Showing posts with label jokes. Show all posts
Showing posts with label jokes. Show all posts
Saturday, March 21, 2009
ဇာဖြစ်နီမှန်းမသိ (ဟာသ)
ကုမ္ပဏီတခုတွင် ၀န်ထမ်းများက စခန်းကြီးသောမန်နေဂျားအား ဘ၀င်မတွိဖြစ်လျှက်ဟိသည်။
တနိ မန်နေဂျာက ယုံးနားတွင်ဟိသောဆိုင်ကို ဖြတ်လားယင်း ဆိုင်ရှိတွင် ၀ထုပ်များတန်းစီးရောင်းချနီသည်ကိုတွိသဖြင့် ယုံးတက်ကေဆောင်းဖို့ အညိုရောင် ၀ထုပ်တလုံးကောက်ဝယ်လိုက်သည်။
နောက်နိတွင် မန်နေဂျာသည် လမ်းဘေးက သူဝယ်လာသော ၀ထုပ်ကိုဆောင်းလျှက် ယုံးတက်လာသည်။ ၀ထုပ်မှာ ကောင်းဘွိုင်ဝထုပ်ဖြစ်နီသဖြင့် ဟာသဖြစ်နီသည်။
ရက်အနည်းကြာလာသောအခါ သူ့ဝန်ထမ်းနှစ်ယောက်က ဆိုင်ဘေးနားဖြတ်လျှောက်ယင်း မန်နေဂျာဆောင်းသော ၀ထုပ်ကိုတွိသဖြင့် နတ်ချင်သွမ်းချင်သောကြောင့် ဆိုင်ထဲသို့ဝင်ပြီး အညိုရောင်ထဲက ၀ထုပ်ဆိုဒ်ကြီးကြီတလုံး ၀ယ်လိုက်သည်။
မန်နေဂျာ ထမင်းစားချိန် အပြင်ထွက်လားသောအခါ မန်နေဂျာ၏၀ထုပ်ကိုယူပြီး သူရို့ဝယ်လာသော ဆိုဒ်ကြီးကြီးဝထုပ်ဖြင့် လှဲချိတ်ထားလိုက်သည်။
မန်နေဂျာယုံးအပြန် ၀ထုပ်ဆောင်းသောအခါ ၀ထုပ်ကကြီးနီသဖြင့် ဇာဖြစ်လို့လဲ စဉ်းစားရကျပ်နီသည်။
နောက်နိ မန်နေဂျာ လုပ်ငန်းစစ်ရန် စက်ရုံဘက်သို့ရောက်နီဆိုက် ၀ထုပ်အငယ်ချေတလုံးနှင့် ပြန်လှဲထားလိုက်ကတ်ပြန်သည်။
မန်နေဂျာက ယုံးပြန်အဆင်း ၀ထုပ်ဆောင်းသောအခါ ဂေါင်းကကြီးပြီး ၀ထုပ်က ငယ်နီသည်။
“၀ထုပ်ကလည်းကျပ်လိုက်စွာ ဇာဖြစ်နီလဲမသိ” ဂေါင်းစားနီသည်။
နှစ်ပတ်လောက်ကြာသောအခါ ၀ထုပ်က ကြီးလိုက်၊ ငယ်လိုက်၊ နောက်နိ ပုံမှန်ဖြစ်လိုက်၊ မန်နေဂျာက “မဖြစ်ပျာ ဆရာဝန်ပြမှဖြစ်ဖို့” အတွက်ရသည်။
မန်နေဂျာက ဆရာဝန်ကိုပြောသည် -
“ဆရာ ကျွန်တော့် ဥက္ခောင်းက ပုံမှန်တော့မထင်။ တနိ ကြီးလိုက်၊ တနိငယ်လိုက်၊ ဇာဖြစ်နီမှန်းမသိ။”
(စမိုင်းမေဘလောခ့် (Link) မှ ကူးယူဖော်ပြသည်။)
Tuesday, April 1, 2008
ဆံပင်ကအမြစ် မုဆိတ်ကထွက် (ဟာသ)
