားကျဆင်း
(ဧ့) ရောဂါစွဲကပ်လျှက်
လေးဖက်တွားလူမမာ
ပြန်လည်နလန်ထူလာနိုင်ဖို့
ရခိုင်ဇီဝက
သမားတော်ကြီးတိ
ဆီးအယင်ဖော်စပ်ပီးကတ်ပါဖိ --။


ကန္တုကန္တာအချစ်


ကန္တုကန္တာအချစ်
========

ကန္တုကန္တာ မကျသိမ့်လို့
ဒါဒေါင်မရောင်းချင်ရေ ဈီးသည်မတယောက်ကို
ဈီးပြတ်ဖို့ မသင့်တော်ရေပိုင်
မင်းအချစ်ကိုလည်း
ငါ ဈီးမပြတ်ချင်ပါ --။

အ၀ှန်လို့ ပြောချင်ကေ ပြော
အရွှန်လို့ ဆိုချင်ကေ ဆို
အချစ်တိ ရင်ထဲမှာ
လပြည့်ဖြားပိုင်
ဘုန်းဘုန်းကြီးပြည့်လို့ ---။

အခုက အညာရီကြီးလို့
ကမ်းထောင့်ပြိုကျရေပိုင်
ငါ့ဘ၀လည်း ရရောင်းဆာလို့
ပျက်ကျလားခပျာယ် --။

အာဂန္ဓုလို့ရာ သဘောထားလိုက်ပါဖိ
ညည့်နက်လို့ အနှင်မခံရအောင်
အထုပ်ချေကို ဘိုးသီးပိုးလို့
အိမ်ပြန်ဖို့ယာ ဘုချေ --။ ။

(အောင်ဇုံ)(June 10, 2014)

သိုက်မြုံ


သိုက်မြုံ
=====

စာပဒေါင်းသည် အဟောင်းမခင်
အသစ်မြင်၏ --။

နွယ်မျှင်သွယ်တန်း သူ၏နန်းတွက်
ရက်ကန်းတတ်မြောက် သူတည်ဆောက်၏ --။

မိုးရောက်သည်နှင့် အဆင်သင့်ပင်
လီနှင့်အတူ တလူလူဝင့်
အောင်လံရွှင့်၏ --။

တွေးချင့်ထောက်ရှု ဤကောင်းမှုလျှင်
ကုသိုလ်ပြုရာ ကျောင်းကန်သာက
ကဗျာတပုဒ် ပုံပြယုဂ်တည့် --။ ။

(နရသီဟ)

ပြည်ကြီးရခိုင်



ပြည်ကြီးရခိုင်
========

ရက္ခပူရီ၊ တိုင်းဌာနီကား
ရီကြိုင်မြမြ၊ ကစ္ဆပနှင့်
စိမ်းမြညိုရောင်၊ ရိုးမတောင်နှင့်
ကမ်းမြောင်ရှည်စွာ၊ ပင်လယ်ပြာနှင့်
ရောင်ဝါသွယ်ဖြာ၊ သာသနာနှင့်
စိုင်လာသမိုင်း၊ ဤတိုင်းနိုင်ငံ
နက်သန်ဘုမ္မိ၊ ရာဇဝင်ဟိ၏ --။

ရက္ခပူရီ၊ ဤသည်နိုင်ငံ
အောင်လံဝင့်ဝင့်၊ ထီးဖွင့်နန်းတည်
ပိတောက်စည်နှင့်၊ နယ်ပြည်သမုဒ်
အချုပ်အချာ၊ အာဏာပိုင်စိုး
မြင်းမျိုးသိန္ဓဝ၊ ကေသရာဇာ
ဗျာလပဉ္စရူ၊ ဆင်ဖြူဆင်နီ
သက်သီသာဓက၊ သင်္ဂေတနှင့် --။

ရက္ခပူရီ၊ ဤမြီဇာတိ
သီရိမဟာ၊ ရာဇာသွီးရင်း
မြတ်ခြင်းသီလ၊ စောင့်ထမျိုးရိုး
ထိန့်ကြိုးငလျင်၊ ပဲ့တင်ဟိန်းဟိန်း
ဗြိန်းစောင်းသံပြိုင်၊ စည်တော်မြိုင်နှင့်
ရခိုင်သားသွီး၊ ထိန်ထိန်ညီးသည်
ဘုန်းမီးနီလတောက်ထွန်းတည်း --။ ။

(နရသီဟ)

အလုံးကြီးကြီး ဆို့မမျို


အလုံးကြီးကြီး ဆို့မမျို
===============

မုတ်ဆိတ်ဖွားဖွား ကုလားပင်
ရခိုင်ပြည်ကို အသျှင်ခံလို့
တန်ပြန်လက်မ ထောင်လတ်တေ
လက်လွှတ်စပါယ် ကြည့်မထားကဲ့ --။

ရခိုင်ပြည်ထဲ ခိုးလို့ဝင်
ပြည်ကိုပင်လျှင် အသျှင်ခံလို့
သမိုင်းတိကို သူရို့လိမ်
နောင်တချိန်မှာ သွီးချောင်းစီးဖို့ --။

အမျိုးမစစ် ကာလနာ
နိုင်ငံတကာ ငိုလို့ပြယင့် --။

စစ်အစိုးရ ပြန်လက်ခံ
စစ်ဖက်ခွကြံ မဟာမင်းကြီး
အလုံးကြီးကြီး ဆို့မမျို
မင်းရို့ပြည်ကို ခေါ်လို့ထားလိုက် --။

ငါရို့ကတော့ လက်မခံ
ကိုယ့်နိုင်ငံကို ကိုယ်ရို့ပြန်ကတ်
အောက်ဆီအောက်ဆတ် ဆိုလတ်တေ
လူတိုင်းမှာလေ လူ့အခွင့်အရေး --။

ဓမြကို ရှိနီခံ
သူခိုးလက်ခံ သူရို့အစစ်
အမှန်တရား ချစ်ကတ်ပါ
မုသားဝါဒါ မသုံးကတ်ကဲ့
ကာလနာကို မမြီးစပ္ကဲ့ --။


မှန်ကင်းတလှည့် ထင်းတလှည့်


မှန်ကင်းတလှည့် ထင်းတလှည့်
=================

မြုံခိုးအုံမှိုင်း တဆိုင်းဆိုင်းနှင့်
တိုင်းသျှစ်ဌာနီ ပြာဝီညို့ညို့
မြသို့အသွင် လှရိပ်ဆင်လျှက်
ပင်ထက်လျှိုမြောင် တောတောင်ယံကြော
သံချိုနှောသည့် ဥသြရီသောက်
နွီကိုရောက်တိုင်း ရင်လှိုင်းခက်ထန်
မျက်ရည်သွန်မိ ပြန်လည်နှိုးဆွ
ပူသောကနှင့် နွမ်းရဘ၀င်
စိတ်အမြင်ဝယ် ယခင်အတိတ်
ပုံနမိတ်ရို့ တရိပ်ရိပ်လျှင်
စွဲဟင်ထင်သည် မရွှင်တမ်းတရလီဗျာယ်။

