Friday, March 27, 2015

စောက်ဆိုးပတ္တနား


စောက်ဆိုးပတ္တနား
===========

လိမ္မာမြင်ပြင်း ဆင်းရဲအားရ
ကြွယ်ဝမနာလို ကိုယ်ထက်သာမကြိုက်
အမိုက်လေးပါး ဤတရားကို
ရိက္ခာအပြည့်သိုထား
ဣသာမိစ္ဆရိယစိတ်ကို
ဝမ်းစာအပြည့်သိုလှောင်
ရွှေကွပ်ထားရေ ဇတ်ဝတ်စုံနန့်
မဏ္ဍပ်တိုင်တက်လို့ ကပြ
ယိုလူမရှက် မြင်လူရှက်
တော်လှန်ရေးကာလမှာ ပွေသာရှာနီပြီးကေ
ပွေသာရှာဖို့အခါကျ တော်လှန်ရေးလုပ်ပြနီရေ
မျက်နှာလို မျက်နှာရ
စားပွဲခုံထက်မှာ စာအုပ်တပုံတင်လို့
မိမ္မချေတိရှိကျ ကားရီကားရားလားပနာ
စောက်ဆိုးပတ္တနားတကောင်ကို
ကင်းပွန်းရွက်နန့် သင်းပုံးလျှော်
ကနခိုနန့်ဝမ်းလျှူပနာ
စန်ဂိုးခတ်လို့ မောင်းထုတ်ပစ်ရဖို့ --။ ။

(သာလှဦး)(မြောက်ဦး)

အေလူ ခေသူမဟုတ်


အေလူ ခေသူမဟုတ်
===============

ရွှေချဖို့ကောင်းရေစိတ်ဓါတ်တိနန့်
ခြင်ထောင်ထဲက လက်ခဲပစ်
ချစ်လိုက်ကတ်တေအမျိုး
အမျိုးချစ်ရာတွင် ငါနှင့်တူသူ လူမဟိ
စွန့်လွှတ်အနစ်နာခံရာတွင် ငါနှင့်တူသူ လူမဟိ
ရဲရင့်ပြတ်သားရာတွင် ငါနှင့်တူသူ လူမဟိ
တက်ကြွနိုးကြားရာတွင် ငါနှင့်တူသူ လူမဟိ
မှန်ကန်ကောင်းမြတ်ရာတွင် ငါနှင့်တူသူ လူမဟိ
ရိုးသားဖြောင့်မတ်ရာတွင် ငါနှင့်တူသူ လူမဟိ
ကြိုးစားအားထုတ်ရာတွင် ငါနှင့်တူသူ လူမဟိ
ဖြူစင်သန့်ယှင်းရာတွင် ငါနှင့်တူသူ လူမဟိ
တည်ကြည်ခန့်ငြားရာတွင့် ငါနှင့်တူသူ လူမဟိ
ထင်ပေါ်ကျော်ကြားရာတွင် ငါနှင့်တူသူ လူမဟိ
တော်ရာတတ်ရာတွင် ငါနှင့်တူသူလူမဟိ
နာမ၀ိသေသနတိ အထပ်ထပ်
မဟာမုနိမှာ ရွှေကပ်ထားယှောင် --။

ဆောင့်ခြောင်ချေထိုင်ရကေပင်
ကိုယ့်စွာကို ခြင်္သေ့ထင်လို့ ---။

လျှာရည်တမြမြ
တန်းပျင်းထက်က အကျရည်
ပူစပ်စပ်ချေ
ခြီရေလားဝေ သူငယ် ---။

အဂယင့် စိတ်ကူးပေါက်ကေ
ဒုန်းပေါက်ဆောက်လားအောင်
နောက်က
ကျောက်ကန်ပစ်လိုက်ချင်ရေ--။

ဖက်ခွက်သားကျ အမိလင်မသားချေတိ
စိတ်ဓါတ်တိက
ချစ်ဖို့ကောင်းလိုက်တေနန့်
(အလှပလှ) ချီးထက်ရွံဖို့ကောင်းရေ ---။ ။

(ခတ်ကျောက်သီး)

တဆိချေလောက် လျှော့ကတ်မည်

တဆိချေလောက် လျှော့ကတ်မည်
======================

ယလောက်ထိလည်း
မဟုတ်သိမ့်ပါ
တဆိချေလောက် လျှော့ကတ်မည် --။

'ဟ' လာကေ
'BC' က စရေ --။

ပစ, ၀မှာ
ဆို့နီရေ --။

ဆီမဟုတ်ကေ ရီနှင့်မျိုချ
မသထာကေ သီကျမည် --။

အခဲအစာမကြီ
ဝမ်းကြင့်နာဖြစ်လို့
တကြိုင်းကြိုင်းကျွီးအော်
ကယ်ပါကူပါ
မသက်သာကေ
နောက်ဘိတ်ဆုံးမှာ
ကနခိုကို ဆားနှင့်ဖျိုတိုက်
ဝမ်းလျှူပစ်လိုက်ရဖို့ယေ --။

(သာလှဦး)

အာရီယံ ဟက္ကရီကျ


အာရီယံ ဟက္ကရီကျ
=============

အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝပိုင်ပိုင် စောင့်စွမ်းနိုင်၍
ရခိုင်နာမ ဘွဲ့မည်လှလည်း --။

ယခုကာလ ရခိုင်သမ
ဘောက်သာဆိုးဆို
အသီရရ အရှင်ရှင်ရ
ငပြီမကို ပြာမှာချယှောင်
ဖြတ်ဖြတ်လူးလို့ ငမ်းငမ်းတ --။

(ဂေါက်ရ)

ခွက်ပေါက်


ခွက်ပေါက်
=======

မင်းဖောက်ကေလည်း ငါမဖောက်ပါ
တယောက်တည်းလို့ ပြောပတ်စီ --။

မင်းကြောက်ကေလည်း ငါမကြောက်ပါ
တယောက်တည်းလည်း ဖြစ်ပတ်စီ --။

ရခိုင်ဖြစ်ပြီး ဖက်ခွက်ယက်ကေ
ယေမနားဝေ ဖက်ခွက်သားကျ
အေချင့်လားဝေ အမျိုးမြတ် --။

အဝေချကြောက်
မောင်ခွက်ပေါက်
လောက်ကျလိမ့်မည် သတိထား --။

(ရခိုင်ပေါင်းကူး သာလှဦး)

အထည်ကြီးပျက်ရခိုင်


အထည်ကြီးပျက်ရခိုင်
==============

ဇန္န၀ါရီ (၁) ရက်နိ
ရခိုင့်တော်လှန်ရေးနိကို
ကျင့်ပကတ်ဖို့ သတိမရ
ရခိုင့်အမျိုးသားနိကို
သတ်မှတ်ကတ်ဖို့ အတွက်မပေါ်
အထည်ကြီးပျက်ရခိုင်
ဒီဇင်ဘာ (၃၁) ရက်နိ
ရခိုင်အချုပ်အချာကျရေနိမှာ
လဒမှိုင်မှိုင်လို့
ပြက္ခဒိန်လည်း မြန်မာနန့်အတူတူ
စာရွီးကေလည်း မြန်မာနန့်အတူတူ
စကားပြောကေလည်း မြန်မာနန့်အတူတူ
စနီ တလဂုင်္နီကိုတောင်
ကိုယ့်စကားနန့်ကိုယ် ရွီးဖို့မတတ်
ဓည၀တီ ရခိုင်ပက္ခဒိန်မှာ
ပက္ခဒိန်တခုတည်း ရရစ်မပါစွာကလွဲကေ
စနီ တလဂုၤနီ တလလၤာ အဂၤါ
ဗုဒ္ဓူး ကသစ်ဗုဒ္ဓိ သောက်ကြာ
အားလုံးမြန်မာပိုင် --။

အာရီယံ တနီသတ်
ခချီးကို ရမွှီးဆွတ်ထားယှောင် --။

(သာလှဦး)

အာရီယံ ရခိုင်သား

အာရီယံ ရခိုင်သား
=========

အာရီယံဟု ဆိုခြင်းပြုလည်း
ယခုရခိုင် တတိုင်ဗမာ
တတိုင်ကုလား ပဲလှော်ကြားမှာ
ဆားညှပ်ထား --။

အရီယံဟု ဆိုခြင်းပြုလည်း
ယခုရခိုင် ဖျာလိပ်ခေါင်းကို
ခွီးဝင်ပိုင် --။

အာရီယံဟု ဆိုခြင်းပြုလည်း
ယခုရခိုင် သကာစားမှာ
ဆောင့်ခြောင်ထိုင် ---။

(ရခိုင်ပေါင်းကူး သာလှဦး)

ဘီဟာရီ (၂)


ဘီဟာရီ (၂)
=====

ရခိုင်သားမှာ စာလည်းမဟိ
သူစကားနှင့် ရွီးလို့ခြီနီ
ဘီဟာရီ --။

ဘစ္စကုတကား အကောင်းမဟိ
သူ့စကားနှင့် ပြောလို့ခြီနီ
ဘီဟာရီ --။

တံတွေးသိန်းတန် အဘာခေါ်လို့
ကျိကျိပက်ပက် ချွဲလို့ နွဲ့လို့
ဖွဲ့လို့ခြီနီ ဘီဟာရီ --။

ပုဂံအက ကပြခါမှ
ဝေသာလီမျောက်ရုပ်
လှုပ်ကာပြသည် ဘီဟာရီ --။

ရခိုင်ဘုရင် ပုဏ္ဏားဂေါင်းပေါင်း
ဆောင်းကာပြသည် ဘီဟာရီ --။

(သာလှဦး)

ဘီဟာရီ


ဘီဟာရီ
=====

အာရီယံအလုပ်ကို မလုပ်
မြန်မာအငုတ်ကို စုပ်
အာရီယံ မဟုတ်
ဘီဟာရီ ယုတ် --။

(သာလှဦး)

ချီးထက်ရွံဖို့ကောင်းသူများ

ချီးထက်ရွံဖို့ကောင်းသူများ
=================

ပြည်ထဲမှာ ကြည့်ခီပြန်ကေလည်း
ဖက်ခွက်တိက
နီရာတကာမှာ
မသမာမှုတိနန့်
ခဲဝါကျင့် ခဲဝါဥာဏ်
အကောက်ကြံလို့ --။

တော်လှန်ရေးမှာလည်း
ဖက်ခွက်တိက
ရကေ အချောင်အုပ်ဖို့
အကွက်ချောင်းနီပြီးကေ
တိုင်းပြည်နန့်လူမျိုးကို ကယ်တင်ဖို့လတ်
လူကြီးလူကျယ် စကားပြောလို့ --။

မြင်လိုက်ကြားလိုက်စွာနန့်
အော့အံချင်ရေ
ချီးထက်ရွံဖို့ကောင်းရေ အကောင်တိ
လူချင်းရာတွိဖို့ဆိုကေ
(အဂယင့်) အရီကိုလှန်လို့
အရှင်လတ်လတ်
ထူးခတ်ပစ်လိုက်ချင်ရေ --။ ။

(သာလှဦး)

အာဂသတ္တိ


အာဂသတ္တိ
=====

ခြင်ထောင်ထဲက
မျက်စိပြူးပြ
လျှာထုတ်ပြကတ်
ပစိကိုက်ပြ
သွားခြဲပြကတ်
အာဂသတ္တိဟိသောကြောင့် --။

(သာလှဦး)

ဘောက်သာဆိုး


ဘောက်သာဆိုး
========

သူများဖောက်လည်း
ငါ မဖောက်ပါ
တယောက်တည်းလို့ ပြောပတ်စီ --။

သူဖောက်ငါဖောက်
ကိုက်ဖောက်ကတ်စွာ
ဘောက်သာဆိုးမှာ
အပေါက်တရာ
ဖာ၍ထီး၍ မရနိုင်ပါ --။

(သာလှဦး)

