Showing posts with label stories. Show all posts
Showing posts with label stories. Show all posts
Friday, June 1, 2012
ဖက်ခွက်လက်ချက် သဇင်တခက် ရာဇဝင်
Download
ဖက်ခွက်လက်ချက် သဇင်တခက် ရာဇဝင်
”အမိ ကျောင်းမှာအာစရိယပူဇော်ပွဲလုပ်ဖို့ ဖေသာ ၃၀၀ စီထည့်ရဖို့”
လေးတန်းကျောင်းသားချေ အောင်မြတ်ထွန်း ကျောင်းကအပြန်အိမ်ကို ရောက်ရောက်ချင်း လွယ်အိတ်ကို ဝေးချပနာ အမိနားကပ်ပြောလိုက်တေ။ မိစောနု သက်ပြင်းတချက် ချလိုက်မိရေ။ လင်ယောင်္ကျားသီလားစွာ ၄ နှစ်ပြည့်ဖို့ဗျာယ်။ လင်သည်သက်ဟိထင်ရှားဟိနီခါ ဒေကိစ္စတိကို မပူခရ။ ချစ်လင် မြတ်ထွန်းဦးက မြန်မာ့ဆိပ်ကမ်းက အစိုးရဝန်ထမ်းတယောက်ပါ။ တတောက်ပပြောင်မဟိကေလည်း ဒေကိစ္စချေတိကိုမပူခရ။ သူမအလုပ်က အိမ်တွင်းရီးကိစ္စ။ အချေတိကိုအိမ်တွင်းကနီ လိုအပ်စွာတိ အားလုံးလုပ်ပီးရေ။ သူမမှာ သမီးနှစ်ယောက်။ သားတယောက်။ အကြီးဆုံးသမီး ဦးသိန်းနုက လွန်ခရေနှစ်က ဆယ်တန်းအောင်လားပြီးဗျာယ်။ သားချေအောင်မြတ်ထွန်းက ဒေနှစ်လေးတန်း။ သမီးထွီး နုသဲဖြူက သုံးတန်း။ သမီးကြီးက ဆယ်တန်းအောင်ဗျာယ်ဆိုခါ အိမ်တွင်းရီးကိစ္စ စိတ်မပူရ။ သူမ ဈီးထွက်ရောင်းတိုင်း အစစအရာရာကို သမီးကြီးက ဒိုင်ခံလုပ်ပီးရေ။ အဖမဟိရေနောက်ပိုင်း မောင်ချေနန့် နှမချေကို အစရာရာပြုစု ဂရုစိုက်ပီးရေ။ ဖေသာမတတ်နိုင်လို့ အချေတိညကျောင်း မထားနိုင်ကေလည်း သမီးကြီးက သူရို့နှစ်ယောက်ကို စာပြပီးရေ။ လိမ္မာရီးခြားဟိရေသမီး၊ သမီးကြီးအမိအရာဆိုရေအတိုင်း၊ အမိနန့် လောင်းကူလှော်ဖက်ရရေ။
”အမိ မေကြီး အမိကိုကူညီနိုင်ဗျာယ်”
မိစောနု အတွေးစတိပျက်လားရေ။ အိမ်ထဲကိုပြီးဝင်လာရေ သမီးကြီဦးသိန်းနု အမိသည်လိုင်ပင်းကိုဖက်ပနာ ပြောလိုက်စွာဖြစ်တေ။
”ဇာဖြစ်လာစွာလဲ မေကြီး၊ ပျော်လုံးကြီးဆို့လို့ကာ”
”အမိ မေကြီးအလုပ်ရဗျာယ်။ ထိုတလောက ရန်ကုန်ကလာလို့ အသစ်ဖွင့်ရေ ဆီးကုမ္ပဏီမှာ”
”ဟိန့်…. မကြီးအလုပ်ရကေ မောင်မောင်ကို အာစရိယပူဇော်ပွဲအတွက် ဖေချာနန့် ဘောင်းဘီအသစ်တလုံးဝယ်ပီးနန်း”
မောင်ချေ အောင်မြတ်ထွန်းက အေးမကြီး အလုပ်ရစွာကိုကြားစွာနန့် သူလိုချင်စွာကို ချက်ချင်း တောင်းဆိုလိုက်တေ။
”မကြီးအလုပ်ရှာစွာ မင်းရို့အတွက်၊ မောင်မောင် စာရာကြိုးစားနန်း၊ မကြီးအားလုံးပီးမေ။”
မောင်မောင်တယောက် သူတောင်းစွာတိရဖို့ဆိုလို့ အပျော်ကြီးပျော်နီရေ။ မိစောနုက မျက်ရည်တိပင်ဝဲလို့ ပီတိဖြာနီရေ။ မိထွီးချေက အိမ်မှာမဟိ။ ထုံးစံအတိုင် အပြင်မှာ တခြားအချေတိနန့် ကဇတ်နီကတ်တေ။
ယင်းနိညဇာ မိသားစုထမင်းပွဲ စစည်ကကား။ ခါတိုင်းပိုင် အပေါစား ဟင်းငါးတိမဟုတ်။ မေကြီးအလုပ်ရရေ အထိမ်းအမှတ်နန့် မိစောနု ကြက်ရင်အုံတအုံဝယ်လာရေ။ ကြက်သားဆိုစွာ သူရို့ပိုင်လက်လုပ်လက်စားတိအတွက် နတ်သုဒ္ဓါ။ ယင်းနိ ထမင်းဝိုင်းမှာ ကြက်သားဆီပြန်၊ ငရုတ်ကြိတ်နန့် တို့စား၊၊ ကြာဆံနန့်ဘူးသီးဟင်းရည်သောက်၊ ကော်ဖီပွင့်ကျော်ရို့နန့် စစုံလလင် စားကတ်ရရေ။ မောင်မောင်နန့် မိထွီးက ထမင်းအလုပ်ပြတ်နန့် သူရို့လိုချင်ရေ လိုအပ်တေ ဘောလ်ပန်၊ ခဲတန်၊ ပေတံတိကို လစာထွက်တေနိ ဝယ်ပီးဖို့အတွက် တခုချင်းစီချပြနီကတ်တေ။ ပုံမှန်ဆို မကုန်တတ်တေ ထမင်းအိုးကြီး တတက်ပြောင်လားရေ။ မိစောနုတယောက် သားသမီးချေတိ ပျော်နီကတ်စွာကို ကြည့်လို့ပီတိဖြာပနာ သူမမျက်လုံးအိမ်ချေမှာ တမ်းတခြင်း၊ အောက်မိသတိရခြင်းတိ တရိပ်ရိပ်တက်လာရေ။ အော်…ကိုမြတ်ထွန်းဦး…..သူရာ ဒေထမင်းဝိုင်းမှာဟိကေ ဇာလောက်ပျော်ဖို့ကောင်းဖို့နန်း…….
အလုပ်ရလို့ နှစ်ပတ်ကြာရေခါ မေကြီးတယောက် အလုပ်ကိစ္စနန့် ခရီးထွက်ဖို့ကျရေ။ အရောင်းစာရေးမဆိုရေအတိုင်း မြို့ထဲက ဆီးခန်း၊ ဆီးဆိုင်တိမှာ တဆိုင်ဝင်တဆိုင်ထွက် ဆီးလားဖြန့်ရရေပိုင် နှစ်ပတ်တခါစီ တခြားမြို့တိကိုလားလို့ ဖြန့်ဝီရရေ။ သူမဖြန့်ချီရီး တာဝန်ကျရေမြို့က ဘူးသီးတောင်နန့် မောင်တောပါ။ သူမဘဝမှာ ဘူးသီးတောင်ဆိုရေမြို့ ပထမဆုံးခရီး။ ဒေတခေါက် မောင်တောထိတက်စရာမလို။ ဘူးသီးတောင်က ဆိုင်တချို့မှာဖြန့်ရဖို့။ ကိစ္စမဟိ။ သူမမှာ ဘူသီးတောင်မှာ အဝီးသင်တက်ဖက် သူငယ်ချင်း ကျန်သဲဖြူ အိမ်ဟိရေ။
တလင်္လာနိ မိုးထစစော အိမ်ဘေးက အခင်ဖြူသီး ဆိုက္ကားနန့် သင်္ဘောဆိပ်ကို ဆင်းကတ်တေ။ ဆိုက္ကားနောက်မှာ ဆီးကာတွန်းဗူးကြီးကို တင်လိုက်တေ။ မောင်ချေကို ရင်ခွင်ထက်မှာတင်လိုက်တေ။ ညကပင် မောင်ချေက မကြီးကိုသင်္ဘောဆိပ်ထိ လိုက်ပို့ပီးမေလတ်။ အမိက စစောကပင် ဈီးကြီးက ဟင်းချွတ်ဖို့ ထလားခဗျာယ်။ မောင်ချေကို မလိုက်ကဲ့ မကြီးတယောက်တည်းလားမေဆိုလို့မရ။ အေးမကိုစိတ်မချ။ ဇာစိတ်ချဖို့လဲ။ အချေဆိုကေလည်း သိရေ။ တခါတရီ မောင်နှမတတော လမ်းလျှောက်ထွက်ကတ်ကေ ယောင်္ကျားတိမြင်တိုင်း သူ မလွတ်တမ်း မျက်စိနောက်လို့ ကြည့်ထားရေ။ ကြည့်ဖို့နင်းရာ။ မြင်ရေယောကျာင်္းတိုင်း သူ့အေးမ ခန္ဓာကိုယ်က မျက်စိလုံးဝမခွါ။ မျက်စိထွက်ကျဖို့ပိုင် ကြည့်နီကတ်တေ။ ဦးသိန်းနုက အမိတူသမီး။ အသားကဖြူစွာလည်းမဟုတ် ညိုစွာလည်းမဟုတ်ပါ။ နီစပ်စပ်၊ နှာတံစစင်း၊ မျက်နှာသသွယ်၊ ဆံပင်က မတိုမရှည်၊ တင်းကား၊ ရင်စွင့်၊ မြင်ရေပုရိသယောင်္ကျားတိုင်း အကြည့်မခွါ သက်ပြင်းရှည်ချရစီရေ အလှပိုင်သျှင်မ။
စစ်တွေ၊ ပြည်တွင်းရီကြောင်း၊ သင်္ဘောဆိပ်ကိုရောက်ဗျာယ်။ ဇာချိန်ကပင်ရောက်နီကတ်တေ ခရီးသည်တိလည်းမသိ၊ ဖောင်တော်တန်းခါးဝမှာ ကျိတ်ကျတိုးနီကတ်တေ။ တန်းခါးဖွင့်ဖို့စွာကို စောင့်နီကတ်စွာ ထင်ယင့်။ သူမ ဘူးသီးတောင်၊ မောင်တောကို ခရီးမထွက်ဖူးကေလည်း သူငယ်ချင်း ကျန်သဲဖြူပါးက အသေးစိတ်မီးထားရေ။ ယင်းတန်းခါးဘေးမှာ ရိုးရိုးလက်မှတ် အရောင်းဌါနဟိရေ။ သူမအတွက် ရိုးရိုးလက်မှတ်ဝယ်လိုက်ကေ အဆင်ပြေဖို့မထင်။ ဆီးဘူးတန်းလန်းနန့် ဒုက္ခကျဖို့မနား။ ရိုးရိုးလက်မှတ်က သဘောင်္ကုန်းပတ်ထက်မှာ ထိုင်လိုက်ရစွာမနား။ ကုမ္ပဏီကလည်း အထက်တန်းလက်မှတ်အတွက် ခရီးစရိတ်ပီးထားရေ။ ဖောင်တော်တန်းခါးမကြီးဘေးမှာ လူတကိုယ်စာ အပေါက်တပေါက်ဟိရေ။ ကိုဖြူသီးက အထက်တန်းလက်မှတ်ဝယ်ချင်ကေ ယင်းအပေါက်က ဝယ်ရရေလတ်။
တန်းခါးပေါက်ကို လှမ်းကြည့်လိုက်တေခါ မြန်မာစစ်သားတိ ဝင်လိုက်ထွက်လိုက်လုပ်နီကတ်တေ။ မြန်မာစစ်သားဆိုလို့ ဘာဘာပြောရေစကားကိုသတိရလားရေ။ ”ဒေလင်းပြန်မသား မြန်မာစစ်သားတိ ကိုယ်ချင်းစာတရားမဟိရေ အကောင်တိ” လတ်။ ဘာဘာ ဇာဖြစ်လို့ဒေပိုင်ပြောရေ သူမနားမလည်ပါ။ ဘာဘာ စာဖတ်ကောင်းဝါသနာပါရေပိုင် လူပေါင်းဆန့်ရေ လူတယောက်လည်းဖြစ်တေ။ ယေလည်း မြန်မာတိနန့် ပေါင်းသင်းဆက်ဆံခါ မယုံသင်္ခါမျက်စိတိနန့် ရက်ပြတ်ကြည့်တတ်တေ။ ဇာဖြစ်လို့လည်းမေကြီးမသိ။ သိဖို့လည်းမကြိုးစားခပါ။ ဒေဂုဆီးကုမ္ပဏီက Supervisor မြန်မာကို ဘာဘာရာမြင်ခကေ ကြိုက်ချင်ဖို့မဟုတ်။ အင်တာဗျူးရေနိက မေကြီးပိုင် အင်တာဗျူးလာဖြေရေ မမချေတိမကန်။ ခန့်ဖို့စွာက ၃ ယောက်ရာ။ အင်တာဗျူးမှာ ထထွေထထူး တခုလည်းမမီးခ။ အလုပ်နန့်မဆိုင်စွာတိမီးပြီးကေ ”ညီမလေးကသိပ်ချောတာဘဲ” လတ်။ ရဖို့မထင်ခ။ Result ထွက်ခါ ဦးသိန်းနု နာမည် ထိပ်ဆုံးကပါရေ။ အံ့သြဖို့ကောင်းရေ။ အလုပ်ရှာရစွာ ယင်းလောက်လွယ်ဖို့မထင်ခ။
ဦးသိန်းနု တန်းခါးအပေါက်နားကို မရဲတရဲ ကပ်လိုက်တေ။ အပေါက်နားမှာ မြန်မာစစ်သားတယောက် အငမ်းမရ မျက်စိနန့်
” ညီမလေး ဘာရှာတာလဲ? ” (မြန်မာဘာသာ)
”အထက်တန်းလက်မှတ်ဝယ်မလို့ပါ၊” (မြန်မာဘာသာ)
”ဦးလှမောင်သိန်းရယ် လက်မှတ်ဝယ်မလို့တဲ့။” (မြန်မာဘာသာ)
ယင်းစစ်သား မဆီမဆိုင် အရောတဝင် ပြောလာရေ။ အခန်းထဲကို ဦးသိန်းနု မဝံ့မရဲဝင်လားလိုက်တေ။ ဆိပ်ကမ်းမှူး ဦးလှမောင်သိန်းဆိုစွာ အခင်ကြီးထင်ရေ။ ရခိုင်သား၊ အသက်အကြီးပိုင်း၊ လေးထောင့်စားပွဲအလယ် ကုလားထိုင်တလုံးမှာ ထိုင်နီရေ။ သူ့ဘေးပတ်လယ်မှာ အားလုံးစစ်သားတိပါ။ ဇာလုပ်နီကတ်တေမသိ။ ဝေါ်ကီတော်ကီ ခါးမှာချိတ်ထားရေ အရပ်ဝတ်နန့် မြန်မာတိလည်းမြင်ရေ။ ထောက်လှမ်းရီးဆိုစွာ လူတိထင်ရေ။ ဦးသိန်းနု ဆိပ်ကမ်းမှူးနားကို ကပ်ပြီးကေ ပြောလိုက်တေ။
” အခင်… Upper တန်း တနီရာချေ ရပါဖို့လား?”
” မချေ ညက.. Booking လုပ်ထားလာ?”
”Booking လုပ်ဖို့ရောက်လာပါသိမ့်ရေ။ လက်မှတ်စာရီးက Upper တန်းဆိုကေ မိုးထစောစောမှ လာဝယ်ရဖို့ပြောလိုက်ပါရေ။”
ဆိပ်ကမ်းမှူးကြီးတခုလည်းမပြောပါ။ မကြားလား၊ မကြားကွန်ဆောင်နီစွာလား မသိ။ မျက်နှာကလည်း ဂေါင်းချုပ်နီရေမျက်နှာမျိုး၊ စရင်းစာအုပ်ကို ရှိတခေါက် နောက်တလှန်ကြည့်နီရေ။
”မချေ အခန်းရဖို့က မသေချာကာ။ တနားလောက်စောင့်ကြည့်လိုက်နန်း”
”ဒေမှာ လူကြီးတိနန့်ပြည့်နီရေ။ သူရို့မလိုက်ဆိုကေတော့ ရလိမ့်မေ။”
လူကြီးဆိုစွာ အသက်ကြီးရေလူထက်၊ မြန်မာစစ်သား အရာဟိတိကို ခေါ်စွာလို့ သူမသဘောပေါက်လိုက်တေ။ သူ့မသူငယ်ချင်းပြောစွာ မှန်ရေထင်ယင့်။ အထက်တန်းလက်မှတ် ဆိုစွာက အမြဲတမ်းပြည့်နီရေလတ်။ မြန်မာစစ်တပ်အတွက်ရာလတ်။ စစ်သားတိမလားကေလည်း သူရို့နန့်နီးစပ်တေ လူတိရာ ရရေလတ်။ ဦးသိန်းနု ထထွေထထူးမစိုင်းစားစဗျာယ်။ ရိုးရိုးလက်မှတ်ရောင်းရေ အပေါက်နားကိုပြီးလားရေ။ ရှိက ဟိနီရေလူတိကို တိုးပြီးကေ လက်မှတ်တစောင်ဝယ်လိုက်တေ။ ပြီးကေ ဆီးဗူးအတွက် တန်ဆာ (ကုန်ခွန်ခ) ဆောင်လိုက်တေ။ အပြင်မှာ မောင်ချေနန့် ကိုဖြူသီး ရပ်စောင့်နီတုန်းသိမ့်ပါ။
”မောင်ချေ မမလက်မှတ်ရဗျာယ်။ ကိုဖြူးသီးနန့်ပြန်လီနန်း။ ကိုဖြူသီးကျေးဇူးတင်ပါရေနန်း။”
လို့ပြောယင်း ဆိုက္ကားခထုတ်ပီးပြီးကေ ဖောင်တော်အပေါက်ကတဆင့်ဖြတ်ယင်း သင်္ဘောထက်ကို တက်လိုက်ပါရေ။
ကုန်းဘတ်ထက်အရောက် ရှိက ဆီးကာတွန်းဗူးကို ထမ်းလာရေ အထမ်းသမားကို တနားစောင့်ခိုင်းယင်း သင်္ဘောသားတယောက်ပါးက ဝန်ထမ်းသက်သာ ကုလားထိုင်တလုံးကို ဖေသာ ၃၀၀ ပီးလို့ ငှါးလိုက်တေ။ အားလုံးချချောမမောပါ။ သူမ ရလိုက်တေ ကုလားထိုင်နီရာက နီရာကောင်း။ သင်္ဘောဘေးဘောင်တန်းနန့် မနီးမဝီး။ လီသသွတ်ချေနန့် ပပိုက်နနှိုက်ကျရေ။ ယေလည်း တခုမကောင်းစွာက ညှာဖက်ဒေါင့် လူငါးယောက်လောက်အခြားမှာ စစ်သားတအုပ်စုပါလာရေ။ သူရို့တိကိုကြည့်ရစွာ ဒေသင်္ဘောထက်မှာ သူရို့အုပ်စုကအပ ကျန်လူတယောက်လည်း မပါလို့ထင်နီပုံရရေ။ အော်ကျယ်ဟစ်ကျယ်နန့် ရရောင်သတ်ပြီးကေ ဖိုသံပီးနီကတ်တေ။ သူ့ရို့မျက်လုံးတိက အပြစ်ဒဏ်အပီးခံထားရရေ မျက်လုံးတိပိုင် သူမကို မျက်လုံးကျွတ်ထွက်အောင်ကြည့်နီကတ်တေ။ သူမဂရုမစိုက်ပါ။ တခါတရီ သူမကိုယ်သူမ မုန်းချင်ရေ။ ဇာဖြစ်လို့ ငါ့ခန္ဓာကိုမှ ယောင်္ကျားတိ စိတ်ဝင်စားကတ်တေလဲ။ သက်ပြင်းတချက်ချလိုက်ပြီးကေ မျက်နှာကို တခြားတဖက်ကို လွှဲထားလိုက်တေ။
သင်္ဘောစထွက်လာဗျာယ်။ သင်္ဘောနာမည် ”ဓညဝတီ (၁)” ပါ။ ဆတ်ရိုးကျချောင်းက သင်္ဘောတရွိရွိနန့် လိပ်ချေတကောင်ပိုင် ထွက်လာရေ။ မလိခဆိပ်နားလောက်ကိုရောက်စွာနန့် သဘောင်္တဖက်တချက်ကို ဆန်အိတ်တိတင်ထားရေ သန်ဗာန်တိ သူ့ထက်ငါအယင် ကပ်လာလတ်တေ။ ဘူးသီးတောင်ကို မှောင်ခိုခိုးတင်နီကတ်စွာတိဆိုစွာ မပြောလည်းသိရေ။ မိန်းမ၊ ယောင်္ကျားမကျန် အားလုံးသူ တက်ညီလက်ညီ သူထက်ငါယင် လုတင်နီကတ်တေ။ လူတိ တဝမ်းတခါးအတွက် အမျိုးမျိုးလုပ်ကတ်ရစွာမနား။ ဘာဘာ ရက်ပြတ်ပြောနီကျစကားတခွန်းကို နားထဲကြားယောင်လာရေ။ ငါရို့ရခိုင်ပြည်ရေ ရီခံမြီခံကောင်းရေ၊ သယံဇာတ၊ ဆန်ရီစပါးတိပွါးရေ။ ယေလည်း ဒေစနစ်ဆိုးကြောင့် ငါရို့ ထမင်းနပ်မှန်ဖို့အတွက် ကကောင်းကြိုးစားနီကတ်ရရေလတ်။ ဇာစနစ်ဆိုးလဲ သူမ မတွေးတတ်။
သင်္ဘောတရွိရွိနန့် ဆတ်ရိုးကျချောင်းကအထွက် ဘယ်ဖက်ကိုလှည့်ပြီးကေ ဂစ္စပနဒီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလိုက်လာရေ။ သင်္ဘောကုန်းဘတ်က ကမ်းဖက်ကိုငေးကြည့်နီယင်းနန့် ကျီကရောင်ဘာကရောင်မြည်ပြီးကေ လိုက်လာလတ်တေ စိုင်းဒြားမင်းခွါငှက်တရွီကို မြင်လိုက်တေ။ အော်….ဝင်းကိုခိုင်တေးခြင်းထဲက စိုင်းဒြားငှက်ဆိုစွာ ဒေငှက်တိကိုပြောစွာမနားယေ။ သူမ ဝင်းကိုခိုင်တေးခြင်းဆိုကေ ကကောင်းကြိုက်တေ။ သူကရခိုင်ပြည်မှာ နာမည်ကြီးအဆိုတော်မနား။ သူမသူငယ်ချင်းတိလည်း အားလုံးသူ့ကိုကြိုက်ကတ်တေ။ ကုလားထိုင် နောက်မှီမှာ ဂေါင်းတင်ဗျာယ် တောင်မြောက်တွေးယင်း မျက်လုံးချေ စင်းပါလတ်တေ……………
ပူး….ပူး…..ပူး………….
သင်္ဘောဥသြသံကြောင့် သူမလန့်နိုးလားရေ။ ယာ…..ရသေ့တောင်မြို့ကိုတောင် ဆိုက်ဖို့ပျင်နီဗျာယ်။ ရသေ့တောင်ချောင်းကိုဝင်ယင်း သင်္ဘောဦးကို လှည့်နီရေ။ ဖောင်တော် အရင်းဖက်မှာ နည်းရေလူအုပ်ကြီးမဟုတ်။ ဖောင်တော်ထက်မှာတော့ခါ စစ်ယူနီဖောင်းဝတ်လို့ မြန်မာစစ်သားတိလည်းအများကြီးမြင်ရရေ။ တခုထူးဆန်းစွာက ထမင်းထုပ်၊ ဒေသထွက် အစားအစာတိ လာရောင်းကတ်တေ ဈီးသည်တိက သင်္ဘောမှာပါလာရေ ခရီးသည်တိ သာသာလောက်ဟိဖို့ထင်ရေ။ တရက်နီမှ ရသေ့တောင်မြို့ကို သင်္ဘောအစုံတစီး၊ အဆန်တစီးရာကပ်တေ။ ဒေဈီးသည်တိဘဝက သနားဖို့ကောင်းရေ။ သူမအရွယ် ဈီးသည်မချေတိကို အစောင့်ရဲတိက သင်္ဘောမကပ်ဘဲနန့် မတက်ရလို့တားနီရေကြားက ထဗိန်တတိုတိုချေဝတ်ပနာ လက်တဖက်က ဗန်းချေတိကိုင်လို့ အလုအယက် တက်ဖို့ကြိုးစားနီကတ်တေ။ အော်…အမိ..အဖ..ကျေးဇူးကြောင့်သူမ ဆယ်တန်းချေ အောင်ပြီးကေ အလုပ်ချေတခု ရရေမနား။
သင်္ဘောရသေ့တောင်ဆိပ်မှာ နာရီဝက်လောက်နားပြီးကေ မယူမြစ်အတိုင်း စုန်ဆင်းလာရေ။ ဂုနားက သင်္ဘောသားတယောက် ပြောစွာကြားလိုက်တေ။ ဒေနိ ဖြားသင့်ရေ သင်္ဘော ဘူးသီးတောင်ကို စစောရောက်ဖို့လတ်။
ဘူးသီးတောင်ရောက်ကေ ယုံးကပီးလိုက်တေ ဆီးဆိုင်လိပ်စာအတိုင်း လားရောင်းဖို့။ ယင်းအပြင် ဆိုင်အသစ်တိရှာပြီးကေ အများကြီးထွက်အောင်ရောင်းခဖို့။ အများထွက်လီ သူမအတွက် ကော်မသျှင် ပိုရလီမနား။ ဒေအတိုင်းဆိုကေ ခရီးစရိတ်ကလည်း စိကေတဗွေထွက်ဖို့။ ယုံးက အထက်တန်းလက်မှတ်ခ ပီးရေ။ သူမရိုးရိုးတန်းနန့် လာရေ။ ထမင်းစရိတ်လည်းသက်သာရေ အိမ်ကထမင်းဗူးချေ ယူလာရေ။ ပိုစွာဖေသာချေတိကို မောင်ချေ၊ ညမချေတိ အတွက်လိုအပ်စွာချေတိ ဝယ်ပီးလို့ရရေ။ အမိလည်း အယင်ပိုင် ပပင်ပပန်းလုပ်စရာမလို။ သူမတဖက်တလမ်းက ဖေသာထောက်ပံ့ပီးကေ အမိအယင်ပိုင် ပင်ပန်းစရာမလို။ သူမလည်း ရရေ ဖေသာချေတိစုပြီးကေ အဝီးသင်ကျောင်းစရိတ်အတွက် အမိပါးက တောင်းစရာမလိုဗျာယ်။ အချိန်ရကေ သူမကောင်းတက်ချင်ရေ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းတိ တက်လို့ရရေ။ သူမကိုယ့်စိတ်ကူးနန့်ကိုယ် တက်ကြွနီရေ။သူမမိသားစုကိုလည်း ကူညီနိုင်ဗျာယ်ဆိုရေ ခံစားမူတိနန့် လန်းဆန်းပျော်မြူးနီရေ။ ဖူးပွင့်စ သဇင်ပန်းချေတပွင့်၊ ယုံကြည်မူအပြည့်နန့်။
ယေလည်း ဒေလောကကြီးမှာ မထင်ထားစွာတိဖြစ်တတ်ပါရေ။ ဘဝပီးကံကြောင်းလား? စနစ်ဆိုးကြောင်းလား? လူပုဂ္ဂိုလ်ကြောင့်လား? သူမပါးကို ဒေပိုင်ဆိုးဝါးရေ အဖြစ်ဆိုးကြီးကျလာဖို့စွာ မသိစွာအမှန်ပင်။
ခရီးသည်တိ ရွစိရွစိ ဖြစ်နီကတ်တေ။ သင်္ဘောဆိုက်ဖို့ ဦးလှည့်နီဗျာယ်။ ထူးဆန်းစွာက ရသေ့တောင်ဆိပ်ကမ်းမှာထက် များရေလူအုပ်ကြီးပင်ဖြစ်တေ။ ကူလီသမားတိက တဝက်လောက်ဟိဖို့ထင်ယင့်။ ကျန်တဝက်က မြန်မာစစ်သားတိနန့် လာကြိုရေလူတိပင်ဖြစ်တေ။ နောက်တခုက ဘူးသီးတောင်မှာ ဒေလောက်ကုလားများဖို့မထင်ခ။ ဒေမြို့လူဦးရေ ၈၀ ရာခိုင်နှုန်းစွာ ကုလားတိလတ်။
သူမနားကို အထမ်းသမား တရွီရောက်လာရေ။ စက္ကူဗူးချေတဗူးကို သူထမ်းဖို့ ငါထမ်းဖို့ လုနီကတ်တေ။ သူမမျက်နှာတတင်းနန့် သူမနားကို အယင်ရောက်လာရေ အထမ်းသမား ထမ်းဖို့ပီးလိုက်တေ။ ဆီးကာတွန်းကို မျက်စိချယင်း ရှိကခရီးသည်တိနောက်က မျှောင်လိုက်လာလတ်တေ။ မြန်မာစစ်သားတိနန့် ယင်းသူရို့မိသားစုတိ အယင်တက်ပြီးမှ ကျန်ခရီးသည်တိကို တက်ခွင့်ပြုရေ။ သူမရှိက ခရီးသည်တိကို ရဲ၊ လဝက၊ ကာစတင်၊ တဖွဲ့ပြီးတဖွဲ့စစ်ဆေးနီရေ။ ထူးဆန်းစွာက ကာစတင်ဆိုရေ လူတိကလည်း စစ်ယူနီဖောင်းဝတ်ထားရေ။
သူမအလှည့်ကျလာရေ။ ယင်းတပ်ဖွဲ့က နှာဘူးတိ သူမခန္ဓာက မျက်စိလုံးဝမခွါ။ အဆိုးဆုံးက ကာစတင်ဆိုရေ စစ်ယူနီဖောင်းဝတ်ထားရေ မြန်မာစစ်သားနှစ်ယောက်။ ကိုယ့်နှမ သူ့နှမ မစာနာ၊ ဒေလောက်ပင် ရရိုင်းစစိုင်းကြည့်ရလာ။ လဝကခုံရှိကိုအရောက် အလုပ်မဟိအလုပ်ရှာလို့ မှတ်ပုံတင်ပြခိုင်းရေ။ အော်….ရခိုင်က ရခိုင်ပြည်မှာ မှတ်ပုံတင်ပြရရေဘဝ။ လဝက ကပြုံးစိစိနန့် မှတ်ပုံတင်ပြန်ပီးရေ။ ဒုတိယ ခုံတန်းကိုရောက်လာရေ။ အရှက်မဟိရေ တဏှာရူးတိခုံတန်း။ ထိုလူနှစ်ယောက်နားကို ရောက်စွာနန့် သူမ ဖော်မပြတတ်တေ အန္တရာယ်အငွိအသက်တခု ရလိုက်တေပိုင်။
”ညီမလေးက ဆေးကုမ္ပဏီကလား?” (မြန်မာဘာသာ)
”ဟုတ်ကဲ့” (မြန်မာဘာသာ)
”ဒီကိုမရောက်ဖူးဘူးထင်တယ်” (မြန်မာဘာသာ)
တယောက်မျက်နှာ တယောက်ကြည့်လို့ ပြုံးစိစိနန့် ကြည့်လိုက်ကတ်တေ။ သူရို့မျက်နှာတိက စားနီကျကြောင်ဖားတိပိုင်။ ငါရို့အတွက် ဂွင်တဂွင်မိဗျာယ်ဆိုရေအတိုင်း။ သူမတခု စိုင်းစားမိလိုက်တေ။ ဒေတဏှာရူးတိ ငါဆီးကုမ္ပဏီကဆိုစွာ ဇာပိုင်သိလဲဂု? အော်…. သိဗျာယ် ငါ့ဆီးကာတွန်းဘူးကိုမြင်လို့ထင်ရေ။ ယင်းပိုင်စိုင်းစားနီယင်း……..