မျှော်ကြည့်တိုင်းလျှင် သျှစ်ခွင်အနှံ့
တေးဝီဖြန့်ရာ စေတီသာလည်း
မြီမှာပြိုယွင်း အလှကင်းလျှက်
ကျိုးပျက်တံတိုင်း အပိုင်းပိုင်းလည်း
ခြုံဝိုင်းနွယ်ရံ အထီးကျန်စွာ
စရှာမရ အနန္တတည့် --။

သြော် ရခိုင်ရို့၏ မိမြီဘမြီ
စာပီလက်ရာ နုပညာလျှင်
တခါမှန်ကင်း တလှည့်ထင်းသို့
ပျက်ယွင်းမြီခ ဖြစ်လီရငြား
ရခိုင်သားရို့ စိတ်ထားမှန်မှန်
မျိုးမာန်တိုးမြှင့် သင့်တင့်ညီညာ
တွဲလက်ဖြာသော် ရင်မှာခွန်အား
အားမာန်ပွားသည်
မိုးသားရောင်နီသို့နှယ်တကား --။ ။

(ခိုင်လူခြင်္သေ့)

ကျွန်းသားအချစ်


ကျွန်းသားအချစ်
==========

ရမ်းပေါက်ကေရာလည်း စုံလီ
ပင်လယ်နားမှာ နွားတရွီနန့်
ဝါးပုလီကို မေပျို ကြားအောင်
ကာရီဘောင်က
ဂြိုးငှက်ကေယောင်ယောင်
ဖိုးခေါင်ယောင်လေ
နိခြင်းကြောင်တောင်
ကုန်းခေါင်ခေါင်မှာ
ချွေးပေါက်ကေရာလည်း ဒုတ်ဒုတ်
ပုလီချေကို ဆိုကာမှုတ်လို့
အလုပ်မှာပျော် မေ့ကိုခေါ်ကေ
ပေါ်လာနိုးနိုး ချောင်းခိုးကြည့်ပျာ
တအောင့်ကြာကေ ဆင်းပါလာလတ်
ရီခပ်ကွန်ဆောင် ဟင်းခူးယောင်လေ
ဘုန်းမောင်လူချော သူ့ရည်းစားကို
လားလို့ ကြိုရေ --။

ပဇောင်ချို မပျိုပီးရေ
နွယ်ချိုကွမ်းယာ ဆီးကွမ်းယာကို
မွားကာလည်းစား
ကလောင်ဂျီ ကို ဖွာကာသောက်လို့
တအောင့်နားခါ
မေပျိုနားမှာ လားကာလည်းထိုင်
လက်ကိုကိုင်ကေ
(အဘာလေ) အေပိုင်ချိုရေ အချစ်
ရွာကချစ်ကို
အနှစ်တရာ မမိပါဝေ --။

သက္ကရာဇ်ကို ဖြိုကာပစ်လို့
တစ်ကပြန်စ
ချစ်ချစ်လို့ မ၀ပါ --။

အောင်လှခိုင် (ဒိုက်ကလူ)

(Chat) အလွမ်း


(Chat) အလွမ်း
========

သဲမှုံရာလည်း ဖုံဖုံ
စုံလီရာလည်း သွတ်သွတ်
လပကေ သာယာ
တလင်းပြင် ညောင်ပင်အောက်မှာ
အချေခါက
ပုန်းတမ်းဝှက်တမ်း ကဇတ်ခစွာ
အတွက်ပေါ်ကေ စိတ်ကမပျော်
ဖျော်သူလည်းနည်း
ဝမ်းလည်းနည်းရေ --။

မေကစစ်တွေ မောင်ကအမေရိကန်
ဘုန်းကြီးပျံမှာ လွန်းပျံစက်သီး
ဒုန်းသီးပစ်ယှောင်
လွမ်းကတ်မည် --။

Chat Room ချေမှာ
ပေါ်မလာကေ မျှော်ကာနီယင်း
လိုင်ဖင်းကိုးတောင်ရှည်လတ်ပျာ --။

သနားပါကေ လာပါတချက်
နိခြင်းဖက် --။

(စိုင်းဒြားမင်းခွာ)

စောက်ဆိုးပတ္တနား


စောက်ဆိုးပတ္တနား
===========

လိမ္မာမြင်ပြင်း ဆင်းရဲအားရ
ကြွယ်ဝမနာလို ကိုယ်ထက်သာမကြိုက်
အမိုက်လေးပါး ဤတရားကို
ရိက္ခာအပြည့်သိုထား
ဣသာမိစ္ဆရိယစိတ်ကို
ဝမ်းစာအပြည့်သိုလှောင်
ရွှေကွပ်ထားရေ ဇတ်ဝတ်စုံနန့်
မဏ္ဍပ်တိုင်တက်လို့ ကပြ
ယိုလူမရှက် မြင်လူရှက်
တော်လှန်ရေးကာလမှာ ပွေသာရှာနီပြီးကေ
ပွေသာရှာဖို့အခါကျ တော်လှန်ရေးလုပ်ပြနီရေ
မျက်နှာလို မျက်နှာရ
စားပွဲခုံထက်မှာ စာအုပ်တပုံတင်လို့
မိမ္မချေတိရှိကျ ကားရီကားရားလားပနာ
စောက်ဆိုးပတ္တနားတကောင်ကို
ကင်းပွန်းရွက်နန့် သင်းပုံးလျှော်
ကနခိုနန့်ဝမ်းလျှူပနာ
စန်ဂိုးခတ်လို့ မောင်းထုတ်ပစ်ရဖို့ --။ ။

(သာလှဦး)(မြောက်ဦး)

အေလူ ခေသူမဟုတ်


အေလူ ခေသူမဟုတ်
===============

ရွှေချဖို့ကောင်းရေစိတ်ဓါတ်တိနန့်
ခြင်ထောင်ထဲက လက်ခဲပစ်
ချစ်လိုက်ကတ်တေအမျိုး
အမျိုးချစ်ရာတွင် ငါနှင့်တူသူ လူမဟိ
စွန့်လွှတ်အနစ်နာခံရာတွင် ငါနှင့်တူသူ လူမဟိ
ရဲရင့်ပြတ်သားရာတွင် ငါနှင့်တူသူ လူမဟိ
တက်ကြွနိုးကြားရာတွင် ငါနှင့်တူသူ လူမဟိ
မှန်ကန်ကောင်းမြတ်ရာတွင် ငါနှင့်တူသူ လူမဟိ
ရိုးသားဖြောင့်မတ်ရာတွင် ငါနှင့်တူသူ လူမဟိ
ကြိုးစားအားထုတ်ရာတွင် ငါနှင့်တူသူ လူမဟိ
ဖြူစင်သန့်ယှင်းရာတွင် ငါနှင့်တူသူ လူမဟိ
တည်ကြည်ခန့်ငြားရာတွင့် ငါနှင့်တူသူ လူမဟိ
ထင်ပေါ်ကျော်ကြားရာတွင် ငါနှင့်တူသူ လူမဟိ
တော်ရာတတ်ရာတွင် ငါနှင့်တူသူလူမဟိ
နာမ၀ိသေသနတိ အထပ်ထပ်
မဟာမုနိမှာ ရွှေကပ်ထားယှောင် --။