ဘောက်သာဆိုး = ရခိုင့်စာပီအိမ်

ဂေါင်းပေါင်းဆောင်း မင်းသား


ဂေါင်းပေါင်းဆောင်း မင်းသား
====================

အတောင်ပါကေလည်း
ယင်ကောင်ဖြစ်ရ
ငါ့ဘ၀က မစားသာ --။

အစွယ်ပါကေလည်း
ပူးချေဖြစ်ရ
ငါ့ဘ၀က မစားသာ --။

ဘုရင်တကာ့ ဘုရင်
ဘုရင်မင်းဘုရား
ပုဏ္ဏားဂေါင်းပေါင်း
ဆောင်းကာ ကပြ
ဇတ်စင်ထက်က
ငါ့ဘ၀ ဖြစ်ရမစားသာ --။ ။

(သာလှဦး)

သူခိုးအသူလဲ

သူခိုးအသူလဲ
=======

မြန်မာ (နဲ့) ကို အတုံးလိုက်မျို
မျိုလို့မကျ
လိုင်ခြောင်းဝမှာ
ဆို့နီယက် --။

ဇာသူ သူခိုးလဲ
သူလား ကိုယ်လား --။

(သာလှဦး)

က၀ိအမော် ရခိုင်မဟာပညာကျော်


က၀ိအမော် ရခိုင်မဟာပညာကျော်
==================

ရခိုင်ပြည်ကြီး လွတ်လပ်ရီးတွက်
အသက်ကိုပီး သွီးချောင်းစီးလော့
လက်သီးလက်မောင်း ဖြောင်းဖြောင်းဆန့်တန်း
လမ်းကောင်းညွှန်ပြော သူဆော်သြ၏ --။

အမျိုးဘာသာ သာသနာမှာ
ကွယ်ကာမပျောက် တိမ်းမမှောက်အောင်
ဂုဏ်ရောင်ဘုန်းမီး ညီးညီးတောက်အောင်
အာပေါက်အောင်ပြော သူဆော်သြ၏ --။

သို့ပါသော်ငြား
သူဆော်သြစာ ကဗျာမှာကား
မြန်မာပိုင်ယှောင်ဖြစ်နီသတည်း --။

သူများနခေါင်းနှင့် အသက်လျှူ
သူများလျှာနှင့် အငှားယက်ကေ
မရှက်လားဝေး သူငယ်ချင်း --။

မြင်လိုက်ကေပင် အံလိုက်ချင်သည်
ရင်မှာ နလုံးပျို့သောကြောင့် --။

(၀ရင်းတုတ်)

ကျွန်ခွီး (သို့မဟုတ်) ဖက်ခွက်ယက်

ကျွန်ခွီး (သို့မဟုတ်) ဖက်ခွက်ယက်
===================

ယောက်ဖစကား ချီးလို့ငှားလို့
ရွီးလို့ခြီလား သကာစား --။

သကာစားမှာ ဇာတိနာ
ဖျောက်လို့ဖျက်လို့ မရပါ --။

တော်လှန်ရေးကို ဗန်းပြ
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ဘာသာရေးကို ဗန်းပြ
ပစက ယောက်ဖယောက်ဖ
ချမကျ --။

သာရေးနာရေးကို ဗန်းပြ
ပစက ယောက်ဖယောက်ဖ
ချမကျ --။

နတ်ပူးစွာမှာတောင်က
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ထိုဝပ်ဆိုက်ကိုကြည့်လည်း
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ဒေ၀ပ်ဆိုက်ကိုကြည့်လည်း
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ထိုသတင်းကိုဖတ်လည်း
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ဒေသတင်းကိုဖတ်လည်း
ပစက ယောက်ဖယောက်ဖ
ချမကကျ --။

အာရီယံမဟုတ် ဘီဟာရီယုတ်
ခွီးပုတ်လောက်ကျ

ကြောက်ကြီးသံဖက်
ဖက်ခွက်ယက်
တပျက်ပျက်လေ တပျက်ပျက် --။ ။

(ထိုးကန်းချေ)

သဇင်

သဇင်
====

ပန်းဂေါ်သဇင်
နန်းတော်ဝင် --။

ဘ၀င်လီဟပ်
အညှာကျွတ် --။

သဇင်ပိုးထိုး
အညွန့်ကျိုး --။

ပိုးထိုးသဇင်
ဖုန်းဆိုးတောကို
တိုးလို့ဝင် --။

သဇင်ပန်းခြောက်
အနံ့ပျောက်
ဖုန်းဆိုးဘားမှာ
ငါးပါးမှောက် --။

(သာလှဦး)

ညှော်ဝင်သော တော်ဝင်သဇင်

ညှော်ဝင်သော တော်ဝင်သဇင်
===================

မျန်မာဆို “ချိုရေ” “ချိုရေ”
မျန်မာကို “လိုရေ” “လိုရေ”
မျန်မာဆို “ကိုရယ်” “ကိုရယ်”

(လူဂွဇာ)

ဝါတွင်းဝါးပြောက် (သို့မဟုတ်) ခြင်ထောင်ထဲက ပစိကိုက်ပြသူများ


ဝါတွင်းဝါးပြောက် (သို့မဟုတ်) ခြင်ထောင်ထဲက ပစိကိုက်ပြသူများ
==============================

သမိုင်းမှာ အထောက်အထားမပါ
စီးချင်းထိုးခါ ဒါးလှံမပါကေ
ကျည်ကုန်သေနပ် တုံးပိုင်းထက်လီးရေ
(မပြီးနိုင်ကေ)
နောက်ကျခြီထောက် သစ္စာဖောက်
ဒုန်းပေါက်ဆောက်လို့ ကျဖို့ယေ --။

(သာလှဦး)

နတ်ကောင်းမ


နတ်ကောင်းမ
==========

အမှားလည်းမဟိ အမှန်လည်းမဟိ
ဆန်နီစိခုနှစ်စိနန့်
“ကောင်းပါ” “ကောင်းပါ”
ဂါထာကို တဖွဖွရွတ်
ရွာက နတ်ကောင်းမပိုင် --။

(သာလှဦး)

ရခိုင်သားတော်လှန်ရေး

ရခိုင်သားတော်လှန်ရေး
===========

“တော်လှန်းရေ" ဆိုပနာ ကုန်းကွ
မောင်းမောင် “တော်” စွာက
“လှန်” စွာမှာ --။

(သာလှဦး)

သဇင်အတု


သဇင်အတု
======

အိမ်နောက်ဖေးတွင်
ဘောက်သာဆိုးနှင့်
နွားချီးအုံလို့
ပွင့်ရေသဇင်
ဥက္ခောင်းထက်တင်
မင်္ဂလာမဟိ --။

(သာလှဦး)

ကြက်မချေ

ကြက်မချေ
=====

ကတေတိုက်တေ ကြက်မချေ
ကြက်ဖချေ လာနီးနီး
ညိတိုင်း Comments ရွီး --။

(သာလှဦး)

လူ


လူ
==

နွားကို
သနားစွာလည်းလူ
စားစွာလည်းလူ --။

လူ
သူများကို တရားပြပျာယ်
ကိုယ်တိုင်ကျ
ဘုရားတသူ --။

လူ
အညမညတရားကို
လက်ကိုင်ထားပျာယ်
ပဋိပက္ခနှင့် မိတ်ဖွဲ့သူ --။

လူ
တရားသူကြီးလုပ်ပျာယ်
လာဘ်စားသူ --။

လူ
ဘုရားတကာရာထူးနှင့်
မယားတဏှာရူးသူ --။

လူ
အေဆူ
အမှန်လူရာမနား --။

(သာလှဦး)

အလိုတော်ရိများသို့

အလိုတော်ရိများသို့
=========

မြန်မာအငုတ်ကို အဟုတ်ထင်
လုလင် ဘ၀င်မြင့်မြင့်
စပ်ငြင့်ငြင့်
ဝမ်းကြင့်နီပျာလား --။

(သာလှဦး)

မိုးသောက်ရောင်နီ (ကြောင်ရီချွတ်လင်္ကာ)



မိုးသောက်ရောင်နီ (ကြောင်ရီချွတ်လင်္ကာ)
(LIGHT IN THE SKY)

(၁)
ပြောခါရခိုင် ရွီးခါမြန်မာ
မပီကလာ ပီကလာသည်
ကိုယ့်ဘာသာမိ စာကိုမိလျှက်
မသိတရား လွန်ပွားများ၍
အသိတရား လွန်ခေါင်းပါးသည်
ဖားတပိုင်း ငါးတပိုင်း
ပုံနှိုင်းရမူ ခွီးတူဝက်တူ
ထိုသည်လူလျှင် အယူမှောက်မှား
ပေါက်ကရားတည်း လားလီရာမှာ
မျက်နှာမလှ ဗီဇမပီ
ပဒရီစွပ် ကြောင်ရီဝတ်လျှက်
အမှတ်သညာ ကိုယ့်စာစကား
ဟိသော်ငြားလည်း အောက်နွားနောက်လိုက်
သူလျှင်ဖြစ်ရ ဘဝကျွန်ယုတ်
စုန်းစုန်းမြုတ်ကာ ဒုတ်ပိုင်းနောက်ကုန်း
ဘုန်းဘုန်းကျမှ အဘာထအော်
ယောက်ဖခေါ်သည်
မပေါ်ဖပျောက်သူလျှောက်တည်း --။

(၂)
ဖပျောက်မပေါ် ယောက်ဖခေါ်သား
သူဖုန်းစားလျှက် စကားပရိယာယ်
အလွန်ကြွယ်၀ ပြောကတဖုံ
လုပ်တုံတမျိုး သူခိုး၏ညာဏ်
အကောက်ကြံတတ် ဘောက်ကတတ်လျှင်
ပြောလတ်ပါသည် ရခိုင်ပြည်မှာ
ဇာတာမကောင်း မင်းလောင်းကိုမျှော်
ပင့်ဖိတ်ခေါ်ကတ် ဆွီမျိုးစပ်ပါ
ပီးအပ်နှမ အလှပကို
ရောင်းကြစားကြ ဝမ်းဝမှရာ
ပြည်သာယာမည် လာရာလာလတ်
ပြန်မလွှတ်ပါ ဖြတ်ဖြတ်လူးလူး
စုန်းနတ်ပူးသို့ ဦးဖျားထိပ်တင်
လျှောက်ခန်းဝင်သည်
အယင်ဒုန်းပေါက်ဆောက်၏တည်း --။

(၃)
ဒုန်းပေါက်အယင် လျှောက်ခန်းဝင်သည်
ထိပ်တင်လက်မိုး ရှိတော်ခိုးလို့
ငါကျိုးကိုမျှော် ပူဇော်ပသ
ပြည်ဓညမှာ ဖြစ်ကြပါသည်
ငါ့မည်နာမ မာနတက်လျှက်
ငါထက်လည်းသာ မနာဝန်တို
စိတ်ငြင်ငြိုလို့ မလိုမုန်းပွား
ရန်ငြိုးပွားကာ ခိုက်ရန်ရှာသည်
ဗာလာလူမိုက် နောက်လိုက်အငှား
သူတောင်းစားလျှင် ကောင်းစားပါကြ
ခုကာလ၌ ဖြစ်ကြဖုံဖုံ
အလုံးစုံကို ပုံတိုပုဒ်စ
ထုတ်ကာပြမည်
ဟုတ်ကမနာကြစီသတည်း --။

