Monday, June 30, 2008

သားဖနှစ်ယောက်နှင့်မြင်းတကောင်

အယင်ကခါ သားဖနှစ်ယောက် မြင်းရောင်းရန် မြို့သို့တက်လတ်သည်။ သားဖနှစ်ယောက် မြင်းကိုမစီး ကြိုးဆွဲပြီး ခြီကျင်လျှောက်လာသည်။ မြို့ထဲတနီရာရောက်သောအခါ မြင်းကိုမစီးကြိုးဆွဲလာသော သားဖနှစ်ယောက်ကိုလူအများမြင်သည်။ ထိုအခါ (ဇာလောက်ရူးလဲ ကြည့်။ မြင်းကိုမစီးကြိုးဆွဲလို့ လမ်းလျှောက်ကတ်တေ။ လကားပင်ပန်းခံရေ၊ အရူးတိ။) ဟုအပြစ်တင်ကြသည်။ ထိုကြောင့် အဖသည်က (မောင်ကြီးမြင်းစီး၊ ငါကြိုးဆွဲမည်)ဟု ဆိုသည်။

သို့ဖြင့် ညောင်တပင်အောက်၌ အလာပသလာပ ပြောဆိုလျှက်ထိုင်နီသောလူတအုပ်နား ဖြတ်လျှောက်လတ်သည်။ သားကမြင်းစီး၊ အဖလမ်းလျှောက်လာသည်ကိုမြင်သောအခါ တယောက်က (အခုခေတ်မှာ လူကြီးကိုလူငယ်အားမနာ၊ အရေးမထား၊ မလေးစား။ အားကောင်းမောင်းသန်သားသည်က မြင်းစီးလို့၊ အဖ၀ါကြီးကျ မြင်းဆွဲခိုင်းထားရေ။ ကောင်းကောင်းဆိုးရေ။ အဖမြင်းစီးလို့ သားကလမ်းလျှောက်ရဖို့မနား)ဟု ပြောသည်။

ထိုစကားကိုကြားသောအခါ သားမြင်းအောက်ဆင်း၍ အဖကမြင်းစီးသည်။ သို့ဖြင့် ကလိမ့်မေချေတကျိုင်အခြင်းပြောနီသော နီရာနားသို့ရောက်လတ်သည်။ ထိုအခါ တယောက်က (ဇာပိုင်လူကြီးလဲချင့်။ သားကို လမ်းလျောက်ခိုင်းလို့ ကိုယ်ကျမြင်းစီးပနာ၊ ကကောင်းဟုတ်တေ။ အမှန်ဆို နှစ်ယောက်လုံးမြင်းစီးလားကေ ဇာဖြစ်တေလဲ)ဟု ဆိုသည်။ ထိုအခါ အဖက သားကိုပါ မြင်းထက်တက်စီးခိုင်းသည်။

တနီရာသို့ရောက်သောအခါ လူတယောက်က (ဒေသားအဖနှစ်ယောက် မြင်းတကောင်ကို နှစ်ယောက်စီးလို့ မြင်းခမာ သနားကောင်းထမန်း၊ မြင်းတကောင်းတည်း၊ လူကနှစ်ယောက်။ အမှန်ဆို မြင်းကိုသူရို့ ထမ်းလားရဖို့)ဟု ဆိုသည်။

ထိုအခါ သားဖနှစ်ယောက် မြင်းကိုအခြီအလက်ပူးချိုင်ပြီး ဘင်းထမ်းထိုး၍ထမ်းသည်။ သို့ဖြင့် တန်းထားတခုထက်သို့ရောက်လတ်သည်။ တန်းထားထက်တွင် ခက်ခက်ခဲခဲမြင်းထမ်းလာသော သားဖနှစ်ယောက်ကို လူအများမြင်သောအခါ (အေပိုင်ရယ်ဖို့ကောင်းစွာ တခါလည်းမမြင်ဖူး၊ အထူးအဆန်း၊ လာကြည့်ကတ်၊ လာကြည့်ကတ်)ဟု ၀ိုင်းရယ်ကြသည်။

ထိုသို့ ၀ိုင်းရယ်သံကိုကြားသောအခါ မြင်းက ကြောက်ကြောက်ဖြင့်ကန်ရုန်းလိုက်ရာ ကြိုးပြတ်၍ ချောင်းထဲသို့ လူးကျလားသည်။ မြင်းရောင်းရန်မြို့တက်လာသော သားဖနှစ်ယောက်လည်း နောက်ဆုံးတွင် ၀မ်းနည်းပက်လက် အိမ်ပြန်လာလတ်ရသည်။

စကားပုံ။ ။ (ဆရာများကေ သားသီရေ။)

(ရွီးပို့သူ ဇုန္ဒတ်ကြီး)

ဂါရီသမားနှင့် ကူနတ်ကယ်နတ်

တရက်နိခါ ဂါရီသမားတယောက်သည် ဂါရီမောင်းယင်း ကျုပ်ကျွံလားသည်။ ဂါရီသမားသည် စိတ်ပျက်ပျက်နှင့် အောက်သို့ဆင်းပြီးလျှင် ကူနတ်ကယ်နတ်၏အကူအညီရလိုရငြား တိုင်တမ်းလိုက်သည်။

(အို ကူနတ်ကယ်နတ်အပေါင်းရို့ အကျွန်ုပ်၏ဂါရီ ကျုပ်ကျွံနီစွာကို တချက်ချေလောက် ကယ်တင်ပီးပါ။)

ကူနတ်ကယ်နတ် နတ်မင်းကြီးလည်း ဂါရီသမား၏လိုင်ခြောင်းသံဖြင့် ဆယ်အိမ်ကြားလှမ်းအော်အသံကိုကြားသည်နှင့် အောက်သို့တချက် ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူကိုယ်တိုင် တခုချေလည်းမရုန်းဘဲ လမ်းဘဲတွင် အေအတိုင်းဆောင့်ခြောင်ထိုင်နီသော ဂါရီသမားငပျင်းထွေကို လှမ်းမြင်သည်။

ထိုအခါ နတ်မင်းကြီးက (အဝေး နွားဂါရီမောင်း၊ မင်းပက်ခုံးကို ဂါရီအောက်မှာအယင်သွင်း။ ပြီးကေတချက် ရုန်းကြည့်အုံ့။ မရခါမှ ငါ့ကိုခေါ်) ဟု အော်ငေါက်လိုက်သည်။

(ရွီးပို့သူ ဇုန္ဒတ်ကြီး)

Friday, June 27, 2008

ကျီးကန်းနှင့် ရီကတောင်း

အခါတပါးတွင် ရီငတ်နီသော ကျီးကန်းတကောင်သည် ရီကတောင်းတခုကို အိမ်မောင်းကာအောက်တွင် ချလျှက်သားတွိသည်။ ကတောင်းထဲတွင် ရီအလတ်လောက်ရာဟိပြီး ကျီးကန်းသည် ရီကိုလှမ်းမသောက်နိုင်ဖြစ်နီသည်။ ကတောင်းကိုမော့သောက်ကြည့်သောအခါတွင်လည်း ကတောင်းသည် အကြီးမသန်ဖြစ်၍ မြှင့်၍မပါ။

ကျီးကန်းလည်း ဇာလုပ်၍ဇာကိုင်ရမှန်းမသိဖြစ်နီဆိုက် ကတောင်းနားတွင် ကျောက်စရစ်ခဲတပုံကို လှမ်းမြင်သည်။ ကျီးကန်းလည်း အကြံရသည်နှင့် ကျောက်စရစ်ခဲတခဲကို ကတောင်းထဲသို့ ထည့်လိုက်သည်။ ယေခါ ကတောင်းထဲကရီသည် တဖဲ့ချေ မြင့်တက်လတ်သည်။ ကျီးကန်းလည်း ကျောက်စရစ်ခဲနောက်တခဲ ထပ်ထည့်လိုက်သည်။ ကတောင်းထဲကရီသည် နောက်ထပ်တဖဲ့ချေမြင့်တက်လတ်သည်။

ယင်းပိုင်နှင့် အနားတွင်ဟိသော ကျောက်စရစ်ခဲအားလုံးကို တခဲပြီးတခဲ ကတောင်းထဲသို့ထည့်လိုက်သည်၊ ကတောင်းထဲကရီသည် ကတောင်းဝသို့တိုင် မြင့်တက်လတ်သည်။ ထိုအခါ ကျီးကန်းသည် ကတောင်းထဲကရီကို အားရပါးရ သောက်ချလိုက်သည်။

(လိုလျှင်ကြံက နည်းလမ်းရ။ ခွန်အားထက် ဥာဏ်အားထက်။)


(ရွီးပို့သူ ဇုန္ဒတ်ကြီး)

ကောက်ရိုးပုံစောင့်ခွီး

တရက်နိခါ ခွီးတကောင်သည် အစာရှာယင်း ညောင်းညောင်းဖြင့် နွားရုံချေတခုအနားသို့ ရောက်ပါလတ်သည်၊ ထိုတွင် ကောက်ရိုးအပြည့်နှင့် နွားစာခွက်တခုကို တွိသည်၊ ခွီးသည် ၀မ်းဆာဆာဖြင့် အိပ်ချင်နီသည်နှင့် နွားစာခွက်ထဲတွင်ပင် ခွီ၍၀င်အိပ်လိုက်သည်၊ ကောက်ရိုးသည်နွီးသဖြင့် ခွီးချေမှာ တခဏအတွင်း ဇိမ်ကျကျအိပ်ပျော်လားပြီး နတ်သမီးငါးရာနှင့် အိမ်မက်မက်နီသည်။

ထိုသို့အိမ်မက်ကောင်းနီဆိုက် နွားချေပေါက်ချလာလတ်သည်။ ၀မ်းဆာဆာဖြင့် သူ့စားခွက်ကို လိုက်ရှာသောအခါ ခွီးချေကို စားခွက်ထဲတွင် အိပ်ပျော်နီသည်ကို တွိရသည်။ ထို့ကြောင့် ခွီးချေကို အိပ်ရာဖယ်ပီးဖို့ နှိုးလိုက်သည်။

(ခွီးချေ ထထ။ ဇာဖြစ်လို့ သူများစားခွက်ထဲမှာ အိပ်နီစွာလဲ။)

ထိုတွင် ခွီးချေအိမ်မက်မက်နီရာမှ လန့်နိုးလာသည်၊။ အပြင်တွင် နတ်သမီးငါးရာကို တွိရဖို့အစား ဂြိုကားကားနှင့် နွားချေကိုရာတွိရသည်။ ခွီးချေမှာ အိပ်မွှားစုံထ နွားချေကို ကိုက်ဖို့ပျင်သည်။ နွားချေကောက်ရိုးစားဖို့ကြံတိုင် ဟောင်လိုက် ကိုက်လိုက်လုပ်နီသည်။

ထိုအခါ နွားချေကပြောသည်။ (အစ်ကိုခွီးချေ ကျွန်တော်အလုပ်ကပြန်ပါလတ်စွာ၊ ကကောင်းပင်ပန်းရေ။ တခုလည်းမစားရသိမ့်။ ၀မ်းလည်းကကောင်းဆာရေ။ ကျွန်တော့်ကောက်ရိုး ကျွန်တော် အီးအီးချမ်းချမ်း စားပါရစီ၊ အစ်ကိုခွီးက ကောက်ရိုးစားစွာလည်းမဟုတ်။ ဇာဖြစ်လို့ဟောင်နီစွာလဲ) ဟု ဆိုသည်။

သို့သော် ခွီးချေမှာ နွားချေစကားကို နားမထောင်။ ဟောင်လိုက်ကိုက်လိုက် လုပ်မြဲလုပ်နီသည်။ ထိုအခါ နွားချေမှာ မာန်ပါပါဖြင့် ခွီးချေဘေးစကို ကျောက်ကန်လိုက်သည်။ ခွီးချေမှာ ၀ါးအပြန်တရာ ရွင့်စိုင်လားသည်။

ကိုယ်လည်းမစား သူများစားစွာလည်းမနာလို ၀န်တိုသောခွီးချေမှာ နံရိုးကျိုး၍ ပြင်းစွာဒါဏ်ရာရလီသတည်း။


(ရွီးပို့သူ ဇုန္ဒတ်ကြီး)

ဂျူပီတာနတ်ဖုရားနှင့် ပျားဘုရင်မ

အခါတပါးတွင် ပျားဘုရင်မတကောင်သည် ဂျူပီတာနတ်ဖုရားကို ပျားရည်လှူရန် စိတ်ကူးပေါ်လတ်သည်။ ယေဇူးနှင့် ပျားဘုရင်မသည် သူ့ပျားအုံထဲက အချိုဆုံးနှင့် အသန့်ဆုံးပျားရည်များကိုစုပြီးလျှင် ဂျူပီတာနတ်ဖုရားဟိရာ အိုလံပစ်တောင်ထိပ်သို့ အရောက်လားလတ်သည်။

ပျားရည်လက်ဆောင်ရသည့်အတွက် ဂျူပီတာနတ်ဖုရားက ကောင်းကောင်းပျော်သည်။ ပျားဘုရင်မကို (ကိုင်း ပျားဘုရင်မ၊ ငါ့ကိုပီးရေ သင့်ပျားရည်အတွက် သင့်ကိုလည်း ငါတခုပြန်လို့ပီးမည်၊ သင်ပဇာကို အလိုဟိရေလဲပြောပါ) ဟု မိန်းသည်။ ယေခါ ပျားဘုရင်မက (အို အသျှင်နတ်မင်း၊ ကျွန်တော်မျိုးမ အလိုချင်ဆုံး အတောင့်တဆုံးက ကောင်းကောင်းအဆိပ်ပြင်းရေ မြှားအပ်တစင်းပါ။ အကျွန့်ပျားအုံမှာ ပျားလာခိုးသောက်သူတိကို ယင်းမြှားအပ်နှင့် ထိုးသတ်လိုပါရေအသျှင်) ဟု ပြန်ဖြေသည်။

ပျားဘုရင်မ၏စကားကိုကြားရသောအခါ ဂျူပီတာနတ်ဖုရားမှာ များစွာစိတ်မကောင်းဖြစ်ရသည်။ ယေဒါလည်း သူ့ကတိအတိုင်း (ကိုင်း ပျားဘုရင်မ၊ သင်လိုချင်ရေ အဆိပ်မြှားကို ငါပီးမည်။ အေမြှားနှင့်ထိုးရေခါ အထိုးခံရရေအကောင်တိ ကောင်းကောင်းဒုက္ခရောက်လိမ့်မည်) ဟု မှာလိုက်သည်။

ပျားဘုရင်မကလည်း ဂျူပီတာနတ်ဖုရားကို ကောင်းကောင်းကျေးဇူးဟိကြောင်းပြောသည်။ ယေခါ ဂျူပီတာနတ်ဖုရားက (အေး ပျားဘုရင်မ၊ အေအဆိပ်မြှားနှင့် ငါ့စကားမဆုံးသိမ့်။ အေမြှားနှင့်အထိုးခံရရေအကောင်တိ ကောင်းကောင်းဒုက္ခရောက်ဖို့စွာမှန်ရေ။ ယေဒါလည်း အေမြှားကို တခါရာသုံးလို့ရရေ။ သုံးပြီးစွာနှင့် သင်လည်းသီရလိမ့်မည်) ဟု မှာလိုက်သည်။

(မကောင်းမှုကိုကြံတိုင်း၊ မကောင်းကျိုးကိုခံရတတ်သည်။) အပုချေရို့သိထားကတ်ရဖို့။


(ရွီးပို့သူ ဇုန္ဒတ်ကြီး)

တောင်သမင်နှင့်အဂြို


အခါတပါးတွင် တောင်သမင်တကောင်သည် ရီသောက်ဖို့ မြောင်သို့ဆင်းပါလတ်သည်။ ရာသီဥတုကကောင်း ရီကလည်းကြိုင်နီသည့်အတွက် သမင်သည် သူ့အရုပ်ကိုသူ ရီထဲတွင် ကြင်းကြင်းလင်းလင်းမြင်ရသည်။

ရီထဲတွင်မြင်ရသည်တွင် သူ့အဂြိုကို အလှဆုံးဟုထင်မိသည်။ စိတ်ထဲတွင်လည်း (အား လှလိုက်တေ ငါ့အဂြို၊ တခါတည်း ခက်မငါးဖြာထွက်ပနာ၊ ငါ့တခန္ဓာလုံး အဂြိုအလှဆုံး၊ ငါ့ခြီထောက်က သိမ်သိမ်ညောင်ညောင်နှင့် ငယ်ရေအထဲမှာ ရှည်ကလည်းရှည်သိမ့်ရေ၊ ကောင်းကောင်းအရုပ်ဆိုးစွာမနား) ဟု တွေးမိသည်။

ယင်းပိုင်နှင့် ရီထဲတွင်မြင်ရသည့်သူ့အရုပ်ကိုကြည့်ပနာ အဂြိုကိုချီကျူးလိုက်၊ ခြီထောက်ကို အသုံးမကျဟုတွေးလိုက်ဖြင့် သမင်သည် မြောင်ထဲတွင် အချိန်အင်တန်ကြာလားသည်။ ထိုတွင် ခြင်္သေ့တကောင်သည် သမင်ကိုမြင်၍ ဖမ်းရန်ချဉ်းလာသည်။ ခြင်္သေ့အပါးသို့ရောက်မှ သမင်ကမြင်သည်၊ ထိုအခါ ကြောက်ကြောက်ဖြင့် သမင်ထွက်ပြီးလားသည်။ ခြင်္သေ့လည်း သမင်နောက် ထပ်ကြပ်မကွာလိုက်သည်။

သမင်သည် ပြားတွင် ခြင်္သေ့ထက်ယင်သော်လည်း တောတွင် ကောင်းကောင်းမပြီးနိုင်။ သူ့အဂြိုသည် ထိုခြုံတွင်ငြိ၊ သည်ခြုံတွင်ငြိဖြင့် နောက်ဆုံး ခြင်္သေ့ဖမ်းမိလားသည်၊ ယေခါမှ (ဂြိုနှင့်ခြီမှာ ဂြိုကို အမွှမ်းတင်ဗျာ၊ ခြီကိုအသုံးမကျ) ဟု ငါထင်မှတ်မှားခသည်။ မှားလီစွတကားဟု နောင်တကြီးစွာရလီသတည်း။

ထိုနည်းတူစွာ အကျွန်ုပ်ရို့သည်လည်း (အဖိုးတန်မှန်း မတန်မှန်းမသိ} အမွှမ်းတင်တတ် မှားတတ်ပါသည်။

(ရွီးပို့သူ ဇုန္ဒတ်ကြီး)

Thursday, June 26, 2008

ဘီဟာရီမသား

ပါးစက ပြောလာစွာက
တော်လှန်ရေးစကား --။

လုပ်နီစွာက ကုန်းကွထား
ဘီဟာရီမသား ၀မ်းဖားဖား --။

(သာလှဦး)

Friday, June 20, 2008

ဝက်ထီး

ဝက်ကိုအစာကျွေးစွာ
ချစ်လို့မဟုတ်ပါ --။

ခြံထဲက ၀က်ကို
ပိုးပိုင်မွီးစပ်
နိစိုင် အစာကျွေးကတ်တေ --။

ဝက်ကြီးက
တနိထက်တနိ
တရက်ထက် တရက်
ထီးထီးလာရေ --။

ရီချိုးဗျာယ်
ခါးသပ်ပီးကေ
(၀က်ထီး) က
ကကောင်း ကျေနပ်နီရေ --။

သံဝေဂရစရာ
အများမကြာ
(၀က်ထီး) ကို လှံနန့်ထိုးခါ
ကျွီးလိုက်တေ ၀က်
ကမ္ဘာပျက်ယှောင် --။

ယပြီးကေ
အသွီးကိုထုတ်
အရီကိုဆုတ်
မီးဖုတ်ကြပ်တိုက်
(၀က်ထီး)
မျက်ဖြူဆိုက်ရပါဗျာယ် --။

နောက်ဆုံး လူတိက
ဝက်သားကို ချက်စားဗျာယ်
ဝက်ဂေါင်းကို
စွပ်ပြုတ်လုပ်ပစ်လိုက်တေ --။

(၀က်ထီး) ဘဝ
ပျက်စီးရပါဗျာ --။

(၀က်ထီး)
ဇာလည်းမတတ်နိုင်ပါဗျာ --။

(သာလှဦး)

Monday, June 16, 2008

ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေး (သို့မဟုတ်) မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း

ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေး (သို့မဟုတ်) မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း
===================================
 
ဝမ်းရေးအတွက်
အသက်ဆက်ဖို့
မရှက်မကြောက်
ဖောက်ပါရသည်
ကတိဟူသော ကျိန်သစ္စာ --။

ထွက်လာခါစ ရဲရဲတောက်
ပါးစက တပေါက်
အခုက လေးငါးခြောက်
ခွံ့ရကျွေးရမလောက်
(ဂြောက်ဂြောက်) နန့်
ဂျောက်ထဲကို ကျောက်သီးချယှောင် --။

စားလည်း ကကောင်းစားနိုင်ကတ်တေ
စာသားပြင်းချေတိကိုကြည့် --။

တိုင်းပြည်အီးအီး မအီးအီး
အရေးမကြီး
ဝမ်းမီးအီးဖို့ အရေးကြီး --။

တိုင်းပြည်ကောင်းစားစား မကောင်းစားစား
သတိမထား
မယားကောင်းစားဖို့ အဓိကထား --။

လူမျိုးချောင်းကျကျ မကျကျ
ကိုယ်ဂွမကျကေ ကျီ --။

(ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေးအတွက်
လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ကျ)

ငုတ်ယင်းပေါ် ပေါ်ယင်းငုတ်
မြုတ်ယင်းလှော် လှော်ယင်းမြုတ်
စင်းပြတ်ပြုတ် --။

ငပျင်းလောင်းလှော်ပိုင်ယှောင်
ကြိုးကမဖြုတ် လှော်ယင်းစစုန်းမြုတ်
တော်လှန်ယင်း
အမျိုးပြုတ်ကတ်လိမ့်မည်သတိထား --။

(မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း)

(သာလှဦး)

သုတေသီ

သုတေသီ
=====
 
သုတေသီဟု
ပညတ်ပြုသော
ဗဟုသုတ
လွန်ကြွယ်ဝသော ဆရာ --။

ကမ္ဘာ့သမိုင်း
ဖြစ်စဉ်တိုင်းကို
ပိုင်းခြားဝေဖန်
တိကျမှန်သော ဆရာ --။

မြန်မာရာဇ၀င်
ကျမ်းစုံလင်ကို
ရင်သတ်မိမော
ဟောပြောနိုင်သော ဆရာ --။

ပိဋကတ်သုံးဖုံ
အလုံးစုံကို
အာဂုံဆောင်လျှက်
နှုတ်ကျက်ရသော ဆရာ --။

ရခိုင်သမိုင်း ရခိုင်စာကျ
လေ့လာကြိုးကုတ်
ဖော်ထုတ်ဖို့ရန်
သူက မိကွန်ဆောင်နီ၏ --။

ဟက္ကရီကျမသား
ဝမ်းဖားဖား

ကားရီကားရား
ဝက်ပိုင်ယှောင်လား
ဝက်ပိုင်ယှောင်စား --။

ဘွဲ့လုံးထီးထီး

ထန်းသီးလုံးထက်ကြီး
ဓပြုတ်သီးထက်ကြီး
(လီးလိုက်တေပင်) ထမ်းလို့မပါ
ကာလနာ --။

မောင်ဂေါက် (ရခိုင်ပြည်)