”ညီမလေးမှာ ဆီးသယ်ယူခွင့် စာရွက်ပါရဲ့လား?” (မြန်မာဘာသာ)
သူမမှာ ပါလာရေခါ ဆီးစရင်းကိုထုတ်ပီးလိုက်တေ။ ကုမ္ပဏီက သယ်ယူခွင့်ဆိုရေစာကို မပီးလိုက်။ တခြားကိုယ်စားလှယ်တိလည်း လိုရေလို့ တခါလည်းမပြောဖူး။ အော်…တခုခုဖြစ်လို့ကမလွယ်။ Supervisor က ဒေဆီးကာတွန်းကို ဂရုစိုက်ဖို့နန့် မပျောက်ချဖို့ သူမကို အတန်တန်မှာလိုက်တေ။ ပစ္စည်းပျက်စီးဆုံးယှုံးကေ သူမအပြစ်လတ်။ ဆီးတန်ဖိုးက လွယ်စွာမဟုတ်။
”မပါဘူး” (မြန်မာဘာသာ)
သူမပစက ပြုတ်နန့်ပင် ထွက်လာရေစကားလုံးပါ။ သူရို့နှစ်ယောက် ဒုတိယအကြိမ်တယောက်မျက်နှာကိုတယောက် ထပ်ပနာ ကြည့်ယင်း ပြုံးလိုက်ကတ်စွာ သူမမြင်လိုက်တေ။ သူရို့လိုချင်ရေ အဖြေရလားရေပုံမျိုး။
”ဒါဆို ညီမဆေးကာတွန်းကို အကိုကြီးတို့ ခဏသိမ်းထားလိုက်မယ်။ စိတ်ချ ညီမဆေးတွေ မပျောက်စေရဘူး။ ညနေ ၉ နာရီမှာ ဒီလိပ်စာအတိုင်း လာယူလိုက်နော်။” (မြန်မာဘာသာ)
သူမစိတ်မှာ စိုးရိမ်မူနန့်အတူ အားငယ်စိတ်ပါဖြစ်လာလတ်တေ။ တခြားသူတိလည်း ဒေအတိုင်း လာနီကတ်စွာဗျာယ်မနား။ ငါ့ခါကျမှ ဇာတွက် သိမ်းထားလိုက်စွာလဲ။ ဇာပင်ဖြစ်ဖြစ် ညဇာ ၉ ချက်တီး လားယူခီရဖို့။ အားလုံးအဆင်ပြေလိမ့်မေလို့ သူမကိုယ်သူမ အားတင်းလိုက်တေ။ သင်္ဘောဆိပ်တတည့်မှာ တည်းခိုခန်းတခုတွိစွာနန့် ယင်းတည်းခိုခန်းကို တန်းဝင်လိုက်တေ။ မှတ်ပုံတင်နန့် ကျသင့်ရေ ဖေသာာကို ယှင်းပြီးနာ သူမအတွက် ပီးရေအခန်းထဲကို ဝင်လိုက်တေ။ ဂုမှ ၆ ချက်တီးရေသိမ့်။ ၉ ချက်မတီးခင် ရီမိုးချိုးပြီးနာ ထမင်းစားပြီးကေ အသင့်လုပ်ထားရဖို့မနား။ သူမရီချိုးပြီးကေ ဝမ်းဆာလာစွာနန့် တည်းခိုခန်းဘေးက ထမင်းဆိုင်ကို ဝင်စားလိုက်တေ။ ထမင်းစားရစွာရာတခု ထမင်းမခြီ။ ထမင်းဆိုင်မှာ ထိုင်ယင်းနန့် ထိုဒေတွေးနီလိုက်ယင်း ၈ ချက်တီးခွဲလားရေ။ ဘူးသီးတောင်မြို့မှာ နီဝင်စွာနန့် လူတိ အလားအလာ နည်းပါလတ်တေ။ သူမ ကုလားဆိုက်ကားတစီး ငှါးပနာ လိပ်စာအတိုင်း မောင်းခိုင်းလိုက်တေ။ ဘူသီးတောင်မြို့ထဲမှာ ဒေအချိန်ဆိုကေ လမ်းမှာ လူအလားအလာ ကောင်းနည်းလားဗျာယ်။ ဆိုက်က္ကားသမား မြို့ပြင်ဖက်ကို ဦးတည်နင်းနီရေ။ သူမကြောက်စိတ်တိဝင်လာရေ။ တလမ်းလုံးမှောင်နီရေ။ ယေပင်လည်း သူမကိုသူမ အားတင်းလိုက်တေ။ ကောင်းမကြာခင် လိပ်စာကအိမ်ရှိကို ရောက်လာရေ။ ဆိုက္ကားသမားကို ဖေသာပီးပနာ အိမ်တန်းခါးဝကို လျှောက်လိုက်တေ။ ဘေးပတ်ဝန်းကျင်တခုလုံး မှောင်ပနာ တိတ်ဆိတ်နီရေ။ အိမ်တန်းခါးနားကိုရောက်စွာနန့် အိမ်ထက်က လူတယောက်ဆင်းလာရေ။
”ဝင်လာခဲ့ညီမ” (မြန်မာဘာသာ)
သူမပါးက အထုပ်သိမ်းယူထားလိုက်တေလူဆိုစွာ သူမချက်ချင်းမှတ်မိလိုက်တေ။ ယင်းလူက အိမ်ထက်ကို ဦးဆောင်ခေါ်လားရေ။ ယောင်ပြင်ခန်းကို ရောက်စွာနန့် နောက်တယောက်ကို တွိလိုက်တေ။ ယင်းလူလည်း သင်္ဘောဆိပ်မှာ သူမပါးက အထုပ်သိမ်းထားရေလူထဲကတယောက်ပါ။ သူရို့နှစ်ယောက်လုံးကို ကြည့်ရစွာ မျက်စိတိ ဂနာမငြိမ်ဖြစ်နီကတ်တေ။ ဆတ်တီခုံထက် အရက်ပုလင်းထောင်ထားကတ်တေ။ ဒေလူတိ အရက်သောက်နီကတ်တေ။ ဇာတွက်ငါ့ကို ဒေအချိန်မှ ခေါ်စွာလဲ။ ဒေလူတိ ရိုးကရိုးယင့်လား။ သူမကြောက်စိတ်ဝင်လာရေ။ ယေလည်း အားတင်းပြီးကေ ခုံဝိုင်းမှာ ဝင်ထိုင်လိုက်ယင်း စိုးရိမ်တကြီးမီးလိုက်တေ။
”ကျမ ဆေးတွေ ….” (မြန်မာဘာသာ)
”ဘာမှမစိုးရိမ်နဲ့ အကိုတို့ အဆင်ပြေအောင်လုပ်ထားတယ်” (မြန်မာဘာသာ)
လို့ သူမစကားမဆုံးခင် ထိုင်နီရေလူက ဝင်ပြောလိုက်တယ်။
”အဲလိုဆိုရင် ကျမဆေးယူပြီး ပြန်တော့မယ်၊ အပြင်မှာ မှောင်နေပြီ။” (မြန်မာဘာသာ)
”ဖြည်းဖြည်းပေါ့ ငါတို့က နင်ကိုမြင်ကတည်းက အယမ်းခင်ချင်နေတာ” ”ရခိုင်မလေးတွေက အယမ်းခင်ဖို့ ကောင်းတာ” (မြန်မာဘာသာ)
လို့ပြောယင်း အရက်တခွက်မော့သောက်လိုက်တေ။ ယင်းလူထိုင်နီရေ ခုံဘေးနားမှာ ဆီးကာတွန်း ချထားစွာကို သူမမြင်လိုက်တေ။
”မှောင်နေလို့ ကျမပြန်တောမယ်နော်….” (မြန်မာဘာသာ)
လို့ပြောပြီးကေ ဆီးကာတွန်းကို ထယူဖို့ အပျင်……
သူမပက်ခုံးးထက်ကို နောက်ကရပ်နီရေလူ လက်နှစ်ချောင်းတင်ယင်း သိုင်းဖက်ဖို့ကြိုးစားလာရေ။ သူမ ရှက်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ခြင်းတိ တပြိုင်တည်းဖြစ်လားရေ။ သူမခန္ဓာ တဆတ်ဆတ်တုန်နီရေ။ ငါဇာလုပ်ကေ ကောင်းဖို့လဲ။ အော်လိုက်ကေ ကောင်းဖို့လား။ မဖြစ်သိမ့် အော်လို့ လူတိသိလားကေ ရှက်ကောင်းထမန်း။ ငါဒေက အယင်ထွက်ပြီးရဖို့လို့ ဆုံးဖြတ်ယင်း ယင်းလူလက်ကို ပုတ်ခါပြီးကေ တန်းခါးဝကို ထွက်ပြီးရေ။ လှီကားထစ်ကို ဆင်းဖို့အပျင်မှာ ယင်းလူ သူမလက်ကိုဆွဲဖို့ကြိုးစားရေ။ ကြောက်စိတ်နန့် ဇကုန်လက်ပြန်တုတ်ပနာ ခြံပြင်ကိုထွက်ပြီးရေ။ ယင်းလူယုတ်မာနှစ်ကောင် နောက်က ထက်ကြပ်လိုက်တေ။ ခြီလှမ်း အလှမ်းလေးငါးဆယ်လောက်ရာပြီးလိုက်ရရေ။ နောက်ကလိုက်လာရေလူ သူမကို မှီလာရေ။ သူမအင်္ကျီကိုအားနန့်ဆွဲပြီးနာ ရှိကိုဆောင့်တိုးလိုက်တေ။ ယောင်္ကျားနန့် မမအား ဇာပိုင်နိုင်ဖို့လဲ။ သူမ ရှိကို အားလွန်ကျပနာ ဘေးကမြောင်းကို လူးကျလားရေ။ နောက်ကလိုက်လာရေ လူယုတ်မာ သူမကိုခွပြီးကေ လက်နှစ်ဖက်ကို ချုပ်ဖို့ကြိုးစားနီရေ။ ဒေတခါတော့ မထူးဗျာယ်။ ငါအော်လိုက်ဖို့ဗျာယ်။ ဒေခွီးသား လူယုတ်မာတိလက်ထဲမှာတော့ ငါအရောက်မခံနိုင်။ သူမ ဟိသမျှအားကို ညှစ်ထုတ်ပနာ အသံကုန်အော်ချလိုက်တေ။ ဇာအသံလည်းမထွက်လာ။ နောက်ကထပ်လိုက်လာရေ နောက်တယောက်လူယုတ်မာက သူမပစကိုဖိထားလိုက်တေ။ တယောက်က ပစပိတ်ယင်း နောက်တယောက်က သူမပေါင်နှစ်ဖက်ကို လှမ်းချုပ်လိုက်တေ။ သူမဟိသမျှအားနန့် အစွမ်းကုန်ရုန်းယင်း ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ ရှက်ခြင်း၊ မွန်းကျပ်ခြင်းတိနန့်အတူ အမှောင်ထဲမှာ အမှောင်ကို ထပ်ဆင့်လူးကျလားရေ။
”တေး….တေး….တေး……”
ကားဟွန်းသံကြောင့် သူမ လန့်နိုးးသတိရလာရေ။ ငါဇာကိုရောက်နီစွာလဲ။ အော်..သိဗျာယ် ထိုလင်းပြန်မသား လူယုတ်မှာတိ ငါ့ကို အဓမ္မကျင့်လားခဗျာယ်။ သူမအင်္ကျီသီးတိကို ပြန်တပ်ပနာအထ ဆီးဗူးကို လက်နန့်တိုက်မိလိုက်တေ။ ယင်းလူယုတ်မာတိ သူရို့ဆန္ဒကိုဖြည့်ပြီးကေ ဆီးဗူးကို ထားပစ်ခကတ်တေ။ သူမ ဝမ်းနည်းပက်လက် ငိုချလိုက်တေ။ အော်…မဖြစ်သိမ့်။ လူတိမြင်လို့မဖြစ်။ ဆီးကာတွန်းဗူးကို ကိုင်ထလိုက်တေ။ ဘူးသီးတောင် ဆောင်းရာသီ အအီးဒဏ်ကလည်း သူမကို တစိချေလည်းမညှာတာ။ နှင်းထုတိကြောင့် အားလုံးကို ဝဝါးချေရာမြင်ရရေ။
”ကလိမ်….ကလိမ်….ကလိမ်….” ဆိုက္ကားသမားတယောက် သူမအနားမှာ လာရပ်လိုက်တေ။
”မမ ဆိုက္ကားစီးပါဖို့လား?”
သူမ ဆိုက္ကားသမားနားကို ကပ်လိုက်တေ။ ဆိုက္ကားသမားသူမကို အနီးကပ်မြင်လိုက်စွာနန့် ပြဿနာတခုတက်ထားဗျာယ်ဆိုစွာ သူနားလည်လိုက်တေ။ သူမခန္ဓာမှာ ကျုပ်တိလူးလို့၊ ပြီးကေ ငိုထားရေ။
”မမ ဇာဖြစ်စွာပါလဲ?” ”ကျွန်တော် ဇာကူညီပီးရပါဖို့လဲ?”
သူမ မပြောလို့မဖြစ်ပါ။ သူကတဆင့် လူတိကိုပြောလိုက်ကေ ဒုက္ခကျဖို့ဆိုစွာသူမ သဘောပေါက်တေ။ ယင်းခမီးအမျိုးသားကို အကျဉ်းချုပ်ပြောပြလိုက်တေ။
”တောက်….ခွီးသမီးသား အောက်သားတိ…….တခါမဟုတ်…….” ရင်ထဲကခံပြင်းသံနန့် ပြောလိုက်တေ။
သင်္ဘောဆိပ်ကိုအရောက်မှာ သူမပါးက ငါးရာတန် သုံးရွက်ထုတ်ပီးရေ။ သူအတန်တန်ငြင်းရေကြားက သူမအတင်းပီးပြီးကေ ကတိတခုတောင်းလိုက်တေ။
”အခင် ကျေးဇူးပြုလို့ တယောက်ကိုလည်းမပြောပါကဲ့နန်း။”
သူမအပြန်သင်္ဘောထက်မှာ မငိုအောင်းတတ်နိုင်သရွိထိမ်းချုပ်ထားရေ။ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ မုန်းတီးနာကျီးခြင်း၊ အားငယ်ခြင်းတိနန့်အတူ……. ဘာဘာ ပြောခရေစကားချေကို သတိရလိုက်တေ။
”ဒေလင်းပြန်မသား မြန်မာစစ်သားတိ ကိုယ်ချင်းစာတရားမဟိရေ အကောင်တိ”
မျိုးသာဂီ (ရခိုင်ပြည်)
မှတ်ချက်။ ။ ခမီးအမျိုးသားသူငယ်ချင်းက ပြောပြရေ အဖြစ်မှန်ကို အခြီခံရွီးသားထားပါရေ။
Wednesday, September 15, 2010
ရခိုင်ရာဇ၀င် ဗွီဒီယိုဇတ်လမ်း
မဟာပညာကျော်
Download
ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။
တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-
အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။
အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည် ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌ ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။
ပန်းထိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။ ထိုအခိုက်
ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။
ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင် ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။
အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံနက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။
ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ- အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား- လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။ မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့် သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။
ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူ၏။
(မဟာပညာကျော်လျှောက်ထုံး)
Saturday, August 29, 2009
စင်းပြွန်းသီး
စင်းပြွန်းသီး
---------
စင်းပြွန်းသီးဆိုသည်မှာ ဓပြုတ်သီးအငယ်စားမျိုးဖြစ်သည်။ အရွယ်အစားမှာ များစွာကွာခြားသော်ငြားလည်း ပုံသဏ္ဍန်မှာ အတူတူပင်ဖြစ်သည်။ အရသာမှာလည်း အတူတူပင်ဖြစ်သည်။ ဓပြုတ်သီးကို တချို့ရခိုင်များက သပြုသီးဟုခေါ်သည်။ ဓပြုတ်သီးကို များသောအားဖြင့် သျှင်ပြုပွဲအလှုပွဲများတွင် ဟင်းရည်အဖြစ်ချက်ပြုတ်လေ့ဟိသည်။ ဓပြုတ်သီးကို နှစ်ခြမ်းသုံးခြမ်းခြမ်းပြီး ၀က်သားနှင့်ဟင်းရည်ကြိုလျှင် အလွန်အရသာကောင်းမွန်သည်။ ဓပြုတ်သီးဟင်းရည်ကို မကြိုက်မနှစ်သက်သောရခိုင်သားများဟိမည်မထင်။ အရသာမှာ ချဉ်ပြီးရှားနီသဖြင့် တခွက်သောက်လျှင် နှစ်ခွက်သောက်ချင်စိတ်ပေါက်သည်။ ဓပြုတ်သီးဖတ်ကိုဝါးရသည်မှာလည်း အရသာတမျိုးဖြစ်သည်။ စင်းပြွန်းသီးကို အိမ်များတွင် ဟင်းရည်သောက်သော်၎င်းကောင်း ဟင်းအဖြစ်သော်၎င်း ငပိနိုင်နိုင်နှင့် သို့မဟုတ် ငပိကြူကြူနှင့် ချက်စားလေ့ဟိသည်။ စင်းပြွန်းသီးဟင်းရည်မှာ ဓပြုတ်သီးဟင်းရည်အရသာအတိုင်း အတူတူပင်ဖြစ်သည်။ သို့သော် စင်းပြွန်းသီးကို သျှင်ပြုပွဲများတွင် ဟင်းရည်သောက်ချက်လေ့မဟိ။ အရွယ်အစားငယ်သဖြင့် သျှင်ပြုပွဲတပွဲလောက်ငမှုမဟိသောကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ဟင်းအဖြစ် ငပိကြူကြူနှင့် လိုက်ပွဲလောင်းပွဲ အရံဟင်းအဖြစ်ချက်ပြုတ်လေ့ဟိသည်။ ရခိုင်သျှင်ပြုပွဲများတွင် သင်္ဘောထိုးခြောက်နှင့် ခရမ်းသီးချက်၊ ငရုပ်သီးစပ်စပ် သျှင်ပြုပွဲသည် ၀က်သားသျှင်ပြုပွဲထက် မျက်နှာပန်းလှသည်။ အခုအခါ သင်္ဘောထိုးခြောက်မှာ ယှားပါးပစ္စည်းဖြစ်လားပြီးဖြစ်သည်။ ရခိုင်မှုန့်တီများမှာလည်း သင်္ဘောထိုးခြောက်နှင့်မချက်နိုင်ဘဲ ငါးရံ့ငါးခြောက်များနှင့် ချက်ပြုတ်ရသဖြင့် အရသာမှာ ရခိုင်မှုန့်တီစစ်စစ်အရသာကို မမှီပါ။ ပဒကောမပါသော ရခိုင်မှုန့်တီကိုသောက်ရရေပိုင် သင်္ဘောထိုးမပါသော ရခိုင်မှုန့်တီမှာလည်း စံမမှီသောရခိုင်မှုန့်တီရာဖြစ်ပါသည်။ ရခိုင်ပင်လယ်ပြင်၌ ငါးယှားပါးလာရခြင်းမှာ ဖက်ခွက်များက ရသလောက်ခြစ်ယူနီခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ စင်းပြွန်းသီး၊ ဓပြုတ်သီးဟင်းရည်၊ ပဒကော၊ သင်္ဘောထိုးစသော ငါး၊ ဟင်းများမှာ ရခိုင်သားများ၏သျှာတွိအာတွိနာမည်ကြီးအစားအစာများဖြစ်ပါသည်။ တောတွင်းတွင် ပဒကောရှာလျှင် တို့စားစားသော ဖာလာဖူးအပင်နှင့်မှားတတ်ပါသည်။ ဖာလာပင်နှင့် ပဒကောပင်မှာ သဏ္ဍန်အားဖြင့်တူသော်လည်း ဖာလာပင်မှာ အရွက်အနည်းငယ်ကြမ်းပြီး ပဒကောပင်မှာ အရောင်အနည်းငယ်စိမ်းရင့်ပြီး ထူထူချောချောဖြစ်သည်။ ဖာလာဖူးသည်လည်း အလွန့်တို့စား၍ကောင်းသော တို့စားတမျိုးဖြစ်သည်။ ငရုပ်သီးငပိပေါက်ပေါက်ချေနှင့် တို့စားစားရလျှင် နဖူးက ချွေးပေါင်ပေါက်ကျအောင်အထိစား၍ ကောင်းပါသည်။
အကျွန်ုပ်ရို့နီသော စခန်းကို ၀ါးခတ်ချောင်း (၀ံလက်စခန်း) ဟုခေါ်ပါသည်။ ဗိုလ်ရာဇာပထမဆုံးကမ်းတက်သောစခန်းမှာ ၀ါးခတ်ချောင်း ၀ံလက်စခန်းမှဖြစ်ပါသည်။ ဗိုလ်ရာဇာနှင့်အတူ ဗိုလ်ကျော်နု၊ (ဗိုလ်စောဒက္ခ) နာမည်မိလားသည်မှ ပြန်အတွက်ပေါ်၍ ဖြည့်စွက်ထားခြင်းဖြစ်သည်။ နာမည်မှာ အထူးအဆန်းဖြစ်၍ မှတ်ရခက်သည်။ အခုအခါ နလန္ဒာ၌ဘုန်းကြီးဝတ်လားပြီးဖြစ်ပါသည်။ ဗိုလ်ရာဇာနှင့်အတူပါလာစဉ်၌ပင် အသက်အရွယ်မှာ ငါးဆယ်နီးပါးခန့်ဟိနီပြီးဖြစ်သည်။ ကရင်ရှိတန်းစစ်မျက်နှာ၌ တောက်လျှောက်တိုက်ပွဲဝင်လာသော ၀ါရင့်တော်လှန်ရေးသမားတဦးဖြစ်သည်။ ပိန်ပိန်ပါးပါး စကားများများမပြော၊ စကားပြောလျှင်လည်း ညင်ညင်သာသာပြောတတ်သည်။ ပထမဆုံး ဘင်္ဂလားကမ်းတက်စဉ်တွင် ဗိုလ်ရာဇာမပါ။ ဗိုလ်ရာဇာက နောက်မှ စပီးဘုတ်နှင့်ရောက်လာခြင်းဖြစ်သည်။ ဗိုလ်ရာဇာရို့ ပထမဆုံးကမ်းတက်သည်မှာ ဖရုံကာကျွန်းသုံးကျွန်းထဲက အင်္ဂရားချိုင်ကျွန်းဖြစ်သည်။ သူရို့ဦးတည်လာသည်မှာ ၀ါးခတ်ချောင်းစခန်းဖြစ်သည်။ သို့သော်လမ်းမသိသဖြင့် ဖရုံကာကျွန်းကို ၀ါးခတ်ချောင်းစခန်းချရာကျွန်းအထင်ဖြင့် ကမ်းတက်မိခြင်းဖြစ်သည်။ ဗိုလ်ရာဇာက ရဲဘော်များအားကမ်းတင်ထားခပြီး ထိုင်းဌာနချုပ်သို့ပြန်လားသည်။ ရဲဘော်အင်အား (၆၀) ခန့်မှာ ချောင်းအလီလီ မြောင်းအလီလီကိုကိုဖြတ်ပြီးမှ ဘင်္ဂလားနယ်စပ်သို့ခြီချမိခြင်းဖြစ်သည်။ ထိုအချိန်တွင် ဖက်ခွက်များရခိုင်ပြည်ထဲ၌ ယင်းလောက်ထိမဟိပါသိမ့်။ အနည်းအကျန်းရာဟိသိမ့်သောကြောင့်၎င်း၊ ဖက်ခွက်များမထင်မှတ်ဘဲ ရုတ်တရက်ဘွင်းဘွင်းကြီးပေါ်လာသဖြင့် ဖက်ခွက်များမှာ ခြီမကိုင်လက်မကိုင်မိဖြစ်သည်ကတကြောင်း၊ ဗိုလ်ရာဇာတပ်ကိုင်ဆောင်ထားသော်သနတ်များမှာလည်း နောက်ဆုံးပေါ်စက်သနတ်များဖြစ်သည်တကြောင်း ဖက်ခွက်များနောက်ယောင်ခံလိုက်သည်ကလွဲလို့ အနားသို့မကပ်ဝံ။ သို့သော် ဖက်ခွက်များမှာ လူအုပ်စုကောင်းသဖြင့် ဖက်ခွက်များဝိုင်းဝန်းခြင်းမခံရအောင် ဗိုလ်ရာဇာတပ်ကို အုပ်စုနှစ်အုပ်စုခွဲရန်ဆုံးဖြတ်လိုက်ကတ်သည်။ ဗိုလ်မှုးကြာဖြူအောင်ဦးဆောင်သောအုပ်စုမှာ ဖက်ခွက်များဝိုင်းဝန်းခံရခြင်းမှ လွတ်မြောက်လာသည်။ ကျန်အုပ်စုမှာ ဖက်ခွက်များဝိုင်းဝန်းခံရပြီး လက်နက်ချလားသည်။ ယင်းလောက် ကောင်းပေရ လက်နက်များဖြင့် လက်နက်ချသည်ဆိုသည်မှာ မယုံနိုင်စရာဖြစ်သည်။ ထိုအချိန်မှစ၍ ရခိုင်သားသတ္တိကို အနည်းငယ်သံသယဖြစ်မိသည်က အမှန်ဖြစ်ပါသည်။ ဗိုလ်မှုးကြာဖြူအောင်ဦးဆောင်သောအဖွဲ့ထဲက သက်ရှိထင်ရှားဟိနီသူများမှာ ခိုင်သန်းမောင် (ကနေဒါ)၊ အချေနှစ်ယောက်။ မမချေတယောက်၊ ယောက်ကျားချေတယောက်။ ဇနီးမယာသည်က လှနုဖြူ၊ ဆရာမဲမယား၏ညီမ၊ မြောက်ဦးဇာတိဖြစ်သည်။ နောက်တယောက်က အောင်ရွှေသိန်း (ခေါ်) မောင်စက်ဖြစ်သည်။ ဗိုလ်ရာဇာကမ်းတက်စဉ်က ဗိုလ်အောင်ရွှေသိန်းအဖြစ်နာမည်ကြီးသည်။ အခု နယူးဒေလီ၌ နိုင်ငံရေးအပူလှိုင်းကိုမခံနိုင်ဘဲ ရူးလားပြီးဖြစ်သည်။ နောက်တယောက်ရူးပြီးသီလားသူတဦးလည်းဟိသည်။ ဘုန်းကြီးလူထွက်ဖြစ်၍ အကျွန်ုပ်ရို့က ကိုယ်တော်ဟုခေါ်သည်။ ထိုသူက ဗိုလ်ရာဇာတပ်နှင့်မဆိုင် (၈၈) အရေးအခင်းတွင် ကျောက်တော်ဖက်မှ ထွက်ပြီးလာသူဖြစ်သည်။ အောင်ရွှေသိန်းမှာ ရမ်းဗြဲဇာတိဖြစ်သည်။ နောက်တယောက်က ကိုယ်တော်ရိုးလင်း။ ဘုန်းကြီးလူထွက်ဖြစ်ပြီး နာမည်မှာ ရိုးလင်းဖြစ်သည်။ အင်္ဂလိပ်စာအသင့်အတင့်ကောင်းမွန်သဖြင့် အိန္ဒိယသို့ ဗိုလ်ရာဇာစီစဉ်မှုဖြင့် (AA) ပထမဆုံးပညာတော်သင်အလွှတ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ ယခု အိန္ဒိယ အူရူနာချာ ကချင်ဗုဒ္ဓဘာသာပြည်နယ်မှ ဗုဒ္ဓဘာသာကချင်မတယောက်နှင့် အိမ်ထောင်ကျလားပြီးဖြစ်သည်။ ဗိုလ်မှုးကြာဖြူအောင်ကို ဗိုလ်ရာဇာက ဟာရဘင်းမှ အပျိုကြီးတယောက်နှင့်ပီးစပ်သည်။ နာမည်ကိုမိနီသည်။ နောက်မှာပြန်ဖြည့်စွက်ပီးပါမည်။ လွန်ခရေ လေးငါးခြောက်နှစ်အယင်က သွီးတိုးဆီးချိုဖြင့် ကွယ်လွန်လားပြီးဖြစ်သည်။ (၈၈) အရေးအခင်းတွင် အင်းစိန်ထောင်ဖောက်သောအခါ တသက်တကျွန်းကျခံထားရာက ထွက်ပြီးလွတ်မြောက်လာသူဖြစ်သည်။ ကရင်စီမံကိန်းဖြင့် ရန်ကုန်လွှတ်တော်ကိုဖောက်ခွဲဖျက်ဆီးရန်အလာတွင် လက်နက်ခဲယမ်းများဖြင့်အဖမ်းခံထားရပြီး တသက်တကျွန်းကျခံထားရသူဖြစ်သည်။ အဆိုတော်ဖိုးချိုနှင့် အင်းစိန်ထောင်တွင် တခန်းတည်းနီခရသည်ဟုဆိုသည်။ (၈၈) အရေးအခင်းဖြစ်ပြီး ထိုင်းဖက်ကိုထွက်ပြီးယင်း ကရင်တပ်စခန်းတွင် ဗိုလ်ရာဇာနှင့်တွိဆုံပြီး (AA) ကို စတင်ထူထောင်သူဖြစ်သည်။ အရပ်ထောင်ထောင်မောင်းမောင်းဖြစ်သည်။ သူလည်းဘုန်းကြီးလူတွက်ဖြစ်သည်။ ဘုန်းကြီးဘ၀နှင့် တော်လှန်ရေးမလုပ်ခင် သူအိမ်ထောင်ကျရာ ဟာရဘင်းရွာ၌လည်း ကျောင်းထိုင်ဖူးသည်ဟုဆိုသည်။ မည်သည့်ကျောင်းဖြစ်သည်ကိုကား ပြောပြသည်ကို အတိအကျမမှတ်မိပါယာ။