(၄)
မနာဟုတ်က ထုတ်ကာပြမည်
ပုဒ်စပုံတို နားထောင်လိုက
လာလတ်ကြပါ ရောဂအနာ
ပျောက်ချမ်းသာအောင် ဆရာသမား
ကုစားသည်သို့ ရခိုင်ရို့ကို
ပြောဖို့ဥပမာ လင်္ကာစီကုံး
ကာရန်သုံးလို့ နှလုံးသာယာ
ဟိစိမ့်ငှာလျှင် ရွီးကာလည်းပြ
ဆိုကာပြမည် ကြောင့်ကြစိတ်ပူ
မငြူစူကဲ့ သျှင်လူတကာ
စိတ်ချမ်းသာမှ ဓညာရွှေပြည်
ရပ်ကြီးစည်လိမ့် တေဇာဘုန်းမိုး
ကြက်သရေတိုးလိမ့် အမျိုးဘာသာ
ထွန်းလင်းဖြာလိမ့် ဝေနေယျသတ္တဝါ
ဖီးကင်းကွာလိမ့် ဖြစ်စိမ့်သောငှာ
စေတနာသည်
ပြည်ရွာလွတ်မြောက်ရကြောင်းတည်း --။

(၅)
လွတ်မြောက်ပြည်ရွာ စေတနာနှင့်
ပြောခါနားထောင် လက်မထောင်ကဲ့
ထောင်ရေလက်မ အောက်သို့ချလိုက်
မာနတန်းခွန် မိုးထက်ပျံလို့
ဖောက်ပြန်သမှု မပြုကတ်ကဲ့
ပြုသည့်မာန အောက်သို့ချလိုက်
ဝါဒယှဉ်ပြိုင် ကြီးနိုင်ငယ်ညှင်း
အချင်းချင်းကို လုပ်ခြင်းရက်စက်
အစွယ်ထက်လို့ တောဝက်ပိုင်ယှောင်
မာန်မစောင်ကဲ့ စောင်သည့်စွယ်မာန်
နောက်ပြန်လှန်လိုက် အပြစ်ကိုမြင်
အယင်ပျင်ကတ် စာမတတ်ကဲ့
ဆိပ်ကျပ်ဆင်ချောင် လူ့ဘောင်လောက
မမျှတလို့ ပွပွပူပူ
ကျွက်ကျွက်ဆူရ ပုန်ကန်ကြသည်
ဒုက္ခကြွက်တွင်းနက်ရသတည်း --။

(၆)
ကြွက်တွင်းဒုက္ခ နက်ပါရသည်
စောရငပျင်း လက်ကြောတင်းနှင့်
မင်းဆိုးမင်းညစ် မှိုက်သရိုက်လျှင်
ဖြစ်ကြတဖုံ မွှီတုံယမ်းကား
ထွားထွားညက်ကြီ စစန့်သီရ
ကာလနာလျှင် ဆိုက်ကြပါကြောင်း
အလောင်းတောင်ပုံ ပုပ်ပွကုန်ကြ
ခွဆုံလမ်းကြား ဝမ်းလျားမှောက်လဲ
ကွဲပြဲသွီးယို ဗဗြန်းပြို၏ --။

ငိုယိုပြီးလွှား ကျောင်းသားသူငယ်
အရွယ်နုနု သက်ကိုလု၍
ဥပမာမူ ဖုတ်ပူမီးတိုက်
ကုလားတိုက်ကို ကျားဝင်ကိုက်သို့
မိုက်မိုက်မှောင်မှောင် လောင်လောင်ကျွမ်းကျွမ်း
သောင်းကျန်းပြည်ရွာ ပျက်ရပါသည်
မြန်မာမင်းညစ်ဆိုးသောကြောင့် --။

(၇)
မင်းညစ်မြန်မာ ဆိုးသွမ်းပါ၍
ပြည်ရွာမအီး ဒုက္ခဖီးနှင့်
ကပ်ကြီးလည်းဖြစ် ကာလနာလျှင်
ဆိုက်ကြတဖန် ရာဇဒါဏ်ကြောင့်
မှန်ကန်ဖြောင့်မတ် သင့်မြတ်သောသူ
ထိုသူလူကို ဆွဲယူသတ်ပုတ်
ချိုင်နှောင်ချုပ်၏ မဟုတ်မမှန်
လုပ်ကြံစွပ်စွဲ တရားစွဲ၏
ငရဲမီးတောင် ပေါက်ကွဲယောင်သို့
လှောင်တိုက်ကိုသွင်း နှိပ်စက်ခြင်းကြောင့်
ခြီချင်းတွဲလွဲ ဆင်းရဲမလှ
ခံရထိုထို တချို့ကိုလျှင်
အရှင်လတ်လတ် ကြိုးကွင်းစွပ်၍
သတ်ဖြတ်ယုတ်မာ လုပ်ကြပါသည်
ကြမ်းကြုတ်ဖရုဿာ ဝါသနာတည်း --။

(၈)
ကြမ်းကြုတ်ဖရုဿာ ဝါသနာကြောင့်
ပြည်ရွာပျက်ကျ ပုန်ကန်ကြ၏ --။

ထကြသူပုန် အလုံးစုံတည်း
အကုန်သူငါ တော်လှန်ပါ၏ --။

ပြည်ရွာအတွင်း မကြွင်းသျှင်လူ
ဆူပူအုံကြွ ဆန္ဒပြ၏ --။

မျောက်မဝင်စား ဗိုလ်ချုပ်များလျှင်
ဘုရားပလ္လင် တက်လျှင်းပင်တင်
ဖင်ကိုကွကွ လှန်ကာပြ၏ --။

အသရေယုတ် အရုပ်ဆိုးဆိုး
ပုပ်သိုးနံစော် ရွံစရာတည်း --။

(သို့ပါသော်ကြောင့်)
ယှောင်ခွာဝီးဝီး ဖီးလွတ်ရာကို
ခိုကာပြီးလို့ ရွီးသားလင်္ကာ
စီကုံးပါသည်
မှန်စွာကြောင်ရီကျွတ်အံ့သတည်း --။

(၉)
ကြောင်ရီမှန်စွာ ကျွတ်အံ့ရာတွက်
ရာဇဝင်မှာ ဖြစ်ပါလာသော
အရာများကို တိုတိုတုတ်တုတ်
ဆိုကာနှုတ်လို့ အကျွန်ုပ်လျှင်
တင်ပြပါမည် ရှိဝယ်အယင်
လောင်းကြက်တွင်ထ ထိုပြည်မကို
ရလိုချင်ဇော လောဘအားဖြင့်
စော်ကားရန်မူ မြန်ဟူခေါ်ထ
အင်းဝသမုဒ် ဇနပုဒ်က
အယုတ်မင်းခေါင် လက်မထောင်လို့
ခေါင်ပုတ်ပမာ ခိုးကာလာလျှက်
ပြည်ရွာသိမ်းဖျက် ဖြိုလုယက်၍
မြို့ပျက်တခါ ကြုံခပါ၏ --။

အရာတခေါက် မြို့မြောက်ဦးမှာ
ငကောက်ငကိုင်း ငလဝိုင်းက
ရိုင်းစိုင်းသမှု ပြည်ကိုလုလို့
တုပယှဉ်ပြိုင် အနိုင်လိုငြား
ပိုင်လိုအားဖြင့် ပိုင်းခြားပုန်ကန်
တိုက်ဖျက်ပြန်သည်
အကြံယုတ်စွ ပုပ်ပွသတည်း --။

(၁၀)
ယုတ်စွအကြံ ရခိုင်မှန်လျှင်
အရှင်လတ်လတ် ထူးခတ်သုတ်သင်
ဒါးစီရင်၏ --။

နီဝင်မိုးချုပ် အမျိုးပြုတ်အောင်
ကြိုးတုတ်နှောင်၍ လက်ပေါင်ကိုခွတ်
ဂေါင်းကိုဖြတ်လျှက် သတ်ကြတသွယ်
မြစ်ပင်လယ်မှာ ချပစ်ပေ၏ --။

အချေသူငယ် အစိတ်ကေဆို
ခြီကိုကိုင်မြှောက် ထုတ်ချင်းပေါက်အောင်
ဒါးထောက်ဝါးချွန် ထိုးသတ်ပြန်၏ --။

ကျန်လူမိမ္မ အလှပကို
ကျင့်ကြမုဒိန်း သွီးစိမ်းရှင်ရှင်
အမြင်မကောင်း ဖင်ဟောင်းလောင်းနှင့်
အလောင်းကိုလျှင် ရင်ကိုလည်းခွဲ
အထဲကိုယ်ဝန် မှောက်ကာသွန်လျှက်
မကျန်အငုတ် နိဂုံးချုပ်သည်
မျိုးပြုတ်အစိုင်တုံးအံ့သတည်း --။

(၁၁)
အစိုင်မျိုးပြုတ် အချုပ်နိဂုဏ်း
မဆုံးသိမ့်ပါ တောရွာပန်ဇင်း
လာခြင်းမကောင်း ဖင်ခေါင်းဦးနု
စိုးပြုမှောင်မိုက် ဖဆပလခေတ်တွင်
စစ်တပ်မြန်မာ ပစ်ခတ်ပါသည်
တရွာလုံးကျွတ် အပုတ်ပြတ်တည်း --။

နောက်ထပ်စစ်တွေ ဆယ်သုံးသြဂုတ်
ဖားပြုတ်နေဝင်း စီမံခြင်းကြောင့်
ထမင်းငတ်ရ ဝမ်းမဝသော
ဓညဝတီ ဝေသာလီဖွား
ရခိုင်သားကို ကျားထိုးသနတ်
လက်စသတ်၏ --။

မှတ်ကြရခိုင် ကုလားထိုင်မွတ်
အောက်ခြီလွတ်သည်
သီကတ်အကောင် ရောင်ရောင်တည်း --။

(၁၂)
အကောင်သီကတ် ခြီကိုခွတ်၍
မပြတ်တော်လှန် ပုန်ကန်ပါသည်
ဦးစွာမိုးလင်း စယင်းလူစု
အံကိုတုလို့ လူထုထောက်ခံ
လက်ခုပ်သံနှင့် တဖန်စံကျော်ထွန်း
စခန်းထူထောင်
အောင်လံလွှင့်လွှင့် ရွက်ကိုဖွင့်၏ --။

သို့ဖြင့်ချီတက် အသက်ရာသီ
မကျီအခဲ ရဲရဲတောက်လောင်
သွီးမီးတောင်နှင့် အကောင်တီဖြစ်
ရိုးတွန်ရစ်၏ --။

အသစ်ရာဇာ ဆက်ခံလာသည်
လူရာသီလား သူကားမသီ
အာဇာနီတည်း --။

ဤမြီဤသို့ လွတ်ဖို့ကြံစဉ်
သံယောဇဉ်ကြောင့် မယိုင်မလဲ
(ခိုင်ခိုင်မြဲ) သည်
အောင်ပွဲဆက်ကာခံလိမ့်သတည်း --။

(၁၃)
ဆက်ကာအောင်ပွဲ ခြိမ့်ခြိမ့်သဲလိမ့်
အမြဲမစံ လောကဓံကြောင့်
အမှန်မုက္ချ သူရို့ကျအံ့ --။

ဓညဝတီ သိင်ဂီရွှေပြည်
အောင်စည်အောင်မောင် သောင်းသောင်းညံညံ
သံပြိုင်အမြောက် ပေါက်လတ္တံ --။

ဝံလက်ဓိဌာန် တောင်ဖံညီညာ အောင်လံချီလာရောက်လတ္တံ --။
ပျံတက်ဗိမာန် တောင်ယံတိမ်သာ ရောင်လျှံထိန်ဝါတောက်လတ္တံ --။

(Light In The Sky)
(ကြောင်ရီချွတ်လင်္ကာ)
ခရစ်သက္ကရာဇ် (၂၀၀၅) ခုနှစ် ဒီဇင်ဘာလ (ရ) ရက် ဗုဒ္ဓူးနိ ရွီးပြည့်စုံသည်။

