Tuesday, March 24, 2015

WIPE OUT YOUR TEARS


WIPE OUT YOUR TEARS
==========================

Dear my sister!
Please wipe out your tears.

They tied our mother
And beat her with bamboo-baton.

They also accused our father "Outlaw".

They burnt down our village
And seized all the pigs and cows.

They are the same beasts
Like the pigs they seized.

They also calls the elder ladies "Mothers",
And they stole mothers' cup.

The uncivilized inferior people
Forced us to do hard labours.

They came from the starving country
And very voluptuous,
They eat everything they found in the village.

The invaders in turn accused us "Rebels".
Your friend "......." also came back
To the village very late at night
Who they used to winnow.

They also tortured our Grandpa
And killed him later.

The old Grandma they abused
To carry water for their camps.

They are very dirty.
At last, they raped you.

Dear sister!
Please do not weep,
Wipe out your tears,
We have to cross beyond the river.

One day,
Our country must be liberated.

K. Kyaw
(Feb 7, 1998)
This poem is a true story of northern Arakan border.

ယုံတော့ဘူးကွယ်


ယုံတော့ဘူးကွယ်
============

အချစ်ထန်ပြင်းရင်တော့
နောက်မီးမလင်းနဲ့ပေါ့ --။

ရှင်ဟာ ကျမရဲ့ဘဝ
ဒါဆို ကမြင်းကြော မထရ --။

ရှင်ဟာ ကျမရဲ့အချစ်အိုး
ဒါဆို ခိုးမစားနဲ့ --။

ရှင်မရှိရင် မြန်မြန်သေ
ဒါဆို မဖောက်ပြန်နဲ့လေ --။

ရှင်နဲ့ မခွဲနိုင်ဘူး အကို
ဒါဆို ပဲမကိုင်စေလို --။

ဆိုသာဆို ပိုမိုသည့်စကား
မေအပျို ခြုံခိုကာ
နေညိုညို အိမ်နောက်ဖေးမှာ
ဖောက်ပြား မှောက်မှားကာ သူလျှောက်ပြေးတော့
အကြင် လင်ယောက်ကျားနားကို
အလျှင် ပေါက်ကြားသွားလေသတည်း --။

ရေဒီယို ဗီဒီယိုများဆီက
၁။ ပြည်ထောင်စု မပြိုကွဲရေး
၂။ တိုင်းရင်းစည်းလုံးညီညွတ်မှု မပြိုကွဲရေး
၃။ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး
တို့တာဝန်အရေးသုံးပါးကို
သံညောင်ညောင်နှင့် ဟောင်သံကြားပါရလျှင်
နတ်ကတော် လျှာဖျားပါးစပ်ဖျားဖြင့်
ဗုဒ္ဓ၏ပဋိစ္စသမုပ္ပါဒ်
နတ်သုဒ္ဓါ တရားတော်မြတ်ကို
အသလွတ် ရွတ်ဖတ်နေသလိုပင် --။

ပါးစပ်လား
ပါပ်စားလားဟင် --။ ။

(သာလှဦး)

မိုးထက်မင်္ဂလာ


မိုးထက်မင်္ဂလာ
=======

အိုလူရို့
ထကတ်ဖိ
မိုးလင်းဗျာ --။

ရှောက်ပနီငှက်ချေ
နီဆာလှုံလို့
အကိုင်းဖျားမှာ
နားနီဗျာ --။

စာချေတရွီ
ညီညီညွတ်ညွတ်
တသုတ်ပြီး တသုတ်
တအုပ်ပြီး တအုပ်
လှည့်ပျံလားခဗျာ --။

အလယ်တရိုး
ဝက်မတိုးရအောင်
ခြံထိုးလို့ ကာကွယ်ရဖို့ --။

ကျီးကျလို့ မပျက်ရအောင်
မီးထလို့ ဖော်ကတ်ရဖို့ --။

ရွာဦးကျောင်းက
ခတက်ခေါက်ပျာ
မချေလားလို့ ဆွမ်းပို့ခီ --။

မောင်ချေ ပျိုးကြဲ
အကိုကြီး လယ်ထွန်
အကိုလတ် ငါးရှာလားကတ်လီ --။

မကြီးဆန်ဖွတ်
အမိဆန်ပြာ
အဘာ တောသို့လားပတ်စီ --။

တက်ညီလက်ညီ
ရီကြိုင်မြမြ
ကစ္ဆပနဒီ
နှင်းဝီ၀ီမှာ --။ ။

(သာလှဦး)

မိုးမျှော်တမ်းလွမ်းခြင်း


မိုးမျှော်တမ်းလွမ်းခြင်း
===============

(၁)
တက်သီးတချက်
ပြင်းပြင်းခေါက်လိုက်မိသည် --။

ရင်ထဲမှာ မကြေနပ်ချက်တိ မွန်းကျပ်
အသက်လျှူမ၀ --။

လက်သီးကို နနောင်းဆုပ်
အကြောင်းမဲ့ ကြမ်းပြင်ကို ထုလိုက်မိရေ --။

ပါးစိကို တင်းတင်းကိုက်ထား
မိတ်ရိုးများ ကားထွက်လာ၏ --။

ဂေါင်းထဲမှာ ထိုအတွေး ဒေအတွေး
အတွေးပေါင်းများစွာ ယောက်ယက်ခတ်
ယှုတ်ထွီးလျှက်ဟိရေ --။

မျက်စိကို စစိမှိတ်
ထွက်သက်ကို နခေါင်းထဲက
မှုတ်ထုတ်ပစ်လိုက်တေ --။

ဒေါသအငွေ့ကြောင့်
ထွက်လီ၏အပူရသ
ကြောင်းလို့ ခံစားလိုက်ရရေ --။

နားဂျီနှစ်ဖက်က
စမုတ်ကြောများ ထောင်တက်တင်းမာ
သံချောင်းများ ပမာ --။

ကုတ်ထားသည့်မျက်မှုန်
ရှုန့်တက်လာရေ တွန့်ကြောင်း
အပေါင်းများစွာ --။

ခံစားချက်များ ပြင်းထန်
အောင့်အည်းသည်းမခံနိုင်ရေ အဆုံး
မချိပြုံး ပြုံးလိုက်မိသည် --။

(၂)
နီရာတကာ မသမာမှုတိကြီးစိုး
ကကောင်း အရုပ်ဆိုး၏ --။

ဒုက္ခကို ဂြင့်ခါးသီးပိုင်
ချိုမြိန်စွာ စွဲလမ်း
တမ်းတမ်းတတ လောဘရမက်
သက်ပြင်းချရ အခါခါ --။

မကောင်းမှုကို ချိုမြိန်စွာ သောက်သုံး
ယစ်မှုးနီကတ်သူများ
ဝင်းကြွားမင်းမူ အောင်လံထူလျှက် --။

အဆိုးအညှက် အမှိုက်သရိုက်တိကို
တိုက်စားပစ်ဖို့
တော်လှန်ရေးမြစ်ရီခမ်းခြောက်
မျက်တွင်းဟောက်ပက် လူမမာ --။

နာရီစက်ဝန်း မိနစ်စက္ကန့်ရို့သည်
အခိုက်အတန့်လိုက် ကုန်ဆုံး
နီလုံးညိုညို ညရိပ်ခို --။

အတ္တအတ္တ
အတ္တအမှောက်ထု တွင်းနက်အောက်
တယောက်ပြီးတယောက်
ဒိုးယိုပေါက် တောက်လျှောက်ကြီးဆင်း
ခွာသံပြင်းပြင်း --။

နောက်ကျိကျိ အမှောင်အတိပြီးသော
ငရဲအိုင်ကြီးထဲက
လွတ်လမ်းမဲ့ ငါးချေတိပိုင်
ကျုပ်ပုတ်ရည် ညစ်ညမ်းသည်ရာ
အသက်ရှင်ရာလား လွတ်မြောက်ရာလား --။

အရောင်နှမ်းနှမ်း မွဲခြောက်ခြောက်
လိုင်တံတို ပျိုင်းအိုတချို့ကလည်း
ပွက်သည့်ငါးကို အလိုက်ချောင်း
အကြောင်းအားလျှော်စွာ --။

ဘုရားသခင် ဖန်တီးထားသည့်
ဤကမ္ဘာမြီကြီးသည်ကား
ဒုက္ဖအတိမွှမ်း ဆိုးသွမ်းလှပါဘိတကား --။.

ပူလောင်ထန်ပြင်း
ဆင်းရဲလှပါဘိတကား --။

အပူမီးများချုပ်ငြိမ်း
အီးချမ်းသော အနာဂါတ်မိုးထက်ကောင်းခင်
စက္ကြာဝဠာတခွင်လုံး
လှပသာယာ ကြည်လင်လာဖို့
ရတနာမိုး ပေါက္ခရဝဿမိုး
ထိန့်ကြိုးရွာသွန်း လောင်းဖြန်းပီးပါဖိလော့ --။ ။

(သာလှဦး)
29/5/2000

Sunday, March 22, 2015

ဆီး


ဆီး
==
အိုက်ကေ့ကေ
ဝိုက်ထည့်လိုက် --။

(သာလှဦး)

Sunday, March 1, 2015

ရဲ့ (ယေ့) (ဧ့)

ရဲ့ (ယေ့) (ဧ့)
==========

အပေါက်မှား၍
အောက်ကားပြောင်းပြန်
ပက်လက်လှန်သည်
(အံ) ဖို့ (ရွံ့) ဖို့ ကောင်း၏တည်း --။

(သာလှဦး)

Saturday, February 28, 2015

ရခိုင်သားနှင့် အောက်ပေါက်ဝါဒ


ရခိုင်သားနှင့် အောက်ပေါက်ဝါဒ
====================

ရှောက်ကြည့်လိုက်ပါ
ယောက်ျားဖြစ်ပြီး
ဆရာကြီးမှာ
အောက်ကအပေါက်မှားနီရေ --။

(သာလှဦး)

ကောသလမင်းကြီးအိမ်မက် (၁၆) ချက် (အစ/အဆုံး)


ကောသလမင်းကြီးအိမ်မက် (၁၆) ချက် (အစ/အဆုံး)
================================

အိမ်မက် (၁)

အရပ်လေးမျက်နှာမှ လေးခုသော နွားလားဥသဘရို့သည် လာလတ်၍ မင်းရင်ပြင်၌ ခတ်မည်ဟု အော်မြည်ကြုံးဝါးလျှက် မခတ်ပဲသာလျှင် ဖယ်လားလီကုန်သည်ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက် အရပ်လေးမျက်နှာ၌ မိုးသည် ရွာအံ့သကဲ့သို့ ထိန့်ကြိုးလျှက် မရွာပဲသာလျှင် ရွှင့်ပျက်လားကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံများပျက်စီး၍ မြို့ပြည်ရွာအတွင်း စပါးဆန်ရီယှားပါးကာ အငတ်ဖီးကြီးဆိုက်လတ္တံ့။

အိမ်မက် (၂)

ငယ်နုနယ်၍ အညှောက်စို့သော အပင်များ သီးပွင့်လတ်သည်ကို မြင်မက်သည်မှာ
နောင်အခါ ဆုတ်ကပ်ကာလ လူ့သက်တန်းတိုသောကာလ၌ ယောင်္ကျားမိန်းမများသည်
ထက်သန်ပြင်းပြသော ရာဂဟိကုန်သည်ဖြစ်၍ ငယ်ရွယ်စဉ်အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွီးခြင်းအလုပ်ကို ပြုကုန်လတ္တံ့။

အိမ်မက် (၃)

နွားမကြီးများသည် မိမိ၏မွီးခါစနွားမငယ်များ၏နို့ကိုစို့သည်ဟု မြင်မက်သည်မှာ နောင်အခါ သက်ကြီးရွယ်အိုများအား အရိုအသေပြုခြင်းပျောက်ကင်းကာ အမိအဖ၊ ယောက္ခမစသည့်သက်ကြီးများသည် မှီခိုရာမဟိကုန်သည်ဖြစ်၍ မိမိရို့၏သားသမီး၊သားမက်ချွေးမအစဟိသည်များထံ၌ ကပ်ခိုမှီခို၍ ငြိုငြင်ညှိုးငယ်စွာ အသက်မွီးရကုန်လတ္တံ့။

အိမ်မက် (၄)

လှည်းများ၌ ဝန်ကိုဆောင်နိုင်သောနွားကြီးရို့အား မတပ်မူဘဲ နွားငယ်ရို့ကိုသာ တပ်ကုန်၏။
နွားငယ်ရို့သည်လည်း ဝန်ကိုမနိုင်ဘဲ လှည်းများကိုဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ သက်ကြီးဝါကြီး ပညာဟိသောသူများအား အမတ်၊ တရားသူကြီးအစဟိသောရာထူးရာခံများကို မခန့်မူဘဲ အသက်၊ ဝါ၊ ပညာငယ်သော လူငယ်များကိုသာ ခန့်ထားမူလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော်မမှန်ဖြစ်၍ အမှုမပြီး၊ အကျိုးမပြီးဟိလတ်သောအခါဝယ် လူငယ်များသည် မိမိရို့၏ရာထူးစည်းစိမ်ကို စွန့်ကုန်လတ္တံ့။ လူကြီးရို့သည်လည်း ငါရို့မှာ အပပရံလူရာဖြစ်၏ဟု လျစ်လျှုပြု၍ နီကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးဖြစ်လတ်သည်နှင့် မင်းနှင့်တကွ တိုင်းပြည်မြို့ရွာ ဆုတ်ယုတ်ပျက်စီးကုန်လတ္တံ့။

အိမ်မက် (၅)

ခံတွင်းပါးစနှစ်ခုဟိသောမြင်းသည် ကျွေးသောမုယောစပါးကို ခံတွင်းနှစ်ခုဖြင့်စားသည်ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ တရားမစောင့်သော တရားသူကြီးရို့သည် နှစ်ဖက်သောအမှုသည်များထံမှ ပီးခွံ့သော တံစိုးလက်ဆောင်ကိုစား၍ အမှုကို မမှန်မကန် ဆုံးဖြတ်ကုန်လတ္တံ့။

အိမ်မက် (၆)

အသပြာအဖိုးတသိန်းထိုက်သော ရွှီခွက်ကို ခဲဝါဖိုအား ကျင်ငယ်စွန့်ရန်ပီး၏။ ခဲဝါဖိုသည်လည်း ထိုရွှီခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သောမင်းများလက်ထက်၌ အမျိုးမြတ်သောသူရို့သည် အချီအမြှောက်မခံရ။ ဆင်းရဲ၍ အမျိုးယုတ်သောသူရို့သည် အစိုးတရကြွယ်ဝချမ်းသာဖြစ်ကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတော်ကောင်းရို့သည် အသက်မွီးခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ မိမိရို့၏သမီးသားများအား အမျိုးယုတ်သူများနှင့် ထိမ်းမြားပီးစပ်၍ အသက်မွီးကုန်လတ္တံ့။

အိမ်မက် (၇)

တယောက်သောယောင်္ကျားသည် အင်းပျဉ်၌ထိုင်လျှက် လွန်ကိုကျစ်၍ ခြီရင်း၌ထား၏။
ထိုအင်းပျဉ်အောက်၌ဟိသော ဆာလောင်သောခဲဝါမသည် ထိုယောင်္ကျားမသိစဉ်လျှင် ထိုလွန်ကိုစား၏ဟု မြင်မက်သည်မှာ နောင်အခါ မိမ္မရို့သည် အစားအသောက်၊ အနီအထိုင်၊ အလားအလာစသည်များ၌ လော်လီဖောက်ပြားခြင်းဟိသည်ဖြစ်၍ မိမိ၏လင်ယောင်္ကျားက ဆင်းရဲငြိုငြင်စွာ ရှာဖွီစုဆောင်းအပ်သော ဥစ္စာပစ္စည်းများကို အ၀တ်အထည်၊ အပျော်အပါး၊ အသောက်အစား၌လည်းကောင်း၊ အမျှောင်လင်ငယ်ထားခြင်း၌လည်းကောင်း ဗြန်းစိကာရဖြုန်းတီးကုန်လတ္တံ့။ ခဲဝါမသည် မသိစဉ် ခိုးစားသကဲ့သို့ အိမ်သူမိမ္မသည်လည်း ဤသို့တိတ်တဆိတ် ဖြုန်းတီးခိုးစားဖြစ်ကုန်လတ္တံ့။

အိမ်မက် (၈)

ရီမဟိသောအိုးများဖြင့် ခြံရံအပ်သော အင်ဒုံကြီးတလုံးကိုမြင်၍ လူအများသည် အရပ်သျှစ်မျက်နှာမှ ရီကိုခပ်ယူလာလျှက် ထိုအင်ဒုံကြီးထဲသို့သာလျှင် ရီကိုလောင်းထည့်ကုန်၏။ လောင်းထည့်အပ်သော ရီသည် ပြည့်ဝှန်၍ကျကုန်၏။ ဤသို့လျှင် အဖန်တလဲလဲ အင်ဒုံကြီးထဲသို့သာလောင်းထည့်လျှက် ရီမဟိအခွံဖြစ်ကုန်သော တခြားသော အရံအိုးများအတွင်းထဲသို့ကား မည်သူမျှ မလောင်းမထည့်ပဲနီသည်ကို မြင်မက်သည်မှာ
နောင်အခါ မတရားသော မကောင်းသောမင်းများလက်ထက်၌ မင်းနှင့်တကွ လူအများပါ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ရောက်ကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရသည် ဆင်းရဲသားများအား မင်း၏အကျိုးစီးပွားအဘို့ကိုသာလျှင် လုပ်ကိုင်ဆောင်ရွက်စီ၍ မင်းရို့သည်သာ ပြည့်စုံစွာ အကျိုးစီးပွားခံစားရကုန်၏၊ ဆင်းရဲသူ ဆင်းရဲသားများမှာမူကား ရီမဖြည့်မပြည့်သာအိုးပမာကဲ့သို့ တစုံတရာအကျိုးခံစားခွင့်မဟိမူပဲ ငတ်မွတ်ခေါင်းပါးသို့ရောက်ကုန်လတ္တံ့။

အိမ်မက် (၉)

နက်လျှဉ်းကျယ်ဝန်းသော ရီကန်ကြီးတခုတွင် သတ္တဝါများဆင်း၍ ရီသောက်လတ်၏။ ကန်၏အလယ် ရီနက်ရာ၌ ရီသည်နောက်၍ ကန်နားဝန်းကျင် သတ္တဝါများဆင်းနင်းရာ ရီတိမ်ရာ အရပ်၌မူကား ရီသည် ကြိုင်လျှက်နီ၏ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများသည် မတရားအုပ်စိုး၊ တံစိုးလဘ်စား၍ အညှာအတာကင်းမဲ့ ရက်စက်ကြမ်းကြုတ်သည်ဖြစ်၍ ပြည်သူများအပေါ်တွင် အထွေအထူးများပြားစွာသော အခွန်အတုတ်များကို ကောက်ခံယူလတ္တံ့။ ထိုအခါ လူအများသည် တစုံတရာ မပီးဆောင်နိုင်သည်ဖြစ်၍ ပင်ပန်းဆင်းရဲစွာဖြင့် မြို့ကြီးရွာကြီးအရပ်များကို စွန့်ခွါလျှက် ကျွန်းရွာဇနပုဒ်အရပ်များသို့ လားရောက်နီထိုင်ရကုန်လတ္တံ့။ ကန်၏အလယ်တွင်နောက်၍ ကန်နားဘေးဝန်းကျင် ရီကြိုင်လျှက်နီသကဲ့သို့ မြို့လယ်ရွာလယ်၌ လူသံတိတ်ဆိတ်၍ ရပ်စွန်ပြည်စွန်၌မူကား လူစည်ကားလတ္တံ့။