အယင်ကခါ ရွာတရွာတွင် အလွန်ချမ်းသာကြွယ်ဝသော လယ်ပိုင်သျှင်မိသားစုတခုဟိသည်။ ထိုမိသားစုတွင် (မစာဥ) ဟုခေါ်သော အလွန်ချောမောလှပသော သမီးရတနာတဦးထွန်းကားသည်။ တဦးတည်းသောသမီးဖြစ်သဖြင့် အလိုလိုက်၍ မွီးစပ်ထားသည်။ သမီးမှာ ရုပ်ရည်ကလည်းလှပ ငွေကြေးကလည်းပြည့်စုံ အကျင့်စာရိတ္တကလည်း ကောင်းမွန်သည်။ ထို့ကြောင့် ထိုရွာတွင် သူမအား ကွမ်းတောင်ကိုင်ဟု အပျိုဖော်ရွယ်များက ခေါ်စမှတ်ပြုကြသည်။ မစာဥသည် သဘောလည်းအလွန်ကောင်းသည်။ ရွာတွင်အလှုဟိလျှင် သူဌေးသမီးဆိုပြီး မာနတက်မနီတတ်။ ရီခတ်၊ အိုးတိုက်အောက်ခြီသိမ်းက ၀င်ရောက်ကူညီလုပ်ကိုင်တတ်သည်။ သူမ၏အားနည်းချက်မှာ (၈) တန်းနှင့် ကျောင်းထွက်လိုက်ရခြင်းဖြစ်သည်။
ဤသည်မှာလည်း သူမ၏အားနည်းချက်မဟုတ်ပေ။ ရွာတွင် အထက်တန်းကျောင်းမဟိသဖြင့် (၈) တန်းအောင်သောအခါ ကျောင်းဆက်မတက်နိုင်ဘဲ ကျောင်းထွက်လိုက်ရခြင်းဖြစ်သည်။ မိဘများကလည်း တဦးတည်းသမီးကို မခွဲနိုင်။ မြို့တွင် ကျောင်းအိပ်ကျောင်းစားထားမည်ကိုလည်း စိတ်မချ၊ သူမ၏နောင်ရေးအတွက်လည်းပူစရာမလိုသဖြင့် ကျောင်းဆက်မထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမကို သူ့မိဘများက ပညာတတ်လူငယ်တဦးနှင့် ပီးစားချင်သည်။ သို့မှသာ သူ့မိသားစုတွင် လိုအပ်ချက်တခုပြည့်စုံလားမည်ဖြစ်သည်။ ငွေးရေးကြေးရေး၊ ဂုဏ်ဒြပ်နှင့်ပြည့်စုံပြီး အလွန်ပြည့်စုံပျော်စရာကောင်းသော မိသားစုတခုဖြစ်လာမည်မဟုတ်ပါလား။
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် သားသမီးများအား သင့်တော်သူနှင့်အိမ်ထောင်ချပီးခြင်းသည် မိဘများ အဓိကခေါင်းကိုက်သော ကိစ္စတရပ်ဖြစ်သည်။ အပြင်ကောင်းပြီး အတွင်းမကောင်း၊ ချမ်းသာပြီးစာရိတ္တမကောင်းသူနှင့် အိမ်ထောင်ချပီးမိလျှင် သမီးချေမှာ တသက်လုံးစိတ်ဆင်းရဲရမည်။ ထို့ကြောင့် ဆင်းရဲချမ်းသာအဓိကမဟုတ် စာရိတ္တကောင်းမွန်ဖို့ ပညာတတ်ဖို့အရေးကြီးသည်။ မိမိရို့ဖက်က ငွေကြေးပြည့်စုံပြီးသားဖြစ်သည်။ ထို့ကြောင့် မိဘများမှာ သမက်လောင်းလိုက်ရှာရသည်။ သမီးသျှင်ဖြစ်နီသဖြင့် တအိမ်ဝင်တအိမ်ထွက် လိုက်ရှာ၍မသင့်တော် လူသျှင်ရိပ်မိမည်ကိုလည်း