ဆောင့်ခြောင်ချေထိုင်ရကေပင်
ကိုယ့်စွာကို ခြင်္သေ့ထင်လို့ ---။

လျှာရည်တမြမြ
တန်းပျင်းထက်က အကျရည်
ပူစပ်စပ်ချေ
ခြီရေလားဝေ သူငယ် ---။

အဂယင့် စိတ်ကူးပေါက်ကေ
ဒုန်းပေါက်ဆောက်လားအောင်
နောက်က
ကျောက်ကန်ပစ်လိုက်ချင်ရေ--။

ဖက်ခွက်သားကျ အမိလင်မသားချေတိ
စိတ်ဓါတ်တိက
ချစ်ဖို့ကောင်းလိုက်တေနန့်
(အလှပလှ) ချီးထက်ရွံဖို့ကောင်းရေ ---။ ။

(ခတ်ကျောက်သီး)

တဆိချေလောက် လျှော့ကတ်မည်

တဆိချေလောက် လျှော့ကတ်မည်
======================

ယလောက်ထိလည်း
မဟုတ်သိမ့်ပါ
တဆိချေလောက် လျှော့ကတ်မည် --။

'ဟ' လာကေ
'BC' က စရေ --။

ပစ, ၀မှာ
ဆို့နီရေ --။

ဆီမဟုတ်ကေ ရီနှင့်မျိုချ
မသထာကေ သီကျမည် --။

အခဲအစာမကြီ
ဝမ်းကြင့်နာဖြစ်လို့
တကြိုင်းကြိုင်းကျွီးအော်
ကယ်ပါကူပါ
မသက်သာကေ
နောက်ဘိတ်ဆုံးမှာ
ကနခိုကို ဆားနှင့်ဖျိုတိုက်
ဝမ်းလျှူပစ်လိုက်ရဖို့ယေ --။

(သာလှဦး)

အာရီယံ ဟက္ကရီကျ


အာရီယံ ဟက္ကရီကျ
=============

အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝပိုင်ပိုင် စောင့်စွမ်းနိုင်၍
ရခိုင်နာမ ဘွဲ့မည်လှလည်း --။

ယခုကာလ ရခိုင်သမ
ဘောက်သာဆိုးဆို
အသီရရ အရှင်ရှင်ရ
ငပြီမကို ပြာမှာချယှောင်
ဖြတ်ဖြတ်လူးလို့ ငမ်းငမ်းတ --။

(ဂေါက်ရ)

ခွက်ပေါက်


ခွက်ပေါက်
=======

မင်းဖောက်ကေလည်း ငါမဖောက်ပါ
တယောက်တည်းလို့ ပြောပတ်စီ --။

မင်းကြောက်ကေလည်း ငါမကြောက်ပါ
တယောက်တည်းလည်း ဖြစ်ပတ်စီ --။

ရခိုင်ဖြစ်ပြီး ဖက်ခွက်ယက်ကေ
ယေမနားဝေ ဖက်ခွက်သားကျ
အေချင့်လားဝေ အမျိုးမြတ် --။

အဝေချကြောက်
မောင်ခွက်ပေါက်
လောက်ကျလိမ့်မည် သတိထား --။

(ရခိုင်ပေါင်းကူး သာလှဦး)

အထည်ကြီးပျက်ရခိုင်


အထည်ကြီးပျက်ရခိုင်
==============

ဇန္န၀ါရီ (၁) ရက်နိ
ရခိုင့်တော်လှန်ရေးနိကို
ကျင့်ပကတ်ဖို့ သတိမရ
ရခိုင့်အမျိုးသားနိကို
သတ်မှတ်ကတ်ဖို့ အတွက်မပေါ်
အထည်ကြီးပျက်ရခိုင်
ဒီဇင်ဘာ (၃၁) ရက်နိ
ရခိုင်အချုပ်အချာကျရေနိမှာ
လဒမှိုင်မှိုင်လို့
ပြက္ခဒိန်လည်း မြန်မာနန့်အတူတူ
စာရွီးကေလည်း မြန်မာနန့်အတူတူ
စကားပြောကေလည်း မြန်မာနန့်အတူတူ
စနီ တလဂုင်္နီကိုတောင်
ကိုယ့်စကားနန့်ကိုယ် ရွီးဖို့မတတ်
ဓည၀တီ ရခိုင်ပက္ခဒိန်မှာ
ပက္ခဒိန်တခုတည်း ရရစ်မပါစွာကလွဲကေ
စနီ တလဂုၤနီ တလလၤာ အဂၤါ
ဗုဒ္ဓူး ကသစ်ဗုဒ္ဓိ သောက်ကြာ
အားလုံးမြန်မာပိုင် --။

အာရီယံ တနီသတ်
ခချီးကို ရမွှီးဆွတ်ထားယှောင် --။

(သာလှဦး)

အာရီယံ ရခိုင်သား

အာရီယံ ရခိုင်သား
=========

အာရီယံဟု ဆိုခြင်းပြုလည်း
ယခုရခိုင် တတိုင်ဗမာ
တတိုင်ကုလား ပဲလှော်ကြားမှာ
ဆားညှပ်ထား --။

အရီယံဟု ဆိုခြင်းပြုလည်း
ယခုရခိုင် ဖျာလိပ်ခေါင်းကို
ခွီးဝင်ပိုင် --။

အာရီယံဟု ဆိုခြင်းပြုလည်း
ယခုရခိုင် သကာစားမှာ
ဆောင့်ခြောင်ထိုင် ---။

(ရခိုင်ပေါင်းကူး သာလှဦး)

ဘီဟာရီ (၂)


ဘီဟာရီ (၂)
=====

ရခိုင်သားမှာ စာလည်းမဟိ
သူစကားနှင့် ရွီးလို့ခြီနီ
ဘီဟာရီ --။

ဘစ္စကုတကား အကောင်းမဟိ
သူ့စကားနှင့် ပြောလို့ခြီနီ
ဘီဟာရီ --။

တံတွေးသိန်းတန် အဘာခေါ်လို့
ကျိကျိပက်ပက် ချွဲလို့ နွဲ့လို့
ဖွဲ့လို့ခြီနီ ဘီဟာရီ --။

ပုဂံအက ကပြခါမှ
ဝေသာလီမျောက်ရုပ်
လှုပ်ကာပြသည် ဘီဟာရီ --။

ရခိုင်ဘုရင် ပုဏ္ဏားဂေါင်းပေါင်း
ဆောင်းကာပြသည် ဘီဟာရီ --။

(သာလှဦး)

ဘီဟာရီ


ဘီဟာရီ
=====

အာရီယံအလုပ်ကို မလုပ်
မြန်မာအငုတ်ကို စုပ်
အာရီယံ မဟုတ်
ဘီဟာရီ ယုတ် --။

(သာလှဦး)