အိမ်မက် (၁၀)

တလုံးတည်းသောအိုးဖြင့် တချိန်တည်းချက်သောထမင်းသည် တချို့ပျော့၏၊ တချို့မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ မိုးကွက်ကြားရွာလတ္တံ့။ ထိုအခါ တချို့နီရာ၌ မိုးများ၍ ကောက်ပဲသီးနှံ ပျက်အံ့။ တချို့နီရာ၌ မိုးနည်း၍ ပျက်အံ။ တချို့နီရာ၌ မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးလီထွေပြားဖြစ်လတ္တံ့။

အိမ်မက် (၁၁)

အဖိုးအသပြာတသိန်းထိုက်တန်သော စန္ဒကူးနှစ်ကို စိမ်ရည်ဖတ်ဖြင့် ရောင်းစားသည်ကို မြင်မက်သည်မှာ နောင်အခါ ငါဘုရား၏သာသနာတော် ဆုတ်ယုတ်သောကာလ၌ လာဘ်လာဘကိုမက်မော၍ ရဟန်းအလဇ္ဇီ လူအလဇ္ဇီများသည် ဆွမ်း၊ ဆီး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်းစသည်များကို အလိုဟိကုန်သည်ဖြစ်၍ လမ်းခွဆုံ၊ အိမ်ကြိုအိမ်ကြား ကျောင်းကြိုကျောင်းကြားအရပ်၌ ငါဘုရား၏တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန်အဘို့အလို့ငှာ ဟောတော်မူအပ်သော အလွန်မွန်မြတ်သောတရားတော်ကို တပဲ၊ တမူး၊ တကျပ်၊ တပြားစသည်ဖြင့် ကိုယ့်ဘိုးအကျိုးအလို့ငှာ ရောင်းစားဟောပြောကုန်သည်ဖြစ်၍ အသပြာတသိန်းထိုက်တန်သော စန္ဒာကူးနှစ်ကို စိမ်ရည်ဖတ်ဖြင့်ရောင်းစားသကဲ့သို့ အဖိုးနည်းအကျိုးမဲ့ဖြစ်ကုန်လတ္တံ့။

အိမ်မက်(၁၂)

ဗူးခေါင်းသည် ရီ၌ မြုတ်သည်ဟု မြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ အမျိုးယုတ်များသာ ရာထူးစည်းစိမ်ခံစားရသည်ဖြစ်၍ အမျိုးယုတ်တိ တန်ခိုးအာဏာကြီးထွားလျှက် အရာရာတွင် လူတွင်ကျယ်လုပ်ကာ သူရို့တိ၏စကားသာလျှင် ဗူးခေါင်းရီ၌ နစ်မြုတ်သကဲသို့ မြုတ်၍ တည်ကုန်လတ္တံ့။

အိမ်မက် (၁၃)

ကျောက်ဖျာကြီး ရီတွင်ပေါ်သည်ဟုမြင်မက်သည်မှာ
နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ တတ်လိမ္မာသော ပညာဟိစကားကို သူမိုက်များက မနာယူ။ ကျောက်ဖျာကြီးသည် ရီတွင်ပေါ်သကဲ့သို့ နစ်မြုတ်ခြင်းမဟိ၊ မတည်မမြဲဟိကုန်လတ္တံ့။

အိမ်မက် (၁၄)

ဖားသူငယ်မသည် မြွီဟောက်ကြီးကို စားမျို၍မြင်မက်သည်မှာ နောင်အခါ လူအများသည် ပြင်းထန်သောရာဂဟိကုန်သည်ဖြစ်၍ ကိလေသာအလို့ငှာ ငယ်ရွယ်သောမယားနောက်သို့ လုံးဝဥသုန် ကောက်ကောက်လိုက်ကုန်လတ္တံ့။ အလုပ်မှုအကိုင်မှု၊ ပစ္စည်းဥစ္စာမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှုစသော အရပ်တကာ၌ လင်ပေါ်တွင် သြဖာလွှမ်းမိုးအုပ်စိုးခြင်းပြုလတ်သည်ဖြစ်ရကား ဖားသူငယ်မသည် အဆိပ်ပြင်းသော မြွီဟောက်ကြီးကိုစားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

အိမ်မက် (၁၅)

အရောင်မဲ၍ အရုပ်ဆိုးသော ကျီးများကို ရွှီ၏အဆင်းသဏ္ဍန်ဟိသော ဟင်္သာငှက်များက ခြံရံလျှက်နီလတ်သည်ကို မြင်မက်သည်မှာ နောင်အခါ အားနည်းသော မင်းများလက်ထက်၌ ထိုမင်းများသည် ဆင်စီးမြင်းစီးစသောအတတ်များ၌ မလိမ္မာမကျွမ်းကျင်ရကား စစ်ထိုးခြင်း၌ မရင့်ရဲသည်ဖြစ်ကုန်လတ္တံ့။ ထိုအခါ တိုင်းပြည်နိုင်ငံ ဆုံးယှုံးမည်ကိုကြောက်၍ ဇတ်ခြားအမျိုးယုတ်များအားသူကောင်းပြု၍ အမျိုးနွယ်တူ သူကောင်းသားများမှာ ကိုးကွယ်မရဖြစ်ကာ အစိုးရခြင်း၌တည်ကုန်သော ဇတ်ခြားအမျိုးယုတ်များထံ၌ ခစားရကုန်လတ္တံ့။

အိမ်မက် (၁၆)

ဆိတ်သည် ကျားကို လိုက်သတ်စား၍ ကျားသည်ကြောက်လျှက် ဆိတ်ကိုမြင်လျှင် အ၀ီးကပင် တောခြုံထဲသို့ဝင်ပြီးသည်ကိုမြင်မက်သည်မှာ နောင်အခါ တရားမစောင့်သော မင်းများလက်ထက်၌ အမျိုးယုတ်များအစိုးရသည်ဖြစ်၍ အမျိုးမြတ်သူများ မထင်မရှားဖြစ်ကုန်လတ္တံ့။ အမျိုးယုတ်သူများမှာ မင်းကျွမ်းဝင်သည်ဖြစ်၍ တရားယုံးတော်၌ သြဇာလွှမ်းလျှက် အမျိုးမြတ်သူရို့၏ဘိုးဘပိုင်လယ်မြီဥစ္စာများကို မတရားသိမ်းယူလျှက် တရားတဘောင်ဖြစ်လျှင် တန်ခိုးမဲ့သူများအား ဖိနှိပ်ညှင်းဆဲ သတ်ပုတ်ခြိမ်းခြောက် နှင်ထုတ်အနိုင်ကျင့်ကုန်သည်ဖြစ်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူများမှာ ကြောက်လန့်ကုန်သည်ဖြစ်ရ၍ မိမိ၏လယ်ယာဥစ္စာကျွဲနွားများကို ပီးစွန့်လျှက် ထွက်ပြီးတိမ်းယှောင်ရကုန်အံ့။ ထိုမှတပါး အကျင့်သီလဟိသော ရဟန်းများကို အကျင့်သီလမဲ့သော ရဟန်းများက ဖိနှိပ်ချုပ်ချယ်သဖြင့် တောသို့ဝင်၍ ပုန်းအောင်းရလတ္တံ့။ ဤသို့လျှင် အမျိုးကောင်းသူတော်ကောင်းများသည် ကျွတ်ရာလွတ်ရာ အရပ်တကာသို့ ပြီးလွှားပုန်းအောင်း ခိုလှုံရကုန်လတ္တံ့။

ကောသလမင်းကြီးမီး၍ ဗုဒ္ဓဘုရားအသျှင်မြတ်ကိုယ်တော်တိုင် ဖြေကြားတော်မူအပ်သော ကောသလမင်းကြီးအိမ်မက် (၁၆) ချက် ဤတွင်ပြီး၏။


၂၀၁၅ ခုနှစ် ဇန္န၀ါရီလ (၂၆) ရက် တလင်္လာနိ။ ညည့် တစ်ဆယ့်တစ်ချက်တီး ရွီးပြီးဆုံး၏။

အစွန်းရောက် သတ်ပုံများ



အစွန်းရောက် သတ်ပုံများ
================
စိုက်တွေမြို့သားတယောက်
င်္အကျီအသိုက်ဝတ်လို့
ကျွီးရေထမင်းကိုစားလို့
တွီးယင်းတွီးယင်းလမ်းလျှောက်ပါလတ်စွာ
အေပိုင် ချိုက်ဖို့ကောင်းစွာမဟုတ်
ဘီးကို ဖယ်ပါ
ငါ့မီးခွန်းကို ဖြီပါ
ငါ့ကို ၀ီမဖန်ကဲ့
မလိုအပ်စွာကို ၀ီးပစ်လိုက်ေ
အေကိစ္စ အရီးကြီးရေ
လုပ်ဖြိုက်အောင် လုပ်ပါ
ဆွီးနွီးတိုင်ပင်ပါ
ဆရာမကို လီးစားပါရေ။


(သာလှဦး)

ပါရာစိက လေးပါး


ပါရာစိက လေးပါး
===========

လူမှာ လူသတ်မှု
ဘုန်းကြီးမှာ ကာမမှု
တော်လှန်ရီးမှာ လက်နက်ချမှု
စာပီမှာ သတ်ပုံဖျက်မှု
လေးမှုပါရစိက
မလွတ်ကလျှင် ပါယ်ရွာလားခြင်းအကြောင်းတည်း --။

(သာလှဦး)

သာသနာဖျက် သတ်ပုံပျက်


သာသနာဖျက် သတ်ပုံပျက်
================

သီရာသီဖို့
ဝမ်းကျမတန့်
လစန့်ကောင်ခါနီးသော်လည်း --။

(သာလှဦး)


Friday, February 27, 2015

ဝချေတန်း ဂဏန်းသင်္ချာ


ဝချေတန်း ဂဏန်းသင်္ချာ
===============

တစ်နှစ် = ပျိုးပင်စိုက်
သုံးလေး = သြဇာကျွေး
ငါးခြောက် = အညှောက်ပေါက်
ခုနှစ်သျှစ် = စပါးဖြစ်
ကိုးတဆယ် = တလင်းလယ်

အံဖတ်


အံဖတ်
======

ကြော်ငြာကောင်းလည်း ရောင်းလို့မစွန်
ဖက်ဖူးရောင် မောင်ပေါင်တုတ်
အပုတ်စိုနံ --။

(သာလှဦး)


ဘုရားပန်း

ဘုရားပန်း
======

အမေလေ ရောက်မလေ
ပန်းဆွတ်ဖို့ လားကတ်မည် --။

ဝါကျွတ်လတ်ပျာ ပန်းပွင့်ပျာ
ပန်းပွင့်ပွင့်ချိန် ပန်းခူးချိန်
လစ္ဆဝီပန်း ဘုရားပန်း --။

အနွယ်ခက်ဖြာ ပွင့်တရာ
ရိုးတံကချီ ပွင့်ဝီဝီ
ငုံတံညို့ညို့ ပန်းတချို့ --။

ဘုရားပန်းယင် ပွင့်လတ်ယင့်
အကျွန်ရို့မှာ ဆွတ်ကတ်ယင့် --။

ဆွတ်လို့ရကေ ဇာပျင်မည်
ဆရာသျှင် ထေရ်ကျော်ကျောင်းကို
လားကတ်မည် --။

ကျောင်းကြီးအသျှင် ကန်တော့ယင့်
ဇေတဝန် မြတ်မွန်ကျောင်းမှာ
ပန်းတင်ယင့် --။

တယောက်တတိုင် ဆီမီးတိုင်
ပြိုင်ပျာထွန်းကေ
ရှိခိုးရေလေး ရှိခိုးရေ --။

မောင်တော်တမ်း အလွမ်းပြေ


မောင်တော်တမ်း အလွမ်းပြေ
==================

အပွင့်ယေဖြူ ပြာ၊ အညှာယေကောင်းခြင်း
ယာတောင်ထက်မှာ၊ ဝါဂွမ်းခင်းလေး--။

ဝါဂွမ်းပင်ငုံ၊ ဖူးပွင့်စုံ
ဆွတ်တုံမေရို့၊ ဗိုင်းငင်ဖို့ --။

ဗိုင်းဝင့်ဝါခြည်၊ လက်ရက်ထည်
မေ့မောင်ရို့မှာ ဝတ်ရမည်လေး --။

ဝါခြည်ဒူးယွား၊ အသားညက်
အကွက်အဆန်း၊ မောင်တော်တမ်း
အလွမ်းလည်းပြေ၊ ခေါ်ကတ်တေ --။

ရက်တေမေပျော၊ လက်စချော
နှမလက်ရာ၊ မောင်ဝတ်လာ
အဘာကြီးသား၊ လှရေကား
ကြွရေပရေ၊ သာထွန်းဝေ
မေ့မောင်ရို့မှာ မျက်ငါးသွယ်လေး မျက်ငါးသွယ် --။

မှတ်ချက်၊ ၊ အေကဗျာမှာ အလွမ်း(ပြေ) ပါ။ အလွမ်း(ပြီ) မဟုတ်ပါ။ (အီ) ဆရာကြီးတိအတွက် အကျိုးဟိဖို့ထင်လို့ မူရင်းသတ်ပုံအတိုင်းပြန်တင်ပီးလိုက်ပါသည်။

ကျောင်းသုံးစာအုပ်မှာ (ဒူးယား) လို့ ရွီးထားလားမသိ။ ပြည်ထဲကလူတိ ယင်းကဗျာကို ကျောင်းသုံးမူအတိုင်း Scan ဆွဲလို့ တင်ပီးနိုင်ကေ ကောင်းဖို့။ ဓည၀တီသာခြင်းမှာ (ဒယွား) လို့ သုံးစွာကို တွိရရေ။ ယေဇူး ကျောင်းသုံးမူနှင့် ဓည၀တီသာခြင်းပါအရွီးအသားနှစ်ခုကို ညှိပြီးကေ (ဒူးယွား) လို့ ရွီးလိုက်တေ။

(သာလှဦး)

လူမိုက်ရာဇ၀င်


လူမိုက်ရာဇ၀င်
==========

အဖသည်က နောက်မယားမြန်မာမနှင့်
ခိုးရွာလိုက်ပြီးလားခလို့
အမိသည်မှာ အချေတရွီ ဘုစုခရုတိနှင့်
မဆမဖြစ်ကျန်ခရေ --။

ယေကေလည်း ဘုစုခရုအချေတရွီ
မျက်နှာမငယ်ရအောင်
သမ္မာအာဇီဝ လမ်းဘေးခွဆုံမှာ
ပြောင်းကျည်နှင့် မီးမှုတ်
ယပ်တလက်နှင့် ယင်လိုက်လို့
ငါရို့တိကို မုန့်တီရောင်းလို့ လုပ်ကျွေးခရေ --။

လူမွဲကိုနတ်မြင်
ကံမကောင်း အကြောင်းမလှစွာမှာ
အရာတခါ
ဇရာလာထောင်းကေ
နဂိုက လေးဟပ်ယိုင်နီစွာကို
နောက်က ကျောက်သတ်ပစ်လိုက်စွာနှင့်တူရေ --။

ဆီးရုံတက်လို့
သွီးသွင်းခီပြန်ကေလည်း
သွီးလှူသျှင်ကိုယ်တိုင်၌က
(ဧ့) ကပ်ပါလာ
အများမကြာ
အမိသည်မှာ
ဆီးရုံကဆင်းလို့ နှစ်ရက်မကြာ
ချောပါလားခရေ --။

အမိသီကျလားခကေလည်း
အားမငယ်လီပါကဲ့
မဖြစ်နိုင်ရေ
ကျောက်ထရံကို
နဖူးနန့်တိုက်ဖို့
သားလူမိုက်
အသက်ရှင်နီပါသိမ့်ရေ --။

ဇန္န၀ါရီလ (၁၃) ရက် အင်္ဂါနိ။ ၂၀၁၅။

ဒုသနသော

ဒုသနသော
=======

(ဧ့) လတ်
ရွံဖို့ကောင်းလိုက်တေနန့်
မသထီ နလုံးပျို့လိုက်တေ
စာပီ၏အညှီအဟောက်
ခွီးပုတ်လောက်ကျ
အဝီးက အနံ့မခံနိုင် ---။

အယားယားအပါးပါး
လျှာရည်တသောသောနန့်
အနားကို လားခီကေ
သွားခြဲထားသိမ့်ရေ ---။

ဘုန်းကြီးပါရာစိက
လူပါရာစိက
မမဗေးဗီမ
သုံးစားမရ
ဒုသနသော --။

(သာလှဦး)
Thursday, February 26, 2015

အနာသိကေလည်း


အနာသိကေလည်း
===========

ကိုယ်ရို့အချင်းချင်း
ယုံကြည်မှုကင်းနီသရိ
ညီညာမှု မတည်ဆောက်နိုင် --။

သမိုင်းကိုမကြည့်
လက်ဝါးကြီး အုပ်ချင်စွာရာသိရေ
ပကတိ တိုင်းပြည်
တင်ပြကေလည်း မယုံ
တစ္ဆီပူး အကြောက်သန်နီရေပိုင် --။

သူများကိုလည်း မယုံ
သူရို့ကိုလည်း ယုံလို့မရ
ပေါင်းမိခါမှ
ထိုဖဲ့ပီး ဒေဖဲ့ပီးနန့်
ကြာကေ ဗျ ရာကျန်ယင့် --။

ကုလားမနိုင်
ရခိုင်ကိုမီး
အခုက
မီးဖို့အစား
မဲထားလာစွာ ဇာလောက်ကြာဗျာယ်လဲ --။

ကြည့် - - - ပင်လယ်ပင်စွပ်တိကိုပင်
လက်ဝါးထက်တင်ဖို့ကိန်း ဆိုက်နီဗျာယ်
ယကေလည်း
ဒေနိထိ အတွက်မခံကတ်သိမ့်
ညောင်မြစ်ကို နှုတ်ဖို့တက်စား
ညောင်ရွက်ကို လိုက်ကောက်နီရေ
ကောက်- - - ကောက်
ဇာလောက်မကြာ ရင်ဆာဆာနန့်
အနာသိကေလည်း
ကုထုံးဆီး မပီးမိရေအတွက်
အနာကပြန်
သမိုင်းပီးဒဏ်နန့်
ပက်လက်လန်ရေဘ၀ ရောက်ဖို့
စဉ်းစားထား
စဉ်းစားထား --။