ပန်းမြတ်သဇင်

ပန်းမြတ်သဇင် - ပန်းသဇင် - သဇင်ပေါ်စ
နှင်းဝီ၀ီကေ - နတ်တော်လ --။

ပြိုင်းတောင်ကျော်လမ်း
ခမောင်းပင်မှာ - သဇင်ပန်း --။

ဆွတ်ခီဆွတ်ခီ
မယ်နှမမှာ - သဇင်ပန်းကိုပန်ရစီ --။

နှမပန်ချင်
ပျိုတိုင်းကြိုက်တေ - ပန်းသဇင် --။

မယ်ကြင်မောင်ဝေ - တက်လို့ဆွတ်ကေ
ရခရေ --။

ပန်းပွင့်သဇင်
မယ့်ဂေါင်းထက်မှာ - လှလို့ပင် --။

တ၀က်ကိုပန် - တတန်နောင်ကျိုး
မြတ်စိန္တေလေ - ညောင်ရည်အိုးမှာ
အပြည့်ထိုး --။

မောင်နှင့်နှမ
သဇင်ပန်းကို - အရင်းတည်
မောင်မယ်နှစ်ဝ
အခါတန် - သင်္ကြန်လမှာ ပေါင်းရပါစီ --။

ဆံတော်ရှင်လေ - စေတီရင်းမှာ
ဆုတောင်းလီလည်း - ဆုတောင်းလီ --။

(ရခိုင်ကျွန်းရွာကဗျာ)
(ရှာဖွေတင်ပြသူ - ခိုင်ဇေယျ)

Thursday, June 12, 2008

ကြက်

ငှက်ဖြစ်ပါလျှက်
မပျံတတ်သော်
သင့်ကိုသူများစားလိမ့်မည် --။

(သာလှဦး)

Monday, June 9, 2008

ပလ္လင်ကောက်ရိုး ဂေါင်းတော်ထိုး

ပလ္လင်ကောက်ရိုး ဂေါင်းတော်ထိုး
(နွားလားဥသဘမ်ာကွန်း)
===============

ဆောက်ကတာရှည် ဖျက်ကေခဏ
ဒေါသလွန်ပွား ရခိုင်သားမှာ
စိတ်ထားမမှန် အကောက်ကြံတတ်
အောက်ခြီလွတ်၏ တနပ်စာကို
လျှာရည်ယိုလို့ မလိုသူ့ကျိုး
အမဲရိုးကို တိုးကတ်လုကတ်
ရန်စောင်တတ်၏ မလွတ်ခြီထောက်
တယောက်သောသူ တက်လတ်မူသော်
ငြူစူငဲ့စောင်း အလိုက်ချောင်းလျှက်
ဖြောင်းဖြောင်းလည်းကျိုး ရိုက်ကာချိုး၏
“အမျိုးသားရေး လွတ်လပ်ရေး” ဟု
ကြွေးကြော်သံလှ မျောက်ပြဆန်တောင်း
ဝမ်းဟောင်းလောင်းဖြင့် ကောင်းကောင်းလှည့်ဖျား
ညာဝါးစား၏ သားမယားဝမ်းဝ
ခါးလှဖို့ရေး သွားကိုဖြဲ၏
ကြဲတဲကြောက်တောက် ဆဲဆိုငေါက်လျှက်
ယောက်ကျားဘသား ၀က်ထီးအားကိုး
အကျင့်ဆိုးသည် သူခိုးအုပ်စိုးလီကုန်သတည်း --။

သူခိုးအုပ်စိုး အကျင့်ဆိုး၍
မကြိုးမစား အင်အားကိုသုံး
လက်ရုံးမာန်ထောင် တကောင်ကောင်ကို
တကောင်ကခတ် တကောင်သတ်ဖြင့်
တကောင်ပင့်၏ အခွင့်ကိုချောင်း
တကောင်ညောင်းသော် တကြောင်းတကန်
တက်လာပြန်၏ ညာဏ်နီညဏ်နက်
ကြံဖန်လျှက်တည်း လက်နက်အားကိုး
သူခိုးဓမြ တိုက်ကြတလီ
ပါတီမုဒိန်း အာဏာသိမ်း၍
ဘိန်းစားလူမိုက် စိုးရဖြစ်ကာ
ပစ်ကတ်သတ်ကတ် ဖြတ်ကတ်သည်မှာ
ဟင်္သာကိုးသောင်း ရရောင်းဆာလျှက်
ပျက်သည့်ပုံပမာ နည်းတူစွာတည့်
ကြံရာခဲခက် လက်နက်ကိုရောင်း
မောင်းတုန်းကိုဖြုတ် အထုပ်ထုပ်၍
တုတ်ကြအယင် တွင်းဆုံးဝင်သည်
ငါ့သျှင်ဒုန်းပေါက်ဆောက်၏တည်း --။

ငါ့သျှင်ဒုန်းပေါက် ၀မ်းယားမှောက်၍
ဆိုက်ရောက်မောင်တော ဖုန်းဆိုးတောမှာ
ကြီးပွားပါသား မြက်ခြောက်စားသည့်
“နွားလားဥသဘ ရာဇဘုရင်
“ပလ္လင်ကောက်ရိုး ဂေါင်းတော်ထိုး” သည်
ဘုန်းမိုးရွာသွန်းဖြိုးလီသတည်း --။ ။

(ရခိုင်ပေါင်းကူး သာလှဦး ရွီးစပ်သည်။)

Wednesday, June 4, 2008

ရွာသူကြီးထုံးဘူး

ရွာသူကြီးထုံးဘူး
========
 
နန်းမြင့်တော်ဝင်
ပန်းသဇင်လျှင်
အပင်ခြီရင်း
ကြွီသက်ဆင်းလျှက်
မ၀င်းမပြောင်
အရောင်နွမ်းညှိုး
ညှာတံကျိုးလို့
ဘ၀မိုးမှောင်ကျလားခဗျာ --။

လမ်းဘေးက သဇင်ပန်း
ထိုခေါက်ရမ်းကို
ထိုလူနမ်း ဒေလူခြွီ
ဒေလူမွှီ ထိုလူကျုံး
(ရွာသူကြီးအိမ်က) ထုံးဘူးပိုင်ယှောင် --။

ညဥ့်လုံးပေါက်
လျှမ်းလျှမ်းတောက်
မာကျူရီမီးလုံးများအောက်
အရောင်နွမ်းပျောက်
နယူးယောက်မှာ ဒူးထောက်
သဇင်ပန်းခြောက် --။ ။

(သာလှဦး)

Saturday, May 31, 2008

သင်္ကြန်နဖူးစာ

ပျိုနှမရို့စုရုံးဗျာယ် ၀ိုင်းဖွဲ့လို့ဆိုကတ်ပါရေ
ပျိုနှမရို့စုပေါင်းဗျာယ် ၀ိုင်းဖွဲ့လို့ကကတ်ပါရေ

လှပါရေ အ၀တ်အစားဆင်တူညီညီ
ဆံထုံးမှာက ပိတောက်ပန်းကိုယ်စီကိုယ်စီ
နှခွမ်းဆို့နန့် မိတ်ကပ်နီနီ
နှိမ်းလို့ ယိမ်းကလို့ မောင်ရို့ကို စောင့်ကြိုသည် --။

ရိုးရာစိုင်လာ ရခိုင့်အတာသင်္ကြန်မှာ
ရီလောင်းလို့ပျော်ပါး ချစ်စကားရို့ဖွင့်ပြော
သဘောရိုးရိုး စိတ်မဆိုးပါ --။

ပြောပြောလိုက်ပါ ချစ်ချစ်ကြောင်းကို
သင်္ကြန်ရက်အတာမှာ သင်္ကြန်နဖူးစာ --။

(ဖွင့်ပြောလိုက်ပါ ချစ်တေအကြောင်းကို ရင်ထဲမှာ မျိုမထားကဲ့
အေပိုင်လှရေ အကောင်မချေတိ ဒေတသက်မှာ တခါလည်းမတွိဖူး
ပန်းပီးကေ လက်ခံပါဝေ ချစ်တေဆိုစွာ အေရာမနား)

တနှစ်တခါ သင်္ကြန်ကျ ရီလောင်းဖို့မောင်ရောက်လာရေ
ချစ်ကြိုက်တေ မိတ္တာစကားကို အလေးထားလို့ လက်ခံပါဝေ။

ချစ်တေကြိုက်တေဆိုကေ လက်ခံပါမည်
ကတိသစ္စာတည်မည်စကားကို မရီးရို့ကကြားချင်ပါရေ။

ချစ်တူကိုယ်တူ သက်ဆုံးတိုင်ပေါင်းကတ်ပါမည်လေး။

Thursday, May 29, 2008

ကျားချေ (နှင့်) နွားချေ ဝတ္ထု

အယင်ကခါ ကျားချေတကောင်နှင့် နွားချေတကောင် အဆွေခင်ပွန်းဖြစ်ကတ်သည်။ အရေးအကြောင်းကျလျှင် နွားချေကို ကျားချေကကူညီရန် ကတိဟိသည်။ တောခွီးများရောက်လာလျှင် ခလောက်ခေါက်ဖို့မှာထားသည်။ ခလောက်သံကြားလျှင် နွားချေဒုက္ခရောက်နီဗျာယ်ဖြစ်ကြောင်း ကျားချေကသိသည်။

တရက်နိခါ နွားချေက ကျားချေကို စိတ်စမ်းချင်စိတ်ပေါက်လာသည်။ ကျားချေက ငါ့ကို အဂယင့် ခင်စွာလား။ သူ့စိတ်ကိုသိချင်သည်။ မိတ်ဆွေစစ်မစစ်ကို စိတ်စမ်းကြည့်မှသိဖို့။ ထိုသို့အကြံရသည်။ ထို့ကြောင့် တရက်နိ တောစိုင်ယောင်လျှက် အစာစားနီစဉ် တောခွီးများမလာဘဲ ခလောက်ခေါက်လိုက်သည်။

ကျားချေမှာ နွားချေဒုက္ခရောက်ပျာယ်အထင်ဖြင့် ချက်ချင်းအပြီးရောက်လာသည်။ သို့သော် နွားချေမှာ အရိပ်ကောင်းကောင်းညောင်ပင်အောက်တွင် ကောက်ရိုးကိုဝမ်းတင်းအောင်စားပြီး အိပ်နီသည်။

ထိုအခါ ကျားချေကပြောသည်။ အဆွေနွားချေ။ ငါက အသင်ဒုက္ခရောက်ပျာယ်ထင်လို့ နီပူထဲမှာပြီးလာရသည်။ အသင်က ကောက်ရိုးစားလို့အိပ်နီသည်။ တောခွီးတိမရောက်ဘဲ ဇာဖြစ်လို့ ခလောက်ခေါက်စွာလဲ။

ထိုအခါ နွားချေက ကောက်ရိုးခြောက်ကို စမုံ့ပြန်လျှက် ကြဲစီကြဲစဲ ပြန်ပြောသည်။

မဟုတ် အဆွေကျားချေ။ အသင် ငါ့ကို အဂယင့် ခင်မခင်သိချင်လို့ စိတ်စမ်းကြည့်စွာ။ အသင် ငါ့ကို အဂယင့်ခင်စွာသိရလို့ ကကောင်းဝမ်းသာရေ။ နီပူထဲမှာပြီးလာရစွာ ညောင်းရေလား။ တအောင့်နားလို့ အဖန်ရည်တတုတ်သောက်လိုက်အုံ့။

ကျားချေမှာ နဖူးကချွေးကို တောက်လျာပိုင်းနှင့်သုတ်လျှက် နွားချေပီးသော အဖန်ရည်ကိုသောက်၍ အညောင်းဖြေသည်။

ကျားချေ မာန်မပါကဲ့နန်း။ ငါက ကျားချေစိတ်ကို သိချင်လို့ စိတ်စမ်းစွာ။ နွားချေက ချော့သည်။

မာန်မပါ နွားချေ။ အရာတခါ အေပိုင်မလုပ်ကဲ့။ ပြီးလာရစွာ ပင်ပန်းရေ။ အလုပ်ကြုံးရေ။ ငါ့မှာ အလုပ်တိကို အေအတိုင်းပစ်ထားခရရေ။ အလုပ်မပြီးကေ အိမ်သျှင်ကမာန်ပါဖို့ဟု ကျားချေကပြောသည်။

နွားချေမှာ ကျားချေကို ဆပ်ချလိုက်ရ၍ ကကောင်းကျေနပ်နီသည်။ ကျားချေ အညောင်းဖြေပြီး တအောင့်ကြာသောအခါ အလုပ်ဟိရာပြန်လားသည်။ နွားချေမှာ ဝမ်းဖောင်းဖောင်းဖြင့် ကောက်ရိုးခြောက်ကိုစားလျှက် ညောင်ပင်အောက်၌ အိပ်ကျန်လိုက်သည်။

နောက်တခါ နွားချေမှာ ကျားချေကို သံသယဖြစ်ပြန်သည်။ တခေါက်စိတ်စမ်းစွာနန့် ကျားချေအတွင်းစိတ်ကိုမသိနိုင်။ အပြင်က ချစ်ကွန်ဆောင်စွာဖြစ်နိုင်ရေ။ နောက်တခေါက် စိတ်စမ်းကြည့်မှ အတွင်းစိတ်ကိုသိရဖို့ဟု အကြံဖြစ်သည်။ ထို့ကြောင့် နွားချေမှာ တောခွီးများမရောက်လာဘဲ ခလောက်ခေါက်လိုက်ပြန်သည်။ ကျားချေမှာ အယင်ကအတိုင်း အပြီးရောက်လာသည်။ နွားချေကို ဝမ်းဖောင်းဖောင်းဖြင့် ညောင်ပင်အောက်၌ အိပ်နီသည်ကို တွိရသည်။

အဆွေနွားချေ တောခွီးတိမရောက်ဘဲ ဇာဖြစ်လို့ ခလောက်ခေါက်စွာလဲ။

မဟုတ် ကျားချေ။ ငါက အသင်ကျားချေစိတ်ကိုသိချင်လို့ စမ်းကြည့်စွာ။ ညောင်းရေလား အဖန်ရည်တတုတ်သောက်လိုက်အုံ့ဟု လောကဝတ်စကားဆိုသည်။

ကျားချေမှာ နွားချေပီးသော အဖန်ရည်ကိုသောက်၍ အညောင်းဖြေသည်။

နွားချေ ငါပြောထားရေမဟုတ်လား။ အေပိုင်မလုပ်ကဲ့။ အလုပ်ကြုံးရေ။ နွားချေမှာ ကြဲစီကြဲစဲ ရယ်နီသည်။ အယင်ခေါက်ကလည်း ငါ အိမ်သျှင်ဘားမှာ အဆဲကျရေ။ ငါက နွားချေ အဂယင့် ဒုက္ခရောက်ပျာယ်မှတ်လို့ လိုက်ပါလတ်စွာ။ နွားချေကို ဝမ်းဖောင်းဖာင်းနန့် အိပ်လို့ရာတွိရေ။

မာန်မပါကဲ့ ကျားချေ။ ငါက ချစ်လို့စိတ်စမ်းစွာ။ မိတ်ဆွေဆိုကေ မာန်မပါရမဟုတ်လား။ မာန်ပါရေဆိုကေ မိတ်ဆွေမဟုတ်။ အကွန်ဆောင်စွာ။ နွားချေက ကျားချေပြောဖို့ စကားကို အပြန်ကော့ပြောသည်။

မဟုတ်နွားချေ မာန်ပါလို့ပြောစွာမဟုတ်။ အလုပ်ကြုံးလို့ အိမ်သျှင်ဘားမှာ အဆဲကျလို့ပြောစွာ။ နွားချေမာန်ပါရေဆိုကေ ငါစိတ်မကောင်း။ ကျားချေမှာ နွားချေကို အပြန်ချော့ရသည်။

မာန်မပါ ကျားချေ။ ကဇာတ်စွာရာ။ နွားချေက ပြန်ပြောသည်။

တရက်နိ နွားချေ ကောက်ရိုးစား၍ ဝမ်းဖောင်းဖောင်းဖြင့် ညောင်ပင်အောက်တွင်အိပ်နီဆိုက် တောခွီးတရွီရောက်လာသည်။ တကောင်က နွားချေကန်ကောက်ကို ကိုက်သည်။ နောက်တကောင်က လိုင်ဖင်းကိုကိုက်သည်။ တကောင်က ဝမ်းကိုဖောက်သည်။ နွားချေမှာ ကြောက်ကြောက်ဖြင့် ကျားချေကြားအောင် ခလောက်ခေါက်သည်။ ကျားချေကြားသော်လည်း နွားချေကြီစပ်သည်အထင်ဖြင့် ရောက်မလာ။ အလုပ်ပြီး၍ လားကြည့်သောအခါ ညောင်ပင်အောက်၌ ဝမ်းဟောင်းလောင်းနှင့် လစန့်ကောင်နီသော နွားချေကိုတွိရသည်။

ဤတွင် ကျားချေနှင့်နွားချေဝတ္တုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိ ဆက်ပြောပါလီ။

Monday, May 26, 2008

ညီညွတ်ရေးကို ချစ်တေဆို

ညီညွတ်ရေးကို ချစ်တေဆို
မင်းသမီးအပျိုမချေကို
ဂင်တိုတို လူဘိန်းစားနန့်
ထိမ်းမြားနိုင်ဖို့လား --။

ညီညွတ်ရေးကို ချစ်တေဆို
မင်းရို့အိမ်ကို ဓမြတိုက်
မင်းဖလိုင်ဖင်းကို ဒါးနန့်ခွတ်
လူသတ်ဓမြကောင်နန့်
မင်းသမီးဘုတ်ဆုံမကို
ပီးစပ်နိုင်ခန့်လား --။

ညီညွတ်ရေးကို ချစ်တေဆို
အစာဖြစ်လို့ မင်းမယားကျောက်ပေါက်မကို
အိမ်ပေါ်ထက်က နှင်ချရေလဲ --။

လင်မျှောင်ထားခါ
အသဲနာသည်
ဈီးကိုပြီးလီ ညီညွတ်ရေး --။

သာလှဦး
(21/11/2007)

Monday, April 21, 2008

ကန္တာရလူသား

တယောက်တည်းသင်္ကြန် (နှင့်) ကန္တာရလူသား
========
ရီမဲ့ငါး
ရီမစွတ်သော သင်္ကြန်
ရီယှားသော ဆော်ဒီအာရေဘီးယားနိုင်ငံပိုင်
ကိုယ့်ဘ၀က
ခြောက်သွိလှပါရေ --။

(သာလှဦး)

Wednesday, April 9, 2008

တိုက်ကြက်ဖနှစ်ကောင်

တိုက်ကြက်ဖနှစ်ကောင်
 ============
တိုက်ကြက်ဖနှစ်ကောင်
တကောင်က မြန်မာယောက်ဖ
တကောင်က ကုလားယောက်ဖ
တကောင်နှင့် တကောင်ခွတ်
အိမ်သျှင်က အမြင်ကပ်
နှစ်ကောင်စလုံးကို သတ်လို့စား --။

(သာလှဦး)

Monday, April 7, 2008

တတိယမြောက်ဦးခေတ်အလယ်ပိုင်း ရှိဟောင်းငွေသားဒင်္ဂါးများ (Break Point) (5)

မဟာဝိဟိံက ရက္ခပူရဓည၀တီပြည်ကြီးတွင် ထီးနန်းကနက် စဉ်ဆက်ဖြန့်မိုးအုပ်စိုးတော်မူသော မင်းများအပေါင်းရို့တွင် ယခုဖေါ်ပြလတ္တံ့သော တတိယမြောက်ဦးခေတ်အလယ်ပိုင်းအတွင်းတွင် ခေတ်အလျှောက်သုံးစွဲကြကုန်သော ငွေသားဒင်္ဂါးဟောင်းများကို အနည်းငယ်မျှဖော်ပြလိုသောစိတ်ထားဖြင့် ရခိုင်သားများဗဟုသုတ ရစီခြင်းငှာလည်းကောင်း၊ တိမ်မြုပ်ပျောက်ကွယ်နီသော သုခုမပညာရပ်များ ပေါ်ထွက်ထွန်းကားလာစီခြင်းငှာလည်းကောင်း ကြိုးစားရှာဖွေစုဆောင်းကာ ဖော်ပြရပေသတည်း။

တတိယမြောက်ဦးခေတ်အလယ်ပိုင်းဟူ၍ ခေါင်းစဉ်တပ်ပြီးလျင် စီစဉ်ရွီးသားရခြင်းမှာ သက္ကရာဇ် (၉၇၄) ခု သီရီသုဓမ္မာရာဇာလက်ထက်တွင်သုံးစွဲခသော ငွေသားဒင်္ဂါးဟောင်းကို အစပြုပြီးလျှင် ရွီးသားဖော်ပြရခြင်းကြောင့် တတိယမြောက်ဦးခေတ်အလယ်ပိုင်းဒဂ်ါးဟူ၍ ခေါင်းစဉ်တပ်ရခြင်းဖြစ်ပါသည်။ ပဇာကြောင့် (တတိယမြောက်ဦးခေတ်) ခေါ်တွင်ရသနည်းဟူမူကား သက္ကရာဇ်(၄၄၉) ခုနှစ်တွင် ပထမမြောက်ဦးမြို့ကို တည်ထောင်တော်မူ၏။ ၄င်းသက္ကရာဇ်မှာ ခဆပဉ္စကိန်းကိုဖြို၍ ရွီတွက်လာသော ယခုကောဇာသက္ကရာဇ် အတွင်းတွင်ဖြစ်သည်။ (ဒုတိယမြောက်ဦးမြို့) ခေါ်တွင်ကြောင်းကား သက္ကရာဇ် (၇၉၂) ခုတွင် မင်းစောမွန်ကြီးသည် ဒုတိယမြောက်ဦးမြို့ကို တည်တော်မူသောကြောင့် ဖြစ်သည်။ (တတိယမြောက်ဦးမြို့) ခေါ်တွင်ကြောင်းကား သက္ကရာဇ် (၈၉၃) တွင် ဘ၀သျှင်မင်းဗာကြီးသည် တတိယမြောက်ဦးမြို့ကိုတည်တော်မူသောကြောင့် (တတိယမြောက်ဦး) တွင်သည်။ ၄င်း တတိဟမြောက်ဦးမြို့တည် မင်းဗာကြီး သက္ကရာဇ်(၈၉၃) မှအစ သက္ကရာဇ် (၉၇၄) ခုတွင်မြောက်ဦးမင်းဆက်အလယ်ပိုင်းသို့ကျရောက်နီပြီးဖြစ်သောကြောင့် မြောက်ဦးခေတ်အလယ်ပိုင်းဟူသော နာမကို ပီးရခြင်းဖြစ်သည်။