ချီးထက်ရွံဖို့ကောင်းသူများ

ချီးထက်ရွံဖို့ကောင်းသူများ
=================

ပြည်ထဲမှာ ကြည့်ခီပြန်ကေလည်း
ဖက်ခွက်တိက
နီရာတကာမှာ
မသမာမှုတိနန့်
ခဲဝါကျင့် ခဲဝါဥာဏ်
အကောက်ကြံလို့ --။

တော်လှန်ရေးမှာလည်း
ဖက်ခွက်တိက
ရကေ အချောင်အုပ်ဖို့
အကွက်ချောင်းနီပြီးကေ
တိုင်းပြည်နန့်လူမျိုးကို ကယ်တင်ဖို့လတ်
လူကြီးလူကျယ် စကားပြောလို့ --။

မြင်လိုက်ကြားလိုက်စွာနန့်
အော့အံချင်ရေ
ချီးထက်ရွံဖို့ကောင်းရေ အကောင်တိ
လူချင်းရာတွိဖို့ဆိုကေ
(အဂယင့်) အရီကိုလှန်လို့
အရှင်လတ်လတ်
ထူးခတ်ပစ်လိုက်ချင်ရေ --။ ။

(သာလှဦး)

အာဂသတ္တိ


အာဂသတ္တိ
=====

ခြင်ထောင်ထဲက
မျက်စိပြူးပြ
လျှာထုတ်ပြကတ်
ပစိကိုက်ပြ
သွားခြဲပြကတ်
အာဂသတ္တိဟိသောကြောင့် --။

(သာလှဦး)

ဘောက်သာဆိုး


ဘောက်သာဆိုး
========

သူများဖောက်လည်း
ငါ မဖောက်ပါ
တယောက်တည်းလို့ ပြောပတ်စီ --။

သူဖောက်ငါဖောက်
ကိုက်ဖောက်ကတ်စွာ
ဘောက်သာဆိုးမှာ
အပေါက်တရာ
ဖာ၍ထီး၍ မရနိုင်ပါ --။

(သာလှဦး)

ဘောက်သာဆိုး = ရခိုင့်စာပီအိမ်

ဂေါင်းပေါင်းဆောင်း မင်းသား


ဂေါင်းပေါင်းဆောင်း မင်းသား
====================

အတောင်ပါကေလည်း
ယင်ကောင်ဖြစ်ရ
ငါ့ဘ၀က မစားသာ --။

အစွယ်ပါကေလည်း
ပူးချေဖြစ်ရ
ငါ့ဘ၀က မစားသာ --။

ဘုရင်တကာ့ ဘုရင်
ဘုရင်မင်းဘုရား
ပုဏ္ဏားဂေါင်းပေါင်း
ဆောင်းကာ ကပြ
ဇတ်စင်ထက်က
ငါ့ဘ၀ ဖြစ်ရမစားသာ --။ ။

(သာလှဦး)

သူခိုးအသူလဲ

သူခိုးအသူလဲ
=======

မြန်မာ (နဲ့) ကို အတုံးလိုက်မျို
မျိုလို့မကျ
လိုင်ခြောင်းဝမှာ
ဆို့နီယက် --။

ဇာသူ သူခိုးလဲ
သူလား ကိုယ်လား --။

(သာလှဦး)

က၀ိအမော် ရခိုင်မဟာပညာကျော်


က၀ိအမော် ရခိုင်မဟာပညာကျော်
==================

ရခိုင်ပြည်ကြီး လွတ်လပ်ရီးတွက်
အသက်ကိုပီး သွီးချောင်းစီးလော့
လက်သီးလက်မောင်း ဖြောင်းဖြောင်းဆန့်တန်း
လမ်းကောင်းညွှန်ပြော သူဆော်သြ၏ --။

အမျိုးဘာသာ သာသနာမှာ
ကွယ်ကာမပျောက် တိမ်းမမှောက်အောင်
ဂုဏ်ရောင်ဘုန်းမီး ညီးညီးတောက်အောင်
အာပေါက်အောင်ပြော သူဆော်သြ၏ --။

သို့ပါသော်ငြား
သူဆော်သြစာ ကဗျာမှာကား
မြန်မာပိုင်ယှောင်ဖြစ်နီသတည်း --။

သူများနခေါင်းနှင့် အသက်လျှူ
သူများလျှာနှင့် အငှားယက်ကေ
မရှက်လားဝေး သူငယ်ချင်း --။

မြင်လိုက်ကေပင် အံလိုက်ချင်သည်
ရင်မှာ နလုံးပျို့သောကြောင့် --။

(၀ရင်းတုတ်)

ကျွန်ခွီး (သို့မဟုတ်) ဖက်ခွက်ယက်

ကျွန်ခွီး (သို့မဟုတ်) ဖက်ခွက်ယက်
===================

ယောက်ဖစကား ချီးလို့ငှားလို့
ရွီးလို့ခြီလား သကာစား --။

သကာစားမှာ ဇာတိနာ
ဖျောက်လို့ဖျက်လို့ မရပါ --။

တော်လှန်ရေးကို ဗန်းပြ
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ဘာသာရေးကို ဗန်းပြ
ပစက ယောက်ဖယောက်ဖ
ချမကျ --။

သာရေးနာရေးကို ဗန်းပြ
ပစက ယောက်ဖယောက်ဖ
ချမကျ --။

နတ်ပူးစွာမှာတောင်က
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ထိုဝပ်ဆိုက်ကိုကြည့်လည်း
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ဒေ၀ပ်ဆိုက်ကိုကြည့်လည်း
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ထိုသတင်းကိုဖတ်လည်း
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ဒေသတင်းကိုဖတ်လည်း
ပစက ယောက်ဖယောက်ဖ
ချမကကျ --။

အာရီယံမဟုတ် ဘီဟာရီယုတ်
ခွီးပုတ်လောက်ကျ

ကြောက်ကြီးသံဖက်
ဖက်ခွက်ယက်
တပျက်ပျက်လေ တပျက်ပျက် --။ ။

(ထိုးကန်းချေ)

သဇင်

သဇင်
====

ပန်းဂေါ်သဇင်
နန်းတော်ဝင် --။

ဘ၀င်လီဟပ်
အညှာကျွတ် --။

သဇင်ပိုးထိုး
အညွန့်ကျိုး --။

ပိုးထိုးသဇင်
ဖုန်းဆိုးတောကို
တိုးလို့ဝင် --။

သဇင်ပန်းခြောက်
အနံ့ပျောက်
ဖုန်းဆိုးဘားမှာ
ငါးပါးမှောက် --။

(သာလှဦး)

ညှော်ဝင်သော တော်ဝင်သဇင်

ညှော်ဝင်သော တော်ဝင်သဇင်
===================

မျန်မာဆို “ချိုရေ” “ချိုရေ”
မျန်မာကို “လိုရေ” “လိုရေ”
မျန်မာဆို “ကိုရယ်” “ကိုရယ်”

(လူဂွဇာ)