နိဗ္ဗာန ပစ္စယော ဟောတု။

ပဒရီစွပ် ကြောင်ရီဝတ်လျှင်
သီကတ်အယင် ထိုခါတည်း --။

မောင်ပေါက် (ရခိုင်ပြည်)

အောက်မှော်

အောက်မှော်
=======

ပေါ်လစီ ပေါ်လစီ
လော်လီဖောက်ပြား
မောင်လျှောက်သား --။

စားရက လာလာ
မစားရက ခွာခွာ --။

စားရက အဘာ အဘာ
မစားရက ငပြာ ငပြာ --။

ပီးကေ ချီကျူး
မပီးကေ ချလူး --။

ပီးကေ သူကောင်း
မပီးကေ ဘူတောင်း --။

(သာလှဦး)

မျောက်ပွဲ

မျောက်ပွဲ
====

ပန်းကို ဗန်းပြ
ဝခြမ်း နန်းတက် --။

ညီညွတ်ရေး ညီညွတ်ရေး
ပဒရီကျွတ်ပွဲမှာ
မျောက်ကလူဖြစ်
လူဖြစ်သောမျောက်
သစ္စာဖောက် --။

(အောင်သာလူ)
Feb 3, 2008

အဆိပ်ခွက်


အဆိပ်ခွက်
======

အချေခါ ကြားနီကျစကား
မျောက်လက်ထဲမှာ သပြာရယှောင် --။

အခု
မျောက်လက်ထဲမှာ
မောက်စ့်ရလားခဗျာ --။

(သာလှဦး)

လမ်းဖောက်သူ (နှင့်) လမ်းလျှောက်သူ

လမ်းဖောက်သူ (နှင့်) လမ်းလျှောက်သူ
=========================

လမ်းဖောက်သူ
ကြိမ်စူးလည်းစူး
သွီးလူးလူး --။

လမ်းလျှောက်သူ
ဘုရားလည်းဖူး
လိပ်ဥတူး --။

(သာလှဦး)

ဆရာတော်အား ပန်ကြားခြင်း


ဆရာတော်အား ပန်ကြားခြင်း
===================

ဆရာတော်ကို မသီခင်က
ခွီးပုတ်လောက်ကျ ပြောကတ်ပြီးမှ
အခု ငိုပြနီကတ်တေ --။

ဘုန်းကြီးဆိုဝါ နိုင်ငံရေးနန့်
ပဇာဆိုင်လဲ ကဲ့ရဲ့ကတ်ပြီး
အခုမှ ချီကျူးနီကတ်တေ --။

နိုင်ငံရေးလုပ်ချင်ကေ
စစ်တွေကိုမလာကဲ့
မြန်မာပြည်သို့လား
နှင်ထုတ်ထားပြီး
အခု ကြီးရုပ်ထုလို့ ကိုးကွယ်ကတ်တေ --။

သံဝေဂရဖို့ကောင်းပါရေဆရာတော်
နိုင်ငံတကာ ပြည်မြန်မာကို
ချောင်းပေါက်အောင်လားလို့
အာပေါက်အောင် တရားဝှေါပြီးခါမှ
ညောင်ကုန်းကျောင်းနားက အမှိုက်ပုံဘေးမှာ
ဒုံးပေါက်ဆောက်လို့ သီရပါရေ --။

တမလွန်ဘ၀မှာ
အသက်ရှင်လို့ဟိနီသိမ့်ကေ
အေရခိုင်သားအဆွီးတိကို
တခေါက်ပြန်လာလို့
ဆုံးမခလိုက်ပါ ဆရာတော် --။ ။

(သာလှဦး)

တော်လှန်ဥဒါန်းကျူးရင့်ချိန်


တော်လှန်ဥဒါန်းကျူးရင့်ချိန်
===================

တွက်လီတွက်လီ ဖျက်ဖြီမရ
လွမ်းစတောင်တန်း ၀မ်းနည်းမှုပင်လယ်
စီးသွယ်ရ့စ်ယင့် ပွားဆင့်ရင်မှာ
ခံစားလာရ မာနရီစီး
ဒေါသမီးနှင့် ကြက်သီးထတုန်
မာန်ဟုန်ထန်ပြင်း သွီးချင်းချင်းနီ
မကျီဥဒါန်း လောင်ကျွမ်းမွိမွိ
တငွိငွိတည်း မိ၍မရ
သောကမျက်ရည် ရစ်ဝဲလည်သည်
ဤမြီကမ္ဘာဆုံးစမထင် --။

ရခိုင်ရို့၏ထီးနန်း ပန်းဆင့်ဘုံသွယ်
နဂါးနွယ်လိမ်ရစ် ခုနှစ်ဆင့်သောပြဿပ်
အထပ်ထပ်သော မြို့ရိုး
တန်ဖိုးမဖြတ်နိုင်စရာ
သုခုမလက်ရာ အဖြာဖြာသည်
ပြာကျလောင်ကျွမ်း ယမ်းငွိတလူလူ
သူသူငါငါ ကူပါကယ်ပါ
ခိုကိုးရာနတ္ထိ အပြစ်မဟိသောပြည်သူ
လူပေါင်းရာပေါင်း သိန်းသောင်းများစွာ
ခေါင်းပုံပြင်သည်
ရာဇ၀င်သမိုင်းထက်က စာမျက်နှာ --။

(သြော်) တွေးလီတွေးလီ အတီတေက
ပန်းချီကားချပ် ပြတ်သားပီပြင်
တွိမြင်လာရ မာနရီစီး
ဒေါသမီးနှင့် တက်သီးအံကြိတ်
သွီးထိတ်ကျွီးအော် တိုက်ပွဲခေါ်သည်
တော်လှန်ဥဒါန်းကျူးရင့်ချိန် --။

(နရသီဟ)

မှတ်မိသလောက် ပြန်တင်ပီးထားခြင်းဖြစ်ပါသည်။

ဇတ်လမ်းကို အဆုံးသတ်ခန်း


ဇတ်လမ်းကို အဆုံးသတ်ခန်း
===============

သဘာပတိများကြွလာကေ
ရပ်စောက်ရပ်အလေးပြုရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

သက်တန်းကုန် ၀န်ကြီးတိနန့်တွိတိုင်း
ခါးကိုင်းဦးညွတ် အရိုအသေပီးရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

ပြက္ခဒိန်မှာ ဆီးမှင်အနီကွက်ကျား ရက်တိကများ
ညိတိုင်းညိတိုင်း ဆန္ဒပြရဖို့အလား
အခမ်းအနား အခမ်းအနား နိမအားညမအား
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

အစည်းအဝေးတက်တိုင်း
ငွေရေကြီးရေး စကားများရ
ညီညွတ်ရေး ညီညွတ်ရေး
နဖူးကွဲဒူးပြဲ အလဲထိုးရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

အချိန်တန်ကေ အချိန်မှန်ထုတ်ပြန်ရေ
လံကြုတ်သတင်းတိကို

ရေဒီယိုဖွင့်တိုင်းကြားနာရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

ရခိုင်တခွန်းမပါ
ရခိုင်အမျိုးသားမြန်မာသတင်းစာကို
လစဉ်ပုံမှန် စာမျက်နှာလှန်လှန်ဗျာဖတ်ရ
ကျွန်တော့်မှာ တော်လှန်းရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

မမြင်ချင် မကြည့်ချင်အဆုံး
မျက်နှာတိကို
မြင်ရပြုံးပြရ ဘ၀ဒုက္ခများစွာနန့်
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

ရန်သူကို တော်လှန်ဖို့အချိန်မရ
ရွှေလဒတိကိုကျည်း တိုက်ခိုက်နီရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာယ် --။

(သာလှဦး)

ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေး (သို့မဟုတ်) မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း


ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေး (သို့မဟုတ်) မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း
===================================

ဝမ်းရေးအတွက်
အသက်ဆက်ဖို့
မရှက်မကြောက်
ဖောက်ပါရသည်
ကတိဟူသော ကျိန်သစ္စာ --။

ထွက်လာခါစ ရဲရဲတောက်
ပါးစက တပေါက်
အခုက လေးငါးခြောက်
ခွံ့ရကျွေးရမလောက်
(ဂြောက်ဂြောက်) နန့်
ဂျောက်ထဲကို ကျောက်သီးကျယှောင် --။

စားလည်း ကကောင်းစားနိုင်ကတ်တေ
စာသားပြင်းချေတိကိုကြည့် --။

တိုင်းပြည်အီးအီး မအီးအီး
အရေးမကြီး
ဝမ်းမီးအီးဖို့ အရေးကြီး --။

တိုင်းပြည်ကောင်းစားစား မကောင်းစားစား
သတိမထား
မယားကောင်းစားဖို့ အဓိကထား --။

လူမျိုးချောင်းကျကျ မကျကျ
ကိုယ်ဂွမကျကေ ကျီ --။

(ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေးအတွက်
လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ကျ)
ငုတ်ယင်းပေါ် ပေါ်ယင်းငုတ်
မြုတ်ယင်းလှော် လှော်ယင်းမြုတ်
စင်းပြတ်ပြုတ် --။

ငပျင်းလောင်းလှော်ပိုင်ယှောင်
ကြိုးကမဖြုတ် လှော်ယင်းစစုန်းမြုတ်
တော်လှန်ယင်း
အမျိုးပြုတ်ကတ်လိမ့်မည်သတိထား --။

(မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း)

(သာလှဦး)

ထောင်တည်မော်ကွန်းသူရဲ


ထောင်တည်မော်ကွန်းသူရဲ
=================

အဖွဲ့အစည်းတခု၏နယက
အကြံပီးအရာဟိကြီးပ
ရုတ်တရသီဆုံး သျှင်လူအားလုံး
ယူကျုံးမရ နှမြိုးတသ
အဖရခိုင်ပြည်၏သားကောင်းရတနာကြယ်မွန်
အချိန်မတန်ခင်
ကွယ်လွန်စွာစော
အကျွန်ုပ်ရို့အား
ကြောခိုင်းလားဗျာယ် --။

ဘစောင်ပျင်လို့ ရက်စက်စွာလဲ
ခေါ်ကေလည်းမထူး ငိုကေလည်းမကြား
ဥပေက္ခာတရားနန့်
မရဏရထားစီးလို့
ကျွတ်လားခဗျာယ် ---။

အလေးပြုကတ် ရပ်စောက်ရပ်ကတ်
ဂေါင်းညွတ်ဂုဏ်ပြု (၃) မိနိလောက်
ကောင်းရာသုဂတိ လားစီဖို့ ---။

ဆရာကြီးရေ စာသမား ပီသမား
ဘာသာရေးသမား စာဟောဆရာကြီး
ဘိန္ဓောယမ်းကု စွယ်စုံရ ပါရမီသျှင်
မျိုးချစ်ပုဂ္ဂိုလ် နိုင်ငံရေးသမား
တော်လှန်ရေးသမား
လူအများက နာမကင်းပွန်း
အမွှမ်းတင်ခေါ်ဝေါ် ဒေါ်လာသန်း (၅၀၀)
(Project) ဆရာကြီး ---။

ဆရာကြီးချန်ခ ဂျောင်ထဲက
အညတရ တေတ္တာတလုံး
ပုလဲကုံးရတနာ အသပြာသိန်းသန်း
နီမြန်းသော ပတ္တမြား
ဖွင့်ကြည့်သောအခါ
နွမ်းရိကြီမွ မှိုတက်လျှက်
အ၀တ်စနန့်ထုတ်ပိုး ပိုးထိုးကြွက်ကိုက်
လက်နှိပ်စက်မူ ဆောင်းပါးတပုဒ်
မဂ္ဂဇင်းတအုပ်က
ကော်ပီကူးထားစွာ ---။