ယခုဖော်ပြပါဒင်္ဂါးပုံ (၁) ပုံမှာ သက္ကရာဇ် (၉၇၄) ခု သီရိသုဓမ္မာရာဇာမင်း လက်ထက်တွင် သုံးခသော ဒင်္ဂါးဖြစ်သည်။ ပုံ(၂) သက္ကရာဇ်(၁၀၀၀) နရပတိမင်းကြီး။ ပုံ(၃) သတိုးမင်းတရား။ ၄င်းမင်းကိုဖွားမြင်သောအခါက နက္ကဒါန်ထီးဖြူ အလိုလိုပွင့်သောကြောင့် (ထီးဖြူပွင့်မင်း) ဟုခေါ်၏။ ထို့ကြောင့် ၄င်းမင်းလက်ထက်သုံးစွဲသော ဒင်္ဂါးတွင် ကနက္ကဒါန်ထီးဖြူပွင့်ဟန် ဆွဲလွဲချရွက်သဏ္ဍာန်တွဲကျဟန် အနားရစ်ဖြင့် သွန်းလုပ်သည်။။ ပုံ(၄) စန္ဒသုဓမ္မရာဇာ သက္ကရာဇ် (၁၀၁၄) ၄င်းမင်းလက်ထက်တွင် (ဆင်ဖြူသခင်၊ ဆင်နီသခင်) ဟူသောဘွဲ့ကိုပယ်၍ (ရွှေနန်းသခင်) ဟူသော ဘွဲ့ကိုရာ ခံယူသည်။

ပဇာကြောင့်ဆိုသော် ၄င်းမင်းလက်ထက်တွင် ဆင်ဖြူတော်၊ ဆင်နီတော်ရို့ ကွယ်ပြီုးဖြစ်သောကြောင့် ဘ၀သျှင်မင်းဖလောင်းကြီးတည်ဆောက်တော်မူသော ရွှေစင်အတိ ခင်းစီအပ်သည့် အထွဋ်တော်မှန်ကင်းမှသည် မြီထဲ အုတ်မြစ်အစတိုင်အောင် ရွှေသားအတိပြီးသော နန်းမဆောင်၏ဗဟိုဆောင် တော် ရွှေအိမ်ကွမ်းပြောက်ကြီးကို ဂုဏ်ယူသည့်သဘောအားဖြင့် (ရွှေနန်းသခင်) ဟူသောဘွဲ့ကို ခံယူသည်။ ပုံ(၅) စန္ဒ၀ိဇယရာဇာ သက္ကရာဇ် (၁၀၇၁)။ ပုံ(၆ ) သက္ကရာဇ် (၁၀၉၃) ခုစန္ဒသူရိယရာဇာ။ ပုံ(၇) သက္ကရာဇ် (၁၁၉၉) မဒ္ဒရာဇ်ရာဇာ။ ပုံ(၈) သက္ကရာဇ် (၁၁၀၉) အဘယရာဇာ။ ပုံ(၁၀) သက္ကရာဇ်(၁၁၃၅) စန္ဒသုမနရာဇာ။ ပုံ(၁၁) သက္ကရာဇ် (၁၁၄၄) ခု စန္ဒပရမရာဇာ။ ပုံ(၁၂) သက္ကရာဇ် (၁၁၄၆) ခု အမရပူရ ဆင်ဖြူများသျှင်နိုင်ငံ။ ဤကဲ့သို့ မိမိ၏ဂုဏ်ထူးဘွဲ့ထူးများကိုခံယူကာ ငွေသားဒင်္ဂါးတွင် ဘွဲတံဆိပ်ခတ်နှိပ်ကြကုန်သည်။

တတိယမြောက်ဦးခေတ်အလယ်ပိုင်းတွင် သုံးစွဲသောဒင်္ဂါးများတွင် အစပိုင်းဒင်္ဂါးရို့မှာ မင်းဆက်ပေါင်း (၄၉) ဆက် ငွေဒင်္ဂါးအမျိုးပေါင်း (၄၉) မျိုး ဟိရမည်ဖြစ်ရာ နန်းသက်တိုသော မင်းအချို့ ဒင်္ဂါးခပ်နှိပ်ရန် မရကြကုန်။ မင်းဆက် (၄၀) ဆက် ငွေဒင်္ဂါး (၄၀) ပြားမျှရာ တွိရသည်။ ၄င်းဒင်္ဂါးရို့မှာ စုဆောင်းထားခသော်လည်း အင်္ဂလိပ်ဂျပန် ဒုတိယကမ္ဘာစစ်ကြီးအတွင်း စစ်ဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းခသည်ကတရပ်၊ မြောက်ဦးခေတ်အလယ်ပိုင်းအတွက်မျှရာ ဖော်ပြလိုသည်ကတကြောင်း ဤသို့သောအကြောင်းများကြောင့် ဤ (၁၂) ဆက်သော မင်းစဉ်ဒင်္ဂါးများကိုသာလျှင် ဖော်ပြရပေသတည်း။ နောင်ခေတ်ကာလအလျှောက် အလျဉ်းသင့် ဆက်လက်ဖော်ပြပါဦးမည်ဟု အာသီသဟိခပါကြောင်း။

ဓည၀တီပြည်တွင် ဦးစွာအစ ဒင်္ဂါးပေါ်ပေါက်လာရခြင်း အကြောင်းရင်းမှာ အနောက်မဇ္ဈိမနီဝင်တရိုး တိုင်းကြီးပြည်ကြီးအပေါင်းနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် လှည့်လည်သုံးစွဲခြင်းအလို့ငှာ ရွှေ၊ ငွေ၊ ကြီး ဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲကြကုန်သတည်း။ ပဇာကာလမှ စတင်ဖြစ်ပေါ်သနည်းဟူမူ ရာဇ၀င်ဝါသနာထုံသူရို့သည် ရှိအကျဆုံးဖြစ်သော မြို့တော်ဟောင်းများသို့ လိုက်လံရှာဖွေကြသောအခါ ရခိုင်ပြည်တွင် အဟောင်းဆုံးဒင်္ဂါးခေါ် ဆတ်တံဆိပ်ဒင်္ဂါးများကို တွိသည်။ အချို့သော ရာဇ၀င်ဆရာရို့က ၄င်းဒင်္ဂါးကို (မာရာယုဒင်္ဂါး) ဟု အယူအဆရှိကြသည်။ ဒင်္ဂါးတွင်လည်း စာပီအက္ခရာ အမှတ်အသား တစုံတခုမှမပါ။ ဆတ်ရုပ်တခုတည်းသာလျှင် ခပ်နှိပ်လျှက်ပါဟိပြီးလျှင် ဒင်္ဂါး၏အနားနှင့်အသားပြင်ရို့မှာ ပွန်းပဲ့ပျက်ပြိုလုခန့်ဖြစ်နီသည်။ အဟောင်းဆုံးဒင်္ဂါးတော့မှန်ပါ၏။ သက္ကရာဇ် နိစွဲမပါ၍ မဝေခွဲနိုင်။ သို့သော် ရာဇ၀င်သက်ကြီးရို့က ထင်မြင်ချက်တခုပီး၍ ရွီးသားမှတ်တမ်းတင်ထားခသည်မှာ ပဉ္စမမြို့တော် မဉ္စူသိမ်မင်းသည် (ခေတ္တသင်လည်းခေါ်၏) ဆတ်တံဆိပ်ခပ်နှိပ်အပ်သော ဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲဖူးကြောင်း ရာဇ၀င်ဟောင်းကျမ်း၏ ထွက်ဆိုချက်အရ ဟုတ်လိမ့်နိုးဖြင့် မဉ္စူသိမ် (ခေတ္တသင်) ခေါ် (တိုင်းချစ်မင်း) လက်ထက်တွင် သုံးစွဲကြောင်းဟူပေ၏။

သို့သော် ပထမဖော်ပြရင်း မာရာယုဒင်္ဂါးလည်းလွန်လွန်းသည်။ ပဇာကြောင့်ဆိုသော် မာရာယုမင်း ဂေါတမဘုရားပွင့်တော်မမူမှီ ကာလကပင် ဘိုးတော်အဉ္ဇနနှင့် ကာဠဒေ၀ီလ ရသေ့ရို့ မဖြိုသိမ့်သော သက္ကရာဇ် (၆၀၅၇) တွင် မင်းဖြစ်သောသူဖြစ်သောကြောင့် ထိုခေတ်ကာလအချိန် ဒင်္ဂါးကို မသုံးစွဲကြ။ ရွှေဒိုင်ခွက်ငွေဒိုင်ခွက်များကိုရာ သုံးစွဲကြောင်း ဃောသကသူဌေးကြီးဝတ္ထုကို ထောက်ရှု၍သိနိုင်သည်။ ထို့ကြောင့် ယုတ္တိမထင်ရှားချေ။ မဉ္ဇူသိမ်ခေါ် တိုင်းချစ်မင်းလက်ထက်တွင် ရာဇ၀င်သက်ကြီးရို့ ဖော်ပြကြသည်မှာလည်း နောက်သို့ဆုတ်လွန်းသည်ဟု ထင်ပါသည်။ ပဇာကြောင့်ဆိုသော် ပထမဝေသာလီမြို့တော်ဟောင်းတွင် ရှာဖွေရဟိသော ဒင်္ဂါးအချို့မှာ သက္ကရာဇ် (၁၅၀) ကျော်အတွင်းက ကျရောက်ပြီးလျှင် အက္ခရာစာများမှာလည်း သက္ကဋနာဂရီ၊ အူရဒူ အာရေဗီအက္ခရာသက်သက်ဖြင့်သော်လည်းကောင်း နွားရုပ်လူရုပ်ဖြင့်သော်လည်းကောင်း ခပ်နှိပ်ထုလုပ်၍ တွိရပေသည်။

ထို့ကြောင့် ဖော်ပြပြီးသော ဆတ်တံဆိပ်ဒင်္ဂါးမှာ စာပီမသုံးစွဲမှီကာလကသော်လည်းကောင်း၊ မာရာယုမင်း၏နောက်ဆုံးအဆက်မှသော်လည်းကောင်း ပေါ်ထွက်ဟန်လက္ခဏာရပေ၏။ ထိုစဉ်အခါမှစ၍ ငွေသားဒင်္ဂါး၊ ရွှေသားဒင်္ဂါး ကြီးပြားဒင်္ဂါး သုံးစွဲလာကြသည်။ ယခုဖော်ပြပါ မြောက်ဦးခေတ်အလယ်မှ အဆုံးတိုင်အောင် ဒင်္ဂါးရို့မှာ သီရိသုဓမ္မာရာဇာဒင်္ဂါးတပြားသာလျှင် ရခိုင်စာတဘက် အူရဒူနှင့် ဟိန္ဒူဘာသာရောနှော၍ ခပ်နှိပ်ထားသည်။ နရပတိမင်းအစ မဟာသမတရာဇာအဆုံးတိုင်အောင် ဒင်္ဂါးရို့မှာ (၂) ဘက်လုံးတွင် ရခိုင်အက္ခရာသက်သက်ဖြင့် ခပ်နှိပ်ထားသည်။ ရခိုင်ပြည်တွင် သက္ကရာဇ် (၁၁၄၄) ခုနှစ်နန်းတက်၍ (၁၁၄၆) ခုတွင် နန်းကျသောမဟာသမတရာဇာအဆုံးတွင် အမရပူရဘိုးတော် သိမ်းပိုက်အုပ်စိုးသည်။ ထိုအခါတွင် ဘိုးတော်သည် ငွေသားဒင်္ဂါခပ်နှိပ်သုံးစွဲသည်။ ဤမျှဖြင့် တတိယမြောက်ဦးခေတ်အလယ်ပိုင်းနှင့် နောက်ဆုံးပိုင်းဒင်္ဂါးများအကြောင်းကို အနည်းငယ်ဖော်ပြခြင်းဖြစ်ပေသည်။ ကျန်ဒင်္ဂါးများအကြောင်းကိုလည်း ဆက်လက်ဖော်ပြရန် အာသီသဟိခပါကြောင်း။

(ဦးသာထွန်း)





ဓါတ်ပုံအစစ်အမှန် မြောက်ဦးခေတ်င်္ဒဂါးတချို့




Wednesday, April 2, 2008

Tuesday, April 1, 2008

ဆံပင်ကအမြစ် မုဆိတ်ကထွက် (ဟာသ)


အယင်ကခါ ရွာတရွာတွင် အလွန်ချမ်းသာကြွယ်ဝသော လယ်ပိုင်သျှင်မိသားစုတခုဟိသည်။ ထိုမိသားစုတွင် (မစာဥ) ဟုခေါ်သော အလွန်ချောမောလှပသော သမီးရတနာတဦးထွန်းကားသည်။ တဦးတည်းသောသမီးဖြစ်သဖြင့် အလိုလိုက်၍ မွီးစပ်ထားသည်။ သမီးမှာ ရုပ်ရည်ကလည်းလှပ ငွေကြေးကလည်းပြည့်စုံ အကျင့်စာရိတ္တကလည်း ကောင်းမွန်သည်။ ထို့ကြောင့် ထိုရွာတွင် သူမအား ကွမ်းတောင်ကိုင်ဟု အပျိုဖော်ရွယ်များက ခေါ်စမှတ်ပြုကြသည်။ မစာဥသည် သဘောလည်းအလွန်ကောင်းသည်။ ရွာတွင်အလှုဟိလျှင် သူဌေးသမီးဆိုပြီး မာနတက်မနီတတ်။ ရီခတ်၊ အိုးတိုက်အောက်ခြီသိမ်းက ၀င်ရောက်ကူညီလုပ်ကိုင်တတ်သည်။ သူမ၏အားနည်းချက်မှာ (၈) တန်းနှင့် ကျောင်းထွက်လိုက်ရခြင်းဖြစ်သည်။

ဤသည်မှာလည်း သူမ၏အားနည်းချက်မဟုတ်ပေ။ ရွာတွင် အထက်တန်းကျောင်းမဟိသဖြင့် (၈) တန်းအောင်သောအခါ ကျောင်းဆက်မတက်နိုင်ဘဲ ကျောင်းထွက်လိုက်ရခြင်းဖြစ်သည်။ မိဘများကလည်း တဦးတည်းသမီးကို မခွဲနိုင်။ မြို့တွင် ကျောင်းအိပ်ကျောင်းစားထားမည်ကိုလည်း စိတ်မချ၊ သူမ၏နောင်ရေးအတွက်လည်းပူစရာမလိုသဖြင့် ကျောင်းဆက်မထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမကို သူ့မိဘများက ပညာတတ်လူငယ်တဦးနှင့် ပီးစားချင်သည်။ သို့မှသာ သူ့မိသားစုတွင် လိုအပ်ချက်တခုပြည့်စုံလားမည်ဖြစ်သည်။ ငွေးရေးကြေးရေး၊ ဂုဏ်ဒြပ်နှင့်ပြည့်စုံပြီး အလွန်ပြည့်စုံပျော်စရာကောင်းသော မိသားစုတခုဖြစ်လာမည်မဟုတ်ပါလား။

သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် သားသမီးများအား သင့်တော်သူနှင့်အိမ်ထောင်ချပီးခြင်းသည် မိဘများ အဓိကခေါင်းကိုက်သော ကိစ္စတရပ်ဖြစ်သည်။ အပြင်ကောင်းပြီး အတွင်းမကောင်း၊ ချမ်းသာပြီးစာရိတ္တမကောင်းသူနှင့် အိမ်ထောင်ချပီးမိလျှင် သမီးချေမှာ တသက်လုံးစိတ်ဆင်းရဲရမည်။ ထို့ကြောင့် ဆင်းရဲချမ်းသာအဓိကမဟုတ် စာရိတ္တကောင်းမွန်ဖို့ ပညာတတ်ဖို့အရေးကြီးသည်။ မိမိရို့ဖက်က ငွေကြေးပြည့်စုံပြီးသားဖြစ်သည်။ ထို့ကြောင့် မိဘများမှာ သမက်လောင်းလိုက်ရှာရသည်။ သမီးသျှင်ဖြစ်နီသဖြင့် တအိမ်ဝင်တအိမ်ထွက် လိုက်ရှာ၍မသင့်တော် လူသျှင်ရိပ်မိမည်ကိုလည်း ထည့်တွက်ရသည်။ ရွာက အခြင်းပြောမည်ကိုလည်း ကြောက်ရသည်။ ထို့ကြောင့် သင့်တော်မည့်လူငယ်လူရွယ်တွိလျှင် အ၀ီးကစောင့်ကြည့်အကဲခတ်ရသည်။ သတင်ပလင်းစုံစမ်းတီးခေါက်ကြည့်ရသည်။ အေသူ ဇာရွာကလည်း ဇာလုပ်တေလဲ။ မိဘက ဇာဇာတိလဲ။ မျိုးရိုးက ပဇောင်ပိုင်ယှောင်လဲ စသည်ဖြင့်ဖြစ်သည်။

များမကြာ ရွာတွင် ကျောင်းဆရာချေတယောက်ရောက်လာသည်း။ ရွာတွင် (ရ) တန်း (၈) တန်းကို သင်္ချာ၊ သမိုင်း၊ ပထီအစုံသင်ပီးရသည်။ အနီအထိုင်သပ်သပ်ယပ်ယပ်နီတတ်သည်။ အရက်မသောက် ဆီးလိပ်မသောက် ဖဲမကဇတ်တတ်။ ကွမ်းပင်မစားတတ်။ ထို့ကြောင့် ထိုသူငယ်အား မစာဥမိဘများက သဘောကျလျှက်ဟိသည်။ လူငယ်အချင်းချင်းလည်း ခင်မင်ရင်းနှီးမှုဟိသည်။ ခင်မင်ရင်းနှီးအောင်လည်း မိဘများက လမ်းကြောင်းပီးထားသည်။ ကျောင်းဆရာချေမ၊ှာ ကျောင်းဆရာပီပီ ပညာအရည်အခြင်းဟိသည်။ အကျင့်စာရိတ္တကောင်းမွန်သည်။ တွေးတောဆင်ခြင်ညာဏ်ဟိသည်။ သူသည် ကျောင်းအားရက်များတွင် တခြားသူများကဲ့သို့ ငါးဖမ်းဖွတ်ရှာ ကျမိကျရာအလုပ်မလုပ်တတ်။ ရွာဘုန်းကြီးကျောင်းသို့လားပြီး တရားနာ ဥပုသ်စောင့် သီလဆောက်တည်လေ့ဟိသည်။ ကျောင်းကအပြန် ရွာဦးထိပ်က ညောင်ပင်အောက်တွင် အအောင့်တပွေ အနားယူပြီးလျှင် တစုံတခုကို အလေးအနက်တွေး စဉ်းစားတတ်သည်။ ထို့ကြောင့် ရွာတွင် သူ့အား (အေကျောင်းဆရာချေ ကကောင်းပညာဟိရေ) ဟု နာမည်ကြီးလျှက်ဟိသည်။

မစာဥ၏အမိအဘများမှာ အခုမှ သမက်လောင်းကိုရှာတွိသည်။ သူများလက်မဦးခင် ကိုယ်ဦးထားမှဖြစ်မည်။ (လင်းတမှာအရိုး လူမှာအိုး) ဟု စကားပုံဟိသည်။ ထို့ကြောင့် ကျောင်းဆရာချေနှင့် သူ့သမီးကို အယင်ပီးစပ်လိုက်သည်။ လူငယ်ချင်းမိတ္တာမျှနီသည်တကြောင်း ကန့်ကွက်ပြဿနာရှာမည့်သူလည်းမဟိ၊ လက်ထပ်ပွဲမှာ လွယ်လွယ်ကူကူအထမြောက်သည်။ ပတ်ဝန်းကျင်အကုန်ရွာကိုဖိတ်ကြားလျှက် ကြီးစွာသောမင်္ဂလာပွဲပြုလုပ်သည်။ ဤရွာတ၀ိုက်တွင် အစည်ဆုံးမင်္ဂလာပွဲဟု ဆိုစမှတ်ပြုကြသည်။ ပွဲတွင် ၀က်သား၊ ကြက်သား၊ ဆိတ်သားအစုံ သင်္ဘောထိုးခြောက်ပါကျွေးသည်။ သင်္ဘောထိုးခြောက်မှာ အခုအခါ အလွန်ယှားနီပြီးဖြစ်သော်လည်း မိဘများက သမီးမင်္ဂလာဆောင်အတွက် မာန်အောင်ကျွန်းက ကြိုတင်မှာယူ စီစဉ်ထားရခြင်းဖြစ်သည်။

မင်္ဂလာဆောင်ပြီး လေးငါးခြောက်လကြာသော်လည်း လူငယ်မှာ ၄င်းပုစ္ဆာအား ခေါင်းကိုက်အဖြေရှာလျှက်ဟိသည်။ အခုထိအဖြေရပုံမပေါ်။ ညောင်ပင်အောက်သို့အလားများလာသည်။ အယင်ခေါက်ကဆိုလျှင် ဘုန်းကြီးကျောင်းကအပြန်မှရာ ညောင်ပင်အောက်ထိုင်ပြီး စဉ်းစားလေ့ဟိသည်။ အခုအခါ ညောင်ပင်အောက်သို့ တကူးတကလားရောက်ပြီး ထိုင်စဉ်းစားလေ့ဟိသည်။ စဉ်းစားချိန်လည်းပိုများလာသည်။ မယားမစာဥမှာ လင်ကိုချစ်သည်ကတကြောင်း ကြောက်သည်ကတကြောင်း ရိုသေသည်ကတကြောင်း။ အကြောင်းများကြောင့် လင်သည်အား ဖွင့်မမိန်းရဲပေ။ အဘာကိုလည်း ဖွင့်မပြောဝံ့ပေ။ သို့သော် အိမ်က ယောက်ခမနှစ်ယောက်စလုံးက ဤအကြောင်းကို ရိပ်မိပြီးဖြစ်သည်။ ဤအကြောင်းသည်လည်း သူ့သမီးနှင့်ပီးစပ်ရခြင်း၏အကြောင်းတချက်ဖြစ်သည်။