ဝါတွင်းဝါးပြောက် (သို့မဟုတ်) ခြင်ထောင်ထဲက ပစိကိုက်ပြသူများ


ဝါတွင်းဝါးပြောက် (သို့မဟုတ်) ခြင်ထောင်ထဲက ပစိကိုက်ပြသူများ
==============================

သမိုင်းမှာ အထောက်အထားမပါ
စီးချင်းထိုးခါ ဒါးလှံမပါကေ
ကျည်ကုန်သေနပ် တုံးပိုင်းထက်လီးရေ
(မပြီးနိုင်ကေ)
နောက်ကျခြီထောက် သစ္စာဖောက်
ဒုန်းပေါက်ဆောက်လို့ ကျဖို့ယေ --။

(သာလှဦး)

နတ်ကောင်းမ


နတ်ကောင်းမ
==========

အမှားလည်းမဟိ အမှန်လည်းမဟိ
ဆန်နီစိခုနှစ်စိနန့်
“ကောင်းပါ” “ကောင်းပါ”
ဂါထာကို တဖွဖွရွတ်
ရွာက နတ်ကောင်းမပိုင် --။

(သာလှဦး)

ရခိုင်သားတော်လှန်ရေး

ရခိုင်သားတော်လှန်ရေး
===========

“တော်လှန်းရေ" ဆိုပနာ ကုန်းကွ
မောင်းမောင် “တော်” စွာက
“လှန်” စွာမှာ --။

(သာလှဦး)

သဇင်အတု


သဇင်အတု
======

အိမ်နောက်ဖေးတွင်
ဘောက်သာဆိုးနှင့်
နွားချီးအုံလို့
ပွင့်ရေသဇင်
ဥက္ခောင်းထက်တင်
မင်္ဂလာမဟိ --။

(သာလှဦး)

ကြက်မချေ

ကြက်မချေ
=====

ကတေတိုက်တေ ကြက်မချေ
ကြက်ဖချေ လာနီးနီး
ညိတိုင်း Comments ရွီး --။

(သာလှဦး)

လူ


လူ
==

နွားကို
သနားစွာလည်းလူ
စားစွာလည်းလူ --။

လူ
သူများကို တရားပြပျာယ်
ကိုယ်တိုင်ကျ
ဘုရားတသူ --။

လူ
အညမညတရားကို
လက်ကိုင်ထားပျာယ်
ပဋိပက္ခနှင့် မိတ်ဖွဲ့သူ --။

လူ
တရားသူကြီးလုပ်ပျာယ်
လာဘ်စားသူ --။

လူ
ဘုရားတကာရာထူးနှင့်
မယားတဏှာရူးသူ --။

လူ
အေဆူ
အမှန်လူရာမနား --။

(သာလှဦး)

အလိုတော်ရိများသို့

အလိုတော်ရိများသို့
=========

မြန်မာအငုတ်ကို အဟုတ်ထင်
လုလင် ဘ၀င်မြင့်မြင့်
စပ်ငြင့်ငြင့်
ဝမ်းကြင့်နီပျာလား --။

(သာလှဦး)

မိုးသောက်ရောင်နီ (ကြောင်ရီချွတ်လင်္ကာ)



မိုးသောက်ရောင်နီ (ကြောင်ရီချွတ်လင်္ကာ)
(LIGHT IN THE SKY)

(၁)
ပြောခါရခိုင် ရွီးခါမြန်မာ
မပီကလာ ပီကလာသည်
ကိုယ့်ဘာသာမိ စာကိုမိလျှက်
မသိတရား လွန်ပွားများ၍
အသိတရား လွန်ခေါင်းပါးသည်
ဖားတပိုင်း ငါးတပိုင်း
ပုံနှိုင်းရမူ ခွီးတူဝက်တူ
ထိုသည်လူလျှင် အယူမှောက်မှား
ပေါက်ကရားတည်း လားလီရာမှာ
မျက်နှာမလှ ဗီဇမပီ
ပဒရီစွပ် ကြောင်ရီဝတ်လျှက်
အမှတ်သညာ ကိုယ့်စာစကား
ဟိသော်ငြားလည်း အောက်နွားနောက်လိုက်
သူလျှင်ဖြစ်ရ ဘဝကျွန်ယုတ်
စုန်းစုန်းမြုတ်ကာ ဒုတ်ပိုင်းနောက်ကုန်း
ဘုန်းဘုန်းကျမှ အဘာထအော်
ယောက်ဖခေါ်သည်
မပေါ်ဖပျောက်သူလျှောက်တည်း --။

(၂)
ဖပျောက်မပေါ် ယောက်ဖခေါ်သား
သူဖုန်းစားလျှက် စကားပရိယာယ်
အလွန်ကြွယ်၀ ပြောကတဖုံ
လုပ်တုံတမျိုး သူခိုး၏ညာဏ်
အကောက်ကြံတတ် ဘောက်ကတတ်လျှင်
ပြောလတ်ပါသည် ရခိုင်ပြည်မှာ
ဇာတာမကောင်း မင်းလောင်းကိုမျှော်
ပင့်ဖိတ်ခေါ်ကတ် ဆွီမျိုးစပ်ပါ
ပီးအပ်နှမ အလှပကို
ရောင်းကြစားကြ ဝမ်းဝမှရာ
ပြည်သာယာမည် လာရာလာလတ်
ပြန်မလွှတ်ပါ ဖြတ်ဖြတ်လူးလူး
စုန်းနတ်ပူးသို့ ဦးဖျားထိပ်တင်
လျှောက်ခန်းဝင်သည်
အယင်ဒုန်းပေါက်ဆောက်၏တည်း --။

(၃)
ဒုန်းပေါက်အယင် လျှောက်ခန်းဝင်သည်
ထိပ်တင်လက်မိုး ရှိတော်ခိုးလို့
ငါကျိုးကိုမျှော် ပူဇော်ပသ
ပြည်ဓညမှာ ဖြစ်ကြပါသည်
ငါ့မည်နာမ မာနတက်လျှက်
ငါထက်လည်းသာ မနာဝန်တို
စိတ်ငြင်ငြိုလို့ မလိုမုန်းပွား
ရန်ငြိုးပွားကာ ခိုက်ရန်ရှာသည်
ဗာလာလူမိုက် နောက်လိုက်အငှား
သူတောင်းစားလျှင် ကောင်းစားပါကြ
ခုကာလ၌ ဖြစ်ကြဖုံဖုံ
အလုံးစုံကို ပုံတိုပုဒ်စ
ထုတ်ကာပြမည်
ဟုတ်ကမနာကြစီသတည်း --။