မှတ်မိသည်မှာ ဗိုလ်ရာဇာရို့ခန်းချသည်မှာ ၀ခတ်ချောင်းဒိုင်းနက်ရွာ တောင်ဖက် တောင်ကုန်းမြင့်မြင့်တွင်ဖြစ်သည်။ ယခင် ခိုင်နီလင်း (ALP) ဒုဥက္ကဌ (ယခုထိုင်း) ခိုင်မိုးလင်းနှင့် ALP ကို စတင်ရာတွင်ပါဝင်သူ စခန်းချခရာ တောင်ကုန်းတွင်ဖြစ်သည်။ ထိုတောင်ကုန်းတွင် ခိုင်နီလင်းထိုင်းသို့မလားခင် ကိုမိုးသောက် ပုဏ္ဏားကျွန်း၊ စစ်တွေဇာတိနှင့် အတူနီခသည်။ ကုလားထိုင်လုပ်၍ ရပ်တည်ခသည်။ ထိုအချိန်တွင် တီဘီရောဂါခံစားနီခရသည်။ အကျွန်ုပ်ရို့ ဗိုလ်ရာဇာစခန်းသို့လားလည်သည်။ ထိုအချိန်တွင် အကျွန်ရို့လားလည်းသည့်စခန်းအောက် မြောင်ထဲက ဂျီဟောက်သံကိုကြားရသည်။ အဘိုးမောင်ဟန် (ယခင် ACP) ဥက္ကဌဟောင်းက ရဲဘော်တယောက်ဘားက သနတ်တလက်တောင်းပြီး မြောင်ထဲသို့ဆင်းလားသည်။ ငါးမိနိမကြာလိုက် ပေါက်သံတချက်ကြားရသည်။ ညဇာသား အကျွန်ုပ်ရို့ဝံလက်စခန်းအတွက် တ၀ီစာရသည်။ အကျွန်ုပ်စားဖူးသည်ထဲမှာ ၄င်းဂျီသားလောက်စား၍ကောင်းသောအသား တခါလည်းမစားဖူးပါ။ ဟင်းချိုမှုန့်မထည့်ဘဲ ဘဇောင်ချိုရေကားမသိ။ လတ်လတ်ဆတ်ဆတ်ဖြစ်၍လည်းဖြစ်နိုင်သည်။
အကျွန်ုပ်ပြောချင်သည်မှာ အကျွန်ုပ်ရို့စခန်းချသည့် ၀ံလက်စခန်းမှာ ဒိုင်းနက်ရွာအနောက်ဖက်တွင်ဖြစ်သည်။ ပင်လယ်ကမ်းစပ်ဖက်ဖြစ်သည်။ စခန်းချသည့်တောင်ကုန်းအနောက်ဖက်တွင် တောင်တန်းကြီးတခုဟိသည်။ စခန်းအောက်တွင် နွီခါသားဆိုလျှင် ရွာသားများကန်းဘိုင်ဆည်သဖြင့် ရီချိုးရသည်မှာ ကကောင်းပျော်ဖို့ကောင်းသည်။ အကျွန်ုပ်ရို့စခန်းကို ကျွန်းသစ်များဖြင့်ဆောက်လုပ်ပါသည်။ နှစ်နှစ်သား သုံးနှစ်သားကျွန်းပင်များဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သည်။ သစ်လုံးများကိုနှစ်ခြမ်းစိတ်ပြီး ထရံကာသည်။ သို့သော် ထရံအားလုံးမပြီး တချို့တ၀က်ရာကာရံနိုင်သည်။ ဘင်္ဂလားတွင်အုန်းယှားသည်။ ထို့ကြောင့် စခန်းကိုအုံးမိုးရန်ခက်သဖြင့် ကန်းကျင်ရွက်ကို အုန်းပျစ်ပျစ်ပြီးမိုးရသည်။ တထွာလောက်ရာရှည်သဖြင့် မိုးရသည်မှာခက်သည်။ မိုးယိုရန်လွယ်သည်။ အကျွန်ုပ်ရို့လည်း ကန်းကျင်ရွက်မပျစ်တတ်၍ ရွာက၀ယ်မိုးရသည်ကများသည်။ BRC က Project ရသဖြင့် ကြက်နှင့်ဘဲမွီးဖြူရေးလုပ်သည်။ အစ်ကိုကြီးမောင်ချစ် (ဘင်္ဂလားဗုဒ္ဓဘာသာရခိုင်အသင်းကြီး) ကို စတင်တည်ထောင်သူဥက္ကဌ၊ အ၀ကျွန်းဇာတိ၊ ဆရာမမြရာဇာလင်း၏လင် (အိမ်သျှင်) ၏ညီဖြစ်သူ (နာမည်မိနီသည်) မွီးမြူရေးတက္ကသိုလ်ကျောင်းဆင်းက ကူညီသဖြင့် Project အောင်မြင်သည်။ ကြက်နှင့်ဘဲ၌ဖြစ်တတ်သော လိုင်လိမ်နှင့်ဆီးဖြူရောဂါကာကွယ်ဆီးကို အလွယ်တကူဝယ်ယူရနိုင်သဖြင့် မွီးမြူရေးအောင်မြင်ရခြင်းဖြစ်သည်။ တပါတ်တပါတ်လျှင် ဘဲနှင့်ကြက်ဥ ခရင်းလိုက်ရသည်။ ဖလောင်းချိတ်သို့တက်၍ရောင်းရသဖြင့် ၀င်ငွေကောင်းသည်။ စခန်းတွင်အယင်က ညိတိုင် ချဉ်ပေါင်နှင့် နပျိုးကြိုးနီရာက ဘဲနှင့်ကြက်ဥကြိုးလာရသဖြင့် တော်လှန်ရေးအဆင့်မြင့်လာသည်။ တချို့က ဘဲဥကို ကျမန့်အုံပြီးမီးဖုတ်စားသည်။ စား၍ကောင်းသည်။ စခန်းတွင်း၌အတူနီခသောရဲဘော်များမှာ ရဲဘော်မောင်ကျော်ယိုင် (မြောက်ဦး)၊ သိန်းမင်း (ပေါက်တော)၊ ထွန်းစံ (စစ်တွေ)၊ စိုင်းခမောက် (ယခုထိုင်း) (စစ်တွေ)။ စိုင်းထီးဆိုင်တေးခြင်းများကို ပိုင်နိုင်ကျွမ်းကျင်သောကြောင့် စိုင်းခမောက်ဟု (NUPA) နာမည်ပီးထားခြင်းဖြစ်သည်။ ကရာတေးသိန်းမောင်မှာ အဖွဲ့ဝင်စစ်စစ်မဟုတ်၊ မှီခိုကပ်ခိုဖြစ်သည်။ ယခု ဗိုလ်မင်းထောင်တွင် ကျောင်းထောင်လျှက် ဒေသခံများအကျိုးကို တဖက်တလမ်းက အထောက်အကူပြုနိုင်သူဖြစ်သည်။ အကျင့်စာရိတ္တကောင်းမွန်သည်။ အသောက်အစားကင်းသည်။ မိမ္မမလိုက်စား။ အားနည်းချက်မှာ မြန်မာရွှေယင်ကျော်မှိုင်းမိခံထားရသူဖြစ်သည်။ စစ်တွေက တယောက်နာမည်မိနီသည်။ အတွက်ပေါ်လျှင်ဖြည့်စွက်ပီးပါသည်။ မကြာခင်က အမေရိကန်သို့ရောက်ဟိလာပြီး အနာမကျန်းမှုကြောင့် ကွယ်လွန်လားသူ သန်းထွန်းဖြစ်သည်။ ရသေ့တောင်မှ ကိုရန်အောင်၊ ဥာဏ်ထွန်းချေ၊ ခိုင်ပြည်သိန်း (နာမည်ရင်း ထွန်းထွန်း) (မွီးမြူရေးတာဝန်ခံ) (မြောက်ဦး)၊ စံသာအောင် (မြောက်ဦး)၊ ခိုင်ဆန်းအောင် (ပေါက်တော)၊ ခိုင်မြတ်ကျော် (စေတီပြင်)၊ မုန်တိုင်း (စစ်တွေ)၊ မြတ်ကျော်က စခန်းမှုး၊ စံသာအောင်က ဒုစခန်းမှုး။ ခိုင်ဆန်းအောင်က ဥက္ကဌ၊ ထိုင်းနှင့်နိုင်ငံခြားသို့အလားများသည်။
ဗိုလ်ရာဇာတပ်များ ပြည်ထဲကဖြတ်၍ ဘင်္ဂလားသို့ရောက်လာသောအခါ ခိုင်မြတ်ကျော်နှင့် ထွန်းစံရို့က အယင်လားကြိုသည်။ ထိုအချိန်တွင် အကျွန်ုပ်ရို့အား ပါတီတခုကပီးသော ဒုတိယကမ္ဘာစစ်သုံးမီးကျိုးမောင်းပျက်သနတ် (၅) လက်ကို လားယူသည်နှင့်ကြုံကြိုက်သဖြင့် သူရို့ကလမ်းပြ၍ အကျွန်ုပ်ရို့စခန်း ၀ါးခတ်ချောင်းသို့တပ်ချရန် ခေါ်ဆောင်လာခခြင်းဖြစ်သည်။ အကျွန်ုပ်ရို့စခန်း တောင်ကုန်းနားတွင် ရွာက ဒိုင်းနက်ရွာသားများတောင်ယာလုပ်သည်။ သစ်ပင်ကြီးများကိုခုတ်လှဲ၍ စပါးစိုက်ခြင်းဖြစ်သည်။ နှမျိုးမိသည်ကအမှန်။ သို့သော် ၀မ်းရေးထက် ဇာအရေးလည်းမခက်။ တောင်ယာခွတ်ဖို့ လူဆယ်ယောက်ဖက် သစ်ပင်ကြီးများကိုခွတ်လှဲပြီး မီးလျှို့ပစ်သည်များကို ကိုယ်တိုင်မြင်ဖူးသည်။ မြိုတောင်သို့ခရီးလားစဉ်ကဖြစ်သည်။ ဆင်တကောင် ကောင်းကောင်းတက်အိပ်နိုင်လောက်အောင်ကြီးသည်။ အကျွန်ုပ်ရို့စခန်းတ၀ိုက်တွင် ကန်းကျင်ပင်များစွာဟိသည်။ အချေခါ ကန်းကျင်သားနှင့် ကန်းကျင်ပျိုင်ကိုကြားဖူးသည်။ မြောက်ဦးသျှစ်သောင်းဘုရားလှိုင်ဂူတွင် ကျောက်တွင်းခွက်ငယ်များမှာ ကန်းကျင်ဆီဖြင့် မီးထွန်းရန် ထွင်းထုထားဖြင်းဖြစ်သည်ဟု လူကြီးသူမများပြောသည် ကြားဖူးသည်။ သို့သော် ကန်းကျင်ပင်ကိုကားမမြင်ဖူး။ တောထဲရောက်မှ မြင်ဖူးသည်။ ပေ (၃၀၀) လောက်မြင့်သည်။ အမေရိကန်က Project Maje က Edit T. Marante လာလည်သောအခါ ရွာက ဒိုင်းနက်လူမျိုးများတောင်ယာစိုက်ထားသည်ကို မိမိရို့စိုက်ပျိုးထားဟန်ပြု၍ ဓါတ်ပုံရိုက်ခံခသည်ကို ပြန်စဉ်းစားလျှင် ရယ်ချင်သည်။ ထိုအချိန်က မိမိ၏အသက်မှာ (၂၃) (၂၄) နှစ်ခန့်ဖြစ်သည်။ ပြောချင်သည်မှာ မိမိရို့စခန်းတောင်ကုန်းအနောက်ဖက်ခြမ်း ချောဇောင်းတွင် စင်းပြွန်းပင်ကြီးတပင်ဟိသည်။ အဖိုးမောင်ဟန် ဂျီပစ်သည့်မြောင်တလျှောက်တွင် ဓပြုတ်ပင် သုံးလေးပင်ဟိသည်။ ဓပြုတ်ပင်နှင့် စင်းပြွန်းပင်မှာ ခွဲမရအောင်တူသည်။ အပင်ကိုမြင်၍ ခွဲခြမ်းရန်ခက်ခဲသည်။ အသီးကိုမြင်မှ သိသည်။ စခန်းဇောင်းနားက စင်းပြွန်းပင်မှာ လူသုံးယောက်ဖက်ခန့်ဟိသည်။ ရာသီကိုက မမှတ်မိလိုက်ပါယာ။ ဆောင်ဦးပေါက်လား နွီဦးပေါက်လားမသိ။ စင်းပြွန်းသီးတိ တပင်လုံး ပန်းပွင့်ရေပိုင် ပွင့်နီပါသည်။ အကျွန်ုပ်ရို့ စခန်းကလူများမှာ စပျစ်သီးကိုမျှော်စပ်သောခွီးပိုင်ဖြစ်နီသည်။ မစားရဘဲလျှာရည်ယိုလျှက်ဟိသည်။ ဇာပိုင်လုပ်ကေကောင်းဖို့လည်းဂု။ ဂေါင်းစားနီသည်။ အပင်မှာ လုံးဝိုင်းရပ်စောက် ပေ (၂၀) ခန့် အကိုင်းအခက်မဟိ။ လက်ခကျည်းတက်၍မရ။ ၀ါးနှင့်လှမ်းဆွတ်ဖို့လည်းမမှီ။ စားချင်သည်မှာလည်း လျှာရည်ယိုနီသည်။ ထို့ကြောင့် မတတ်သာကေ အားလုံးသဘောတူ ပေါက်ဆိန်နှင့်ပေါက်ရန်ဆုံးဖြတ်လိုက်သည်။ နှစ်ရက်နှင့် တမွန်းတည့် ပေါက်ဆိန်နှင့်ပေါက်ရသည်။ အဓိက အားလာကြီးများမှာ ကိုရန်အောင် (ဆီးမှုး) နှင့် သိန်းမင်းဖြစ်သည်။ နှစ်ရက်တမွန်းတည့် ညဇာသားရောက်မှ စင်းပြွန်းပင်ကြီးဘုန်းဘုန်းလဲသည်။ အကိုင်းအခက်များပြိုသံမှာ မိုးကြိုးပစ်သံ၊ တော်ငလျှင်ပြိုကွဲသည်ထက် ကျယ်သည်။ စင်းပြွန်းသီးများကြွီကျသည်မှာ အာကာထက်က မိုးကျောက်ခဲများကျသည်အတိုင်းဖြစ်သည်။ ကြွီကျသည့်အသီးများကို အယင်ကောက်သည်။ တောင်းခရင်းနှင့် လေးငါးတောင်းရသည်။ ကျန်အသီးများကို ဤအတိုင်းအပင်ထက်၌တွဲလောင်ဟိနီစီသည်။ အယင်ညှိုးခြောက်မလားရအောင်ဖြစ်သည်။ တပါတ်နှစ်ပတ်လောက်ညိတိုင်းချဉ်ရည်ကြိုသောက်ရသည်။ ပထမတရက်နှစ်ရက် သောက်၍ ကကောင်းခြီသည်။ ထမင်းစားပြီးတိုင်း မြန်းလားပိုင် လန်းလားပိုင်တွိသည်။ သို့သော် ရက်ထပ်လာသောအခါ ၀မ်းပြည့်ဝမ်းရောင်ဖြစ်လာသည်။ အကိုင်းထက်က တွဲလွဲကျနီသောစင်းပြွန်းသီးများမှာ ဤအတိုင်းမစားဘဲ ပိန်ခြောက်ကြွီကျလားသည်။ ပဇောင် နမျိုးဖို့ကောင်းလိုက်တေမသိ။ အသီးစားချင် အပင်ကိုခွတ်၊ အရိပ်ခို အကိုင်းချိုး၊ စပျစ်သီးချဉ်သော ခဲဝါဘ၀ကိုမြင်မိတိုင်း ရင်ကျိုးမိ၍၄င်း၊ မျက်စိထဲ၌ ၄င်းစင်းပြွန်းပင်ကြီးကို မြင်ယောင်နီသိမ့်၍၄င်း အတွက်ရသောကြောင့် ဤစာအကြောင်းကို ရွီးလိုက်ရခြင်းဖြစ်ပါသည်။ သြော် ရခိုင်ပြည်ကြီးလွတ်လပ်ရေးအတွက် တောအူခဲဝါချေတရွီ ကျေးဇူးကန်းလီစွတကားတည်း။
အကျွန်ုပ်ရို့ရခိုင်သားတိအဖြစ်မှာလည်း စင်းပြွန်းသီးနှင့်တူသည်။ ဘ၀ကငယ်သော်လည်း ဘ၀င်က ဓပြုတ်သီးလောက်ကြီးသည်။ ရခိုင်ဘ၀ အတိတ်က ဓပြုတ်သီးပိုင်ယှောင်ကြီးခသော်ငြားလည်း အခုက စင်းပြွန်းသီးချေလောက်ရာကျန်ပျာ။
(သာလှဦး)
အမှတ်တရကဗျာ
xxxxxxxxxxxxx
အတိတ်နှင့် ပစ္စုပ္ပန် (၂)
------------------------
အယင်ခါ ဓပြုတ်သီး
အခု စင်းပြွန်းသီး --။
xxxxxxxxxxxxxxxxxx
အတိတ်နှင့် ပစ္စုပ္ပန် (၁)
-----------------------------
အယင်ခါ
ဆင်စီးလို့
ရွှီထီးဆောင်းခ --။
အခု လားစီးပျာ
တောက်ကျာဆောင်းရ --။
(သာလှဦး)
Tuesday, March 17, 2009
ညီညွတ်ရေးသာပန်း
အကျွန်ုပ်ရို့ရွာတွင် အလွန်သဘောကောင်းသော ၀ါကြီးတလုံးဟိသည်။ သူသည် ဘုရားတရားအလွန်ရိုသေကိုင်းညွတ်သည်။ စိတ်ကောင်းစေတနာကောင်းဟိသည်။ ရပ်ရေးရွာရေး၊ သာရေးနာရေးအစစအရာရာ ကူညီတတ်သည်။ ရပ်ရွာစည်ပင်သာယာရေးအတွက်အစဉ်မမြဲ ဦးထိပ်ရွက်ပန်ထားသူဖြစ်သည်။ ရပ်ရွာအတွင်း လင်မယားရန်ဖြစ်သည်ကအစ သင့်မြတ်အောင် စိစပ်ဆောင်ရွက်ပီးသည်။ အချေသူငယ်များရန်ဖြစ်လျှင်လည်း (အဝေး အစိတ်ကေချေတိ၊ ပုတ်ကြားကေ နွားချီးဝင်ရေ။ နွားကွဲကေ ကျားကိုက်တေဝေး၊) စသည်ဖြင့် ထိရောက်သောစကားပုံများဖြင့် ဆိုဆုံးမလေ့ဟိသည်။
သူ့အိမ်သည် ပျိုင်စီပျိုင်ဆောင်အိမ်ကြီးဖြစ်သည်။ သူ၏မိဘများမှာ လယ်ပိုင်သျှင်သူဌေးကြီးများဖြစ်သဖြင့် ပြိုင်းသားတိုင်နောင်းနောင်းဖြင့် အင်္ဂလိပ်လက်ထက်တတည်းကပင် ဆောက်လုပ်ခပြီး မသီခင် တဦးတည်းသောသားကြီးမောင်သာဘန်းအား အမွီပီးထားခခြင်းဖြစ်သည်။ အိမ်မှာ နှစ်ပေါင်း (၁၀၀) ကျော်ကြာသည့်တိုင် အခုအထိ နောင်းနောင်းနင်းနင်း မယိုင်မယိမ်းဘဲ ရွာ၏အရှိဖက်တွင်တည်ဟိသည်။ ဘုန်းကြီးကျောင်းနှင့် မနီးမ၀ီးဖြစ်သည်။ မင်းကန်နှင့်လည်း နီးသည်။ နှစ်ထပ်အိမ်ဖြစ်ပြီး ကားလမ်းမကကြည့်လျှင် ဟိန်းလျှက်မြင်ရသည်။ ရွာ၏ကျက်သရေဆောင်အိမ်ကြီးတဆောင်ဖြစ်သည်။ ရွာသားများက သူ၏အိမ်ကိုလက်ညှိုးထိုးလျှက် မိမိရွာကိုဂုဏ်ယူတတ်ကြသည်။ အခြားရွာသားများအား ကြွားစရာဟူ၍ ဤအိမ်ကြီးတလုံးရာဟိသည်။ ရပ်ရေးရွာရေးအတိုင်ပင်ပြုသောအခါ ဘုန်းတော်ကြီးကျောင်းကိုပင် မအားထား၊ ဤအိမ်ကြီး၌စုရုံးလေ့ဟိသည်။ သို့ကြောင့် သက်တူရွယ်တူလူကြီးများက အဘိုးမောင်သာဘန်းအား (ညီညွတ်ရေးသာဘန်း) ဟုခေါ်သည်။
ဤသို့ခေါ်ရသည့်အကြောင်းမှာလည်း ရွာတွင် သောက်စားယစ်မူးတတ်သော နွားသူခိုးသာဘန်းနှင့် ကွဲလွဲစီချင်၍ဖြစ်သည်။ (သာဘန်း) ဟုပြောလျှင် (ဇာသာဘန်း) လဲဟု အတွန့်ရှည်သဖြင့် (ညီညွတ်ရေးသာဘန်း) ပြောလိုက်လျှင် လူတိုင်းသိသည်။ သူသည် ရွာသူရွာသားများစည်းလုံးညီညွတ်ရေးသာလျှင်မဟုတ် ရခိုင်တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကို လိုလားသူတဦးဖြစ်သည်။ လေးဝတီညီညွတ်ရေးတရားကိုလည်း စကားထဲအမြဲထည့်ပြောလေ့ဟိသည်။ သူ့အိမ်တွင် အလွန်ကြီးမားသော ကပ်ဆပ်တလုံးဟိသည်။ သူ့ကိုယ်ပိုင် နွားမတန်းမ,သုံးကောင်ကိုရောင်းလျှက် ၀ယ်ထားသည်ကို ရှိမှီနောက်မှီများက သိသည်။ အဖိုးသာဘန်းသည် အသက်အရွယ်ကြီး၍ ၀ါကြီးဖြစ်သော်ငြားလည်း ဂျီမသုဉ်းသည့်အပြင် ခေတ်လူငယ်များနှင့် အပေါင်းအသင်းလုပ်နိုင်သော အလွန်ခေတ်မှီသော ခေတ်မှီဝါကြီးတလုံးဖြစ်သည်။
မြန်မာပြည်လွတ်လပ်ရေးရသောအခါ အဘိုးသာဘန်းမှာ အသက် (၁၅) နှစ်ဟိပြီးဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်ပညာရေးကို (၈) တန်းအထိသင်ကြားဖူး၍ အဖိုးသည် အင်္ဂလိပ်စကားကိုလည်း အသင့်အတင့်ပြောဆိုနိုင်သည်။ မိဘများက ချမ်းသာသူများဖြစ်၍ မြို့တက်၍ ကျောင်းထားနိုင်သောကြောင့်လည်းဖြစ်သည်။ အဖိုးသည် အင်္ဂလိပ် (Grammar) ကို အလွန်ကျွမ်းကျင်ပိုင်နိုင်သည်။ ထို့ကြောင့် ပညာရေးကိုလိုက်စားသော ရွာလူငယ်များက အဖိုးထံ၌ တပည့်ခံ နည်းနာခံယူရသည်။ အဖိုးလည်း ပညာရေးနှင့်ပတ်သက်လာလျှင် အလွန်စိတ်ရှည်သည်။ တပည့်သားသမီးများမသိနားမလည်သည်များကို စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ လူငယ်များအား နွားနှင့်ရုန်း၍ ကျုပ်နွံထဲတွင် မနစ်မွမ်းစီချင်သော သူ၏စေတနာအရင်းခံကြောင့်ဖြစ်သည်။
သူ့၏အိမ်တွင် ဘို့အား (၁၂) လုံးဟိသော ဘယ်ထရီ (၃) လုံးနှင့် လူတရပ်ခန့်မြင့်သော (Sound Box) နှစ်လုံးဟိသည်။ ဘေထရီတလုံးကုန်လျှင် (၂) လုံး အရံအဆင့်သင့်ဟိသည်။ နှစ်စဉ်နှစ်တိုင်း တန်းဆောင်ဘုန်းလပြည့်နိရောက်၍ ထမင်းပေါင်းချက်စားတိုင်း ရွာလူငယ်များအဘိုးအိမ်၌စုရုံး၍ အဘိုးကပ်ဆပ်ဖြင့် (Sound Box)အသံကုန်ဖွင့်လေ့ဟိသည်။ ချောင်းတဖက်ကမ်း (၃) မိုင်ကွာဝီးသော ဇီးဇာရွာကပင်လျှင် အကျွန်ုပ်ရို့ဖွင့်သော တေးခြင်းသံများကို ညဥ့်လုံးပေါက်ကြားရသည်ဟုဆိုသည်။ အဖိုးသည် ရှိဟောင်းသခြင်းကြီးများသာလျှင်မဟုတ် အခုခေတ်ပေါ်ရခိုင်သခြင်းများကိုလည်း လက်ခံသည်။ အဖိုးအနှစ်သက်ဆုံးသခြင်းမှာ (၀တီလေးရပ်သားချင်း၊ ညီညွတ်ကတ်မေ) ဆိုသည့်သခြင်းဖြစ်သည်။ ပြီးလျှင် မြောက်ဦးသား သိန်းထိုက်ဇော်ဆိုသော (အပြောနှင့်မပြီးသိမ့်ပါ ရခိုင်) ဆိုသည်သခြင်းကိုလည်း အလွန်နှစ်သက်သည်။ တခါတရီ အဘိုးသည် ဆောင်းတွင်းဝိုင်းမီးလှုံသောအခါ အသုံးပြုသော ကသောင်းဝါးခြမ်းထိုင်ခုံကို သူ၏ပန်းတူရိုးဖြင့် စည်းခေါက်လျှက် ထိုကာလပေါ်တေးခြင်းများကို အကျွန်ုပ်ရို့လူငယ်များအား ဆိုပြလေ့ဟိသည်။ ထို့ကြောင့် အကျွန်ုပ်ရို့လူငယ်များက အဖိုးအားအလွန်ချစ်ကြသည်။
သို့သော် အဖိုးကားစိတ်ကောင်းဟိသလောက် ကံမကောင်းပါ။ အဘိုး၏ချစ်လှစွာသော အဘောင်မမသျှင်မှာ အဖိုးထက်စောစောစီစီး သီဆုံးလားသောကြောင့်ဖြစ်သည်။ အဖိုးမှာ အိမ်ထောင်ကျလည်းနောက်ကျသည်။ အဖိုးက ဘုန်းကြီးလုပ်ချင်သည်။ သို့သော် သူ၏မိဘများက အမွီခံမျိုးဆက်တုံးလားမည်စိုး၍ အဖိုးအသက် (၅၀) ရောက်ခါမှ ပန်းမော်ရွာက အပျိုကြီးမသျှင်နှင့် အိမ်ဆောင်ချပီးသည်ဟုသိရပါသည်။ အဖိုးအိမ်ထောင်ကျချိန်တွင် အကျွန်ုပ်ရို့ မွီးတောင်မမွီးသိမ့်ပါ။ အိမ်ထောင်ကျပြီး (၂) နှစ်အကြာမှ သမီးချေတယောက်ထွန်းကားသည်။ (အထွီးမေ) ဟုခေါ်သည်။ အသက်ကြီးပြီးမှ အိမ်ထောင်ကျသောကြောင့် သမီးဦးကိုဖွားပြီး နောက်ထပ်သားသမီးမရလီပါယာ။ အဖိုးကို တရွာလုံးကချစ်သောကြောင့် သမီး (အထွီးမေ) ကိုလည်း တရွာလုံးက ၀ိုင်းချစ်ကြသည်။