သူငယ်မှာ တရက်နိ ၄င်းညောင်ပင်ကြီးအောက်တွင် နိခြင်းကြောင်တောင် ဆောင့်ခြောင်ထိုင်လျှက် ထိုပြဿနာကို အလေးအနက်စဉ်းစားနီသည်။ လက်ကလည်း ရှောက်ခြမ်းစိတ်တခုကို မြီကြီးတွင် ရွီးခြစ်ပြီး ပုစ္ဆာအဖြေကို တွက်နီသည်။ ယောက်ခမကြီးကလည်း ဘုန်းကြီးကျောင်းကအပြန်နှင့်ကြုံသည်။ ထို့ကြောင့် ယောက်ခမကြီးက အေတခါ ကြုံတုန်းကြိုက်တုန်း မိန်းကြည့်မှဖြစ်မည်ဟု အတွက်ရသည်။ ထို့ကြောင့် သူငယ်နားသို့ကပ်လျှက် -

”အဘာငါ့သားမောင်ချေ ဇာဇာစဉ်းစာနီလဲဝေ” ဟု မိန်းလိုက်သည်။ ထိုအခါ သမက်ဖြစ်သူကလည်း ၀မ်းသာအားရဖြေသည်။

”အခင်အခင် ကျွန်တော်စဉ်းစားနီစွာ ကကောင်းကြာဗျာယ်။ အခုမှ စဉ်းစားလို့ရရေ၊”

”ဇာဇာလဲဝေ မောင်ချေ”

”အေမုဆိတ် ဇာကထွက်တေလဲဆိုမှာ ဆံပင်က အမြစ်ရာမနား အခင်”

သားမက်ဖြစ်သူ၏အဖြေကြောင့် ယောက်ခမမှာ ပါးစပေါ်လျှက် နဖူးလက်ခတ်မိတော့သည်။ သမီးသည်မှာ ထမင်းစားဖို့ လင်တော်မောင်ကို စောင့်မျှော်လျှက်ဟိနီလိမ့်မည်။

Sunday, March 2, 2008

ညကစစ်သားသုံးယောက်

ညက မြန်မာစစ်သားသုံးယောက်
ရွာထဲရောက်လာပြီးကေ
ဝက်တောင်း ကြက်တောင်း ခွီးတောင်း
အရက်လည်းတောင်း သောက်ကြူးကတ်တေ --။

နီဝင်ကေ သူသောက်ကြူးရို့
(လက်နက်အားကိုးနန့်)
တယောက်မကျန် မိမ္မချေရို့ကို
မီးပုံဖေါ်လို့ ကခိုင်းရေ --။

ညဥ့်နက်လာကေ
(လူအရိုင်းရို့)
ညီအစ်ကို မောင်နှမကိုလည်းမမှု
အားဓမ္မပြုကျင့်ကတ်တေ --။

ညက မြန်မာစစ်သားသုံးယောက်
ရွာထဲရောက်လာပြီးကေ
အဘာကို (စခန်းတခေါက်လိုက်ခဲ့ပါ) လို့
ခေါ်လားခစွာ
နောက်တရက်မှာ
လက်ပြန်ကြိုးတုတ်
မျက်နှာလည်းချုပ်လို့
ရွာဦးက ဇရပ်ရှိမှာ
ကျားထိုးသတ်လိုက်ကတ်တေ --။

မောင်ကြီးသျှင်ကိုလည်း
ပေါ်တာဆွဲလို့
ချောင်းဖျားခေါ်လားခစွာ
တခါလည်း ပေါ်မလာလီဗျာယ် --။

ကျော်ဝင်းချေ (ပေါက်တော)

Friday, February 22, 2008

လူပျက်မင်းသား

လူပျက်မင်းသား
========

မျက်လှည့်ဆရာ၏လိမ်ကွက်ကို
လူသိလားဗျာယ်ဆိုကေ
မျက်လှည့်ဆရာရေ
ဟာသဖြစ်လားပါရေ --။

မျက်လှည့်ဆရာစွာ
တခါတလီမှာ
မျောက်ကိုလည်း ကခိုင်းပါရေ --။

တခါတလီမှာ
ဘဲရုပ်က
ကြက်ဥ ဥခိုင်းပါရေ --။

ဖဲကိုသုံးခေါက်ချိုးဗျာယ်
ကုလားဖန်ထိုးလိုက်တိုင်း
အားလုံးကုလားရုပ်တိထွက်လာရေ --။

တခါတလီမှာ သူစွာ
ပုလီကိုမှုတ်
ဂါထာတိလည်း မန်းမှုတ်ပါရေ --။

အရာဝတ္ထုတခုကို
လက်ကိုင်ပုဝါချုပ်ပျာယ်
ပြန်ရုတ်လိုက်ကေ
ငှက်ရုပ်ချေ ဖြစ်လားပါရေ --။

ပုဝါကို ပြန်အုပ်
ပြန်ရုတ်လိုက်ခါ
ငှက်ရုပ်ချေ ပျောက်လားပါရေ --။

ပုဝါကိုတဖန်
ပြန်ချုပ် ပြန်ရုတ်လိုက်ခါ
လိပ်ရုပ်ချေ ထွက်လာပါရေ --။

ယင်းခါ ပုရိသာတ်က
တအံ့တသြ သဘောကျဗျာယ်
လက်ခုပ်တိတီး
ဆုချကတ်ပါရေ --။

(ယကေလည်း)
မျက်လှည့်ဆရာ၏လိမ်ကွက်ကို

လူသိလားပျာယ်ဆိုကေ
မျက်လှည့်ဆရာရေ
ဟာသဖြစ်လားပါရေ --။

ပုရိသာတ်က
ကျောက်ခဲပစ်လို့
ထန်းခေါက်ဖာကို
အသာပိုက်ပျာယ်
နောက်ဖေးပေါက်က
ထွက်ပြီးရလီပါရေ --။ ။


(သာလှဦး)

ကျွန်မျိုး

ကျွန်မျိုး
 ===

အိပ်စားကာမ
ဤသုံးဝ
ဘ၀တိရိစ္ဆာန် --။

(သာလှဦး)

အထည်ကြီးပျက်

အထည်ကြီးပျက်
========

ပညာဟိဖြစ်ပြီး
ပညာမဲ့သူကို
ချဉ်ဖတ်ဟုခေါ်သည် --။

ချမ်းသာပြီး
ပွေသာမဟိသူကို
ဖက်ခွက်ဟုခေါ်သည် --။

ဇတ်မြင့်ပြီး
ဇတ်နိမ့်သူကို
ယုတ်ကန်းဟုခေါ်သည် --။

(သာလှဦး)

Sunday, February 17, 2008

အတ္တစီးကြောင်းတလျှောက်


အပိုင်း (၁)

ရာစုနှစ် (၂) လီဖြတ်သန်း

ကန္တရခရီးကြမ်းအောက်
ကျွန်သားပေါက်ဘ၀ ခံစားနီကတ်ရလို့
ဖက်ဆစ်အညစ်အကြေးတိကို
တွန်းလှန်ဖယ်ယှားလိုရေစိတ်
ယိုစီးမှိတ်ကျ ဖြေသိမ့်လို့ပင်မရနိုင်
ကိုယ့်ပြည်ကိုယ့်ကြမ္မာ
ကိုယ်ရို့ ရာ ပိုင်ဆိုင်ချင်
ဘ၀င်မကျနိုင်ရေ
သူ့ကျွန်ဘ၀မြင်ကွင်းထဲ
အဓမ္မပြုကျင့် လုယက်ညှင်းဆဲသတ်ဖြတ်
အသည်းကို လှီးဖြတ်စွာပိုင် အခံရခက်လို့
ဆုံးဖြတ်ချက်ကို အတည်ကိုင်
ယိုင်လဲပြိုပျက်နီရေ ပြည်ကြီးရခိုင်က ထွက်ခွာ
အစိတ်စိတ်အမွှာမွာ ခြီဖျက်ရက်စက်
ဖက်ခွက်ကို လက်နက်စွဲကိုင် တော်လှန်မောင်းထုတ်ခြင်းမှတပါး
တခြားမဟိ ယုံကြည်ခလို့ --။

အပိုင်း (၂)

စရိုက်တူရာ မိတ်ဖြစ်ရာလတ်
ယုံကြည်မှုတူလို့ ဦးတည်ချက်တူရာ စုဖွဲ့
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့အရေး
ညီညာလက်တွဲ ပေါင်းဖက်မိခကေလဲ့
အသျှင်မြတ်နာဂိန္ဒ ထွင်းထုခရေ
မျိုးစောင့်မော်ကွန်းကိုမှ မထောက်မညှာ
ကိုယ်လိုရာ အတ္တချေတခု
အကြောင်းပြုရေ ပဋိပက္ခ
အမှိုက်ကစ ပြဿဒ်ထိအောင်
မီးလောင်ခံကတ်ရရေ သာဓက
တွိခကတ်ဗျာ မဟုတ်လား --။

အပိုင်း (၃)

တော်လှန်ရေးသဘော
အပြောင်းအလဲ တချို့ကြားက
အတ္တမနော ရှင်သန်ကြီးထွားလာရေခါ
တနပ်စာကို တသက်တာထင်ပနာ
ကျွန်ဇာတာကို ဖက်တွယ်ယင်း
ငါ-မှ-ငါ ဒေါမာန်ခင်းလို့ 
အမြင်ချင်းဖီလာ ကိုယ်ထင်ရာခိုကိုး
အမျိုးနန့်သီလကို မျက်ကွယ်ပြု
ညီညွတ်မှုကင်း အချင်းချင်းဗိုလ်ကျသတ်ဖြတ်
ပရမတ်နန့် ၀ီးကွာကတ်ရရေ --။

အတိတ်ကိုပြန်ကြည့်ပါ ဗလင့်
၁၁၄၆ - က ဒေကနိထက်တိုင်
အောင်လံမထူနိုင်ဘဲ
တော်လှန်ရေးတောက်လျှောက်
သီ-သူ-သီ ပျောက်-သူ-ပျောက်
ဇာတ်တူသွီးကိုသောက်လို့ 
ပြည်ကြီးမဏ္ဍိုင် ပြန်လည်နာလံထူနိုင်ဖို့ဆိုစွာ
အမှန်ပင် ဖြစ်နိုင်ဖို့လားယေ ---။

(အဉ္စနလုလင်)

မောင်ဝိုင်းချေ

မောင်ဝိုင်းချေ
=======
 
တဖွဲ့တစင်ထောင်သောသူ
ငသံတွေနှင့်တူ --။

ငသံတွေကို အားပီးလူ
ဘိုးတော်မောင်ဝိုင်းနှင့်တူ --။

(သာလှဦး)

(ရခိုင်ပြည်တော်လှန်ရေးမှာ မောင်ဝိုင်းချေတိများနီသိမ့်လို့ ရခိုင့်တော်လှန်ရေးကြီး ပျက်စီးနီရပါသည်။)

Friday, February 8, 2008

ယခီး (နှင့်) ဗချီး

ယခီး (နှင့်) ဗချီး
=======

ဗချီး ယခီး
လုံးထွီးထွီး --။

ဗချီးအီးပါ
ယခီးနာ --။

ဗချီးအီးပေါက်
ယခီးကြောက် --။

(သာလှဦး)

ယခီး

ယခီး
====
 
ရခိုင်စင်စစ်
ယခီးဖြစ်သည်
အနှစ်နှစ်ရာကျွန်သက်ကြောင့် --။

ယခီးပျော်ပါး
ဝအောင်စားသည်
ဝမ်းကားဖူးရောင်လာသောကြောင့် --။

(သာလှဦး)

Thursday, February 7, 2008

မင်းသားကြီးရွှီဘန်း သီတန်းစာရတု

မင်းသားအမှန်၊ ငါလျှင်ကြံက
နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်
ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာ
ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း
ဘ၀ပြောင်းလိမ့် ---။

ဖြစ်ကြောင်းသံသရာ၊ သတ္တ၀ါရို့
မှန်စွာမချွတ်၊ သူမသတ်လည်း
မလွတ်တခါ၊ သီအံ့ရာတည်း ---။

ကမ္ဘာတာရှည်၊ သူရို့သည်လည်း
အတည်မစိုး၊ ငါမြီတိုးသော်
အရိုးတခါ၊ တွန်လိမ့်ရာ၏ ---။

နောင်လာနောက်လူ၊ ရခိုင်သူရို့
အယူမစောင်း၊ ငါ့လမ်းကြောင်းကို
ကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကို
တခါမုက္ချ၊ ငါရို့ရအံ့ ---။

လုံ့လရှိခံ၊ လိုလျှင်ကြံက
နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်
စွဲမှတ်ဤစာသီတမ်းတည်း ---။ ။

(မင်းသားကြီးရွှီဘန်း)


ဘုရားကိုကျားကိုက်ခြင်း

အယင်ကခါ
ဗလာရွာမှာ
အသေ၀နာဗိုလ်အုပ်ချုပ်တေ --။

တရက်နိ နဂါးငမိုက်
အသေ၀နာခါးပိုက်က
မရွှေဥကို ကျားကိုက်တေဇာတ်
ကပြလတ် --။

တေမိယဇာတ် ကဖို့စွာ
ချက်ချင်းပြန်ပျင်လိုက်ရရေ --။

ကျားကဖို့လူ
ကျားရီယူဝတ်
ကျားဂေါင်းစွပ်ပျာယ်
အလှည့်ကိုစောင့်
ဇာတ်စင်ဒေါင့်မှာအိပ်နီရေ --။

ယလောက်စွာမှာ တယောက်က
ဇာတ်စင်ကိုဓါးနန့်ခွတ်လို့
သိဒ္ဓတ္ထမင်းသား
တောထွက်ခန်း ကဆိုခါ --

ခန္တိကကို ပရုန်းနရုန်းကြိုးတုတ်
တယောက်က မောင်စံလုပ်ပျာယ်
ဇာတ်ခန်းပျင်လို့
မာရ်နတ်တောင်မတားရသိမ့်
ကျားသမား
ပတ်သံကြားစွာနန့်ယူထည့်လိုက်စွာ --

သိဒ္ဓတ္ထ
ကျားကိုက်ခံလိုက်ရရေ --။

ပန် (စစ်တွေ)
ရိုးမမဂ္ဂဇင်း အမှတ် (၃)

Monday, December 24, 2007

အသစ်စက်စက် ရက်

မိုးထ ရောင်နီသန်းဗျာယ်
ငါရို့တိအားလုံးအတွက်
အသစ်စက်စက် ရက်တရက် --။

ညကငိုထားရေ အမိမျက်လုံး
တတွတ်ရဲဗျာ မျက်ရည်တိ စိုနီတုန်း --။

(အားတင်းထားပါအမိ) လို့
ဖြေသိမ့်စကားက လွဲ
တခုလည်းမတတ်နိုင်ရေသားတိကိုယ်စား
ခွင့်လွှတ်ဖို့ တောင်းဆိုပါယင့်။

နီပူဒါဏ်ကြောင့်
နီကြံကြံဆံပင်နန့် ငါ့အစ်မ
ဝမ်းနည်းစရာတိများရေခါ
ဇာကိုဝမ်းနည်းရဖို့လဲမသိလို့
(အကျွန်မငိုအောင် ကျင့်ထားရေ) လတ် --။

မတော်မတရား စော်စော်ကားကား
ယုတ်ကန်းတိ အနိုင်ကျင့်ခံရတိုင်း
တက်ခေါက်အံကြိတ်စွာများလွန်းလို့
ပြုံ့လိုက်တေအခါပင်
တင်းနီရေမျက်ကြောနန့်
ငါ့ပါပါ ငါ့အစ်ကို --။

ရောင်နီသန်းရေ
အသစ်စက်စက် ရက်တရက်ကို
ငါရို့ ဘဇောင်ကြိုဖို့ရောင်--။

(ဇုန်ဒတ်)

Wednesday, December 19, 2007

ဘ၀ဒဿန

ငြိမ်းချမ်းရေ ရွာချေတရွာကြား
ဖြတ်စီးလားရေ ချောင်းကမ်းနားမှာ
ငါးမျှားနီရေကုလချေတယောက်၏ငါးမျှားတံပိုင်
ကျွန်တော်ရေဖြောင့်လည်းဖြောင့် ကောက်လည်းကောက်
လူသားထဲက လူတယောက်ပါ --။

ဝမ်းရေးအတွက်
တနပ်ထမင်းကို ရှာကြံစားသောက်ယင်း
ဘ၀ပယိုင့်ကို ဇလွယ်သိုင်းလို့
အရိုင်းတောနက်မှာ
ကျင်လည်ကျက်စားခရရေ လူတယောက်ပါ --။

ဗုဒ္ဓဘာသာဆိုကေလဲ့
သူတပါးအသက်ကို သတ်ဖြတ်လို့
ပါဏာဋိပါဋာကံကိုလည်း
ကျူးလွန်ဖူးခပါရေ --။

မုသ၀ါဒါကို အဓိပ္ပါယ်မဖွင့်တတ်ကေလဲ့
လိမ်ဝါရေဆိုစွာ
ကျွန်တော်နားလည်ပါရေ --။

အချစ်မှာ ခြီကျွံလို့
အပြစ်တခါးပိုက်နန့်
ဓမ္မသစ်ကျမ်းကိုလည်း
ဖတ်ဖူးပါရေ --။

နားလည်၏ နားမလည်၏
ကျွန်တော်မသိပါ
ဝိပဿနာရှုစားစွာမဟုတ်ကေလဲ့
ဥပေက္ခာပွားများလို့
ကျွန်တော်အိမ်က ထွက်ခွာလားသူပါ --။

နီမကောင်းလို့
စွပ်ပြုတ်ရည် ပူပူတခွက်သောက်ချင်မှ
အိမ်က အမိကို သတိရရေ --။

တော်လှန်ရေးဆိုရေ
အကွေ့အကောက်များရေ
မက္ခရာနယ်မြီထဲသို့ဝင်ရောက်
လမ်းစလည်း ပျောက်ဖူးပါရေ --။

အမှန်တရားအတွက် တိုက်ပွဲဝင်ယင်း
တရားအမှန်ကို ကျွန်တော်မသိခပါ --။

ပျောက်ယင်းရှာ ရှာယင်းပျောက်
ပြောက်ကျားတယောက်လည်း ဖြစ်ဖူးပါရေ --။

(Non-Violence) ကို ကျင့်သုံးရေဆိုခါမှ
ပေါက်ခါနီး မီးတောင် (Volcano) တခုပိုင်
ကျွန်တော့်ရင်ထဲ
ဒေါသတိပိုများလာရေ --။

တိုက်ဖို့ရန်သူက အင်အားကောင်းလို့
ကျွန်တော့မှာ အပ်တချောင်းတောင်မဟိပါ --။

နိုင်ငံရေးပုစ္ဆာကို
အဖြေရှာဖို့ကြိုးစားယင်း
ဝမ်းရေးပြဿနာကို
မဖြေယှင်းနိုင်သူတယောက်ပါ --။

ပဋိပက္ခနန့် ၀ိရောဓိ
အခုထက်ထိ မသေးကွဲ
ဘွဲ့လည်းရဖူးပါရေ --။

သူများကို ဝေဖန်လို့
ကိုယ့်ကျကေ မခံ
တန်ပြန် လျှာလှံနန့်ထိုးသူပါ --။

သတ္တ၀ါရို့သည်
သူတပါး၏ (နှမ်းစိလောက်) အပြစ်ကို မြင်လွယ်၏
မိမိ၏ (ထန်းသီးလောက်) အပြစ်ကို မြင်ခဲ၏ - ဆိုရေ
ဓမ္မပဒဂါထာကို အပြန်တရာ ဖတ်ကေလဲ့
အခုထက်ထိ နှုတ်ကျက်
မရသိမ့်ရေ လူပါ --။

ယေကေလဲ့ ကျွန်တော်
ဇွဲမလျော့ပါသိမ့်
ဆက်တိုက်ဖို့ တိုက်ပွဲအတွက်
အားသစ်တဖန်ပြန်မွီး
ဒါးသွီးလျှက်ပါ --။

သာလှဦး
(23/2/99)

မိုးသထအာရုဏ်

ညဉ့်သန်းခေါင်လေ၊ အမှောင်လွန်မြောက်
အာရုဏ်ရောက်လို့၊ ခတက်ခေါက်ကေ
စိတ်ရောက်ရည်မှန်း၊ သဒ္ဓါဆွမ်းကို
လှူဒါန်းဖို့လေ၊ ချက်လတ်တေ --။

ဂြိုးငှက်လူပျို၊ တေးခြင်းဆိုလို့
စိမ်းညိုရွက်နု၊ နှင်းထုဝီ၀ီ
လီချေသွတ်သွတ်၊ တိုက်ကာခတ်ကေ
ရင်ဖတ်အီးရေ၊ ချမ်းလတ်တေ --။

အာရုဏ်ပျိုးလို့၊ မိုးသထမှာ
နိုးထအားမာန်၊ ဗြိန်းစောင်းသံလေ
တောင်ယံကိုဟပ်၊ ဂလိုင်ထပ်ပျာယ်
ရိုက်ခတ်မြည်ဟိန်း၊ စည်တော်ကြိမ်းကေ
ကြက်သိမ်းထရေ၊ အားရရေ --။

ရောင်နီသန်းကေ၊ ဆွမ်းပန်းရီချမ်း
လှုဒါန်းမျှဝီ၊ မိတ္တာမြီမှာ
ပီတိနှိုးဆော်၊ သာထုခေါ်မိ
မှန်းမျှော်နိဗ္ဗာန်၊ သံစည်သံလည်း
မာန်စွယ်နှိမ့်ချ၊ ငြိမ်းချမ်းစွ --။

မောင်နန်းလှ (မြောက်ဦး)

စွမ်းအားသျှင်

အကိုင်းချိုးလည်း၊ မညှိုးပင်ပျို
စိမ်းစိုစိုနှင့်၊ နဂိုအသွင်
စိမ်းရောင်ဆင်၏ --။

အပွင့်ခူးလည်း၊ အဖူးဝင့်ပျို
ရွှမ်းတင့်စိုလျှက်၊ နဂိုအသွင်
ရောင်စုံဆင်၏ --။

အရွက်ခြွီလည်း၊ မကြွီကိုင်းပျို
မိုးကိုမျှော်လျှက်၊ နဂိုအသွင်
လှရိပ်ထင်၏ --။

အကိုင်းအပွင့်၊ အရွက်လွင့်လည်း
တင့်ခိုင်ပေစွ၊ ပင်စည်လှသည်
လောကအလယ်၊ အလှကြွယ်ဖို့
အံ့ဖွယ်စွမ်းဆောင်၊ ဂုဏ်ဝင့်ပြောင်၏
အောင်နိုင်သူရို့စိတ်ဓါတ်တည်း --။

စောသျှင်ကျော် (မြေပုံ)

လောကသာရပျို့

အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစီချင်၊ ပဲ့ပျင်နိစ္စ
ကွပ်ဆုံးမသား၊ မိဘဆရာ
စကားနာ၍၊ ကျမ်းစာသိမြင်
တတ်အောင်သင်လော့၊ ပေါ်လွင်မပြု
ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စီမင်း --။

