Sunday, May 11, 2025

ထရိပူရ ရခိုင်ဗျည်း (၃၃) လုံး ဘုရားရှိခိုး



ရခိုင် ဗျည်း (၃၃) လုံး အက္ခရာဖတ်နည်း။
ထရိပူရ ရခိုင်ဗျည်း (၃၃) လုံး ဘုရားရှိခိုး
============================

က (ကကြီး) ဟူသည်ကား ကိလေသမာရ်ကို အောင်တော်မူသော မြတ်စွာဘုရား။

ခ (ခငယ်) ဟူသည်ကား ခန္ဓမာရ်ကို အောင်တော်မူသော မြတ်စွာဘုရား။

ဂ (ဂဂုံး) ဟူသည်ကား ဂန္ဓကုဋီ ရွှီတိုက်မှ ကျွတ်ထိုက်သောသတ္တဝါကို ခပ်သိမ်းသောအချိန်အခါ သိမြင်တော်မူသော မြတ်စွာဘုရား။

ဃ (ခကျောက်ရှည်) ဟူသည်ကား ဃဋိကာယ ဗြဟ္မာမင်းကြီးဆက်ကပ်သော ရွှီသင်္ကန်းကို ဆင်မြန်းတော်မူသော မြတ်စွာဘုရား။

င (င) ဟူသည်ကား ငါးပါးမာရ်ကို အောင်တော်မူသော မြတ်စွာဘုရား။

စ (စလုံး) ဟူသည်ကား စက္ကြာဝဠာအတွင်းမှာ တုဖက်ပြိုင်ဖက်ကင်းတော်မူသော မြတ်စွာဘုရား။

ဆ (ဆလိမ်) ဟူသည်ကား ဆယ်ပါးသောဒုစရိုက်ကို ပယ်ဖျက်ခုတ်ထွင် အောင်တော်မူသော မြတ်စွာဘုရား။

ဇ (ဇကွဲ) ဟူသည်ကား ဇာတိဿရဉာဏ်ကို ရတော်မူသော မြတ်စွာဘုရား။

စျ (စျပြင်ဆွဲ) ဟူသည်ကား စျာန်သမာပတ်အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ည (ည) ဟူသည်ကား ဉေ ယျဓံတရား (၅) ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဋ (ဋတလင်းချိတ်) ဟူသည်ကား ဋီကာလက်သန်းကျမ်းအသွယ်သွယ်ကို ဆရာမဟိ ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား။

ဌ (ဌ၀မ်းချိတ်) ဟူသည်ကား ပဋ္ဌာန်းကျမ်းကို ဟောတော်မူသော မြတ်စွာဘုရား။

ဍ (ဍဆံကောက်) ဟူသည်ကား ကောဏ္ဍညပုဏ္ဏားသည် လက်ညှိုးတချောင်းထောင်ပြ၍ ဘုရားဧကန်ဖြစ်လိမ့်မည်ဟု ဟောတော်မူသော မြတ်စွာဘုရား။

ဎ (ထလိမ်မြို့) ဟူသည်ကား ဒီပင်္ကရာဘုရားရှိတော်၌ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူသော မြတ်စွာဘုရား။

ဏ (နကြီး) ဟူသည်ကား တဏှာတည်းဟူသောအမိုက်မှောင်ကို ပယ်ဖျက်ခုတ်ထွင်အောင်တော်မူသော မြတ်စွာဘုရား။

တ (တ၀မ်းပူ) ဟူသည်ကား တထောင်မကသောတိတ္ထိရို့အား ပြာဋိဟာပြ၍ဆုံးမတော်မူသော မြတ်စွာဘုရား။

ထ (ထဆံထုံး) ဟူသည်ကား ထူးမြတ်သောဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဒ (ဒဘယတ်) ဟူသည်ကား ဒိဗ္ဗစက္ခုဉာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရား။

ဓ (ဓ၀မ်းချိတ်) ဟူသည်ကား ဓမ္မစက္ကြာတရားတော်ကို ဟောတော်မူသော မြတ်စွာဘုရား။

န (နငယ်) ဟူသည်ကား နိဗ္ဗာန်အောင်ချာရွှီပြည်နန်းသို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရား။

ပ (ပစောက်) ဟူသည်ကား ပုဗ္ဗေနိဝါသဉာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဖ (ပဖလိပ်) ဟူသည်ကား ဖိုလ်မဂ်ချမ်းသာကို အောင်တော်မူသော မြတ်စွာဘုရား။

ဗ (ဗလုံး) ဟူသည်ကား ဗောဓိဥာဏ်ကို အောင်တော်မူသော မြတ်စွာဘုရား။

ဘ (ဘဘုံးချပ်) ဟူသည်ကား ဘုန်းတော် (၆) ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

မ (မ) ဟူသည်ကား မစ္စုမာရ်ကို အောင်တော်မူသော မြတ်စွာဘုရား။

ယ (ယ) ဟူသည်ကား သရက်ဖြူပင်ရင်းတွင် တိတ္ထိရို့အား ရီမီးအစုံ ယမိုက်ပြာဋိဟာကို ပြ၍ဆုံးမတော်မူသော မြတ်စွာဘုရား။

ရ (ရ) ဟူသည်ကား ရောင်ခြည်တော် (၆) သွယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

လ (လ) ဟူသည်ကား လူသုံးပါးတွင် တုဖက်ပြိုင်ဖက်ကင်းတော်မူသော မြတ်စွာဘုရား။

၀ (၀) ဟူသည်ကား ၀သုန္ဒြေမြီနတ်သားသည် သက်သီခံပြု၍ မာရ်နတ်မင်းခုခံသည်ကို အောင်တော်မူသော မြတ်စွာဘုရား။

သ (သ) ဟူသည်ကား သစ္စာလေးပါးတရားကို သိမြင်တော်မူသော မြတ်စွာဘုရား။

ဟ (ဟ) ဟူသည်ကား "ဟန္ဒဒါနိ ဘိက္ခဝေ" ပါဠိတော်လာသည်နှင့်အညီ ရဟန်းတော်ရို့အား ဆုံးမတော်မူသော မြတ်စွာဘုရား။

ဠ (လကြီး) ဟူသည်ကား လပြည့်၀န်းကဲ့သို့ ပြည့်ထွန်းသော ရွှီမျက်နှာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

အ (အ) ဟူသည်ကား နီအာရုဏ်မတက်မှီ အာသဝေါကင်းကွာ၍ အာသ၀က္ခယဉာဏ်တော်ကိုရတော်မူသော မြတ်စွာဘုရား။



