Monday, October 12, 2026

ဘိန်းစားစိတ်ကူး



ဘိန်းစားစိတ်ကူး
=========

မိုးထ (၄) ချက်တီးထလို့
မိုးချုပ်ကနီဝင်
အလုပ်လုပ်
စက်ရုပ်လူသား
နိမအား ညမအား
ဝမ်းရီးအတွက်
ရုန်းကန်လှုပ်လျှား
တပါတ်ငါးရက်
နားရက်မဟိ အမေရိက။

တခါတရီ နှစ်ရက်ဆက်တိုက်
Overtime ဆင်းရ
နားရက် သုည။

ယလောက်စွာမှာ
တပါတ် (၃) ခု
မွီးနိဖိတ်စာ
တခုခု မပီးကေလည်း မကောင်း
မတောင်းကေလည်း အားနာရ
မျက်နှာပဇောင်ပြခန့်ရောင်။

မုန့်တီဟင်းရည်သောက်ရခြီကေလည်း
စိတ်က မသထီ။

မွီးနိပွဲ (၃) ခု
မာရသွန်ဒေါက်လျှောက်လားပြီးသနာ
ညဇာသားနီမဝင်ခင်
ငါးမိနိအချိန်ရ
ပရုန်းနရုန်း
UN ရုံးရှိမှာ ဓါတ်ပုံရိုက်
Facebook ထက်တင်
ပရိဿတ်မြင် Share ရလျှင်
အားအင်ပြန်ဖြစ်
တနှစ်ပြီး တနှစ်။

တပါတ်အလုပ်လား
တရက်နားလို့ တရက်အားကေ
ရခိုင်ပြည်ကြီး သီးခြားလွတ်လပ်ရီး
စာတန်းရွီးဖို့ စိတ်ကူးရေ။

ရခိုင်ပြည်ကြီး သီးခြားလွတ်လပ်ရီးရကေ
ပါတီထောင်လို့
ဝန်ကြီးချုပ်လုပ်မေ။

မောင်ဂေါက် (ရခိုင်ပြည်)
October 9, 2026 (သေက္ကြာနိ)

No comments:

Post a Comment