မိခင်ဖခင်၊ ကျေးဇူးသျှင်ကို
ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့
ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး
လုပ်ကျွေးခယ၊ ရိုတုပ်ကွလျှက်
ကြီးလှသက်အို၊ မျိုးဆွီကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍
မယိမ်းစင်းလျင်းငြိမ်းစီမင်း --။

ထုံးမှီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံးလလျှက်
တုပ်ကွပုဆစ်၊ ဆရာစစ်သို့
ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း
တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ
ဆရာထံ၌၊ သင်အံမှတ်သိ
တနိတခြား၊ ပွားများစုံစီ
ဝမ်းထဲခွီ၍၊ တလီတထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင်ကြွယ်စီမင်း --။

(ရခိုင်သူမြတ်)

ရခိုင့်အာဇာနီ (ALP) ဥက္ကဌကြီးနှင့်မိုးလင်းရာဇာစစ်ကြောင်း

တော်လှန်ရေးဆိုစွာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ကယ်တင်ရန်ဖြစ်သည်။ မတရားစိုးမိုးဗိုလ်ကျ၊ အနိုင်ကျင့်ညှဉ်းပန်း၊ သိမ်းယူအမြတ်ထုတ်၊ အကျင့်ယုတ်ကို ဖယ်ထုတ်ခြင်းဖြစ်သည်။ ငါရို့တိစွာ ရီခြားမြီခြား တိုင်းတပါးမှာလာရောက်ပြီး ဒုက္ခဆင်းရဲခံ တော်လှန်နီကတ်တေ။ ရခိုင်တော်လှန်ရေးစွာ ရခိုင်ပြည်မှာဟိသင့်ရေ - မှန်ရေ။ ယေကေလဲ့ နီရာဒေသကာလကြောင့်။ ရည်မှန်းချက်ကိုနားလည်ကတ်ရဖို့။ ခံယူချက်ခိုင်မြဲရဖို့။ လက်ဟိနိုင်ငံရေးအခြေအနေနန့် မြန်မာလူမျိုးရေးဝါဒီတိကို တိုက်တေအခါ တဦးချင်းတယောက်ချင်း တဖွဲ့ချင်းထက် ဘ၀တူအဖိနှိပ်ခံလူမျိုးများနှင့် လက်တွဲပူးပေါင်းတိုက်စွာ ပိုကောင်းရေ။၏
အစားဆင်းရဲ၊ အ၀တ်လျှို့တဲ့၊ နီရာထိုင်ခင်းပုံမှန်မဟိစွာ တော်လှန်ရေးသမားတဦး၏မပြောပလောက်တေပြဿနာအဖြစ် ခံယူနိုင်ရဖို့။ တမျိုးသားလုံးလွတ်မြောက်ချင်ကေ ကိုယ့်တိုင်းပြည်ကိုကယ်တင်ချင်ကေ ဇွဲမာန်သတ္တိအားကို အရင်းနှီးပြုနိုင်ရဖို့။ ကိုယ်ကျိုးစွန့်လွှတ်နိုင်ရဖို့။ ယေမှရာ တော်လှန်ရေးသမားကောင်းပီသဖို့။

၁၉၇၃-ခုနှစ် ဇန်န၀ါရီလ (၇) ရက်နိ ၀မ်းခစခန်း၌ စာရွီးသူအပါအ၀င်ရဲဖော်ခုနှစ်ဦး လူသစ်အဖြစ်စတင်ရောက်သောနိ၊ ညစာထမင်းစားနီတုန်း နှုတ်ဆက်စကားဖြစ်သည်။ နှဖူးကချွေးတပြိုက်ပြိုက်စီးဆင်းနီသည်။ မျက်နှာပြင်နှင့်တကိုယ်လုံးမှာ မီးသွီးများပယ်ကျံနီသည်။ ၀မ်းသာမှုအားရမှုများက မျက်နှာပြင်တခုလုံးမှာ ပေါ်လွင်နီသည်။

ထမင်းစားပွဲမှာ စားစရာငပိရည်၊ တို့စရာသဖန်းသီးအပြင် ဇာလည်းမဟိ။ ငပိရည်နှင့်ရခိုင်သား။ ရခိုင်သားနန့်ငပိရည်။ အရိုးခံအမှန်ပြောရကေ အော့အံမိသည်အမှန်။ တော်လှန်ရေးအတွက် အသက်ပီးဖို့ဆုံးဖြတ်လာပြီးမှ အစားအသောက် ပဇီပဇာများနီလို့မဖြစ်။ ကြိတ်မှိတ်လို့ တော်လှန်ရေးအတွက် မီးသွီးဖုတ်နီသော ဥက္ကဌကြီးခိုင်မိုးလင်း၏စိတ်ဓါတ်နှင့်ရည်မှန်းချက်ကို လေးစားချီကျူးရသည်။ နှစ်သိမ့်ရသည်။ ယင်းပိုင်နန့် တော်လှန်ရေး၏ပထမညည့်ကုန်လွန်မြောက်ခသည်။

နောက်တနိနီထွက်ချိန် (၉) ချက်တီးခန့်။ ကော်မူးရာ ၀မ်းခစခန်း၏အမှောင်ရိပ်ကို ထိုးဖောက်လာသော နီမင်းကြီး၏ရောင်ခြည်များက သွယ်တန်းလျက်ဟိသည်။ ကျီးငှက်များ ထိုပင်ဒေပင် တပင်ထက်တပင် ပျံသန်းဆူညံနီကြသည်။

စာရွီးသူနှင့်ရဲဖော်များသည် နွီးထွီးသော နီရောင်ခြည်များကိုခိုလှုံယင်း ဖြစ်ကြောင်းကုန်စင်ပြောဆိုနီကြသည်။ (ညီချေရို့ ဒေကိုလာကတ်) ဟု ဥက္ကဌကြီးကလှမ်းခေါ်လိုက်သဖြင့် အကျွန်ရို့သွက်သွက်ချေရောက်လာကြသည်။ မင်းကဘုန်းကြီးလူထွက်ဆိုကေ အစားအသောက်ဆင်းရဲဒါဏ် ချက်ချင်းခံနိုင်ချင်မှခံနိုင်ဖို့။ ကျင့်သားရကေ မျိုးချစ်စိတ်ခိုင်မြဲလာဖို့ ခံနိုင်ရည် ဟိလာဖို့သေချာရေ။


ငါ့နာမည်ခိုင်မိုးလင်း
မိုးလင်းကေ နီမထွက်လား။
ထွက်ပါရေ ဥက္ကဌကြီး - ဟု ပြိုင်တူဖြေလိုက်ကတ်သည်။
နီထွက်ကေရောင်ခြည်တိမတွိရလား။
တွိရပါရေ။
ရောင်ခြည်လာကေ အမှောင်မပျောက်လား။
ပျောက်ပါရေ။

ရခိုင်ပြည်ကို နည်ချဲ့တည်းဟူသော အမှောင်ထုဖုံးလွှမ်းထားသည်။ အမှောင်ထုကွယ်ပျောက်ရန် မိုးလင်းဖို့လိုသည်။ မိုးလင်းလို့နီထွက်တေ။ နီထွက်ကေ နီရောင်လာရေ။ အေနိအေရက်ကစပြီးကေ နီရောင်လို့ မင်းရို့ကိုမင်းရို့မှတ်ထား - ဟု စာရွီးသူနှင့်အဖွဲ့အား နာမည်ကင်ပွန်းတပ်ပီးပါသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် အလွန်ရိုးဖြောင့်၏။ အရပ်မှာ ၅ ပေ ၁၁ လက်မ။ အသက်အရွယ်အားဖြင့် ငယ်ပင်ငယ်သော်လည်း မိန်းမမလိုက်။ ရွှေမမက်ငွေမမက်။ တပည့္မမြီး။ လက်အောက်ငယ်သားများကို ဆက်ဆံရာတွင် တန်းတူရည်တူဆက်ဆံသည်။ ခန့်ငြားလှပသည့် ဥပဓိရုပ်ဟိသည်။ မည်သည့်အလုပ်မဆို ပြတ်သားတိကျသည်။ ယုံကြည်ချက်နန့်အတူ ကာယဥာဏစွမ်းအားဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သည်။ တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာဟိဟိ ဇွဲပြည့်ပြည့်ဆောင်ရွက်နိုင်သကဲ့သို့ အောက်လက်ငယ်သားများကိုလည်း ထူးထူးကဲကဲ အရည်အသွီးပြောင်မြောက်လာရန် ညွှန်ကြားဆုံးမပီးနိုင်သည်။

ကော်မူးရာစုဆောင်းရေးအဖြစ် လူအင်အား (၅၀) ဟိသည်နှင့် မဟာမိတ်ကရင်စခန်း၌ အခြီခံစစ်သင်တန်းပီးသည်။ ယုံးလုပ်ငန်း၊ လက်နှိပ်စက်သင်တန်း၊ မိုင်းသင်တန်း၊ လက်နက်ကြီးသင်တန်း၊ ဆက်သွယ်ရေးသင်တန်းနှင့် သူနာပြုသင်တန်းစသည်များကိုသင်ကြားရာ သင့်တော်ရေပိုင်မွမ်းမံပီးသည်။

၁၉၇၄-ခုနှစ်တွင် ရဲဖော်သစ်များအဆက်မပြတ်ရောက်လာ၍ အင်အားကောင်းလာသဖြင့် သင်တန်းကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစသည်ဖြင့်သတ်မှတ်၍ ကရင်တပ်မတော်၌ တက်ရောက်စီသည်။

၁၉၇၄-ခုနှစ်မှာပင် မြ၀တီ၊ သင်္ကန်းညီနောင်၊ မဲပလဲစခန်းများကို မဟာမိတ်တပ်များနှင့် ပူးတွဲစစ်ဆင်နွှဲသည်။ ရခိုင်တပ်မတော်မှာ အင်အားရာကျော်လာသည်နှင့်အမျှ အောင်လံထူ၊ အလေးပြု၊ သစ္စာဆိုရသည်။ စစ်အင်အားကိုလည်း ပိုမိုလှုပ်လျှားကြသည်။ အယင် ရိုင်ဖယ်သေနတ်အဖြစ်မှ ခေတ်မှီမောင်း ပြန်သေနတ်များ တပ်ဆင်ပီးသည်။ ရိက္ခာများကိုလည်း ကရင်မဟာမိတ်တပ်ရင်းမှ လိုလေသေးမဟိထုတ်ပီးသည်။ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်ကို စစ်ကြောင်းကြီးလေးကြောင်းဖြင့် မဟာမိတ် (KNU) တပ်မတော်နှင့်အတူ ကရင်ပြည်ဒေသတလျှောက် ထိုးစစ်ဆင်တိုက်ခိုက်သည်။

စစ်ကြောင်းလားရာဒေသတလျှောက် ရိုးသား၍သနားဖို့ကောင်းသော ကရင်ပြည်သူများအား စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်မြင့်မားလာစီရန် ပီးသင့်သည့်အကာအကွယ်ကိုပီး။ မသိနားမလည်သည်များကို ပညာပီး။ လေ့ကျင့်မှုများပြုလုပ်။ တရွာဝင်တရွာထွက် တိုက်ယင်းခိုက်ယင်း၊ လှည့်လည်ယင်း၊ စည်းရုံးယင်း ကရင်ပြည်တွင် ရခိုင်စစ်သည်များကို ကရင်ပြည်သူများက ယုံကြည်အားထားလာကြသည်။ တမျိုးတည်းတဆွီတည်းပမာ ချစ်ခင်ရင်းနှီးလာကြသည်။ ရခိုင်စစ်တပ်များ ကရင်ကျွန်းရွာများ ရောက်သည်နှင့် ဆန်ဖွတ်ထင်းခွဲ၊ မောင်းထောင်းအလုပ်ဝင်လုပ်သည်။ လုပ်အားပီးသည်။ သို့ဖြင့် ကရင်ပြည်တွင် ရခိုင်ရဲဖော်များအတွက် အစားအသောက်မယှား။ ပီးကမ်းချင်သူများသည်။ လက်ကမ်းကြိုဆိုကြသည်။ သားနှင့်အမိ၊ မောင်နှင့်နှမ၊ တမိတည်းသားပမာချစ်ကြသည်။

ကရင်ပြည်တွင် မဟာမိတ် (KNU) နှင့် စစ်ဆင်ရေး ဒေသတလျှောက် ထိုးစစ်ဆင်နွဲ၊ မြို့သိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မရွီမတွက်နိုင် တိုက်ခကတ်သည်။ မိုးလင်းရာဇာစစ်ကြောင်းမှ ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော်၏ရဲဖော် (၃၁) ဦး အသက်ပီးခသည်၊ ကရင်ရခိုင်ချစ်ကြည်ရေးမဏ္ဍိုင်ကို သွီးစက်ခင်း၍စိုက်ထူခသည်။ ကရင်နှင့်ရခိုင်သမိုင်းတွင်ကား မှတ်တိုင်အဖြစ်ထင်ရှားခလီဗျာယ်။

၁၉၇၆-ခုနှစ် ဇွန်လ (၅)ရက်သော်လဲထားစခန်း

ရဲဖော်ရို့ ငါရို့ရခိုင်တပ်မတော်ရေ မဟာမိတ်နယ်မြီဒေသခံများနန့်ပူးပေါင်း၍ ရန်သူမြန်မာလူမျိုးရေးဝါဒီများကို ယှင်းလင်းသုတ်သင်ခစွာ (၂) နှစ်ကျော် (၃) နှစ်ထဲကိုရောက်ပျာယ်ဆိုစွာ ရဲဖော်ရို့အသိ။ စစ်ရေးနိုင်ငံရေး၊ တိုက်ခိုက်ရေးနီရာတိုင်းမှာ အောင်ပွဲခံနီတုန်းဖြစ်တေ။ နောက်ထပ်လည်းဆက်လက်ပြီးကေ အောင်ပွဲခံဖို့ရာသိမ့်။ ဦးတည်ချက်အရ ရည်မှန်းချက်ကျန်သိမ့်ရေ။ ယင်းရည်မှန်းချက်မှာ ရခိုင်ပြည်ရခိုင်လူမျိုးလွတ်မြောက်ရေးနှင့် အချုပ်အချာအာဏာကို ရခိုင်ပြည်သူလက်ဝယ်သို့ ပြန်လည်ရောက်ရေးဖြစ်တေ။ ငါရို့ရခိုင်တပ်မတော်မှာ လုံးလုံးတာဝန်ဟိရေလို့ မှတ်ယူကတ်ရဖို့။ ယင်းကြောင်း ၁၉၇၆-ခုနှစ် ဇွန်လ (၂၀) ရက်နိကို ရခိုင်ပြည်သို့ ပြန်ဖို့နိအဖြစ်သတ်မှတ်တေ။

ရဲဖော်အားလုံး လက်ခုတ်လက်ဝါးတီးထောက်ခံကြသည်။

ဆက်လက်ပြီးပြောချင်စွာက ငါရို့ရဲဖော်ရို့အားလုံးစွာ မိုင်ထောင်ပေါင်းများစွာကိုကျော်ဖြတ်ကတ်ရဖို့။ ဆင်းရဲခြင်း၊ ပင်ပန်းခြင်း၊ ငတ်ပြတ်ခြင်းနန့် ရင်ဆိုင်တွိကြုံကတ်ရဖို့။ ရန်သူနှင့်လည်း တိုက်ပွဲပေါင်းများစွာ တိုက်ချင်ကေတိုက်ရဖို့။ ဇာလောက်ပင် အခက်ခဲဟိဟိ ကျော်လွှားဖို့စိတ်ဓါတ် မွီးကတ်ရဖို့။ ကြံ့ခိုင်မှုဟိရဖို့။ ဇွဲသသတ္တိဟိရဖို့။

အေအကျပ်အတည်း ပင်ပန်းမှုနွမ်းနယ်မှု၊ ဆင်းရဲမှုမျိုးစုံကို မျိုးချစ်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကိုကယ်တင်လိုစိတ် စစ်သားပီပီ အာဇာနီမျိုးကောင်းများရို့ဇွဲမာန်အားမာန်နန့် ဖြီဖျောက်ကတ်ရဖို့။ အေအခက်အခဲတိကို ခံနိုင်ရည်မဟိသူ၊ ခံနိုင်ရည်မဟိလို့ယူဆသူ၊ တွေဝေနီသူများ အခုကပင် ထွက်ကျန်လိုက်ပါ။ ရန်သူထံလုံးဝဒူးမထောက်၊ လက်မမြှောက်ရ။ ရခိုင်လက်နက် ရခိုင်လက်ထဲမှာဟိရဖို့။ စိတ်ပျက်သူ၊ စိတ်ဓါတ်ကျသူများ လက်နက်ကိုအပ်။ ထွက်စာတင်။ စားစရိတ်လမ်းစရိတ် (၅၀၀၀) ထုတ်ပီးလိုက်မည်။ အားလုံးသဘောပေါက် နားလည်ကတ်ယင့်လား။

ဟုတ်ပါရေ။
စိတ်ပျက်တေလူဟိလာ။
မဟိပါ။
ရခိုင်ပြည်ကိုချီတက်ကတ်ဖို့မဟုတ်လား။
ချီတက်ပါမည်။
စစ်ကြောင်းသတ်မှတ်မည်။ နားထောင်။
စစ်ကြောင်းနာမည် -

မိုးလင်းရာဇာစစ်ကြောင်း။
မိုးလင်းရာဇာစစ်ကြောင်း။
မိုးလင်းရာဇာစစ်ကြောင်း။

ဝန်းကျင်တခုလုံးကို ရခိုင်လွတ်ပြည်လွတ်မြောက်ရေးပါတီ၊ မိုးလင်းရာဇာစစ်ကြောင်းအသံက လွှမ်းမိုးလားသည်။ ရဲဖော်အားလုံး ရဲစိတ်ရဲမာန် ဇာတိမာန်ဖြင့် ၀မ်းမြောက်ကြသည်။

သီမင်းနှင့်မိုးလင်းရာဇာစစ်ကြောင်း

အချိန်အခါသမယမှာ အမှောင်အားကောင်းချိန် လမိုက်ညည့်ဖြစ်သဖြင့် ၀ဠာပြင်တခွင် ကြည်လင်ခြင်းမဟိ။ ငွေစင်ကြယ်ချေတိ တိမ်တိုက်များနောက်ကွယ် ပုန်းလျို့ဝှက်လျို့။ လမိုက်အမှောင် အကာလ၀န်းကျင် အလင်းဟူ၍မဟိ။ ၀န်းကျင်တခုလုံးကား ထိတ်လန့်စရာ။ အတွေးများဖြင့်အိပ်မပျော်။ သိလာရသည်က နက်ဖန်ခါ။ ပြန်ရဖို့ယေထော - ရင်ထဲကအသိ။

ရင်းနှီးမှု ခင်မင်မှု၊ ချစ်ခင်မှု တွယ်တာမှုသံယောဇဉ်များဖြင့် ညည့်ဦးပိုင်း နှုတ်ဆက်ခသည့်ရဲဖော်ရဲဖက်၊ သီဖော်သီဖက်၊ သူငယ်ချင်းများ၊ ကရင်ပြည်သူများ၊ အထူးသဖြင့် ရင်ထဲမှာ နှိုးဆွခံစား သံယောဇဉ်ပွားမိသည့်အမိုး၊ နော်ဖလဲထူး၊ ဖထီးစောကျော်၊ ဒေးမူးနော်ချိုအေး။

မလွှဲသာ ခွဲခွာကြရမည့် အသိတရား။ စီးကျသည့်မျက်ရည်။ ပူလောင်သည့်နှလုံးသား။ မျက်နှာကိုလက်အုပ်ပြီး ၀မ်းနည်းသံ။ ငိုသံများက စာရွီးသူ၏နှလုံးသားကို ဒါးပါးပါးနန့်လှီးဖြတ်လိုက်တေပိုင်။

မငိုပါကဲ့ - ဒေးမူ။ အမိုးဖထီး - မငိုပါကဲ့။

အမိုး၊ ဖထီး၊ ဒေးမူ မျက်ရည်ကျစွာကိုမြင်ကေ မချိအောင်ခံစားရရေ။ ကုသိုလ်ကံထောက်မလို့ သီကံမရောက် သက်မပျောက်ကေ ဒေးမူရို့ပါးကို အရောက်ပြန်လာခမည်။

ပြောရာပြောရသည် ရင်ထဲမှာ ထိမ်းမနိုင်ခဲမရ။ ကျလာသည့်မျက်ရည်။ အုံပုန်းလူမသိ။ စစ်သားကြီးက မျက်ရည်စကိုသုတ်လို့ တပ်ရင်းထဲပြန်လာခရသည်။ တိတ်ဆိတ်သောညည့်အမှောင်ထုက တစထက်တစလွှမ်းမိုးလာကာ ပုရစ်သံ၊ ပုဇိုင်းသံ၊ တောတိရိစ္ဆာန်သံပင်မကြားရ။ အပ်ကျသံပင် ကြားဖို့ထင်သည်။

အိပ်မရလီ စိတ်ကဂယောက်ဂယက်ဖြစ်လီ။ အတွေးသံသရာ ၀ဲချာလည်လျှက် ညည့်ဦးယံ တမှေးချေလဲ့အိပ်မပျော်။ မိုးစင်စင်လင်းလတ်သည်။ တပ်မှူးတပ်ဗိုလ်များအမိန့်အတိုင်း ကိုယ့်အထုပ်ကိုယ်ထမ်း။ ကိုယ့်လက်နက်ကိုယ်ကိုင်။ လားရဖို့ခရီးစဉ်အတိုင်း စီစဉ်ကတ်ရသည်။

၁၉၇၆-ခု ဇွန်လ (၂၀) ရက်။

အေတသက် မိလို့ရလီဖို့မဟုတ်။ ကရင်ပြည်နယ် သော်လဲထာစခန်းမှ ထိုင်းနိုင်ငံဖက်သို့ စက်ဘုတ်ဖြင့် မိုးလင်းရာဇာစစ်ကြောင်းစကူးသည်။

အတိတ်စွာ အရိပ်ကဲ့သို့ စိတ်အယဉ်ဝယ် နစ်မျောချင်တိုင်းနှစ်မျောနီလိမ့်မည်။ အငြိုးကြီးရေ ဇွန်လမိုးကလည်း မညှာမတာ တဂြိုင်းဂြိုင်းရွာသည်။ အေပိုင်ပင်လဲ့ အငြိုးကြီးပါလား မိုးမင်းလို့ တတိုးချေဆိုမိသည်။ စိတ်ထဲရင်ထဲမှာတော့ ကိုယ့်တိုင်းကိုယ့်ပြည်ပြန်ရဖို့စွာတောင် ၀မ်းမသာမိ။ တခုခုကျန်ခရေပိုင် ရင်မှာ ဟာလာဟင်းလင်းကြီး။ ဆောင်းညည့်အိမ်မက်လည်းမဟုတ်။ ၀မ်းနည်းမှုနန့်အတူ ကျန်လိုက်ခဖိ ကရင်ပြည်။ လွမ်းကျန်ခဖိ ဒေးမူ။ ခွင့်လွှတ်ကတ်ပါ၊။ ခွင့်လွှတ်ယင်း နှစ်သိမ့်ပါရစီ။