ရခိုင်ကျောက်သင်ပုန်း

ရခိုင်ကျောက်သင်ပုန်း



ရခိုင် ကျောက်သင်ပုန်း


ရခိုင် ကျောက်သင်ပုန်း


(က) ကိုမူကား ကတောင်းရီခွက် ဥက္ခောင်းထက်မှာ တင်ကာသော်လည်း ဟန်စွလေ။

(ခ) ကိုမူကား ခရင်းတောင်းကို ရက်ကာသော်လည်း ဟန်စွလေ။

(ဂ) ကိုမူကား ဂဏန်းသင်္ချာ တွက်ကာသော်လည်း ဟန်စွလေ။

(င) ကိုမူကား ငရံ့ကိုယ်လုံး ရုန်းကာသော်လည်း ဟန်စွလေ။

(စ) ကိုမူကား စပါးတောင်ယာ စိုက်ကာသော်လည်း ဟန်စွလေ။

(ဆ) ကိုမူကား ဆရာမိဘ ရိုသေရလည်း ဟန်စွလေ။

(ဇ) ကိုမူကား ဇရပ်သာယာ ရွာဦးကျောင်းမှာ ဟိပါသော်လည်း ဟန်စွလေ။

(စျ) ကိုမူကား စျီးပြုလားကာ လားကာသော်လည်း ဟန်စွလေ။

(ည) ကိုမူကား ညဇာသားခါ လပယာလည်း ဟန်စွလေ။

(တ) ကိုမူကား တရားနာကာ နာကာသော်လည်း ဟန်စွလေ။

(ထ) ကိုမူကား ထမင်းဆီဆမ်း ရွှီလောင်ပွန်းနှင့် စားကာသော်လည်း ဟန်စွလေ။

(ဒ) ကိူမူကား ဒယွားပန်းဖော်၀တ်ကာသော်လည်း ဟန်စွလေ။

(ဓ) ကိုမူကား ဓပြုတ်သီးကိုပြုတ်ကာသော်လည်း ဟန်စွလေ။

(န) ကိုမူကား နဂါးအမောက်ကောက်ကာသော်လည်း ဟန်စွလေ။

(ပ) ကိုမူကား ပိတောက်ဂေါင်းမှာ ပန်ကာသော်လည်း ဟန်စွလေ။

(ဖ) ကိူမူကား ဖရဲသီးကိုခွဲကာသော်လည်း ဟန်စွလေ။

(ဗ) ကိုမူကား ဗုဒ္ဓမြတ်စွာ ကြွလာသော်လည်း ဟန်စွလေ။

(ဘ) ကိုမူကား ဘုရားမြတ်စွာ သာသနာကိုစောင့်ကာသော်လည်း ဟန်စွလေ။

(မ) ကိုမူကား မင်းထီးမင်းဗာ စိုးပါသော်လည်း ဟန်စွလေ။

(ယ) ကိုမူကား ယမုံနာ မြစ်ရီချိုးကာ ချိုးကာသော်လည်း ဟန်စွလေ။

(ရ) ကိုမူကား ရထားစီးကာ လားကာသော်လည်း ဟန်စွလေး။

(လ) ကိုမူကား လမုတောမှာ ချောင်းနားမှာလည်း ဟန်စွလေ။

(၀) ကိုမူကား ၀ရံတာ အိမ်တန်းပျင်းမှာ ထိုင်ကာသော်လည်း ဟန်စွလေ။

(သ) ကိုမူကား သရက်ချိုအီး မွှီးပါသော်လည်း ဟန်စွလေ။

(ဟ) ကိုမူကား ဟင်္သာငှက်များ နားကာသော်လည်း ဟန်စွလေ။

(အ) ကိုမူကား အသံကြားသော်နာသာသော်လည်း ဟန်စွလေ။



ပဒကာသီးလက်သုပ်ကဗျာ အမှတ် (၂)



ပဒကာသီးလက်သုပ်ကဗျာ အမှတ် (၂)
========================

ငါ၏ကဗျာ
ပဒကာသီးလက်သုပ်တပွဲလောက်
တန်ဖိုးမဟိ။

USA က
မမချေတယောက်
ပို့တင်ပီးလိုက်တေ
စားကတ်ဖို့လားအမျိုး
ပဒကာသီးလက်သုပ်တပွဲ
Like သိန်းသန်းကုဋေ
Love ပေါင်း ကုဋေကုဋာ
Share အသိန်းအသန်း။

နောက်တခါ ကဗျာတင်ကေ
ငရုပ်သီးပေါက်ပေါက်နှင့်
ပဒကာသီးလက်သုပ်တပွဲ
အလကားကျွေးဖို့
မုန့်တီဟင်းရည်တခွက်
အလှောက်ပါဖို့။

တော်လှန်ရီးပြီးလို့
ရခိုင်ပြည်ပြန်ရောက်ကေ
ပဒကာသီးလက်သုပ်နန့်
မုန့်တီရောင်းလို့စားဖို့။

ယင်းခါတချက်
လာအားပီးကတ်ပါ ဟရို့။

မနာလို ဝန်တို
ဣသာမစ္ဆရိယနှင့် ရွီးလိုက်တေကဗျာ
ဝိမုတ္တိရသ မမြောက်ကေလည်း
ဝိဘစ္ဆရသ မြောက်ဖို့က ထင်ယင့်။

သာလဧူး (မြောက်ဧူး)
January 2, 2023 (တလင်္လာနိ)



ကြိုက်စွာရွီး

ကြိုက်စွာရွီး
========

တရွာသားနှင့် တယောက်
တယောက်တည်းလည်း မကြောက်
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်လမ်းကိုယ်လျှောက်။

ဒူးထောက်လို့ မျက်ရည်မကျ
လဒမမှိုင် ဆောင့်ခြောင် မထိုင်။

အပုပ်စား လဒကို
တချို့က သမုဒ်ကတ်တေ
သူတော်ကောင်းလတ်။

သတိမထားကေ မှတ်
ရုပ်စွပ်။

သာလဧူး (မြောက်ဧူး)
3rd January 2023 (အင်္ဂါနိ)




သတ္တဟိကေ ထွက်ပါလတ်

သတ္တဟိကေ ထွက်ပါလတ်
================

အဝေ အဝေ အစိတ်ကေ
သဘောက်ဖျာမှာ ဆောင့်ခြောင်ထိုင်လို့
ပဇာဖြစ်လို့ ငိုနီလေ။

မုနိမဟာ ကြီးမြတ်စွာကို လိုချင်ယေဇု
ငိုပါရေ။

မုနိမဟာ ကြီးမြတ်စွာကို လိုချင်ရေဆို
ထိုင်ငိုနီလို့ ရဖို့လား။

နက်ဖန်ရက်ခါ ရက်ရာဇာ
တော်လှန်ရီးနိ မိုးထခါ
ရခိုင့်အောင်လံ အောင်တင်းခွန်ကို
အောင်မာန်အောင်မောင်း သောင်းသောင်းညံညံ
အောင်မာန်ဟိန်းကေ ဗြိန်းစောင်းသံနှင့်
မိုးစွန်တိမ်ဖျား
တောင်ထိပ်ဖျားမှာ ရွှင့်ကတ်မေ။

လဒကေပိုင်
အခန်းဒေါင့်မှာ ဆောင့်ခြောင်ထိုင်
မှိုင်မနီကဲ့
သတ္တိဟိကေ ထွက်ပါလတ်။

သာလှဦး (မြောက်ဦး)




မောင်ပေါက်တူး

မောင်ပေါက်တူး
========

တော်လှန်ရီးမှာ
သူရဲကောင်းဖြစ်ချင်ကေ
လောကျိတ်လို့
ချောတိုင်တက်မရ။

ရဲဖော်ရဲဖက်စိတ်မဟိကေ
နဖူးမှာ
ပေါက်ဆိန်ကျတတ်တေ။

နွားပိုင်
တကောင်အကိုက်ခံရကေ
ဝိုင်းလို့အုံလို့
နောက်ကျခြီထောက်
သစ္စာဖောက်
ဒယွားမရ ထပိန်မရ
ယောက်မကိုင်လို့ ထွက်ပြီးကတ်တေ။

ခွီးလို့ ဆဲချင်ဆဲလီ
ငါရို့တိက ဝိုင်းကိုက်တေ။

သာလှဧူး (မြောက်ဧူး)
Decenber 31, 2022 (လဒမှိုင်နိအကြို ရွီးစပ်သည်။)




"ရခိုင့်တော်လှန်ရီးနိ" အား ကြိုဆိုခြင်း

ဇန္နဝါရီလ (၁) ရက် နှစ်ဆန်းတရက်နိ
"ရခိုင့်တော်လှန်ရီးနိ" အား ကြိုဆိုခြင်း
=======================