သိန်းနောင် (ရခိုင်တန်ဆောင် မဂ္ဂဇင်း ၊အမှတ် (၂၀))

ရခိုင်စိတ်ဓါတ်


ရခိုင်စိတ်ဓါတ်
=========

နွီအပြင်းဓါတ်
နီမင်းသတ်လည်း သတ်တိုင်းမသီ
နွီရာသီပန်း
ပွင့်လန်းခိုင်မြဲ မွှီးကြိုင်ဆဲ --။

ကမ်းရိုးတန်းနား
ရခိုင်သားရို့ စိတ်အားမငယ်
မကြောက်လွယ်ပါ
မုန်တိုင်းလာလည်း ကြိုဆိုရဲ --။

မုန်တိုင်း၏ဒါဏ်
ကြံ့ကြံ့ခံယင်း နက်ဖန်ခရီး
ပင်လယ်ဆီးလည်း ခရီးမတွန့်
မစိုးလန့်ပါ ရှိမှာပန်းတိုင်
မယိမ်းယိုင်ဖို့ ရခိုင်စိတ်ဓါတ်
ယတိပြတ်နှင့် ကျော်ဖြတ်ခကတ်
အနာဂါတ်ဘ၀ လှပဖို့တွက်
အသက်ဝိဥာဉ် ရှင်သန်နီ --။

နီ၏ခက်ထန် မုန်တိုင်းဒါဏ်ကို
အံတုဖက်ပြိုင် ကျော်လွှားနိုင်သည့်
ရခိုင်စိတ်ဓါတ် မွန်အမြတ်ကို
စောင့်ကြပ်ထိန်းသိမ်းကတ်ပါ ငရို့
ရခိုင်သားရို့ လွတ်မြောက်ဖို့ --။

(စစ်တွေ ခိုင်သာမိုး)

မေလတ်ဖြူ (နှင့်) ချီသမင်



မေလတ်ဖြူ (နှင့်) ချီသမင်
==================

အခါတပါးတွင် တော်မြိုင်ကြီးတခုအတွင်း၌ ချီသမင်တကောင်နှင့် ကျီးကန်းငှက်တကောင်သည် အဆွီခင်ပွန်းဖြစ်လျှက်နီ၏။ တောအုပ်ကြီးနှင့်မနီးမဝီးသော ကျောက်ထရံကြီးအခုအတွင်းတွင် ဂူခေါင်းဖောက်လျှက် ခဲဝါအိုကြီးတကောင်လည်းဟိ၏။ ထိုခဲဝါအိုကြီးသည် ချီသမင်ငယ်နှင့် ကျီးကန်းငှက် မိတ်ဆွီဖြစ်လျှက်ဟိသည်ကို မနာလို ဝန်တိုဖြစ်လျှက်ဟိ၏။ တနိသောအခါ တောင်ကြောင်းမျှောင်လျှက် ချောင်းကမ်းနဖူး တလင်းပြင်၌ ချီသမင်ငယ်သည် အစာရှာစားလျှက်ဟိစဉ် ခဲဝါအိုကြီးလာလျှက်ပြောသည်မှာ အသင်နှင့် အကျွန်ုပ်သည် ခြီလေးချောင်းသတ္တဝါများဖြစ်ပါသည်။ မိတ်ဆွီဖွဲ့လျှင် အသင်နှင့် အကျွန်ုပ်သာလျှင် မိတ်ဆွီဖြစ်သင့်သည်။ ထိုကျီးကန်းမှာမူကား ခြီနှစ်ချောင်းသတ္တဝါရာဖြစ်ပါ၏။ ထို့ကြောင့် အဆွီခင်ပွန်းမဖွဲ့သင့်ပါဟုဆို၏။ အကျွန်ုပ်နှင့်မိတ်ဆွီဖြစ်လျှင်မူကား အသင်ချီသမင်မှာ နုနုဖျားဖျားစပါးကောက်ယင်များကို ဝစွာ စားရလိမ့်မည်မချွတ်ဖြစ်သည်ဟုဆို၏။ ချီသမင်ငယ်လည်း ခဲဝါအိုကြီးစကားကိုယုံမှားလျှက် လိုက်သည်တွင် လယ်ကွင်ပြင်၌ အသင့်ထောင်ထားသော ညွှတ်ကွင်းတွင်မိလီ၏။ ထိုအခါ ချီသမင်ငယ်မှာ ခဲဝါအိုကြီးအား ကူပါကယ်ပါပြောလီ၏။ ခဲဝါအိုကြီးပြောသည်မှာ အကျွန်ုပ်သည် အမဲသားမစားသော ဟိန္ဒူ ဗြဟ္မာကြီးဖြစ်ပါ၏။ ထို့ကြောင့် အသင့်လိုင်ဖင်းတွင် ချိုင်နှောင်ထားသော နွားသရီကြိုးကို ကိုက်ဖြတ်၍မရနိုင်ပါဟုဆို၏။ ထိုအခါ ပြိုင်းပင်ကြီးဘောင်းဖျားထက်၌နားလျှက်ဟိသော ကျီးကန်းငှက်က အဆွီချီသမင် ဖီးဒုက္ခရောက်လျှက်ဟိသည်ကို တွိမြင်သောအခါ လျှင်စွာ ပျံ၍လာလျှက် ချီသမင်ငယ်အားပြောသည်မှာ ခင်ပွန်ုးမိတ်ဆွီ ချီသမင်ငယ် ကြောက်ရွံ့ခြင်းမဖြစ်ပါနှင့်။ အကျွန်ုပ်ဟိပါသည်။ ဦးစွာ ယင်ရဲမနှင့် မိတ်ဆွီဖွဲ့ပါဟုဆို၏။ ထိုအခါ ယင်ရဲမလည်း လျှင်စွာပျံ၍လာလျှက် ချီသမင်ငယ်၏ဦးခေါင်း၊ နှာခေါင်း၊ မျက်စိနားတဝိုက်တွင် ဖြူစွာဥလီသည်တည်း။ ကျီးကန်းငှက်လည်း ယင်ရဲဥကို နှုတ်သီးတောက်ဟန်ပြုလျှက် ချီသမင်ငယ်လည်း သီကွန်ဆောင်လျှက်နီ၏။ ယာသျှင်သခင်ရောက်လာသောအခါ ချီသမင်ငယ်မှာ သီပြီဟုထင်သည်နှင့် လိုင်ဖင်းက သားရီကြိုးကွင်းကိုချွတ်လျှက် တောစပ်နားသို့ နွယ်ပင်ဖြတ်လှီးရန် ဒါးတလက်နှင့်လားလီ၏။ ယာသျှင်သခင်ကြီး တောစပ်နားသို့ရောက်သောအခါ ကျီးကန်းငှက်က အာအာမြည်သံပြုသော် ချီသမင်ငယ်သည် လျှင်စွာ ထွက်ပြီးလွတ်မြောက်ရလီ၏။ ယာသျှင်သခင်ကြီးပြန်လာသောအခါ ချီသမင်ငယ် ထွက်ပြီးသည်ကိုမြင်သဖြင့် ဒါးနှင့်လှမ်းပေါက်သော် ခြုံထဲတွင်ပုန်းနီသော ခဲဝါအိုကြီးဦးခေါင်းကို ကျမှန်သဖြင့် သီလီ၏။ ထိုနည်းလျှင်တမူဟိ မေလတ်ဖြူမှာ ဖျက်သူနှင့်ရာတွိပြီး နှလုံးကြီကွဲရလီ၏။

(ရခိုင်ရိုးရာ ပုံဝတ္ထု)

သမင်ရတု (Pitiful Deer)
==============

သခင်လူများ ကျွန့်စကားကို ရွှီးနားခံ (My fellow friends, please listen to me
ရှိလွန်ခါ တောမြိုင်ခွီး (Once upon a time, there was a jackal
ချီသမင်သည် သစ်ပင်ကြီးအောက်ကနီလည်း --။ (and a deer under a tree.

မြင့်ထိပ်ဗွီ ခေါင်ထိပ်ဖျား (A crow was crowing on the tree
ကျီးတခုသည် ခေါ်မှုမြည်သံကြားက (Jackal said Oh my deer,
အချစ်ရွှီသမင် ညေခါခင်ပွန်း မြဲစွာမွှမ်းသည် (It will not be good to be friend
ကောင်းလွန်းမည် မထင်လည်း --။ (with the crow.

မြီတွင်သာလားရလျှင် ကိုနှင့်ငါလျှင် (You and me walk on the ground,
ချစ်ခင်ရမည် အဆွီနှလုံးသွင်းလည်း --။ (So, we should be good friends.

ခွီးလှည့်ပတ်ဆိုရတ်မှာ ကောင်းယောင်ထင်၍ (The deer believed in the deceiving words
သမင်လိုက်လီရာလည်း --။ (of the jackal.

လယ်သည်စပါး ပန်းနုဖျားသည် (If you come with me,
ယခု စားမည်မှတ်လော (You can eat good fruits and vegetables
လိုတိုင်းဝမ်း၀ စားရမည် မချွတ်လည်း --။ (at your will.

ခွီးလှည့်ပတ်ဆိုရတ်မှာ (The deer believed in the jackal
ကောင်းယောင်ထင်၍ သမင်ထွက်စားပြန်လည်း --။ (And went to eat the vegetables in the field.

ထိုယောက်ျားလယ်သခင် (Soon, the farmer set up a trap on the way.
ပြီးခုန်ပင် လာတုံလတ်
သရီကျော့ကွင်း
ထောင်လျှက် လမ်းတွင်ထားလည်း --။

ခါတပါးသည် လားခီမိ (And the deer had fallen on the trap.
သရီကျော့ကွင်း (The rope was tangling on its neck.
လိုင်ဝယ် လျှင်ဆောငြိလည်း --။

မချိရုန်းရင်းဆာ (Oh, my dear friend, Jackal
အဆွီလျှင် တောမြိုင်ခွီး( Come and help me and save my life.
သီမည်ဖီးကို
လျှင်ဆော ကယ်တင်ပါလှည့် --။

ဒွန်းစန္ဒာဟိန္ဒူမျိုး (The jackal said I am a Brahman and I cannot bite the leather of
နွားသရီကို မကိုက်ပါဖူးတော့လည်း --။ (the cow.

မချိပူပြင်းစွ (Sooner, the crow came and said don’t be afraid
အဆွီလျှင် နောင်ကျီးကန်း
ညေခါခင်ပွန်း မြဲစွာမွှမ်းသည်
ကျီးကန်းရောက်ပါလတ်တည်း --။

အဆွီလျှင် နောက်ကျီးကန်း (Please get help from the flies. Then, the flies
ယင်မရဲကို မြဲစွာခင်ပွန်းမွှမ်း၍ (came around and laid eggs on the face of the deer.
မျက်စိရစ်ဝန်းလည်
ယင်မလာ၍
ဖြူစွာ ဥလာသည်တည်း --။

အဆွီလျှင် နောက်ကျီးကန်း (The crow pretended eating the flies’ eggs.
ဦးခေါင်းမြီတွင်
နှုတ်သွီးတောက်ဟန်ပြု၍
ထိုခဏ လယ်သခင် (Then, the farmer thought the deer was dead
ပြီးခုန်ပင် လာတုံလတ်(And pulled out the rope out of the deer’s neck.
သရီကြိုးသည်
လိုင်ဝယ် လျှင်ဆောချွတ်လည်း --။

ထိုယောက်ျားလယ်သခင် (The farmer went into the jungle,
ကြံလတ်လျှင် စောခါ ခြုံထဲဝင်၍ (to get the vines
နွယ်ပင်ဖြတ်လှီးငြားလည်း --။ (to tie the legs of the deer.

အာအာသည် ကျူးမြည်လတ် (Then, the crow made a sound,
ချီသမင်သည် (And the deer had run away and escaped.
ဖြုန်းဖြုန်းပြီးသည်ဖြစ်လည်း --။

ထိုယောက်ျားလယ်သခင် (When the farmer saw the deer escaped,
လက်တွင် ဒါးနှင့်ပစ် (he was so upset
ခြုံထဲရွှက် ပုန်း၍နီ (And threw the sword against the deer.
မြိုင်ခွီးခေါင်းတွင် (But it went astray
မှန်လျှင် သီခီပြီလည်း --။ (And hit the jackal’s head and jackal was dead.

ဤနည်းလျှင် မုံတရှိ (The same way,
မေလတ်ဖြူမှာ (My dear girl has untrue lover.
ဖျက်သူနှင့်ရာ တွိလည်း --။

မချိသည် လွန်ယောင်သဲ (She is now broken-hearted and crying,
မေချစ် အပူဝင်သည် (the same as the deer does.
သမင်ပမာ နည်းတည့်လည်း --။

မကိုက်ပါဖူး = မကိုက်ဖူးပါ
မုံတရှိ = ထိုနည်းဥပမာနှင့် အတူတူ အရှိရှိ ၊ ထိုနည်းတူစွာ
လွန်ယောင်သဲ = အလွန် အသဲအသန်၊ လွန်စွာ အသဲအသန်ဖြစ်သည်။

ထရိပူရကရသော ရှိဟောင်းရခိုင်ဂန္ဓဝင်ကဗျာတပုဒ်ဖြစ်ပါသည်။ အလယ်တန်းသင်ရိုးညွှန်တန်း၌ ပြဌာန်းသင့်သည်။ ကိုယ်တော်ပညာစာရ ကောင်းမှုပြုပါသည်။

(ရခိုင်ပေါင်းကူး သာလှဦး)



အေမာင္ယခီး


အေမာင္ယခီး
========

ဘယာစီယာဝတ်လို့
ရီကူးဘောင်းဖီနန့်
ခရမ်းသီးဇတ်မှာ
ဝါ၀ါနိုင်ချိတ်ခါ
ပရိသာတ်က အားပါ
ခေါင်းချေငေါက်စောက် ထောင်လို့လာ --။

အားနာပရ
ရခိုင်သားရဲသားက
ထိုင်ပါပြောခါ နားမထောင်
(ဟေ့ကောင် ယခီး)
တချက်ငေါက်လိုက်စွာနန့်
အမောက်ချေ
ဂေါက်ကျလားရေ --။

တရားသံဝေဂ
ရဖို့ကောင်းရေ --။

(သာလှဦး)

နီဆယ်စင်းသို့ လင်းပါစီ


နီဆယ်စင်းသို့ လင်းပါစီ
===============

အခက်အခဲ
ဂယက်ဝဲက ရုန်းထလှုပ်လျှား
ကြိုးစားပါလော့ ရခိုင်သား --။

ငိုက်၍မနီ
စာပီသုတ အ၀၀ကို
စိငှသေချာ
လေ့လာပါလော့ ရခိုင်သား --။

တောင်ပိုင်းမြောက်ပိုင်း
အတွေးရိုင်းရို့ ထိုင်းမှိုင်းနီစွာ
အတိတ်မြီမှာ
ကျန်ခပါဗျာ --။

စုစည်းမှုများ
ညီညွတ်အားဖြင့် လှုပ်လျှားထကြွ
ကမ္ဘာ့အလယ် ရခိုင်ပြည်မှာ
နီဆယ်စင်းသို့
ထိန်လင်းပါလော့ ၀င်းပါလော့ ---။ ။

(စစ်တွေ ခိုင်သာမိုး)

ပိုးထိုးလောက်ကိုက် (ဧ့) ကိုက်နီသော ကဗျာများ


ပိုးထိုးလောက်ကိုက် (ဧ့) ကိုက်နီသော ကဗျာများ
===============================

မော်ဒဲယ်မချေတယောက်
ဇာလောက်လှလှ
ဖာလောက်နွဲ့ပျောင်းနွဲ့ပျောင်း
(ဧ့) ကိုက်နီမှန်း
ပရိသာတ်က သိထားကေ
စင်မြင့်ထက်မှာ
အခါတရာ လမ်းလျှောက် လမ်းလျှောက်
မပြောချင်လို့ရာ ဟိလီဖို့
(စိတ်ထဲမှာ)
မသထီ နှလုံးပျို့မိဖို့စွာ အမှန် --။

ထိုနည်းလည်းကောင်း
အသင်၏ကဗျာ
ဂန္ဓဝင်မြောက်လောက်အောင်
နုနုရွရွ လှလှပပ
ဇာလောက်ပင် ဆွဲဆောင်မှု အားကောင်း အားကောင်း
ရွှေရည်လောင်းထားကေလည်း
ရသမမြောက်
အလင်္ကာမမြောက်
စာပီ၏အညှီအဟောက်
ပိုးထိုးလောက်ကိုက်
မြောင်းထဲကို
ဝေးပစ်လိုက်ရဖို့စွာဗျာယ် --။

သမိုင်းမှတ်ကျောက်တင်ရေခါ
မျက်စိကြက်တက်နန့်
ငယက်ချေပိုင်ဖြစ်ဖို့ယေ --။

(သာလှဦး)
Thursday, February 26, 2015

Saturday, December 27, 2014

ကျမျက်ရည်

ကျမျက်ရည်
=======

လပြာသို
ခွာညိုပွင့်သစ်
မေအပျို
မောင်မချစ်ကေ
ဝေးပစ်ဖို့လား --။

မေအပျို မောင်မချစ်
ဝေးပစ်သောခါ
တဇာဇာ ငိုခါမျက်ရည်
ကျမျက်ရည်
ဆည်မရလို့
မေလှသက်နှံ
ပျိုမေစံ
ဝေယံနန်းမှာ

ဘယ်ကိုကိုလေ ဘယ်ကိုစောင်းလို့
ဘယ်စောင်းမျက်ရည် --။

ညာကိုကိုလေ ညာကိုစောင်းလို့
ညာစောင်းမျက်ရည် --။

သပေါ့ဖျာ မွိရာထက်မှာ
တံဘက်ဖြူ ယူကာအုပ်
ကိုယ်သုတ်ရရေ ---။ ။

(ရမ်းဗြဲမှ ဇမ်းကဗျာ)

ရခိုင်စာပီ

ရခိုင်စာပီ
=======

စတန့်လည်းထွင်
လစန့်ကင် ---။

တပင်တိုင်က
ဂျွန်းပြန်ကျ --။

ယကန်ယကန်
ပပျလန် --။

(သာလှဦး)

အနှိပ်ခန်းကပန်း

အနှိပ်ခန်းကပန်း
============

ကိုယ်ခြီကေ လီမဖြစ်
ကိုယ်ကြိုက်ကေ (ဧ့) ကိုက်နီကေလည်း
အရေးမစိုက်
ခိုးခိုးရွာလိုက် --။