တချက်မိကျန်လိုက်သည်မှာ အဖိုးအိမ်တွင် ဒါးတချောင်းဟိသည်။ အသွားမှာ လက်နှစ်လုံးအရွယ်ဟိ၍ အရှည်မှာ တလံလောက်ဟိသည်။ အဆောက်ကို ကျွဲရိုးဖြင့်ဆောက်ထားသည်။ အဖိုး၏အိမ်ရှိခန်းတွင်အလှချိတ်ထားသည်။ သို့သော် ၄င်ဒါးအား မည်သူတဦးတယောက်ကိုလည်း အကိုင်မပီး။ သင်္ကြန်ရောက်တိုင်း အဖိုးမှာ တကြိမ်စီဒါးသွီးသည်။ သို့သော် မည်သည့်အရာကိုမျှ ခွတ်ထစ်ခြင်းမပြု။ ၄င်းဒါးမှာ မြန်မာယိမ်းနွဲ့ပါးဒါးကဲ့သို့ပျော့စိစိမဟုတ်။ အလွန်မာ၍ အလွန်ဖြောင့်သည်။ သံဆီးသုံးထပ်တင်ထားသဖြင့် အလွန်ထက်သည်ဟုဆိုသည်။ မယုံသဖြင့် တခါက ရွာသျှင်ပြုပွဲတွင် ပိဿာ (၁၅၀) ကျ ၀က်တကောင်းအားခွတ်ပြရာ တချိန်းတည်းနှင့် နှစ်ပိုင်းပြတ်လားမှ ရွာသားအားလုံးအံသြသင့်ရသည်ဟုဆိုသည်။ အင်္ဂလိပ်အဆုပ် ဂျပန်အတက် ကုလားရခိုင်အရေးအခင်းဖြစ်ရာတွင် အသုံးပြုခသဖြင့် သမိုင်းဝင်ဒါးအဖြစ် အဖိုးက တယုတယသိမ်းထားခြင်းဖြစ်သည်။ ဘူးသီးတောင်မောင်တော ရထားလမ်းဟောင်းသံဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး အဖိုးအသက် (၁၃) နှစ်အရွယ် ဆံတော်ရှင်ဘုရားဖူးအပြန် ပူဆာသဖြင့် အမိအဘများက စစ်တွေကုန်တန်းပန်းဘဲဆိုင်တခုမှ ဈီးကြီးပီး၍ ၀ယ်ယူခသည်ဆို၏။ အကျွန်ုပ်ကား တကြိမ်တခါကိုင်ဖူးပါ၏။ မခွတ်မပြုဘဲ တနှစ်တကြိမ်သွီးထားသဖြင့် ဒါးသွားမှာ သျှင်ပြုဥက္ခောင်းဆံရိပ်သော သင်းထုန်းဒါးထက်ပင်ထက်၏။
ဇတ်လမ်းကိုဆက်ရသည်ဟိသော် အကျွန်ုပ်ရို့ရွာတွင် အပျိုလူပျိုရွာလည်သော ဓလေ့အစဉ်အလာဟိ၏။ သို့သော် စည်းမဲ့ကမ်းမဲ့ကားမဟုတ်။ လူပျိုတဦးတယောက်က အပျိုတယောက်အားရွာလည်လိုသည်ဟိသော် ပထမဦးစွာ လူပျိုဂေါင်းအားအသိပီးရ၏။ ထိုနောက် လူပျိုဂေါင်းက အပျိုဂေါင်းအားကြိုတင်အကြောင်းကြား၏။ ထိုညတွင် အပျိုဂေါင်းက အပျိုအိမ်သို့ ဆီးကွမ်းစားဟန်ပြု၍ အပျိုမအား တိတ်တိတ်ပုံးအသိပီးထား၏။ အပျိုသဘောတူမှ သမီးရည်းစားဖြစ်ခွင့်ရ၏။ သို့သော် ရမ်းဗြဲအရပ်မှာကဲ့သို့ ဇမ်းကဗျာဖြင့် အချစ်ကျူးသော ကဗျာအလင်္ကာ၊ စာအလင်္ကာများမှာ ကွယ်ပျောက်ပြီးဖြစ်သဖြင့် ရိုးရိုးစကားဖြင့်ပင် ချစ်ခွင့်ပန်ကြ၏။ သမီးရည်းစားဖြစ်သူများအဖို့ ကျူရိုးတံတွင် သင်္ကေတပြုလျှက် လူမမှားစီရန် အမှတ်အသားပြုရ၏။ ထိုကျူရိုးတံအား သူများမမြင် မခိုးရအောင် ပုန်းဝှက်ထားရသည်မှာ လူပျိုများအဖို့ အလွန်ဦးနှောက်စားသောအလုပ်ဖြစ်၏။ တချို့ငမျောက်ငချောက်များက သူများကျူရိုးတံခိုး၍ အချောင်ရွာလည်တတ်သည့်အန္တရာယ်ကို သမီးရည်းစားချစ်ကြိုက်နီသူများအထူးဂရုပြုကြရ၏။
ရွာလည်ချင်သော လူပျိုများသည် ရွာလယ်တွင် လူပျိုများတကူးတကဆောက်လုပ်ထားသော ရွာလည်အိမ်၌ စုဝေးအိပ်ကြရ၏။ အရာရာကို စူးစမ်းချင်သောအသက်ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ် လူပျိုပေါက်စများအဖို့ ထိုအိမ်၌ အိပ်ခွင့်ရရေးမှာ လွယ်ကူသောအလုပ်မဟုတ်။ လူပျိုကြီး၊ လူပျိုဂေါင်းများကို အထူးပူဇော်ပသရ၏။ လူပျိုဂေါင်း၏ခွင့်ပြုချက်မရဘဲ ထိုရွာလည်အိမ်၌အိပ်ခွင့်မဟိ။ ရွာလည်သောအခါတွင်လည်း ရွာလည်လာသော အာဂန္ဓုတခြားရွာသားများအား ဦးစားပီးရ၏။ အနီးပတ်ဝန်းကျင်ရွာအင်တန်များများ၌ ထိုဓလေ့မှာ ကွယ်ပျောက်ပြီးဖြစ်သဖြင့် ရွာလည်ရန် အကျွန်ုပ်ရို့ရွာသို့ စုပြုံရောက်လာတတ်၏။ အထူးသဖြင့် နွီခါသားတလင်းပွဲချိန်ဖြစ်၏။ ရွာလည်ခွင့်ဟိသော အကျွန်ုပ်ရို့ရွာ၏အားသာချက်မှာ လူပျိုများသည် တခြားရွာသို့ထွက်မလားလို။ ရွာ၌မြဲ၏။ ထို့ကြောင့် အကျွန်ုပ်ရို့ရွာ၏အိမ်ခေါင်ပေါ်ဦးရေမှာ အခြားရွာများထက် သုံးလေးဆပိုများ၏။ ရွာလည်ခွင့်ဓလေ့ကွယ်ပျောက်ပြီးဖြစ်သောရွာများ၌ လူပျိုလူရွယ်များမပျော်ပိုက်သဖြင့် အချိန်တန်လျှင် ကြက်ပျောက်ငှက်ပျောက်ကုန်၏။ အထူးသဖြင့် မြန်မာစစ်တပ်ထဲသို့ဝင်၍ မှိုင်းသင့်ပြီးမှ ရွာပြန်ရောက်လာတတ်၏။ သို့သော် အများစုမှာ ကရင်ပြည်နယ်ရှိတန်းတွင် လစန့်ကောင်သည်များ၏။
မှတ်မိသဘောက် အကျွန်ုပ်ပထမဆုံးအကြိမ် ရွာလည်အိမ်၌ အိပ်ခွင့်ရသည်မှာ အသက် (၁၅) နှစ်အရွယ်ရောက်ပြီးမှဖြစ်သည်။ ထို့အခွင့်အရေးရဖို့ လူပျို၊ လူပျိုဂေါင်းများအားကန်တော့လိုက်ရသည်မှာ အိမ်ကကြက်တုတ်တုတ်ပြောင်၏။ ထိုရွာလည်အိမ်၌ ပထမအိပ်ခွင့်ရသောနိသည်ပင်လျှင် အကျွန်ုပ်၏အပျော်ဆုံးရက်ထဲတွင်တရက်အပါအ၀င်ဖြစ်သည်။ မှတ်မိရရဟိသည်မှာ ထိုနိတွင် အကျွန်ုပ်ထက်အလွန်ဝါကြီးသော အစ်ကိုကြီး (၆) ယောက်နှင့်အတူဖြစ်သည်။ အကျွန်ုပ်အပါဝင် (၇) ယောက်ဖြစ်သည်။ ထိုအထဲတွင် အလွန်ရယ်စရာ ဟာသပြောတတ်သော အစ်ကိုကြီးသာအောင်လည်း တယောက်အပါအ၀င်ဖြစ်သည်။ အစ်ကိုကြီးသာအောင်သည် ထိုအချိန်တွင် အသက် (၂၆) နှစ်ခန့်ဟိပြီးဖြစ်၍ အကျွန်ုပ်ထက် (၁၀) နှစ်ခန့်အသက်ကြီးပါသည်။ (ပရမီကျင့်သကြားမင်း၊ ဒယွားမရထွက်ပြီးဖို့ကျ။ နှစ်ကားနှစ်အဖိုး ကျွန်တော်မပါစီကဲ့။) ဟာသများမှာ အစ်ကိုကြီးသာအောင်ပါးကရသော ရွာလည်ဝတ္ထုများဖြစ်ပါသည်။ ထိုဝတ္ထုများကို ပရိဿတ်က တောင်းဆိုသည်ဟိက အခါအခွင့်သင့်တော်သည့်အားလျှော်စွာ ဖော်ပြပီးလားပါမည်။
ဇတ်လမ်းကိုပြန်ဆက်ရသော် ထိုနှစ်တပေါင်းလတွင်ဖြစ်သည် အဖိုးသာဘန်း၏သမီးနီမကောင်းဖြစ်သည်။ ဆရာဝန်မဟိ၍ ရွာက သားဖွားဆရာမနှင့်ပြသောအခါ ဇတ်လမ်းမှာ ကြိုးကြာဥပြဿနာဖြစ်သည်။ အကြောင်းစုံစမ်းသောအခါ တရားခံမှာ အစ်ကိုသာအောင်ဖြစ်နီသည်။ အများမကြာ တရက်နိမိုးထက်စောစော ဆွမ်းပို့ခတက်ခေါက်ပြီး မကြာခင်လောက်တွင် အဖိုးသာဘန်း ဒုတ်ကောက်ထောက်၍ အကျွန်ုပ်ရို့စံအိမ်ကြီးသို့ ပေါက်ချလာသည်။ (အဝေး သာအောင်ထထ) ဟု လှမ်းအော်ခေါ်သည်။ အကျွန်ုပ်ရို့လည်း အိမ်မွှမ်းစုံထ ထပါလတ်ကတ်သည်။ မိုးထက်စောစောဖြစ်သဖြင့် အရေးကြီးအကြောင်းကိစ္စပေါ်သည်ဟုထင်သည်။ စိတ်ထဲမှာ အစ်မ (အထွီးမေ) နီမကောင်း၍ ဆီးရုံသို့ပို့ချင်၍လားမသိထင်သည်။ ကိုသာအောင်က ဦးစွာဆင်းနှင့်သည်။
လှီကားထစ်တ၀ှက်အရောက်တွင် အဖိုးသာဘန်းက ဒုတ်ကောက်တွင် ပူးချိုင်ယူလာသော ကုလားနိုင်ဒါးဖြင့် အစ်ကိုသာအောင်၏ခါးနောက်ကုန်းကို နှစ်ပိုင်းပိုင်းချလိုက်သည်။ ကံကောင်းထောက်မသည်မှာ ဓါးမှာအလွန်ရှည်သဖြင့် နှုတ်ယူချိန်တွင် နည်းနည်းကြံ့ကြာနီသဖြင့် အကျွန်ုပ်ရို့က မြင်ပြီးလှမ်းအော်လိုက်သောကြောင့်ဖြစ်သည်။ အစ်ကိုသာအောင်မှာ နောက်လှည့်၍ဆင်းနီသဖြင့် သူအားခွတ်သည်ကိုလုံးဝမမြင်။ အကျွန်ုပ်ရို့လှမ်းအော်လိုက်မှ ကြောက်ကြောက်ဖြင့်လန်ချလိုက်ရာ အဖိုးသာဘန်းခြီထောက်အောက်တွင် ပက်လက်လန်ကျလားသည်။ ခွတ်သည့်ဒါးမှာ ပြတ်သည်ကကြောင်း ပြင်းသည်ကတကြောင်း လှီးကားထစ်လုပ်ထားသော ကန်းပိုင်သားတွင် လက်လေးဆစ်ခန့်နစ်ဝင်လားသည်။ နောက်ထပ်ခွတ်ရန် ဒါးကိုနှုတ်သောအခါ နှုတ်မရဖြစ်နီဆိုက် အစ်ကိုသာအောင်ထွက်ပြီးလား၍ အသက်ချမ်းသာရသည်။ သာအောင်ကိုမမှီလိုက်သောအခါ အဖိုးသာဘန်းမှာ ဒေါသဖြင့် အိမ်နောက်ဖေးတွင် စိုက်ထားသော နှပျိုးပင်အားလုံးကို ကုလားနိုင်ဒါးဖြင့်ပိုင်းဖြတ်လိုက်ပြီးမှ အိမ်ပြန်လားသည်။
သာအောင်ဆိုသူမှာလည်း အလွန် အရွှန်ဖြစ်သည်။ အဖိုးဖြတ်ပစ်သောနှပျိုးပိုင်းများကိုယူလျှက် မုန့်တီရောင်းသော အရီးအောင်ကြွဖြူကို တကူးတကမုန်းဟင်းခါးချက်ခိုင်းသည်။ အကျွန်ုပ်ရို့လည်း အစ်ကိုသာအောင်အားဓမ္မခေါ်ကျွေးသဖြင့် စိတ်မပါဘဲလိုက်စားလိုက်ရပါသည်။ နှပျိုးပင်မှာ လတ်လတ်ဆန်းဆန်းဖြစ်၍လားမသိ အလွန်စားကောင်းပါသည်။
ထိုသတင်းကိုကြားသဖြင့် ရွာကဆရာတော်ကြီးဥူးကောဝိဒ ကိုယ်တိုင်ကြွ၍ ထိုကုလားနိုင်ဒါးအား အဘိုးသာဘန်းဘားက အလှုခံလားသည်။ “ကိုယ့်အလှည့်ကျ ကုလားနိုင်ဒါးနှင့်ဆုံးမ။ မသင့်တော်ပါတကာကြီး၊ တရားနှင့်ဖြေပါ” ဟု ဆုံးမသည်။ အဖိုး “ညီညွတ်ရေးသာပန်း” က မှားပါသည်ဟု ၀န်ခံသည်။ ပြီးလျှင် ရှက်ရှက်ဖြင့် သုံးလလခန့် အိမ်တွင်းအိမ်ပြင်လုံးဝမထွက်။ သမီးအထွီးမေမှာ ၀မ်းတလုံးနှင့် အဖ “ညီညွတ်ရေးသာဘန်း” အိမ်တွင်းပုန်းနီဆိုက် အိမ်မှုကိစ္စ၊ စီးပွားရေးအ၀၀ကို ဦးစီးရသည်။ သုံးလလွန်ပြီးမှ အဖိုး “ညီညွတ်ရေးသာပန်း” ဥပုသ်ကထွက်သည်။၊ ဥပုသ်မှာ ရက်ရှည်ဥပုသ်ဖြစ်သဖြင့် ရွာသားတချို့က “သီရိသုဓမ္မရာဇာမင်းကြီး မဟာမုနိမှာ ဥပုသ်စောင့်ရေမနားယေ” ဟု မကြားတကြားပြောသည်။ အဖိုးမှာ အသက်အရွယ်ကြီးရင့်ပြီးဖြစ်သည်ကတကြောင်း၊ စိတ်ဓါတ်ကျသည်ကတကြောင်း စသောအကြောင်းများကြောင့် ယခင် ကန်းကျင်ပင်ကဲ့သို့မတ်စောက်သော သူ့ခန္ဓာကိုယ်ကြီးမှာ ဥပုသ်အထွက် သင်းခွီချပ်ဖြစ်လားသည်။ ရွာဘုန်းကြီးကျောင်းသို့လည်း အယင်ပိုင်ယှောင်မလားလိုက်ပျာ။ “နွားကွဲကျားဆွဲ၊ လေးဝတီညီညွတ်ရေး” တရားကိုလည်း ယောင်လို့တောင်မဟလီယာ။ စကားတိုက်ဆိုင်သောကြောင့် ငယ်ပေါင်းဝါကြီးမ, မအိုဇာအား “ကုလားနိုင်ဒါးကို နှမျိုးရေ” ဟု ပြောသည်ဟူ၏။ ၄င်းကုလားနိုင်ဒါးမှာ သမိုင်းဝင်ဒါးတချောင်းဖြစ်သဖြင့် သူခိုးမခိုးရအောင် ဆရာတော်ကြီးက မိမိကုတင်အောက်၌ သိမ်းထား၏။ ယခုအခါ အစ်ကိုသာအောင်နှင့် အစ်မအထွီးမေလည်းအိမ်ထောင်ကျလျှက် သားတဦးနှင့် သမီးတဦးထွန်းကားလျှက်ဟိသည်။ အဘိုး “ညီညွတ်ရေးသာပန်း” နှင့် ဆရာတော်ကြီး “ဥူးကောဝိဒ” မှာ ကွယ်လွန်လားပြီးဖြစ်သည်။ သို့သော် “ကိုယ့်အလှည့်ကျ ကုလားနိုင်ဒါးနှင့်ဆုံးမ။” ဆိုသည့်စကားပုံမှာ အကျွန်ုပ်ရို့ရွာ၌ အဖိုး “ညီညွတ်ရေးသာဘန်း” ကိုအကြောင်းပြုပြီး ပြောစမှတ်တင်ကျန်ရစ်ခသည်။
လဒ
လင်းဋ (သို့မဟုတ်) လဒ
အခါတပါးတွင် အလွန်သန်မာဖြတ်လတ်သော ၀ံလက်ငှက်တကောင်သည် ပင်လယ်ကမ်းစပ်နား ကျောက်ဆောင်များကို မင်းမူကျက်စားလျှက်ဟိသည်။ သူသည်မျက်စိအမြင်လည်း အလွန်ကောင်းသည်။ ပင်လယ်ရီပြင်အောက် (၁၂) တောင်အနက်ကို ဖောက်ထွင်းမြင်နိုင်စွမ်းဟိသည်။ ငါးကြီးငါးငယ် ငါးလိပ်ကျောက် ငါးလက်ခွာ တကောင်မကျန် သူ၏စူးချွန်သော ခြီလက်သဲဖြင့် ကုတ်ယူဖမ်းယူနိုင်စွမ်းဟိသည်။ ထို့ကြောင့် သူအား ရီပြင်၊ မြီပြင်၊ လီပြင် သုံးခွင်ပိုင်စိုး ၀ံလက်မျိုးဟု တင်စားခေါ်ဝေါ်သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အလွန်မြောက်ကြွဂုဏ်ယူသည်။ ငါ့ပိုင်လူ အေကမ္ဘာမှာ မဟိ။
အခါတပါး သူသည် ဈာန်ဝင်၍ လီပြင်အာကာကောင်းခင်၌ လီဟုန်စီးဝဲပျံနီဆိုက် သူမင်းမူကျက်စားရာ ကျောက်ဆောင်အနီးအနားပတ်ဝန်းကျင် တောနက်ထဲတွင် အလွန်လှပသော ဥဒေါင်းတကောင်ကို မမျှော်လင့်ဘဲ ဖူးတွိရလိုက်သည်။ ဥဒေါင်းမင်းသည် နီခြည်အောက်တွင် သူ၏အမွှီးအတောင်များကို ဖြန့်ကားလျှက် ကမြူးနီဆိုက်ဖြစ်သည်။ ပြိုးပြက်သောရောင်ခြည် နီဝါသောရွှီအဆင်းဖြင့် ကတ္တီပါကော်ဇောဖြန့်ကြက်ထားသကဲ့သို့ တောက်ပသောဇာခြည်ဇာကွက်များဖြင့် အလွန်လှပတင့်တယ်သည်ဖြစ်၍ သူ့စိတ်ကူးထဲတွင် ဥဒေါင်းမင်းကဲ့သို့ လှပသောအမွှီးအတောင်များပိုင်ဆိုင်လိုစိတ် တဖွားဖွားဖြစ်ပေါ်လာသည်။
(ငါ့မှာ သံလျှက်ကဲ့သို့ ထက်မြက်သော ခြီသဲလက်သဲတိလည်းဟိဗျာ။ ပတ္တမြားကဲ့သို့ စူးရှတောက်ပသော မျက်လုံးအစုံလည်းဟိဗျာ။ ကမ္ဘာမြီပြင် တော်ငလျှင် သိမ့်သိမ့်တုန်စီလောက်သော ပြင်းပြသော တောင်ဖံတစုံလည်းဟိဗျာ။ ငါ့အမွှီးအမျှင်များသည်ရာ ဥဒေါင်းမင်းကဲ့သို့ ရောင်စုံဇာကွက်များဖြင့် ပြိုးပြက်တောက်ပ လှပသည်ဟိသော် အစာလောက်ကောင်းလိုက်မည်နည်း။ အေကမ္ဘာမှာ ငါ့ပိုင်ယှောင် သတ္တ၀ါဟိခန့်သိမ့်လား။)
သို့သော် ၀ံလက်မင်းသည် သူ့အမွှီးအမျှင်များ အရောင်တောက်ပလာအောင် ပဇောင်လုပ်ရခန့်နည်း အကြံအိုက်လျှက်ဟိသည်။ ငါးသတ္တ၀ါများထဲတွင် ၀မ်းဖောင်းဖောင်းဖြင့် ပကျင်းသတ္တ၀ါများသည် အလွန်ပညာဟိသည်ဟုကြားဖူးသည်။ သူ့အားမီးမြန်းစုံစမ်းကြည့်မှဖြစ်မည်ဟု အကြံရသည်။ သို့ဖြင့် သူသည် သျှစ်မိုင်အကွာ ဖြားရီတက်တွင် ပေါလောမျိုးနီသော ပကျင်းတကောင်အား တဟုန်တည်းဖြင့်ချီကုတ်လိုက်သည်။
(ဟေ ပကျင်း သင်သည် အသက်ရှင်သည်ကို အလိုဟိခန့်၏လော။ သင်သည် အသင်ရှင်ခြင်းကို အလိုဟိခန့်ဖြစ်သည်ဆိုပါက ငါ့အားမှန်ရာကို သံတော်ဦးမြတ်လျှောက်တင်လော့။ ငါ့အမွှီးအမျှင်များ အရောင်တောက်ပလာအောင် ပဇာလုပ်ရခန့်နည်း။)
(အို ကျေးဇူးကြီးလှစွာသော အသက်သခင်ဝံလက်မင်းဘုရား။ အသျှင့်၏အမွှီးအမျှင်များ ရောင်စုံပြိုးပြက်တောက်ပသည်ကို အလိုဟိတော်မူပါက ပင်လယ်ထဲသို့ မိုးထက်တကြိမ်၊ နိခြင်းတကြိမ် ညဇာတကြိမ် တနိသုံးကြိမ် ဒိုင်ပင်ထိုးတော်မူပါဘုရား။ ရက်များမကြာ အသျှင်၏အမွှီးအမျှင်များသည် ပင်လယ်ငွေဇာခြည်လွှာများကဲ့သို့ ပြိုးပြက်တောက်ပလာမည်မှာ အမှန်ဖြစ်ပါသည်ဘုရား။)
(ပညာဟိ ပီသပါပေ၏ အိုအသင်ပကျင်း။ သင်သည် သင်၏ဥပဓိရုပ်ရည်ရူပက ကြန်အင်လက္ခဏာနှင့်အညီ သူတော်သူမြတ်ဖြစ်ပေ၏။ သင့်အသက်ကို ငါချမ်းသာပီးမည်။ ဤနိဤရက်မှစ၍ သင့်အသားစားခြင်းကို ငါယှောင်ကြည်မည်။ ထိုအချိန်မှစ၍ ၀ံလက်ငှက်သည် ပကျင်းသားကို မစားခြင်းဖြစ်သည်။)
ပညာဟိပကျင်း၏အကြံကိုရယူပြီးနောက် ၀ံလက်မင်းသည် တနိသုံးကြိမ် ပင်လယ်ထဲသို့ မပျက်မကွက်ဒိုင်ပင်ထိုးသည်။ အာကာတိမ်စွန်ဖျားသို့ တောင်ဖံကို တဟုန်ချင်းရိုက်ခတ်ပျံတက်ပြီး ပင်လယ်ပြင်သို့ မိုးကြိုးပစ်သကဲ့သို့ ဒိုင်ပင်ထိုးချလိုက်သည်။ အသျှိန်အဟုန်သည် ပြင်းထန်လှသည်ဖြစ်၍ လှိုင်းလုံးကြီးများကျောက်ဆောင်သဲသောင်ပြင်သို့ တဘုန်းဘုန်းတအုံးအုံး ရိုက်ခတ်မြည်ဟီးလားသည်။ ရက်များမကြာ ၀ံလက်မင်း၏နဖူးလိုင်ဖင်းက အမွှီးမျှင်များအားလုံး ကျွတ်ထွက်ကုန်သည်။ အအီးပက်၍ နှာစီးခြောင်းဆိုးသနပတ်လိုက်သည်။ အင်အားများလည်း ချိနည်းလာသည်။ မျက်စိလည်းမှုန်လာသည်။ ငါးအစာများကိုလည်း အယင်ပိုင်ယှောင် ထိုးကုတ်ဖမ်းယူနိုင်ခြင်းမဟိတော့။ ကုတ်ရာတခြား ခြစ်ရာတခြားဖြစ်ကုန်သည်။ အစာဖမ်းမရသောအခါ သောင်ပြင်ကမ်းစပ်က ခွီးသီပုတ်ကောင်များကိုရာ စားကိန်းကြုံသည်။ ခွီးပုတ်နွားပုတ်များကိုစားယင်းသောက်ယင်း အများမကြာ ၀ံလက်မင်းသည် ဥဒေါင်းမင်းဖြစ်မလာဘဲ (လဒမျိုး) ဖြစ်လားရလီပါတော့သည်။
လူအများက လဒများလည်း မိုးထိအောင်ပျံနိုင်သဖြင့် ၀ံလက်ငှက်နှင့်ထင်မှတ်မှားတတ်ပါသည်။ သို့သော် လဒများမှာ လဒအကျင့်ကိုကျင့်၍ လဒစိတ်ဟိသူများဖြစ်သည်။

Sunday, November 9, 2008
Jungle Age
အခါတပါး တောနက်ကြီးတခုတွင် ခြင်္သေ့မင်းတကောင်သည် မင်းမူကျက်စားလျှက်ဟိ၏။ ထိုအခါ တောတွင်းရှိ ကျားသစ်၊ ၀က်ဝံ။ မျောက်၊ ခွီး၊ ခဲဝါ အားလုံးသောတိရိစ္ဆာန်များက နိစဉ်နိတိုင်း နှစ်စဉ်နှစ်တိုင်း ခြင်္သေ့မင်းအား အခွန်ဆက်သကြရသည်။ သို့ကြောင့် တချို့သောတိရိစ္ဆာန်များသည် ခြင်္သေ့မင်းအား မလိုမုန်းတီးခြင်းဖြစ်သည်။ သို့သော် တချို့သောတရိစ္ဆာန်များသည်ကား ချစ်ခင်လေးမြတ်သည်။ ခြင်္သေ့မင်းအားမုန်းတီးသူများမှာ ကျား၊ ကျားသစ်၊ ကျားသစ်နက်။ တောကြောင်၊ ခွီး၊ ခဲဝါအစဟိသော သားစားသတ္တ၀ါများဖြစ်၍ ခြင်္သေ့မင်းအားချစ်ခင်သူအပေါင်းမှာ သမင်၊ ဂျီ၊ ဒရယ်၊ ဆတ်၊ နွား၊ ကျွဲ၊ ၀က်။ မြင်း၊ ဆင်အစဟိသော မြက်စားသတ္တ၀ါများဖြစ်သည်။
သားစားသတ္တ၀ါများမုန်းတီးရသောအကြောင်းမှာ သူရို့ဖမ်းမိသော အမဲသတ္တ၀ါများအား ခြင်္သေ့မင်းအားဦးဦးဖျားဖျားဆက်သရခြင်း၊ ခြင်္သေ့မင်း၏စားကြွင်းအရိုးအကျန်များကိုသာလျှင် သုံးဆောင်ရခြင်း အစဟိသောအကြောင်းများကြောင့်ဖြစ်သည်။ သူရို့သည်လည်း ခြင်္သေ့မင်းကဲ့သို့ သန်မာဖြတ်လတ်သည်။ အမဲများကို လျှင်မြန်စွာ ခုန်အုပ်ဖမ်းအုပ်နိုင်သည်။ ကျားသစ်ဆိုလျှင် ခြင်္သေ့မင်း၏သုံးဆလျှင်သောအမြန်နှုံးဖြင့် သားကောင်များကို ဖမ်းအုပ်နိုင်သည်။ ခြင်္သေ့မင်းမတက်နိုင်သော သစ်ပင်မြင့်ဖျားသို့တိုင် တက်ရောက်နိုင်သည်။ သို့သော် ခြင်္သေ့မင်းသည် ခွန်အားတည်းဟူသော အင်အားကိုအသုံးပြုလျှက် သူရို့အားမတရားမင်းမူထားသည်။ ထို့ကြောင့် သားစားသတ္တ၀ါများက အခွင့်အခါသာတိုင်း ခြင်္သေ့မင်းအားပုန်ကန်ရန် လုပ်ကြံကြိုးစားလျှက်ဟိသည်။