(၄)
မနာဟုတ်က ထုတ်ကာပြမည်
ပုဒ်စပုံတို နားထောင်လိုက
လာလတ်ကြပါ ရောဂအနာ
ပျောက်ချမ်းသာအောင် ဆရာသမား
ကုစားသည်သို့ ရခိုင်ရို့ကို
ပြောဖို့ဥပမာ လင်္ကာစီကုံး
ကာရန်သုံးလို့ နှလုံးသာယာ
ဟိစိမ့်ငှာလျှင် ရွီးကာလည်းပြ
ဆိုကာပြမည် ကြောင့်ကြစိတ်ပူ
မငြူစူကဲ့ သျှင်လူတကာ
စိတ်ချမ်းသာမှ ဓညာရွှေပြည်
ရပ်ကြီးစည်လိမ့် တေဇာဘုန်းမိုး
ကြက်သရေတိုးလိမ့် အမျိုးဘာသာ
ထွန်းလင်းဖြာလိမ့် ဝေနေယျသတ္တဝါ
ဖီးကင်းကွာလိမ့် ဖြစ်စိမ့်သောငှာ
စေတနာသည်
ပြည်ရွာလွတ်မြောက်ရကြောင်းတည်း --။

(၅)
လွတ်မြောက်ပြည်ရွာ စေတနာနှင့်
ပြောခါနားထောင် လက်မထောင်ကဲ့
ထောင်ရေလက်မ အောက်သို့ချလိုက်
မာနတန်းခွန် မိုးထက်ပျံလို့
ဖောက်ပြန်သမှု မပြုကတ်ကဲ့
ပြုသည့်မာန အောက်သို့ချလိုက်
ဝါဒယှဉ်ပြိုင် ကြီးနိုင်ငယ်ညှင်း
အချင်းချင်းကို လုပ်ခြင်းရက်စက်
အစွယ်ထက်လို့ တောဝက်ပိုင်ယှောင်
မာန်မစောင်ကဲ့ စောင်သည့်စွယ်မာန်
နောက်ပြန်လှန်လိုက် အပြစ်ကိုမြင်
အယင်ပျင်ကတ် စာမတတ်ကဲ့
ဆိပ်ကျပ်ဆင်ချောင် လူ့ဘောင်လောက
မမျှတလို့ ပွပွပူပူ
ကျွက်ကျွက်ဆူရ ပုန်ကန်ကြသည်
ဒုက္ခကြွက်တွင်းနက်ရသတည်း --။

(၆)
ကြွက်တွင်းဒုက္ခ နက်ပါရသည်
စောရငပျင်း လက်ကြောတင်းနှင့်
မင်းဆိုးမင်းညစ် မှိုက်သရိုက်လျှင်
ဖြစ်ကြတဖုံ မွှီတုံယမ်းကား
ထွားထွားညက်ကြီ စစန့်သီရ
ကာလနာလျှင် ဆိုက်ကြပါကြောင်း
အလောင်းတောင်ပုံ ပုပ်ပွကုန်ကြ
ခွဆုံလမ်းကြား ဝမ်းလျားမှောက်လဲ
ကွဲပြဲသွီးယို ဗဗြန်းပြို၏ --။

ငိုယိုပြီးလွှား ကျောင်းသားသူငယ်
အရွယ်နုနု သက်ကိုလု၍
ဥပမာမူ ဖုတ်ပူမီးတိုက်
ကုလားတိုက်ကို ကျားဝင်ကိုက်သို့
မိုက်မိုက်မှောင်မှောင် လောင်လောင်ကျွမ်းကျွမ်း
သောင်းကျန်းပြည်ရွာ ပျက်ရပါသည်
မြန်မာမင်းညစ်ဆိုးသောကြောင့် --။

(၇)
မင်းညစ်မြန်မာ ဆိုးသွမ်းပါ၍
ပြည်ရွာမအီး ဒုက္ခဖီးနှင့်
ကပ်ကြီးလည်းဖြစ် ကာလနာလျှင်
ဆိုက်ကြတဖန် ရာဇဒါဏ်ကြောင့်
မှန်ကန်ဖြောင့်မတ် သင့်မြတ်သောသူ
ထိုသူလူကို ဆွဲယူသတ်ပုတ်
ချိုင်နှောင်ချုပ်၏ မဟုတ်မမှန်
လုပ်ကြံစွပ်စွဲ တရားစွဲ၏
ငရဲမီးတောင် ပေါက်ကွဲယောင်သို့
လှောင်တိုက်ကိုသွင်း နှိပ်စက်ခြင်းကြောင့်
ခြီချင်းတွဲလွဲ ဆင်းရဲမလှ
ခံရထိုထို တချို့ကိုလျှင်
အရှင်လတ်လတ် ကြိုးကွင်းစွပ်၍
သတ်ဖြတ်ယုတ်မာ လုပ်ကြပါသည်
ကြမ်းကြုတ်ဖရုဿာ ဝါသနာတည်း --။

(၈)
ကြမ်းကြုတ်ဖရုဿာ ဝါသနာကြောင့်
ပြည်ရွာပျက်ကျ ပုန်ကန်ကြ၏ --။

ထကြသူပုန် အလုံးစုံတည်း
အကုန်သူငါ တော်လှန်ပါ၏ --။

ပြည်ရွာအတွင်း မကြွင်းသျှင်လူ
ဆူပူအုံကြွ ဆန္ဒပြ၏ --။

မျောက်မဝင်စား ဗိုလ်ချုပ်များလျှင်
ဘုရားပလ္လင် တက်လျှင်းပင်တင်
ဖင်ကိုကွကွ လှန်ကာပြ၏ --။

အသရေယုတ် အရုပ်ဆိုးဆိုး
ပုပ်သိုးနံစော် ရွံစရာတည်း --။

(သို့ပါသော်ကြောင့်)
ယှောင်ခွာဝီးဝီး ဖီးလွတ်ရာကို
ခိုကာပြီးလို့ ရွီးသားလင်္ကာ
စီကုံးပါသည်
မှန်စွာကြောင်ရီကျွတ်အံ့သတည်း --။

(၉)
ကြောင်ရီမှန်စွာ ကျွတ်အံ့ရာတွက်
ရာဇဝင်မှာ ဖြစ်ပါလာသော
အရာများကို တိုတိုတုတ်တုတ်
ဆိုကာနှုတ်လို့ အကျွန်ုပ်လျှင်
တင်ပြပါမည် ရှိဝယ်အယင်
လောင်းကြက်တွင်ထ ထိုပြည်မကို
ရလိုချင်ဇော လောဘအားဖြင့်
စော်ကားရန်မူ မြန်ဟူခေါ်ထ
အင်းဝသမုဒ် ဇနပုဒ်က
အယုတ်မင်းခေါင် လက်မထောင်လို့
ခေါင်ပုတ်ပမာ ခိုးကာလာလျှက်
ပြည်ရွာသိမ်းဖျက် ဖြိုလုယက်၍
မြို့ပျက်တခါ ကြုံခပါ၏ --။

အရာတခေါက် မြို့မြောက်ဦးမှာ
ငကောက်ငကိုင်း ငလဝိုင်းက
ရိုင်းစိုင်းသမှု ပြည်ကိုလုလို့
တုပယှဉ်ပြိုင် အနိုင်လိုငြား
ပိုင်လိုအားဖြင့် ပိုင်းခြားပုန်ကန်
တိုက်ဖျက်ပြန်သည်
အကြံယုတ်စွ ပုပ်ပွသတည်း --။

