Friday, June 6, 2025

မဟာမုနိဒုံးယိမ်းသံကျပ်



မဟာမုနိဒုံးယိမ်းသံကျပ် (အစ/အဆုံး)
===============

သုံးပါရတနာ မြတ်ဆရာနှင့်
မာတာပီတ အနန်တကို
ဂါရဝနှင့် လက်ဦးချီ
သုံးခါသုံးလီ လက်စုံမိုးလို့
ရှိခိုးကန်တော့လိုက်ပါသည်။

ပဝေသဏီ လွန်လီရှိက
ရာဇတိက္ကမ ကျမ်းအလို
ရာဇဝင်ကို ဆိုကာနှုတ်
တိုတိုတုတ်တုတ် ပြောပါမည်။

နှစ်လေးသင်္ချေ ကမ္ဘာတသိန်း
ကိန်းခန်းလွန်မြောက်ပြီးသောအခါ
ဗုဒ္ဓမြတ်စွာ ပေါ်လာထွန်း
သျှင်လူရဟန်း ကျွတ်တမ်းဝင်။

သတင်းပေါ်တွင် လွန်ထင်ရှား
ဘုရင်ရွှီနားကြားသောခါ
စန္ဒာသူရိယာ တောင်းပန်ပြု
ဒိဗ္ဗစက္ခု ရှုကြည့်သော်
အခြံရံဖော် ယာဉ်ရထားနှင့်
ငါရို့ဘုရား ကြွမြန်းလာ။

ထိုစဉ်အခါ ဘုရင်ကြီး
ရွှီထီးလှူဒါန်း ပီးပြီးသော်
ဆွမ်းပန်းကပ်လှူ ပူဇော်ပြီးက
ဗုဒ္ဓတရား ဟောကြားရေ။

ရဟန်းသျှင်လူ ပြည်သူအပေါင်းမှာ
ပြည်နိဗ္ဗာန်ကို ကြံစည်ညောင်းလို့
သောင်းသောင်းသာထု ခေါ်ကတ်တေ။

ပြည်လည်း (နိဗ္ဗာန်) ၂ ဗုဒ္ဓလည်း (မြတ်စွာ) ၂
(ကိုယ်စားတော်) ၂ ထားခပါရေလေး။

ဗုဒ္ဓသာသနာ ထွန်းခပါသည် ထွန်းခပါသည်
ဗုဒ္ဓသာသနာ ထွန်းခပါသည် ထွန်းခပါသည်။

အေဂနိတိုင် အေခုတိုင်
ဗုဒ္ဓဘာသာထွန်းခပါသည်လေး။

ဗုဒ္ဓလည်း (မြတ်စွာ) ၂
(ကိုယ်စားတော်) ၂ ထားခပါသည်လေး။

သာသနာနီရောင်လင်း စိုင်းဒြားမင်းစိုးခပါရေ
ဝေသာလီ ကျောက်လှီကားမှာ
ကျောက်စာရွီးထိုး ထားခပါရေ
(စောမွန်တည်ကေ ရွှီမြောက်ဦးလေ)၂
သျှစ်သောင်းဘုရားမှာ
ထောင်ထားလို့ ဟိလီပါသိမ့်ရေ။

ဖိုးဖီးစိုင်လာ (ဖိုးဖီးစိုင်လာ)၂
ဖိုးဖီးဇူဇာ (ဖိုးဖီးဇူဇာ) ၂
ဗုဒ္ဓသျှင်ဘုရား (ကိုယ်စားတော်) ၂
ကိုယ်စားတော် မြတ်ဘုရားကို
တည်ထားလို့ ကိုးကွယ်ပါခရေ။
(ဟန်စိလေ) (ဟန်စွလေ) ကိုးကွယ်ပါရေလေး။

ကျောက်တော်တောင် တောင်ခြီရင်း
ရွှီအဆင်းနှင့် တင့်တင့်တယ်တယ်
မျက်နှာတော် ရွှင်ကာပြုံး
သီတင်းသုံးလို့ ကိန်းဝပ်စံမ္ပါယ်
(ကြည်နူးဖွယ်) ၂ ကြည်နူးဖွယ်လေး။

ထက်အောက်အနန္တ စက္ကြဝဠာ
လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း ကောင်းကျိုးချမ်းသာ
မေတ္တာ ဂရုဏာ ဥပေက္ခာ မုဒိတာ နိဗ္ဗာန်ချမ်းသာ ရနိုင်ပါစီ
ကျမ္မာချမ်းသာကြောင်းကို
အကျွန်ရို့က ဆုတောင်းမေတ္တာဝီ။

(ယိမ်းလိုက်လေး ယိမ်းလိုက်ယိမ်းလိုက်)
(ယိမ်းလိုက်လေး ယိမ်းလိုက်မောင်ရို့)

ပြည်လည်း (နိဗ္ဗာန်) ၂ ဗုဒ္ဓလည်း (မြတ်စွာ) ၂
(ကိုယ်စားတော်) ၂ ထားခပါရေလေး။

(ယိမ်းလိုက်လေး ယိမ်းလိုက်ယိမ်းလိုက်)
(ယိမ်းလိုက်လေး ယိမ်းလိုက်မောင်ရို့)

ရမ္မာဒွါရ မေဃဝတီ ဓညဝတီရခိုင်သားရို့
ဖလံဗိုလ်မင်း ဘင်္ဂလားမကျန်
ကျမ္မာပါစီ ဆုတောင်းပီးလိုက်
(ချမ်းသာပါစီ ဆုတောင်းပီးလိုက်)။

ရခိုင်ပြည်ကြီး အီးချမ်းစီ
ငြိမ်းချမ်းပါစီ ဆုတောင်းပီးလိုက်။

(ယိမ်းလိုက်လေး ယိမ်းလိုက်ယိမ်းလိုက်)
(ယိမ်းလိုက်လေး ယိမ်းလိုက်မောင်ရို့)။

ကောင်းကျော်ဖြူ
(ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား) (June 8, 2025) (တလင်္ဂုနီနိ)


No comments:

Post a Comment