မြက်စားသတ္တ၀ါများက ခြင်္သေ့မင်းအားချစ်ခင်ရခြင်းအကြောင်းရင်းမှာ ခြင်္သေ့မင်းအုပ်စိုးထားသဖြင့်သာလျှင် ငါရို့မြက်စားသတ္တ၀ါများ ယခုတိုင် အသက်ရှင်ကျန်ဟိနီခြင်းဖြစ်သည်။ သို့မဟုတ်ပါက ကျား၊ ခွီး၊ ခဲဝါ၊ တောကြောင်စသော ကသားငါးရာအုပ်စိုးသည်ဟိသော် ငါရို့မြက်စားသတ္တ၀ါများ အမျိုးပြုန်းတီးလားနိုင်သည်။ ခြင်္သေ့မင်းအား တနိတကောင်ဆက်သပူဇော်ရခြင်းသည်ကား အကြောင်းမဟုတ်။ ကျား၊ ခွီး၊ ခဲဝါ၊ တောကြောင် ကသားငါးရာများကိုဆက်သရသည်ဟိသော် မြက်စားသတ္တ၀ါများအနာဂါတ် ရင်လီးစရာဖြစ်သည်။ ထို့ကြောင့် ခြင်္သေ့မင်း၏အကာအကွယ်ယူလျှက် မြက်စားသတ္တ၀ါများမှာ ရှင်သန်ကျက်စားကြရသည်။ ခြင်္သေ့မင်းဟိရာအရပ်သို့ ကျား၊ ခွီး၊ ခဲဝါ၊ တောကြောင်များအနားမသန်းရဲ လုံခြုံအီးချမ်းသည်။ ထို့ကြောင့် ခြင်္သေ့မင်းအား မြက်စားသတ္တ၀ါများက ချစ်ခင်လေးမြတ်သည်။ ကိုးစားယုံကြည်သည်။
တရက်နိသောအခါ သားစားသတ္တ၀ါအပေါင်းသည် ခြင်္သေမင်းအားလုပ်ကြံရန် အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူကျင့်ပသည်။ တက်ရောက်သူပေါင်းတွင် ကျား၊ ကျားသစ်၊ ကျားသစ်နက်၊ တောကြောင်၊ ခွီး၊ ခဲဝါ၊ ခွီးတူဝက်တူ စသေားစားသတ္တ၀ါနှင့် မျောက်၊ ၀က်ဝံစသော သားစားမြက်စား အစုံစားသတ္တ၀ါအပေါင်းစုံလင်စွာတက်ရောက်သည်။ အစည်းအဝေးတွင် ကျားနှင့်ကျားသစ်၊ ကျားသစ်နက်ရို့က ခြင်္သေ့မင်းအားလုပ်ကြံရန်အဆိုပြုသည်။
ကျားနှင့်ကျားသစ်၊ ကျားသစ်နက်ရို့က (အိုအဆွေသားရဲတိရိစ္ဆာန်အပေါင်း ဤနိဤရက်သည် အလွန်ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အခါသမယဖြစ်သည်။ ဤအခါသမယတွင် အကျွန်ုရို့၏ဘ၀တူသားစားသတ္တ၀ါအပေါင်း၏ ရသင့်ရထိုက်သော အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဘ၀တိုးတက်ဖြစ်ပေါ်ရေးအစဟိသော တရားမျှတသောအခွင့်အရေးများအတွက် အကျွန်ုပ်ရို့အား မတရားအမြတ်ထုတ် ခြယ်လည်သွီးစုတ် နိုင်ထက်မင်းမူ ဆူပူသောင်းကျန်း ယုတ်ကြမ်းသော ခြင်္သေ့မင်းအား ဂေါင်းငုံ့မခံ ခုခံတော်လှန်မှဖြစ်မည်။ သို့မဟုတ်ပါက အကျွန်ုပ်ရို့ ဘ၀တူသားစားတ္တ၀ါအပေါင်းသည် မည်သည့်အခါမျှ တန်းတူအခွင့်အရေးမရနိုင်ဘဲ အဖိနှိပ်ခံကျွန်ဘ၀နှင့် တသက်လုံးလူလုံးမလှ ဘ၀နိဂုဏ်းချုပ်ရလိမ့်မည်။ ယခုခေတ်ကာလသည်း မတရားမှုအပေါင်းအား ဂေါင်းငုံခံ ငြိမ်ခံနီရမည့်ကာလမဟုတ်။ အမှန်တရားဖက်၊ ဥပဒေဖက်က မားမားရပ်လျှက် သားစားပြည်သူအပေါင်း (၁) အဖိနှိပ်ခံကျွန်ဘ၀မှလွတ်မြောက်ရေး၊ (၂) တိရိစ္ဆာန်နိုင်ငံတော်ကြီး၏အချုပ်အချာအာဏာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ (၃) အမျိုးဘာသာသာသနာနှင့် ၀ံသာနုရက္ခိတတည်းဟူသော လောကပါလဗြဟ္မစိုရ်တရားများရှင်သန်ပြန့်ပွားရေး ကြီးလေးသော တို့တာဝန်အရေးသုံးပါးအား အမြဲဂုရု အလေးအမြတ်ပြု ဦးထိပ်ရွက်ပန်လျှက် လွတ်လတ်ရေးတည်းဟူသော မြင့်မြတ်သောဦးတည်ချက်ပန်းတိုင်သို့ မမှိတ်မသုဉ် အရောက်ချီတက် လျှောက်လှမ်းကြရမည်။ သို့ပါသော်လည်း နီမ၀င်အင်ပါယာကြီးသခင် အသျှင်ခြင်္သေ့မင်းအား လုပ်ကြံတိုက်ထုတ်ရန်မှာ အမှန်အလွယ်ကူသောအလုပ်မဟုတ်။ အကျွန်ုပ်ရို့သည် အချိန်အခါနှင့်အခွင့်အရေးကို မျက်ခြည်ပြတ်မခံ ကောင်းမွန်စွာအသုံးချတတ်ရမည်။ ခြင်္သေ့များသည်လည်း တခါတရီတွင် မသင့်မမြတ်ဖြစ်တတ်သည်။ ထိုအခွင့်အခါအား လုံးဝလက်လွှတ်ဆုံးယှုံးမခံဘဲ အကျိုးဟိဟိ ကွက်တိအသုံးချတတ်ရန်လိုအပ်သည်။ သူရို့အချင်းချင်း ခိုက်ရန်ဖြစ်ပွားသောအခါ အကျွန်ုပ်ရို့ကကြားဝင်၍ သူရို့အား အလိုက်ချောင်းအငိုက်ဖမ်း တိုက်ခိုက်သတ်ဖြတ်ကြရမည်။ စသည်ဖြင့်) လေးနက်သော ဗဟုသံ ဂဟုသံဖြင့် အဆိုတင်သွင်းသည်။
ထိုအခါ ခွီးနှင့်ခဲဝါက (အိုအသျှင် ကျားနှင့် ကျားသစ်၊ ကျားသစ်နက်မင်းများခင်ဗျား၊ အသင်ရို့တိုက်ခိုက်သောအခါ အကျွန်ုပ်ရို့သည်လည်း မနားမနီ ခြင်္သေ့မင်း၏ကန်ကောက်နှင့် ၀မ်းဗိုက်ကို ကိုက်ဖောက်ပါမည်။ လိုင်ဖင်းနှင့် လိုင်ဂုတ်ကိုဖမ်းအုပ်ပါမည်။ နံရိုးနှင့်ကြောကုန်းကို ထောင်းထုပါမည်။) ကတိက၀တ်ပြုကြသည်။ ခြင်္သေ့မင်းအားလုပ်ကြံရန်အဆိုကို တောကြောင်၊ ခွီး၊ ခဲဝါနှင့် ခွီးတူဝက်တူများက ထောက်ခံမဲပီးသည်။ သားစားမြက်စားအစုံစားသတ္တ၀ါများက ကြားနီမဲဖြင့် ကန့်ကွက်မည့်သူမဟိ အစည်းအဝေးတက်ရောက်သူပေါင်း (၉၉) ရာခိုင်နှုန်းဖြင့် ခြင်္သေမင်းအားလုပ်ကြံမည့်အစည်းအဝေး ထမြောက်အောင်မြင်စွာပြီးစီးသည်။
အခါတပါးတွင် ခြင်္သေ့မင်းအချင်းချင်း နယ်မြီလုရာမှ အချင်းချင်းမပြေမလည် မသင့်မမြတ်ဖြစ်ကာ ခိုက်ရန်ဖြစ်ပွား၏။ ခြင်္သေ့မင်းအချင်းချင်းအကြိတ်အနှယ် ဘတပြန်ကျားတပြန် သူနိုင်ငါနိုင် ယှဉ်ပြိုင်ထိုးသတ်ကြ၏။ ခြင်္သေ့မင်းများ၏မာန်ဖီဟိန်းဟောက်သံများသည် တော်ငလျှင်ပြိုကွဲသံ၊ မိုးကြိုးပစ်သံ၊ မုန်တိုင်းသံအလား ဟိမ၀န္တာတောသုံးထောင်အား ထစ်ချုံးမြည်ဟီး တုန်လှုပ်လားစီသည်။ ကျီးငှက်သတ္တ၀ါအပေါင်းသည်လည်း ကြောက်ကြီးသံဖက်ဝင်၍ ငြိမ်ကုတ်နီကြရသည်။ သစ်ပင်ဝါးပင်ကြီးများသည်လည်း တအုံးအုံးတဘုန်းဘုန်း လဲကျပြိုကျကုန်သည်။ ကမ္ဘာမြီပြင်တခုလုံး သိမ့်သိမ့်တုန်လျှက် ဖုံအဆောင်းဆောင်း၊ မြုံအဆောင်းဆောင်းဖြင့် ကွင်းပြင်တခုလုံး မြီဇာမျက်ပေါင်းသည်လည်း ထောင်းထောင်းညက်ကြီ ပြားပြားလဲမှောက်ဖြစ်ကုန်သည်။ ခြင်္သေ့မင်းများ၏ကျွီးအော်သံ၊ မာန်ဖီဟိန်းဟောက်သံများကိုကြားရသောအခါ ကျား၊ ကျားသစ်၊ ကျားသစ်နက်၊ တောကြောင်၊ ခွီး၊ ခဲဝါ၊ ခွီးတူဝက်တူ၊ မျောက်၊ ၀ံအစဟိသော သားစား၊ သားမြက်စား၊ အစုံစားသတ္တ၀ါများသည် အိုးစည်ဗုံမောင်းတီးခတ်လျှက် လက်သီးလက်မောင်းတန်းလျှက် ခြင်္သေ့မင်းအားစစ်ထိုးရန် ချီတက်လာကြသည်။
ရှိဦးအယင် ကျားသစ်နက်သည် ခြင်္သေ့မင်း၏လိုင်ဖင်းကိုခုန်အုပ်လိုက်သည်။ ကျားသစ်မင်းက ခြင်္သေ့မင်း၏ရန်သူအား သူ၏ချွန်ထက်သော လက်သဲခြီသဲဖြင့် ကုတ်ခြစ်လိုက်သည်။ ထိုအခါ ခွီး၊ ခဲဝါများက ခြင်္သေ့မင်းများ၏၀မ်းဗိုက်အအူများကို ဆွဲနှုတ်ကြသည်။ တောကြောင်များက မျက်လုံးအစုံကို ထိုးဖောက်သည်။ မျောက်ဝံများက မျောက်ခြောက်ခြောက်လျှက် ဟန်ရေးပြလျှက်ဟိသည်။ ခွီးတူဝက်တူများက ငြာသံပီးလျှက်၊ ဗြိန်းစောင်းသံမပြတ်တီးခတ်လျှက် စိတ်ဓါတ်စစ်ဆင်ရေးပြုလုပ်သည်။ လင်းဋငှက်များက ကင်းထောက်လှမ်းရေးပြုသည်။ တောဝက်များက နောက်ကနီပြီး ခြင်္သေ့မင်းများအား အစွယ်ဖြင့် ထိုးပင့်သည်။ ခြင်္သေ့မင်းများမှာ အငိုက်မိခံလိုက်ရသည်ကတကြောင်း၊ စစ်ပန်းနီသည်ကတကြောင်း၊ စစ်ကူရောက်မလာသည်ကတကြောင်း၊ ရိက္ခာပြတ်လပ်သည်ကတကြောင်း အကြောင်းအမျိုးမျိုးကြောင့် သွီးထွက်သံယို အနာဒါဏ်ချက်များစွာဖြင့် လက်ခကျည်းထွက်ပြီးကြရသည်၊
၎င်းစစ်မြီပြင်၌ပင်လျှင် ကျား၊ ကျားသစ်၊ ကျားသစ်နက်ရို့ဦးစီးလျှက် အသင့်ယူဆောင်လာသော ရွှေကွပ်ထားသော တိရိစ္ဆာန်နိုင်ငံတော်ကြီး၏လွတ်လပ်ရေးကြေငြာစာတန်းကို ဆိုင်းငံ့မကြာဖတ်ကြားခြင်းပြုသည်။
(အို အချုပ်အချာအဏာ လွတ်လပ်သောတိရိစ္ဆာန်နိုင်ငံတော်ကြီး၏ တိရိစ္ဆာန်ပြည်သူပြည်သားအပေါင်းရို့ ယခုအခါ အကျွန်ုပ်ရို့ တိရိစ္ဆာန်နိုင်ငံတော်ကြီးသည် တက်သစ်စနီဝန်းပမာ ကျက်သရေမင်္ဂလာ ထွန်းလင်းရောင်ခြည်ဖြာလျှက် အမှောင်တည်းဟူသော မကောင်းဆိုးရွားသော တိရိစ္ဆာန်အချင်းချင်း မတရားစိုးမိုးဗိုလ်ကျ ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ကျွန်ပြုအုပ်ချုပ်မှုတည်းဟူသော အနိဌာရုံကျွန်စနစ်ဆိုးကြီးအောက်မှ လုံးဝလွတ်မြောက်နိုင်ပြီးဖြစ်သည်။ ယခုအခါ အကျွန်ုပ်ရို့တိရိစ္ဆာန်များသည် မိမိရို့၏နှလုံးအိမ်ထဲ၌ အနှစ်နှစ်အလလ မျှော်လင့်စောင့်စားခရသော လွတ်လပ်သောတိရိစ္ဆာန်နိုင်ငံတော်ကြီး၏အချုပ်အချာအာဏာကို မိမိရို့လက်ဝယ် ဒိဌလက်ငြင်းရယူပိုင်ဆိုင်နိုင်ပြီးဖြစ်သည်။ သို့ဖြစ်ပါသဖြင့် အကျွန်ုပ်ရို့သည် လွတ်လပ်သောတိရိစ္ဆာန်နိုင်ငံတော်ကြီး၏ လွတ်လပ်သော တိရိစ္ဆာန်ပြည်သူများအဖြစ် လွတ်လပ်စွာ ဥဒါန်းကျူးရင့်နိုင်ပြီးဖြစ်သည်။ ဤနိဤရက်မှစ၍ လွတ်လပ်သော အချုပ်အချာအဏာပိုင်ဆိုင်သော တိရိစ္ဆာန်နိုင်ငံတော်ကြီး၌ တိရိစ္ဆာန်အချင်းချင်း မတရားစိုးမိုးအုပ်ချုပ်ကျွန်ပြုခြင်း၊ ဂုတ်သွီးစုတ်အမြတ်ထုတ်ခြင်း၊ နိုင်ထက်မင်းမူပြုကျင့်ခြင်း အလျှင်းလုံးဝမဟိစီရ။ တိရိစ္ဆာန်အချင်းချင်းချင်း တဦးကိုတဦး တမိတည်းဖွား ညီကိုမောင်နှမရင်းချာများပမာ ချစ်ချစ်ခင်လျှက် အနာဂါတ်တိရိစ္ဆာန်နိုင်ငံတော်ကြီး တည်ဆောက်ရေးကို မနားမနီလုံးပန်းကြိုးကုတ် တည်ဆောက်ကြရမည်။ တိရိစ္ဆာန်ပြည်သားပြည်သူများသည် ခွီးလည်းခွီးအလျှောက်၊ ခဲဝါလည်းခဲဝါအလျှောက်၊ ကြောင်လည်းကြောင်အလျှောက် ကျားတကျပ်၊ ခွီးတကျပ်၊ ခဲဝါတကျပ်၊ ခွီးတူဝက်တူတကျပ်၊ ၀က်တကျပ်၊ ၀ံတကျပ်၊ မျောက်တကျပ် တယောက်တကျပ်ကျစီ ဒုက္ခသုခအပေါင်းကို ညီတူညီမျှ မျှဝီခံစားနိုင်ပြီးဖြစ်သည်။ ဤနိဤရက်မှစ၍ အကျွန်ုပ်ရို့တိရိစ္ဆာန်နိုင်ငံတော်ကြီးကို လွတ်လပ်သော အချုပ်အချာအဏာပိုင်ဆိုင်သော စည်းလုံးသော တန်းတူသော တိရိစ္ဆာန်ပြည်ထောင်စုသမတနိုင်ငံတော်ကြီးအဖြစ်ကြေညာလိုက်သည်။)
လက်ခုပ်သြဘာသံများ ကမ္ဘာမြီပြင်တခွင်လုံးသို့ ထိမ့်ကြိုးရိုက်ခတ် တုန်လှုပ်မြည်ဟီးလားစီသည်။ တိရိစ္ဆာန်အချင်းချင်းလက်ဆွဲနှုတ်ဆက် ပွေ့ဖက်အူမြူးကြသည်။ မိုးထက်ကောင်းခင် စက္ကြာဝဌာခွင်သို့ အမြောက်ကြီး (၁၂) ချက် မီးရှုးမီးပန်းများပစ်ဖောက်လျှက် တိရိစ္ဆာန်ပြည်ထောင်စုသမတနိုင်ငံတော်ကြီး၏လွတ်လပ်ရေးကို ၀မ်းသာဝမ်းမြောက်ကြိုဆိုကြသည်။
သို့သော် ရက်များမကြာ တိရိစ္ဆာန်ဇာတိနာပေါ်လာသည်။

Sunday, October 19, 2008
တောဝက်၊ ခဲဝါနှင့် ခြင်္သေ့မင်း
အခါတပါးတွင် ခဲဝါတကောင်နှင့်တောဝက်တကောင်သည် အဆွေခင်ပွန်းဖြစ်ကြ၏။ တရက်နိသောအခါ ခဲဝါက တောဝက်အား တောထဲတွင် အတူတူအစာရှာလားရန်ဖိတ်ခေါ်၏။(အဆွေတောဝက် သင်၏ခွန်အားသည်ကား အလွန်ကြီးမားပါပေ၏။ ပြီးလျှင် သင့်၌ထက်သောအစွယ်လည်းဟိ၏။ အကျွန်ုပ်ကား သင့်လောက်အင်အားမဟိ။ သို့သော် အကျွန်ုပ်သည်ကား အလွန်အပြီးသန်၏။ ပြီးလျှင် ရပ်ဝီး၌ဟိသော သင်ကြိုက်သောအစားအစားများကို အကျွန်ုပ်၏အနံ့အာရုံဖြင့် ရှာဖွေလမ်းညွှန်ပီးနိုင်၏။ အကျွန်ုပ်အမဲလိုက်သောအခါ အသင်က အကျွန်ုပ်အားကူညီပီးပါ။ အမဲပြီးရာလမ်းကစောင့်လျှက် အသင်၏ချွန်ထက်သောအစွယ်ဖြင့် ထွက်ပြီးလာသော သားကောင်များကိုထိုးပင့်၍ ဖမ်းဆီးကူညီပီးပါ။ ထိုကျေးဇူးအတွက် အကျွန်ုပ်သည်ကား သင့်အတွက် ၀က်ဝဲဥ၊ ၀က်ရံဥ၊ တောနပျိုးပင်များဟိရာအရပ်သို့ လမ်းညွှန်ပီးပါမည်။) ဆို၏။ ၀က်ထီးလည်း ခဲဝါစကားကိုယုံကြည်လျှက် နှစ်ယောက်အတူတူ အစာရှာထွက်ရန်သဘောတူလိုက်၏။
တောနက်ထဲသို့ရောက်သောအခါ ခဲဝါသည် တစုံတခုအားအနံ့ခံမိ၏။ လှမ်းမျှော်ကြည့်လိုက်သောအခါ တောင်ကမူတခုထက်တွင် မြက်အုပ်တခုအားအကာအကွယ်ပြုလျှက် အလိုက်ချောင်းနီသော ခြင်္သေ့တကောင်အား လှမ်းမြင်၏။ ပြီး၍မလွတ်မှန်းသိသောအခါ ခဲဝါက အကြံထုတ်လျှက် (အသင်တောဝက် သင်ဤနီရာက တချက်စောင့်ပါ။ အကျွန်ုပ်သည် တောင်ကုန်းထက် ခဏတက်၍ ကျောက်ဆောင်နားတွင် အပေါ့စွန့်လိုပါ၏) ဆိုပြီးလျှင် ခြင်္သေ့မင်းဟိရာ ချဉ်းကပ်လားလီ၏။
ခြင်္သေ့မင်းနားသို့ရောက်သောအခါ ခဲဝါက (အသင်ခြင်္သေ့မင်း အကျွန်ုပ်၏အသက်ကို ချမ်းသာပီးပါ။ ထိုကျေးဇူးအတွက် အသင်သည် ဆူဖြိုးသောတောဝက်သားကို မုချအကယ် အေကနိ သုံးဆောင်ရပါလိမ့်မည်။) ဆို၏။ ထိုအခါ ခြင်္သေ့မင်းက (ဟေ ခဲဝါ ငါသည်ကား ဆူဖြိုးသောတောဝက်သားကို မစားရသည်မှာ အလွန်ကြာမြင့်ပြီးဖြစ်သည်။ အကယ်၍ သင်သည် တောဝက်သားကို ငါ့အတွက် အေကနိ ရှာဖွေပီးနိုင်အံ့သည်ဖြစ်သော် သင့်အသက်ကို ငါချမ်းသာပီးမည်) ကတိပြု၏။
ထိုအခါ ခဲဝါက (အသျှင်ခြင်္သေ့မင်း အကျွန်ုသည် အကျွန်ုပ်၏မိတ်ဆွေတောဝက်အား ယာခင်းဟိရာ ခေါ်ဆောင်လားပါမည်။ ယင်းတွင် ယာကြီးသခင်၏ကြော့ကွင်းဟိပါ၏။ တောဝက်သည် ကြော့ကွင်းကိုနင်းမိလျှက် ခြီလက်အစုံပူးချိုင်မိသည်ဖြစ်သော် သင်သည်သူ့လိုင်ပင်းကိုအုပ်လျှက် တောဝက်သားကို မြိန်ယှက်စွာသုံးဆောင်နိုင်ပါ၏) ဆို၏။ ထိုအခါ ခြင်္သေ့မင်းက (ကောင်း၏ ခဲဝါ။ သင်၏ကတိစကားတည်အံ့။ သို့မဟုတ်မူ အေကနိအဖို့ ဟင်းလျှာအဖြစ် သင့်အသားကိုပင် ငါသုံးဆောင်ရလိမ့်မည်) ဆို၏။ (စိတ်ချပါ ခြင်္သေ့မင်း အကျွန်ုပ်၏အသက်ကိုသာလျှင် ချမ်းသာပီးပါ။ သင်သည် တောဝက်သားကို မုချအကယ် သုံးဆောင်ရပါလိမ့်မည်) ပြောပြီးလျှင် ခဲဝါသည် တောဝက်ဟိရာ ပြန်လာလတ်၏။ တောဝက်နားသို့ရောက်သောအခါ ခဲဝါက (အိုအဆွေ တောဝက် အကျွန်ုပ်သည် ယခုပင်လျှင် ထိုတောင်ဖက်အရပ်က မွှီးကြိုင်သောအနံ့တခုရပါ၏။ ထိုရှိက တောင်စောင်းနား မလှမ်းမကမ်းသော ယာခင်းတွင် ရွှေဝါစပါးများ သီးမှည့်လျှက်ဟိပါ၏။ ၄င်းယာခင်းထဲတွင် သခွါး၊ ဖရုံ၊ နန္ဒရာ၊ နပျိုး သီးမျိုးစုံလည်း သီးမှည့်လျှက်ဟိပါ၏။ အကျွန်ုပ်သည် သင့်အား လမ်းပြပြီးပါမည်) ဆို၏။ ထိုအခါ တောဝက်က ခဲဝါစကားကိုယုံလျှက် (ကောင်းယင့်အဆွေ ခဲဝါ။ အသင်အကျွန်ုပ်အား လမ်းပြပီးပါ။ သင်အမဲဖမ်းသောအခါ အကျွန်ုပ်သည် သင့်အမဲများထွက်ပြီးရာလမ်းကစောင့်လျှက် အကျွန်ုပ်၏ချွန်ထက်သောအစွယ်ဖြင့် ထိုးပင့်လျှက် ကူညီပီးပါမည်) ကတိစကားဆို၏။
သို့ဖြင့် ခဲဝါသည် တောဝက်အား မာယာဥပါယ်ဖြင့် ယာကြီးသခင်ထောင်ထားသော ကြော့ကွင်ဟိရာအရပ်သို့ မျှားခေါ်ယူလား၏။ ပြီးလျှင် (အဆွေ တောဝက် ထိုနောက်တန်းခါးပေါက်ဝသည်ကား ယာခင်းထဲသို့ လျှို့ဝှက်ဝင်ရာလမ်းဖြစ်၏။ ထိုအပေါက်မှဝင်၍ သင်သုံးဆောင်လိုသော အရသာဟိသော သီးမျိုးစုံကို စိတ်ချလက်ချသုံးဆောင်နိုင်ပါ၏၊ အကျွန်ုပ်သည် သင့်အား ဤနီရာမှနီ၍ ကင်းစောင့်ပီးပါမည်။ ယာကြီးသခင်လာသည်ဟိသော် အကျွန်ုပ်သည် အူမြူးလျှက် သင့်အားအသံပြုပါမည်။ ထိုအခါ သင်သည် ယာခင်းထဲက အလျှင်အမြန်ထွက်လတ်ပါ) ဆို၏။ တောဝက်လည်း ခဲဝါစကားကိုယုံလျှက် ကြော့ကွင်းထောင်ထားရာအရပ်သို့ ၀င်မိသည်ဟိသော် ကြော့ကွင်းတွင်မိလျှက် ခြီလက်အစုံပူးချိုင်မိလီ၏။ ထိုအခါ တောဝက်က ၀က်ဘာသာဖြင့် (ကူပါကယ်ပါအော်၏။)
ထိုအသံကို ကြားသောအခါ ခြင်္သေ့မင်းသည်အပြီးရောက်လာ၏။ ခြင်္သေ့မင်းသည် တောဝက်အားခြီလက်အစုံပူးချိုင်မိနီသည်ကိုမြင်၍ စိတ်ချရပြီးဖြစ်သောအခါ ခဲဝါကို အယင်ခုန်အုပ်ဖမ်းဆီးလိုက်၏။ ခဲဝါသားကို သုံးဆောင်ပြီးနောက် ဆူဖြိုးသောတောဝက်သားကို မြိန်ယှက်စွာသုံးဆောင်၏။ ထိုကနိအဖို့ ခြင်္သေ့မင်းသည် ခဲဝါသားနှင့်တောဝက်သားကို တထပ်တည်းနှင့်နှစ်ကောင် သုံးဆောင်ရသည်ဖြစ်၍ အလွန်ကျေနပ်အားရခြင်းဖြစ်၏။ ၀မ်းခေါင်းတွင်းက ကျေးဇူးသိတတ်သော ခဲဝါငယ်အား သာထုသုံးကြိမ်ခေါ်ဆိုလျှက် အမျှဝီခြင်းပြု၏။

Sunday, August 31, 2008
ရခိုင်ဖားပြုတ်ကေ၀တ္ထု
ဖားပြုတ်ကေတကောင်၊ အုံးဘောင်စီးလျှက်၊ ဖြားရီတက်တွင်၊ ချောင်းကိုဝင်၍လာလတ္တံ။ ထိုရောအခါ၊ ချောင်းကမ်းသာတွင်၊ ပြားဇီးပင်တကိုင်းတွင်နားလျှက်၊ ပန်ဇင်းငှက်က၊ ခင်ပွန်းမိတ်ဆွေ၊ ဖားပြုတ်ကေ၊ ဇာပြည်ဇာရွာ၊ ဇာကလာဟု၊ သေချာစစ်စစ်မိန်းလတ္တံ။ ပန်ဇင်းမိန်းလေ၊ ဖားပြုတ်ကေက၊ တိုင်းပြည်မြို့ရွာ၊ လှည့်လို့လာဟု ဖြေလတ္တံ။
ထိုသို့ဖြေခါ၊ တိုင်းပြည်မြို့ရွာ၊ ကြားခပါသည်၊ ပဇာသတင်းထူးသနည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖြေသည်မှာကား၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လတ္တံ။ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ ကမ္ဘာကျောက်ကြီးကွဲလတ္တံ။ ထိုသို့ကွဲခါ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်းကျိုးလတ္တံ။ လူလည်းလေးစု ကွဲလတ္တံ။
ထိုသို့ဖြေခါ၊ ပန်ဇင်းငှက်ကမိန်းပြန်သည်မှာ၊ အိုအိုမိတ်ဆွေ၊ ဖားပြုတ်ကေ၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ငရို့သူငါ၊ ပဇာပြုလုပ်ရမည်နည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖားပြုတ်ကေက၊ အိုအိုမိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကိုမြင်လိမ္မည်ဟု ဖြေလတ္တံ။ ထိုရောခါဝယ်၊ ပန်ဇင်းငယ်က၊ ကြောက်ဘွယ်စရာ၊ ကြားရပါသည်၊ ညခါတိုင်ပြီး၊ ကြောက်အားကြီး၍၊ ငှက်ကြီးရောင်းရင်၊ အိပ်ရာတွင်၌၊ ၀မ်းတွင်းဝင်မည်ကြံလတ္တံ။