ထိုင်းနိုင်ငံမှ မြန်နိုင်ငံသျှမ်းပြည်ဟိရာသို့တည့်တည့် ခြီကျင်တမျိုး၊ ကားစီး၍တဖုံ၊ ဗိုလ်မှူးကြီး ခွန်လုံဖစခန်းကို လျှောက်ကြရသည်။ မိုးစစုန်းချုပ်မှ မိုးလင်းရာဇာစစ်ကြောင်း ရောက်သည်။

နှစ်ရက်နားပြီးနောက် နိမရွီးညည့်မယှောင် တောကိုကျော်။ တောင်ကိုဖြတ်။ မြောင်ကိုကူး။ တောင်တက်တောင်ဆင်း မြီနိမ့်လွင်ပြင် ခြုံနွယ်တောတန်း အကွေ့အကောက် ၀င်္ကဘာပေါင်းမြောက်များစွာကိုကျော်ဖြတ်ယင်း သျှမ်းပြည်တောင်ပိုင်း မေအိုးရွာနား ပအို့ဖြူ ခွန်စံသိန်းစခန်းသို့ ရောက်သည်။

မေအိုးရွာပအို့စခန်းတွင် မိုးလင်းရာဇာစစ်ကြောင်း (၅) ရက်မျှ အနားယူရသည်။ ယင်းစခန်းမှ သံလွင်ပအို့စခန်းသို့ ချီတက်ကတ်ရဖို့သိမ့်။ သံလွင်မြစ်ကို စက်ဘုတ်ဖြင့်ကူးရဖို့စွာ တွေးကြည့်ကေ အသဲယားသည်။ လမ်းကကြမ်း ခရီးကပမ်း၊ သမင်တောက်သံ ဂျီဟောက်သံ၊ တောမြိုင်ယံဝယ် လွမ်းဖွယ်သာမော တေးခြင်းသံများကြားယောင်မိသည်။

တိုင်းပြည်နန့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက် တာဝန်ကျီကတ်ရမည်။ တပ်မှူးတပ်ဗိုလ်များအမိန့် နာခံကတ်ရမည်။ ရဲစိတ်ရဲမာန်၊ ဇွဲသသတ္တိ လုံ့လ၀ိရိယဟိကတ်ရမည်။ ဗူးကိုမွိရာ သစ်ငုတ်ကိုဂေါင်းအုံး - ဆိုစွာ တော်လှန်ရေးသမားအတွက် ပြဿနာမဟုတ်။ ကာယစွမ်းအား ဥာဏစွမ်းအားစွာ ငါရို့၏ကယ်တင်သျှင်။

ရန်သူကိုအထင်သေးလို့မဖြစ်။ စစ်ကြောင်းကို တပ်စုတပ်စိတ်ဖြန့်၍ ခရီးနှင်ကတ်ရမည်။ ဟိုပုန်းမြို့နယ် ဆီဆိုင်မြို့နယ်သို့ ရောက်သောခါ ရဲဖော်နှစ်ယောက်ပျောက်ဆုံးနီသည်။ ခိုင်ကျော်ဇံဟိန်းနှင့် ခိုင်သံမဏိ နှစ်ယောက် သီသည်ရှင်သည် မသိရ။ သူရို့နှစ်ယောက် ရောက်မလာနိုင်၍ စိတ်မကောင်းဘဲ သျှမ်းပြည်တောင်ပိုင်းမှ အလယ်ပိုင်းသို့ ဆက်လက်ချီတက်ကြရသည်။

အထူးသဖြင့် လေးကျား-မိုင်းကိုင် ကားလမ်းကိုဖြတ်ပြီးမှ သျှမ်းပြည်အလယ်ပိုင်းသို့ ရောက်မည်ဟုသိရသည်။ ဒေသခံနှင့်မဟာမိတ်များပြောပြချက်အရ သီမင်းတမန်ကားလမ်းအဖြစ် နာမည်ကြီးသည်။ တော်လှန်ရေးသမားများကို ဒုက္ခအပီးဆုံးကားလမ်း။

မိုးလင်းရာဇာစစ်ကြောင်း၏ခံယူချက်က ယှောင်လို့ရကေယှောင်မည်။ တွိကေတိုက်မည်။ နောက်ဆုတ်ရန် ကြောက်ဒူးတုန်ရန် မြုံမှုန့်သဲမှုန့်ချေမျမဟိ။ ဆိတ်ငြိမ်ခြင်းဖြင့် လျှို့ဝှက်မှုများကို သေချာစွာထိန်းသိမ်းရန်မှာ သေနင်္ဂဗျူဟာ။ တပ်မှူးတပ်ဗိုလ်အားလုံး နားလည်ပြီးသောအလုပ်။

မိုးကသဲသဲမဲမဲရွာသည်။ လီကြီးမိုးကြီးတိုက်သည်။ နိနှင့်ည ညနှင့်နိ မိုးရွာလီထ ချမ်းရေမဟိ။ အခွင့်သာခိုက် လုံ့လစိုက်သည့် နည်းဗျူဟာကို သုံးကြရမည်။

ဂျိလာပုတ်များ ခြုံနွယ်များ ဆူးပင်များကို ဂရုစိုက်ဖို့ထက် ဖြတ်ကျော်လွန်မြောက်ဖို့ အရေးကြီးသည်။

ရန်သူလှုပ်လျှားမှုနှင့်အခြေနေကို သုံးသပ်ရမည်။ ရန်သူ၏ငိုက်ကွက်ကို အလေးထားရမည်။ ရန်သူပျော့ကွက်ကို အနိုင်စီးရမည်။ မိုးလည်းကောင်း။ အချမ်းကပို။ ရန်သူများ ကတုတ်ထဲကထွက်ပြီး အိပ်ပျော်နီပုံရသည်။ ဖင်ထဲကြွက်ဝင်ကေတောင် နိုးဖို့မဟုတ်။ သီမင်းတမန်ကားလမ်း ဖြတ်ကူးရာတွင် သေနပ်တချိန်းလည်း မဖောက်ခရလို့ စိတ်ထဲ အခဲမကျီ။ သျှမ်းပြည်အလယ်ပိုင်း မိုးဟိန်းစခန်းကို ခလုန့်မတိုက် ကျားမကိုက်ဘဲ ကောင်းကောင်းမွန်မွန်ရောက်သည်။

သျှမ်းပြည်အလယ်ပိုင်းမှ မြောက်ပိုင်းသို့ချီတက်ရာတွင် မြန်မာစစ်တပ်ကို ကွေ့ယှောင်ရရေပိုင် ကွန်မြူနစ်ပါတီကိုလည်း လမ်းလွှဲခရသည်။ မြွီပူရာကင်းမှောင့် - ဆိုရေအတိုင်း ကွန်မြူနစ်တိက ၀င်ရောက်ခြီယှုပ်သည်။ သျှမ်းပြည်မြောက်ပိုင်း ကချင်တပ်မဟာ (၄) ဗိုလ်မှူးကြီး ဇော်ဘန်စခန်းကိုအရောက် အခက်အခဲမြောက်များစွာဖြင့် ချီတက်ခရသည်။

ကချင်တပ်မဟာ (၄) တွင် ရက်ပေါင်း (၃၀) ခန့်အနားယူပြီးနောက် ရဲဖော်အားလုံး စိတ်ဓါတ်မကျ တက်ကြွတုန်းဖြစ်သည်။ မိုးရွာနီပူ နိညမဟူ ပူခြင်းငတ်ခြင်းအီးခြင်းကို အရေးမစိုက်။ ရခိုင်ပြည်နှင့်ရခိုင်လူမျိုးအတွက် ရခိုင်ပြည်သို့ မိုးလင်းရာဇာစစ်ကြောင်းရောက်ဟိနိုင်ရေးသည်သာ ပဓာန။

ဆက်လက်ပြီးထွက်လတ်ရာ သိန္ဒီမြို့နယ်အတွင်း ရန်သူစစ်ကြောင်းနောက်မှလိုက်သည်။ ရန်သူစစ်ကြောင်းကို နားလှည့်ပါးလှည့် ယှောင်ကွင်းနိုင်ခသည်။ ရန်သူ၏လှုပ်လျှားမှု စစ်ဆင်မှု ထိုးနှက်မှု အဆုံးသတ်ပြန်လည်ဆုတ်ခွာပြီးမှသာလျှင် မိမိဦးတည်ရာ ကချင်ပြည်ဖက်သို့ ချီတက်ရသည်။

ရွှေလီမြစ်အနား ရွှေပလောင်ရွာဝန်းကျင်၌စခန်းချပြီး ခေတ္တထမင်းစားကြသည်။ ဒေသခံကချင်တပ်မှ ရန်သူမဆလစစ်တပ်အဖြစ်အမှတ်မှား၍ မဆင်မခြင်ပစ်ခတ်ခြင်းကြောင့် မိုးလင်းရာဇာစစ်ကြောင်းမှ ဆီးဖက်တပ်ကြပ်တဦး ကျဆုံးခရသည်။

စစ်ကြောင်းရဲဖော်အားလုံး စိတ်မကောင်းကတ်။ ဒေါသလည်းထွက်ကြသည်။ ခြီမုန်းပစ်ရန်လည်း အဆင်သင့်ဟိသည်။

ပစ်ခတ်ထွက်ပြီးလားသော ကချင်တပ်မှာလည်း မြီလျိုးမိုးပျံ ထွက်ပြီးလားခဗျာယ်ဖြစ်သည်။ ကျဆုံးလားသော ဆီးတပ်ကြပ်ကြီးအလောင်းကိုကြည့်၍ နှမြောကြသည်။ ၀မ်းနည်းပက်လက် ယူကျုံးမရဖြစ်ကြရသည်။ စိတ်မကောင်းစွာဖြင့် သွီးသောက်ရဲဖော်အား ကောင်းမွန်စွာသင်းဂြိုဟ်ပြီး ရွှေလီမြစ်ကိုဖြတ်ကျော်၍ ကချင်တပ်မဟာ (၃) ဌာနချုပ်သို့ ချီတက်သည်။

ကချင်တပ်မဟာ (၃) ဌာနချုပ်တွင် ဗမာပြည်ကွန်မြူ နစ်ပါတီတပ်ရင်း (၁၉၂) မှ တပ်ဖွဲ့တဖွဲ့သည် ရခိုင်တပ်နှင့် စိစပ်ဆွေးနွေးလိုကြောင်း အကြောင်းကြားလာသည်။ ဥက္ကဌကြီးခိုင်မိုးလင်းမှ တဦးတည်းမဆုံဖြတ်ဘဲ တပ်မှူးတပ်ဗိုလ်မှုး တာဝန်ခံများနှင့်တိုင်ပင်ပြီး ခရီးလားနီတုန်း မဆွေးနွေးသင့်ကြောင်းတင်ပြကတ်သဖြင့် အစီအစဉ်ကိုပယ်ဖျက်လိုက်သည်။ ကချင်တပ်မဟာ (၃) မှ ကချင်တပ်မဟာ (၂) သို့ခရီး ထွက်သည်။

ကချင်တပ်မဟာ (၂) နှင့် ရခိုင်ရဲဖော်များ

မိုးလင်းရာဇာစစ်ကြောင်း နိမအားညမအား ကရင်ပြည်မှ သျှမ်းပြည် တောင်ပိုင်းမြောက်ပိုင်း၊ အလယ်ပိုင်းကို တောလမ်းခရီးသတ်သတ် နိရက်လအလီလီကျော်ဖြတ်၍ ကချင်ပြည်နယ် တပ်မဟာ (၄) (၃) (၂) အထိ ဆက်တိုက်ကျော်နင်းဖြတ်သန်းခသည်။ ရခိုင်ရဲဖော်များမှာလည်း ခရီးပမ်းကြသည်။ စိတ်ဓါတ်ရေးရာအားဖြင့် ခိုင်မြဲတုန်းဟိသော်လည်း ကာလဒေသပယောဂတည်းဟူသော ၀ိရောဓိကိုမှီ၍ ကချင်တပ်မဟာ (၂) တွင် အနားယူရန် ဥက္ကဌကြီးခိုင်မိုးလင်းစီစဉ်သည်။

အိမ်သျှင် ကချင်တပ်မဟာ (၂) မှလည်း ရခိုင်တပ်အား လိုလီသီးမဟိပြုစုသည်၊ တာဝန်ယူကျွေးမွီးသည်။ ရခိုင်တပ်မတော်ကို ပျော်သလောက်နီဖို့ စီစဉ်ပီးကြသည်။

အစားအသောက် အနီအထိုင် အ၀တ်အစား ဆီးဝါးမကျန်ကူညီကြသည်။ အထူးသဖြင့် ကချင်ရဲမေများက အနီးကပ်ပြုစုသည်။ လိုသည်ထက်ပို၍ အခွင့်အလမ်းပီးသည်ဟု ပြောနိုင်သည်။ ရခိုင်ရဲဖော်များ ပင်ပမ်းသမျှ အညောင်းပြေရသည်။

ကချင်တပ်မဟာ (၂) က ဧည့်ဝတ်ကျီပွန်ပါသည်။ တိုင်းပြည်နန့်လူမျိုးအတွက်ဆိုရေ အသိစိတ်က နှလုံးသားလှုံ့ဆော်မှုကို အရည်ပျော်စီပါသည်။

နီမြင့်လီလီ၊ အရူးရင့်လီလီ - ဆိုသည့် ရခိုင်စကားပုံအတိုင်း တော်လှန်ရေးခရီးစတင်ရန် ပျင်ဆင်ရသည်။ ကချင်တပ်မဟာတွင် (၃) လခန့်အနားယူပြီး မိုးလင်းရာဇာစစ်ကြာင်း ခရီးဆက်သည်။

တတောဝင် တပြန်သန်း ရက်ချင်းနိချင်း ချင်းတွင်းမြစ်နဖူးသို့ရောက်သည်။ ချင်းတွင်းမြစ်ဝန်းကျင်တလျှောက်သည် တောရိုင်းသတ္တ၀ါ၊ ကျားဆင်တောင်နွား၊ ကြံ့ရိုင်းအစဟိသည်များ ကျက်စားရာဖြစ်သည်။ တဖက်ကရန်သူကို သတိထားရရေပိုင် တောကောင်များ၏အန္တရာယ်ကိုလည်း ထည့်ထွက်ရသည်။

ကံကောင်းထောက်မ၍လားမသိ လီသျူးလူများ တောဆင်လိုက်၍ ထွက်ပြီးလာကြသည်။ သူရို့မှာ လောင်းပါသဖြင့် သူရို့နှင့်အတူ တနီကုန်ကူးခတ်ရသည်။ မြစ်ဆိပ်တွင် စခန်းချအိပ်ရန်စီစဉ်နီဆိုက် ဟိမ၀န္တာတောင်မှတောရိုင်းဆင်များ အုပ်စုလိုက်ဆင်းလာကြသဖြင့် တောဆင်ရိုင်းများနှင့် လက်ပန်းလုံးတိုက်ပွဲဖြစ်ရသည်။ အာရုဏ်ကျင်း အလင်းရောက်သည့်တိုင် ဇာသူကလည်း မအိပ်ဝံ့။

အလင်းရောင်ရောက်လာသောအခါ ခရီးပြန်ဆက်ရသည်။ ပထမတွင် ခြုံမြောင်းချောင်းများကို ကျော်ဖြတ်သည်။ ထိုနောက် မတ်စောက်သော တောင်ထိပ်များကိုတက်ရသည်။ တောင်ကမ်းပါးယံများကို ပတ်ရသည်။ အထက်မှအောက်သို့ ငုံ့ကြည့်လိုက်လျှင် အသဲယားသည်။ ဤတောင်တန်းတလျှောက် အတက်သတ်သတ် ရာသီဥတုကလည်းပြင်း။ လီကလည်းတိုက်။ မိုးကလည်းရွာ။ အအီးဒါဏ်က ခြီဖျားအစဂေါင်းအဆုံး သွီးမဟိဗျာယ်လားထင်ရသည်။ တောင်ထိပ်ရောက်မှ ဟိမ၀န္တာတောင်တန်း စာရမတီတောင်တန်းဖြစ်ကြောင်းသိရသည်။

စာရာမတီတောင်တန်းမှအန္တာရာယ်

စာရာမတီတောင် ဟိမ၀န္တာတောင် နာဂတောင်တန်းရို့ကို အချေခါ ကျောင်းသားဘ၀တွင် သင်ဖူးသည်။ ဤတောင်တန်းကြီးများသို့ တကြိမ်တခေါက် ရောက်ဖူးလိမ္မည်ဟုမထင်ခ။ အိမ်မက်တောင်မမက်ဖူး။

လူ့ဘ၀ကားဆန်းကြယ်၏။ ကမ္ဘာကြီးကျဉ်ကျဉ်းချေဟု စကားအဖြစ်ပြောဖူးသည်။ ပြောမယုံ ကြုံမှသိ - ဆိုရေအတိုင်း စာရာမတီတောင်ထိပ်ကို ရောက်နီပါဗျာယ်ကား။ လှိုင်းကြီးလှီအောက် တောင်ကြီးဖ၀ါးအောက်။ ကိုယ်တွိ လက်တွိ။

စာရာမတီတောင်ထိပ်မှအောက်တို့ကြည့်လိုက်လျှင် တောင်ကြောတောင်စွယ် ဂျိုင့်ဝှမ်းအသွယ်သွယ်ရို့၌ ဖြူဖွေးသောမြုံဆိုင်းများ ပြီးလွှားကဇတ်နီကြသည်။ နှင်းခဲများက မိုးရွာရေယှောင် တဖြောက်ဖြောက်ကျသည်။ ပင်ယံဗောင်းဖျားမှ ငှက်မြည်သံ၊ ဒေါင်းတွန်သံ၊ တောနက်ထဲက ဂျီဟောက်သံ၊ ကျားဟိန်းသံ၊ ဆင်ရိုင်းအူသံများက စိတ်ကို ဂယောင်ချောက်ချားဖြစ်စီသည်။

အထူးသဖြင့် မသထီအသဲယားမိသည်မှာ ကြွတ်ကြီး၊ ကြွတ်လတ်၊ ကြွတ်ချေ၊ ကြွတ်ကျား၊ အမွှီးစုတ်ဖွားခူကောင်၊ ပိုးတုံးကောင်၊ ဘောက်ဖတ်၊ ပိုးကောင်းမျိုးစုံ၊ တရိစ္ဆာန်မျိုးစုံ၊ ပြောမကုန် လားလာနီကတ်ပုံမှာ ယှောင်မရ။ ဇာအချိန်၊ ဇာကာလ၊ ဇာနီရာကလာ ရောက်လာမှန်းမသိ။ သွီးစုပ်ပြီးဖူးဖူးရောင်မှ သတိပြုမိသည်။ ခြီထောက်မှာလည်းဟိ။ အတွင်းပေါင်မှာလည်းကပ်။ နောက်ကုန်း၊ လက်၊ ဂုတ်ဆစ်၊ လိုင်ဖင်း၊ မျက်နှာတကိုယ်လုံး တွယ်ကြသည်။ ယားလာ၍ လက်နန့်ပွတ်လိုက်မှ အတုံးလိုက်အကောင်လိုက် သွီးစုပ်ကောင်မှန်းသိသည်။ ကြွတ်သို့မဟုတ် ခြင်ယင်မှက်တခုခုဖြစ်နီသည်။

စာရာမတီတောင်၌ လားယင်းလာယင်း၊ အတက်အဆင်းအအနိမ့်အမြင့် အကွေ့အကောက်များကိုဖြတ်ကျော်ယင်း၊ တောရိုင်းတိရိစ္ဆာန်များကိုယှောင်ကွင်းယင်း၊ သွီးစုပ်ကောင်များကိုဖယ်ယှားယင်း ရက်သတ္တတပါတ်ကြာသည်။

ညည့်အချိန်ရောက်တိုင်း မအိပ်ဝံ့ကြ။ တောကောင်များကလည်းပေါ။ ခုခံသင့်သည်ကိုခုခံ။ တိုက်ခိုက်သင့်သည်ကိုတိုက်ခိုက်။ မောင်းထုတ်သင့်သည်ကို မောင်းထုတ်ကြရသည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ မြီပုံကွန်ပက်ကိုထောက်လျှက် စစ်ကြောင်းဦးတည်၍ မောင်းရသည်။ လမ်းတလျှောက် မှတ်မိသရိကိုတွေးမိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဂေါင်းဆောင် မော်စီတုန်းကြီးသည် လီသျှစ်တောင်ကို ရိက္ခာအပြည့်အစုံဖြင့်ကျော်ဖြတ်၍ သမိုင်းတွင်အထင်ကရပြုခသည်။ ကမ္ဘာတွင်လည်း အကျော်အမော်ဖြစ်ခသည်။ အခု မိမိရို့လားနီကြသောခရီးသည် မိုင်ပေါင်းများစွာဟိနီဗျာယ်။ ဖြောင့်ဖြူးသောလမ်းမဟုတ်။ အကွေ့အပတ်လည်းများ၊ အနိမ့်မှအမြင့်၊ အမြင့်မှအနိမ့်၊ မြစ်ချောင်းအလီလီကျော်ဖြတ်လို့ ရက်မှလ၊ လမှနှစ်ကျူးဖို့ဗျာယ်။ လီသျှစ်တောင်ခရီးထက်ပင် ပိုဖို့ထင်သည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ စစ်ကြောင်းတခုလုံးချီတက်လတ်ရာ (၇) ရက်ခန့်ကြာသည်။ လူရှည်တောင်၊ ပတ်ကွိုင်တောင်များဖြစ်သည်။ မြီပုံကိုထောက်ကြည့်လျှင် စစ်ကိုင်းတိုင်း ခန္တီးမြို့အထက်ပိုင်းဟု မှန်းဆတွက်နိုင်သည်။

ယင်းပတ်ဝန်းကျင်အနားတ၀ိုက်တလျှောက် ကျွန်းရွာလူနီတဲများကို တွိရသည်။ လူနီသည့်ဒေသဖြစ်ကြောင်းသိ၍ ရဲဖော်များအားလုံး သတိဝိရိယ မလွတ်ကြစီရန် တပ်မှူးတပ်ဗိုလ်များက အသိပီးသည်။ ခန္ဓာကိုယ်တွင် အ၀တ်မ၀တ်သော နာဂရွာများဖြစ်သည်ကို ရွာရောက်မှသိရသည်။