(၁၀)
ယုတ်စွအကြံ ရခိုင်မှန်လျှင်
အရှင်လတ်လတ် ထူးခတ်သုတ်သင်
ဒါးစီရင်၏ --။

နီဝင်မိုးချုပ် အမျိုးပြုတ်အောင်
ကြိုးတုတ်နှောင်၍ လက်ပေါင်ကိုခွတ်
ဂေါင်းကိုဖြတ်လျှက် သတ်ကြတသွယ်
မြစ်ပင်လယ်မှာ ချပစ်ပေ၏ --။

အချေသူငယ် အစိတ်ကေဆို
ခြီကိုကိုင်မြှောက် ထုတ်ချင်းပေါက်အောင်
ဒါးထောက်ဝါးချွန် ထိုးသတ်ပြန်၏ --။

ကျန်လူမိမ္မ အလှပကို
ကျင့်ကြမုဒိန်း သွီးစိမ်းရှင်ရှင်
အမြင်မကောင်း ဖင်ဟောင်းလောင်းနှင့်
အလောင်းကိုလျှင် ရင်ကိုလည်းခွဲ
အထဲကိုယ်ဝန် မှောက်ကာသွန်လျှက်
မကျန်အငုတ် နိဂုံးချုပ်သည်
မျိုးပြုတ်အစိုင်တုံးအံ့သတည်း --။

(၁၁)
အစိုင်မျိုးပြုတ် အချုပ်နိဂုဏ်း
မဆုံးသိမ့်ပါ တောရွာပန်ဇင်း
လာခြင်းမကောင်း ဖင်ခေါင်းဦးနု
စိုးပြုမှောင်မိုက် ဖဆပလခေတ်တွင်
စစ်တပ်မြန်မာ ပစ်ခတ်ပါသည်
တရွာလုံးကျွတ် အပုတ်ပြတ်တည်း --။

နောက်ထပ်စစ်တွေ ဆယ်သုံးသြဂုတ်
ဖားပြုတ်နေဝင်း စီမံခြင်းကြောင့်
ထမင်းငတ်ရ ဝမ်းမဝသော
ဓညဝတီ ဝေသာလီဖွား
ရခိုင်သားကို ကျားထိုးသနတ်
လက်စသတ်၏ --။

မှတ်ကြရခိုင် ကုလားထိုင်မွတ်
အောက်ခြီလွတ်သည်
သီကတ်အကောင် ရောင်ရောင်တည်း --။

(၁၂)
အကောင်သီကတ် ခြီကိုခွတ်၍
မပြတ်တော်လှန် ပုန်ကန်ပါသည်
ဦးစွာမိုးလင်း စယင်းလူစု
အံကိုတုလို့ လူထုထောက်ခံ
လက်ခုပ်သံနှင့် တဖန်စံကျော်ထွန်း
စခန်းထူထောင်
အောင်လံလွှင့်လွှင့် ရွက်ကိုဖွင့်၏ --။

သို့ဖြင့်ချီတက် အသက်ရာသီ
မကျီအခဲ ရဲရဲတောက်လောင်
သွီးမီးတောင်နှင့် အကောင်တီဖြစ်
ရိုးတွန်ရစ်၏ --။

အသစ်ရာဇာ ဆက်ခံလာသည်
လူရာသီလား သူကားမသီ
အာဇာနီတည်း --။

ဤမြီဤသို့ လွတ်ဖို့ကြံစဉ်
သံယောဇဉ်ကြောင့် မယိုင်မလဲ
(ခိုင်ခိုင်မြဲ) သည်
အောင်ပွဲဆက်ကာခံလိမ့်သတည်း --။

(၁၃)
ဆက်ကာအောင်ပွဲ ခြိမ့်ခြိမ့်သဲလိမ့်
အမြဲမစံ လောကဓံကြောင့်
အမှန်မုက္ချ သူရို့ကျအံ့ --။

ဓညဝတီ သိင်ဂီရွှေပြည်
အောင်စည်အောင်မောင် သောင်းသောင်းညံညံ
သံပြိုင်အမြောက် ပေါက်လတ္တံ --။

ဝံလက်ဓိဌာန် တောင်ဖံညီညာ အောင်လံချီလာရောက်လတ္တံ --။
ပျံတက်ဗိမာန် တောင်ယံတိမ်သာ ရောင်လျှံထိန်ဝါတောက်လတ္တံ --။

(Light In The Sky)
(ကြောင်ရီချွတ်လင်္ကာ)
ခရစ်သက္ကရာဇ် (၂၀၀၅) ခုနှစ် ဒီဇင်ဘာလ (ရ) ရက် ဗုဒ္ဓူးနိ ရွီးပြည့်စုံသည်။

နိဗ္ဗာန ပစ္စယော ဟောတု။

ပဒရီစွပ် ကြောင်ရီဝတ်လျှင်
သီကတ်အယင် ထိုခါတည်း --။

မောင်ပေါက် (ရခိုင်ပြည်)

အောက်မှော်

အောက်မှော်
=======

ပေါ်လစီ ပေါ်လစီ
လော်လီဖောက်ပြား
မောင်လျှောက်သား --။

စားရက လာလာ
မစားရက ခွာခွာ --။

စားရက အဘာ အဘာ
မစားရက ငပြာ ငပြာ --။

ပီးကေ ချီကျူး
မပီးကေ ချလူး --။

ပီးကေ သူကောင်း
မပီးကေ ဘူတောင်း --။

(သာလှဦး)

မျောက်ပွဲ

မျောက်ပွဲ
====

ပန်းကို ဗန်းပြ
ဝခြမ်း နန်းတက် --။

ညီညွတ်ရေး ညီညွတ်ရေး
ပဒရီကျွတ်ပွဲမှာ
မျောက်ကလူဖြစ်
လူဖြစ်သောမျောက်
သစ္စာဖောက် --။

(အောင်သာလူ)
Feb 3, 2008

အဆိပ်ခွက်


အဆိပ်ခွက်
======

အချေခါ ကြားနီကျစကား
မျောက်လက်ထဲမှာ သပြာရယှောင် --။

အခု
မျောက်လက်ထဲမှာ
မောက်စ့်ရလားခဗျာ --။

(သာလှဦး)

လမ်းဖောက်သူ (နှင့်) လမ်းလျှောက်သူ

လမ်းဖောက်သူ (နှင့်) လမ်းလျှောက်သူ
=========================

လမ်းဖောက်သူ
ကြိမ်စူးလည်းစူး
သွီးလူးလူး --။

လမ်းလျှောက်သူ
ဘုရားလည်းဖူး
လိပ်ဥတူး --။

(သာလှဦး)

ဆရာတော်အား ပန်ကြားခြင်း


ဆရာတော်အား ပန်ကြားခြင်း
===================

ဆရာတော်ကို မသီခင်က
ခွီးပုတ်လောက်ကျ ပြောကတ်ပြီးမှ
အခု ငိုပြနီကတ်တေ --။

ဘုန်းကြီးဆိုဝါ နိုင်ငံရေးနန့်
ပဇာဆိုင်လဲ ကဲ့ရဲ့ကတ်ပြီး
အခုမှ ချီကျူးနီကတ်တေ --။

နိုင်ငံရေးလုပ်ချင်ကေ
စစ်တွေကိုမလာကဲ့
မြန်မာပြည်သို့လား
နှင်ထုတ်ထားပြီး
အခု ကြီးရုပ်ထုလို့ ကိုးကွယ်ကတ်တေ --။