(သာလှဦး)
ဒီဇင်ဘာ (၅) ရက် သောက်ကြာနိ 2014

သာဓု အနုမော ဒနာ

သာဓု အနုမော ဒနာ
============

တော်လှန်ရေးလောကမှာလည်း
သပွတ်အူလိုက် --။

စာပီလောကမှာလည်း
ရိနာလိုက် ---။

နိဗ္ဗာန်မဂ္ဂဖိုလ်ကို
ရက်တိုတိုနန့်လိုချင်ကေ
တောထွက်ပြီး
ကမ္မဌာန်းထိုင်ဖို့မလို --။

ဖုန်းတလုံးနန့်
Sim Card တကပ်ဝယ်လို့
Facebook ထက်
တက်ပါလတ် --။

တပါတ်မကြာ
ကိလေသာနန့် အာသဝေါကုန်ခမ်း
မယားတန်းလန်းနန့်
ရဟန္တာဖစ်ဖို့ --။

သာလှဧူး (မြောက်ဧူး)
December 22, 2014 (တလင်္လာနိ)

အသုဘနှင့် မှိုရမျက်နှာ

အသုဘနှင့် မှိုရမျက်နှာ
==============

ဒီဇင်ဘာ (၃၁) ရက်
ရခိုင်အချုပ်အချာကျရေနိကို
အမိမှာ နောက်လင်ရယှောင်
ပျော်ကြီးကျ ကျင့်ပ --။


ဇန္န၀ါရီ (၁) ရက်
ရခိုင့်တော်လှန်ရေးနိကျ
ကျင့်ပကတ်ဖို့ အတွက်မပေါ် --။

အေပိုင်တော်ရေ ရခိုင်မသား
ဘုရားကိုပိုင် ရုပ်ထုထုလို့
ရွှေကွပ်ပြီးကေ
ကိုးကွယ်ထားဖို့ ကောင်းလိုက်တေကား --။

ရခိုင့်တော်လှန်ရီးနိကို
မကျင့်ပနိုင်သရိ
လွတ်မြောက်ရီးနိဗ္ဗာန်ကို
တခါလည်း မျက်မှောက်ပြုနိုင်လိမ့်မည်မဟုတ်
(၃၁) ဘုံမှာ ကျင်လည်ပြီးသနာ
ပြိတ္တာဘ၀နှင့်
အဆုံးသတ်ရလိမ့်မည် သူငယ်ချင်း ---။

မောင်ပေါက် (ရခိုင်ပြည်)
December 2, 2014

ကိုယ့်ငပိ ကိုယ်မွှီးနီကတ်သူများအကြောင်း

ကိုယ့်ငပိ ကိုယ်မွှီးနီကတ်သူများအကြောင်း
==========================

(အဘာလေး)
ရွာဆိပ်က အနံ့
ရွာထိပ်က မခံနိုင်
ကိုယ့်ငပိ ကိုယ်မွှီးနီကတ်တေ
ဘဇောင်ပိုင်လဲ ဂု ---။

အလှပလှ တနီသတ်
ခချီးကို
ရ မွှီးဆွတ်ထားယှောင် ---။

(သာလှဦး)

လွမ်းရရေ မောင်

လွမ်းရရေ မောင်
===========

အဆောင်ရှိလမ်း
ဂီတာထမ်းလို့ မှောင်ရိပ်သန်းကေ
အလွမ်းသယ်ဖို့
မောင် လာနီကျလေ --။


မှောင်မည်းတိတ်ဆိတ် လရိပ်အောက်မှာ
သာယာငြိမ့်ညောင်း တေးပေါင်းများစွာ
ကြင်နာဖွင့်ဟ
မောင် လာဆိုနီကျလေ --။

ဇာကလာလို့ ဇာမှာနီမှန်း
ခန့်မှန်းမလွယ် တေးဧည့်သည်ကို
နိစဉ်ညများ တွိဖန်များလို့
သနားယိုဖိတ် မသိစိတ်နန့်
နှစ်ခြိုက်ကြည်နူး တွယ်တာဖူးခရေ --။

တွယ်တာဖူးသူ တဦးတယောက်
မောင် မရောက်လာကေ
ရင်ဝယ်တမျိုး ညှိုးညှိုးခွီခွီ
နီလို့မရ တသသနန့်
ညတိခြောက်သွိလွန်းရေ --။

လမ်းဘေးကာရန် ဂီတာသံတိ
အမှောင်ယံကြား ထပ်လို့ကြားချင်
နားဆင်ချင်လည်း မောင်ကားမလာ
ရက်တိကြာယောင် ပုန်းယှောင်ထွက်ပြီး
အိမ်မက်တိပီးပနာ ထွက်လားပါဗျာယ် --။

သူမလာမှန်းသိလည်း
အဆောင်နားတ၀ိုက် လူရိပ်တွိကေ
မောင် လာဗျာယ်လား ထင်ယောင်မှားခ
စိတ္တဇခြီရာ ဝေဒနာနန့်
နွမ်းပျအမှောင် အဆောင်ငြိမ်သက်
အိပ်ရာထက်မှာ စိတ်လက်မလန်း
မောင့်ကိုလွမ်းလို့
အကျွန့်ရင်တိ ကျွမ်းရဗျာယ် အမောင် --။ ။

သဇင်ညို (တန်းလွှဲချောင်း)

မော်ဒန်အချစ် ရခိုင်ကဗျာကောင်းချေတပုဒ်ဖြစ်လို့ ပျောက်ကွယ်မလားရလီအောင် တင်ပီးလိုက်ယင့်။
ဇာသူမဆို လွတ်လပ်စွာ share လုပ်နိုင်ပါသည်။ ရခိုင်သားအားလုံး ဖတ်နိုင်လီကောင်းလီ။ (သာလှဦး)

ကုလားဖန်ထိုးသူများအကြောင်း

ကုလားဖန်ထိုးသူများအကြောင်း
===================

ဂျီဝိဂျီဝါ
ငလိငလည်
အရည်မရ အဖတ်မရ
ကျမိကျရာ
ဗြန်းစိကာရ စကားပြောပြီးကေ
မျောက်မှာ သပြာရယှောင်
အချိတ်ကြီးတက်လို့
ဝမ်းကြီးသာလို့
ပျော်မနီပါကဲ့ တချက် --။


အမြင်ကပ်လို့
မြင်းကျောက်ခံရခါ
လိပ်ပိုင် ထလန်းကားလန်လို့
ယကန်ယကန်နန့်
ဂြိမ်သီသီဖို့ယေ ---။

စားပါလီဖိသကာ
ကိုးက ထောင်သတ်ပစ်လိုက်ကေ
တစ်စိ ၀င်လို့
(ဘူ) ကျ လားခယင့် --။

ယနာနာနန့်
ဖဲဝိုင်းပြီးလို့
ပွဲသိမ်းခါ
ဆရာသမားမှာ
(ဗျ) ကျန်ယင့် --။

(ဟိဟိဟားဟား ဟိဟိဟားဟား)
ဗြားစားလားခပျာယ်
အရာလည်း
ခြီခန့်သိမ့်လား
ငြောင့်ငြောင့်ချေ မတွိလား --။

(သာလှဦး)
December 10,, 2014 ဗုဒ္ဓူ နိ

ရခိုင်သားနှင့် (ဧ့) အဘိဓါန်

ရခိုင်သားနှင့် (ဧ့) အဘိဓါန်
================

ဇာလောက် လှလှ
ဇာလောက် ဖြူ ဖြူ
ဇာလောက် ၀င်းဝင်း
ဇာလောက် ပြောင်ပြောင် ---။


ဇာလောက် တော်တော်
ဇာလောက် တတ်တတ်
ဇာလောက် သိသိ
ဇာလောက် မှန်မှန် --။

ဇာလောက် ချစ်ချစ်
ဇာလောက် ကြိုက်ကြိုက်
ဇာလောက် မိုက်မိုက် --။

(ဧ့) ကိုက်ကေ လားပျာ --။ ။

(သာလှဦး)
December 11, 2014 ကြသားပတီး (ကသစ်ဗုဒ္ဓိ) နိ

ရခိုင်သားစာ ရခိုင်စာ

ရခိုင်သားစာ ရခိုင်စာ
============

ကြန်စုံနှစ်ဆူ
တစ်ဆူကကျွဲ တစ်ဆူကနွား
ကျုပ်များကျွံ ကွင်းပြင်လှမှာ
မြက်ရှာစား --။


အပ် (ရီး) ထွန် (ရီး)
ထို အ (ရီး) က
စာ (ရီး) ခြင်းမှာ
ဖြစ်လာပါ၍
(ရီး) ကတ်ပါသည် ရခိုင်စာ --။

(ရဲ့) ကစ၍
(ယေ့) ဖြစ်တဖန်
တဖန် (ဧ့) ဖြစ်
ရိနာလိုက်သည်
အဖြစ်ဆိုဝါးလှရေကား --။

မာမာကျန်းကျန်း
ကျန်းကျန်းမာမာ
ကျမ်းမှာကျန်းမာ
ရောထွီးလာသည်
(အဘာငါ့သား) တော်ရေကား --။

တယောက်က (၏) ယောက်က (ဧ့)
တယောက်က (မှာ) တယောက်က (မာ)
တယောက်က (လာ) တယောက်က (လှာ)
ရခိုင်သားစာ ရခိုင်စာ --။

ဆရာများ သားသီ
ထုတ်မှာလည်းသတ် ယောက်မှာသတ်ကေ
ထွတ်ထွတ်ကြီ --။

(သာလှဦး)
12/12/2014 (သောက်ကြာနိ)

သဘာပတိကြီးနှင့် မင်းပရိဿတ်

သဘာပတိကြီးနှင့် မင်းရိဿတ်
=================

ဆက်လုပ်ဆက်လုပ်
လက်ခုပ်ဖြောက်ဖြောက်
ပြိုင်းသားဒေါက်နှင့်
ထောက်ခံပါသည် --။

သာလှဧူး (မြောက်ဧူး)

ဝဋ်နာကံနာ

ဝဋ်နာကံနာ
=======

သုံးနှစ်သုံးမိုး ချစ်ကြိုက်လို့
ခိုးရွာလိုက်ဖို့ကျခါမှ
(ဧ့) ကိုက်ခံရ --။


အသဲနစ်အောင်ချစ်ကေလည်း
မဖြစ်နိုင်ရေ ဘ၀ --။

အသုံးမကျ
နပျိုးတုံးကို ခေါင်းအုံးလို့
ကိုယ့်ထိုက်ကိုယ်ကံ
ကျန်ခ --။

သာလှဧူး (မြောက်ဧူး)

သာဓု အနုမော ဒနာ

သာဓု အနုမော ဒနာ
============

တော်လှန်ရေးလောကမှာလည်း
သပွတ်အူလိုက် --။
စာပီလောကမှာလည်း
ရိနာလိုက် ---။

နိဗ္ဗာန်မဂ္ဂဖိုလ်ကို
ရက်တိုတိုနန့်လိုချင်ကေ
တောထွက်ပြီး
ကမ္မဌာန်းထိုင်ဖို့မလို --။

ဖုန်းတလုံးနန့်
Sim Card တကပ်ဝယ်လို့
Facebook ထက်
တက်ပါလတ် --။

တပါတ်မကြာ
ကိလေသာနန့် အာသဝေါကုန်ခမ်း
မယားတန်းလန်းနန့်
ရန္တာဖြစ်ဖို့ --။

သာလှဧူး (မြောက်ဧူး)
December 22, 2014 (တလင်္လာနိ)

Friday, July 18, 2014

သမင်ရတု (Pitiful Deer)

သမင်ရတု (Pitiful Deer)
==============

သခင်လူများ ကျွန့်စကားကို ရွှီးနားခံ (My fellow friends, please listen to me
ရှိလွန်ခါ တောမြိုင်ခွီး (Once upon a time, there was a jackal
ချီသမင်သည် သစ်ပင်ကြီးအောက်ကနီလည်း --။ (and a deer under a tree.

မြင့်ထိပ်ဗွီ ခေါင်ထိပ်ဖျား (A crow is crowing on the tree
ကျီးတခုသည် ခေါ်မှုမြည်သံကြားက (Jackal said Oh my deer,
အချစ်ရွှီသမင် ညေခါခင်ပွန်း မြဲစွာမွှမ်းသည် (It will not be good to be friend
ကောင်းလွန်းမည် မထင်လည်း --။ (with the crow.

မြီတွင်သာလားရလျှင် ကိုနှင့်ငါလျှင် (You and me walk on the ground,
ချစ်ခင်ရမည် အဆွီနှလုံးသွင်းလည်း --။ (So, we should be good friends.

ခွီးလှည့်ပတ်ဆိုရတ်မှာ ကောင်းယောင်ထင်၍ (The deer believe in the deceiving words
သမင်လိုက်လီရာလည်း --။ (of the jackal.

လယ်သည်စပါး ပန်းနုဖျားသည် (If you come with me,
ယခု စားမည်မှတ်လော (You can eat good fruits and vegetables
လိုတိုင်းဝမ်း၀ စားရမည် မချွတ်လည်း --။ (at your will.

ခွီးလှည့်ပတ်ဆိုရတ်မှာ (The deer believed in the jackal
ကောင်းယောင်ထင်၍ သမင်ထွက်စားပြန်လည်း --။ (And went to eat the vegetables in the field.

ထိုယောက်ျားလယ်သခင် (Soon, the farmer set up a trap on the way.
ပြီးခုန်ပင် လာတုံလတ်
သရီကျော့ကွင်း
ထောင်လျှက် လမ်းတွင်ထားလည်း --။

ခါတပါးသည် လားခီမိ (And the deer had fallen on the trap.
သရီကျော့ကွင်း (The rope was tangling on its neck.
လိုင်ဝယ် လျှင်ဆောငြိလည်း --။

မချိရုန်းရင်းဆာ (Oh, my dear friend, Jackal
အဆွီလျှင် တောမြိုင်ခွီး( Come and help me and save my life.
သီမည်ဖီးကို
လျှင်ဆော ကယ်တင်ပါလှည့် --။

ဒွန်းစန္ဒာဟိန္ဒူမျိုး (The jackal said I am a Brahman and I cannot bite the leather of
နွားသရီကို မကိုက်ပါဖူးတော့လည်း --။ (the cow.

မချိပူပြင်းစွ (Sooner, the crow came and said don’t be afraid
အဆွီလျှင် နောင်ကျီးကန်း
ညေခါခင်ပွန်း မြဲစွာမွှမ်းသည်
ကျီးကန်းရောက်ပါလတ်တည်း --။

အဆွီလျှင် နောက်ကျီးကန်း (Please get help from the flies. Then, the flies
ယင်မရဲကို မြဲစွာခင်ပွန်းမွှမ်း၍ (came around and laid eggs on the face of the deer.
မျက်စိရစ်ဝန်းလည်
ယင်မလာ၍
ဖြူစွာ ဥလာသည်တည်း --။

အဆွီလျှင် နောက်ကျီးကန်း (The crow pretended eating the flies’ eggs.
ဦးဂေါင်းမြီတွင်
နှုတ်သွီးတောက်ဟန်ပြု၍
ထိုခဏ လယ်သခင် (Then, the farmer thought the deer was dead
ပြီးခုန်ပင် လာတုံလတ်(And pulled out the rope out of the deer’s neck.
သရီကြိုးသည်
လိုင်ဝယ် လျှင်ဆောချွတ်လည်း --။

ထိုယောက်ျားလယ်သခင် (The farmer went into the jungle,
ကြံလတ်လျှင် စောခါ ခြုံထဲဝင်၍ (to get the vines
နွယ်ပင်ဖြတ်လှီးငြားလည်း --။ (to tie the legs of the deer.

အာအာသည် ကျူးမြည်လတ် (Then, the crow made a sound,
ချီသမင်သည် (And the deer had run away and escaped.
ဖြုန်းဖြုန်းပြီးသည်ဖြစ်လည်း --။

ထိုယောက်ျားလယ်သခင် (When the farmer saw the deer escaped,
လက်တွင် ဒါးနှင့်ပစ် (he was so upset
ခြုံထဲရွှက် ပုန်း၍နီ (And throw the sword against the deer.
မြိုင်ခွီးဂေါင်းတွင် (But it went astray
မှန်လျှင် သီခီပြီလည်း --။ (And hit the jackal’s head and jackal was dead.

ဤနည်းလျှင် မုံတရှိ (The same way,
မေလတ်ဖြူမှာ (My dear girl has untrue lover.
ဖျက်သူနှင့်ရာ တွိလည်း --။

မချိသည် လွန်ယောင်သဲ (She is now broken-hearted and crying,
မေချစ် အပူဝင်သည် (the same as the deer does.
သမင်ပမာ နည်းတည့်လည်း --။

မကိုက်ပါဖူး = မကိုက်ဖူးပါ
မုံတရှိ = ထိုနည်းဥပမာနှင့် အတူတူ အရှိရှိ ၊ ထိုနည်းတူစွာ
လွန်ယောင်သဲ = အလွန် အသဲအသန်၊ လွန်စွာ အသဲအသန်ဖြစ်သည်။

ထရိပူရကရသော ရှိဟောင်းရခိုင်ဂန္ဓဝင်ကဗျာတပုဒ်ဖြစ်ပါသည်။ အလယ်တန်းသင်ရိုးညွှန်တန်း၌ ပြဌာန်းသင့်သည်။ ကိုယ်တော်ပညာစာရ ကောင်းမှုပြုပါသည်။

(ရခိုင်ပေါင်းကူး သာလှဦး)

This poem is the original scripture from Tripura.