၎င်းအပြင် စာလုံးမပီမပြင်
(Type) ရိုက်ထားသော
ဘာသာပြန်တမူ ---။

ဆရာကြီးသည်
စာပီကို အသက်ထက်မြတ်နိုး
တန်ဖိုးထား၏
ဂျောင်ထိုးသိမ်းထား ကြွက်ကိုက်စား၏ ---။

မည်သူမည်ဝါ
အသူလာတောင်းတောင်း မပီး ---။

အာဂပုဂ္ဂိုလ် ခေသူမဟုတ်
သို့အတွက်ကြောင့်
(အကြံပီး နာယကကြီး)
ကောင်းချီကင်းပွန်း အမွှမ်းတင်ကျူး
ရွာဦးနတ်ပိုင်ယှောင်
ပူဇော်ပသ ကိုးကွယ်ရစွာ ---။

ဆရာကြီးမြတ်နိုး တန်ဖိုးထားသော
ပြည်တန်ပတ္တမြား
(ထောင်တည်မော်ကွန်း) ကို
ဆရာကြီးစီးရာ သင်္သရာရထား လားရာ
တဖ၀ါးမကွာ ကပ်လျှက်ပါဖို့
အလောင်းနန့်ခေါင်း
ကျမ်းဟောင်းမော်ကွန်း
ဇတ်လမ်းသုံးပွင့်ဆိုင် ---။

နောက်နိညည့်
ရက်လည်ဆွမ်းမကျွေးရသိမ့်ခင်
သက်ဆိုင်ရာ အဖွဲ့အစည်း (၂) ခု၏
ယုံးခန်း၌
ထောင်တည်မော်ကွန်းသူရဲ
ခြောက်သည်ဟူ၏ ---။ ။

(မယုံလျှင် စုံစမ်းကြည့်က သိနိုင်ပါသည်။)

(ရခိုင်ပေါင်းကူး သာလှဦး)

ရခိုင်သားနိုင်ငံရေး

ရခိုင်သားနိုင်ငံရေး
==========

ပြောခါ လွတ်လပ်ရီး
လုပ်ခါ ဖွတ်ချီး --။

ပြောခါ ဒီမိုကရေစီ
လုပ်ခါ လီမိုကရေစီ --။

ပြောခါ လူ့အခွင့်အရေး
လုပ်ခါ သူ့အခွင့်အရေး --။

ပြောခါ ညီညွတ်ရေး
လုပ်ခါ နဖူးကွဲ ဒူးပြဲ --။

အယင်ခါ ကျင်သန်
အခု (---)။

(သာလှဦး)
မှတ်ချက်။ ။ ကွက်လပ်ဖြည့်ပါကဗျာအမျိုးအစား

သုတေသီ


သုတေသီ
=====

သုတေသီဟု
ပညတ်ပြုသော
ဗဟုသုတ
လွန်ကြွယ်ဝသော ဆရာ --။

ကမ္ဘာ့သမိုင်း
ဖြစ်စဉ်တိုင်းကို
ပိုင်းခြားဝေဖန်
တိကျမှန်သော ဆရာ --။

မြန်မာရာဇ၀င်
ကျမ်းစုံလင်ကို
ရင်သတ်မိမော
ဟောပြောနိုင်သော ဆရာ --။

ပိဋကတ်သုံးဖုံ
အလုံးစုံကို
အာဂုံဆောင်လျှက်
နှုတ်ကျက်ရသော ဆရာ --။

ရခိုင်သမိုင်း ရခိုင်စာကျ
လေ့လာကြိုးကုတ်
ဖော်ထုတ်ဖို့ရန်
သူက မိကွန်ဆောင်နီ၏ --။

မောင်ဂေါက် (ရခိုင်ပြည်)

အောက်အီးအီးတွန်သော ဝံလက်


အောက်အီးအီးတွန်သော ဝံလက်
====================

ရဲရဲတောက်
အမောက်နီနီနန့်
တိုက်ကြက်ဖကြီး
အီကရီးမတွန် --။

မာန်ပေါက်ပေါက်
တွန်ဟောက်လိုက်သည်
အောက်အီးအီးအွတ် --။

(သာလှဦး)

အတိတ်နှင့် ပစ္စုပ္ပန် (၃)

အတိတ်နှင့် ပစ္စုပ္ပန် (၃)
============

သမိုင်းကို ပြန်ရွီးဖို့အစား
သမိုင်းကို ဖန်တီးကတ်မည် --။

(သာလှဦး)

အတိတ်နှင့် ပစ္စုပ္ပန် (၂)

အတိတ်နှင့် ပစ္စုပ္ပန် (၂)
==========

အယင်ခါ ကျင်သန်
အခု (----)။

(သာလှဦး)

ပလ္လင်ကောက်ရိုး ဂေါင်းတော်ထိုး


ပလ္လင်ကောက်ရိုး ဂေါင်းတော်ထိုး
(နွားလားဥဿဘမော်ကွန်း)
====================

ဆောက်ကတာရှည် ဖျက်ကေခဏ
ဒေါသလွန်ပွား ရခိုင်သားမှာ
စိတ်ထားမမှန် အကောက်ကြံတတ်
အောက်ခြီလွတ်၏ တနပ်စာကို
လျှာရည်ယိုလို့ မလိုသူ့ကျိုး
အမဲရိုးကို တိုးကတ်လုကတ်
ရန်စောင်တတ်၏ မလွတ်ခြီထောက်
တယောက်သောသူ တက်လတ်မူသော်
ငြူစူငဲ့စောင်း အလိုက်ချောင်းလျှက်
ဖြောင်းဖြောင်းလည်းကျိုး ရိုက်ကာချိုး၏
“အမျိုးသားရေး လွတ်လပ်ရေး” ဟု
ကြွေးကြော်သံလှ မျောက်ပြဆန်တောင်း
ဝမ်းဟောင်းလောင်းဖြင့် ကောင်းကောင်းလှည့်ဖျား
ညာဝါးစား၏ သားမယားဝမ်းဝ
ခါးလှဖို့ရေး သွားကိုဖြဲ၏
ကြဲတဲကြောက်တောက် ဆဲဆိုငေါက်လျှက်
ယောက်ကျားဘသား ၀က်ထီးအားကိုး
အကျင့်ဆိုးသည် သူခိုးအုပ်စိုးလီကုန်သတည်း --။

သူခိုးအုပ်စိုး အကျင့်ဆိုး၍
မကြိုးမစား အင်အားကိုသုံး
လက်ရုံးမာန်ထောင် တကောင်ကောင်ကို
တကောင်ကခတ် တကောင်သတ်ဖြင့်
တကောင်ပင့်၏ အခွင့်ကိုချောင်း
တကောင်ညောင်းသော် တကြောင်းတကန်
တက်လာပြန်၏ဥာဏ်နီဥာဏ်နက်
ကြံဖန်လျှက်တည်း လက်နက်အားကိုး
သူခိုးဓမြ တိုက်ကြတလီ
ပါတီမုဒိန်း အာဏာသိမ်း၍
ဘိန်းစားလူမိုက် စိုးရဖြစ်ကာ
ပစ်ကတ်သတ်ကတ် ဖြတ်ကတ်သည်မှာ
ဟင်္သာကိုးသောင်း ရရောင်းဆာလျှက်
ပျက်သည့်ပုံပမာ နည်းတူစွာတည့်
ကြံရာခဲခက် လက်နက်ကိုရောင်း
မောင်းတုန်းကိုဖြုတ် အထုပ်ထုပ်၍
တုတ်ကြအယင် တွင်းဆုံးဝင်သည်
ငါ့သျှင်ဒုန်းပေါက်ဆောက်၏တည်း --။

ငါ့သျှင်ဒုန်းပေါက် ၀မ်းယားမှောက်၍
ဆိုက်ရောက်မောင်တော ဖုန်းဆိုးတောမှာ
ကြီးပွားပါသား မြက်ခြောက်စားသည့်
“နွားလားဥဿဘ ရာဇဘုရင်”
“ပလ္လင်ကောက်ရိုး ဂေါင်းတော်ထိုး” သည်
ဘုန်းမိုးရွာသွန်းဖြိုးလီသတည်း --။ ။

(ရခိုင်ပေါင်းကူး သာလှဦး ရွီးစပ်သည်။)

ရွာသူကြီးထုံးဘူး


ရွာသူကြီးထုံးဘူး
============

နန်းမြင့်တော်ဝင်
ပန်းသဇင်လျှင်
အပင်ခြီရင်း
ကြွီသက်ဆင်းလျှက်
မ၀င်းမပြောင်
အရောင်နွမ်းညှိုး
ညှာတံကျိုးလို့
ဘ၀မိုးမှောင်ကျလားခဗျာ --။

လမ်းဘေးက သဇင်ပန်း
ထိုခေါက်ရမ်းကို
ထိုလူနမ်း ဒေလူခြွီ
ဒေလူမွှီ ထိုလူကျုံး
(ရွာသူကြီးအိမ်က) ထုံးဘူးပိုင်ယှောင် --။

ညည့်လုံးပေါက်
လျှမ်းလျှမ်းတောက်
မာကျူရီမီးလုံးများအောက်
အရောင်နွမ်းပျောက်
နယူးယောက်မှာ ဒူးထောက်
သဇင်ပန်းခြောက် --။ ။

(သာလှဦး)

တိုက်ကြက်ဖနှစ်ကောင်


တိုက်ကြက်ဖနှစ်ကောင်
=================

တိုက်ကြက်ဖနှစ်ကောင်
တကောင်က မြန်မာယောက်ဖ
တကောင်က ကုလားယောက်ဖ
တကောင်နှင့် တကောင်ခွတ်
အိမ်သျှင်က အမြင်ကပ်
နှစ်ကောင်စလုံးကို သတ်လို့စား --။

(သာလှဦး)

လူပျက်မင်းသား


လူပျက်မင်းသား
===========

မျက်လှည့်ဆရာ၏လိမ်ကွက်ကို
လူသိလားဗျာယ်ဆိုကေ
မျက်လှည့်ဆရာရေ
ဟာသဖြစ်လားပါရေ --။

မျက်လှည့်ဆရာစွာ
တခါတလီမှာ
မျောက်ကိုလည်း ကခိုင်းပါရေ --။

တခါတလီမှာ
ဘဲရုပ်က
ကြက်ဥ ဥခိုင်းပါရေ --။

ဖဲကိုသုံးခေါက်ချိုးဗျာယ်
ကုလားဖန်ထိုးလိုက်တိုင်း
အားလုံးကုလားရုပ်တိထွက်လာရေ --။

တခါတလီမှာ သူစွာ
ပုလီကိုမှုတ်
ဂါထာတိလည်း မန်းမှုတ်ပါရေ --။

အရာဝတ္ထုတခုကို
လက်ကိုင်ပုဝါချုပ်ပျာယ်
ပြန်ရုတ်လိုက်ကေ
ငှက်ရုပ်ချေ ဖြစ်လားပါရေ --။

ပုဝါကို ပြန်အုပ်
ပြန်ရုတ်လိုက်ခါ
ငှက်ရုပ်ချေ ပျောက်လားပါရေ --။

ပုဝါကိုတဖန်
ပြန်ချုပ် ပြန်ရုတ်လိုက်ခါ
လိပ်ရုပ်ချေ ထွက်လာပါရေ --။

ယင်းခါ ပုရိဿတ်က
တအံ့တသြ သဖောကျဗျာယ်
လက်ခုပ်တိတီး
ဆုချကတ်ပါရေ --။

(ယကေလည်း)
မျက်လှည့်ဆရာ၏လိမ်ကွက်ကို
လူသိလားပျာယ်ဆိုကေ
မျက်လှည့်ဆရာရေ
ဟာသဖြစ်လားပါရေ --။

ပုရိဿတ်က
ကျောက်ခဲပစ်လို့
ထန်းခေါက်ဖာကို
အသာပိုက်ပျာယ်
နောက်ဖေးပေါက်က
ထွက်ပြီးရလီပါရေ --။ ။