ထည့်တွက်ရသည်။ ရွာက အခြင်းပြောမည်ကိုလည်း ကြောက်ရသည်။ ထို့ကြောင့် သင့်တော်မည့်လူငယ်လူရွယ်တွိလျှင် အ၀ီးကစောင့်ကြည့်အကဲခတ်ရသည်။ သတင်ပလင်းစုံစမ်းတီးခေါက်ကြည့်ရသည်။ အေသူ ဇာရွာကလည်း ဇာလုပ်တေလဲ။ မိဘက ဇာဇာတိလဲ။ မျိုးရိုးက ပဇောင်ပိုင်ယှောင်လဲ စသည်ဖြင့်ဖြစ်သည်။
များမကြာ ရွာတွင် ကျောင်းဆရာချေတယောက်ရောက်လာသည်း။ ရွာတွင် (ရ) တန်း (၈) တန်းကို သင်္ချာ၊ သမိုင်း၊ ပထီအစုံသင်ပီးရသည်။ အနီအထိုင်သပ်သပ်ယပ်ယပ်နီတတ်သည်။ အရက်မသောက် ဆီးလိပ်မသောက် ဖဲမကဇတ်တတ်။ ကွမ်းပင်မစားတတ်။ ထို့ကြောင့် ထိုသူငယ်အား မစာဥမိဘများက သဘောကျလျှက်ဟိသည်။ လူငယ်အချင်းချင်းလည်း ခင်မင်ရင်းနှီးမှုဟိသည်။ ခင်မင်ရင်းနှီးအောင်လည်း မိဘများက လမ်းကြောင်းပီးထားသည်။ ကျောင်းဆရာချေမ၊ှာ ကျောင်းဆရာပီပီ ပညာအရည်အခြင်းဟိသည်။ အကျင့်စာရိတ္တကောင်းမွန်သည်။ တွေးတောဆင်ခြင်ညာဏ်ဟိသည်။ သူသည် ကျောင်းအားရက်များတွင် တခြားသူများကဲ့သို့ ငါးဖမ်းဖွတ်ရှာ ကျမိကျရာအလုပ်မလုပ်တတ်။ ရွာဘုန်းကြီးကျောင်းသို့လားပြီး တရားနာ ဥပုသ်စောင့် သီလဆောက်တည်လေ့ဟိသည်။ ကျောင်းကအပြန် ရွာဦးထိပ်က ညောင်ပင်အောက်တွင် အအောင့်တပွေ အနားယူပြီးလျှင် တစုံတခုကို အလေးအနက်တွေး စဉ်းစားတတ်သည်။ ထို့ကြောင့် ရွာတွင် သူ့အား (အေကျောင်းဆရာချေ ကကောင်းပညာဟိရေ) ဟု နာမည်ကြီးလျှက်ဟိသည်။
မစာဥ၏အမိအဘများမှာ အခုမှ သမက်လောင်းကိုရှာတွိသည်။ သူများလက်မဦးခင် ကိုယ်ဦးထားမှဖြစ်မည်။ (လင်းတမှာအရိုး လူမှာအိုး) ဟု စကားပုံဟိသည်။ ထို့ကြောင့် ကျောင်းဆရာချေနှင့် သူ့သမီးကို အယင်ပီးစပ်လိုက်သည်။ လူငယ်ချင်းမိတ္တာမျှနီသည်တကြောင်း ကန့်ကွက်ပြဿနာရှာမည့်သူလည်းမဟိ၊ လက်ထပ်ပွဲမှာ လွယ်လွယ်ကူကူအထမြောက်သည်။ ပတ်ဝန်းကျင်အကုန်ရွာကိုဖိတ်ကြားလျှက် ကြီးစွာသောမင်္ဂလာပွဲပြုလုပ်သည်။ ဤရွာတ၀ိုက်တွင် အစည်ဆုံးမင်္ဂလာပွဲဟု ဆိုစမှတ်ပြုကြသည်။ ပွဲတွင် ၀က်သား၊ ကြက်သား၊ ဆိတ်သားအစုံ သင်္ဘောထိုးခြောက်ပါကျွေးသည်။ သင်္ဘောထိုးခြောက်မှာ အခုအခါ အလွန်ယှားနီပြီးဖြစ်သော်လည်း မိဘများက သမီးမင်္ဂလာဆောင်အတွက် မာန်အောင်ကျွန်းက ကြိုတင်မှာယူ စီစဉ်ထားရခြင်းဖြစ်သည်။