မောင်ပြောင်းတိုက်သို့ အိပ်ဖွင့်ပီးစာ


မောင်ပြောင်းတိုက်သို့ အိပ်ဖွင့်ပီးစာ
======================

ပြောခါစကား ပစ်သားမဟိ
မိုးသို့ထိယောင်
အာဘောင်အာရင်း
ငြင်းခုန်ခြင်းကြောင့်
ဝမ်းတွင်းလည်းနာ
ဒူလာပါဒရ
ဖြစ်ကြပါ၏ --။

စေတနာနှင့်
ဝင်ကာပြောကေ
သဘောမကျ
မြှောက်ပင့်ပြောခါ
အားကြီးရလို့
ငါးသလောက်ကို
ဆားနူးနူးနှင့်
ဖြူးထားမျှက်နှာ
တခွီးခွီးကေ
ဝမ်းကြီးသာရေ --။

လွတ်လပ်ရီးကို
တောင်းလို့မရ
တိုက်မှရရေ
ဆိုကေလည်းသင့်
ဂိုးချေတိုက်စွာ
ပြောင်းတိုက်စွာလား --။

တခေတ်ပြီးတခေတ်
တနှစ်ပြီးတနှစ်
တိုက်ပါလတ်စွာ
ကုလားကိုရာ လက်နက်ရောင်းလို့
ဘုန်းကြီးကျောင်းမှာ
တောင်းစားကပ်စား လုပ်စားမမြင်
ဗမာဘားမှာ
အလင်းဝင်ရေ --။

အလှပလှ
ကြောင်ကျမကျ
ခွီးကျကျရေ --။

(အဘာလေ)
အေပိုင်တော်ရေ ရခိုင်မသား
ကုလားကွမ်းယာ
ဗမာသကာ ထညက်စား --။

မောင်ချစ် (ရခိုင်ပြည်)

Sunday, July 6, 2014

ဒေနိ ရခိုင်ပြည်


ဒေနိ ရခိုင်ပြည်
=========

ငရို့တိ ကိုးကွယ်စွာက (အဖ)
မင်းရို့တိ တင်ထားစွက (အဘ)
ပြည်သူတိ ဖြစ်နီစွာက (ဘအ)

(ချစ်ဆွေဦး)

Saturday, July 5, 2014

ရခိုင့်စာပီ AIDS


ရခိုင့်စာပီ AIDS
===========

အပျော်လိုက်လို့
(ဧ့) ကိုက်နီရေ ရခိုင်စာပီ
အရိုးမှာ အရီကပ်
ကမ္မဌာန်းရုပ်ပေါက်နီဗျာယ်--။

တိုင်ထူဆီးလည်းမနိုင်
သွီးသွင်းလို့လည်းမရ
ကုရာနတ္ထိ ဆီးမဟိ
တရိရိနန့် လုံးပါးပါး
လေးဖက်တွားနီဗျာယ် --။

ကိုယ်ခံအားကျဆင်း
(ဧ့) ရောဂါစွဲကပ်လျှက်
လေးဖက်တွားလူမမာ
ပြန်လည်နလန်ထူလာနိုင်ဖို့
ရခိုင်ဇီဝက
သမားတော်ကြီးတိ
ဆီးအယင်ဖော်စပ်ပီးကတ်ပါဖိ --။

မောင်ပေါက် (ရခိုင်ပြည်)

ကန္တုကန္တာအချစ်


ကန္တုကန္တာအချစ်
==========

ကန္တုကန္တာ မကျသိမ့်လို့
ဒါဒေါင်မရောင်းချင်ရေ ဈီးသည်မတယောက်ကို
ဈီးပြတ်ဖို့ မသင့်တော်ရေပိုင်
မင်းအချစ်ကိုလည်း
ငါ ဈီးမပြတ်ချင်ပါ --။

အ၀ှန်လို့ ပြောချင်ကေ ပြော
အရွှန်လို့ ဆိုချင်ကေ ဆို
အချစ်တိ ရင်ထဲမှာ
လပြည့်ဖြားပိုင်
ဘုန်းဘုန်းကြီးပြည့်လို့ ---။

အခုက အညာရီကြီးလို့
ကမ်းထောင့်ပြိုကျရေပိုင်
ငါ့ဘ၀လည်း ရရောင်းဆာလို့
ပျက်ကျလားခပျာယ် --။

အဂန္ဓုလို့ရာ သဘောထားလိုက်ပါဖိ
ညည့်နက်လို့ အနှင်မခံရအောင်
အထုပ်ချေကို ဘိုးသီးပိုးလို့
အိမ်ပြန်ဖို့ယာ ဘုချေ -။ ။

(အောင်ဇုံ)
June 10, 2014

သိုက်မြုံ


သိုက်မြုံ
=====
စာပဒေါင်းသည် အဟောင်းမခင်
အသစ်မြင်၏ --။

နွယ်မျှင်သွယ်တန်း သူ၏နန်းတွက်
ရက်ကန်းတတ်မြောက် သူတည်ဆောက်၏ --။

မိုးရောက်သည်နှင့် အဆင်သင့်ပင်
လီနှင့်အတူ တလူလူဝင့်
အောင်လံရွှင့်၏ --။

တွေးချင့်ထောက်ရှု ဤကောင်းမှုလျှင်
ကုသိုလ်ပြုရာ ကျောင်းကန်သာက
ကဗျာတပုဒ် ပုံပြယုဂ်တည့် --။ ။

(နရသီဟ)

အလုံးကြီးကြီး ဆို့မမျို


အလုံးကြီးကြီး ဆို့မမျို
==============

မုတ်ဆိတ်ဖွားဖွား ကုလားပင်
ရခိုင်ပြည်ကို အသျှင်ခံလို့
တန်ပြန်လက်မ ထောင်လတ်တေ
လက်လွှတ်စပါယ် ကြည့်မထားကဲ့ --။

ရခိုင်ပြည်ထဲ ခိုးလို့ဝင်
ပြည်ကိုပင်လျှင် အသျှင်ခံလို့
သမိုင်းတိကို သူရို့လိမ်
နောင်တချိန်မှာ သွီးချောင်းစီးဖို့ --။

အမျိုးမစစ် ကာလနာ
နိုင်ငံတကာ ငိုလို့ပြယင့် --။

စစ်အစိုးရ ပြန်လက်ခံ
နှစ်ဖက်ခွကြံ မဟာမင်းကြီး
အလုံးကြီးကြီး ဆို့မမျို
မင်းရို့ပြည်ကို ခေါ်လို့ထားလိုက် --။

ငါရို့ကတော့ လက်မခံ
ကိုယ့်နိုင်ငံကို ကိုယ်ရို့ပြန်ကတ်
အောက်ဆီအောက်ဆတ် ဆိုလတ်တေ
လူတိုင်းမှာလေ လူ့အခွင့်အရေး --။

ဓမြကို ရှိနီခံ
သူခိုးလက်ခံ သူရို့အစစ်
အမှန်တရား ချစ်ကတ်ပါ
မုသားဝါဒါ မသုံးကတ်ကဲ့
ကာလနာကို မမြီးစပ္ကဲ့ --။

မောင်ပေါက် (ရခိုင်ပြည်)

ပြည်ကြီးရခိုင်


ပြည်ကြီးရခိုင်
========

ရက္ခပူရီ၊ တိုင်းဌာနီကား
ရီကြိုင်မြမြ၊ ဂစ္ဆပနှင့်
စိမ်းမြညိုရောင်၊ ရိုးမတောင်နှင့်
ကမ်းမြောင်ရှည်စွာ၊ ပင်လယ်ပြာနှင့်
ရောင်ဝါသွယ်ဖြာ၊ သာသနာနှင့်
စိုင်လာသမိုင်း၊ ဤတိုင်းနိုင်ငံ
နက်သန်ဘုမ္မိ၊ ရာဇ၀င်ဟိ၏ --။

ရက္ခပူရီ၊ ဤသည်နိုင်ငံ
အောင်လံဝင့်ဝင့်၊ ထီးဖွင့်နန်းတည်
ပိတောက်စည်နှင့်၊ နယ်ပြည်သမုဒ်
အချုပ်အချာ၊ အာဏာပိုင်စိုး
မြင်းမျိုးသိန္ဓ၀၊ ကေသရာဇာ
ဗျာလပဉ္စရူ၊ ဆင်ဖြူဆင်နီ
သက်သီသာဓက၊ သင်္ဂေတနှင့် --။

ရက္ခပူရီ၊ ဤမြီဇာတိ
သီရိမဟာ၊ ရာဇာသွီးရင်း
မြတ်ခြင်းသီလ၊ စောင့်ထမျိုးရိုး
ထိန့်ကြိုးငလျင်၊ ပဲ့တင်ဟိန်းဟိန်း
ဗြိန်းစောင်းသံပြိုင်၊ စည်တော်မြိုင်နှင့်
ရခိုင်သားသွီး၊ ထိန်ထိန်ညီးသည်
ဘုန်းမီးနီလတောက်ထွန်းတည်း --။

(နရသီဟ)

မှန်ကင်းတလှည့် ထင်းတလှည့်


မှန်ကင်းတလှည့် ထင်းတလှည့်
===================

မြုံခိုးအုံမှိုင်း တဆိုင်းဆိုင်းနှင့်
တိုင်းသျှစ်ဌာနီ ပြာရီမှိုင်းညို့
မြသို့အသွင် လှရိပ်ဆင်လျှက်
ပင်ထက်လျှိုမြောင် တောတောင်ယံကြော
သံချိုနှောသည့် ဥသြရီသောက်
နွီကိုရောက်တိုင်း ရင်လှိုင်းခက်ထန်
မျက်ရည်သွန်မိ ပြန်လည်နှိုးဆွ
ပူသောကနှင့် နွမ်းရဘ၀င်
စိတ်အမြင်ဝယ် ယခင်အတိတ်
ပုံနမိတ်ရို့ တရိပ်ရိပ်လျှင်
စွဲဟင်ထင်သည် မရွှင်တမ်းတရလီဗျာယ်။

မျှော်ကြည့်တိုင်းလျှင် သျှစ်ခွင်အနှံ့
တေးဝီဖြန့်ရာ စေတီသာလည်း
မြီမှာပြိုယွင်း အလှကင်းလျှက်
ကျိုးပျက်တံတိုင်း အပိုင်းပိုင်းလည်း
ခြုံဝိုင်းနွယ်ရံ အထီးကျန်စွာ
စရှာမရ အနန္တတည့် --။

သြော် ရခိုင်ရို့၏ မိမြီဘမြီ
စာပီလက်ရာ နုပညာလျှင်
တခါမှန်ကင်း တလှည့်ထင်းသို့
ပျက်ယွင်းမြီခ ဖြစ်လီရငြား
ရခိုင်သားရို့ စိတ်ထားမှန်မှန်
မျိုးမာန်တိုးမြှင့် သင့်တင့်ညီညာ
တွဲလက်ဖြာသော် ရင်မှာခွန်အား
အားမာန်ပွားသည်
မိုးသားရောင်နီသို့နှယ်တကား --။

(ခိုင်လူခြင်္သေ့)

ဂြိုးညိုလည်းတိတ် မေလည်းအိပ်


ဂြိုးညိုလည်းတိတ် မေလည်းအိပ်
====================

ရွက်လှသိပ်သိပ်
မှင်းကျိုးပင်မှာ ဂြိုးညိုအိပ်လို့
သံတိတ်လတ်ကေ မေအိပ်တေလေ --။

မိုးလင်းရောင်ဝါ သူ့ဘာသာလေ
စီစာလည်းမြည် နိုးလတ်တေ --။

မပြတ်နိစ္စ အချိန်ကျ
မေလည်းထရေ --။

မြတ်စိန္တေမှာ ဆုမွန်တောင်းကေ
ဝတ်ပြုရေလည်း ၀တ်ပြုရေ --။

မေထွီးမရွှင်


မေထွီးမရွှင်
=======

တန်းဆောင်ဘုန်းလ ဟေမန္တမှာ
ချမ်းစတဖန် မြောက်လီပြန်ကေ
ရိုက်သွန်ဖြူးဖြူး
မရောက်လာကေ ယင်းခါကပင်
မေလျှင်စိတ်မှာ လွမ်းစယေပြုလို့
အခုကုန်ခါ တ၀ါဝါကေ
နတ်တော်ဆန်းဘိ ညဥ့်နှင့်နိမှာ
မေထွီးမရွှင်
စက်ဘုံသာကေ အိပ်ရာတွင်းမှာ
တစိမ့်စိမ့်ကေ ချမ်းစိမ့်ဝင်ရေ --။

လပြာသိုမှာ ဖြိန့်ဖြိန့်တုန်လို့
ကြင်သူယေ မရောက်
နှမဖြူလေ ညှိုးပိန်ခြောက်ကေ
တယောက်တည်းလေ --။

ပြာသိုလည်းပွဲ တပိုးထွဲမှာ
မီးပွဲမယေသဘင် ရထားငင်ကေ
ပျော်ရွှင်သောင်းသဲ
ရွာရှိပြင်မှာ မေလျှင်စိတ်မှာ
ပူကြီးဆွေးလို့
မကွဲမကွာ သူတကာမှာ
ချစ်ဘော်စုံဘက်
သည်ကိုမြင်ကေ မေလျှင်စိတ်မှာ
စိတ်ကြီးပျက်လို့
ကျင်ကိုင်လက်ပန်း အခန်းခန်းကို
အိမ်သူအကျွန် မြင်လတ်ပြန်ကေ
လွမ်းတောက်တာရှည်
ပန်းမဉ္ဇူကို နီပူထိုးကေ
ညှိုးလတ်တေလေး --။ ။

ကျွန်းသားအချစ်


ကျွန်းသားအချစ်
==========

ရမ်းပေါက်ကေရာလည်း စုံလီ
ပင်လယ်နားမှာ နွားတရွီနန့်
ဝါးပုလီကို မေပျို ကြားအောင်
ကာရီဘောင်က
ဂြိုးငှက်ကေယောင်ယောင်
ဖိုးခေါင်ယောင်လေ
နိခြင်းကြောင်တောင်
ကုန်းခေါင်ခေါင်မှာ
ချွေးပေါက်ကေရာလည်း ဒုတ်ဒုတ်
ပုလီချေကို ဆိုကာမှုတ်လို့
အလုပ်မှာပျော် မေ့ကိုခေါ်ကေ
ပေါ်လာနိုးနိုး ချောင်းခိုးကြည့်ပျာ
တအောင့်ကြာကေ ဆင်းပါလာလတ်
ရီခပ်ကွန်ဆောင် ဟင်းခူးယောင်လေ
ဘုန်းမောင်လူချော သူ့ရည်းစားကို
လားလို့ ကြိုရေ --။

ပဇောင်ချို မေပျို ပီးရေ
နွယ်ချို ကွမ်းယာ ဆီးကွမ်းယာကို
ဝါးကာလည်းစား
ကလောင်ဂျီ ကို ဖွာကာသောက်လို့
တအောင့်နားခါ
မေပျိုနားမှာ လားကာလည်းထိုင်
လက်ကိုကိုင်ကေ
(အဘာလေ) အေပိုင်ချိုရေ အချစ်
ရွာကချစ်ကို
အနှစ်တရာ မမိပါဝေ --။

သက္ကရာဇ်ကို ဖြိုကာပစ်လို့
တစ်ကပြန်စ
ချစ်ချစ်လို့ မ၀ပါ --။

အောင်လှခိုင် (ဒိုက်ကလူ)

Tuesday, June 3, 2014

(Chat) အလွမ်း


(Chat) အလွမ်း
------------------
သဲမှုံရာလည်း ဖုံဖုံ
စုံလီရာလည်း သွတ်သွတ်
လပကေ သာယာ
တလင်းပြင် ညောင်ပင်အောက်မှာ
အချေခါက
ပုန်းတမ်းဝှက်တမ်း ကဇတ်ခစွာ
အတွက်ပေါ်ကေ စိတ်ကမပျော်
ဖျော်သူလည်းနည်း
ဝမ်းလည်းနည်းရေ --။

မေကစစ်တွေ မောင်ကအမေရိကန်
ဘုန်းကြီးပျံမှာ လွန်းပျံစက်သီး
ဒုန်းသီးပစ်ယှောင်
လွမ်းကတ်မည် --။

Chat Room ချေမှာ
ပေါ်မလာကေ မျှော်ကာနီယင်း
လိုင်ဖင်းကိုးတောင်ရှည်လတ်ပျာ --။

သနားပါကေ လာပါတချက်
နိခြင်းဖက် --။

(စိုင်းဒြားမင်းခွာ)

"တာပြတ်လဲမည်"


လက်မောင်းလက်ဖန် ပြောက်တန်လောက်နန့်
ရထားဆွဲဖို့ လာလတ်တေ
ဗေဒင်ဝှရား မီးခယင့်လား။

ဂြိုလ်လားဂြိုလ်လာ ဇာတာစောင်းလို့
ရထားယှုံးဖို့ မြင်လတ်တေ
အရှက်ရမည် မလာကတ်ကဲ့ --။

ဒေါက်ဖနတ်ကြီး စီးလို့လာ
လမ်းလျှောက်တေခါ ယိုင်ပီယိုင်ပါး
ရထားဆွဲဖို့ လာလတ်ခါ
ကြိုးကိုပါအောင် ဆွဲနိုင်ယင့်လား
ကြိုးကိုကိုင်လို့ လက်ပေါက်ကေ
ပုဝါချေနန့် ပတ်လို့ထားလိုက် --။

အို မရီးရို့ မရီးရို့
မမဂေါင်းဆောင် ထိုအရီးက
ခါးကြိုးဆွဲလို့ ထွက်လတ်တေ
ကုလေလူချေ ကျွန်တော်ရို့နန့်
ရထားပြိုင်လို့ ဆွဲရေခါ
လဲပါလားမည် သတိထားကတ် --။

ယောက်ျားဖက်က မောင်ရို့မှာ
နိုင်ဖို့ဆိုစွာ ကျိန်းသီသိလို့
ဆွဲရဖို့တောင် အားနာရေ --။

ဆိတ်နန့်ဆင်ပုံ ပမာပြလို့
အားချင်းမမျှ ယုံကတ်ပါ
ဘုရားသတ်စီ နိုင်ဖို့ဖက်သား --။

စေတနာနန့်ပြောခမည်
ယှုံးဖို့လာရေ အိုမရီးရို့
လဲပြိုကျလို့ ဒူးပွန်းကေ
အယှုံးပီးပျာယ် ပြန်ကတ်ပါလင့်
ဆွဲနီလို့လည်း အပိုရာ
ကမ္ဘာဆုံးတောင် နိုင်ဖို့မဟုတ် --။

ခါချိုင်ကောင်ပိုင် မာန်ဟုန်ကြီးလို့
ထိုတောင်ကြီးကို ဖြိုဖို့ကြံ
ခါးကမသန် မာန်ကိုလျှော့ကတ်
မာန်ကိုလျှော့လို့ ပြန်ကတ်လီ
ပြန်ရာပြန်လီ အိုမရီးရို့ --။ ။

လက်မောင်းလက်ဖန် အကြီးသန်နန့်
ရထားဆွဲဖို့ လာလတ်တေ
နိုင်ဖို့ထင်ရေ အိုမောင်းမောင်ရို့
နားထောင်ကတ်ဖို့ ပြောပြမည်
လောကအလယ် အကျွန်ရို့မှာ
မောင်းထောင်းရီခတ် တတ်မျိုးစုံ
လက်ရုံးအစုံ အောင်တိုင်းမြောက်လို့
ရထားချေလောက် ဆွဲရာမှာ
မနိုင်စရာ အကြောင်းမဟိ --။

ညီညီညာညာ ခွန်အားစိုက်လို့
အကျွန်ရို့က ဆွဲလိုက်ကေ
တာပြတ်လဲမည် သတိထားကတ် --။

မမတိရာ ဆိုပြီးကေ
ခွန်အားနည်းရေ ထင်မိမှားလို့
ရထားပွဲမှာ ဆွဲရေခါ
အံ့သြစရာ မောင်ရို့ယှုံးလို့
ယူကြုံးမရ ဖြစ်လိမ့်မည် --။

လွန်လီခရေ ရထားပွဲမှာ
အကျွန်ရို့ကို နိုင်ဖူးယင့်လား
စကားလုံးက ကြီးကြီးကျယ်
အလံယူရေ နောက်ဆုံးနိမှာ
ကော့ကော့လန်လို့ ယှုံးလိမ့်မည်
သေသေချာချာ ကြည့်လို့ဆွဲကတ် --။