ဒီဇင်ဘာ (၃၁)
ရခိုင်သားလဒမှိုင်နိကို
(---) မှာ နောက်လင်ရယှောင်
ပျော်ကြီးကျ ကျင့်ပ
တတိုင်က ကခါက ခုန်ခါခုန်
အလှပလှ ဘုံပျောက် --။

တော်လှန်ရီးလုပ်တေဆိုပြီးသနာ
"ရခိုင့်တော်လှန်ရီးနိ" ကျ
ကျင့်ပ၀န့်ရေ သတ္တိမဟိ
ဖုံပြာပြာနှင့် လဒမှိုင်မျှက်နှာတိကို
မကြာခင် မြင်တွိရဖို့ယာ --။

နှစ်သစ်ကို တော်လှန်ရီးနှင့်မကြို
အသုဘ မသာချယှောင်
အခြင်းကြီးချငိုလို့
အသူတယောက်ကလည်း မသနား
ပြင်ကကြည့်လို့
ဝိုင်းဟားနီကတ်ယင့် --။

တကမ္ဘာလုံးသားက
နှစ်သစ်ကို မင်္ဂလာနှင့်ကြိုချိန်မှာ
ရခိုင်သား ငယောင်းဖလာတိက
အမင်္ဂလာနှင့်ကြိုလို့
ကြက်သရေတုံးလိုက်တေ --။

ဇန္နဝါရီလ (၁) ရက် နှစ်ဆန်းတရက် မင်္ဂလာမိုးထက်မှာ
"ရခိုင့်တော်လှန်ရီးနိ" ကို
ကမ္ဘာထိန့်ထိန့်ကြိုးလားအောင်
အောင်စည်အောင်မောင်းတီးလို့
လက်ခေါင်းဖြောင်းဖြောင်းခတ်လို့
ခြိမ့်ခြိမ့်သဲ ကျင့်ပကတ်မည်
ဂုတ်ကျပြီးသနာ လဒမှိုင် မှိုင်မနီကတ်ကဲ့
သတ္တိဟိကေ ထွက်ပါလတ်ကတ် လူရို့ --။

(သာလှဦး)
(December 15, 2015)(အင်္ဂါနိ)။



ငတ်ပျော်

ငတ်ပျော်
=======

လဒမှိုင်နိမှာ ငါမပျော်
ဗုံတီး စည်တီး နှဲမှုတ်လို့
ပဇောင် ကလို့ ခြီခန့်ရောင် --။

"တော်လှန်ရီးနိ" ဆိုကေက
အထုပ်ပင် ထမ်းထမ်း
ဂျွမ်းပင်စိုက်စိုက်
လောကျိတ်လို့ နောက်ကလိုက်ဖို့ --။

ရခိုင်သားမှာ
"အဘာသီ" လို့
အသုဘချရေဆိုခါမှ
ပျော်ကြီးကျ
လေးကွင်းနင်းလို့
အားရပါးရ
"ထ" "က" နီကတ်ပါရေကား --။

နိုင်ငံရပ်ခြား ရခိုင်သား
လဒမှိုင်နိသည်ကား
ဘုန်းကြီးပျံပွဲအလား
အလွန်စည်ကား --။

(ရဲဖော်ကြီး)





ဒီဇင်ဘာ (၃၁)

ဒီဇင်ဘာ (၃၁)
==========

လဒချေပိုင် ဆောင့်ခြောင်ထိုင်
မှိုင်နီရေကား အဘာသား။

လွတ်မြောက်နယ်မြီရောက်လည်း
ကြောက်ခန့်သိမ့်ဆို
ဆီးသောက် ဆီးသောက်
စိတ်မဖောက်ခင်။

ဝေဖန်လို့ မာန်ပါရေဆို
စိတ်ကိုထိမ်းပါ အိုဂိုးဂို။

ကြည့်ရစွာ
အားမဟိ ခွန်မဟိ
ဂုတ်ကျလို့ ပျော့စိစိနှင့်
ရိနာလိုက်တေ ကြက်ယှောင်။

မျက်ရည်ကျ ဝမ်းနည်းရေလား
သနားကောင်းထမန်း။

ငုတ်စုတ်ကေထိုင် တမှိုင်မှိုင်
ရခိုင်ထီးနန်း နိစဉ်လွမ်း။

သာလှဧူး (မြောက်ဧူး)
Sep 30, 2022 (လဒမှိုင်နိအကြို ရွီးစပ်သည်။



ခေါင်းဆောင် (သို့မဟုတ်) ခေါင်းရောင်

ခေါင်းဆောင် (သို့မဟုတ်) ခေါင်းရောင်
=======================
ရခိုင်သားတိ
ရခိုင့်တော်လှန်ရီးနိ
ကျင့်ပ၀န့်ရေ သတ္တိမဟိ --။

လဒမှိုင်နိမှာ
မျက်နှာဖုံပြာ
မြင်ရပါသည်
လာပါလိမ့်မည် ကျဆုံးခန်း --။

စိန်ဂေါက်စိန်ဂေါက်
စည်းကိုခေါက် --။

ဗေထုံဗေထုံ
ကလို့ခုန် --။

ဗေထီးဗေထီး
ဗုံကိုတီး --။

ဗြိန်းစောင်းဗြိန်းစောင်း
ကလို့ကောင်း --။

(သာလှဧူး)
(2019 December 31st)(ရခိုင်သားလဒမှိုင်နိ) (အမှတ်တရ ရွီးစပ်သည်)။



ဆရာ

ဆရာ
=====

မဂ္ဂဇင်းတအုပ်မှာ
ကဗျာတပုဒ်ပါ
ဆရာ။

ဂျာနယ်တစောင်မှာ
ဆောင်းပါးတပုဒ်ပါ
ဆရာ။

အုပ်ရေငါးရာ
စာတအုပ်ထုတ် ဆရာ။
ဆရာ ဆရာ
ပညာလွန်ဟိ ကဝိဆရာ။

အလွန်ချွန်ထူး နဖူးရွှေကပ်
နတ်ဆရာ ပတ်ဆရာ။

သာလှဧူး (မြောက်ဧူး)



တကျွန်းဗိုလ်

တကျွန်းဗိုလ်
========

မဖြစ်သာကြံ 
ကျွဲ (နှင့်) နွားကို
ဖက်လို့ထွန်။

သီလတ်မေ ကြောက်
ပေါက်တူးပေါက်။

ကျောက်အိုင်ပြင်မှာ
စပါးမယောက်
မြက်လုံးပေါက်။

နီကလည်းပူ မြက်လည်းထူ
အပျင်းထူ အောင်သာလူနွား
တကျွန်းဗိုလ်မှာ ဂြိုစောင်းထက်ကေ
မြက်ကိုစားလေ မြက်ကိုစား။ 🤣😂😍

(သျှင်မင်းခိုင်) ကျေးဇူးပြုသည်။



ယေဇူးနန့်

ယေဇူးနန့်
=====

တတိုင်က
သွီးသံရဲရဲ တိုက်ပွဲ
ဝင်နီကတ်တေအချိန်မှာ
တတိုင်က ဘီယာချေသောက်
မယားနန့်ဖက်အိပ်
ပျော်နီလိုက်ကတ်တေ။

တတိုင်က
ရွာကို မီးလျှို့ခံ
အစုလိုက်အပြုံလိုက် အသတ်ခံ
နီရကတ်တေအချိန်မှာ
တတိုင်က
အိပ်ရီးမပျက်။