မင်္ဂလာဆောင်ပြီး လေးငါးခြောက်လကြာသော်လည်း လူငယ်မှာ ၄င်းပုစ္ဆာအား ခေါင်းကိုက်အဖြေရှာလျှက်ဟိသည်။ အခုထိအဖြေရပုံမပေါ်။ ညောင်ပင်အောက်သို့အလားများလာသည်။ အယင်ခေါက်ကဆိုလျှင် ဘုန်းကြီးကျောင်းကအပြန်မှရာ ညောင်ပင်အောက်ထိုင်ပြီး စဉ်းစားလေ့ဟိသည်။ အခုအခါ ညောင်ပင်အောက်သို့ တကူးတကလားရောက်ပြီး ထိုင်စဉ်းစားလေ့ဟိသည်။ စဉ်းစားချိန်လည်းပိုများလာသည်။ မယားမစာဥမှာ လင်ကိုချစ်သည်ကတကြောင်း ကြောက်သည်ကတကြောင်း ရိုသေသည်ကတကြောင်း။ အကြောင်းများကြောင့် လင်သည်အား ဖွင့်မမိန်းရဲပေ။ အဘာကိုလည်း ဖွင့်မပြောဝံ့ပေ။ သို့သော် အိမ်က ယောက်ခမနှစ်ယောက်စလုံးက ဤအကြောင်းကို ရိပ်မိပြီးဖြစ်သည်။ ဤအကြောင်းသည်လည်း သူ့သမီးနှင့်ပီးစပ်ရခြင်း၏အကြောင်းတချက်ဖြစ်သည်။
သူငယ်မှာ တရက်နိ ၄င်းညောင်ပင်ကြီးအောက်တွင် နိခြင်းကြောင်တောင် ဆောင့်ခြောင်ထိုင်လျှက် ထိုပြဿနာကို အလေးအနက်စဉ်းစားနီသည်။ လက်ကလည်း ရှောက်ခြမ်းစိတ်တခုကို မြီကြီးတွင် ရွီးခြစ်ပြီး ပုစ္ဆာအဖြေကို တွက်နီသည်။ ယောက်ခမကြီးကလည်း ဘုန်းကြီးကျောင်းကအပြန်နှင့်ကြုံသည်။ ထို့ကြောင့် ယောက်ခမကြီးက အေတခါ ကြုံတုန်းကြိုက်တုန်း မိန်းကြည့်မှဖြစ်မည်ဟု အတွက်ရသည်။ ထို့ကြောင့် သူငယ်နားသို့ကပ်လျှက် -
”အဘာငါ့သားမောင်ချေ ဇာဇာစဉ်းစာနီလဲဝေ” ဟု မိန်းလိုက်သည်။ ထိုအခါ သမက်ဖြစ်သူကလည်း ၀မ်းသာအားရဖြေသည်။
”အခင်အခင် ကျွန်တော်စဉ်းစားနီစွာ ကကောင်းကြာဗျာယ်။ အခုမှ စဉ်းစားလို့ရရေ၊”
”ဇာဇာလဲဝေ မောင်ချေ”
”အေမုဆိတ် ဇာကထွက်တေလဲဆိုမှာ ဆံပင်က အမြစ်ရာမနား အခင်”
သားမက်ဖြစ်သူ၏အဖြေကြောင့် ယောက်ခမမှာ ပါးစပေါ်လျှက် နဖူးလက်ခတ်မိတော့သည်။ သမီးသည်မှာ ထမင်းစားဖို့ လင်တော်မောင်ကို စောင့်မျှော်လျှက်ဟိနီလိမ့်မည်။
Subscribe to:
Comments (Atom)