ရပ်စောက်ထလို့ အားကိုပျင်
ကြိုးကိုဒေါင်တင် ညီအောင်ဆွဲလို့
ရထားပွဲကြီး အပြီးမှာ
ယှုံးရေမျက်နှာ ဖုံပြာပြာနန့်
အမောင်ရို့ရာ ပြန်ကတ်လီ
ဇာမထီ မမဖက်သား--။

လဆုတ်နိရက် နောက်ဆုံးမှာ
အောင်ပွဲခံကာ အလံယူဖို့
ရထားမီးတိုက် ကျိန်းသီပါ
ယှဉ်ပြိုင်လာလို့ ရဖို့မဟုတ် --။ ။

(ကွယ်လွန်သူ ဆရာကြီးဓညစံ စုဆောင်းဖော်ပြပီးခသည့် ရခိုင်ဂန္ဓ၀င်ကဗျာကောင်းတပုဒ်ဖြစ်ပါသည်။ ကွယ်လွန်သူဆရာကြီးဦးရွှေဇံအောင်၏ရခိုင်အလင်းပြကျမ်းမှ ကောက်နှုတ်ဖော်ပြပါသည်။)

Saturday, May 31, 2014

ဝါလကျွတ်ကေ လက်ထပ်မည်


ဝါလကျွတ်ကေ လက်ထပ်မည်
====================

တခွန်းခေါ်လည်း
ခေါ်လို့မထူး
နှစ်ခွန်းခေါ်လည်း
ခေါ်လို့မထူး
ရွှီနားပြင်မှာ
ရွှီခင်လီးလို့
မကြားလီလား --။

နားယောင်လည်းခံ
နားပင်းကွန်ကေ
နားဆံတင်းတင်း
ပျိုမေလှလေ
အောက်ကိုဆင်းလို့ ပြောကတ်မည် --။

စွာကလာကေ
စွာရွာသားရောင်
နပျိုးတောက
ရွက်ကျင်လီစုံတိုက်
ချမ်းလိုက်တေနန့် --။

နားမကြားယောင်
ဟန်မဆောင်
ဘုန်းမောင်လူချော
မောင်းမောင်ခေါ်စွာ
မကြားတကြားကား မောင်းမောင် --။

သရက်ရေ ပင်ပျို
နပျိုးရေပင်လှ
ရွက်ချင်းဆိုင်
မြိုင်မြိုင်အုပ်ကေ
ဆင်ပုတ်ရွာက --။

နတ်နန့်မတူ
လူတင်လေမက
အေရပ်ရွာမှာ
အလွန်လှရေ နှမချေထံ
ချစ်တေဆိုကေ
ထိုအကြောင်းကို
ကကောင်းပြောမည်
အောက်ကိုဆင်းပါ ပုယေ --။

လူရွာသားကို
အမီးစုံစီ
ကိုယ့်ရွာသားကို
အကြည့်စုံစီ
ပဝေသဏီ
ဆိုစကားကို
မောင်းမောင်နားမှာ
မကြားလီလား --။

အကြည့်စုံကေ
စုံပါလီစ
အမီးစုံကေ
စုံပါလီစ
သတင်းဆိုကေ
ဝါလကျွတ်ကေ
လက်ထပ်ကတ်မည် ပုယေ --။

မိနန့်ဖမှာ မွီးစပ်တေ
နွားချေနှစ်ကောင်
ကျွဲငါးကောင်ကို
အသူရေကျောင်းဖို့
လယ်ကဆိုကေ
ငါးတောင်ကျားကို
အသူရေထွန်ဖို့
ဒေကရေကေ
ဒေမေလိုက်ကေ
ထမင်းငတ်မည် မောင်းမောင် --။

မိနန့်ဖမှာ မွီးစပ်တေ
နွားချေနှစ်ကောင်
ကျွဲငါးကောင်ကို
မောင်းမောင်ရာ ကျောင်းမည် --။

လယ်ကဆိုကေ
ငါးတောင်ကျားကို
မောင်းမောင်ရာ...ထွန်မည် --။

သတင်းဆိုကေ
ဝါလကျွတ်ကေ
လက်ထပ်ကတ်မည် ပုယေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာများ စုဆောင်းမှု)



Summary Rest of your post

Friday, May 9, 2014

စောက်ဆိုးပတ္တနား


စောက်ဆိုးပတ္တနား
===========

လိမ္မာမြင်ပြင်း ဆင်းရဲအားရ
ကြွယ်ဝမနာလို ကိုယ်ထက်သာမကြိုက်
အမိုက်လေးပါး ဤတရားကို
ရိက္ခာအပြည့်သိုထား
ဣသာမိစ္ဆရိယစိတ်ကို
ဝမ်းစာအပြည့်သိုလှောင်
ရွှေကွပ်ထားရေ ဇတ်ဝတ်စုံနန့်
မဏ္ဍပ်တိုင်တက်လို့ ကပြ
ယိုလူမရှက် မြင်လူရှက်
တော်လှန်ရေးကာလမှာ ပွေသာရှာနီပြီးကေ
ပွေသာရှာဖို့အခါကျ တော်လှန်ရေးလုပ်ပြနီရေ
မျက်နှာလို မျက်နှာရ
စားပွဲခုံထက်မှာ စာအုပ်တပုံတင်လို့
မိမ္မချေတိရှိကျ ကားရီကားရားလားပနာ
အေစောက်ဆိုးပတ္တနားတကောင်ကို
ကင်းပွန်းရွက်နန့် သင်းပုံးလျှော်
ကနခိုနန့်ဝမ်းလျှူပနာ
စန်ဂိုးခတ်လို့ မောင်းထုတ်ပစ်လိုက်ရဖို့ --။

(သာလှဦး)

Monday, April 28, 2014

ပြောက်ကျား

ပြောက်ကျား
========

ပြောက်ကျား ငယ်နာမေကားမဟုတ်
ကြမ်းကြုတ်ရက်စက် မျိုးဂုဏ်ပျက်အောင်
ထိုးနှက်ရန်မူ ကျူးကျော်သူကို
ခံယူအောင်ပွဲ စစ်ဆင်နွဲဖို့
မလွဲတာဝန် ကျီပွန်ထမ်းရွက်
ခရီးဆက်သူ --။။။။

ပြောက်ကျား
လူယမ်းကားမဟုတ်
မျိုးပြုတ်မခံ ဇာတိမာန်ကြောင့်
ပုန်ကန်တိုက်ခိုက် မျိုးချစ်စိတ်နန့်
ပစ္စက္ခသမိုင်း ကြမ္မာရိုင်းကို
တွန်းလှန်လိုသူ --။။။။။။။

ပြောက်ကျား
အကြမ်းဖက်သမား မဟုတ်
နစ်မြုတ်မခံ ကျွန်ဘဝအတွက်
တွန်းလှန်ဖယ်ယှား လူမျိုးခြားကို
တရားတဖက် ဓါးတလက်နန့်
အသက်ကိုပီး သွီးချောင်းစီးလည်း
ရန်ကြွီးထပ်လီ မျိုးချစ်ပီပြင်
တိုက်ပွဲဝင်သူ --။။။။။။။။။။။

ပြောက်ကျား
မတရား မလုပ်
မဟုတ်မခံ မမှန်မပြော
တရားသောစစ် အောင်ပွဲထိုက်ဖို့
ဆက်တိုက်ချီတက် ခရီးဆက်ယင်း
သွီးလမ်းခင်းသူ --။။။။။။

ပြောက်ကျားလို့ ဆိုဆို
သူပုန်လို့ပြောပြော
အမှန်တရားနန့် အမျိုးသားရေး
ရှိမျှော်တွေးလို့
ဖောက်လွဲဖောက်ပြန်
နယ်ချဲ့ ရန်ကို ခုခံသူရာ --။။။။။

ပြောက်ကျားရို့၏သမိုင်း
ခပ်ရိုင်းရိုင်းကားမဟုတ်
ပြောက်ကျားရို့၏စရိုက်
ယုတ်ယုတ်မိုက်မိုက်လည်း မဟုတ်ယေ
ငြိမ်းချမ်းရေးနန့် အမျိုးသား
လွတ်မြောက်ရေးအတွက် အမြုတေ
မွန်မြတ်ရေ နှလုံးသားနန့် ထုဆစ်
သမိုင်းတခေတ်၏ အသင့်တော်ဆုံး
လက်ရာကို ဖန်တီး
မအီးချမ်းနိုင်ရေ လူသားမျိုးနွယ်ရို့၏ဇစ်မြစ်
မြီအောက် မရောက်ဖြစ်အောင်
သမိုင်းပီး တာဝန်ကိုထမ်း
မီးခင်းလမ်းဘဲ ဖြစ်ဖြစ်
သွီးခင်းလမ်းဘဲ ဖြစ်ဖြစ်
ရသင့်ရထိုက်သော အဖိုးအဖီးအမွီအတွက်
ကိုယ်ကျိုးစွန့်(အရာရာ)
ပီးဆပ်ဝန့်သူအမှန်ရာ --။။။။။။

ဘော်ဒါလူသား(၁၆။၂။၀၆)

Saturday, April 26, 2014

ငါရို့ ဇာလုပ်ကတ်ဖို့လဲ (သို့မဟုတ်) တွေးကြည့် ငေးကြည့်နီလို့တော့ မဖြစ်ပျာယ်


ငါရို့ ဇာလုပ်ကတ်ဖို့လဲ (သို့မဟုတ်)
တွေးကြည့် ငေးကြည့်နီလို့တော့ မဖြစ်ပျာယ်
=======================

(၁)
ကြည့်-----။
ထောင်စုနှစ်များစွာချီလာရေ
ကိုယ်ရို့  သမိုင်းရာဇဝင်ကို မျိးဆက်ကိုယ်စီဝတ္တရားဖြစ်လို့ 
ပြန်လည်ဖော်ထုတ်ဖို့ ပြောဆိုကတ်တေခါ
မဟာ့မဟာဝါဒီတိက
အမြင်ကျဉ်းမြောင်းသူရို့ အဖြစ် ယိုးစွပ်ကတ်တေ
ယေပြီးကေ
ပုန်ကန်သောင်းကျန်းသူတိလတ်၊
ငါရို့ တိကိုဝေဖန်ယှုတ်ချ
ပြင်းထန်စွာ
တိုက်ခိုက်ခြီမှုန်းကတ်တေ--။

ထော-----။
သူရို့သမိုင်းကြောင်းမှာ
ကိုယ့်ရာဇဝင်ဟောင်းတိနန့် 
ရောသမမွှီကတ်တေခါကျကေ
တိုင်းရင်းသား
ညီအကိုတိပါရာလတ်၊
ချိုသာသိမ်မွိရေ
ကောက်ကျစ်စဉ်းလဲမှုတိနန့်
မြီမြုပ်သဂြိုလ်ဖို့အတွက်
ဇွဲနဘန်းကြီးစွာ
လုံးပမ်းအားထုတ်နီလီကတ်ယင့် --။

(၂)
နယ်ချဲ့ ရို့၏
ညှင်းပန်းရက်စက်ခြင်းကိုခံကတ်ရရေခါ
သို့တည်းမဟုတ်
လွတ်လမ်းကိုထွင် တိုက်ပွဲဝင်ဖို့
ပြောကတ် ဆိုကတ် စုရုံးကတ်တေအချိန်မှာ
ခါးသီးနာကျီးရေ
ခံပြင်းမှုတိနန့် 
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်
စေတနာပါပါ ကြုံးဝါးလီခကတ်တေ --။

ထော------။
တော်လှန်ခရီး ညီးငွေ့ လာကတ်လို့
အမျိုးသားရေးနန့် တိုင်းပြည်ရေးထက်
ဝမ်းရေးခက်လာကတ်တေခါ
သို့တည်းမဟုတ်
အတ္တလိုအင်အတွက် လုံးပမ်းလာကတ်တေအခါ
မူမမှန်ရေ အကြောင်းပြချက်တိနန့်
ကျွန်ဇာတာ အမှတ်တံဆိပ်တိကို ခတ်ပနာ
ငလိငလည် ခရီးစဉ်တိကို
ဂျီဝါဂျီဝိ စိုင်းပြင်းနီလီကတ်ယင့် --။

(၃)
ဇာပိုင်ဖြစ်ကတ်ရစွာလဲ
လူမျိုးစု အမည်ခံတိကြားမှာ
ပြည်ထောင်စု လူ့ဘောင်သဖောနန့်
ဟန်ဆောင်မှုကိုယ်စီ လွှမ်းခြုံထားကတ်ရရေပိုင်
ပြန်လည်လွတ်မြောက်ရေးအတွက်ရာ
အမြုတေလာခကတ်တေဆိုကေလည်း
တော်လှန်သူ ငါရို့တိကြားမှာ
“လွတ်လပ်ရေး” ဆိုရေ
သွီးစကား ကိုတောင် စေတနာပါပါ
ပြောဆိုဖို့ မလွယ်ကတ်ပျာ --။

ထော------။
ညီညွတ်ရေး---။
လွတ်မြောက်ရေး---။
ငြိမ်းချမ်းရေး---လတ်၊
အမျိုးသားရေးလို့လည်း ဆိုနီကတ်ယင့်
ယုံတမ်းစကားတော့ခါ မဖြစ်စီချင်
မျိုးနွယ်တခုလုံး ပျက်သုဉ်းလုနီးပါး
ဆိုက်ရောက်နီရေ
ပကတိ အနီအထားမှာတောင်
ဆက်ပြီးကေ ဝပ်စင်းခံပီးဖို့
စိတ်ကူးယဉ်ကတ်ချင်သိမ့်လို့လား --။

(၄)
မြီမှာဝပ်စင်း လမ်းခင်းဘဝ
ရောက်နီကတ်ရရေ
ရှိဟောင်းအမွီအနှစ် အကြွင်းအကျန် အပိုင်းအစတိ
ဒဏ္ဍာရီပြုံပင်အဖြစ်နန့်
နိဂုံးကမ္ပဋ် အဆုံးသတ်ရဖို့ဟိနီရေ
သမိုင်းဖြစ်ရပ်တိ
မပီပြင် မထင်ရှားဖြစ်နီရေ ကိုယ်ပိုင်ယဉ်ကျေးမှုတိ
တိမ်းကောပျောက်ကွယ်နီရေ အမျိုးသားစာပီတိ
အဖြည့်ခံလူသား (လူမျိးစုချေ) အဖြစ်နန့်
သံဝေဂကင်းမဲ့စွာ လျှောက်လှမ်းနီကတ်တေ ဦးတည်ချက်တိ --၊
အေချင့်-----။
အေချင့် အားလုံးအတွက်
မှန်ကန်မွန်မြတ်ပြီး
ရဲရင့်ပြတ်သားရေ ဇာတိသွီးဇာတိမာန်နန့်
ရင်ဆိုင်ရပ်တည်ကတ်ရဖို့အစား
ယောင်ဝါးဝါး
ဖော်လံဖားနီကတ်တေ
ပစ္စုပ္ပန်တိကို ကျော်ဖြတ်ဖို့
ငါရို့မျိုးဆက်တိ
ဇာပိုင်ဆုံးဖြတ်ကတ်ဖို့လဲ ---။ ။

(ကျောက်ဖြူညီလာခံသို့ တပ်လှန့်ခြင်း)

(ဘော်ဒါလူသား)


Saturday, April 19, 2014

တုနှိုင်းမရရေ မိတ္တာတိနန့်

တုနှိုင်းမရရေ မိတ္တာတိနန့်
================

သမီးချစ်ခင်လေးစားရပါသော `ပါပါ´
တနိ အားလုံးသူ
ခွဲခွာရဖို့ဆိုစွာ သိကေလည်း
မတရားနှိပ်စက်
သူတပါး ပယောဂကြောင့်
သမီးရို့မိသားစုနန့်
ရခိုင်သူ ရခိုင်သားတိကို ခွဲလို့
ဘဝတစ်ပါးကို
`ပါပါ´ကူးပြောင်းလားခရေအတွက်
မဖြေသိမ့်နိုင်လောက်အောင်
သမီး ခံစားရပါရေ --။

ပါပါ့ မျက်နှာကို
နောက်ဆုံးတခေါက်ချေလောက်တောင်က
မြင်ခွင့်တွိခွင့် မရလိုက်ကေလည်း
ဘဝဆက်တိုင်းမှာ
`ပါပါသမီးရာ´ ဖြစ်ရပါဇီလို့
အမြဲ ဆုတောင်းပါမေ --။

တုနှိုင်းမရရေ မိတ္တာတိနန့်
သားသမီး မိသားစုအပေါ်တောင်မက
ရခိုင်တမျိုးသားလုံးအတွက်ပါ
အသက်ကို ပီးဆပ်လားခရေ `ပါပါ´
သမီးအတွက်ကတော့
`ထာဝရသူရဲကောင်း´ ဖခင်ပါ --။
ပါပါကောင်းရာသုဂတိ လားပါဇီ --။

(ချစ်သမီးကြီး ညိုချေ)

ဖက်ခွက်လက်ချက်နန့် (12/4/2014) မှာ အသက်သီကျလားခရရေ သူရဲကောင်းဖခင်ကြီး ဦးမောင်သိန်းအတွက် သီတမ်းစာကဗျာ။

Tuesday, September 24, 2013

အကုသိုလ်အပြစ် (၁၀) ပါး


အကုသိုလ်အပြစ် (၁၀) ပါး
===================
(၁) သူ့အသက်ကို ညှဉ်းဆဲ၊ သတ်ဖြတ်ခြင်း။
(၂) သူ့ဥစ္စာကို မတရား ခိုးယူခြင်း။
(၃) မှားယွင်းသော မေထုံမှုကို ပြုကျင်ြ့ခင်း။
(၄) မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း။
(၅) ကုန်းတိုက်စကား၊ သွီးခွဲစကားပြောဆိုခြင်း။
(၆) ကြမ်းတမ်းစကား၊ ညစ်ညမ်းဆဲရေးစကား ပြောဆိုခြင်း။
(၇) အဓိပ္ပါယ်မဟိသောစကား၊ အနှစ်မဟိသောစကား ပြောဆိုခြင်း။
(၈) မောဟဖုန်းလွှမ်း၍ အမှန်တရားကို မသိမြင်နိုင်ခြင်း။
(၉) ရန်လို အမုန်းပွားခြင်း။
(၁၀) အယူအဆလွဲမှားခြင်း။
There are ten (10) Akusala Kammas (sinful actions) caused by action, speech and mind).
Three (3) sinful actions:
Paanaatipaata (Killing) Both Human and Animalls
Adinnaadaana (Stealing, Robbing)
Kaameesumichchaachaara (Wrong sexuality)

Four (4) sinful action by speech:
Musaavaada (Lying)
Pisunaavaacha (Slandering)
Pharushaavaacha (Harsh speech)
Samphapphalaapa (Useless speech)

Three (3) sinful actions by mind:
Avidyaa or Abhijjaa (Not seeing the truth)
Vyaapaada (Hate)
Michchaaditthi (Wrong belief)