တတိုင်က
အေနိတယောက် ညတယောက်
အကောင်ဖျောက်ခံနီ
ရကတ်တေအချိန်မှာ
တတိုင်က
ခြင်ကိုက်ယှောင် လောက်တောင်မမှတ်။

ယေဇူး အဆီယစ်လို့
လိုင်သားတက်နီရေ အားလာကြီးတိ
မာမာဘားမှာ ဘုန်းဘုန်းဘုန်းဘုန်း
အသတ်ခံ
လကားဘားမှာ ဘိုင်းဘိုင်းဘိုင်းဘိုင်း
အပိုင်းခံနီရကတ်တေ။

(မောင်​ပေါက်တူး)
(October 10, 2024)(Thursday)




စိန်ခေါ်သံ

စိန်ခေါ်သံ
======

နိုးကြားကတ်ဖိ
ရခိုင်သားတိ --။

ဇန္နဝါရီလ (၁) ရက် "ရခိုင့်တော်လှန်ရီး" နိ
မင်္ဂလာဟိရေနိ ဘုန်းကြက်သရေဟိရေနိ
နှစ်သစ်မင်္ဂလာ အခါသမယမှာ
မိုးထက်အာကာ ကောင်းခင်ပြာကိုနောက်ခံထား
ရခိုင့်အောင်လံတော်ကို
မတ်မတ်မားမား ရွှင့်ထူကတ်မေ --။

တမိန့်ခံ တသံတည်း
ရခိုင်သားတိအားလုံး စုစည်းညီညွတ်
ရောက်တေနီရာမှာ ရပ်စောက်ရပ်လို့
ကမ္ဘာပထဝီမြီကြီး ထိန့်ထိန့်ကြိုးအောင်
စက္ကြာဝဠာကြီးထိန့်ထိန့်တုန်အောင်
ရခိုင့်နိုင်ငံတော်သခြင်းကို
ဂေါင်းမော့ရင်ကော့ လက်သီးလက်မောင်းတန်းလို့
မိုးကြိုးပစ်ယှောင် ကြိမ်းဝါးလို့
ဇကုန်အော်လို့ဆိုကတ်မေ --။

ဒီဇင်ဘာလ (၃၁) ရက်နိက
လဒမှိုင်မျက်ရည်ကိုသုတ်
ဒူးထောက် ဝမ်းနည်း ငိုကျွီးနီဖို့တက်စား
ဖက်ခွက်ကြွက်စုတ် အယုတ်တိကို
အရီလှန်လို့ ထူးခတ်ပစ်လိုက်ကတ်မေ --။

ဇန္နဝါရီလ (၁) ရက်နိ "ရခိုင့်တော်လှန်ရီးနိ" မှာ
သတ္တိဟိကေ ထွက်ပါလတ် --။

(သာလှဦး)
January 1st, 2019 (ရခိုင့်တော်လှန်ရီးနိ) အားကြိုဆိုခြင်း။



ရခိုင့်တော်လှန်ရီးနိ

ရခိုင့်တော်လှန်ရီးနိ
=============

ဇန္နဝါရီလ (၁) ရက် နှစ်ဆန်းတရက်နိ
မင်္ဂလာဟိရေနိ "ရခိုင့်တော်လှန်ရီးနိ"
ကျင့်ပဝန့်ရေလူမဟိ
လဒမှိုင်နိမှာ
အခြင်းကြီးချငိုလို့
အမောင်ရခိုင်သား
ကောင်းကောင်း ဝမ်နည်းရေလား --။

မျက်နှာဖုံပြာနှင့် ဂုတ်ကျလို့
ရိနာလိုက်တေ ကြက်ပိုင်ယှောင်
ခပြားသတ်ပစ်လိုက်ချင်ရေ --။

တော်လှန်ပါရေဆိုခါမှ
ချလုံ့တုံလို့
စားပါလီဖိသကာ --။

ကျွန်သက်တမ်းကို
ဂုဏ်ယူဝမ်းမြောက်စွာနှင့်
အထိမ်းအမှတ်ပြုလုပ်ကျင့်ပ --။

ရခိုင်သားမှာ တည့်တည့်မကျ
ချော်ကျ --။

ထိုင်းနိုင်ငံမှာ မြင်လိုက်ရရေ
တတိုင်သားက ကလို့ခုန်လို့
ဗုံတိတီးလို့ နှဲမှုတ်လို့ --။

ကနေဒါမှာ မြင်ရပါသည်
သဘောက်ဖျာထက်
ငုတ်စုတ်ကေ ထိုင်လို့ --။

ဘင်္ဂလားမှာ မြင်ရပါသည်
သျှင်ပြုပွဲကြီး ကျင့်ပလို့ --။

အမောင်ရခိုင်သား
ဇာမှားနီလဲ --။

တော်လှန်ရီးနိဆိုကေ
အထုပ်ပင်ထမ်းထမ်း
ဂျွန်းပင်စိုက်စိုက်
နောက်ကလိုက်ဖို့ --။

ကျင်ကွင်းပိုင်ယှောင်
လောကျိတ်လို့လည်း ကဖို့
မိုးတလင်း ကဖို့ --။

ဇန္နဝါရီလ (၁) ရက် နှစ်ဆန်းတရက်နိ
မင်္ဂလာဟိရေနိ ဘုန်းကြက်သရေဟိရေနိ
ရဲရဲတောက်တေနိ "ရခိုင့်တော်လှန်ရီးနိ" ကိုရောက်တိုင်း
ရက္ခိတသွီး ရခိုင်သွီးရို့
ရခိုင်ပြည်ကြီး သီးခြားလွတ်လပ်ရီးတွက်
ဘုမ္မိနက်သန် အဖနိုင်ငံတော်အတွက်
နိုင်ငံတော်အောင်လံကိုရွှင့်
နိုင်ငံတော်တေးခြင်းကိုဆို
မင်္ဂလာဟိရေနိ မင်္ဂလာမိုးထက်သားမှာ
မင်္ဂလာ ကောင်းခင်ပြာကို မျက်နှာပြု
အောင်ဆုပန်ကာ အောင်ပါစီကြောင်း
အောင်စီကြောင်းတွက်
ဗြိန်းစောင်းသံဟီး စည်တော်တီးလို့
ရခိုင်သွီးကိုပြကတ်လီ --။ ။

မင်းဗာကြီး (ရခိုင်ပြည်)
January 1st,  2021 (ရခိုင့်တော်လှန်ရီးနိ)



ပေါက်ဆိန်ကျော်သန်းအမှတ်ရ

ပေါက်ဆိန်ကျော်သန်းအမှတ်ရ
===================

ဂိုးချေ သီကျလားယာဆိုကေလည်း
ရခိုင့်တော်လှန်ရီးသမိုင်း
ဗလဗွီ ဒေလီက နိုင်ငံရီးသမိုင်းမှာ
နာမည်တလုံးတင်ကျန်ရစ်ခ
ယင်းချင့်က "ပေါက်ဆိန်ကျော်သန်း"
လာမစမ်းကဲ့ နှစ်ခြမ်းကွဲဖို့။

ဂိုးချေမဟိယာဖြစ်လို့
အေဂု ကောင်းကောင်း
လိုင်ခြောင်းကျယ်နီကတ်တေ။

Facebook ထက်မှာ
ဝက်ခွတ်ဒါးကို ထောင်ပြ
လိုင်သားတက်နီကတ်တေ။

ကရာတေးလား Boxing လား
လက်ခြီကားရား
ကျော်သန်းနန့်တွိကေ ဗြားစား
နှစ်ခြမ်းကွဲယာ မှတ်ထား။

