အပိုဒ် (၁)
သိန်ကန်မိန်တွင် ဆယ့်နှစ်ခွင်ကို
လွန်ပင်မြင့်စည်
ကြာရှည်တာအကူး။
တပေါင်းမင်းလွင်
ရွက်ကြင်တောင်လီမြူးက
ပြစ်သွယ်နူးစီးသွယ်ဖြာ
မတတ်သာပြီ မှိုင်းလို့ရီကေ
ကြည့်လီသမျှသာတည်း
ပင်တိုင်းမှာ ညှာရွက်ကြွီ။
လီပြင်းခတ်လိုက် ပရစ်ဝီဝီနှင့်
ငှက်ရွှီမောင်နှံစုံ။
လိုင်ချင်းတွဲယှက် ပန်းနုခက်ကို
ယူလျှက်နှုတ်ဝယ်မုံ၍
စာခွန့်တုံရွှင်နှစ်လို့။
တထူးထွေလာ ဘာသာလူလို
မကိုနှုတ်ဖြင့်တို့၍ ဤသို့ချစ်ဖွယ်ဆင်
ရာသီခွင်ဆယ့်နှစ်လမ်း။
ငြမ်းနှင့်အညီ မိဂသီပင်
ရှိကမြင်သော်
စက်ခွင်မှာယောင်ယမ်းခယ့်
ထောက်လှမ်းမစာနာ
ပညာအထု မြတ်သူ့ကြည့်မှန်
ကြာလီဟန်မူ သူရတန်ရင်သွီး။
ဒန်ရမာဇာလီ ဒူရဘီနှင့်
ချစ်ညီတူခရီးကို
နောက်မီးမလျှောက်လို။
နီလည်းနှစ်ဆင့် နှစ်ပွင့်စုံညီ
မဒ္ဒီရှိအဟိုရို့
တောင်ကျွန်းညိုလောကဓါတ်။
တိုင်းမဇ္ဈိမာ ယင်းကဖြာကေ
ရာဇာအမျိုးမြတ်၏
ဆက်မပြတ်သိမ်းယူပြန်။
သာကီအဆက် နွယ်မပျက်ကေ
ကနက်ဖြန့်ကာစံ၏
သျှစ်တန်ပလ္လင်ရိုး။
ဘိုးကဆက်ခံ ဘနန်းစံကေ
နန်းရံကိုယ့်အမျိုးတည်း
ကတိုးနံ့ ဥဒဟို။
သင်းပျံ့မွှီးကြိုင် သျှစ်ရပ်လှိုင်သည်
မဏ္ဍိုင်ချက်မြုပ်သိုထက်။
ပြည်နဂိုရ်ဝေသာလီ
ဓညနှစ်ခန်း နှစ်ပြည်လွှမ်းကေ
ထီးနန်းအစီရီတည်း
မျိုးသာကီစိုင်မပျက်။
နှစ်ပေါင်းရှည်ကြာ မဟာနွယ်မျိုးတက်၏
မယှက်မနှောပြီ။
သျှစ်သောင်းအချာ ဆက်ကာစိုးစံ
နန်းရံမယ့်ဌာနီသို့
ရာသီခွင်မစွန်းခင်။
အောင်စည်ရွှန်းလို့
စက်ပန်းဖြန့်စီချင်ရေ
နောက်ခွင်ကြာလွန်းစွတကားလည်း။ ။
အပိုဒ် (၂)
နောက်ခွင်ကြာလွန်း
ရာသီစွန်းလျှင် ရစ်သန်းလှည့်ခါ
သျှစ်ဖြာအုံးလာကြိုး။
အာကာတိမ်းညွတ် ပြိုလတ်ဘိသွင်
မယ်လျှင်လက်စုံမိုး၍
ကြောက်ရွံ့စိုးညှိုးမျက်နှာ။
လက်ရွှီဖြန့်ထား
သိကြားကိုလျှောက်ထားပါ၏
တောင်ညာမဟီရင်သွီး။
နှစ်ပါးမောင်နှံစုံ ဘုန်းရိပ်လှုံကေ
ပဒုံကြာနံ့မွှီး၏
ချစ်ကြွီးမတင်ခင် ဆယ့်သုံးနှစ်ဝယ်
ငယ်ရွယ်စိုင်ကပင်တည့်
ဘနတ်သျှင်လောင်းဘုရား။
ခြားဝမ်းမကွာ ရင်းချာမောင်မယ်နှစ်ပါးကို
ပီးမြားစုလျားတင်။
လက်ထပ်ရီသွန်း ဆယ့်နှစ်ခန်းမူ
ထူးဆန်းသဘင်ဆင်၍
ချစ်ကြိုးမျှင်သွယ်ရစ်ပတ်။
နဝရတ်စီ သိင်္ဂီအိမ်ရှိနတ်နှင့်
စိန်ခြယ်သတ်အလယ်တွင်
မောင်းမများမြောင် တထောင်မက
စံကြတုံးကိုပင်တည့်
သုံးနှစ်ရာသီမှာ။
ကုလားနီပြန် သူရတန်က
