=========
မိုးလင်းခါယေ
ချောင်းကြောတရိုး
ငါးယိုးရေ။
တချက်စာ
မြှုံးမှာရကေ
အရည်ပြွန်းပြွန်း သောက်ဆမ်းငါး
ချက်စားရေ။
စားလို့ပြီးကေ
တပွေမနား
တောနားယောင် တောင်ကိုလား
နွားကျောင်းရေ။
ထိပ်ကွက်နံပိန်
ဂြိုလိမ်ဂြိုကား
ဝမ်းဖားဖား
တောကြိုတောင်ကြား လျှောက်ပျာလား
စားကတ်တေ။
နပျိုးဖူး တဖူးနှစ်ဖူး
ချိုးလို့ခူး
ဗူးညွန့်စကေ ဒူးလောက်ရှည်
မြောက်ဥလည်း တူးခမေ။
တရက်စာ နပ်စာလည်းရ
စားဖို့ရကေ
အဘာတောက ရောက်လတ်တေ။
အလုပ်လုပ်
တကုတ်ကုတ်နှင့် မိုးချုပ်တေ။
မိုးလည်းချုပ်ကေ
ဝါးတုတ်ကိုချိုး အိုးနှင့်ပြုတ်
ကျောက်ပုဇွန်တုတ်
လက်သုပ်သုပ်
အစဖုတ်တက်ယောင် အုတ်ကတ်မေ။
အောင်လှခိုင် (ဒိုက်ကလူ)
October 21, 2026 (ဗုဒ္ဓူးနိ)

No comments:
Post a Comment