ပညာဟိပေါရေအရပ်မှာ
ထမင်းချက်ဖို့လူမဟိ
ပေါင်ချေလှုပ်လို့
အုတ်ဖို့အကောင်တိကျည်းယာ။

ပညာဟိပေါရေအရပ်မှာ
ကန့်ကွက်တေလူမဟိ
အားလုံး သဘောတူထောက်ခံပါသည်။

ပညာဟိပေါရေအရပ်မှာ
အားလုံးမှန်ပါသည်။

ပညာဟိပေါရေအရပ်မှာ
အားလုံး သူရဲကောင်း ရဲရဲတောက်
ကြောက်မွှီးတပင်မပါ
ရန်သူရောက်ကေ ယနာနာ။

Project တခု ကျလာကေ
ခွီးပိုင်ယှောင် လုကတ်တေ ကိုက်ကတ်တေ
လုပ်ဖို့ခါ တကောင်ချေလည်း မလာ
အုပ်ဖို့ခါ ပျာယိပျာယာ။

စဉ်စားကေ ဒေါသထွက်တေ
ဒူးထောက်လားခကတ်တေ
လွတ်မြောက်လားခကတ်တေ
ပြင်ခံဝတ်လို့ Online ထက်မှာ
မြောက်ကြွ မြောက်ကြွ ဘောရိပြ
ချောတိုင်တက်နီကတ်တေ
အကောင်ကြီးကြီး
နဖူးမှာ စာရွီးထားကတ်တေ
ပညာဟိ သူရဲကောင်း ရဲရဲတောက်
လိုင်ခြောင်းခြောက် လောင်းမှောက်တိကို
(အဂယင့်) ဂိုးချေပိုင်ယှောင်
ပေါက်ဆိန်နှင့်
နဖူးကို နှစ်ခြမ်း ခွဲပစ်လိုက်ချင်ရေ။

သာလှဧူး (မြောက်ဧူး)
October 19, 2020



တရွာသား (နှင့်) တယောက်




တရွာသား (နှင့်) တယောက်
===================

ကျဆုံးခြင်းကို
မှတ်တိုင်မစိုက်။

ကျဆုံးခြင်းကို
အထိမ်းအမှတ်လုပ်လို့
ငါ့သားကို သျှင်မပြု။

ကျွန်သက်တန်းစိ
သျှင်ပြုပွဲလုပ်လို့
တနှစ်ထက်တနှစ်
ကျွန်သျှင်လောင်းတိ များလာစွာကို
မနှစ်မြို့။

ဝက်သားဆီပြန် အဆီယွဲ့ယွဲ့
ချင်ဆီကောင်းလီပတ်စီ
စားရငါမခြီ။

ဆရာတော်ရို့ သျှင်လောင်းလှည့်ခါ
စည်တီးသံ ငါမကြား
ငိုကျွီးသံရာ ငါကြားရေ။

သံစည်တီးသံ ငါမကြား
ရင်ဖတ်ခတ်သံ ငါကြားရေ။

သာဓုခေါ်သံ ငါမကြား
ကျိန်စာတိုက်သံ ငါကြားရေ။

တရွာလုံးသား
ဝက်ဆီယစ်လို့
ပျော်လုံးဆို့လို့
ဝမ်းတင်းတင်းနှင့်ပြန်လာရေခါ
တယောက်တည်းငါ
ဂျောင်မှာကုတ်လို့
ဝမ်းဆာဆာနှင့်
ထမင်းရည်သောက်လို့
ငါခြီရေ။

(မောင်ပေါက်တူး)
Nov 24, 2021 (ဗုဒ္ဓူးနိ)



ကျွန်ယုတ်

ကျွန်ယုတ်
=======

ရခိုင်ပြည်ကြီး
သီခြားလွတ်လပ်ရီး။

အောက်သားအုပ်ချုပ်
ကျွန်မလုပ်။

ဟုတ္တိပတ္တိ အကွန်ဆောင်
လူအများ နားလည်ယောင်
ကဗျာရွီးခါ မြန်မာပိုင်ယှောင်။

တတ်မှတတ် တော်မှတော်
မျောက်မကွကွ ယောက်ဖခေါ်
အသားဖော် ပိဿာနှစ်ရာကျော်။

ရှက်လည်းမရှက်
ဆင်ခြီဆင်လက် အတွန့်တက်
သဘောက်ဖျာကို လျှာနှင့်ယက်။။

November  25, 2023 (စနီနိ)



Saturday, May 10, 2025

ကောင်းခြင်းမင်္ဂလာ

ကောင်းခြင်းမင်္ဂလာ
============

မိုးသောက်မယေလင်းတုံ
တောရဂုံမှာ နှင်းမြုံဆောင်းဆောင်း
ကျီးငှက်ပေါင်းလည်း သောင်းသောင်းလည်းမြည်
ကောင်းကောင်းစည်၏။

ရိပ်ခြည်သာယာ ပြာပြာညိုညို
စိမ်းစိုစိုနှင့် မြင့်မိုရ်တောင်ကြီး
တံတိုင်းကြီးလည်း ကာဆီးရံတား
မားမားမတ်မတ် ခြီစုံရပ်၍
မညွတ်ဥက္ခောင်း သွီးသစ်လောင်းသည်
ကောင်းခြင်းမင်္ဂလာသာစီသတည်း။

ကောင်းခြင်းမယေမင်္ဂလာ ပြည့်စုံစွာသား
ဓညာပြည်ကြီး အီးချမ်းစီငှာ
ဘုန်းမိုးရွာ၏။

ရွှီဝါရောင်ဆင်း ပြောင်ပြောင်ဝင်း၍
ထွန်းလင်းဂုဏ်ရောင် ရွှန်းတောက်ပြောင်ဖို့
စွမ်းဆောင်ကြိုးစား ပြည်သူများလည်း
ရိုးသားဖြူစင် ချစ်ချစ်ခင်လျှက်
ကြင်နာနှလုံး အပြုံးမေတ္တာ
စေတနာနှင့် သာသနာလည်း
ရှည်ကြာတည်တံ့ ပွားပြန့်စည်ပင်
သဒ္ဓါရွှင်သည်
ကောင်းခြင်းမင်္ဂလာဖြာစီသတည်း။

(နရသီဟ)
December 7, 2023 (Thursday)(ကသစ်ဗုဒ္ဓိနိ)



လေဥဗျိုင်း


လေဥဗျိုင်း
=======

အပြုတ်ခြေမှုန်းမယ်နဲ့
ကြုံးဝါးလာခဲ့တာ
ပြည်တွင်းစစ်ကြီးက
အနှစ်ခုနှစ်ဆယ်ကျော်လာခဲ့ပြီ။

ကမ္ဘာမှာ မြန်မာဟေ့လို့
ကြွေးကြော်လာခဲ့တာ
အခုတော့ ကမ္ဘာမှာ
ဖာနိုင်ငံဖြစ်သွား
ကောင်းကြသေးရဲ့လား။

အဘွာကြီးတက်လာပြန်တော့
ပြည်တွင်းစစ်ငြိမ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။

အခုတော့ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးက
ပဲလွှာကြားမှာ ဆားညှပ်နေသလိုဘဲ။

ဘွားတော်ကြီးရယ်
ဟုတ်မှလည်း လုပ်စမ်းပါအုံး
ဖုံးဖိထားပေမဲ့ ကုန်းကွကုန်းကွနဲ့
လုံးဝကျက်သရေတုံး။