အားအန်ပြတုံလာ၍
ခွန်ဘဏ္ဍာဆက်မသွင်း။
ဥပရာဇ်သျှင် မယ့်ထိပ်တင်ကို
အလျှင်ချီစေလျှင်းဟု
သောင်းတွင်းဇမ္ဗူပိုင်။
အာဏာမိန့်မြတ် ဘခင်နတ်က
အမတ်တထောင်
မြားမြောင်လက်နက်ကိုင်နှင့်
တောင်မဏ္ဍိုင်ပြိုမခန်း။
ဆင်မြင်းစစ်ချီ ပဲ့တင်ဝီကေ
ဤမြီသိမ့်သိမ့်ကျန်းမျှ
နန်းအိမ်ရှိသိခင်။
နံတော်ကမူ စတူရပါဒ်
နက္ခတ်အထွန်း ကျီးကန်းတာရာ
ဟင်္သာအထွက်
စစ်ချီတက်လျှင်တည့်
နောက်ခွင်မောက်သူဇာ။
ခရိုင်တလွှား အပိုင်စားကေ
စံကားသုံးကြိမ်ကြာခယ့်
တောင်တာကိုချင့်တွက်ပြန်။
မယ်ရို့စံမြန်း ရွှီဘုံနန်းနှင့်
ဂဏန်းသင်္ချာ ယူဇနာမူ
နဝါဒသမှန်၏
အလျှင်အမြန်ပြန်စီကြောင်း။
ဆုတောင်းဆုယူ သိမ့်သိမ့်ဆူကေ
သျှင်လူများအပေါင်းတည့်
နန်းလောင်းမယ့်သိခင်။
အောင်ပန်းစိုက်ဆောင်
ဘုန်းခေါင်ပြန်စီချင်ရေ
လျှောက်တင်ခါပန်းစွတကားလည်း။
အပိုဒ် (၃)
လျှောက်တင်ခါပန်း
ရာသီဆန်းလျှင် နန်းမြင့်အောင်မြီ
ဆယ့်နှစ်လီရစ်သန်းမြူး။
မောက်သူဇာကေ ဒက္ကာဆိပ်ကမ်းဦးက
ကျေးဇူးဂုဏ်သျှစ်တန်။
အမတ်လိမ္မာ ထိုမြို့ရွာတွင်
အာဏာသုံးခယ့်ပြန်မှ
ပြောင်ဆဒ္ဒန်မာတင်ရိုး။
ထွက်လျှင်မပြန် မလှန်ကိုယ့်မင်းမျိုးတည့်
ဆိုးကောင်းနှစ်ပါးတွင်။
ရိပ်ခြည်အမျှင် အသျှင်သိလျှင်းပင်တည့်
ပညာသျှင်အုပ်ထိန်းမှ။
မြို့ပြပြည်ရွာ သာယာစည်ကားလှ၏
မင်းယောက်ျားဓမ္မတာ။
ပညာမဲ့ကွက် ဉာဏ်မစွက်သော်
ပြည်ထက်မထားရာတည့်
ရှိကျမ်းလာထုံးစာဟောင်း။
ကျိုးကြောင်းသိပြန်
ဘွဲ့မွန်အမတ်ကောင်းကို
နောက်တကြောင်းကုလားရွာ။
အပိုင်အပ်ပြီး စစ်သူကြီးဟု
စောထီးထားခယ့်မှာ၏
ဘရာဇာမိန့်တော်မြတ်။
ဦးထိပ်ရွက်ပန် နန်းရံအိမ်ရှိနတ်ကို
ရိုညွတ်လျှောက်ထားတင်။
ရာသီပြောင်း၍ မိုးနှောင်းဝါလ
ဆောင်းစအကူးတွင်၌
များဖျင်စစ်ဗိုလ်ခြီ။
ထိုမြီတဝက် လက်နက်ထားခယ့်စီဟု
မြောက်လီဖြူးလာလျှင်
ဘရာဇာမိန့်မြတ်ထူး
ဦးထိပ်ပန်ရွက်ဆင်၍
ရှိလာလျှင်နောက်လည်းကောင်း
ရုံးပေါင်းရှုမျှော်
ဉာဏ်တော်သာအကြောင်းတည့်
မင်းလောင်းရာဇာ။
ကြည်းရီတင်းကျန်း
မြစ်လမ်းနှစ်ဘက်မှာလည်း
နိမကြာအထပ်ထပ်။
ရက်စပ်စိယ်ကျွန်
ရောက်လတ်ပြန်သော်
အမှန်မယုံလတ်ခယ့်
နောက်ရပ်ပိုင်သိခင်။
ဟေမန်အကူး
ရဲမှုးစစ်အောင်မြင်ရေ
ရောက်ထင်ကြာနန်းကတကားလည်း။ ။
သုဝဏ္ဏဒေဝီ (စောပြည့်ညို) ရွီးဖွဲ့သည်။
No comments:
Post a Comment