သံဝေဂရဖို့ကောင်းပါရေဆရာတော်
နိုင်ငံတကာ ပြည်မြန်မာကို
ချောင်းပေါက်အောင်လားလို့
အာပေါက်အောင် တရားဝှေါပြီးခါမှ
ညောင်ကုန်းကျောင်းနားက အမှိုက်ပုံဘေးမှာ
ဒုံးပေါက်ဆောက်လို့ သီရပါရေ --။

တမလွန်ဘ၀မှာ
အသက်ရှင်လို့ဟိနီသိမ့်ကေ
အေရခိုင်သားအဆွီးတိကို
တခေါက်ပြန်လာလို့
ဆုံးမခလိုက်ပါ ဆရာတော် --။ ။

(သာလှဦး)

တော်လှန်ဥဒါန်းကျူးရင့်ချိန်


တော်လှန်ဥဒါန်းကျူးရင့်ချိန်
===================

တွက်လီတွက်လီ ဖျက်ဖြီမရ
လွမ်းစတောင်တန်း ၀မ်းနည်းမှုပင်လယ်
စီးသွယ်ရ့စ်ယင့် ပွားဆင့်ရင်မှာ
ခံစားလာရ မာနရီစီး
ဒေါသမီးနှင့် ကြက်သီးထတုန်
မာန်ဟုန်ထန်ပြင်း သွီးချင်းချင်းနီ
မကျီဥဒါန်း လောင်ကျွမ်းမွိမွိ
တငွိငွိတည်း မိ၍မရ
သောကမျက်ရည် ရစ်ဝဲလည်သည်
ဤမြီကမ္ဘာဆုံးစမထင် --။

ရခိုင်ရို့၏ထီးနန်း ပန်းဆင့်ဘုံသွယ်
နဂါးနွယ်လိမ်ရစ် ခုနှစ်ဆင့်သောပြဿပ်
အထပ်ထပ်သော မြို့ရိုး
တန်ဖိုးမဖြတ်နိုင်စရာ
သုခုမလက်ရာ အဖြာဖြာသည်
ပြာကျလောင်ကျွမ်း ယမ်းငွိတလူလူ
သူသူငါငါ ကူပါကယ်ပါ
ခိုကိုးရာနတ္ထိ အပြစ်မဟိသောပြည်သူ
လူပေါင်းရာပေါင်း သိန်းသောင်းများစွာ
ခေါင်းပုံပြင်သည်
ရာဇ၀င်သမိုင်းထက်က စာမျက်နှာ --။

(သြော်) တွေးလီတွေးလီ အတီတေက
ပန်းချီကားချပ် ပြတ်သားပီပြင်
တွိမြင်လာရ မာနရီစီး
ဒေါသမီးနှင့် တက်သီးအံကြိတ်
သွီးထိတ်ကျွီးအော် တိုက်ပွဲခေါ်သည်
တော်လှန်ဥဒါန်းကျူးရင့်ချိန် --။

(နရသီဟ)

မှတ်မိသလောက် ပြန်တင်ပီးထားခြင်းဖြစ်ပါသည်။

ဇတ်လမ်းကို အဆုံးသတ်ခန်း


ဇတ်လမ်းကို အဆုံးသတ်ခန်း
===============

သဘာပတိများကြွလာကေ
ရပ်စောက်ရပ်အလေးပြုရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

သက်တန်းကုန် ၀န်ကြီးတိနန့်တွိတိုင်း
ခါးကိုင်းဦးညွတ် အရိုအသေပီးရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

ပြက္ခဒိန်မှာ ဆီးမှင်အနီကွက်ကျား ရက်တိကများ
ညိတိုင်းညိတိုင်း ဆန္ဒပြရဖို့အလား
အခမ်းအနား အခမ်းအနား နိမအားညမအား
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

အစည်းအဝေးတက်တိုင်း
ငွေရေကြီးရေး စကားများရ
ညီညွတ်ရေး ညီညွတ်ရေး
နဖူးကွဲဒူးပြဲ အလဲထိုးရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

အချိန်တန်ကေ အချိန်မှန်ထုတ်ပြန်ရေ
လံကြုတ်သတင်းတိကို

ရေဒီယိုဖွင့်တိုင်းကြားနာရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

ရခိုင်တခွန်းမပါ
ရခိုင်အမျိုးသားမြန်မာသတင်းစာကို
လစဉ်ပုံမှန် စာမျက်နှာလှန်လှန်ဗျာဖတ်ရ
ကျွန်တော့်မှာ တော်လှန်းရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

မမြင်ချင် မကြည့်ချင်အဆုံး
မျက်နှာတိကို
မြင်ရပြုံးပြရ ဘ၀ဒုက္ခများစွာနန့်
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

ရန်သူကို တော်လှန်ဖို့အချိန်မရ
ရွှေလဒတိကိုကျည်း တိုက်ခိုက်နီရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

(သာလှဦး)

ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေး (သို့မဟုတ်) မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း


ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေး (သို့မဟုတ်) မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း
===================================

ဝမ်းရေးအတွက်
အသက်ဆက်ဖို့
မရှက်မကြောက်
ဖောက်ပါရသည်
ကတိဟူသော ကျိန်သစ္စာ --။

ထွက်လာခါစ ရဲရဲတောက်
ပါးစက တပေါက်
အခုက လေးငါးခြောက်
ခွံ့ရကျွေးရမလောက်
(ဂြောက်ဂြောက်) နန့်
ဂျောက်ထဲကို ကျောက်သီးကျယှောင် --။

စားလည်း ကကောင်းစားနိုင်ကတ်တေ
စာသားပြင်းချေတိကိုကြည့် --။

တိုင်းပြည်အီးအီး မအီးအီး
အရေးမကြီး
ဝမ်းမီးအီးဖို့ အရေးကြီး --။

တိုင်းပြည်ကောင်းစားစား မကောင်းစားစား
သတိမထား
မယားကောင်းစားဖို့ အဓိကထား --။

လူမျိုးချောင်းကျကျ မကျကျ
ကိုယ်ဂွမကျကေ ကျီ --။

(ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေးအတွက်
လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ကျ)
ငုတ်ယင်းပေါ် ပေါ်ယင်းငုတ်
မြုတ်ယင်းလှော် လှော်ယင်းမြုတ်
စင်းပြတ်ပြုတ် --။

ငပျင်းလောင်းလှော်ပိုင်ယှောင်
ကြိုးကမဖြုတ် လှော်ယင်းစစုန်းမြုတ်
တော်လှန်ယင်း
အမျိုးပြုတ်ကတ်လိမ့်မည်သတိထား --။

(မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း)

(သာလှဦး)