ကြံစည်ထိုခါ၊ ပြုသောခါတွင်၊ ရောင်းရင်ငှက်ကြီး၊ လန့်အားကြီး၍၊ သံကြီးကျော်ကျော်အော်လတ္တံ။ သံကြီးကျော်ကျော်၊ မြည်ဟစ်အော်က၊ မျောက်ကျော်မက္ကဋ၊ နီထသစ်ပင်၊ သပြုပင်၌၊ လက်တွင်ကိုင်ပြီး၊ သပြုသီးကို၊ စားမည်ပြုထ၊ လန့်ကြောက်လှ၍၊ လက်မှလွတ်သော်၊ အောက်တွင်နီထ၊ တောဆတ်မ၏၊ နောက်ကုန်းပေါ်တွင်ကျလတ္တံ။
ထိုသို့ကျလျှင်၊ နာကြင်လန့်ကြောက်၊ ခြီစုံပေါက်၍၊ လားမြောက်ပြီးခုန်၊ နွယ်ခြုံပေါင်းမြက်၊ တောကြက်သာယာ၊ ဥပေါက်ခါဖြင့်၊ နီရာသိုက်မြုံ၊ ပြစ်ပြစ်ကုန်အောင်၊ နင်းတုံဖြိုဖျက်၊ ထောင်းထောင်းညက်၍၊ တောကြက်မမှာ၊ စိတ်ပူဆာ၍၊ လမ်းမှတွိဆုံ၊ တောခြအုံကို၊ ပြစ်ပြစ်ကုန်က၊ ပြိုတုံခြပေါင်း၊ ထောင်သောင်းမက၊ တောဝက်မ၏၊၊ ၀ပ်ထနီရာ၊ ရောက်လီပါသော်၊ ၀မ်းမှာရင်ဖတ်၊ မလွတ်နို့သီး၊ ခြကြီးခြငယ်၊ ကိုက်လေကုန်က၊ ပြီးတုံလူးလာ၊ ၀က်မမှာလည်း၊ နာကြင်အီးလတ်၊ ပြီးမလွတ်သော်၊ ဆာမွတ်ဝမ်းစာ၊ တောင်ယာလုပ်ရင်း၊ စပါးခင်းကို၊ ၀င်၍ထိုခါစားလတ္တံ။
ဝင်၍စားကာ၊ နီတုံပါက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်လျှင်၊ တွိလီမြင်သော်၊ ယာသျှင်တသီး၊ ယာသူကြီးကို၊ အပြီးတိုင်ကြားပြောလတ္တံ။ အပြီးတိုင်မြောက်၊ ငမဲတုတ်ရောက်က၊ ငမဲတုတ်ကျာ၊ ယာကလာကေ၊ ယာမှာစပါး၊ မှည့်ဗျာလားဟု မိန်းလတ္တံ။ မိန်းငြားသောခါ၊ မဲတုတ်ကျာက၊ မှည့်ကားမှည့်ယက်၊ အစပတ်လည်၊ မျောက်ဖျက်တေ၊ အလယ်တရိုး၊ ၀က်ငယ်တိုးဟု ပြောလီသောခါ၊ တောင်ယာပိုင်နင်း၊ သူကြီးမင်းက၊ ချက်ချင်းမကြာ၊ ယာမှာစားလျှက်၊ ထိုဝက်မကို၊ ဖမ်းရယူခီ၊ လားကတ်လီဟု စေလတ္တံ။
ဖမ်းရယူခီ၊ လားကတ်လီက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်က၊ သုတ်သုတ်ပြန်လာ၊ ယာမှာစားထ၊ တောဝက်မကို၊ ကြော့ကွင်းထောင်လျှက်၊ လက်ရဖမ်းယူ၊ ယာမူပိုင်နင်း၊ သူကြီးမင်းကို၊ လျှင်မြန်မနှေးပီးလတ္တံ။
ပီးအပ်လီကေ၊ လုပ်ထွေကိုင်ခင်း၊ ယာပိုင်မင်းက၊ တောတွင်းနီထ၊ တောဝက်မကို၊ ငါသာပိုင်နင်း၊ စပါးခင်းကို၊ ပဇာတွက်ကြောင့်၊ စားသနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ ဘာသာဘာဝ၊ ကျွန်ဝက်မသည်၊ အိပ်ထနီရာ၊ ခြများစွာလျှင်၊ ရောက်လာဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြီးထယှောင်ခွာ၊ မလွတ်သာကေ၊ ရောက်ရာရောက်မိ၊ ဟိစီဘိဟု၊ ပြီးလီသောခါ၊ လမ်းမှာတွိပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ ပဇာကြောင်းကြောင့်၊ ပြီးသနည်းဟု မိန်းသောကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ ပြောလီသောခါ၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလီ၊ စားပါခီဟု၊ ဆိုခြင်းပြုက၊ မချိခန္ဓာ၊ နွမ်းရိပါ၍၊ ၀မ်းမှာဆာမွတ်၊ တွိလတ်အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိသည်ဟု ဖြေလတ္တံ။
ဖြေဆိုတုံက၊ စစ်ချက်ရ၍၊ ခြမကိုခေါ်၊ မိန့်ဆိုအာဏာ ပီးလတ္တံ။ ပီးလီသောခါ၊ မကြာခဏ၊ တောခြမနှင့်၊ များလှခြပေါင်း၊ ထောင်းသောင်းမက၊ ရောက်လာကြ၍၊ စစ်မမိန်းခါ၊ ကျွန်မမှာလျှင်၊ များစွာစုပုံ၊ ခြသိုက်အုံကို၊ အကုန်ဖြိုဖျက်၊ တောကြက်ယက်၍၊ ပျက်လီထောင်သောင်း၊ ခြအပေါင်းရို့၊ နီဖို့နီရာ၊ မဟိပါ၍၊ လားလာကုန်က၊ တောဝက်မ၏၊ အိပ်ထနီရာ၊ ရောက်လီပါ၍၊ ကိုက်ရသည်သာ၊ ဖြစ်ပါသည်ဟု ဆိုလတ္တံ။
မှန်ရာကိုပင်၊ စစ်တန်းဝင်၍၊ သို့စင်ဖြစ်ထ၊ တောဝက်မကို၊ အရခေါ်ခီ၊ အပြင်းစေက၊ တောနီကြက်မ၊ ခေါ်ထလာရောက်၊ ရှိတော်မှောက်သို့ ရောက်လတ္တံ။ ရှိမှောက်မသွေ၊ ရောက်တုံပေက၊ ဟေတောကြက်မ၊ ခြများနီရာ၊ အုံကိုသာလျှင်၊ ပဇာကြောင်းကြောင့်၊ ယက်သနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ တောမှာနီထ၊ တောကြက်မက၊ ကျွန်မမှန်စွာ၊ ကြက်ဘာသာဖြင့်၊ သိုက်မှာဥပေါက်၊ ဥများမြောက်ကို၊ စောင့်ယှောက်နီရာ၊ ဆတ်မလာ၍၊ မညှာမထောက်၊ ခြီကျောက်ကန်လန်၊ မှောက်လှန်အသိုက်၊ ဖျက်ဆီးပစ်က၊ ကျွန်ကြက်မမှာ၊ စိတ်ကပူဆာ၊ မနီသာကေ၊ လားလာတွိကြုံ၊ တောခြအုံကို၊ အကုန်ပြစ်ပြစ်၊ ယက်ဖြိုပစ်ဟု ဖြေလတ္တံ။ ထိုသို့ဖြေခါ၊ တောဆတ်မကို၊ အရဖမ်းခီ၊ ဆင့်လီအာဏာ၊ စေသောခါလျှင်၊ မကြာခဏ၊ တောဆတ်မလျှင်၊ ရှိတော်ပြင်သို့ ရောက်လတ္တံ။
ရောက်လီသောခါ၊ မိန်းစစ်ရာတွင်၊ အသင်ဆတ်မ၊ ပဇာကြောင်းကြောင့်၊ ကြက်မနီတုံ၊ ဥသိုက်မြုံကို၊ အကုန်ပြစ်ပြစ်၊ နင်း၍ပစ်သည်၊ ဖြေရမည်ဟု ဆိုလတ္တံ။ ဆိုလီသောခါ၊ ဆတ်ရို့ဘာသာ၊ ညအခါတွင်၊ တောမှာပေါက်ရောက်၊ ကြီးမြောက်သစ်ပင်၊ သပြုပင်အောက်၊ အိပ်မည်ဟုပင်၊ နီလီကျင်သော်၊ သစ်ပင်ထက်က၊ မက္ကဋဟု၊ မျောက်ကနီပြီး၊၊ သပြုသီးနှင့်၊ အပြီးထိုခါ၊ ချပစ်ပါသော်၊ ကျွန်တော်မ၏၊ ကျောက်သားနောက်ကုန်း၊ ဘုံးဘုံးကျရာ၊ လန့်ကြောက်ကာဖြင့်၊ ပြီးလာခုန်ထွက်၊ တောကြက်သိုက်မြုံ၊ နင်းမိတုံက၊ ပျက်စီးရသည်၊ ဒေါသစိတ်ထွက်၊ နင်းဖျက်သည်သာ၊ မဟုတ်ပါဟု၊ ကြောင်းရာစကားပြောလတ္တံ။ ပြောငြားလီက၊ မက္ကဋကို၊ အရရှိတော်၊ ခေါ်ရမည်ဟု၊ အပြင်းတခါ စေလတ္တံ။
မျောက်ကိုတဖန်၊ ခေါ်ခီပြန်က၊ မိန်းမြန်းစစ်ချက်၊ မျောက်ဆိုချက်မှာ၊ ကျွန်တော့်ဘာသာ၊ ညဥ့်အခါတွင်၊ သပြုပင်၌၊ ကိုင်တွင်နီပြီး၊ သပြုသီးကို၊ စားမည်ပြုခါ၊ နီလီပါသော်၊ သံဝါကြီးလှ၊ ရောင်းရင်မက၊ လန့်ကြောက်စရာ၊ ဟစ်အော်ပါက၊ လန့်ကြောက်လှ၍၊ လက်မှာကိုင်ပြီး၊ သပြုသီးလျှင်၊ လက်မှလွတ်ကာ၊ ကျလီပါက၊ နာကြင်ရ၏၊ ဒေါသစိတ်ထွက်၊ ရည်ရွယ်ချက်ကား၊ မဟုတ်ပါဟု ဆိုလတ္တံ။
ထိုသို့ဆိုခါ၊ တောင်ယာပိုင်သျှင်၊ ယာသခင်က၊ သံလျှင်ကြီးလှ၊ ရောင်းရင်မကို၊ အရခေါ်ခီ၊ စေလတ္တံ။ ထိုသို့စေခါ၊ သံဝါကြီးလှ၊ ရောင်းရင်မလည်း၊ ယာသျှင်ရှိမှောက် ရောက်လတ္တံ။ ထိုသို့ရောက်ခါ၊ မိန်းစစ်ရာတွင်၊ သင်ရောင်းရင်မ၊ ကြီးလှအသံ၊ တောလုံးညံအောင်၊ ပဇာဖြစ်၍၊ အော်သနည်းဟု မိန်းလတ္တံ။
ထိုသို့မိန်းခါ၊ သံဝါကြီးထ၊ ရောင်းရင်မက၊ ငှက်ရို့ဘာသာ၊ သစ်ပင်ထက်မှာ၊ အိပ်ပျော်နီဆိုက်၊ ထိုအခိုက်တွင်၊ ငှက်ငယ်ပန်ဇင်း၊ ကျွန့်ဝမ်းတွင်းသို့၊ ၀င်မည်ဟုပင်၊ ပြုပျင်သောခါ၊ ကြောက်လန့်စွာဖြင့်၊ အော်ရပါသည်၊ သတ္တ၀ါများမြောင်၊ ကြောက်လန့်အောင်ဟု၊ ကြံဆောင်ခြင်းကား၊ မဟုတ်ပါဟု ဆိုလတ္တံ။
ထိုသောခါဝယ်၊ ပန်ဇင်းငယ်ကို၊ ရှိတော်မှောက်သို့၊ အရောက်ထိုခါ၊ ခေါ်လတ္တံ။ ယာသျှင်ရှိမှောက်၊ ပန်ဇင်းရောက်က၊ သင်ပန်ဇင်း၊ ငှက်ရို့ဘာသာ၊ မဟုတ်ပါဘဲ၊ သံဝါကြီးထ၊ ရောင်းရင်မ၏၊ ၀မ်းတွင်းကိုသာ၊ ၀င်ဖို့ရှာသည်၊ ပဇာကြောင်းရင်း၊ ဟိသနည်းဟု မိန်းလတ္တံ။
မိန်းလီသောခါ၊ ဖြေသည်မှာကား၊ ကျွန်တော့်ဘာသာ၊ ချောင်းသာမြစ်နား၊ ဇီးကိုင်းဖျားတွင်၊ နီပါသောခါ၊ ကျွန့်မှာမိတ်ဆွေ၊ ဖားပြုတ်ကေက၊ ဖြားရီတက်မှာ၊ အုံးဘောင်စီးလျှက်၊ ၀င်၍လာကေ၊ အဆွေဖားပြုတ်၊ ဇာပြည်ဇာရွာ၊ ဇာကလာကေ၊ ဇာဇာသတင်း၊ ထူးသနည်းဟု၊ မိန်းလီသောခါ၊ ကျွန်တော့်မိတ်ဆွေ၊ ဖားပြုတ်ကေက၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံးမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လိမ္မည်၊၊ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်း၊ ကျိုးလိမ္မည်၊၊ လူလည်းလေးစု၊ ကွဲလိမ္မည်၊၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကို၊ မြင်လိမ္မည်ဟု၊ ပြောလီသောခါ၊ ကြောက်သည်အားနှင့်၊ ကြီးသူရှာကေ၊ ရောင်းရင်ဝမ်းသို့၊ ၀င်ဖို့အမှန်၊ ကြံပါသည်ဟု ဆိုလတ္တံ။
ထိုသို့ဆိုခါ၊ ယာကိုစိုးနင်း၊ ယာပိုင်မင်းက၊ ဖားပြုတ်မိုက်ကို၊ ခေါ်ရမည်ဟု စေလတ္တံ။ စေလီသောခါ၊ ဖားပြုတ်ထံသို့၊ တမန်ထိုခါ လားလတ္တံ။ တမန်ရောက်လစ်၊ ဖားပြုတ်မိုက်က၊ ထိုကိုယောင်ယောင်၊ ဒေယောင်ယာင်နှင့် နီလတ္တံ။
ထပ်ခါထပ်ခါ၊ ခေါ်များလာ၍၊ မနီသာကေ၊ ခုန်ကာစိုက်စိုက်၊ လိုက်၍လည်းလာ၊ ရှိမှာရောက်၍၊ စစ်မိန်းပါကေ၊ မာယာပရိယာယ်၊ လွန်ဆန်းကြယ်၍၊ ရယ်ဘွယ်စရာ၊ ပြုသည်မှာကား၊ ခြီလက်ပြောင်းပြန်၊ မျက်ဆံသီသုတ်၊ ဖားပြုတ်ကေမှာ၊ လျှာကိုထုတ်လို့၊ သီရုပ်ပျင်ကာ၊ အဖြာဖြာနှင့်၊ မာယာပရိယာယ်၊ ညာဏ်ဆန်းကြယ်စွာ၊ ပြလီသောခါ၊ ယာကြီးသခင်၊ စပါးသျှင်က၊ အမြင်ကတ်ကေ၊ ဖားပြုတ်ကေကို၊ လိမ်လည်ပြောမှု၊ ကျောက်နှင့်ထုဟု၊ ပီးသည့်အာဏာ၊ လက်မရွန့်ရို့၊ ထုပြန်ပါကေ၊ ကျောက်နှင့်ထုယင့်၊ ဖားပြုတ်ကေမှာ၊ ကြောတက်ယင့်လည်း တက်လတ္တံ။
ထိုသည်အခါ၊ ပါးစခံတွင်း၊ ဖားပြုတ်ကေမှာ၊ သွီးဖျင်းဖျင်းနှင့်၊ ခုန်ကာခုန်ကာ၊ လားလီပါကေ၊ လမ်းမှာတွိငြား၊ လူအများက၊ အဆွေဖားပြုတ်၊ နီလွန်းလှပါ၊ ဇာကလာဟု၊ မိန်းခါကာလ၊ သူကြီးမြီတိုင်း၊ ကျေးကိုင်းရွာစား၊ အိမ်သို့လား၍၊ ကွမ်းစားရသည်၊ အိုမိတ်ဆွေဟု၊ ဖားပြုတ်ကေကဆိုလတ္တံ။ ။
(ဤတွင် ဖားပြုတ်ကေ၀တ္ထုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။)

Friday, August 29, 2008
ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး
ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး
============================
အခါတပါးတွင် ရခိုင်ပြည်တွင် အလွန်နာမည်ကျော်ကြားသော ပညာဟိတဦးဟိသည်။ သူ၏ကလောင်နာမည်မှာ (မောင်ပန်းသီး) ဖြစ်သည်။ သူသည်မျိုးရိုးစိုင်ဆက်ချမ်းသာသော အသိုင်းအ၀ိုင်းမှ မွှီးဖွားလူသူတဦးဖြစ်သည်။ လက်မွှီးမီးမလောင် ခြီမွှီးမီးမလောင်ပြုစုကြီးပြင်းလာသူတဦးလည်းဖြစ်သည်။ အရပ်လည်း (၆) ပေကျော်ရှည်သော အာဃယောက်ကျားလည်းဖြစ်သည်။ ယောက်ကျားပီသသည်ကတကြောင်း၊ မိဘမျိုးရိုးစိုင်ဆက်ချမ်းသာသည်ကတကြောင်း၊ ဥပတိရုပ်ကောင်းပြီး ခန့်ငြားထည်ဝါကျက်သရေဟိသည်ကတကြောင်း၊ ဘက်ပေါင်းစုံပြည့်စုံသောကြောင့် သူ့အားမိမ္မများ အလွန်ကြိုက်နှစ်သက်သည်။
သို့သော်သူသည် အလွန်စာရိတ္တကောင်းမွန်သူတဦးဖြစ်သည်။ မိမ္မလုံးဝမလိုက်စား။ အသောက်စကားကင်းသည်။ သူတပါးအားကူညီရိုင်းပင်းတတ်သည်။ ကြင်နာသနားတတ်သည်။ အငယ်ကပင် သူ့ကျောင်းနီဖက်သူငယ်ချင်းများ ကျောင်းသုံးစာအုပ်မ၀ယ်နိုင်၊ လွယ်အိပ်ကျောက်သင်ပုန်းမ၀ယ်နိုင် ထိုအခါများတွင် သူက မုန့်ဖိုးထဲကငွေကို ပီးကမ်းစွန့်ကြဲလေ့ဟိသည်။ ထို့ကြောင့်သူအားသူငယ်ချင်းများက အချေကပင် (သူတော်ချေ) ဟု ချစ်၍တော့၍ခေါ်ကြသည်။ သို့သော် အကျင့်စာရိတ္တနှင့်ပတ်သက်လာလျှင်ကား ခိုင်မာပြတ်သားသည်။ နှမ်းတစိသားလည်းအလျှော့မပီးတတ်။ နှစ်သစ်ကူးသင်္ကြန်ရက်များတွင်လည်း သူငယ်ချင်းများသောက်စားပျော်ပါးရန်ဖိတ်ခေါ်သောအခါ သူကခါးခါးသီးသီးငြင်းဆန်တတ်တသည်။ ထို့ကြောင့် သူ့သူငယ်ချင်းများက သူအားချစ်လည်းချစ်သည် မုန်းလည်းမုန်းသည်။ ချစ်ရသည့်အကြောင်းရင်းက သူရို့ဒုက္ခရောက်သောအခါ သူက နိမဆိုင်းညမဆိုင်း ကူညီတတ်သောကြောင့်ဖြစ်သည်။ မုန်းရသည့်အကြောင်းက သောက်စားပျော်ပါးအကြံများကို လက်မခံသောကြောင့်ဖြစ်သည်။ သူသည် ၀ါတွင်းဝါဆို အခါကြီးရက်ကြီးသင်္ကြန်ရက်များတွင်လျှင်မဟုတ် ၀ါတွင်းကာလ လပြည့်လကွယ်တရက်မပျက်ဥပုသ်စောင့်သည်။ ၀ါကျွတ်လွန်သော်လည်း ဘုရားကျောင်းကန်လားမြဲလားကာ ဆရာသမားများအား ၀တ်ကြီးဝတ်ငယ်ပူဇော်ကန်တော့လေ့ဟိသည်။ ထို့ကြောင့်သူသည် အချေကပင် (ဘုရားတကာကျောင်းတကာ) ဟူသောဘွဲ့နာမကို ပါရမီဘ၀ကံအကြောင်းအားလျှော်စွာ ပိုင်ဆိုင်ထားသူတဦးလည်းဖြစ်သည်။
သူသည်စာအလွန်တော်သူတဦးလည်းဖြစ်သည်။ စာလည်းအလွန်ကြိုးစားသည်။ ထို့ကြောင့် အတန်းတိုင်းတွင်ပထမအမြဲတမ်းရသည်။ အားကစားလည်းအလွန်ထူးချွန်သည်။ စွယ်စုံရပါရမီသျှင်ဖြစ်သည်။ ထို့ကြောင့် ဆရာဆရာမများက သူ့အားအလွန်ချစ်ခင်အားကိုးသည်။ မြို့မျက်နှာပန်းအဖြစ်တင်စားကြသည်။ နှစ်စဉ်နှစ်တိုင်းလူရည်ချွန်အရွီးခံရပြီး ငပလီ၊ ရွှေဝါကျိုင်စသဖြင့် မြန်မာပြည်အနှမ့် လူရည်ချွန်စခန်းများကိုလည်းရောက်ဖူးသည်။ ဆယ်တန်းတွင်နှစ်ချင်းပေါက် ဂုဏ်ထူး (၄) ဘာသာဖြင့် ထူးထူးချွန်ချွန်အောင်မြင်သည်။ ဆယ်တန်းကို (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူမှာ သူရို့မြို့သမိုင်းတွင် သူသာလျှင်ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်နှစ်များတွင် ဂုဏ်ထူး (၁) ဘာသာ (၂) ဘာသာဖြင့်အောင်မြင်သူ မဟိသလောက်ဖြစ်သည်။ ဆီးတက္ကသိုလ်ဝင်ခွင့်ရသော်လည်း ဆရာဝန်ဘ၀ကိုစွန့်ပြီး သူဝါသနာပါရာ မြန်မာစာအဓိကဖြင့် တန်းမြင့်မဟာဝိဇ္ဇာဘွဲ့ကို ထူးချွန်စွာဆွတ်ခူးအောင်မြင်ခသည်။ တက္ကသိုလ်နောက်ဆုံးနှစ်တွင် သူ၏ဖူးစာပါရမီသျှင်နှင့်တွိဆုံပြီး အိမ်ထောင်ကျသည်။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် နည်းပြဆရာအဖြစ်စတင်အမှုထမ်း၍ သူ၏ထူးကဲသောအရည်အချင်းကြောင့် နှစ်များမကြာသူသည် မြန်မာစာဌာနတွင် ဂုဏ်ထူးဆောင်ပါမောက္ခတဦးဖြစ်လာသည်။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါမောက္ခဖြစ်လာသူဟူ၍ ရန်ကုန်တက္ကသိုလ်သမိုင်းတွင် ပညာဟိမောင်ပန်းသီးတဦးတည်းသာလျှင်ဟိသည်။ ထို့ကြောင့် ရခိုင်ကျောင်းသားကျောင်းသူများ ရန်ကုန်တက္ကသိုလ်စာပီလောကတွင် မောင်ပန်းသီး၏နာမအသျှိန်အ၀ါကြောင့် မျက်နှာပန်းအလွန်ပွင့်လန်းကြသည်။ ဂုဏ်ယူမြောက်ကြွကြသည်။
ပညာဟိမောင်ပန်းသီးသည် အလွန်မျိုးချစ်စိတ်ထက်သန်သူလည်းဖြစ်သည်။ သူ့တပည့်သားသမီးများအား (အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ ရက္ခိုင်ဝံသ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်စွာတည့်။) ဟူသော သူ၏လက်သုံးအသျှင်နာဂိန္ဒမော်ကွန်းလင်္ကာဖြင့် ဆိုဆုံးမလေ့ဟိသည်။ သို့သော် လင်္ကာတပုဒ်လုံးကိုကား သူတခါမှမဖတ်ဖူးပေ။ မြင်လည်းမမြင်ဖူးပေ။ အသျှင်နာဂိန္ဒကား လေးမြို့ခေတ်စာဆိုလား၊ မြောက်ဦးခေတ်စာဆိုလား အတိအကျမသိ။ တခါတွင် လေးမြို့ခေတ်က၊ တခါတွင်၊ မြောက်ဦးခေတ်က၊ တခါတွင် ဝေသလီခေတ်ကစသည်ဖြင့် ယောင်သျွှီးလုပ်တတ်သည်။ သို့သော်သူသည် နဖူးပြောင်ပြောင်ဖြင့် မှင်အလွန်ကောင်းသဖြင့် တပည့်သားသမီးများက သူပြောတိုင်း အားကိုးယုံကြည်သည်။ ဆရာကြီးဖေမောင်တင်ရွီးသောမြန်မာစာပီသမိုင်းကို အစအဆုံးမကြည့်ဘဲ နှုတ်ကျက်ရွတ်ပြနိုင်သူအဖြစ် လေးစားဂုဏ်ယူသည်။
မောင်ပန်းသီးမှာ ယခုအခါအသက်အရွယ်ကြီးရင့်ပြီး ပညာရေးလောကမှ အနားယူလားပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းဟိ သူ၏သမီးကြီးအိမ်တွင်ချမ်းသားစွာနီထိုင်လျှက်ဟိသည်။ သမီးကြီးတွင် သားကြီးတယောက်၊ သမီးတယောက်ထွန်းကားသည်။ သူ၏မြီးများက သူ့အား (အဖိုးသျှင်၊ အဖိုးသျှင်) ဟုခေါ်လျှင် သူသည်အလွန်ဝမ်းမြောက်ပီတိဖြစ်ရသည်။ သူ့မြီးများအား ပညာအမွှီလက်ဆင့်ကမ်းပီးရသည်ကို ၀မ်းသာမဆုံးဖြစ်သည်။ (၅) နှစ်အရွယ်မြီးထွီးချေမှာ သူငယ်တန်းဖတ်စာသစ်ကို တလုံးမကျန်အဖိုးသျှင်ရှိတွင် အလွတ်ရွတ်ပြနိုင်သည်။ မပီတွတ်တွတ်ပီတွတ်တွတ် အဖိုးသျှင်အား နားမလည်သည်များကိုလည်း မိန်းမြန်းလေ့ဟိသည်။ တခါတရီတွင် လုံးဝအဓိပ္ပါယ်မဟိသောမိန်းခွန်းများဖြစ်သော်လည်း အဖိုးသျှင်က စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ ဥပမာအားဖြင့် (အဖိုးသျှင် ဘော်လုံးဇာဖြစ်လုံးရေလဲ) စသည်ဖြင့်ဖြစ်သည်။ ထိုအခါ (ဘော်လုံးဖြစ်လို့ လုံးရေပုချေ) ဟု အသင်္ခတဥာဏ်ဖြင့် မဆိုင်းမတွက်ချက်ချင်း ပြန်ဖြေနိုင်သည်။
မြီးအကြီးသူမှာ လေးတန်းအောင်ပြီးဖြစ်သည်။ အဖိုးသျှင်အိမ်တွင် ရခိုင်ပညာဟိများလာရောက်၍ စာအကြောင်းပီအကြောင်း၊ သမိုင်းကြောင်း၊ ဓည၀တီအကြောင်း၊ ဝေသာလီအကြောင်း၊ သုဝဏ္ဏဒေ၀ီအကြောင်း၊ မင်းထီးမင်းဘာအကြောင်း၊ စသည့်အကြောင်းကြောင်းများကို အာဘောင်အာရင်းသံများဖြင့် ဆွေးနွေးတိုင်ပင်သည်များကို စိတ်ဝင်တစားနားထောင်လေ့ဟိသည်။ ထို့ကြောင့် သူသည်အသက်ငယ်ပင်ငယ်သော်ငြားလည်း ရခိုင်သမိုင်းကြောင်းကို ရင်းနှီးအကျွမ်းဝင်သည်။ (ရခိုင်အစ မာရယုက၊ ဘီစီ (၃၃၂၅) တွင် ရခိုင်သမိုင်းစတင်သည်။ ရခိုင်သားသည် (အာရီယံနွယ်မျိုးဖြစ်သည်၊) အစဟိသည်ဖြင့် သူ၏ကျောင်းနီဖက်သူငယ်ချင်းများအား ဖောက်သည်ချပြောပြနိုင်သည်။