မဟာမိတ် ညီနောင်အဖွဲ့ဆိုလား ဘာဆိုလား
AA ကို မဖိတ်လို့
(၂၁) ရာစု ပင်လုံညီလာခံကို မတက်ရောက်နိုင်ဘူး
ရှင်းရှင်းဘဲပြောလိုက်ပေါ့။

အခုတော့ (Covid-19) ကို အကြောင်းပြ
ကိုဗစ်သာမရှိရင် AA မပါလည်း တက်မယ်ဆိုတဲ့သဘောလား။

ခင်ဗျားတို့ရဲ့ Policy လား Diplomacy လား
ကျုပ်ကတော့ နားမလည်ဘူး။

ဒါပေမဲ့ သဘောပေါက်တာတခုတော့ရှိတယ်
ထိုနည်းလည်းကောင်းတော့ မဖြစ်ပါစေနဲ့။

ကိုထူးထူးဟန်ပြောသလို
မြန်မာစစ်တပ်နဲ့တော့ ရင်ကြားစေ့ရေးလုပ်တယ်။

တခြားတိုင်းရင်းသားတွေနဲ့
တင်ကြားစေ့ရေးလုပ်နိုင်တယ်။

မကြိုက်ရင်လည်း
AA နဲ့ ဖင်ကြားစေ့ရေးလောက်တော့ လုပ်သင့်တာပေါ့။

အခုတော့ ဘွားတော်ကြီးရဲ့စိတ်ဓါတ်က
လူမျိုးရေးမုန်းတီးမှုဖြစ်နေပြီ။

ဘုန်းကြီးစာချ
သင်ပုန်းချေပါ
လက်စားမချေပါနဲ့
ခင်ဗျားဘဲပြောခဲ့တာလေ။

အခုလာမဲ့ရွေးကောက်ပွဲမှာ
ခင်ဗျားရဲ့ NLD
တချို့က မွတ်ဒေါင်းပါတီလို့ခေါ်ကြတယ်
မွတ်ဒေါင်းဘဲခေါ်ခေါ်
ဖွတ်ခေါင်းဘဲခေါ်ခေါ် ကိစ္စမရှိပါဘူး။

အရေးကြီးတာက
ကြံ့ဖွတ်ကိုတောင် နိုင်မဲ့လက္ခဏာမရှိဘူး။

ခင်ဗျားရဲ့ အမာခံဒေါက်တိုင်
ထွန်းအိန္ဒြာဗိုလ်တောင်
ခင်ဗျားကို မထောက်ခံတော့ဘူး။

ရှင်းရှင်းပြောရရင်
ဇာဂနာတောင် ခင်ဗျားကိုချဉ်နေပြီ။

ဒေါက်တာအေးမောင်ကို ထောင်ထဲထည့်ပြီး
ဒီမိုကရေစီသူရဲကောင်းလုပ်ပြတယ်ပေါ့။

Scotland နဲ့ Spain မှာ
သီးခြားလွတ်လပ်ရေးတောင်းနေတာ
မကြားဘူးလား။

အိပ်ချင်ယောင် ဆောင်မနေစမ်းပါနဲ့ ဘွားတော်ကြီးရယ်
ဒေါက်တာအေးမောင်က
အချုပ်အချာအာဏာအကြောင်းဘဲပြောတာ
ရခိုင်ပြည် သီးခြားလွတ်လပ်ရေးတောင်းနေတာမဟုတ်ဘူး။

အချုပ်အချာအာဏာဆိုတာ
ခင်ဗျားတို့ ဗမာတခုတည်းကဘဲ ပိုင်တယ်လို့ မှတ်နေသလား။

သီပေါမင်းကို အင်္ဂလိပ်တွေ ဆုံးမလိုက်တုန်းက
မြန်မာတွေရဲ့အချုပ်အချာ
ဘယ်များနာသွားသလဲ။

အဖေချုပ်တဲ့ ပင်လုံစာချုပ်
လက်နှီးစုတ်လောက် တန်ဘိုးမရှိတော့ဘူး။

သမီးချုပ်တဲ့ ပင်လုံစာချုပ်
ထပိန်စုတ်ဘဲဖြစ်သွားမလား။

မျက်လှည့်ပွဲကြည့်နေရသလို
ရင်ဖိုလိုက်တာ။

"အမေစု" "အမေစု" နဲ့
အခုတော့
"လေအု" သွားပြီ..။

သာလှဧူး (မြောက်ဧူး)
Oct 8, 2020

မှတ်ချက်။ ။ မြန်မာကဗျာ။



ဒီပုတ်ထဲက ဒီပဲ



ဒီပုတ်ထဲက ဒီပဲ
===========

(မဘသ) မရှိရင်
မြန်မာပြည် ပျောက်သွားမယ် --။

(မဘသ) ကို
ဘုရားလို ကိုးကွယ်တယ် --။

(၉၆၉) ကို
နေ့စဉ် ထိုင်ရှိခိုးတယ် --။

ဒေါ်စု
ခင်ဗျား ဖောက်ပြန်သွားပြီ --။

ငြိမ်းချမ်းရေးလုပ်တာ
(AA) ကို ချန်လှပ်ထားခဲ့
ခင်ဗျားရဲ့ ငြိမ်းချမ်းရေးက
မျက်လှည့်ပြသလိုဘဲ --။

နှစ်ဆယ်ရာစု ပင်လုံညီလာခံလုပ်တယ်
ဘင်္ဂလီကို အကြောင်းပြ လုံခြုံရေးကို အကြောင်းပြ
ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို
ရက်အကန့်သတ်မဲ့ ရွှေ့ဆိုင်း
ရခိုင်ပြည်မှာ မြောက်ပိုင်းတခုတည်း ရှိတာမဟုတ်
(ဘူးသီးတောင်၊ မောင်တော)
အဲဒီ နှစ်မြို့ထည်း ရှိတာမဟုတ်
(စစ်တွေ) မှာလုပ်လည်း ရတယ်
(ရန်ကုန်) မှာ လုပ်လည်း ရတယ် --။

ခင်ဗျားရဲ့ အကြောင်းပြချက်
ခင်ဗျားရဲ့ အတွင်းစိတ်ကို
ထင်ဟပ်နေပြီ --။

ကောက်ကျစ်စဉ်းလဲတဲ့ ဝံပုလွေ
သိုးရေ ဆောင်းထားသလိုဘဲ --။

မြေခွေးက
မြက်စားပြနေသလိုဘဲ --။

(AA) မပါတဲ့ တနိုင်ငံလုံး (အပစ်အခတ်ရပ်စဲရေး/ ငြိမ်းချမ်းရေး)
ပြောရရင် မကောင်းဘူး
(-----) ဘဲ။

(ဒေါ်စု) တယောက်တည်းကို ပြောတာမဟုတ်
(မင်းအောင်လှိုင်)
ခင်ဗျားလည်း မှတ်ထားပါ --။

(ဖက်ခွက်) စိတ်ကို မဖျောက်နိုင်သရွှေ့
အမြဲတမ်း (ဖက်ခွက်ရုပ်) ပေါက်နေမှာဘဲ --။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
(AA) ပါလာမလားလို့ ပျော်လိုက်ရတာ။

အခုတော့ သဲထဲရေသွန်
ရခိုင်ပြည်ကို မင်းတို့ဆက်အုပ်ချုပ်နေသရွှေ့
(သီပေါမင်း) ကို အင်္ဂလိပ် ကြက်ဖမ်းသလိုဖမ်းသွားတာ
မြင်ယောင်ကြည့်လိုက်စမ်းပါ --။

ငြိမ်းချမ်းရေးကို လိုချင်ရင်
မြန်မာပြည်ကို
ကမ္ဘာမြေပုံပေါ်က ပျောက်မသွားစေချင်ရင်
မြန်မာပြည်မှာ
ဗုဒ္ဓသာသနာ မကွယ်ပျောက်စေချင်ရင်
မြန်မာပြည်မှာ
ရွှေတိဂုံဘုရားကို ဆက်ဖူးမျှော်ချင်သေးရင်
မြန်မာပြည်မှာ
မြန်မာလူမျိုးကို မြင်တွေ့စေချင်သေးရင်.....

