===========
အိမ်ကြက်ချင်း အိုးမဲသုတ်ခွတ်ခိုင်း
မြန်မာလက်ဝှေ့ဝိုင်းမှာ
ဆိုင်းတီးပီးရေလူက တီး။
လက်သီးပြင်းပြင်း
ဝိုက်လို့သွင်း။
ချက်ကောင်းထိမှန်
နောက်ဂျွမ်းပြန်။
ပင့်လို့လည်းထိုး
ပါးရိုးကျိုး။
နောက်ပြန်လည်းဝိုက်
တန်းတောင်ဆစ်။
ချန်ပီယံ ဗိုလ်လုပွဲ
နဖူးကွဲ ဒူးပြဲ
သွီီးရဲရဲ သံရဲရဲ။
ဒိုင်ပွဲရပ်လူက ရပ်
အမှတ်နှင့် နိုင်လူက နိုင်
အလဲထိုးလူက ထိုး
ဇရက်ဇရာ ကျခါကျ။
ဆယ့်နှစ်ချီ ဗိုလ်လုပွဲမှာ
သက်လုံကောင်းဖို့က အဓိက
အရေးကြီးစွာက စိတ်ဓါတ်
သို့သော် မြန်မာလက်ဝှေ့သမားတိပိုင်
မာဂုဏ်ကို အားကိုးကေ
မျက်နှာဘီလူးရုပ်ပေါက်လို့
နံရိုးထွတ်ထွတ်ကြီပြီးသနာ
ဒိုင်ပွဲရပ်နှင့်အဆုံးသတ်
သပွတ်အူလိုက်လားဖို့ယေ။
သာလှဧူး (မြောက်ဧူး)
No comments:
Post a Comment