(သာလှဦး)

ပြိတ္တာကြီး


ပြိတ္တာကြီး
======

အိပ်အိပ်စားစား
အိမ်သာလား
မခြားတိရိစ္ဆာန် --။

(သာလှဦး)

အထည်ကြီးပျက်


အထည်ကြီးပျက်
============

ပညာဟိဖြစ်ပြီး
ပညာမဲ့သူကို
ချဉ်ဖတ်ဟုခေါ်သည် --။

ချမ်းသာပြီး
ပွေသာမဟိသူကို
ဖက်ခွက်ဟုခေါ်သည် --။

ဇတ်မြင့်ပြီး
ဇတ်နိမ့်သူကို
ယုတ်ကန်းဟုခေါ်သည် --။

(သာလှဦး)

မောင်ဝိုင်းချေ

မောင်ဝိုင်းချေ
=======

တဖွဲ့တစင်ထောင်သောသူ
ငသံတွေနှင့်တူ --။

ငသံတွေကို အားပီးလူ
ဘိုးတော်မောင်ဝိုင်းနှင့်တူ --။

(သာလှဦး)
(ရခိုင်ပြည်တော်လှန်ရေးမှာ မောင်ဝိုင်းချေတိများနီသိမ့်လို့ ရခိုင့်တော်လှန်ရေးကြီး ပျက်စီးနီရပါသည်။)

ယခီး (နှင့်) ဗချီး


ယခီး (နှင့်) ဗချီး
==========

ဗချီး ယခီး
လုံးထွီးထွီး --။

ဗချီးအီးပါ
ယခီးနာ --။

ဗချီးအီးပေါက်
ယခီးကြောက် --။

(သာလှဦး)

ယခီး


ယခီး
====

ရခိုင်စင်စစ်
ယခီးဖြစ်သည်
အနှစ်နှစ်ရာကျွန်သက်ကြောင့် --။

ယခီးပျော်ပါး
ဝအောင်စားသည်
ဝမ်းကားဖူးရောင်လာသောကြောင့် --။

(သာလှဦး)

ဝက်ထီး


ဝက်ထီး
=====

ဝက်ကိုအစာကျွေးစွာ
ချစ်လို့မဟုတ်ပါ --။

ခြံထဲက ၀က်ကို
ပိုးပိုင်မွီးစပ်
နိစိုင် အစာကျွေးကတ်တေ --။

ဝက်ကြီးက
တနိထက်တနိ တရက်ထက် တရက်
ထီးထီးလာရေ --။

ရီချိုးဗျာယ်
ခါးသပ်ပီးကေ
(၀က်ထီး) က
ကကောင်း ကြေနပ်နီရေ --။

သံဝေဂရစရာ
အများမကြာ
(၀က်ထီး) ကို လှံနန့်ထိုးခါ
ကျွီးလိုက်တေ ၀က်
ကမ္ဘာပျက်ယှောင် --။

ယပြီးကေ
အသွီးကိုထုတ်
အရီကိုဆုတ်
မီးဖုတ်ကြပ်တိုက်
(၀က်ထီး)
မျက်ဖြူဆိုက်ရပါဗျာယ် --။

နောက်ဆုံး လူတိက
ဝက်သားကို ချက်စားဗျာယ်
ဝက်ဂေါင်းကို
စွပ်ပြုတ်လုပ်ပစ်လိုက်တေ --။

(၀က်ထီး) ဘဝ
ပျက်စီးရပါဗျာ --။

(၀က်ထီး)
ဇာလည်းမတတ်နိုင်ပါဗျာ --။ ။

(သာလှဦး)

UNCLE PIG


UNCLE PIG
=======

"Feeding the pigs
Is not because of Love".

People bred Uncle pig
And stuffed him everyday.

Uncle pig became very fat
And very nice.

When they bathed and soothed him,
He was very satisfied himself.

Sooner, to be despair,
The people slaughtered him
And he screamed very deep.

They stripped and dried him on fire.
Uncle pig had to die very clumsy.

At last, people roasted him
And made soup of his head.
They've a big feast and enjoyed
Uncle pig could do nothing by now.

(Tha Hla Oo)

လူကောင်းလူတော်


လူကောင်းလူတော်
==========

တယောက်တည်းအပြေးပြိုင်
သူသာအနိုင်ရ --။

ပထမလည်းသူ
ဒုတိယလည်းသူ
တတိယလည်းသူ
ဆုတွေအကုန်းလုံးယူ --။

ဆရာသမား
သိပ်တော်ပါကလား --။

(သာလှဦး)
မှတ်ချက်။ ။ မြန်မာကဗျာ

(ဖ) ပါရင် ဖရဲသီးတောင်မစားနဲ့


(ဖ) ပါရင် ဖရဲသီးတောင်မစားနဲ့
======================

ဖက်ခွက်အောက်မှာ
တိုင်းရင်းသားချစ်ကြည်ရေး
ကျိုက်ကဆံကွင်းမှာဘဲရှိတယ် --။

ဖက်ခွက်တွေ
အကြိုက်အနှစ်သက်ဆုံးအရာက
လှယဉ်ကျေးမယ်ပြိုင်ပွဲ --။

ဖက်ခွက်တွေ
အတော်ဆုံးအတတ်ဆုံးစီးပွားရေးစနစ်က
ကြက်ဆူပင်စီမံကိန်း --။

(ဖ) ပါရင်
ဖရဲသီးတောင်မစားနဲ့
ငရဲကြီးလိမ့်မယ် --။

(သာလှဦး)
(26/11/2007)
မှတ်ချက်။ ။ မြန်မာကဗျာ

ညီညွတ်ရေးကို ချစ်တေဆို

ညီညွတ်ရေးကို ချစ်တေဆို
==============

ညီညွတ်ရေးကို ချစ်တေဆို
မင်းသမီးအပျိုမချေကို
ဂင်တိုတို လူဘိန်းစားနန့်
ထိမ်းမြားနိုင်ဖို့လား --။

ညီညွတ်ရေးကို ချစ်တေဆို
မင်းရို့အိမ်ကို ဓမြတိုက်
မင်းဖလိုင်ဖင်းကို ဒါးနန့်ခွတ်
လူသတ်ဓမြကောင်နန့်
မင်းသမီးဘုတ်ဆုံမကို
ပီးစပ်နိုင်ခန့်လား --။

ညီညွတ်ရေးကို ချစ်တေဆို
အစာဖြစ်လို့ မင်းမယားကျောက်ပေါက်မကို
အိမ်ပေါ်ထက်က နှင်ချရေလဲ --။

လင်မျှောင်ထားခါ အသဲနာသည်
ဈီးကိုပြီးလီ ညီညွတ်ရေး --။

သာလှဦး
(21/11/2007)

Thursday, March 26, 2015

ဝဋ်


ဝဋ်
==

မချစ်သော်လည်း
ပေါင်းဖော်ရသည်
အိမ်ကပီးစပ်ပါသောကြောင့် --။

(သာလှဦး)

ကြက်


ကြက်
===

ငှက်ဖြစ်ပါလျှက်
မပျံတတ်သော်
သင့်ကိုသူများ စားလိမ့်မည် --။

(သာလှဦး)

ကွက်လပ်ဖြည့်ပါ


ကွက်လပ်ဖြည့်ပါ
========

အသေဆိုးနဲ့သေမဲ့
(---------) တွေကို
တကယ်ဘဲ ကြိုးလိုက်ချင်ပါတယ်
(---------) သားတွေ --။

(သာလှဦး)

အာဏာတစ္ဆေရဲ့ ဈာပနည


အာဏာတစ္ဆေရဲ့ ဈာပနည
==============

ငြိမ်ဆိတ်တဲ့ ပတ်ဝန်းကျင်တခုလုံး
သင့်အားလှောင်ပြုံးနေတယ် --။

မီးသွေးရောင် ဇီးကွက်ငှက်တကောင်ဟာ
အစာရှာထွက်လာတယ် --။

သေမင်းရဲ့ အေးစက်တဲ့ လက်ချောင်းများစွာတို့
သော့မဲ့သင့်တခါးကို လာခေါက်နေတယ် --။

မှောင်မဲည အကာလ သန်ခေါင်ယံမှာ
မျက်ရည်ပူတို့ တလိမ့်လိမ့်စီးဆင်း
သေမင်းရဲ့ခေါ်သံ
နာခံခက်နေပြီလား --။

ပိုင်ဆိုင်မှုအားလုံး စွန့်လွှတ်ခဲ့တော့
နှောင်ဖွဲ့မှုကြိုး ဖြေလျှော့ခဲ့တော့
ကံကြမ္မာအလှည့် ကျိုးပဲ့သွားတဲ့
လှည်းဘီးရဲ့ဝင်ရိုး
နောက်ပြန်လှည့်ဖို့ မကြိုးစားနဲ့တော့ --။

xxxxxxxxxxxxxxxxxxxxxxxx

ဘ၀နာရီလက်တံပေါ်က
နေညိုချိန် အိပ်မက်ပန်းချီကားတချပ်
ဆေးသားမှုန်ပျက်သွားခဲ့ပြီ --။

သံသရာ ညှာတံရိုးပေါ်က
ဝါကျင့်ကျင့် ဇရာနွေဦးသစ်ရွက်တရွက်
ရင့်ရေကြွေသက်သွားခဲ့ပြီ --။

ယစ်မူးမှု ရာဇပလ္လင်ပေါ်က
ဝိညာဉ်မဲ့ ခန္ဓာကိုယ်ဟာ
ငိုယိုတဲ့ သံယောဇဉ်တွေကို
နားဝင်ချိုနိုင်တော့မလား --။

xxxxxxxxxxxxxxxxxxxxx

ဘ၀ရေပွက်စမ်းတို့ခမ်းခြောက်
မီးတောက်လို ပူပြင်းတဲ့နွေမှာ
အဖော်မပါ ခရီးသွား
တွေဝေစမ်းတ၀ါးဝါး
ခရီးသွားရအုံးမယ်ပေါ့--။

ဝေဒနာတွေ ရင်နင့်စွာခံစား
ဝင့်ကြွားမနေနိုင်ရှာတဲ့ငှက်ငယ်
ဘယ်ဆီဘယ်ဝယ်ပျံသန်း
ဘယ်စခန်း ခိုဝင်နားရအုံးမလဲ
အတောင်ညောင်းလို့ ရွက်ကြွေတောမှာ
အမောဖြေရှာနေရော့ထင့် ---။

xxxxxxxxxxxxxxxxxxxxxxx

လောကဇတ်ခုံပေါ်မှာ
အဖြေရှာမရနိုင်တဲ့ သင်္ချာပုစ္ဆာတပုဒ်လို
ကကြိုးစုံစွာ သရုပ်ဆောင်ခဲ့ပြီ --။

ခါးသီးတဲ့နာကျည်းချက်
စွဲမက်ဖွယ်စကားလုံးများစွာ
ချိုမြိန်အနမ်း ဝေဒနာတသီတသန်းနဲ့
ဖြေလှမ်းမ၀ံ့မရဲ
တုံးနှေးနေပြီလား ---။

သောကမီးတို့ တမြေ့မြေ့လောင်ကျွမ်း
မောနွမ်းလျ အိမ်မပြန်နိုင်ရှာတော့
ကန္တာရ အလယ်က ငှက်ငယ်တကောင်လို
ရိုးတံကြဲကြဲသစ်ပင်ပေါ်မှာ
အဖော်မဲ့နေရှာပြီလား ---။

ရေကြည်ရာမျက်နုရာ ရှာယင်း
ကျင်လည်ကျက်စား သွားလာခဲ့ရ
ဘ၀ရဲ့အလှရှာဖွေ
ဘ၀ရဲ့အဓိပ္ပါယ် တွေ့ပါလေစ --။