(AA) ကို ရခိုင်ပြည်ကို ကာကွယ်ခွင့်ပြုပါ
ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ပါ
နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ အဖြေရှာပါ။

ခင်ဗျားတို့အားလုံး (အမြီးမရှိတဲ့) ဝက်ထီးအားကိုးနဲ့
ဆက်ပြီး မိုက်တွင်းနက်နေအုံးမယ်ဆိုရင်
နောက်ဆုံးမှာ
(အားလုံး)(လဋ) စာဘဲ ဖြစ်မယ် --။

အပြုသဘော ပြောတယ်
လက်ခံရင်လက်ခံ
လက်မခံရင်
(--------)။

ကုလားဆိုးကို
ထိုင်ရှိခိုး
ကုလားမင်း (----)။

"မြန်မာဖက်ခွက်ဝါဒ အမြန်ဆုံးကျဆုံးပါစေ"

ခိုင်လုံးချော (ရခိုင်ပြည်)
August 3rd, 2017 (ကသစ်ဗုဒ္ဓိနိ)
မှတ်ချက်။ ။ မြန်မာကဗျာ။



ဖက်ခွက်တိုင်းပြည်

ဖက်ခွက်တိုင်းပြည်
==========

ပြောပြန်ရင်လည်း
အောင်မင်းလွန်ရာကျမယ်။

ဘယ့်နှယ်လည်းဗျာ
တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုပြီး
(AA) မပါဝင်ရ
တကယ့်ကို တရားမျှတတဲ့ ဒီမိုကရေစီပါလား --။

အာဏာအစိတ်သား
လွှတ်တော်မှာ အလကားအချောင်ရတာအကြောင်းမဟုတ်။

ငြိမ်းချမ်းရေးအလုပ်မှာ
ဝင်ရှုပ်နေတာ ပြဿနာ
စစ်တိုက်မှ ထမင်းစားရ ဝမ်းဝတဲ့လူတွေ။

တူရကီနဲ့ အီရန်က
ဗုံးကြဲမယ်လုပ်တော့
ဒူးတုန်နေလိုက်ကြတာ
(သနားစရာ)
ရေစွတ်နေတဲ့ ကြွက်စုတ်ကလေးလိုဘဲ --။

ကချင်ကျတော့
ရုရှကပေးထားတဲ့ လေယာဉ်အစုတ်ပလုပ်တွေနဲ့
လက်သံပြောင်နေလိုက်ကြတာ --။

ပေးတာယူ ကျွေးတာစား (NCA) ကလည်း
AA, TNLA, MNDAA ကို နောက်ချန်ထားခဲ့
စကောလောက်မှ ဇောက်မနက်တဲ့လူတွေ။

အခုတော့ ” ခွဲမထွက်ရ”
လက်ထိပ်အခတ်ခံနေရပြီ။

မကြာခင်မှာ ခင်ဗျားတို့လည်ပင်းကို
ကြိုးကွင်းစွပ်တော့မယ်
မသေခင်မှာ
ထမင်းဝအောင်စားထားကြပေတော့ --။

သစ္စာဖောက်တွေ မညီညွတ်လို့
အမဲဖျက်ခံနေရပြီ --။

ဒေါ်စုကလည်း
"မကြာမှီ စင်္ကာပူကို ကျော်တက်မည်" တဲ့။

လေလုံးကြီးလိုက်ပုံကလည်း
မပြောချင်ဘူး
ဘင်္ဂလားဒေချ်လောက်ကိုဘဲ
မှီအောင်လိုက်ကြစမ်းပါ --။

“ပြည်ထောင်စု” “ပြည်ထောင်စု” နဲ့
ဘာတခုမှ စောက်သုံးမကျတဲ့တိုင်းပြည်
သွားကြားထိုးတံတောင်
နိုင်ငံခြားက တင်သွင်းနေရတယ် --။

(21) ရာစု ပင်လုံညီလာခံလုပ်ပြီး
ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုနေရင်တော့
ဖက်ခွက်ပြည်ထောင်စုကြီးလည်း
ပဲပြားနံချပ်လို
တာရှည်ခံပါ့မလား --။

ဟုတ်မှလည်း လုပ်ကြစမ်းပါ
ရွှေမြန်မာတို့ရယ်။

သိပ်ပြီးတော့လည်း
ဖင်ခေါင်းကျယ်မနေကြပါနဲ့။

ဒီလိုဘဲ ကျွဲခြေရာကွက်မှာ
လက်ပစ်ကူးနေကြအုံးမယ်ဆိုရင်တော့
မကြာခင် ကုလားဆီမှာ
ဆီဆွတ်ခံရလိမ့်မယ် --။

(မောင်မှန်)(June 11, 2018)(တလင်္လာနိ)
မှတ်ချက်။ ။ မြန်မာကဗျာ






မောင်လုံးချင်းသည်


မောင်လုံးချင်းသည်

=============

ပန်းမျိုးပေါင်းစုံ မွှီးသင်းထုံ၍
ရဂုံမြိုင်အတွင်းမှာ
ဆီးနှင်းဖြောက်ဖြောက်
တပေါက်ပေါက်လျှင် ကျလတ်ကျင်သော်
ဝမ်းမြောက်မရွှင် စားမဝင်သည်
ပူပင်ကြောင့်ကြကြီးလျှက်
နှုတ်ကမပြော စကားမဆို
ဝမ်းမှာမျိ၍ထားကာ
မျက်ရည်ယိုစီး အပူမီးသည်
တောကြီးမီးလောင်သည်သို့
ဆောက်တည်ရာ ရှာမရ
ငှက်ဖိုးခေါင်သည် ဖော်ကိုလွမ်း၍တသို့
နိညမဟူ တကြူကြူလေ
မေဖြူကြားစီချင်၏။

ဟေမန္တသည်ဆောင်းကာလ မြောက်ပြန်စုံလီထက
တစိမ့်စိမ့်သည် လှိမ့်ကာလှူးကာပြန်၍
သန်းခေါင်ယံသည်
နာရီပြန်နှစ်ချက်တီး အာရုဏ်တက်မှာ
တစက်ပင်မအိပ်ပါတည်း
စိတ်ပူလောင်သည်
မေ့ကိုလွမ်းသည်ကြောင့်လေး။

တပေါင်းလည်းကူး တန်းခူးကာလ
ဂိမန္တတမှာ
ရာသီသည်လွန်ပူပြင်း
မောင်လုံးချင်းသည် စားမဝင်
မီးခိုးလည်းမှိုင်းမှိုင်းမှုံ တောလုံးဝိုင်းဝိုင်းအုံသည်
ဖုံတဆောင်းဆောင်းထလျှက်
ရဂုံမှာ ရွက်များတခက်ပင်မဟိပါတည်း။

ပင်တိုင်းမှာသည် အရိုးငေါက်ငေါက်
ကိုင်းခြောက်အဖျားထက်၌
ဂြိုးသားယင့်ယူ တကြူကြူမြည်လာလတ်က
စိတ်ပူသည်လွမ်းမစဲ
သင်္ကြန်အခါတည်းလေ။