မိုးလင်းရာဇာစစ်ကြောင်းနှင့်နာဂတောင်မင်း

နာဂများကိုင်ဆောင်သော လက်နက်များမှာ လှံချွန်စူးချွန် ဓားချွန်ဒုတ်ချွန်များဖြစ်သည်။ ခန္ဓာကိုယ်တွင် အ၀တ်ဝတ်လေ့မဟိ။ ရွာ၏အကြီးအကဲကို တောင်မင်းဟုခေါ်သည်။ ၄င်းတောင်မင်းမှာ တိရိစ္ဆာန်များ၏မဒုန်းကဲ့သို့ ရှည်လျားသော အ၀တ်ပုံစံဝတ်သည်။ တောကောင်များ၏အမွှီးအမျှင် သားရီများဖြင့်လုပ်ထားဟန်တူသည်။ လမ်းလားသောအခါ တပည့်တယောက်နှစ်ယောက်က ထမ်းရသည်။ ထိုင်သောအခါ ခန္ဓာကိုယ်အောက်ပိုင်းကို ပတ်ထားသည်။

စစ်ကြောင်းအစာရီစာပြတ်လပ်မှုကြောင့် တောင်မင်းအား ကချင်မှပါလာသော နာဂကြိုက်သည့်ဘိန်းကိုကျွေး၍ ရိက္ခာတောင်းစားရသည်။ ၄င်းရို့မှာ ဟိသည့်ရိက္ခာကို ထုတ်ပီးကြသည်။

တဖက်နှင့်တဖက် ခြီဟန်လက်ဟန်ပြ၍ ပြောဆိုရသည်မှာ ရယ်စရာဖြစ်သည်။ ပြိန်းဥမြောက်ဥ၊ ပြောင်း ဖူး - သူရို့စားသော အစားအစာဟူသမျကို ကျွေးကြသည်။

လူသားစားကြသည်။ မိမိနှင့်တရွာတည်းနီထိုင်သူများကို မစားကြ။ တခြားရွာမှလူများကို စားကြသည်။ စာရွီးသူနှင့်စစ်ကြောင်းကို အမဲလျှာကောင်သဖွယ် ထင်မှတ်ဟန်တူသည်။ သတ်စားရန် အမျိုးမျိုးကြိုးပမ်းကြသည်။ ၄င်းရို့၏လက်နက်ဖြင့် မယှဉ်သာကြောင်းကို တောကောင်များကိုပစ်ပြမှယုံသည်။

တကိုယ်လုံးမှာ အ၀တ်အစားမဟိကြသော်လည်း တဦးနှင့်တဦး ဟောဟောယမ်းယမ်း၊ စော်ကားမော်ကားမဟိ။ အိမ်ခြံများဟိသည်။ အိပ်လျှင် မီးဖိုများဘေးတွင်အိပ်ကြသည်။ ပုဆိုးဟူ၍မည်မည်ရရမဟိ၊။ တောင်နွားသာရီများကို ချမ်းလျှင်ချုံကြသည်။

ထူးဆန်းသည်မှာ ဆွီမျိုးသားချင်း တဦးဦးသီလျှင်မြီမမြှုပ်။ မိမိ၏အိမ်ခြံထဲတွင်စင်ပြုလုပ်၍ ၄င်းစင်ထက်တွင် တင်ထားကြသည်။ ညည့်အခါတွင် တောင်နွားကျားသတ္တ၀ါများ မကြာမကြာ လာရောက်ကြောင်းသိရသည်။ စာရွီးသူကိုယ်တိုင်နားချိန်တွင်ပင် ကျားကြီးသတ္တ၀ါများ လာရောက်ချောင်းမြောင်းကြသည်။

အ၀တ်အစားမဲ့လေးရွာမြောက် ထွိရွာမည်သော နာဂရွာတွင် မိုးလင်းရာဇာစစ်ကြောင်း (၂) ရက်အနားယူစဉ် ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်တခု ကြုံခရသည်။ ပြောမယုံ။ ကြုံမှယုံမည်။ ပုံပြင်လည်းမဟုတ်ပါ၊ လက်တွိဖြစ်ပါသည်။

ရွာသားများနှင့်နတ်ဆရာဟုထင်မှတ်ရသောလူတဦးက နာဂပျိုအမျိုးသမီးတဦး၊ နာဂယောက်ျားတဦးကို ၀ိုင်းဝန်းခေါ်ဆောင်လာကြသည်။ နတ်ဆရာမှာ ဓါးတလက်ကိုင်ထားသည်။ နတ်ဆရာက လူပျိုနှင့်အပျိုနှစ်ဦးအား (၇) ခေါက်တိတိလှည့်ပတ်လျှက် ပါးစပ်မှရွီရွတ်သည်မှာ ဆုတောင်းခြင်းဖြစ်နိုင်သည်။ ပြီးနောက် ပထမဆုံး လူပျို၏လိုင်ဖင်းကို ဓားနှင့်လှီးသည်။ သွီးစက်များပန်းထွက်သည်။ ဟောသံညီးညူသံများလည်းမဟိ။ ရွာသူရွာသားလူအုပ်များက လက်ခုပ်လက်ဝါးတီးကြသည်။ ထို့နောက် လိုင်ဖင်းလှီးထားသော သီဆုံးပြီးလူငယ်အလောင်းကို တောင်ယာအနှံ့ ခွန်အားဟိသူနှစ်ဦးယူ၍ သွီးစက်ချသည်။ သွီးစက်တစက်မကျန်သောအခါ လူငယ်၏ဂေါင်းကိုဖြတ်လျှက် နှီးဖြင့်ပြုလုပ်ထားသော ခရင်းတောင်း၌ထည့်၍ ရွာအ၀င်သစ်ပင်ကြီးထက်တက်ပြီး သစ်ကိုင်းမှာချိတ်ဆွဲထားလိုက်သည်။ ဂေါင်းမပါသော ကိုယ်ခန္ဓာကိုယ်ကို လက်ဝါးကပ်တိုင်၌ ချိုင်နှောင်ထားသည်။ ထို့အတူ နာဂအမျိုးသမီးကိုလည်း သွီးပယ်ကျံနီသောဓားဖြင့် (၇) နှစ်ခေါက်တိတိ ပါးစမှပြစ်တောက်ပြစ်တောက်ရွီရွတ်ယင်း နောက်ဆန်စုကိုကိုင်၍ လိုင်ဖင်းကိုဓားဖြင့်ဖြတ်လိုက်သည်။ မြင်ရသည်ကို အသဲယားမိသည်။ သီဆုံးလားသောနာဂမိမ္မပျိုအား နာဂလူငယ်ကဲ့သို့ တောင်ယာထဲ၌ သွီးစက်ချသည်။ သွီးစဲသည်နှင့် လိုင်ဖင်းကိုဖြတ်ချ၍ နာဂလူငယ်ကဲ့သို့ ဂေါင်းကိုသစ်ပင်ကြီးထက်တွင်၎င်း၊ ကိုယ်ခန္ဓာကို လက်ဝါးကပ်တိုင်တွင်၎င်း ချိုင်နှောင်ထားလိုက်ကြသည်။

ယင်းကဲ့သို့ပြုလုပ်သည်မှာ တောင်ယာနတ်ကို ပူဇော်ပသခြင်းဖြစ်ကြောင်း၊ တောင်ယာနတ်ကို ပူဇော်ပသမှ အသီးအနှံပွားများကြောင်းသိရသည်။ အ၀တ်မဲ့နာဂရွာ (၁၀) ရွာ၊ သစ်ခက်စည်းရွာ (၁၀) ရွာ၊ ပျိုင်ချပ်ဝတ် (၉) ရွာ ခရစ်ယာန်ဘာသာဝင်များကမူ အ၀တ်စည်းထားကြသည်။ တချို့နာဂများမှာ မြန်မာစကားကောင်းကောင်းနားလည်ပြီး ဆက်ဆံရေးပြေပြစ်သည်။ ဖော်ရွယ်ရိုင်းပင်းကူညီသည်။

ရက်ပေါင်း (၄၀) ကျော်မျှ နာဂရွာများကိုဖြတ်၍ ခရီးနှင်လတ်ပြီးနောက် အိန္ဒိယနိုင်ငံ မီဇူလူမျိုးသမ္မတတဦးကိုလည်း အထူးအဆန်းတွိရသည်။ မီဇူသမ္မတကြီးနောက်တွင် မီဇူလူပျို (၃၀၀) ခန့်ဟိ၍ ၄င်းရို့နှင့် မိတ်ဆွီဖွဲ့ကြရသည်။ မီဇူလူမျိုးများ၏အာဂန္ဓုအဖြစ် (၇) ရက်ခန့်နားပြီးနောက် မေလ (၂၄) ရက်နိ ချင်းပြည်နယ်ဖက်သို့ ခရီးထွက်လတ်ကြသည်။

ပြည်ချစ်ပါတီဦးနုတပ်မှ ခွဲထွက်လာသော ၀ီလျှံဂေါင်းဆောင်သည့် ချင်းအမျိုးသားအင်အား (၁၃) ဦးပါဝင်သည်။ ၄င်းရို့မှာ ထိုင်းနိုင်ငံမှ လိုက်လာကြခြင်းဖြစ်သည်။

ချင်းအမျိုးသားအဖွဲ့နှင့် ရခိုင်တပ်မတော်

ပြည်ချစ်ပါတီ (၀န်ကြီးချုပ်ဟောင်းဦးနုအဖွဲ့) မှ ခွဲထွက်လာသော ချင်းအမျိုးသားကို ၀ီလျှံဆိုသူက ဦးဆောင်သည်။ ၀ီလျှံချင်းတပ်ဖွဲ့မှာမူ ဗိုလ်မှူးကြီး ဒုဗိုလ်မှူးကြီး ဗိုလ်မှူးအဆင့်ဟိသူများ၍ ထမင်းချက်ရဲဖော်အဆင့်မဟိ။ တဦးနှင့်တဦးလည်း စည်းလုံးညီညွတ်မှုမဟိ။ မကြာမကြာ ရန်သူ့ထံထွက်ပြီး သစ္စာဖောက်လားသဖြင့် (၆) ဦးလောက်ရာ ကျန်တော့သည်။

ချင်းအမျိုးသားဝီလျှံအဖွဲ့ သစ္စာဖောက်ထွက်ပြီးလားခြင်းသည် မိုးလင်းရာဇာစစ်ကြောင်းအတွက်သော်၎င်း၊ ၀ီလျှံအတွက်သော်၎င်း စိုးရိမ်မကင်းဖြစ်ရသည်။ ရန်သူစစ်ကြောင်းကို သတင်းပီးပို့ခြင်းနှင့်တူသည်။ မိုးလင်းရာဇာစစ်ကြောင်းလမ်းခရီးအတွက် မဟာပြဿနာကြီးဖြစ်သည်။ ထိပ်တိုက်တိုး ရင်ဆိုင်တိုက်ပွဲကြီးကိုဖြစ်စီမည့် သီမင်း၏အန္တရာယ်ဖြစ်သည်။ ကြုံလည်းကြုံခရသည်။

ချင်းအမျိုးသားခေါင်းဆောင်ဝီလျှံက ဥက္ကဌကြီးခိုင်မိုးလင်းကို အားမငယ်ရန် အကွေ့အကောက် ယှောင်ပုံယှောင်နည်း၊ လမ်းခရီးကိုသူသိကြောင်း။ ဥက္ကဌကြီးနှင့်တကွ ရဲဖော်အားလုံး ဘေးမသီရန်မခရန် တာဝန်ခံချက်ပီးသည်။ ချင်းအမျိုးသားပင်ဖြစ်ကေလဲ့ စကားပြောကျွမ်းသည်။ နားဝင်ချိုအောင်ပြောတတ်သည်။ ချင်းအမျိုးသားဝီလျံ၏တင်ပြချက်ကို ဥက္ကဌကြီးခိုင်မိုးလင်းယုံကြည်အားကိုးသည်။ ချင်းပြည်မှဖြတ်သန်းပြီး ရခိုင်ပြည်သို့ချီတက်ရန် ဆုံးဖြတ်ချက်ချထားပုံရသည်။ စစ်ကြောင်းကို ချင်းပြည်သို့ချီတက်စီသည်။

ချင်းရွာချင်းလူမျိုးများထံမှ ရန်သူ့အခြေအနေကို စုံစမ်းသည်။ တရွာဝင်တရွာထွက်ခရီးဆက်သည်။ အမည်မသိရွာတရွာသို့ဝင်လိုက်သည်နှင့် ရွာသားများ အခြီပျက်အနီပျက် ကြောက်ရွံ့နီသည်ကို အကဲခတ်မိသည်။ ကြောက်စိတ်မွန်နီသော ရွာသားများကို တခုလည်း မိန်းမရ။ ချင်းဘာသာဖြင့် ၀ီလျှံအဖွဲ့ကမိန်းသည်။ မျက်စိပျက်မျက်နှာပျက် သွီးဆုတ်သည်ကလွဲ အဖြေမရ။ ဥက္ကဌကြီးခိုင်မိုးလင်းသည် ရွာသားများ၏အခြေအနေကို အကဲခတ်မိပုံရသည်။ ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့အား သတိဝိရိယဖြင့်လားရန်မှာသည်။ အားလုံးကိုသတိထားရန်ပြောသည်။

ယင်းရွာအနား နန်းတလေးချောင်းကိုမရောက်ခင် ရှိပြီးပွိုင့်အား စတင်ထွက်ခွာစီသည်။ မိနစ် (၂၀) ခန့်အကြာတွင် တောငှက်များလန့်ဖြတ်ပျံသံ၊ ချဥ့်အော်သံများကြားရသည်။

ရှိတွင်လားနီသော ရဲဖော်များကိုရပ်ဆိုင်းထားရန် အချက်ပြလိုက်သည်။ စာရွီးသူက စစ်ကြောင်းတခုလုံးကိုလက်ကာပြသည်။ လမ်း၏၀ဲယာတဖက်တချက်တွင် ကတုတ်ကျင်းများ၌ ရန်သူတချို့အိပ်ငိုက်နီသည်။ အရက်ယစ်နီလားမပြောတတ်။ (၅) ကိုက်လောက်ရာဝီးသည်။

တပ်စိတ်မှူးထွန်းခိုင်ကို လက်ညှိုးထိုးပြယင်း လက်ဦးမှုယူလိုက်သည်။ (ဝေါ-ဒေါင်း-ဘုန်း-ဂျိန်း) ဟူသောပေါက်ကွဲသံများနှင့်အတူ မြီပြင်သို့လှဲချလိုက်သည်။ သူ့ဖက်ကိုယ့်ဖက်ပစ်ခတ်သံများ လက်နက်ကြီးလက်နက်ငယ်အသံများဆူညံပြီး တောတန်းတလျှောက် ကြောက်မခန်းလိလိ မြည်ဟိန်းလားသည်။

အိန္ဒိယနယ်စပ်ဖက်သို့ အတင်းတိုက်ဖောက်ထွက်ခရသည်။ အိန္ဒိယနယ်စပ်၌ တပ်များကိုပြန်လည်စုစည်းစစ်ဆီးသောအခါ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တယောက် ပျောက်ခြင်းမလှပျောက်နီသည်။ သီသည်ရှင်သည် ရန်သူဖမ်းမိသည်လားမသိခရ။ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တဦးရာကျန်သဖြင့် စိတ်မကောင်းကေလဲ့ ခရီးဆက်လက်ထွက်ခွာလာခရသည်။

အိန္ဒိယနယ်စပ် ကသည်း မဏိပူရပြည်နယ်သို့ ချီတက်သည်။ အိန္ဒိယနယ်ထဲသို့ရောက်လားသဖြင့် အိန္ဒိယနယ်စောင့်စစ်သားများကို ကျော်ဖြတ်ခွင့်တောင်းသည်။ အိန္ဒိယစစ်တပ်ဂေါင်းဆောင်များနှင့် ဆွေးနွေးပြီးအပြန်တွင် ၀င်တိုက်သဖြင့် မိုးလင်းရာဇာစစ်ကြောင်းမှ အန္ဒိယတပ်ဖွဲ့ကို ခုခံစစ်ဆင်ခရသည်။

ရခိုင်တပ်ဖွဲ့အနီဖြင့် အိန္ဒိယစစ်တပ်ကိုလုံးဝမတိုက်လို။ အိန္ဒိယစစ်တပ်မှ လေးကြိမ်တိုင်တိုင် ၀င်ရောက်တိုက်ခိုက်သည်။ ခုခံယင်းတိုက်ခိုက်ယင်း ချင်းတောင်တန်းကို ပြန်လည်ဆုတ်ခွာခရသည်။

ချင်းတောင်တန်းမှ ရခိုင်ပြည်သို့ဒုတိယအကြိမ်ချီတက်

ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့နှင့် စစ်ကြောင်းတပ်မှူးတပ်ဗိုလ်ရို့သည် ချင်းဝီလျှံ၏ချင်းပြည်မှ ဖြတ်သန်းလားရေးအဆိုကို အထူးဝေဖန်စဉ်းစားကြသည်။ ဥက္ကဌခိုင်မိုးလင်းထံ မီဇူအမျိုးသမီး၏သတင်းပီးပို့ချက်ကို တင်ပြရန်စီစဉ်ကြသည်။ ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျှံကို အလွန်အကျွံယုံကြည်ကိုးစားသည်။ ၀ီလျှံပြောသမျှဆောင်ရွက်သမျှ အလေးထားသည်ကိုတွိရသည်။

မြန်မာစကားကိုပြောတတ်သော မီဇူအမျိုးသမီး၏သတင်းပီးချက်မှာ အစ်ကိုရို့ အရှိမှာ ရွာတရွာဟိရေ။ ယင်းရွာထဲမှာ မြန်မာစစ်သားအများကြီး၊ စစ်ကားအစီး (၄၀) တွိခရရေ။ မီဇူပြည် နယ်စပ်အတိုင်း ရောက်အောင်လားပါ။ မီဇူပြည်ဆုံးကေ ရခိုင်လူမျိုးတိဟိရေ ထရိပူရပြည်ကိုရောက်လိမ့်မည်။

ဥက္ကဌကြီး ကျွန်တော်ချင်းလူမျိုးပါ။ ချင်းပြည်မှာဆိုကေ ကျနော်မသိရေဒေသမဟိ။ ရန်သူဒေဖက်ကလာကေ ထိုဖက်ကိုယှောင်ဖို့ ကျွန်တော့်တာဝန်ထား။ တခုလဲ့ မပူပါကဲ့။ ကျနော်အသက်နန့်ရင်းလို့ ကာကွယ်ပီးပါမည် - ဟု ချင်းဝီလျံကပြောသည်။

စာရွီးသူကိုယ်တိုင် ချင်းဝီလျှံသည် မိမိ၏အိမ်သို့ပြန်ရန် အကျွန်ရို့ရခိုင်တပ်မတော်ကို အသုံးချနီသည်ဟု သံသယဖြစ်မိသည်။ ရန်သူသည် ရှိရွာကဖြတ်စောင့်နီမည်ကို သေချာပေါက်သိသည်ဟု ယူဆရသည်။

ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျှံတပ်ကို ရှိမှတက်ရန်အမိန့်ပီးသည်။ ဟုတ်ပါယင့်ဟု တခွန်းပြောပြီး ချင်းလူမျိုးခြောက်ဦး ရှိကဦးဆောင်လားသည်။ စာရွီးသူနှင့် မိုးလင်းရာဇာစစ်ကြောင်းက ဥက္ကဌကြီးထံ အကျိုးအကြောင်းယှင်းပြလို၍ ချင်းဝီလျှံနောက်လိုက်၍ မတက်သိမ့်။

ကွန်မန်ဒိုတပ်ဖွဲ့ အယင်လာ။
ဒေကောင်တိ ဇာလုပ်နီကတ်လဲ။

ဒေါသသံက ဥက္ကဌကြီးအမိန့်တွင်ပါနီသည်။ ဥက္ကဌကြီးကိုအလေးပြုပြီး မီဇူအမျိုးသမီးထံမှသတင်းပို့ချက်ကို တင်ပြလိုက်သည်။

ကြောက်၍ပြောသည်အထင်ဖြင့် ဆုံးမမည်ပျင်သောအခါ နောက်သို့ (၄-၅) လှမ်း ဆုတ်လိုက်ရသည်။ တဖန်ထပ်မန်၍ ဒုဗိုလ်ခိုင်မာယုတင်ပြသောအခါ လက်ဝါးစောင်း (၅) ချက် အပီးခံရသည်။ ဥက္ကဌကြီးက ရှိပြီးကွန်မန်ဒိုချီတက်ဟု အမိန့်ပီးသည်။ အမိန့်ကိုဖီဆန်၍မရ။ နာခံကြရမည်။

အမိန့်ကိုနာခံတတ်သော ရှိပြီးကွန်မန်ဒိုများ ချီတက်ကြသည်။ ရှိမှပါသော ချင်းဝီလျှံတပ်ကိုပင် ကျော်တက်ကြသည်။ နာရီဝက်ပင်မကြာလိုက် အသင့်စောင့်နီသောရန်သူများ ဖန်တီးထားသော သတ်ကွင်းကို ဆင်းမိသည်။

တပြိုင်နက် -

(ဘုံး-ဘုံး-ဘောင်း-ဘောင်း ဒိုင်း-ဒိုင်း-ဒိုင်း ဘုန်း-ဂျိန်း-ဘောင်း) ဟူသောအသံများ ဆူသံညံသံ၊ အမိန့်ပီးသ၊ံ ဟိန်းသံဟောက်သံများက ငရဲပွက်ပမာ။

ရန်သူကျည်ဆန် ကိုယ့်ကျည်ဆန်များက သစ်ပင်များ မြီကြီးများ၌ ပေါက်ကွဲလျှက်ဟိသည်။ ရန်သူသတ်ကွင်း (၁၀) ကိုက်လောက် ၀င်မိသည်ဖြစ်၍ တိုက်ယင်းခိုက်ယင်း လွတ်အောင်ရုန်းရသည်။ မိမိရို့မှာလည်း ပေါက်သည့်နှဖူးမထူးဗျာယ်ဟု ဆုံးဖြတ်လိုက်ကြသည်။ ပစ်ဆုတ်ပစ်တက်လုပ်ရသည်။ ယှောင်ကွေ့ဆုတ်လုပ်ရသည်။

ချင်းဝီလျှံနှင့်အဖွဲ့ ချင်းပြည်သို့ ထိုးဖောက်ဝင်ရောက်လားကြသည်။ သီသည်ရှင်သည်ကိုမသိရ။ ရန်သူတပ်ဖွဲ့များမှာ ချင်းတောင်တန်းတလျှောက် အချိပ်အဆက်မိမိဖြင့် အပြည့်စောင့်နီကြသည်။ ချင်းဝီလျှံ၏စကားကိုယုံကြည်မိသောကြောင့် တိုက်ပွဲမှာ ဆင်ကန်းတောတိုးဖြစ်ရသည်။ စစ်ရေးတကွက်မှားဗျာယ်ဟု ကောက်ချက်ချမိသည်။