ဗျစ်ရည်ပူပူတခွက်သောက်လိုက်
ခေါင်းငိုက်စိုက်နဲ့ ကမ္ဘာကြီးပတ်ချာလည်သွား
ဒါဏ်ရာဒါဏ်ချက်တွေ သက်သာသွားပေါ့ …။

xxxxxxxxxxxxxxxxxx

အကြင်နာတရားခေါင်းပါးတဲ့
ကမ္ဘာမြေပြင်ပေါ်မှာ
ရင်နာစရာအကြောင်းတွေ နှိပ်စက်
အိပ်ရေးလည်း ပျက်ခဲ့ပြီ---။

ဒယိမ်းဒယိုင်ခြေလှမ်းများစွာနဲ့
အိမ်အပြန်လမ်းမပေါ်မှာ
တေးတကြော်ကြော်အော်ဟစ်
သတိလည်း လစ်ခဲ့ပြီ--။

xxxxxxxxxxxxxxxxxxxx

ဗြဟ္မစိုရ်တရားရှာဖွေရင်း
မျက်စိလည်လမ်းမှားသွားတဲ့ အလမ္ပါယ်မြွေဆရာ
ထူထည်းတဲ့တောလမ်းမကြီးတွေပေါ်မှာ
ဆင်ခြင်တုံတရားမဲ့စွာလျှောက်လှမ်း
မဇ္ဈိမပဋိပဒါ ခြေလှမ်းတွေနဲ့
မျက်ကန်းတစ္ဆေခြောက်သလို အဖြစ်မျိုး
ခရီးမတိုးနိုင်ရှာတော့
ရုန်းထွက်ထွက်ပေါက်ရှာယင်း
နစ်မြုတ်ယင်းနစ် ဘ၀ရေတိမ်နစ်ရတဲ့အဖြစ်
အပြစ်ရဲ့ဒါဏ်ချက်ဒါဏ်ရာ
အကြိမ်ရာပေါင်းများစွာခံစား
ရူးသွတ်သွားပြီ ---။

xxxxxxxxxxxxxxxxxxx

အ၀တ်ဗလာနဲ့ မိန့်ခလေးငယ်ငယ်တယောက်
ဒူးထောက်ခစား အသနားခံ
မျက်ရည်သွန်သွန်ယိုစီး
ငိုညီးနေရှာပေမဲ့
အမှောင်တံတိုင်းတွေရဲ့ အနိဌာရုံကန့်လန့်ကာတွေအကြား
(မရေမရာ) ရေတိမ်နစ်သွားရှာပြီ --။

တိရိစ္ဆာန်တွေရဲ့ကျည်ဖူး
ချွေခူးရက်စက်သွားတဲ့ပန်းငယ်
လွမ်းဖွယ်ပြောကျယ်တဲ့ သွေးသမုဒ္ဒရာ လှိုင်းတံပိုးတွေပေါ်မှာ
လွင့်မျောနေရှာပြီလား --။

မိစ္ဆာကောင်တွေရဲ့ ရွံရှာဖွယ် သမိုင်းအမည်းစက်
သွေးကြွေးဆပ်ရအုံးမယ်ပေါ့ --။

ပြည်သူ့နှလုံးသွေးရေစီးအောက်က
ကြောက်စရာ နဂါးမင်း
ရေမြွေသာသာအဆိပ်မပြင်းနိုင်ရှာတော့
မီးတောက်မီးလျှံတွေရဲ့ ပူသျှိန်ပြင်းပြတဲ့အာဏာ
မာန်စွယ်ကျိုးသွားရှာပြီ ---။

ဘုရားကျောင်းဆီက ခေါင်းလောင်းသံ
တောင်စောင်းနားဆီက နွားခလောက်သံ
သဘာဝနာရီသံတွေရပ်စဲ
နေလွဲသွားခဲ့ပြီ ---။

ခြောက်သွေ့တဲ့ မြေကမ္ဗလာမွေ့ရာပေါ်မှာ
အထီးကျန် သံဝေဂ ကန္တာရငှက်ခါး
ထာဝရ အိပ်စက်သွားခဲ့ပြီ --။

xxxxxxxxxxxxxxxxxxxxxxxxxxxxx

သေသူရဲ့ ဂုဏ်ထူးဝိသေသ ပကာသန မာန
ခ၀ါချဆေးကြော
လူတွေ ချီကျူးစကားပြောရင်း
ဝန်တင်မြင်းလှည်းများနဲ့ မြေနီလမ်းအတိုင်း
ဒုန်းစိုင်းမောင်းနှင်အိမ်ပြန်လာကြ --.။

ဟိုး ခပ်ဝေးဝေးတောင်တန်းများဆီသို့
ငှက်သင်းတအုပ်
ခပ်သုတ်သုတ် ပျံသန်းသွားကြ --။

ဇရပ်အိုပေါ်က လည်တံရှည်လင်းတငှက်တို့
တောင်ဖက်အရပ်သို့ လှည့်ပျံသွားကြ ---။

ရွှေအိုအောင် တောလမ်းမကြီးအတိုင်း
နွားသင်းအုပ်တို့
ရွာသို့ ပြန်လာခဲ့ကြ --။

ဇရာ မရဏ မြစ်ရေစီးကြမ်း
သောကပရိဒေ၀ကမ်းပါးရိုင်းအောက်
ဒုက္ခလှိုင်းတို့ မွှေနှောက်ရိုက်ခတ်
ပဋိစ္စသမုပ္ပါဒ်
ဝဲဂယက်ထဲက ဗေဒါပင်
ရှင်ပြန် ထမြောက်လာနိုင်အုံးမလား --။

ဆူးကြမ်းခရောင်းလမ်းပေါ်က
သံသရာအချိန်နာရီထား
တရွှေ့ရွှေ့နှုတ်ဆက်ထွက်ခွာသွားပြီ --။

ညကောင်းခင်ပြင်အောက်
ဘုန်းကြီးကျောင်းဆီက
နိဂုံးအမျှကြေးစည်သံ
ဘ၀ဂ်ညံခဲ့လေပြီ ---။

(ခိုင်လူခြင်္သေ့)
October 16, 1998, သောက်ကြာနိ ရွီးစပ်သည်။
မှတ်ချက်။ ။ မြန်မာကဗျာ

THE FUNERAL NIGHT OF THE GHOST OF POWER


THE FUNERAL NIGHT OF THE GHOST OF POWER

(1)
The silent night was in sarcastic smile greeting him.
A black owl had come out for the preys.
The chill hand of death was knocking at the door.
“Sacrifice all your belongings”
“Try not to turn back your broken wheels”
Tears falling down on the cheeks, he stubbornly denied
To obey the call of Death in the dark midnight.

A twilight picture of a dream has faded,
And a yellowish leaf of summer had fallen down,
And the dead body on the pedestal of intoxicated power
Could no more appreciate the crying sounds.

During the summer, hot as a flame,
Forward to move was the lonely traveler.
Tired in agony of a desert-bird on a leafless tree,
Woe burning in his heart, he was alone in the wild.
No more proud in pain, the desert-bird could not know
Where to fly and where to perch.
Perhaps as the wings got tired,
He slept among the fallen leaves.

xxxxxxxx

(2)
In the worldly drama, like a clue-puzzled labyrinth,
He had played in all acts.
Bitter hate, charming words, sweet fragrance,
And with a bunch of sufferings,
His feet were hesitating to move on.
Searching for a new pasture, he has wandered along,
And in thirst for beauty, he felt not the taste.

Gulping down a cup of wine,
His head bowed with the craving wealth,
And in the world of less compassion,
Injured by grievances,
He has passed thousand sleepless nights.

xxxxxxxxx

With the staggering steps on way back home,
He sang aloud and had fallen unconscious.
Struggling, swimming and drowning,
In the shallow water of life,
Suffering thousands the wounds of Sin,
He had become mad.

(3)
The snake charmer looking for the sermon of Brahmansor,
In mirage sight, has lost his way,
And was wandering aimlessly on the dense jungle roads.
With the middle-path foot-steps,
Like haunted the blind by the ghosts,
He could not move onward,
Thus, has committed the crimes again and again.

xxxxxxxxx

A young nude girl though sobbing in murmuring breath,
Tears flowing down and kneeling before him,
She has been drowned
Behind the disgusting curtains of the dark walls,

Oh, Young blossom! Plucked by the bullets of Beasts,
Are you floating on the waves of the bloody ocean?
Oh, young deer! Escape not and moaning in agony,
Have you fallen into the traps of the hunters?

xxxxxxx

“We have to pay the bloody credits
To the historic black scars of the despised Ghost.”

xxxxxxx

Beneath the bosom-bloods of the people,
The fearful dragon no more be poisonous than a water snake,
And the hot power of the flames has broken its spears.
The tiger in cage could not jump over the preys,
Then, you should sleep in jocund death,
Enjoying Sabbath and Sermon.
The toll from the temples, the sounds of the cow-bells
From nearer the slope, have ceased all then,
And in solitude, the regretful desert-bird has fallen
Sound sleep on the earthen bed forever.

(4)
Washing off the honour, pride and prejudice
Of the dead person,
And chattering in praise of his name,
The people on the horse-pulled loading carts,
Have come back along the red muddy road.
A flock of birds has swiftly flown away
To the remote hill-ranges.
From the old golden jungle road,
Came back the cattle to the village.
From above the cemetery house,
The long-necked vultures had flown away to the south.

Beneath the rough flow of (Old-age and Death) river,
Beside the wild bank of Sorrow and Woe,
Stirred and blown by the waves of Misery,
Would the hyacinth amid the whirls of Ever-circle,
Advent again?

The chariot of time on its thorny way,
Has voyaged slowly greeting the world.
Under the midnight sky, from the cemetery hill,
The last toll of farewell has spread over
From Heaven to Hell.

K. Kyaw (AASYC)
(16/10/98)

နောက်ဆုံးတိုက်ပွဲ


 နောက်ဆုံးတိုက်ပွဲ
=============

ရကေရ မရကေ တိုက်
တိုက်ယင်းနန့်သီ အာဇာနီ --။

အေတခါ နောက်ဆုံးတိုက်ပွဲ
ရဲဝန့်စွန့်စား ပိုင်းခြားစီရင်
ငါရို့သည်ဘုရင် --။

သွီးပွက်ပွက်ဆူ
နီပူရဲရဲ ချွေးတပြစ်ပြစ်
တော်လှန်ရေးတေးခြင်းသစ်ကို
သံပြိုင်ဟစ်သီဆို အောင်လံကိုထမ်း
တလှမ်းချင်းချီတက် --။

မိစ္ဆာဖွတ်ပြောက် လောင်းမှောက်တိကို
တယောက်မလွတ် သံခြီချင်းခတ်
ပူးပြွတ်ချိုင်နှောင် --။

ဘုရားရှိ ဒူးထောက်
ကြောက်ကောင်းထမန်း ဂယောင်ဂယမ်း
ပုတီးစိတ် ပရိတ်ရွတ်လက်များ
တဇတ်ဇတ် တဖြတ်ဖြတ်တုန်ယင်
အသင်လူသား ဘ၀နောက်ဆုံး နိဂုံးမဟုတ်
လွန်ကျူးအပြစ် ဦးခိုက်ကန်တော့
ခွင့်လွှတ်ပါယင့် --။

လူတိုင်းကိုယ်စီ ကြိုးတပင်စီယူခ
သူရို့အတွက် နောက်ဆုံးလက်ဆောင်
ပို့ဆောင်နှုတ်ဆက် ကြွမြန်းရာလမ်း --။

ငါရို့အတွက် နောက်ဆုံးတိုက်ပွဲ
လွတ်မြောက်ရေးခရီး
မ၀ီးရောက်ပျာယ်
ဂေါင်းမော့ရင်ကော့ ကျင်ကွင်းကလိုက် --။

အာရုံမိုးထ ကောင်းခြင်းမင်္ဂလာ
ချမ်းအီးသာစွ --။

နီခြည်အလင်းတန်း လန်းဆန်းဝီဖြာ
လှပပါယင့် --။

(သာလှဦး)

FINAL BATTLE


FINAL BATTLE
=================

Oh! My people!
Rise up! Never give up!
Oh! My brothers and sisters!
Unite and Fight!
Fight the enemies.