သင်္ကြန်ရောက်လတ်ကလျှင်
နံချင်းပြိုင်၍ သစ္စာတိုင်တည်
ဆုပန်ရွယ်ငြားချင်ပါသော်လည်း
လွန်ဝမ်းနည်းသည်
ပြည်ရွာတိုင်းခြားတပါးအရပ်မှာ၌
မောင်ကမပျော်လို
မေ့ကိုလွမ်း၍ နိတိုင်းငိုသည်
မျက်ရည်ယိုစီးပါသည်၏လည်း။

မျက်ရည်ယိုစီး အပူမီးသည် မငြိမ်းနိုင်
သင်္ကြန်ပြီးသော် ဝသန်မိုးဦးရောက်က
အာကာကောင်းခင် မှိုင်းမှုံဆင်သည်
လျပ်လျှင်တပြက်ပြက်နှင့်
စက်မိုးထစ်ကြိုး ရွာသွန်းဖြိုးသည်
လွန်စွာအငြိုးကြီး၏။

ရီစီးသည်တဖောင်ဖောင်
ဝါခေါင်မာသ ချိန်ကာလ၌
မိုးများစွာ ရွာသွန်ချသည်နိမပြတ်
ဖားများစွာလည်း
မစဲအသံ တကြံကြံနှင့်
ညံညံအော်မြည်လတ်က
ထွေတထူးသည် နတ်ပူးယောင်သို့
ညည့်သိုင်ခေါင်မှာ
မောင်လျှင်ယောင်၍ထ၏။

တကိုယ်တည်း
လွန်ဝမ်းနည်းသည် ဝသန်အခါတည်းလေး။

(ကောင်းကျော်ဖြူ)

ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။



ငြိမ်းအီးပါစီ သန္တာမြီ

ငြိမ်းအီးပါစီ သန္တာမြီ
=============

နွယ်ချိုဖိုးခေါင် ရိုးမတောင်သည်
စိမ်းရောင်ညိုမြ သာလီစွတည်း။

နဒီမြစ်မ ကစ္ဆပလည်း
စီးကျသွင်သွင် အသက်ရှင်လျှက်။

ပင်လယ်ကမ်းခြီ သန္တာမြီလည်း
စီရီသွယ်တန်း သာစခန်းတည်း။

စိတ်ချမ်းသာစွ အလှကြက်သရေ
လွန်တင့်တယ်သည် ရွှီပြည်ရခိုင်
မဏ္ဍိုင်ပြည်ကြီး ငြိမ်းအီးပါစီ။

သိင်္ဂီရောင်ဝင်း ရွှီအဆင်းနှင့်
ထွန်းလင်းရွှန်းပြောင် တိုက်တိုင်းအောင်၍
အခေါင်ထွဋ်ထိပ် ရန်ကိုနှိပ်သည်
ဘိက်သိက်တံဆိပ်ခတ်စီသတည်း။

(နရသီဟ)
January 17, 2024 (Wednesday)(ဗုဒ္ဓူးနိ)



လက်ဆောင်ယူခ

လက်ဆောင်ယူခ
===========

လက်သန်းမယေ ဓါတ်တော်
ဦးခိုက်မျှော်
ကော်ရော်ရိုညွတ်
စောမဲကျီလေ စေတီမြတ်ကို
ဖူးကတ်ခီခါ မယ်မပါ
ဖူးချင်ပါလျှက် မဖူးရ။

မဖူးရလည်း ဟိပါပတ်စီ
စံကားဝါဝါ
မောင်ပြန်လာ လက်ဆောင်ယူခ
မှာလိုက်ရစီ။

အင်္ဂရားနှင့် စံကားဝီဝီ
လက်ဦးချီ
မာပါစီကြောင်း သာစီကြောင်း
စောမဲကျီလေ စေတီရင်းမှာ
ဆုမွန်တောင်း။

အောင်သာလှ (နတ်ဆိပ်)



မလိုက်ဝန့်ဝန့် လိုက်ဝန့်ဝန့်

မလိုက်ဝန့်ဝန့် လိုက်ဝန့်ဝန့်

=================

မိုက်လည်းမိုက်တေ
ခိုက်လည်းခိုက်တေ
ချစ်လည်းချစ်တေ
ကြိုက်လည်းကြိုက်တေ။

မောင်လူပျိုကို မေကကြိုက်လည်း
မလိုက်ဝန့်ဝန့် လိုက်ဝန့်ဝန့်။

ဝင်းလို့မြင် အပင်ထက်က
သရက်သီးကို ကျီးကိုက်လတ်မေ
မောင်ကြီးလန့်။

ခူးဖို့ပျင်ကေ အရှင်လတ်လတ်
လူးကျလတ်မေ ဒူးနှမ့်နှမ့်
မခူးဝန့်ဝန့် ခူးဝန့်ဝန့်။

အလှမ်းမဝီး
ရွှမ်းလို့ချို ညိုမှည့်သီး။

တောဂနိုင်လေ မြိုင်လုံးနှံ့အောင်
ရနံ့ကြိုင်ကေ
ရခိုင်သွီးလေ ရခိုင်သွီး။

သာလှဦး (မြောက်ဦး)



ဟာသ ဒီမိုကရေစီ



ဟာသ ဒီမိုကရေစီ
============

ရုပ်ထုနဲ့ဘဲ
အလုပ်ရှုပ်နေလိုက်တာ
လေးနှစ်သာ အချိန်ကုန်သွား
ဘာတခုမှလည်းဖြစ်မလာ --။

(ဝေဟင်အောင်) နဲ့ (ဒေါက်တာအေးမောင်) ကို ထောင်ချ
ပြည်တွင်းစစ်က ရပ်မသွား --။

ရခိုင်ကို အပြုတ်တိုက်မယ်
အမြစ်ပြတ်ချေမှုန်းမယ်နဲ့
ဘွားတော်ကြီးရဲ့ NLD ဒီမိုကရေစီက
အာဏာရှင်စီမိုကရေစီဖြစ်နေပြီ--။

ပြောတော့မပြောချင်ပါဘူး
ဒါပေမဲ့ ဘွားတော်ကြီးရယ်
NLD တွေ
တခုတော့ ပြောလိုက်ပရစေ
ကုလားထီးစုတ်ဆောင်း
သိပ်ကောင်းမနေပါနဲ့ --။

ခွဲထွက်ရေး မတောင်းဆိုပါဘူး
တောင်းတယ်ဆိုရင်ကော
ဘာဖြစ်သလဲ
ထောင်ချမလား
ခင်ဗျားတို့ ထောင်မချခင်
ထောင်ပြလိုက်မယ် လက်ညှိုး --။

ဒီနှစ်ဆို ခင်ဗျားတို့အားလုံး
နိဂုံးချုပ် ရှုပ်ခဲ့သမျှအရှုပ်နဲ့
အထုပ်ထုပ်ပိုး
အာဏာသျှင်တွေလိုလည်း သက်တန်းတိုးမရ
ဆောင်းထားတဲ့သိုးရေ
ခွေးချီသွားပြီဆိုတော့
ပြည်သူ့တံတွေးခွက်မှာ ပက်လက်မျော
အနိစ္စ ဒုက္ခသဘောနဲ့ ကိစ္စချော
ငါတကောကော ကောခဲ့သမျှ
အမျှအမျှလို့သာ ခေါ်လိုက်ကြပါတော့ --။

ကမ္ဘာမကြေ မသာမြေ
NLD တွေ
(အားလုံး) ကောင်းရာသုဂတိ လားပါစေ--။ ။

(ဝရင်းတုတ်)
Feb 15, 2020 (စနီနိ)
မှတ်ချက်။ ။ မြန်မာကဗျာ။