တရက်နိတွင် သူသည်အဖိုးသျှင်အား မိန်းခွန်းတခုမိန်းလတ်သည်။ (အဖိုးသျှင် (ရခိုင်မှာစာမဟိ) ဆိုစွာဟုတ်တေလား။ ကျောင်းကဆရာမက ယင်းပိုင်ယှောင်ပြောပါရေ)။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့မြီးအား မာန်ပါပါဖြင့် (အဝေး အခုမင်းဖတ်နီရေ မြန်မာစာက ရခိုင်စာချင့်။ မင်းအစာကိုပြောရေလဲ) ဟု အော်ငေါက်လိုက်သည်။ ယေခါ သူ့မြီးက (ယေကေအဖိုးသျှင် (သင်္ဘောသီး) ကို (ပိတကာသီး) လို့ မောင်မောင်ရို့ ရခိုင်မှာခေါ်ပါရေမနား၊ အေမှာက (သင်္ဘောသီး) လို့ရာ ရွီးထားပါရေ။) ဟုဆိုသည်။ ထိုအခါ အဖိုးသျှင်က (အဝေး ယင်းသူရို့တိ ခိုးထားစွာ ခိုးထားစွာ) ဟုအော်သည်။
တရက်နိတွင် မြီးအကြီးသူ မြန်မာစကားပုံများကို အလွတ်ကျက်မှတ်နီသည်။ ထိုတွင် (ပညာဟိ သတိဖြစ်ခဲ) ဟူသောစကားပုံကို နားမလည်နိုင်ဖြစ်နီသည်။ ထို့ကြောင့် အဖိုးသျှင်အား (အဖိုးသျှင် ပညာဟိ သတိဖြစ်ဖြစ်ခဲ) ဆိုစွာ ပဇာကိုပြောစွာပါလဲ။) ဟုမိန်းလိုက်သည်။ ထိုအခါ အဖိုးသျှင်က သူ့ကိုယ်သူလက်ညှိုးထိုးလျှက် (အဝေးမြီးချေ ငါ့ကိုကြည့် ငါ့ကိုကြည့်၊ ပညာဟိဆိုစွာ (အိုပင်အိုကေလည်း သတိမမိ) ဆိုစွာကိုပြောစွာ) ဟု ဖြေသည်။ ယင်းကာလ ငါးနှစ်အရွယ်မြီးထွီးအပုချေက (ဟ ဟာဟ ရယ်လိုက်ရ) ဟု စာဖတ်သံနှင့်လားတိုက်ဆိုင်နီသည်။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့အားအယွဲ့တိုက်သည်အထင်ဖြင့် (ဟေးကောင်မချေ မဖတ်ကဲ့၊ တန့်တန့်) ဟု ဟန့်တားလိုက်သည်။ ပြီးလျှင် သူသည်ရှက်ရှက်ဖြင့် (အေခုခေတ် အဂယင့် ပိတကာသီးခေတ်အမှန်။ အကြီးကအောက်က အငယ်ကအထက်က) ဟု ဘုပြောပြီးလျှင် ဘုရားခန်းထဲသို့ ပုတီးစိတ်ရန်လှမ်းဝင်လိုက်သည်။
Monday, June 30, 2008
သားဖနှစ်ယောက်နှင့်မြင်းတကောင်
အယင်ကခါ သားဖနှစ်ယောက် မြင်းရောင်းရန် မြို့သို့တက်လတ်သည်။ သားဖနှစ်ယောက် မြင်းကိုမစီး ကြိုးဆွဲပြီး ခြီကျင်လျှောက်လာသည်။ မြို့ထဲတနီရာရောက်သောအခါ မြင်းကိုမစီးကြိုးဆွဲလာသော သားဖနှစ်ယောက်ကိုလူအများမြင်သည်။ ထိုအခါ (ဇာလောက်ရူးလဲ ကြည့်။ မြင်းကိုမစီးကြိုးဆွဲလို့ လမ်းလျှောက်ကတ်တေ။ လကားပင်ပန်းခံရေ၊ အရူးတိ။) ဟုအပြစ်တင်ကြသည်။ ထိုကြောင့် အဖသည်က (မောင်ကြီးမြင်းစီး၊ ငါကြိုးဆွဲမည်)ဟု ဆိုသည်။
သို့ဖြင့် ညောင်တပင်အောက်၌ အလာပသလာပ ပြောဆိုလျှက်ထိုင်နီသောလူတအုပ်နား ဖြတ်လျှောက်လတ်သည်။ သားကမြင်းစီး၊ အဖလမ်းလျှောက်လာသည်ကိုမြင်သောအခါ တယောက်က (အခုခေတ်မှာ လူကြီးကိုလူငယ်အားမနာ၊ အရေးမထား၊ မလေးစား။ အားကောင်းမောင်းသန်သားသည်က မြင်းစီးလို့၊ အဖ၀ါကြီးကျ မြင်းဆွဲခိုင်းထားရေ။ ကောင်းကောင်းဆိုးရေ။ အဖမြင်းစီးလို့ သားကလမ်းလျှောက်ရဖို့မနား)ဟု ပြောသည်။
ထိုစကားကိုကြားသောအခါ သားမြင်းအောက်ဆင်း၍ အဖကမြင်းစီးသည်။ သို့ဖြင့် ကလိမ့်မေချေတကျိုင်အခြင်းပြောနီသော နီရာနားသို့ရောက်လတ်သည်။ ထိုအခါ တယောက်က (ဇာပိုင်လူကြီးလဲချင့်။ သားကို လမ်းလျောက်ခိုင်းလို့ ကိုယ်ကျမြင်းစီးပနာ၊ ကကောင်းဟုတ်တေ။ အမှန်ဆို နှစ်ယောက်လုံးမြင်းစီးလားကေ ဇာဖြစ်တေလဲ)ဟု ဆိုသည်။ ထိုအခါ အဖက သားကိုပါ မြင်းထက်တက်စီးခိုင်းသည်။
တနီရာသို့ရောက်သောအခါ လူတယောက်က (ဒေသားအဖနှစ်ယောက် မြင်းတကောင်ကို နှစ်ယောက်စီးလို့ မြင်းခမာ သနားကောင်းထမန်း၊ မြင်းတကောင်းတည်း၊ လူကနှစ်ယောက်။ အမှန်ဆို မြင်းကိုသူရို့ ထမ်းလားရဖို့)ဟု ဆိုသည်။
ထိုအခါ သားဖနှစ်ယောက် မြင်းကိုအခြီအလက်ပူးချိုင်ပြီး ဘင်းထမ်းထိုး၍ထမ်းသည်။ သို့ဖြင့် တန်းထားတခုထက်သို့ရောက်လတ်သည်။ တန်းထားထက်တွင် ခက်ခက်ခဲခဲမြင်းထမ်းလာသော သားဖနှစ်ယောက်ကို လူအများမြင်သောအခါ (အေပိုင်ရယ်ဖို့ကောင်းစွာ တခါလည်းမမြင်ဖူး၊ အထူးအဆန်း၊ လာကြည့်ကတ်၊ လာကြည့်ကတ်)ဟု ၀ိုင်းရယ်ကြသည်။
ထိုသို့ ၀ိုင်းရယ်သံကိုကြားသောအခါ မြင်းက ကြောက်ကြောက်ဖြင့်ကန်ရုန်းလိုက်ရာ ကြိုးပြတ်၍ ချောင်းထဲသို့ လူးကျလားသည်။ မြင်းရောင်းရန်မြို့တက်လာသော သားဖနှစ်ယောက်လည်း နောက်ဆုံးတွင် ၀မ်းနည်းပက်လက် အိမ်ပြန်လာလတ်ရသည်။
စကားပုံ။ ။ (ဆရာများကေ သားသီရေ။)
(ရွီးပို့သူ ဇုန္ဒတ်ကြီး)

ဂါရီသမားနှင့် ကူနတ်ကယ်နတ်
တရက်နိခါ ဂါရီသမားတယောက်သည် ဂါရီမောင်းယင်း ကျုပ်ကျွံလားသည်။ ဂါရီသမားသည် စိတ်ပျက်ပျက်နှင့် အောက်သို့ဆင်းပြီးလျှင် ကူနတ်ကယ်နတ်၏အကူအညီရလိုရငြား တိုင်တမ်းလိုက်သည်။
(အို ကူနတ်ကယ်နတ်အပေါင်းရို့ အကျွန်ုပ်၏ဂါရီ ကျုပ်ကျွံနီစွာကို တချက်ချေလောက် ကယ်တင်ပီးပါ။)
(အို ကူနတ်ကယ်နတ်အပေါင်းရို့ အကျွန်ုပ်၏ဂါရီ ကျုပ်ကျွံနီစွာကို တချက်ချေလောက် ကယ်တင်ပီးပါ။)
ကူနတ်ကယ်နတ် နတ်မင်းကြီးလည်း ဂါရီသမား၏လိုင်ခြောင်းသံဖြင့် ဆယ်အိမ်ကြားလှမ်းအော်အသံကိုကြားသည်နှင့် အောက်သို့တချက် ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူကိုယ်တိုင် တခုချေလည်းမရုန်းဘဲ လမ်းဘဲတွင် အေအတိုင်းဆောင့်ခြောင်ထိုင်နီသော ဂါရီသမားငပျင်းထွေကို လှမ်းမြင်သည်။
ထိုအခါ နတ်မင်းကြီးက (အဝေး နွားဂါရီမောင်း၊ မင်းပက်ခုံးကို ဂါရီအောက်မှာအယင်သွင်း။ ပြီးကေတချက် ရုန်းကြည့်အုံ့။ မရခါမှ ငါ့ကိုခေါ်) ဟု အော်ငေါက်လိုက်သည်။
(ရွီးပို့သူ ဇုန္ဒတ်ကြီး)
Friday, June 27, 2008
ကျီးကန်းနှင့် ရီကတောင်း
အခါတပါးတွင် ရီငတ်နီသော ကျီးကန်းတကောင်သည် ရီကတောင်းတခုကို အိမ်မောင်းကာအောက်တွင် ချလျှက်သားတွိသည်။ ကတောင်းထဲတွင် ရီအလတ်လောက်ရာဟိပြီး ကျီးကန်းသည် ရီကိုလှမ်းမသောက်နိုင်ဖြစ်နီသည်။ ကတောင်းကိုမော့သောက်ကြည့်သောအခါတွင်လည်း ကတောင်းသည် အကြီးမသန်ဖြစ်၍ မြှင့်၍မပါ။
ကျီးကန်းလည်း ဇာလုပ်၍ဇာကိုင်ရမှန်းမသိဖြစ်နီဆိုက် ကတောင်းနားတွင် ကျောက်စရစ်ခဲတပုံကို လှမ်းမြင်သည်။ ကျီးကန်းလည်း အကြံရသည်နှင့် ကျောက်စရစ်ခဲတခဲကို ကတောင်းထဲသို့ ထည့်လိုက်သည်။ ယေခါ ကတောင်းထဲကရီသည် တဖဲ့ချေ မြင့်တက်လတ်သည်။ ကျီးကန်းလည်း ကျောက်စရစ်ခဲနောက်တခဲ ထပ်ထည့်လိုက်သည်။ ကတောင်းထဲကရီသည် နောက်ထပ်တဖဲ့ချေမြင့်တက်လတ်သည်။
ယင်းပိုင်နှင့် အနားတွင်ဟိသော ကျောက်စရစ်ခဲအားလုံးကို တခဲပြီးတခဲ ကတောင်းထဲသို့ထည့်လိုက်သည်၊ ကတောင်းထဲကရီသည် ကတောင်းဝသို့တိုင် မြင့်တက်လတ်သည်။ ထိုအခါ ကျီးကန်းသည် ကတောင်းထဲကရီကို အားရပါးရ သောက်ချလိုက်သည်။
(လိုလျှင်ကြံက နည်းလမ်းရ။ ခွန်အားထက် ဥာဏ်အားထက်။)

ကောက်ရိုးပုံစောင့်ခွီး
တရက်နိခါ ခွီးတကောင်သည် အစာရှာယင်း ညောင်းညောင်းဖြင့် နွားရုံချေတခုအနားသို့ ရောက်ပါလတ်သည်၊ ထိုတွင် ကောက်ရိုးအပြည့်နှင့် နွားစာခွက်တခုကို တွိသည်၊ ခွီးသည် ၀မ်းဆာဆာဖြင့် အိပ်ချင်နီသည်နှင့် နွားစာခွက်ထဲတွင်ပင် ခွီ၍၀င်အိပ်လိုက်သည်၊ ကောက်ရိုးသည်နွီးသဖြင့် ခွီးချေမှာ တခဏအတွင်း ဇိမ်ကျကျအိပ်ပျော်လားပြီး နတ်သမီးငါးရာနှင့် အိမ်မက်မက်နီသည်။
ထိုသို့အိမ်မက်ကောင်းနီဆိုက် နွားချေပေါက်ချလာလတ်သည်။ ၀မ်းဆာဆာဖြင့် သူ့စားခွက်ကို လိုက်ရှာသောအခါ ခွီးချေကို စားခွက်ထဲတွင် အိပ်ပျော်နီသည်ကို တွိရသည်။ ထို့ကြောင့် ခွီးချေကို အိပ်ရာဖယ်ပီးဖို့ နှိုးလိုက်သည်။
(ခွီးချေ ထထ။ ဇာဖြစ်လို့ သူများစားခွက်ထဲမှာ အိပ်နီစွာလဲ။)
ထိုတွင် ခွီးချေအိမ်မက်မက်နီရာမှ လန့်နိုးလာသည်၊။ အပြင်တွင် နတ်သမီးငါးရာကို တွိရဖို့အစား ဂြိုကားကားနှင့် နွားချေကိုရာတွိရသည်။ ခွီးချေမှာ အိပ်မွှားစုံထ နွားချေကို ကိုက်ဖို့ပျင်သည်။ နွားချေကောက်ရိုးစားဖို့ကြံတိုင် ဟောင်လိုက် ကိုက်လိုက်လုပ်နီသည်။
ထိုအခါ နွားချေကပြောသည်။ (အစ်ကိုခွီးချေ ကျွန်တော်အလုပ်ကပြန်ပါလတ်စွာ၊ ကကောင်းပင်ပန်းရေ။ တခုလည်းမစားရသိမ့်။ ၀မ်းလည်းကကောင်းဆာရေ။ ကျွန်တော့်ကောက်ရိုး ကျွန်တော် အီးအီးချမ်းချမ်း စားပါရစီ၊ အစ်ကိုခွီးက ကောက်ရိုးစားစွာလည်းမဟုတ်။ ဇာဖြစ်လို့ဟောင်နီစွာလဲ) ဟု ဆိုသည်။
သို့သော် ခွီးချေမှာ နွားချေစကားကို နားမထောင်။ ဟောင်လိုက်ကိုက်လိုက် လုပ်မြဲလုပ်နီသည်။ ထိုအခါ နွားချေမှာ မာန်ပါပါဖြင့် ခွီးချေဘေးစကို ကျောက်ကန်လိုက်သည်။ ခွီးချေမှာ ၀ါးအပြန်တရာ ရွင့်စိုင်လားသည်။
ကိုယ်လည်းမစား သူများစားစွာလည်းမနာလို ၀န်တိုသောခွီးချေမှာ နံရိုးကျိုး၍ ပြင်းစွာဒါဏ်ရာရလီသတည်း။

ဂျူပီတာနတ်ဖုရားနှင့် ပျားဘုရင်မ
အခါတပါးတွင် ပျားဘုရင်မတကောင်သည် ဂျူပီတာနတ်ဖုရားကို ပျားရည်လှူရန် စိတ်ကူးပေါ်လတ်သည်။ ယေဇူးနှင့် ပျားဘုရင်မသည် သူ့ပျားအုံထဲက အချိုဆုံးနှင့် အသန့်ဆုံးပျားရည်များကိုစုပြီးလျှင် ဂျူပီတာနတ်ဖုရားဟိရာ အိုလံပစ်တောင်ထိပ်သို့ အရောက်လားလတ်သည်။
ပျားရည်လက်ဆောင်ရသည့်အတွက် ဂျူပီတာနတ်ဖုရားက ကောင်းကောင်းပျော်သည်။ ပျားဘုရင်မကို (ကိုင်း ပျားဘုရင်မ၊ ငါ့ကိုပီးရေ သင့်ပျားရည်အတွက် သင့်ကိုလည်း ငါတခုပြန်လို့ပီးမည်၊ သင်ပဇာကို အလိုဟိရေလဲပြောပါ) ဟု မိန်းသည်။ ယေခါ ပျားဘုရင်မက (အို အသျှင်နတ်မင်း၊ ကျွန်တော်မျိုးမ အလိုချင်ဆုံး အတောင့်တဆုံးက ကောင်းကောင်းအဆိပ်ပြင်းရေ မြှားအပ်တစင်းပါ။ အကျွန့်ပျားအုံမှာ ပျားလာခိုးသောက်သူတိကို ယင်းမြှားအပ်နှင့် ထိုးသတ်လိုပါရေအသျှင်) ဟု ပြန်ဖြေသည်။
ပျားဘုရင်မ၏စကားကိုကြားရသောအခါ ဂျူပီတာနတ်ဖုရားမှာ များစွာစိတ်မကောင်းဖြစ်ရသည်။ ယေဒါလည်း သူ့ကတိအတိုင်း (ကိုင်း ပျားဘုရင်မ၊ သင်လိုချင်ရေ အဆိပ်မြှားကို ငါပီးမည်။ အေမြှားနှင့်ထိုးရေခါ အထိုးခံရရေအကောင်တိ ကောင်းကောင်းဒုက္ခရောက်လိမ့်မည်) ဟု မှာလိုက်သည်။
ပျားဘုရင်မကလည်း ဂျူပီတာနတ်ဖုရားကို ကောင်းကောင်းကျေးဇူးဟိကြောင်းပြောသည်။ ယေခါ ဂျူပီတာနတ်ဖုရားက (အေး ပျားဘုရင်မ၊ အေအဆိပ်မြှားနှင့် ငါ့စကားမဆုံးသိမ့်။ အေမြှားနှင့်အထိုးခံရရေအကောင်တိ ကောင်းကောင်းဒုက္ခရောက်ဖို့စွာမှန်ရေ။ ယေဒါလည်း အေမြှားကို တခါရာသုံးလို့ရရေ။ သုံးပြီးစွာနှင့် သင်လည်းသီရလိမ့်မည်) ဟု မှာလိုက်သည်။
(မကောင်းမှုကိုကြံတိုင်း၊ မကောင်းကျိုးကိုခံရတတ်သည်။) အပုချေရို့သိထားကတ်ရဖို့။

တောင်သမင်နှင့်အဂြို
အခါတပါးတွင် တောင်သမင်တကောင်သည် ရီသောက်ဖို့ မြောင်သို့ဆင်းပါလတ်သည်။ ရာသီဥတုကကောင်း ရီကလည်းကြိုင်နီသည့်အတွက် သမင်သည် သူ့အရုပ်ကိုသူ ရီထဲတွင် ကြင်းကြင်းလင်းလင်းမြင်ရသည်။
ရီထဲတွင်မြင်ရသည်တွင် သူ့အဂြိုကို အလှဆုံးဟုထင်မိသည်။ စိတ်ထဲတွင်လည်း (အား လှလိုက်တေ ငါ့အဂြို၊ တခါတည်း ခက်မငါးဖြာထွက်ပနာ၊ ငါ့တခန္ဓာလုံး အဂြိုအလှဆုံး၊ ငါ့ခြီထောက်က သိမ်သိမ်ညောင်ညောင်နှင့် ငယ်ရေအထဲမှာ ရှည်ကလည်းရှည်သိမ့်ရေ၊ ကောင်းကောင်းအရုပ်ဆိုးစွာမနား) ဟု တွေးမိသည်။
ယင်းပိုင်နှင့် ရီထဲတွင်မြင်ရသည့်သူ့အရုပ်ကိုကြည့်ပနာ အဂြိုကိုချီကျူးလိုက်၊ ခြီထောက်ကို အသုံးမကျဟုတွေးလိုက်ဖြင့် သမင်သည် မြောင်ထဲတွင် အချိန်အင်တန်ကြာလားသည်။ ထိုတွင် ခြင်္သေ့တကောင်သည် သမင်ကိုမြင်၍ ဖမ်းရန်ချဉ်းလာသည်။ ခြင်္သေ့အပါးသို့ရောက်မှ သမင်ကမြင်သည်၊ ထိုအခါ ကြောက်ကြောက်ဖြင့် သမင်ထွက်ပြီးလားသည်။ ခြင်္သေ့လည်း သမင်နောက် ထပ်ကြပ်မကွာလိုက်သည်။
သမင်သည် ပြားတွင် ခြင်္သေ့ထက်ယင်သော်လည်း တောတွင် ကောင်းကောင်းမပြီးနိုင်။ သူ့အဂြိုသည် ထိုခြုံတွင်ငြိ၊ သည်ခြုံတွင်ငြိဖြင့် နောက်ဆုံး ခြင်္သေ့ဖမ်းမိလားသည်၊ ယေခါမှ (ဂြိုနှင့်ခြီမှာ ဂြိုကို အမွှမ်းတင်ဗျာ၊ ခြီကိုအသုံးမကျ) ဟု ငါထင်မှတ်မှားခသည်။ မှားလီစွတကားဟု နောင်တကြီးစွာရလီသတည်း။
ထိုနည်းတူစွာ အကျွန်ုပ်ရို့သည်လည်း (အဖိုးတန်မှန်း မတန်မှန်းမသိ} အမွှမ်းတင်တတ် မှားတတ်ပါသည်။
(ရွီးပို့သူ ဇုန္ဒတ်ကြီး)
Thursday, May 29, 2008
ကျားချေ (နှင့်) နွားချေ ၀တ္ထု
အယင်ကခါ ကျားချေတကောင်နှင့် နွားချေတကောင် အဆွေခင်ပွန်းဖြစ်ကတ်သည်။ အရေးအကြောင်းကျလျှင် နွားချေကို ကျားချေကကူညီရန် ကတိဟိသည်။ တောခွီးများရောက်လာလျှင် ခလောက်ခေါက်ဖို့မှာထားသည်။ ခလောက်သံကြားလျှင် နွားချေဒုက္ခရောက်နီဗျာယ်ဖြစ်ကြောင်း ကျားချေကသိသည်။
တရက်နိခါ နွားချေက ကျားချေကို စိတ်စမ်းချင်စိတ်ပေါက်လာသည်။ ကျားချေက ငါ့ကို အဂယင့် ခင်စွာလား။ သူ့စိတ်ကိုသိချင်သည်။ မိတ်ဆွေစစ်မစစ်ကို စိတ်စမ်းကြည့်မှသိဖို့။ ထိုသို့အကြံရသည်။ ထို့ကြောင့် တရက်နိ တောစိုင်ယောင်လျှက် အစာစားနီစဉ် တောခွီးများမလာဘဲ ခလောက်ခေါက်လိုက်သည်။
ကျားချေမှာ နွားချေဒုက္ခရောက်ပျာယ်အထင်ဖြင့် ချက်ချင်းအပြီးရောက်လာသည်။ သို့သော် နွားချေမှာ အရိပ်ကောင်းကောင်းညောင်ပင်အောက်တွင် ကောက်ရိုးကိုဝမ်းတင်းအောင်စားပြီး အိပ်နီသည်။
ထိုအခါ ကျားချေကပြောသည်။ အဆွေနွားချေ။ ငါက အသင်ဒုက္ခရောက်ပျာယ်ထင်လို့ နီပူထဲမှာပြီးလာရသည်။ အသင်က ကောက်ရိုးစားလို့အိပ်နီသည်။ တောခွီးတိမရောက်ဘဲ ဇာဖြစ်လို့ ခလောက်ခေါက်စွာလဲ။
ထိုအခါ နွားချေက ကောက်ရိုးခြောက်ကို စမုံ့ပြန်လျှက် ကြဲစီကြဲစဲ ပြန်ပြောသည်။
မဟုတ် အဆွေကျားချေ။ အသင် ငါ့ကို အဂယင့် ခင်မခင်သိချင်လို့ စိတ်စမ်းကြည့်စွာ။ အသင် ငါ့ကို အဂယင့်ခင်စွာသိရလို့ ကကောင်းဝမ်းသာရေ။ နီပူထဲမှာပြီးလာရစွာ ညောင်းရေလား။ တအောင့်နားလို့ အဖန်ရည်တတုတ်သောက်လိုက်အုံ့။
ကျားချေမှာ နဖူးကချွေးကို တောက်လျာပိုင်းနှင့်သုတ်လျှက် နွားချေပီးသော အဖန်ရည်ကိုသောက်၍ အညောင်းဖြေသည်။
ကျားချေ မာန်မပါကဲ့နန်း။ ငါက ကျားချေစိတ်ကို သိချင်လို့ စိတ်စမ်းစွာ။ နွားချေက ချော့သည်။
မာန်မပါ နွားချေ။ အရာတခါ အေပိုင်မလုပ်ကဲ့။ ပြီးလာရစွာ ပင်ပန်းရေ။ အလုပ်ကြုံးရေ။ ငါ့မှာ အလုပ်တိကို အေအတိုင်းပစ်ထားခရရေ။ အလုပ်မပြီးကေ အိမ်သျှင်ကမာန်ပါဖို့ဟု ကျားချေကပြောသည်။
နွားချေမှာ ကျားချေကို ဆပ်ချလိုက်ရ၍ ကကောင်းကျေနပ်နီသည်။ ကျားချေ အညောင်းဖြေပြီး တအောင့်ကြာသောအခါ အလုပ်ဟိရာပြန်လားသည်။ နွားချေမှာ ၀မ်းဖောင်းဖောင်းဖြင့် ကောက်ရိုးခြောက်ကိုစားလျှက် ညောင်ပင်အောက်၌ အိပ်ကျန်လိုက်သည်။
နောက်တခါ နွားချေမှာ ကျားချေကို သံသယဖြစ်ပြန်သည်။ တခေါက်စိတ်စမ်းစွာနန့် ကျားချေအတွင်းစိတ်ကိုမသိနိုင်။ အပြင်က ချစ်ကွန်ဆောင်စွာဖြစ်နိုင်ရေ။ နောက်တခေါက် စိတ်စမ်းကြည့်မှ အတွင်းစိတ်ကိုသိရဖို့ဟု အကြံဖြစ်သည်။ ထို့ကြောင့် နွားချေမှာ တောခွီးများမရောက်လာဘဲ ခလောက်ခေါက်လိုက်ပြန်သည်။ ကျားချေမှာ အယင်ကအတိုင်း အပြီးရောက်လာသည်။ နွားချေကို ၀မ်းဖောင်းဖောင်းဖြင့် ညောင်ပင်အောက်၌ အိပ်နီသည်ကို တွိရသည်။
အဆွေနွားချေ တောခွီးတိမရောက်ဘဲ ဇာဖြစ်လို့ ခလောက်ခေါက်စွာလဲ။
မဟုတ် ကျားချေ။ ငါက အသင်ကျားချေစိတ်ကိုသိချင်လို့ စမ်းကြည့်စွာ။ ညောင်းရေလား အဖန်ရည်တတုတ်သောက်လိုက်အုံ့ဟု လောက၀တ်စကားဆိုသည်။
ကျားချေမှာ နွားချေပီးသော အဖန်ရည်ကိုသောက်၍ အညောင်းဖြေသည်။
နွားချေ ငါပြောထားရေမဟုတ်လား။ အေပိုင်မလုပ်ကဲ့။ အလုပ်ကြုံးရေ။ နွားချေမှာ ကြဲစီကြဲစဲ ရယ်နီသည်။ အယင်ခေါက်ကလည်း ငါ အိမ်သျှင်ဘားမှာ အဆဲကျရေ။ ငါက နွားချေ အဂယင့် ဒုက္ခရောက်ပျာယ်မှတ်လို့ လိုက်ပါလတ်စွာ။ နွားချေကို ၀မ်းဖောင်းဖာင်းနန့် အိပ်လို့ရာတွိရေ။
မာန်မပါကဲ့ ကျားချေ။ ငါက ချစ်လို့စိတ်စမ်းစွာ။ မိတ်ဆွေဆိုကေ မာန်မပါရမဟုတ်လား။ မာန်ပါရေဆိုကေ မိတ်ဆွေမဟုတ်။ အကွန်ဆောင်စွာ။ နွားချေက ကျားချေပြောဖို့ စကားကို အပြန်ကော့ပြောသည်။
မဟုတ်နွားချေ မာန်ပါလို့ပြောစွာမဟုတ်။ အလုပ်ကြုံးလို့ အိမ်သျှင်ဘားမှာ အဆဲကျလို့ပြောစွာ။ နွားချေမာန်ပါရေဆိုကေ ငါစိတ်မကောင်း။ ကျားချေမှာ နွားချေကို အပြန်ချော့ရသည်။
မာန်မပါ ကျားချေ။ ကဇာတ်စွာရာ။ နွားချေက ပြန်ပြောသည်။
တရက်နိ နွားချေ ကောက်ရိုးစား၍ ၀မ်းဖောင်းဖောင်းဖြင့် ညောင်ပင်အောက်တွင်အိပ်နီဆိုက် တောခွီးတရွီရောက်လာသည်။ တကောင်က နွားချေကန်ကောက်ကို ကိုက်သည်။ နောက်တကောင်က လိုင်ဖင်းကိုကိုက်သည်။ တကောင်က ၀မ်းကိုဖောက်သည်။ နွားချေမှာ ကြောက်ကြောက်ဖြင့် ကျားချေကြားအောင် ခလောက်ခေါက်သည်။ ကျားချေကြားသော်လည်း နွားချေကြီစပ်သည်အထင်ဖြင့် ရောက်မလာ။ အလုပ်ပြီး၍ လားကြည့်သောအခါ ညောင်ပင်အောက်၌ ၀မ်းဟောင်းလောင်းနှင့် လစန့်ကောင်နီသော နွားချေကိုတွိရသည်။