Monday, September 9, 2013

(၃၈) သုံးဆယ့်သျှစ်ဖြာ မင်္ဂလာ ဒေသနာမြတ်တရားတော်


ကမ္ဘာသူ ကမ္ဘာသားအားလုံး ကောင်းစွာမှတ်သားကျင့်ကြံအပ်သော ခုဒ္ဒကပါဠိတော်လာ
ဘုရားသခင် ဗုဒ္ဓမြတ်စွာ၏ဆုံးမသြ၀ါဒလမ်းညွှန်


(၃၈) သုံးဆယ့်သျှစ်ဖြာ မင်္ဂလာ ဒေသနာမြတ်တရားတော်
==================================


၁။ အသေ၀နာစ ဗာလာနံ = လူမိုက်နှင့် မပေါင်းခြင်းသည် မင်္ဂလာဟိ၏..။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာဟိကို ဆည်းကပ်ခြင်းသည် မင်္ဂလာဟိ၏..။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာဟိ၏..။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နီထိုင်ရခြင်းသည် မင်္ဂလာဟိ၏..။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဖူးသော ကောင်းမှုဟိခြင်းသည် မင်္ဂလာဟိ၏..။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်းသည် မင်္ဂလာဟိ၏..။
၇။ ဗာဟုဿစ္စ = အကြားအမြင်များခြင်းသည် မင်္ဂလာဟိ၏..။
၈။ သိပ္ပ = သိပ္ပံအတတ်ပညာကို တတ်ခြင်းသည် မင်္ဂလာဟိ၏..။
၉။ ၀ိနယောစ သုသိက္ခိတော = စည်းကမ်းဟိခြင်းသည် မင်္ဂလာဟိ၏..။
၁၀။ သုဘာသိတ၀ါစာ = အပြောအဆိုလိမ္မာခြင်းသည် မင်္ဂလာဟိ၏..။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘကို လုပ်ကျွေးခြင်းသည် မင်္ဂလာဟိ၏..။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = မိသားစုအား ထောက်ပံ့ခြင်းသည် မင်္ဂလာဟိ၏..။
၁၃။ အနာကုလ ကမ္မန္တာ = အကျိုးမဟိသော အလုပ်ကို မလုပ်ခြင်းသည် မင်္ဂလာဟိ၏..။
၁၄။ ဒါနဉ္စ = ပီးကမ်းစွန့်ကြဲတတ်ခြင်းသည် မင်္ဂလာဟိ၏..။
၁၅။ ဓမ္မစရိယ = အကျင့်ကောင်းခြင်းသည် မင်္ဂလာဟိ၏..။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွီမျိုးများအား ထောက်ပံ့ခြင်းသည် မင်္ဂလာဟိ၏..။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မဟိသော အမှုကို ပြုခြင်းသည် မင်္ဂလာဟိ၏..။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ၀ီးစွာ ယှောင်ယှားခြင်းသည် မင်္ဂလာဟိ၏..။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ယှောင်ကြည်ခြင်းသည် မင်္ဂလာဟိ၏..။
၂၀။ မဇ္ဇပါန သံယမော = မသောက်စား မမူးယစ်ခြင်းသည် မင်္ဂလာဟိ၏..။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုပြုရန် မမိ မပေါ့လျော့ခြင်းသည် မင်္ဂလာဟိ၏..။
၂၂။ ဂါရ၀ = ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာဟိ၏..။
၂၃။ နိဝါတ = ထောင်လွှားခြင်း မဟိခြင်းသည် မင်္ဂလာဟိ၏..။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်းသည် မင်္ဂလာဟိ၏..။
၂၅။ ကတညုတ = ကျေးဇူးသိတတ်ခြင်းသည် မင်္ဂလာဟိ၏..။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သောအခါ၌ တရားနာရခြင်းသည် မင်္ဂလာဟိ၏..။
၂၇။ ခန္တီ = သည်းခံခြင်းသည် မင်္ဂလာဟိ၏..။
၂၈။ သောဝစဿတာ = သူတော်ကောင်းစကားကို နာလွယ်ခြင်းသည် မင်္ဂလာဟိ၏..။
၂၉။ သမဏာနဉ္စဒဿန = သီလဖြူစင်သူအား ဖူးမြင်ရခြင်းသည် မင်္ဂလာဟိ၏..။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့်လျောက်ပတ်သောအခါ၌ တရားဒေသနာ ဆွေးနွေးရခြင်းသည် မင်္ဂလာဟိ၏..။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ကြံခြင်းသည် မင်္ဂလာဟိ၏..။
၃၂။ ဗြဟ္မစရိယ = မြတ်သောအကျင့်ကို ကျင့်ခြင်းသည် မင်္ဂလာဟိ၏..။
၃၃။ အရိယသစ္စာနဒဿန = အမှန်တရားကို သိမြင်တတ်ခြင်းသည် မင်္ဂလာဟိ၏..။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ = စိတ်နှလုံးချမ်းသာရခြင်းသည် မင်္ဂလာဟိ၏..။
၃၅။ နကမ္ပတိ = လောကဓံတရားနှင့် တွိကြုံသော်လည်း မတုန်လှုပ်ခြင်းသည် မင်္ဂလာဟိ၏..။
၃၆။ အသောက = လောကဓံတရားနှင့် တွိကြုံသော်လည်း မစိုးရိမ်တတ်ခြင်းသည် မင်္ဂလာဟိ၏..။
၃၇။ ၀ရဇံ = လောကဓံတရားနှင့် တွိကြုံသော်လည်း စိတ်မညစ်ညူးခြင်းသည် မင်္ဂလာဟိ၏..။
၃၈။ ခေမံ = လောကဓံတရားနှင့် တွိကြုံသော်လည်း စိတ်သောက မရောက်ခြင်းသည် မင်္ဂလာဟိ၏..။

(ခုဒ္ဒကပါဠိတော်လာ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကောင်းစွာမှတ်သားကျင့်ကြံအပ်သော ဘုရားသခင် ဗုဒ္ဓမြတ်စွာ၏ဆုံးမသြ၀ါဒလမ်းညွှန်)


Saturday, June 1, 2013

အေလူ ခေသူမဟုတ်

အေလူ ခေသူမဟုတ်
=============
ရွှေချဖို့ကောင်းရေစိတ်ဓါတ်တိနန့်
ခြင်ထောင်ထဲက လက်ခဲပစ်
ချစ်လိုက်ကတ်တေအမျိုး
အမျိုးချစ်ရာတွင် ငါနှင့်တူသူ လူမဟိ
စွန့်လွှတ်အနစ်နာခံရာတွင် ငါနှင့်တူသူ လူမဟိ
ရဲရင့်ပြတ်သားရာတွင် ငါနှင့်တူသူ လူမဟိ
တက်ကြွနိုးကြားရာတွင် ငါနှင့်တူသူ လူမဟိ
မှန်ကန်ကောင်းမြတ်ရာတွင် ငါနှင့်တူသူ လူမဟိ
ရိုးသားဖြောင့်မတ်ရာတွင် ငါနှင့်တူသူ လူမဟိ
ကြိုးစားအားထုတ်ရာတွင် ငါနှင့်တူသူ လူမဟိ
ဖြူစင်သန့်ယှင်းရာတွင် ငါနှင့်တူသူ လူမဟိ
တည်ကြည်ခန့်ငြားရာတွင့် ငါနှင့်တူသူ လူမဟိ
ထင်ပေါ်ကျော်ကြားရာတွင် ငါနှင့်တူသူ လူမဟိ
တော်ရာတတ်ရာတွင် ငါနှင့်တူသူလူမဟိ
နာမ၀ိသေသနတိ အထပ်ထပ်
မဟာမုနိမှာ ရွှေကပ်ထားယှောင် --။

ဆောင့်ခြောင်ချေထိုင်ရကေပင်
ကိုယ့်စွာကို ခြင်္သေ့ထင်လို့ ---။

လျှာရည်တမြမြ
တန်းပျင်းထက်က အကျရည်
ပူစပ်စပ်ချေ
ခြီရေလားဝေ သူငယ် ---။

အဂယင့် စိတ်ကူးပေါက်ကေ
ဒုန်းပေါက်ဆောက်လားအောင်
နောက်က
ကျောက်ကန်ပစ်လိုက်ချင်ရေ--။

ဖက်ခွက်သားကျ အမိလင်မ သားချေတိ
စိတ်ဓါတ်တိက
ချစ်ဖို့ကောင်းလိုက်တေနန့် ---။
အလှပလှ ချီးထက်ရွံဖို့ကောင်းရေအကောင်တိ ---။

(ခတ်ကျောက်သီး)

Friday, May 31, 2013

တဆိချေလောက် လျှော့ကတ်မည်


တဆိချေလောက် လျှော့ကတ်မည်
===

ယလောက်ထိလည်း
မဟုတ်သိမ့်ပါ
တဆိချေလောက် လျှော့ကတ်မည် --။

'ဟ' လာကေ
'BC' က စရေ --။

ပစ, ၀မှာ
ဆို့နီရေ --။

ဆီမဟုတ်ကေ ရီနှင့်မျိုချ
မသထာကေ သီကျမည် --။

အခဲအစာမကြီ
ဝမ်းကြင့်နာဖြစ်လို့
တကြိုင်းကြိုင်းကျွီးအော်
ကယ်ပါကူပါ
မသက်သာကေ
နောက်ဘိတ်ဆုံးမှာ
ကနခိုကို ဆားနှင့်ဖျိုတိုက်
ဝမ်းလျှူပစ်လိုက်ရဖို့ယေ --။

(သာလှဦး)

Sunday, April 7, 2013

မပြောဘူး၊ မလာနဲ့

တခါက မောင်တောက ကျောင်းဆရာမောင်ဖြူချေတယောက် ငါးခူရရွာတွင် ကျောင်းဆရာဘ၀နှင့် တာဝန်ကျလျှက်ဟိသည်။ တရက်နိတွင် ရန်ကုန်က မြန်မာကျောင်းနီဖက်သူငယ်ချင်းတယောက် မောင်တောမြို့သို့ အစိုးရ၀န်ထမ်းတာဝန်နှင့် ပြောင်းလာရမည်ဖြစ်ကြောင်း သတင်းရသည်။ သို့ဖြင့် သူငယ်ချင်းအား မောင်တောမြို့သို့ရောက်လျှင် မိမိတာဝန်ကျလျှက်ဟိရာ ငါးခူရရွာသို့ လာလည်ရန်ဖိတ်ကြားလိုက်သည်။ သူငယ်ချင်းလည်း စနီ၊ တလဂုင်္နီယုံးပိတ်ရက်တွင် သူ့သူငယ်ချင်းကျောင်းဆရာဟိရာ ငါးခူရရွာသို့ လည်ဇောင်ရောက်လာသည်။ ရွာကိုရောက်၍ ကျောင်းဆရာမောင်ဖြူချေအိမ်ကို မီးကြည့်ရာ ကန်ဘောင်နားက သံဖြူမိုး၍အိမ်ဖြစ်ကြောင်း လမ်းညွှန်ပီးလိုက်ကတ်သည်။ အိမ်သို့ရောက်သောအခါ သူငယ်ချင်းမောင်ဖြူချေမှာ အိမ်၌မဟိ ပုဇွန်ကန်သို့ ရောက်လျှက်ဟိသည်။ သို့ဖြင့် သူငယ်ချင်းမယားသည်ကို "အစ်မ စားပြီးပြီလား၊ ဘာဟင်းနဲ့စားသလဲ" ဟု လောက၀တ်စကားမီးစမ်းကြည့်ရာ သူငယ်ချင်းမယားသည်က "နပျိုးဖူးနန့် မလာနန့်" ဟု ဖြေလိုက်သည်။။ သို့သော် ဗမာဝန်ထမ်းနားလည်လားသည်မှာ "မပြောဘူး၊ မလာနဲ့" ဟူ၍ဖြစ်သည်။ ထို့ကြောင့် ဗမာဝန်ထမ်းမှာ ရှက်ကွန်ချေဖြင့် အိမ်ပေါ်ထက်က ဆင်းပြီးရလီပါတော့သတည်း။
 

Friday, June 1, 2012

ဖက်ခွက်လက်ချက် သဇင်တခက် ရာဇဝင်


Download

ဖက်ခွက်လက်ချက် သဇင်တခက် ရာဇဝင်

”အမိ ကျောင်းမှာအာစရိယပူဇော်ပွဲလုပ်ဖို့ ဖေသာ ၃၀၀ စီထည့်ရဖို့”

လေးတန်းကျောင်းသားချေ အောင်မြတ်ထွန်း ကျောင်းကအပြန်အိမ်ကို ရောက်ရောက်ချင်း လွယ်အိတ်ကို ဝေးချပနာ အမိနားကပ်ပြောလိုက်တေ။ မိစောနု သက်ပြင်းတချက် ချလိုက်မိရေ။ လင်ယောင်္ကျားသီလားစွာ ၄ နှစ်ပြည့်ဖို့ဗျာယ်။ လင်သည်သက်ဟိထင်ရှားဟိနီခါ ဒေကိစ္စတိကို မပူခရ။ ချစ်လင် မြတ်ထွန်းဦးက မြန်မာ့ဆိပ်ကမ်းက အစိုးရဝန်ထမ်းတယောက်ပါ။ တတောက်ပပြောင်မဟိကေလည်း ဒေကိစ္စချေတိကိုမပူခရ။ သူမအလုပ်က အိမ်တွင်းရီးကိစ္စ။ အချေတိကိုအိမ်တွင်းကနီ လိုအပ်စွာတိ အားလုံးလုပ်ပီးရေ။ သူမမှာ သမီးနှစ်ယောက်။ သားတယောက်။ အကြီးဆုံးသမီး ဦးသိန်းနုက လွန်ခရေနှစ်က ဆယ်တန်းအောင်လားပြီးဗျာယ်။ သားချေအောင်မြတ်ထွန်းက ဒေနှစ်လေးတန်း။ သမီးထွီး နုသဲဖြူက သုံးတန်း။ သမီးကြီးက ဆယ်တန်းအောင်ဗျာယ်ဆိုခါ အိမ်တွင်းရီးကိစ္စ စိတ်မပူရ။ သူမ ဈီးထွက်ရောင်းတိုင်း အစစအရာရာကို သမီးကြီးက ဒိုင်ခံလုပ်ပီးရေ။ အဖမဟိရေနောက်ပိုင်း မောင်ချေနန့် နှမချေကို အစရာရာပြုစု ဂရုစိုက်ပီးရေ။ ဖေသာမတတ်နိုင်လို့ အချေတိညကျောင်း မထားနိုင်ကေလည်း သမီးကြီးက သူရို့နှစ်ယောက်ကို စာပြပီးရေ။ လိမ္မာရီးခြားဟိရေသမီး၊ သမီးကြီးအမိအရာဆိုရေအတိုင်း၊ အမိနန့် လောင်းကူလှော်ဖက်ရရေ။

”အမိ မေကြီး အမိကိုကူညီနိုင်ဗျာယ်”

မိစောနု အတွေးစတိပျက်လားရေ။ အိမ်ထဲကိုပြီးဝင်လာရေ သမီးကြီဦးသိန်းနု အမိသည်လိုင်ပင်းကိုဖက်ပနာ ပြောလိုက်စွာဖြစ်တေ။

”ဇာဖြစ်လာစွာလဲ မေကြီး၊ ပျော်လုံးကြီးဆို့လို့ကာ”

”အမိ မေကြီးအလုပ်ရဗျာယ်။ ထိုတလောက ရန်ကုန်ကလာလို့ အသစ်ဖွင့်ရေ ဆီးကုမ္ပဏီမှာ”

”ဟိန့်…. မကြီးအလုပ်ရကေ မောင်မောင်ကို အာစရိယပူဇော်ပွဲအတွက် ဖေချာနန့် ဘောင်းဘီအသစ်တလုံးဝယ်ပီးနန်း”

မောင်ချေ အောင်မြတ်ထွန်းက အေးမကြီး အလုပ်ရစွာကိုကြားစွာနန့် သူလိုချင်စွာကို ချက်ချင်း တောင်းဆိုလိုက်တေ။

”မကြီးအလုပ်ရှာစွာ မင်းရို့အတွက်၊ မောင်မောင် စာရာကြိုးစားနန်း၊ မကြီးအားလုံးပီးမေ။”

မောင်မောင်တယောက် သူတောင်းစွာတိရဖို့ဆိုလို့ အပျော်ကြီးပျော်နီရေ။ မိစောနုက မျက်ရည်တိပင်ဝဲလို့ ပီတိဖြာနီရေ။ မိထွီးချေက အိမ်မှာမဟိ။ ထုံးစံအတိုင် အပြင်မှာ တခြားအချေတိနန့် ကဇတ်နီကတ်တေ။

ယင်းနိညဇာ မိသားစုထမင်းပွဲ စစည်ကကား။ ခါတိုင်းပိုင် အပေါစား ဟင်းငါးတိမဟုတ်။ မေကြီးအလုပ်ရရေ အထိမ်းအမှတ်နန့် မိစောနု ကြက်ရင်အုံတအုံဝယ်လာရေ။ ကြက်သားဆိုစွာ သူရို့ပိုင်လက်လုပ်လက်စားတိအတွက် နတ်သုဒ္ဓါ။ ယင်းနိ ထမင်းဝိုင်းမှာ ကြက်သားဆီပြန်၊ ငရုတ်ကြိတ်နန့် တို့စား၊၊ ကြာဆံနန့်ဘူးသီးဟင်းရည်သောက်၊ ကော်ဖီပွင့်ကျော်ရို့နန့် စစုံလလင် စားကတ်ရရေ။ မောင်မောင်နန့် မိထွီးက ထမင်းအလုပ်ပြတ်နန့် သူရို့လိုချင်ရေ လိုအပ်တေ ဘောလ်ပန်၊ ခဲတန်၊ ပေတံတိကို လစာထွက်တေနိ ဝယ်ပီးဖို့အတွက် တခုချင်းစီချပြနီကတ်တေ။ ပုံမှန်ဆို မကုန်တတ်တေ ထမင်းအိုးကြီး တတက်ပြောင်လားရေ။ မိစောနုတယောက် သားသမီးချေတိ ပျော်နီကတ်စွာကို ကြည့်လို့ပီတိဖြာပနာ သူမမျက်လုံးအိမ်ချေမှာ တမ်းတခြင်း၊ အောက်မိသတိရခြင်းတိ တရိပ်ရိပ်တက်လာရေ။ အော်…ကိုမြတ်ထွန်းဦး…..သူရာ ဒေထမင်းဝိုင်းမှာဟိကေ ဇာလောက်ပျော်ဖို့ကောင်းဖို့နန်း…….