အကြောင်းကမထူးတော့ပါ။ နိတိုက်ပွဲ၊ ညည့်တိုက်ပွဲ၊ သေနပ်သံမစဲ။
အအိပ်ပျက်၊ အစားပျက်၊ ရိက္ခာပြတ်၊ ဆီးဝါးပြတ်ခရသည်။

ကံကြမ္မာက မိမိ၏လက်ထဲမှာဖြစ်သည်။ ချင်းရွာအနားသို့ ချဉ်းကပ်ကြည့်သည်။ လုံး၀၀င်၍မရ။ တိုက်ပွဲဖြင့်ဆုတ်ခွာရသည်။ တောင်ကြောတောင်တန်းတလျှောက်ကြည့်လိုက်လျှင် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ် ကလေးမြို့နယ်များဟုထင်မှတ်ရသော မီးရောင်များကို ညည့်အခါမြင်ရသည်။ ချီ၍ကားမရ။ ရန်သူကဖြတ်လေးဖြတ် ထိုးစစ်ဆင်လတ်ပြီ။ စားနပ်ရိက္ခာပြတ်သဖြင့် ထမင်းမစားရသည့်ရက်က များလာပြီ။ ချင်းတောင်တန်းတလျှောက် သစ်ဥသစ်ဖုများရှာဖွေ၍ အဟာရဖြစ်စားရသည်။ သစ်ဥသစ်ဖုမတွိလျှင် ပင်နုရွက်နု၊ အင်ပင်ဖူး၊ နပျိုးပင်၊ နပျိုးဖူး၊ ပြောင်းစိအခြောက်များကို တောင်ယာဟောင်းမှ ကောက်စားရသည်။ တခါတရီ တောင်ယာဟောင်းများတွင် အသင့်စောင့်နီသော ရန်သူများနှင့်တိုက်ခိုက်ရသည်၊။ ပြီးရသည်က အညောင်း။

မိုးလင်းရာဇာစစ်ကြောင်း ထိုတဖွဲ့ဒေတဖွဲ့ ဖရိုဖရဲဖြစ်သည်။ ဤသို့ဖြင့် ချင်းပြည်နယ် ဖလမ်း တီးတိန်အရောက်တွင် စာရွီးသူမှတ်တမ်းအရ အပါးကပ်လှံစွပ်ထိုးတိုက်ပွဲ (၉) ပွဲ၊ အနီးကပ်ရင်ဆိုင်တိုက်ပွဲ အပွဲ (၃၀)၊ နောက်ဆုံးဖိုင်နယ်ပွဲမြောက် လှိုင်ပုံရွာ၌ ရန်သူစစ်တပ် အဆမတန်များသဖြင့် အရေးနိမ့်ခရသည်။

ချင်းပြည်ကနေဒီတောင်တန်းတွင် မျိုးချစ်ရခိုင်ဗိုလ် အကြပ်တပ်သားအများအပြား အစုလိုက်အပြုံလိုက်ကျဆုံးခရသည်။ ရန်သူဖက်မှလည်း ရာနှင့်ချီ၍သီဆုံးသည်။ အလောင်းများမှာ မြင်မကောင်းရှုမကောင်း။ အနိဌာရုံ လူသတ်ကွင်း။

လှိုင်းပုံရွာတိုက်ပွဲ၌ လူစုကွဲခရာ စာရွီးသူနှင့်အတူ ဥက္ကဌကြီးခိုင်မိုးလင်း၊ အတွင်းရေးမှူး ခိုင်ဘကျော်၊ ဗိုလ်သိန်းနိုင်၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ အရာခံဗိုလ်မိုးဟိန်း၊ တပ်ကြပ်ကြီးမြမောင်၊ မိုးတိမ်ပျ၊ံ ခိုင်သန်းကျော်၊ ဆီးမှူးခိုင်မင်းလတ် စုစုပေါင်း (၁၁) ဦးမျှရာ စုမိသည်။

ရိက္ခာပြတ် အစာငတ်။ ရန်သူကိုယှောင်ကွင်းပြီးရသည်။ ညည့်အမှောင်ကိုအားကိုးရသည်။ မြင့်သောတောင်ထိပ် ဂျောက်ကမ်းပါးယံများကို စမ်းတ၀ါးဝါးလျှောက်ရသည်။ အမှောင်သည်ပင် အကောင်းဆုံး။ ဧရမ မတ်စောက်သော တောင်ထိပ်ကိုတက်ရသည်။ တောင်ထိပ်ကိုရောက်သည်နှင့် ဘယ်ညာလေ့လာရသည်။ ဖြတ်ခနန်း မီးရောင်တခုကိုတွိရသည်။ ရန်သူများဖြစ်နိုင်ရေပိုင် လူစုကွဲလားသော မိမိရို့လူလည်းဖြစ်နိုင်သည်။

မီးရောင်ဟိရာ အသက်စွန့်ပြီး သစ်ကိုင်းသစ်ငုတ်များကိုဖယ်၍ အမှောင်ကိုအားပြု ချောင်းမြောင်းကြည့်ရာ ချင်းတောင်တောင်ယာတခု၌ လက်နက်များကိုဝှက်ပြီး အရပ်သားအ၀တ်ဝတ်ဖြင့် ပြောင်းစိ၊ထမင်းချက်စားနီသော ခိုင်အာဏာနီ၊ ဇာနီခိုင်၊ ရောင်ရင်စိုးနိုင်၊ ခိုင်မျိုးရိုင်း၊ ခိုင်မင်းရို့အား မသီမပျောက်တွိရသည်။ ၀မ်းသာလုံးဆို့ရသည်။ အင်အားစုစုပေါင်း (၁၆) ယောက်ဖြစ်လား၍ အားတက်မိသည်။

ချင်းတောင်ယာပိုင်သျှင်ကို ပြောင်းစိများရောင်းရန် ဖဲသာဖြင့်ပီးဝယ်သည်။ ချင်းများက ဖေးသာမယူ မရောင်းချင်။ ဂေါင်းခါသည်။ ပိုင်သျှင်မရောင်းကေလဲ့ ငတ်နီသဖြင့် အားဓမ္မဖဲသာထုတ်ပီးပြီး ပြောင်းစိများကိုယူခရသည်။ စိတ်မကောင်းပါ။ အားလည်းနာပါသည်။ သနားလည်းသနားပါသည်။ မတတ်နိုင်။

ငတ်ခြင်းကြောင့် ၀မ်းတင်းဖို့ကအရေးကြီးသည်။ လူနှင့်မပါးတောကြီးထဲမှာ အသက်ဆက်နိုင်ရေး ခရီးဆက်နိုင်ရေးအတွက် ပြောင်းစိရိက္ခာများကို နိုင်သလောက်ယူပြီး တောင်ယာမှထွက်လတ်ကြသည်။

ညည့်သုံးယံမှာ နှစ်ယံခရီးဆက်ပြီး ညောင်းလာသဖြင့် ကုန်းမြင့်တခု၏ထူသောခြုံတခုအထဲတွင် ခိုင်ဝင်အိပ်စက်ရသည်။ ရန်ကင်းအစောင့်ထားကေလည်း ကင်းသမားက အိပ်ပျော်နီမည်မလွဲပေ။

(ဘုံး-ဘုံး-ဒိုင်း-ဒိုင်း ဂျိန်း-ဘောင်း)

မိုးထက် (၄) ချက်တီးလောက်မှာ ရန်သူ၏အဆက်မပြတ် ပစ်ခတ်မှုကိုခံကြရသည်။ ဥက္ကဌကြီးကို တစထိမှန်လားသည်။

ဥက္ကဌကြီး ရှိကမြောင်အတိုင်းဆုတ်ပါ။ ကျွန်တော်ခံပစ်ထားပါမည်။

(ဒိုင်း-ဒိုင်း-၀ုန်း-ဒိုင်း)

လက်နက်မျာက မိုးသီးပေါက်ပိုင်ကျသည်။ ရောင်ရင်စိုးနိုင်တယောက် ညာဖက်မျက်လုံးနှင့် ဘယ်ဖက်ပေါင်ကို ကျည်မှန်သည်။ ပေါင်းရိုးကျိုးလားသည်။

(ဒေါင်း-ဒေါင်း-ဖောင်း-ဖောင်း)

ကာပိုင်ကျည်ဆန်များ ဂေါင်းထက်ကဖြတ်၊ ဘေးကဖြတ်နံကဖြတ် ဖြတ်သည်။

ကေ - စိုးနိုင် မင်းဒါဏ်ရာကလည်းများရေ။ နောက်လူတိလည်း ဆုတ်လားခဗျာယ်။ မင်းစိတ်ကိုတင်းထား။ လက်ပစ်ဗုံးနှစ်လုံးယူထားလိုက်။ ရန်သူမကြာခင် မင်းပါးကို ရောက်လာမည်။ လက်ပစ်ဗုံးနှစ်လုံးနှင့်ရာ ယှင်းလီဖိ။

စိုးနိုင်မျက်စိတဖက်မှ သွီးများဒလဟောဆင်းပြီး ကျန်တဖက်က မျက်ရည်ကျလျှက် - ခိုင်နီရောင် ငါ့ကိုပစ်ထားခဖို့ယေလာ - ဟူသောစကားကိုကြားပါလျှက် နောက်ခိုင်းခရသည်။ ကြီကွဲမှု စိတ်မကောင်းမှု ၀မ်းနည်းမှုများစွာဖြင့် ရှိလူများဆုတ်ခွာလားသည့်မြောင်အတိုင်း ပြီးဆင်း၍လိုက်ရှာရသည်။

လျှိုမြောင်အကောက် (၁၀-၉) ခု မြောက်သောအခါ ရန်သူကို စိုးနိုင်လက်ပစ်ဗုံးဖြင့်ခွင်းသံ ကြားလိုက်ရသည်။ နောက်ဆုံးအသက်ငင်နီစဉ်မှာပင် တိုင်းပြည်နှင့်လူမျိုးအတွက် သမိုင်းပီးတာဝန် သူကျီခသည်။

လျှိုမြောင်အထပ်ထပ်ကိုကျော်ဖြတ်ကာ ရှိကဆုတ်ခွာလားသောရဲဖော်များကို ရှာဖွေယင်း စိုးနိုင်စကားက မိမိစိတ်ကိုကြီးစိုးနီသည်။ စိတ်ထဲထွင်လည်း မိမိကိုမိမိ ခွင့်လွှတ်ချင်စိတ်မဟိ။ တဦးတည်းတယောက်တည်း ထမ်းပိုး၍လည်းမနိုင်။ - ခိုင်နီရောင် ငါ့ကိုပစ်ထားခဖို့ယေလာ - စကားကိုကြားယောင်နီမိသည်။ သနားမိသည်။ ယူကျုံးမရဖြစ်မိသည်။ အဖော်များကိုရှာယင်း ရိက္ခာပြတ်။ ငတ်ပြတ်။ သစ်ဥသစ်ဖု ရှာဖွေစားသောက်ရသည်က တယောက်တည်း။ လုံချင်းတည်း။ နိရက်တိမရွီနိုင်ဗျာယ်။ ရန်သူဖီးမှလွတ်အောင်ပြီးနီရသည်။

ယွှီ - ယွှီ လက်ပုလီမှုတ်သံကို မြောင်တခုအနားမှာ ကြားရသဖြင့် သတိပြုနီရာယူလိုက်သည်။ သေသေချချာ စူးစိုက်ကြည့်လိုက်ရာ ဥက္ကဌကြီးခိုင်မိုးလင်း၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ ဇာနီခိုင်၊ မျိုးရိုင်း၊ ခိုင်သန်းကျော်၊ ခိုင်မင်းလတ်ရို့ကို အရှင်လတ်လတ်တွိရ၍ ကကောင်းဝမ်းမြောက်မိသည်။ ကဗျာကယာ အရိုအသေပြုပြီး ဗိုလ်မှူးကြီးဒါဏ်ရာအများပါလား - စိုးရိမ်တကြီးမိန်းလိုက်သည်။ ပေါင်ကိုချန်လားခစွာရာဟု ဖြေသည်။

(၈) ယောက်မျသောလူနှင့် ရခိုင်ပြည်ကိုချီတက်ရန်အမိန့်ပီးသည်။ ယင်းနီရာမှ တောတောင်များကိုကျော်။ လျိုမြောင်ဂျိုင့်ဝမ်းအထပ်ထပ်ကိုဖြတ်၍ တီးတိန်-ဖလန်းကားလမ်းသို့ အရောက်ချီတက်လတ်ကြသည်။ တီးတိန်ဖလန်းကားလမ်းကို ရောက်သည်။ နိအခါကျော်ဖြတ်၍မဖြစ်။ ညည့်ကိုစောင့်ရသည်။

အဝေးညီချေ - စိတ်ဓာတ်မကျကဲ့နှမ်း။
ဟုတ်ပါရေ။ စိတ်ဓါတ်မကျပါ ဗိုလ်မှူးကြီး။
ငါမှားရေဝေး။ အိန္ဒိယနယ်စပ်ကလားကေ လွတ်တေ။ လွတ်ဖို့။
ငါ့ညီချေရို့ပြောစကားကို နားမထောင်လိုက်။
ဝီလျှံစကားကိုယုံလို့။

ဥက္ကဌကြီးခိုင်မိုးလင်း မျက်ရည်ပင်ကျသည်ဟုထင်သည်။ ၀မ်းနည်းပက်လက်ဖြစ်နီသည်။ အိပ်ကပ်မှာ အသင့်ပါလာသော လက်ကိုင်ပုဝါဖြင့် မျက်နှာကိုသုတ်လိုက်သည်။ တဖန် အိပ်တွင်ပါသော ချီဂွေဘားရား၊ ကျူးဘားနိုင်ငံမှ ကတ်စထရိုဓာတ်ပုံများကို ထုတ်ပြသည်။

ဒေပုံကိုကြည့်ကတ် - ငါ့ညီရို့။

ဒေခေါင်းဆောင်ကြီး ကတ်စထရိုရေ အေပိုင်ဒုက္ခခံပြီးမှ လွတ်လပ်ရေးကိုရရေ။ အခုလည်း ငါရို့ရခိုင်ပြည်ကို အရောက်ချီမည်။ ရန်သူဘားမှာ လုံးဝဒူးမထောက် လက်မမြှောက်ကဲ့။ အမျိုးသိက္ခာကျရေ။ သီကေအေပိုင် ရခိုင်ဘတ်တံဆိပ်ကိုပြလို့သီ။ ငါလုံးဝဒူးမထောက်။ လက်မမြှောက်။ စိတ်ရာချ။ လက်နက်ဖက်လို့သီချင်သီပတ်စီ။ ငါ့အတွက် မလွဲမချောင်သာကေ ကျည်သုံးတောင့်နန့် ကိုယ့်စွာကိုယ် အဆုံးစီရင်လားဖို့။

တီးတိန်-ဖလမ်းကားလမ်းခြုံတောဘေးမှာ ဥက္ကဌကြီး၏နောက်ဆုံးမိန့်ခွန်းဖြစ်သည်။

၁၉၇၇-ခုနှစ် ဇွန်လ နှစ်ရက်နိ ညည့် (၆) ချက်တီးအချိန်။ နီမင်းကြီး နောက်ဂေါယာယွန်းချိန်။ တောပုဇိုင်းရင်ကွဲသံများဆူညံနီသည်။ ညည့် (၉) ချက်တီးအချိန်တွင် ကားလမ်းကိုကူးဖြတ်သည်။ ယင်းလမ်းဘေးတွင် ပင်ပမ်းသဖြင့် ရဲဖော်ခိုင်သန်းတယောက် အိပ်မောကျကျန်ခသည်။ အာသံမဏိပူရဆိပ်ကမ်းသို့ရောက်သည်။ တညည့်လုံး စမ်းဖီစမ်းဖတ် ခရီးဆက်သည်။ အလင်းရောင်ရောက်သည်နှင့် တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက် (၈) မိုင်အကွာ ၀ါးပတ္တလားတန်းထသို့ရောက်သည်။

ဥက္ကဌကြီး၏ထိုဖက်ကူး အမိန့်သံထွက်လာသည်။

နီဟုသိမ့်တချက်ချေ။ အေမှာ ရန်သူစစ်ဖိနပ်ရာတိ အများကြီးတွိရပါရေ။
ထိုဖက်ကမ်းမှာ ရန်သူရောက်နီဗျာယ် ထင်ပါရေ။

အဝေးရောင်နီ - မင်းကြောက်ကေနောက်ဆုတ်။ စကားမရှည်ကဲ့။

ထိုသို့ပြောနီစဉ် ဒုဗိုလ်သီဟ ဒုဗိုလ်ကျော်ထူး ချီတက်လားသည်။ စာရွီးသူသည် ဥက္ကဌကြီးရှိတွင် ဖိနပ်ကြိုးပျင်ဟန်ပြု၍တားစဉ်

ညီချေလားဝေး - အေမှာ သီဟကျော်ထူးနှစ်ယောက် တန်းထအလယ်ကို ရောက်နီဗျာယ်ထင်ရေ။

(ဘုန်း-ဘုန်း-ဒိုင်း-ဒိုင်း-)

ရန်သူ့ကျည်ဆန်နှင့်ကြောင့် ဒုဗိုလ်သီဟနှင့် ဒုဗိုလ်ကျော်ထူး ချောင်းထဲရွင့်ကျလားသည်။ ဥက္ကဌကြီး၏ဒူးတည့်တည့်ကိုမှန်သဖြင့် ကမန်းကတန်း အလျှင်အမြန်ဆွဲယူကာ ကုန်းထက်သို့ပြီးရသည်။

အချိန် ဇွန်လ (၄) ရက်နိ မိုးထက်ခြောက်ချက်တီး။

ညီချေ ခိုင်နီရောင်။
ဘုရား။
ငါ့ဒူးဆစ် ဒိုးလက်မဟိလိုက်ယာဝေး။
ထမ်းယူပါမည် ဗိုလ်မှူးကြီး။

ဥက္ကဌကြီး၏ဒူးဆစ်မှ ဒရဟောကျနီသောသွီးများသည် ပတ်ဝန်းကျင်တ၀ိုက် ရဲနီ၏။ ကြည့်နီ၍ကားမဖြစ်။ ဥက္ကဌကြီးအားထမ်းကာ မဏိပူရမြစ်ကြောင်းအတိုင်းပြီးရသည်။ ရန်သူများ အားဖိ၍တိုက်သည်။ သေနပ်သံ၊ စိန်ပြောင်းသံ၊ အမြောက်သံများက တတောလုံးညံနီသည်။ ရန်သူတပ်ဖွဲ့မှ လော်စပီကာအသံထွက်လာသည်။

ခိုင်မိုးလင်းလက်နက်ချလိုက်။ ခင်ဗျားကိုမသတ်ဘူး။

မဏိပူရမြစ်ရိုးတလျှောက် ဥက္ကဌကြီးကိုထမ်း၍ပြီး၍ (၁) နာရီလောက်ကြာသောအခါ

ငါ့ညီရို့ ငါ့ကိုချ။ အမိန့်ပီးသည်။

ဥက္ကဌကြီးကို အသာချေ အောက်သို့ချလိုက်သည်။

ငါ့ညီရို့ - ငါ့ကိုထားခကတ်။ ရှီကိုချီတက်။ လုံးဝလက်နက်မချကဲ့။

ပါလာသည့်ဖဲသာများကို မီးလျို့လိုက်သည်။ နာရီကိုထုခြီလိုက်သည်။ AK လက်နက်ကိုဖျက်ဆီးပြီး အနားဝန်းကျင်လွှင့်ပစ်လိုက်သည်။

ငါညီရို့ - ရှိတက်။ အမိန့်ကိုနာခံ။

စာရွီးသူရို့ အနားမှာနီခွင့်မရ။ အမိန့်ကိုနာခံရသည်။ ဖာလုံဝက် တဖာလုံလောက်အ၀ီးရောက်သောအခါ ပစ္စတိုသံသုံးချက်ကြားရသည်။ စာရွီးသူနှင့်အားလုံး ဥက္ကဌကြီးဟိရာပြီးလားသော်လည်း ရန်သူ့အင်အားကြီးမှုကြောင့် အခွင့်မသာဘဲ ရန်သူနန့်အပြိုင်လုယင်း ရန်သူရလားသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် မသီခင်ကပင် - ဒူးမထောက်လက်မမြှောက်။ ကျည်သုံးတောင့်ငါ့အတွက် - ပြောစကားအတိုင်း သမိုင်းပီးတာဝန်ကျီခသည်။

၁၉၇၇-ခုနှစ် ဇွန်လ (၄) ရက်နိ မိုးထက် (၆) ချက်တီး၊ တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက် (၈) မိုင်အကွာ မဏိပူရမြစ်အနားမှာ ဒဏ်ရာရသည်။ ယင်းမှတနာရီခန့်အကြာတွင် ပစ္စတိုသုံးချိန်းဖြင့် မိမိကိုယ်ကိုမိမိ အဆုံးစီရင်လားသည်။

ရခိုင်ပြည်နန့်ရခိုင်လူမျိုး ကျွန်ဘ၀မှလွတ်မြောက်နိုင်ရေးအတွက် ပါတီတပ်မတော်ကိုထူထောင်ကာ ဆင်းရဲဒုက္ခမျိုးစုံ၊ အသက်သွီးချွေး အရင်းအနှီးပီးလျှက် တိုက်ပွဲပေါင်းမြောက်များစွာယှဉ်ပြိုင်တိုက်ခိုက်၍ နီထွက်ရာအရပ်မှ နီဝင်ရာအရပ်ဖြစ်သော အဖရခိုင်ပြည်သို့ တနှစ်နီးပါး မိုးလင်းရာဇာစစ်ကြောင်း ဇွဲသတ္တိစွမ်းအား၊ သစ္စာအဓိဌာန်မပျက်မကွက်ဘဲ အာဇာနီလူစွမ်းကောင်းပီသစွာဖြင့် ကရင်ပြည်၊ သျှမ်းပြည်မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ ကချင်ပြည်များကို ငတ်ပြတ်ကျော်လွှားပြီး ချင်းပြည်လမ်းခုလပ်အရောက်တွင် ရခိုင်သူရဲကောင်း (၅၃) ဦး ချင်းပြည်တွင်လည်ကောင်း၊ ကရင်ပြည်၌ (၃၁) ဦး ရခိုင်ပြည်လွတ်လပ်ရေးအတွက် စတေးခံသွီးလမ်းခင်းခသည်ကို အစဉ်သတိရဂုဏ်ပြုလျှက် ဤစာတမ်းဖြင့်သမိုင်းမှတ်တိုင် စိုက်ထူလိုက်ရပါသတည်း။

ခိုင်နီရောင် (ကိုယ်တွိ)