Break the fence
And bomb the tanks.
What will they do
If we march together
And seize their parliament?

We're not the cowards.
Our heart is like stone
Hard to break.

Blow the storm
To kick the dusts.
Knit the throats
And hang the monsters.

Though we're empty-handed,
We're not afraid.

Our voices are our bullets.
Our slogans are our cannons.
Our hands are our riffles.
Our peoples are our brigades.

March onward
And catch the vagabonds
Throw the drums
And block the roads.
Build the castles
And delay the troops.
Burn the camps
And set fire.

Listen the whistle
And pierce like an arrow
Into their abdomens.

The cowards are now
Spelling the verses
With the quivering hands
On the Bagava-buds.

They are very brave
To kill,
But very afraid
To die.

What is the use
To cry now?

If you can kneel down before us,
We'll forgive you.

Oh! My people!!
Open all the prisons
And release all the prisoners,
We all are free now.
Listen to the radio!
It is true,
"The people seized the power".

Now, all of you can go
And come back tomorrow.
Tomorrow is "Our first Independence Day".

How sweet is the day
With the sun shining beautiful
And saying good-morning.

Sing our National song
And hoist our flags,
Salute the heroes
Who laid their lives,
And fire Eight
To memorize our days.

(K. Kyaw)
1st January 2000. 216th Revolution Day of Arakan.
Released by the All Arakan Students' and Youths' Congres (AASYC)

ဇာကိုလားလို့ ဖြေရမည်


ဇာကိုလားလို့ ဖြေရမည်
=================

ဆီးနှင်းစိုစို ပြာသိုလည်းလွန်
လက်ပံပွင့်ဖူး ရာသီပြောင်း၍
တပေါင်းကူးသော် --။

ဝမ်းနူးစဖွယ် တောမြိုင်လယ်မှာ
တွန်မြည်ယင့်ယင့် ရင်ကိုဖွင့်လျှက်
ပင်မြင့်ထိပ်ချာ ကိုင်းအညှာမှာ
နားကာလှမ်းထောက် မြကန်သာကို
ဝဲလာရောက်ကာ ရီသောက်လာသော
ဥသြရွယ်ပျို သာခြင်းဆိုကေ
ဇာကိုလားလို့ဖြေရမည် --။

တောင်ကမူမှာ ဂူလည်းပြိုပျက်
နွယ်မြက်ဆောင်းဆောင်း တရောင်းရောင်းဖြင့်
ရှိဟောင်းဘုရား ဥက္ခောင်းကျိုးမှာ
ဂြိုးညိုနားကေ ဇာကိုလားလို့ဖြေရမည် --။

ညောင်ကြပ်မြီမျို ဇာတီအိုလည်း
ပြိုပျက်ယိုယွင်း ကိုးကွယ်သူလေ
လူသျှင်ကင်းလို့ သတင်းနီဝင်
လပပြင်မှာ ဟင်းလင်းမြင်ကေ
ဇာကိုလားလို့ဖြေရမည် --။ ။

(သာလှဦး)
(မည်) ကို (မေ) ဟု အသံထွက်ဖတ်ပါ။

သူရဲကောင်းရို့၏၀ိညာဉ်


သူရဲကောင်းရို့၏၀ိညာဉ်
===========

တောင်ကိုဖြိုရေဆိုမှ
ဆောက်နန့်ထွင်းနီလို့ ဇာဖြစ်ဖို့လဲ --။

ဘူဒိုဇာနန့်တိုက်
ဒိုင်းနမိုင်းနန့် ဖောက်ခွဲပစ်ရဖို့ --။

ရန်သူကို အထင်ကြီးနီကေ
ဇာပိုင်လုပ် (ရန်-ငါ) စည်းကို
ခြားနိုင်ခန့်လဲ --။

ရန်သူကို ချီကျူးနီကေ
ဇာပိုင်လုပ် သူ့ကို မိတ်ဆွေလို့သတ်မှတ်
ပိုင်းဖြတ်နိုင်ဖို့လဲ --။

ရန်သူစွာ ငါရို့ကျောင်းသားတိ၏သွီးနန့်ခြယ်မှုန်း
သီကုံးပန်းကို
ဘုရားတင် ပူဇော်နီလီယင့် --။

ရန်သူစွာ ပြည်သူရို့၏မျက်ရည်စကို
မသထာရည်စာသောက်သုံး
ရွှင်ပြုံးနီလီယင့် --။

ရန်သူစွာ ဆယ့်နှစ်ကြိုးပိုင် တဆီစုန်းမတကောင်ပိုင်
ငါရို့၏၀ိညာဉ်ကိုယူနှုတ်လို့
တဖြုတ်ဖြုတ်ကျကြွီလားခရရေ
သူရဲကောင်းတိ မရွီတွက်နိုင်ဗျာယ် --။ ၊

(သာလှဦး)

စောင့်မျှော်ခြင်း


စောင့်မျှော်ခြင်း
==========

လူ့ဦးနှောက်ကို
ရီရောခံလိုက်ရရေအခါ
သကြားမပါရေ လဖက်ရည်တခွက်ပိုင်
အရသာ ပေါ့ပျက်လားရေ --။

အသားကျနီရေ ပန်းဖော်ဒယွားတထည်စွာ
ဈီးကြီးကြီးပီးဝယ်ရရေ
ပိုးသားထည်အသစ်တစုံထက် ပိုကောင်းရေ --။

အ၀ီးက ရှုမျှော်ခင်းကို
လှမ်းမျှော်ကြည့်လိုက်တေအခါ
သူ့တဲအို ယွင်းယိုလားရေ --။

သွားကျိုးနီရေ
ခါးကုန်းကုန်းမိခင်၏မျက်နှာထက်က
ယော့ရိယော့ရဲ အပြုံးလှလှတပွင့်စွာ
သူ့အတွက် အဓိပ္ပါယ်မဟိလိုက်ပျာယ် --။

ငါးမပါရေ ငရုတ်သီးငပိထောင်းတခွက်စွာလည်း
သူ့အဟာရ အာသီသကို
မဖြည့်စွမ်းနိုင်ဗျာယ် --။

သူ့အိမ်မက်တိစွာ
ကြွီလွင့်နီရေ နွီရွက်ဝါချေတရွက်ပိုင်
တွားလားနီရေ မြွီတကောင်ပိုင်
တဖြတ်ဖြတ်လူးလွန့်လို့
တွန့်မြူးနီလီယင့် --။

သူဖတ်နီက ဓမ္မသစ်ကျမ်းက
ကျမ်းပိုဒ်တိလည်း
လိုရင်းကို မယှင်းနိုင်ဗျာယ် --။

ပြီးကေ သူစွာ
မိခင်အိုကို နောက်ခိုင်းလို့
နှုတ်မဆက်ဘဲ ရုတ်တရက်ထွက်ခွာလားခရေ --။

အေနိထက်ထိ မိခင်အို
သူပြန်လမ်းကို မျှော်မှန်းလို့
တမ်းတစောင့်စားလျှက်ပါ --။

(သာလှဦး)

ဘ၀ဒဿန


ဘ၀ဒဿန
=======

ဆိတ်ငြိမ်အီးချမ်းရေ ရွာချေတရွာကြား
ဖြတ်စီးလားရေ ချောင်းကမ်းနားမှာ
ငါးမျှားနီရေ ကုလချေတယောက်၏ကိုင်းတံပိုင်
ကျွန်တော်ရေ
ဖြောင့်လည်းဖြောင့် ကောက်လည်းကောက်
လူထဲက လူတယောက်ပါ --။

ဝမ်းရေးအတွက်
တနပ်ထမင်းကို ရှာကြံစားသောက်ယင်း
ဘ၀ပယိုင့်ကို ဇလွယ်သိုင်းလို့
အရိုင်းတောနက်မှာ
ကျင်လည်ကျက်စားခရရေ လူတယောက်ပါ --။

ဗုဒ္ဓဘာသာဆိုကေလည်း
သူတပါးအသက်ကို သတ်ဖြတ်လို့
ပါဏာဋိပါဋာကံကိုလည်း
ကျူးလွန်ဖူးခပါရေ --။

မုသ၀ါဒါကို အဓိပ္ပါယ်မဖွင့်တတ်ကေလည်း
လိမ်ဝါရေဆိုစွာ ကျွန်တော်နားလည်ပါရေ --။

အချစ်မှာ ခြီကျွံလို့
အပြစ်တခါးပိုက်နန့်
ဓမ္မသစ်ကျမ်းကိုလည်း ဖတ်ဖူးပါရေ --။

နားလည်၏ နားမလည်၏
ကျွန်တော်မသိပါ
ဝိပဿနာ ရှုစားစွာမဟုတ်ကေလည်း
ဥပေက္ခာပွားများလို့
ကျွန်တော်အိမ်က ထွက်ခွာလားသူပါ --။

နီမကောင်းလို့
စွပ်ပြုတ်ရည် ပူပူတခွက်သောက်ချင်မှ
အိမ်က အမိကို သတိရရေ --။

တော်လှန်ရေးဆိုရေ
အကွေ့အကောက်များရေ
မက္ခရာနယ်မြီထဲသို့ဝင်ရောက်
လမ်းစလည်း ပျောက်ဖူးပါရေ --။

အမှန်တရားအတွက် တိုက်ပွဲဝင်ယင်း
တရားအမှန်ကို ကျွန်တော်မသိခပါ --။

ပျောက်ယင်းရှာ ရှာယင်းပျောက်
အမှောက်မှောက် အမှားမှား
ပြောက်ကျားတယောက်လည်း ဖြစ်ဖူးပါရေ --။

(Non-Violence) ကို ကျင့်သုံးရေဆိုခါမှ
ပေါက်ခါနီး မီးတောင် (Volcano) တခုပိုင်
ကျွန်တော့်ရင်ထဲ ဒေါသတိပိုများလာရေ --။

တိုက်ဖို့ရန်သူက အားကောင်းလို့
ကျွန်တော့မှာ အပ်တချောင်းတောင်မဟိပါ --။

နိုင်ငံရေးပုစ္ဆာကို အဖြေရှာဖို့ကြိုးစားယင်း
ဝမ်းရေးပြဿနာ မဖြီယှင်းနိုင်သူတယောက်ပါ --။

ပဋိပက္ခနန့် ၀ိရောဓိ
အခုထက်ထိ မသေးကွဲ
ဘွဲ့လည်းရဖူးပါရေ --။

သူများကို ဝေဖန်လို့
ကိုယ့်ကျ မခံ
တန်ပြန် လျှာလှံနန့်ထိုးသူပါ --။

သတ္တ၀ါရို့သည်
သူတပါး၏ (နှမ်းစိလောက်) အပြစ်ကို မြင်လွယ်၏
မိမိ၏ (ထန်းသီးလောက်) အပြစ်ကို မြင်ခဲ၏ - ဆိုရေ
ဓမ္မပဒ ဂါထာကို
အပြန်တရာ ဖတ်ကေလည်း
အခုထက်ထိ နှုတ်ကျက်
မရသိမ့်ရေ လူပါ --။

ယေကေလည်း ကျွန်တော်
ဇွဲမလျော့ပါသိမ့်
ဆက်တိုက်ရဖို့ တိုက်ပွဲအတွက်
အားသစ်တဖန်ပြန်မွီး
ဒါးသွီးလျှက်ပါ --။ ။

သာလှဦး
(23/2/99)