Monday, May 19, 2025

ပိသုကာ

ပိသုကာ
======

စာပဒေါင်းသည် အဟောင်းမခင်
အသစ်မြင်၏ --။

နွယ်မျှင်သွယ်တန်း သူ၏နန်းတွက်
ရက်ကန်းတတ်မြောက် သူတည်ဆောက်၏ --။

မိုးရောက်သည်နှင့် အဆင်သင့်ပင်
လီနှင့်အတူ တလူလူလွင့်
အောင်လံရွှင့်၏ --။

တွေးချင့်ထောက်ရှု ဤကောင်းမှုလျှင်
ကုသိုလ်ပြုရာ ကျောင်းကန်သာက
ကဗျာတပုဒ် ပုံပြယုဂ်တည့် --။ ။

(နရသီဟ)



No comments:

Post a Comment