ဤတွင် ကျားချေနှင့်နွားချေဝတ္တုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိ ဆက်ပြောပါလီ။

Wednesday, December 19, 2007
ရခိုင်ဖားပြုတ်ကေ၀တ္ထု
ရခိုင်ဖားပြုတ်ကေ၀တ္ထု
----------------------
ဖားပြုတ်ကေတကောင်၊ အုံးဘောင်စီးလျှက်၊ ဖြားရီတက်တွင်၊ ချောင်းကိုဝင်၍လာလတ္တံ။ ထိုရောအခါ၊ ချောင်းကမ်းသာတွင်၊ ပြားဇီးပင်တကိုင်းတွင်နားလျှက်၊ ပန်ဇင်းငှက်က၊ ခင်ပွန်းမိတ်ဆွေ၊ ဖားပြုတ်ကေ၊ ဇာပြည်ဇာရွာ၊ ဇာကလာဟု၊ သေချာစစ်စစ်မီးလတ္တံ။ ပန်ဇင်းမီးလေ၊ ဖားပြုတ်ကေက၊ တိုင်းပြည်မြို့ရွာ၊ လှည့်လို့လာဟု ဖြေလတ္တံ။
ထိုသို့ဖြေခါ၊ တိုင်းပြည်မြို့ရွာ၊ ကြားခပါသည်၊ ပဇာသတင်းထူးသနည်းဟု မီးလတ္တံ။ ထိုသို့မီးခါ၊ ဖြေသည်မှာကား၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လတ္တံ။ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ ကမ္ဘာကျောက်ကြီးကွဲလတ္တံ။ ထိုသို့ကွဲခါ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်းကျိုးလတ္တံ။ လူလည်းလေးစု ကွဲလတ္တံ။
ထိုသို့ဖြေခါ၊ ပန်ဇင်းငှက်ကမီးပြန်သည်မှာ၊ အိုအိုမိတ်ဆွေ၊ ဖားပြုတ်ကေ၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ငရို့သူငါ၊ ပဇာပြုလုပ်ရမည်နည်းဟု မီးလတ္တံ။ ထိုသို့မီးခါ၊ ဖားပြုတ်ကေက၊ အိုအိုမိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကိုမြင်လိမ္မည်ဟု ဖြေလတ္တံ။ ထိုရောခါဝယ်၊ ပန်ဇင်းငယ်က၊ ကြောက်ဘွယ်စရာ၊ ကြားရပါသည်၊ ညခါတိုင်ပြီး၊ ကြောက်အားကြီး၍၊ ငှက်ကြီးရောင်းရင်၊ အိပ်ရာတွင်၌၊ ၀မ်းတွင်းဝင်မည်ကြံလတ္တံ။
ကြံစည်ထိုခါ၊ ပြုသောခါတွင်၊ ရောင်းရင်ငှက်ကြီး၊ လန့်အားကြီး၍၊ သံကြီးကျော်ကျော်အော်လတ္တံ။ သံကြီးကျော်ကျော်၊ မြည်ဟစ်အော်က၊ မျောက်ကျော်မက္ကဋ၊ နီထသစ်ပင်၊ သပြုပင်၌၊ လက်တွင်ကိုင်ပြီး၊ သပြုသီးကို၊ စားမည်ပြုထ၊ လန့်ကြောက်လှ၍၊ လက်မှလွတ်သော်၊ အောက်တွင်နီထ၊ တောဆတ်မ၏၊ နောက်ကုန်းပေါ်တွင်ကျလတ္တံ။
ထိုသို့ကျလျှင်၊ နာကြင်လန့်ကြောက်၊ ခြီစုံပေါက်၍၊ လားမြောက်ပြီးခုန်၊ နွယ်ခြုံပေါင်းမြက်၊ တောကြက်သာယာ၊ ဥပေါက်ခါဖြင့်၊ နီရာသိုက်မြုံ၊ ပြစ်ပြစ်ကုန်အောင်၊ နင်းတုံဖြိုဖျက်၊ ထောင်းထောင်းညက်၍၊ တောကြက်မမှာ၊ စိတ်ပူဆာ၍၊ လမ်းမှတွိဆုံ၊ တောခြအုံကို၊ ပြစ်ပြစ်ကုန်က၊ ပြိုတုံခြပေါင်း၊ ထောင်သောင်းမက၊ တောဝက်မ၏၊၊ ၀ပ်ထနီရာ၊ ရောက်လီပါသော်၊ ၀မ်းမှာရင်ဖတ်၊ မလွတ်နို့သီး၊ ခြကြီးခြငယ်၊ ကိုက်ပေကုန်က၊ ပြီးတုံလူးလာ၊ ၀က်မမှာလည်း၊ နာကြင်အီးလတ်၊ ပြီးမလွတ်သော်၊ ဆာမွတ်ဝမ်းစာ၊ တောင်ယာလုပ်ရင်း၊ စပါးခင်းကို၊ ၀င်၍ထိုခါစားလတ္တံ။
ဝင်၍စားကာ၊ နီတုံပါက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်လျှင်၊ တွိလီမြင်သော်၊ ယာသျှင်တသီး၊ ယာသူကြီးကို၊ အပြီးတိုင်ကြားပြောလတ္တံ။ အပြီးတိုင်မြောက်၊ ငမဲတုတ်ရောက်က၊ ငမဲတုတ်ကျာ၊ ယာကလာကေ၊ ယာမှာစပါး၊ မှည့်ပျာလားဟု မီးလတ္တံ။ မီးငြားသောခါ၊ မဲတုတ်ကျာက၊ မှည့်ကားမှည့်ယက်၊ အစပတ်လည်၊ မျောက်ဖျက်တေ၊ အလယ်တရိုး၊ ၀က်ငယ်တိုးဟု ပြောလီသောခါ၊ တောင်ယာပိုင်နင်း၊ သူကြီးမင်းက၊ ချက်ချင်းမကြာ၊ ယာမှာစားလျှက်၊ ထိုဝက်မကို၊ ဖမ်းရယူခီ၊ လားကတ်လီဟု စီလတ္တံ။
ဖမ်းရယူခီ၊ လားကတ်လီက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်က၊ သုတ်သုတ်ပြန်လာ၊ ယာမှာစားထ၊ တောဝက်မကို၊ ကြော့ကွင်းထောင်လျှက်၊ လက်ရဖမ်းယူ၊ ယာမူပိုင်နင်း၊ သူကြီးမင်းကို၊ လျှင်မြန်မနှေးပီးလတ္တံ။
ပီးအပ်လီကေ၊ လုပ်ထွေကိုင်ခင်း၊ ယာပိုင်မင်းက၊ တောတွင်းနီထ၊ တောဝက်မကို၊ ငါသာပိုင်နင်း၊ စပါးခင်းကို၊ ပဇာတွက်ကြောင့်၊ စားသနည်းဟု မီးလတ္တံ။ မီးလီသောခါ၊ ဘာသာဘာဝ၊ ကျွန်ဝက်မသည်၊ အိပ်ထနီရာ၊ ခြများစွာလျှင်၊ ရောက်လာဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြီးထယှောင်ခွာ၊ မလွတ်သာကေ၊ ရောက်ရာရောက်မိ၊ ဟိစီဘိဟု၊ ပြီးလီသောခါ၊ လမ်းမှာတွိပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ ပဇာကြောင်းကြောင့်၊ ပြီးသနည်းဟု မီးသောကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ ပြောလီသောခါ၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလီ၊ စားပါခီဟု၊ ဆိုခြင်းပြုက၊ မချိခန္ဓာ၊ နွမ်းရိပါ၍၊ ၀မ်းမှာဆာမွတ်၊ တွိလတ်အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိသည်ဟု ဖြေလတ္တံ။
ဖြေဆိုတုံက၊ စစ်ချက်ရ၍၊ ခြမကိုခေါ်၊ မိန့်ဆိုအာဏာ ပီးလတ္တံ။ ပီးလီသောခါ၊ မကြာခဏ၊ တောခြမနှင့်၊ များလှခြပေါင်း၊ ထောင်းသောင်းမက၊ ရောက်လာကြ၍၊ စစ်မမီးခါ၊ ကျွန်မမှာလျှင်၊ များစွာစုပုံ၊ ခြသိုက်အုံကို၊ အကုန်ဖြိုဖျက်၊ တောကြက်ယက်၍၊ ပျက်လီထောင်သောင်း၊ ခြအပေါင်းရို့၊ နီဖို့နေရာ၊ မဟိပါ၍၊ လားလာကုန်က၊ တောဝက်မ၏၊ အိပ်ထနီရာ၊ ရောက်လီပါ၍၊ ကိုက်ရသည်သာ၊ ဖြစ်ပါသည်ဟု ဆိုလတ္တံ။
မှန်ရာကိုပင်၊ စစ်တန်းဝင်၍၊ သို့စင်ဖြစ်ထ၊ တောဝက်မကို၊ အရခေါ်ခီ၊ အပြင်းစီက၊ တောနီကြက်မ၊ ခေါ်ထလာရောက်၊ ရှိတော်မှောက်သို့၊ ရောက်လတ္တံ။ ရှိမှောက်မသွေ၊ ရောက်တုံပေက၊ ဟေတောကြက်မ၊ ခြများနီရာ၊ အုံကိုသာလျှင်၊ ပဇာကြောင်းကြောင့်၊ ယက်သနည်းဟု မီးလတ္တံ။ မီးလီသောခါ၊ တောမှာနီထ၊ တောကြက်မက၊ ကျွန်မမှန်စွာ၊ ကြက်ဘာသာဖြင့်၊ သိုက်မှာဥပေါက်၊ ဥများမြောက်ကို၊ စောင့်ယှောက်နီရာ၊ ဆတ်မလာ၍၊ မညှာမထောက်၊ ခြီကျောက်ကန်လန်၊ မှောက်လှန်အသိုက်၊ ဖျက်ဆီးပစ်က၊ ကျွန်ကြက်မမှာ၊ စိတ်ကပူဆာ၊ မနီသာကေ၊ လားလာတွိကြုံ၊ တောခြအုံကို၊ အကုန်ပြစ်ပြစ်၊ ယက်ဖြိုပစ်ဟု ဖြေလတ္တံ။ ထိုသို့ဖြေခါ၊ တောဆတ်မကို၊ အရဖမ်းခီ၊ ဆင့်လီအာဏာ၊ စီသောခါလျှင်၊ မကြာခဏ၊ တောဆတ်မလျှင်၊ ရှိတော်ပြင်သို့ ရောက်လတ္တံ။
ရောက်လီသောခါ၊ မီးစစ်ရာတွင်၊ အသင်ဆတ်မ၊ ပဇာကြောင်းကြောင့်၊ ကြက်မနီတုံ၊ ဥသိုက်မြုံကို၊ အကုန်ပြစ်ပြစ်၊ နင်း၍ပစ်သည်၊ ဖြေရမည်ဟု ဆိုလတ္တံ။ ဆိုလီသောခါ၊ ဆတ်ရို့ဘာသာ၊ ညအခါတွင်၊ တောမှာပေါက်ရောက်၊ ကြီးမြောက်သစ်ပင်၊ သပြုပင်အောက်၊ အိပ်မည်ဟုပင်၊ နီလီကျင်သော်၊ သစ်ပင်ထက်က၊ မက္ကဋဟု၊ မျောက်ကနီပြီး၊၊ သပြုသီးနှင့်၊ အပြီးထိုခါ၊ ချပစ်ပါသော်၊ ကျွန်တော်မ၏၊ ကျောက်သားနောက်ကုန်း၊ ဘုံးဘုံးကျရာ၊ လန့်ကြောက်ကာဖြင့်၊ ပြီးလာခုန်ထွက်၊ တောကြက်သိုက်မြုံ၊ နင်းမိတုံက၊ ပျက်စီးရသည်၊ ဒေါသစိတ်ထွက်၊ နင်းဖျက်သည်သာ၊ မဟုတ်ပါဟု၊ ကြောင်းရာစကားပြောလတ္တံ။ ပြောငြားလီက၊ မက္ကဋကို၊ အရရှိတော်၊ ခေါ်ရမည်ဟု၊ အပြင်းတခါ စီလတ္တံ။
မျောက်ကိုတဖန်၊ ခေါ်ခီပြန်က၊ မီးမြန်းစစ်ချက်၊ မျောက်ဆိုချက်မှာ၊ ကျွန်တော့်ဘာသာ၊ ညဥ့်အခါတွင်၊ သပြုပင်၌၊ ကိုင်တွင်နီပြီး၊ သပြုသီးကို၊ စားမည်ပြုခါ၊ နီလီပါသော်၊ သံဝါကြီးလှ၊ ရောင်းရင်မက၊ လန့်ကြောက်စရာ၊ ဟစ်အော်ပါက၊ လန့်ကြောက်လှ၍၊ လက်မှာကိုင်ပြီး၊ သပြုသီးလျှင်၊ လက်မှလွတ်ကာ၊ ကျလီပါက၊ နာကြင်ရ၏၊ ဒေါသစိတ်ထွက်၊ ရည်ရွယ်ချက်ကား၊ မဟုတ်ပါဟု ဆိုလတ္တံ။
ထိုသို့ဆိုခါ၊ တောင်ယာပိုင်သျှင်၊ ယာသခင်က၊ သံလျှင်ကြီးလှ၊ ရောင်းရင်မကို၊ အရခေါ်ခီ၊ စီလတ္တံ။ ထိုသို့စီခါ၊ သံဝါကြီးလှ၊ ရောင်းရင်မလည်း၊ ယာသျှင်ရှိမှောက် ရောက်လတ္တံ။ ထိုသို့ရောက်ခါ၊ မီးစစ်ရာတွင်၊ သင်ရောင်းရင်မ၊ ကြီးလှအသံ၊ တောလုံးညံအောင်၊ ပဇာဖြစ်၍၊ အော်သနည်းဟု မီးလတ္တံ။
ထိုသို့မီးခါ၊ သံဝါကြီးထ၊ ရောင်းရင်မက၊ ငှက်ရို့ဘာသာ၊ သစ်ပင်ထက်မှာ၊ အိပ်ပျော်နီဆိုက်၊ ထိုအခိုက်တွင်၊ ငှက်ငယ်ပန်ဇင်း၊ ကျွန့်ဝမ်းတွင်းသို့၊ ၀င်မည်ဟုပင်၊ ပြုပျင်သောခါ၊ ကြောက်လန့်စွာဖြင့်၊ အော်ရပါသည်၊ သတ္တ၀ါများမြောင်၊ ကြောက်လန့်အောင်ဟု၊ ကြံဆောင်ခြင်းကား၊ မဟုတ်ပါဟု ဆိုလတ္တံ။
ထိုသောခါဝယ်၊ ပန်ဇင်းငယ်ကို၊ ရှိတော်မှောက်သို့၊ အရောက်ထိုခါ၊ ခေါ်လတ္တံ။ ယာသျှင်ရှိမှောက်၊ ပန်ဇင်းရောက်က၊ သင်ပန်ဇင်း၊ ငှက်ရို့ဘာသာ၊ မဟုတ်ပါဘဲ၊ သံဝါကြီးထ၊ ရောင်းရင်မ၏၊ ၀မ်းတွင်းကိုသာ၊ ၀င်ဖို့ရှာသည်၊ ပဇာကြောင်းရင်း၊ ဟိသနည်းဟု မီးလတ္တံ။
မီးလီသောခါ၊ ဖြေသည်မှာကား၊ ကျွန်တော့်ဘာသာ၊ ချောင်းသာမြစ်နား၊ ဇီးကိုင်းဖျားတွင်၊ နီပါသောခါ၊ ကျွန့်မှာမိတ်ဆွေ၊ ဖားပြုတ်ကေက၊ ဖြားရီတက်မှာ၊ အုံးဘောင်စီးလျှက်၊ ၀င်၍လာကေ၊ အဆွေဖားပြုတ်၊ ဇာပြည်ဇာရွာ၊ ဇာကလာကေ၊ ဇာဇာသတင်း၊ ထူးသနည်းဟု၊ မီးလီသောခါ၊ ကျွန်တော့်မိတ်ဆွေ၊ ဖားပြုတ်ကေက၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံးမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လိမ္မည်၊၊ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်း၊ ကျိုးလိမ္မည်၊၊ လူလည်းလေးစု၊ ကွဲလိမ္မည်၊၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကို၊ မြင်လိမ္မည်ဟု၊ ပြောလီသောခါ၊ ကြောက်သည်အားနှင့်၊ ကြီးသူရှာကေ၊ ရောင်းရင်ဝမ်းသို့၊ ၀င်ဖို့အမှန်၊ ကြံပါသည်ဟု ဆိုလတ္တံ။
ထိုသို့ဆိုခါ၊ ယာကိုစိုးနင်း၊ ယာပိုင်မင်းက၊ ဖားပြုတ်မိုက်ကို၊ ခေါ်ရမည်ဟု စီလတ္တံ။ စီလီသောခါ၊ ဖားပြုတ်ထံသို့၊ တမန်ထိုခါ လားလတ္တံ။ တမန်ရောက်လစ်၊ ဖားပြုတ်မိုက်က၊ ထိုကိုယောင်ယောင်၊ ဒေယောင်ယာင်နှင့် နီလတ္တံ။
ထပ်ခါထပ်ခါ၊ ခေါ်များလာ၍၊ မနီသာကေ၊ ခုန်ကာစိုက်စိုက်၊ လိုက်၍လည်းလာ၊ ရှိမှာရောက်၍၊ စစ်မီးပါကေ၊ မာယာပရိယာယ်၊ လွန်ဆန်းကြယ်၍၊ ရယ်ဘွယ်စရာ၊ ပြုသည်မှာကား၊ ခြီလက်ပြောင်းပြန်၊ မျက်ဆံသီသုတ်၊ ဖားပြုတ်ကေမှာ၊ လျှာကိုထုတ်လို့၊ သီရုပ်ပျင်ကာ၊ အဖြာဖြာနှင့်၊ မာယာပရိယာယ်၊ ညာဏ်ဆန်းကြယ်စွာ၊ ပြလီသောခါ၊ ယာကြီးသခင်၊ စပါးသျှင်က၊ အမြင်ကတ်ကေ၊ ဖားပြုတ်ကေကို၊ လိမ်လည်ပြောမှု၊ ကျောက်နှင့်ထုဟု၊ ပီးသည့်အာဏာ၊ လက်မရွန့်ရို့၊ ထုပြန်ပါကေ၊ ကျောက်နှင့်ထုယင့်၊ ဖားပြုတ်ကေမှာ၊ ကြောတက်ယင့်လည်း တက်လတ္တံ။
ထိုသည်အခါ၊ ပါးစခံတွင်း၊ ဖားပြုတ်ကေမှာ၊ သွီးဖျင်းဖျင်းနှင့်၊ ခုန်ကာခုန်ကာ၊ လားလီပါကေ၊ လမ်းမှာတွိငြား၊ လူအများက၊ အဆွေဖားပြုတ်၊ နီလွန်းလှပါ၊ ဇာကလာဟု၊ မီးခါကာလ၊ သူကြီးမြီတိုင်း၊ ကျေးကိုင်းရွာစား၊ အိမ်သို့လား၍၊ ကွမ်းစားရသည်၊ အိုမိတ်ဆွေဟု၊ ဖားပြုတ်ကေကဆိုလတ္တံ။ ။

Tuesday, December 18, 2007
နွီအလွမ်း (၀တ္ထုတို)
နွီရာသီကိုရောက်လာပျာယ်။ အပူသျှိန်က အာကာကို အငွေ့ပျံတက်နီသည်။ မောင်နီတယောက် အိမ်ရှိ သရက်ပင်အောက် ကြိမ်ကုလားထိုင်မှာ ထိုင်နီသည်။ အာကာမှာ တိမ်မဟိ။ အယင်ကနွီရက်တိနှင့်မခြား အလှပလှ။ ကျောင်းပိတ်ချိန်ဖြစ်လို့ ကလေချေတိ စွန်တင်နီကတ်သည်။ စွန်အချင်းချင်းသိမ်းနီကတ်စွာကို မောင်နီမြင်ရရေအခါ သူအချေက ဖြစ်ခရရေဘ၀ကို အောက်မိမိသည်။
ယင်းအချိန်မှာ အိမ်နောက်ဖေးအုန်းပင်က ဥသြတွန်သံကိုလည်း ကြားနီရသည်။ အေပိုင်နွီရာသီတိ ကန်ကမကန် မောင်နီဘ၀မှာ ကျော်ဖြတ်ဖူးသည်။ အခုအချိန်မှာ မောင်နီသည် စွန်တင်ခရေမောင်နီမဟုတ်ပျာယ်။ အဖိုးသျှင်မောင်နီဖြစ်နီပျာယ်။
တချို့သောနွီရက်များကဆိုလျှင် မောင်နီသည် လူငယ်ဘ၀ကို ပိုင်ဆိုင်ဖူးသည်။ လူငယ်ပီပီ တက်တက်ကြွကြွ။ စိတ်ယင်လက်ယင်ဟိသည်။ အပင်တက်၊ ရီကူး၊ သူငယ်ချင်းတိနှင့် ပျော်ခသည်။ မောင်နီမှာ ကော့နီရေမျက်တောင်၊ ကျော့နီရေဆံပင်၊ ခိုင်ရေသွား ဟိခဖူးသည်။ တခါတရီ သူငယ်ချင်းတိဆုံလို့ သရက်သီးငါးပိဆားရည်စားချင်ကေ ရှိဆုံးက အပင်တက်စွာ မောင်နီ။
ယင်းချင့်တိကို စိုင်းစားကေ မောင်နီသည် အခုအချိန်မှာ ယိုင်တိယိုင်တိုင်လားနီရရေသူ့ဘ၀ကို သနားမိသည်။ အခုအချိန်မှာ ဖြူနီရေသူ့ဆံပင်၊ မှုန်နီရေသူ့မျက်စိကို ပွတ်ကြည့်နီမိသည်။ တခါတရီ ကိုယ့်စွာကိုတောင် မယုံချင်။ ဟုတ်ပါရေ အေချင့်စွာ မောင်နီမှမောင်နီအစစ်။ အက်ဒီဆန်ကိုအားကျဖူးရေ မောင်နီ၊ ဟိုချီမိန်းကို လေးစားဖူးရေမောင်နီ။ အေပိုင် ဥသြတွန်ရေနွီရက်တိမှာ ခရီးရှည်လားခဖူးသည်။ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးယက်ပင်းလေ။
မြစ်ကမ်းယောင်ဘုတ်စီးယင်းပျံနီကတ်တေ ဆိုက်ဘေးရီးယားငှက်တိကိုကြည့်ပျာယ် လွတ်လပ်မှုကိုခံစားဖူးခသည်။ ငှက်တိပိုင် အာကာမှာအတောင်ပေါက်လို့ ပျံပစ်လိုက်ချင်သည်။ လက်ဟိဘ၀နှင့် မရောင့်ရဲနိုင်ခ။ မောင်နီချုပ်ချယ်မှုတိ၊ ဘောင်တိ၊ အကွပ်တိကို ရွံပါလတ်သည်။ ယင်းချင့်စွာ မောင်နီလူပျိုပေါက်စဘ၀ကလေ။
မောင်နီအသက်နှစ်ဆယ်လောက်မှာ မိသားစုနှင့် ကွဲလားခရသည်။ လုံးချင်းကျန်မှုရသကို ခံစားခရသည်။ အေချင့်ကို ဝေဒနာတခုလို့ သူသတ်မှတ်တေအချိန်ကပင် အရက်နှင့်ဆီးလိပ်ကို စသောက်တတ်လာသည်။ မောင်နီခန္ဓာကိုယ်ထဲကသွီးတိရေ သူ့ကို စကားလုံးမဟိရေ ဘာသာတမျိုးနှင့် မိတ်ဆက်လာသည်။ မောင်နီမှာ ပြောစရာစကားမဟိ။ အရက်နှင့်ဆီးလိပ်ကို ဖိလို့သောက်ကြည့်မိသည်။ သာယာရေသံစိုင်ကြားမှာ လက်ပိုက်ကူးကြည့်မိသည်။ သူရို့ကမဟုတ်၊ မဟုတ်ဟုငြင်းသည်။ ယကေ သူရို့ ပဇာကို အလိုဟိပါရေလဲ။
မောင်နီပြန်မိန်းကေလဲ့ မကြားကွန်ဆောင်နီကတ်သည်။ နောက်ဆုံး မောင်နီသဘောပေါက်လာသည်။ သူရို့တိ တောင်းဆိုနီစွာက မောင်နီအတွက် ဘ၀အဖော်။ ယင်းပိုင်နှင့် အသက်နှစ်ဆယ့်ငါးမှာ မောင်နီမယားရသည်။ မောင်နီမယားရရေအချိန်မှာလည်း အေပိုင်နွီခါလေ။ အိမ်ရှိက ရွက်ကြွီပင်ကိုကြည့်ယင်း လင်မယားနှစ်ယောက် ရှိဖြစ်နောက်ကြောင်းပြောပျာယ် ပျော်ရသည်။ အိမ်သျှင်မမျက်နှာကိုကြည့်ပျာယ် တေးခြင်းဆိုလို့ ပျော်ခသည်။
ယင်းအချိန်မှာ လွတ်လပ်မှုအရသာကို ပြောင်းပြန်ခံစားလာမိသည်။ အယင်က ဥသြတွန်သံကို ဇာနှင့်လည်းနှိုင်းမရဆိုရေမောင်နီ အခု သူ့မယားအသံက ငှက်မြည်သံထက် သာယာနီပြန်သည်။ မောင်နီအသက်ကြီးပါလတ်ပျာယ်မနားယေ။
သူရို့လင်မယားနှစ်ယောက် ပထမဆုံးသားကိုရရေအခါ ဘဇောင်ပျော်လဲမသိ။ သူ့ကို ဘာဘာလို့စခေါ်ရေအချိန်စွာ နွီရာသီလေ။ ယင်းအချိန်မှာ ရာသီလေးလလုံး ဥသြအသံကို သူနားမစိုက်ခ။ ငှက်ကတော့ အိမ်နောက်ဖေးအုန်းပင်ထက်မှာ မြည်မြဲမြည်လီဖို့ရာ။ မောင်နီ လူပျိုခရီးထွက်ခါက အိမ်ကိုပြန်မလာချင်ခ။ ရက်တိကို သဘောက်ဖျာပိုင် ဖြန့်ထားချင်ခသည်။
အခု သားမယားနှင့်ခွဲနီရကေ အိမ်ပြန်ဖို့ကျည်းတွက်နီမိသည်။ မောင်နီမှာ နောက်ထပ်သားတယောက်၊ သမီးတယောက်ရသည်။ သူရို့တိမကြီးခင် လင်မယားနှစ်ယောက် အယင်ကပိုင် သစ်ရွက်လှုပ်စွာကိုကြည့်လို့ ကဗျာမဆန်နိုင်ပျာယ်။ လယ်ပြင်မှာ စွန်တင်ဖို့လားခရေသားအတွက် စိတ်ပူရ၊ သားနှစ်ယောက်နောင်ရီးအတွက် စိုင်းစားရ၊ ဘ၀ကာလတခုကို ဖြတ်သန်းရပြန်သည်။
ခရီးထွက်လားခရေသားကြီး အချိန်တန်လို့ အိမ်ပြန်ရောက်မလာကေ မမပီပီစိတ်ပူတတ်တေ အိမ်ကမယားကို ချော့ရသည်။ အဲလေ သူလည်း မောင်နီအချေခါပိုင် အိမ်ပြန်ဖို့ကို ကြိုးအရှည်ကြီးမသန်နှင့် လံထားလီဖို့။ လွတ်လပ်မှုကိုရှာပြီး သွီးကတောင်းဆိုချက်ကို ငြင်းနိုင်လီဖို့မဟုတ်။ ယင်းပိုင် သိတတ်တေအချိန်မှာ မောင်နီအသက် သင့်အောင်ချေကြီးနီပျာယ်။
သူ့ဘ၀ကို ခွန်အားနှင့်ရုန်းခသည်။ နိုင်ဖို့ကျည်းမျှော်လင့်ခသည်။ အခုအသက် ခုနှစ်ဆယ်ကျောက်ရေအထိ သူ့ဘ၀မှာ အောင်မြင်မှုတိ ဟိခရေပိုင်၊ မအောင်စွာတိလည်း တပုံ။ နောက်မှ ဘ၀ဆိုစွာ အေချင့်ပါကားလို့ နားလည်လာပြီး အဟိကိုအဟိအတိုင်း ပကတိကို ပကတိအတိုင်းမြင်လာသည်။ သားသမီးတိလည်း အတောင်စုံလို့ လီဟုန်စီးပျာယ် ပျံလားခကတ်သည်။
သူရို့လည်း မောင်နီဖြတ်ခရေနွီရက်တိကို အသိုက်အအုံဆောက်ပြီး ပျံသန်းနီကတ်ပျာယ်။ တနိနိတချိန်ချိန်မှာ သူရို့ဘ၀ကိုသူရို့ စိုင်းစားလာကတ်လိမ့်မည်။ ယင်းအချိန်မှာ သူရို့တိ ပဇာလုပ်ကတ်ဖို့လဲ မောင်နီမသိ။ လုပ်စရာမဟိရေ အေပိုင်ဝါကြီးတလုံးအတွက် နွီတရက်မကုန်နိုင်ပါ။
မှန်သားရောင်အာကာပြင်မှာ မိုးရိပ်တိကင်းစင်လို့ ရင်ထဲမှာတမျိုးကြီး။ အချိန်တန်လို့ အိမ်ပြန်ကတ်တေ ငှက်တိလည်း အာကာထဲမှာတ၀ဲဝဲ။ ကုလားထိုင်ဘေးက ၀ါးရင်းတုတ်ကိုကောက်ပြီး ရပ်စောက်ရပ်လိုက်သည်။ အစအဆုံးမဟိရေ သံသရာဘော်လုံးထဲမှာ အဆုံးသတ်တေ တိုက်တလုံးကို မောင်နီဆောက်ရခန့်သိမ့်။
မောင်မောင် (စစ်တွေ)

Subscribe to:
Comments (Atom)