အလုပ်ရလို့ နှစ်ပတ်ကြာရေခါ မေကြီးတယောက် အလုပ်ကိစ္စနန့် ခရီးထွက်ဖို့ကျရေ။ အရောင်းစာရေးမဆိုရေအတိုင်း မြို့ထဲက ဆီးခန်း၊ ဆီးဆိုင်တိမှာ တဆိုင်ဝင်တဆိုင်ထွက် ဆီးလားဖြန့်ရရေပိုင် နှစ်ပတ်တခါစီ တခြားမြို့တိကိုလားလို့ ဖြန့်ဝီရရေ။ သူမဖြန့်ချီရီး တာဝန်ကျရေမြို့က ဘူးသီးတောင်နန့် မောင်တောပါ။ သူမဘဝမှာ ဘူးသီးတောင်ဆိုရေမြို့ ပထမဆုံးခရီး။ ဒေတခေါက် မောင်တောထိတက်စရာမလို။ ဘူးသီးတောင်က ဆိုင်တချို့မှာဖြန့်ရဖို့။ ကိစ္စမဟိ။ သူမမှာ ဘူသီးတောင်မှာ အဝီးသင်တက်ဖက် သူငယ်ချင်း ကျန်သဲဖြူ အိမ်ဟိရေ။

တလင်္လာနိ မိုးထစစော အိမ်ဘေးက အခင်ဖြူသီး ဆိုက္ကားနန့် သင်္ဘောဆိပ်ကို ဆင်းကတ်တေ။ ဆိုက္ကားနောက်မှာ ဆီးကာတွန်းဗူးကြီးကို တင်လိုက်တေ။ မောင်ချေကို ရင်ခွင်ထက်မှာတင်လိုက်တေ။ ညကပင် မောင်ချေက မကြီးကိုသင်္ဘောဆိပ်ထိ လိုက်ပို့ပီးမေလတ်။ အမိက စစောကပင် ဈီးကြီးက ဟင်းချွတ်ဖို့ ထလားခဗျာယ်။ မောင်ချေကို မလိုက်ကဲ့ မကြီးတယောက်တည်းလားမေဆိုလို့မရ။ အေးမကိုစိတ်မချ။ ဇာစိတ်ချဖို့လဲ။ အချေဆိုကေလည်း သိရေ။ တခါတရီ မောင်နှမတတော လမ်းလျှောက်ထွက်ကတ်ကေ ယောင်္ကျားတိမြင်တိုင်း သူ မလွတ်တမ်း မျက်စိနောက်လို့ ကြည့်ထားရေ။ ကြည့်ဖို့နင်းရာ။ မြင်ရေယောကျာင်္းတိုင်း သူ့အေးမ ခန္ဓာကိုယ်က မျက်စိလုံးဝမခွါ။ မျက်စိထွက်ကျဖို့ပိုင် ကြည့်နီကတ်တေ။ ဦးသိန်းနုက အမိတူသမီး။ အသားကဖြူစွာလည်းမဟုတ် ညိုစွာလည်းမဟုတ်ပါ။ နီစပ်စပ်၊ နှာတံစစင်း၊ မျက်နှာသသွယ်၊ ဆံပင်က မတိုမရှည်၊ တင်းကား၊ ရင်စွင့်၊ မြင်ရေပုရိသယောင်္ကျားတိုင်း အကြည့်မခွါ သက်ပြင်းရှည်ချရစီရေ အလှပိုင်သျှင်မ။

စစ်တွေ၊ ပြည်တွင်းရီကြောင်း၊ သင်္ဘောဆိပ်ကိုရောက်ဗျာယ်။ ဇာချိန်ကပင်ရောက်နီကတ်တေ ခရီးသည်တိလည်းမသိ၊ ဖောင်တော်တန်းခါးဝမှာ ကျိတ်ကျတိုးနီကတ်တေ။ တန်းခါးဖွင့်ဖို့စွာကို စောင့်နီကတ်စွာ ထင်ယင့်။ သူမ ဘူးသီးတောင်၊ မောင်တောကို ခရီးမထွက်ဖူးကေလည်း သူငယ်ချင်း ကျန်သဲဖြူပါးက အသေးစိတ်မီးထားရေ။ ယင်းတန်းခါးဘေးမှာ ရိုးရိုးလက်မှတ် အရောင်းဌါနဟိရေ။ သူမအတွက် ရိုးရိုးလက်မှတ်ဝယ်လိုက်ကေ အဆင်ပြေဖို့မထင်။ ဆီးဘူးတန်းလန်းနန့် ဒုက္ခကျဖို့မနား။ ရိုးရိုးလက်မှတ်က သဘောင်္ကုန်းပတ်ထက်မှာ ထိုင်လိုက်ရစွာမနား။ ကုမ္ပဏီကလည်း အထက်တန်းလက်မှတ်အတွက် ခရီးစရိတ်ပီးထားရေ။ ဖောင်တော်တန်းခါးမကြီးဘေးမှာ လူတကိုယ်စာ အပေါက်တပေါက်ဟိရေ။ ကိုဖြူသီးက အထက်တန်းလက်မှတ်ဝယ်ချင်ကေ ယင်းအပေါက်က ဝယ်ရရေလတ်။

တန်းခါးပေါက်ကို လှမ်းကြည့်လိုက်တေခါ မြန်မာစစ်သားတိ ဝင်လိုက်ထွက်လိုက်လုပ်နီကတ်တေ။ မြန်မာစစ်သားဆိုလို့ ဘာဘာပြောရေစကားကိုသတိရလားရေ။ ”ဒေလင်းပြန်မသား မြန်မာစစ်သားတိ ကိုယ်ချင်းစာတရားမဟိရေ အကောင်တိ” လတ်။ ဘာဘာ ဇာဖြစ်လို့ဒေပိုင်ပြောရေ သူမနားမလည်ပါ။ ဘာဘာ စာဖတ်ကောင်းဝါသနာပါရေပိုင် လူပေါင်းဆန့်ရေ လူတယောက်လည်းဖြစ်တေ။ ယေလည်း မြန်မာတိနန့် ပေါင်းသင်းဆက်ဆံခါ မယုံသင်္ခါမျက်စိတိနန့် ရက်ပြတ်ကြည့်တတ်တေ။ ဇာဖြစ်လို့လည်းမေကြီးမသိ။ သိဖို့လည်းမကြိုးစားခပါ။ ဒေဂုဆီးကုမ္ပဏီက Supervisor မြန်မာကို ဘာဘာရာမြင်ခကေ ကြိုက်ချင်ဖို့မဟုတ်။ အင်တာဗျူးရေနိက မေကြီးပိုင် အင်တာဗျူးလာဖြေရေ မမချေတိမကန်။ ခန့်ဖို့စွာက ၃ ယောက်ရာ။ အင်တာဗျူးမှာ ထထွေထထူး တခုလည်းမမီးခ။ အလုပ်နန့်မဆိုင်စွာတိမီးပြီးကေ ”ညီမလေးကသိပ်ချောတာဘဲ” လတ်။ ရဖို့မထင်ခ။ Result ထွက်ခါ ဦးသိန်းနု နာမည် ထိပ်ဆုံးကပါရေ။ အံ့သြဖို့ကောင်းရေ။ အလုပ်ရှာရစွာ ယင်းလောက်လွယ်ဖို့မထင်ခ။

ဦးသိန်းနု တန်းခါးအပေါက်နားကို မရဲတရဲ ကပ်လိုက်တေ။ အပေါက်နားမှာ မြန်မာစစ်သားတယောက် အငမ်းမရ မျက်စိနန့်

” ညီမလေး ဘာရှာတာလဲ? ” (မြန်မာဘာသာ)

”အထက်တန်းလက်မှတ်ဝယ်မလို့ပါ၊” (မြန်မာဘာသာ)

”ဦးလှမောင်သိန်းရယ် လက်မှတ်ဝယ်မလို့တဲ့။” (မြန်မာဘာသာ)


ယင်းစစ်သား မဆီမဆိုင် အရောတဝင် ပြောလာရေ။ အခန်းထဲကို ဦးသိန်းနု မဝံ့မရဲဝင်လားလိုက်တေ။ ဆိပ်ကမ်းမှူး ဦးလှမောင်သိန်းဆိုစွာ အခင်ကြီးထင်ရေ။ ရခိုင်သား၊ အသက်အကြီးပိုင်း၊ လေးထောင့်စားပွဲအလယ် ကုလားထိုင်တလုံးမှာ ထိုင်နီရေ။ သူ့ဘေးပတ်လယ်မှာ အားလုံးစစ်သားတိပါ။ ဇာလုပ်နီကတ်တေမသိ။ ဝေါ်ကီတော်ကီ ခါးမှာချိတ်ထားရေ အရပ်ဝတ်နန့် မြန်မာတိလည်းမြင်ရေ။ ထောက်လှမ်းရီးဆိုစွာ လူတိထင်ရေ။ ဦးသိန်းနု ဆိပ်ကမ်းမှူးနားကို ကပ်ပြီးကေ ပြောလိုက်တေ။

” အခင်… Upper တန်း တနီရာချေ ရပါဖို့လား?”

” မချေ ညက.. Booking လုပ်ထားလာ?”

”Booking လုပ်ဖို့ရောက်လာပါသိမ့်ရေ။ လက်မှတ်စာရီးက Upper တန်းဆိုကေ မိုးထစောစောမှ လာဝယ်ရဖို့ပြောလိုက်ပါရေ။”


ဆိပ်ကမ်းမှူးကြီးတခုလည်းမပြောပါ။ မကြားလား၊ မကြားကွန်ဆောင်နီစွာလား မသိ။ မျက်နှာကလည်း ဂေါင်းချုပ်နီရေမျက်နှာမျိုး၊ စရင်းစာအုပ်ကို ရှိတခေါက် နောက်တလှန်ကြည့်နီရေ။

”မချေ အခန်းရဖို့က မသေချာကာ။ တနားလောက်စောင့်ကြည့်လိုက်နန်း”

”ဒေမှာ လူကြီးတိနန့်ပြည့်နီရေ။ သူရို့မလိုက်ဆိုကေတော့ ရလိမ့်မေ။”

လူကြီးဆိုစွာ အသက်ကြီးရေလူထက်၊ မြန်မာစစ်သား အရာဟိတိကို ခေါ်စွာလို့ သူမသဘောပေါက်လိုက်တေ။ သူ့မသူငယ်ချင်းပြောစွာ မှန်ရေထင်ယင့်။ အထက်တန်းလက်မှတ် ဆိုစွာက အမြဲတမ်းပြည့်နီရေလတ်။ မြန်မာစစ်တပ်အတွက်ရာလတ်။ စစ်သားတိမလားကေလည်း သူရို့နန့်နီးစပ်တေ လူတိရာ ရရေလတ်။ ဦးသိန်းနု ထထွေထထူးမစိုင်းစားစဗျာယ်။ ရိုးရိုးလက်မှတ်ရောင်းရေ အပေါက်နားကိုပြီးလားရေ။ ရှိက ဟိနီရေလူတိကို တိုးပြီးကေ လက်မှတ်တစောင်ဝယ်လိုက်တေ။ ပြီးကေ ဆီးဗူးအတွက် တန်ဆာ (ကုန်ခွန်ခ) ဆောင်လိုက်တေ။ အပြင်မှာ မောင်ချေနန့် ကိုဖြူသီး ရပ်စောင့်နီတုန်းသိမ့်ပါ။

”မောင်ချေ မမလက်မှတ်ရဗျာယ်။ ကိုဖြူးသီးနန့်ပြန်လီနန်း။ ကိုဖြူသီးကျေးဇူးတင်ပါရေနန်း။”

လို့ပြောယင်း ဆိုက္ကားခထုတ်ပီးပြီးကေ ဖောင်တော်အပေါက်ကတဆင့်ဖြတ်ယင်း သင်္ဘောထက်ကို တက်လိုက်ပါရေ။

ကုန်းဘတ်ထက်အရောက် ရှိက ဆီးကာတွန်းဗူးကို ထမ်းလာရေ အထမ်းသမားကို တနားစောင့်ခိုင်းယင်း သင်္ဘောသားတယောက်ပါးက ဝန်ထမ်းသက်သာ ကုလားထိုင်တလုံးကို ဖေသာ ၃၀၀ ပီးလို့ ငှါးလိုက်တေ။ အားလုံးချချောမမောပါ။ သူမ ရလိုက်တေ ကုလားထိုင်နီရာက နီရာကောင်း။ သင်္ဘောဘေးဘောင်တန်းနန့် မနီးမဝီး။ လီသသွတ်ချေနန့် ပပိုက်နနှိုက်ကျရေ။ ယေလည်း တခုမကောင်းစွာက ညှာဖက်ဒေါင့် လူငါးယောက်လောက်အခြားမှာ စစ်သားတအုပ်စုပါလာရေ။ သူရို့တိကိုကြည့်ရစွာ ဒေသင်္ဘောထက်မှာ သူရို့အုပ်စုကအပ ကျန်လူတယောက်လည်း မပါလို့ထင်နီပုံရရေ။ အော်ကျယ်ဟစ်ကျယ်နန့် ရရောင်သတ်ပြီးကေ ဖိုသံပီးနီကတ်တေ။ သူ့ရို့မျက်လုံးတိက အပြစ်ဒဏ်အပီးခံထားရရေ မျက်လုံးတိပိုင် သူမကို မျက်လုံးကျွတ်ထွက်အောင်ကြည့်နီကတ်တေ။ သူမဂရုမစိုက်ပါ။ တခါတရီ သူမကိုယ်သူမ မုန်းချင်ရေ။ ဇာဖြစ်လို့ ငါ့ခန္ဓာကိုမှ ယောင်္ကျားတိ စိတ်ဝင်စားကတ်တေလဲ။ သက်ပြင်းတချက်ချလိုက်ပြီးကေ မျက်နှာကို တခြားတဖက်ကို လွှဲထားလိုက်တေ။

သင်္ဘောစထွက်လာဗျာယ်။ သင်္ဘောနာမည် ”ဓညဝတီ (၁)” ပါ။ ဆတ်ရိုးကျချောင်းက သင်္ဘောတရွိရွိနန့် လိပ်ချေတကောင်ပိုင် ထွက်လာရေ။ မလိခဆိပ်နားလောက်ကိုရောက်စွာနန့် သဘောင်္တဖက်တချက်ကို ဆန်အိတ်တိတင်ထားရေ သန်ဗာန်တိ သူ့ထက်ငါအယင် ကပ်လာလတ်တေ။ ဘူးသီးတောင်ကို မှောင်ခိုခိုးတင်နီကတ်စွာတိဆိုစွာ မပြောလည်းသိရေ။ မိန်းမ၊ ယောင်္ကျားမကျန် အားလုံးသူ တက်ညီလက်ညီ သူထက်ငါယင် လုတင်နီကတ်တေ။ လူတိ တဝမ်းတခါးအတွက် အမျိုးမျိုးလုပ်ကတ်ရစွာမနား။ ဘာဘာ ရက်ပြတ်ပြောနီကျစကားတခွန်းကို နားထဲကြားယောင်လာရေ။ ငါရို့ရခိုင်ပြည်ရေ ရီခံမြီခံကောင်းရေ၊ သယံဇာတ၊ ဆန်ရီစပါးတိပွါးရေ။ ယေလည်း ဒေစနစ်ဆိုးကြောင့် ငါရို့ ထမင်းနပ်မှန်ဖို့အတွက် ကကောင်းကြိုးစားနီကတ်ရရေလတ်။ ဇာစနစ်ဆိုးလဲ သူမ မတွေးတတ်။

သင်္ဘောတရွိရွိနန့် ဆတ်ရိုးကျချောင်းကအထွက် ဘယ်ဖက်ကိုလှည့်ပြီးကေ ဂစ္စပနဒီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလိုက်လာရေ။ သင်္ဘောကုန်းဘတ်က ကမ်းဖက်ကိုငေးကြည့်နီယင်းနန့် ကျီကရောင်ဘာကရောင်မြည်ပြီးကေ လိုက်လာလတ်တေ စိုင်းဒြားမင်းခွါငှက်တရွီကို မြင်လိုက်တေ။ အော်….ဝင်းကိုခိုင်တေးခြင်းထဲက စိုင်းဒြားငှက်ဆိုစွာ ဒေငှက်တိကိုပြောစွာမနားယေ။ သူမ ဝင်းကိုခိုင်တေးခြင်းဆိုကေ ကကောင်းကြိုက်တေ။ သူကရခိုင်ပြည်မှာ နာမည်ကြီးအဆိုတော်မနား။ သူမသူငယ်ချင်းတိလည်း အားလုံးသူ့ကိုကြိုက်ကတ်တေ။ ကုလားထိုင် နောက်မှီမှာ ဂေါင်းတင်ဗျာယ် တောင်မြောက်တွေးယင်း မျက်လုံးချေ စင်းပါလတ်တေ……………

ပူး….ပူး…..ပူး………….

သင်္ဘောဥသြသံကြောင့် သူမလန့်နိုးလားရေ။ ယာ…..ရသေ့တောင်မြို့ကိုတောင် ဆိုက်ဖို့ပျင်နီဗျာယ်။ ရသေ့တောင်ချောင်းကိုဝင်ယင်း သင်္ဘောဦးကို လှည့်နီရေ။ ဖောင်တော် အရင်းဖက်မှာ နည်းရေလူအုပ်ကြီးမဟုတ်။ ဖောင်တော်ထက်မှာတော့ခါ စစ်ယူနီဖောင်းဝတ်လို့ မြန်မာစစ်သားတိလည်းအများကြီးမြင်ရရေ။ တခုထူးဆန်းစွာက ထမင်းထုပ်၊ ဒေသထွက် အစားအစာတိ လာရောင်းကတ်တေ ဈီးသည်တိက သင်္ဘောမှာပါလာရေ ခရီးသည်တိ သာသာလောက်ဟိဖို့ထင်ရေ။ တရက်နီမှ ရသေ့တောင်မြို့ကို သင်္ဘောအစုံတစီး၊ အဆန်တစီးရာကပ်တေ။ ဒေဈီးသည်တိဘဝက သနားဖို့ကောင်းရေ။ သူမအရွယ် ဈီးသည်မချေတိကို အစောင့်ရဲတိက သင်္ဘောမကပ်ဘဲနန့် မတက်ရလို့တားနီရေကြားက ထဗိန်တတိုတိုချေဝတ်ပနာ လက်တဖက်က ဗန်းချေတိကိုင်လို့ အလုအယက် တက်ဖို့ကြိုးစားနီကတ်တေ။ အော်…အမိ..အဖ..ကျေးဇူးကြောင့်သူမ ဆယ်တန်းချေ အောင်ပြီးကေ အလုပ်ချေတခု ရရေမနား။

သင်္ဘောရသေ့တောင်ဆိပ်မှာ နာရီဝက်လောက်နားပြီးကေ မယူမြစ်အတိုင်း စုန်ဆင်းလာရေ။ ဂုနားက သင်္ဘောသားတယောက် ပြောစွာကြားလိုက်တေ။ ဒေနိ ဖြားသင့်ရေ သင်္ဘော ဘူးသီးတောင်ကို စစောရောက်ဖို့လတ်။

ဘူးသီးတောင်ရောက်ကေ ယုံးကပီးလိုက်တေ ဆီးဆိုင်လိပ်စာအတိုင်း လားရောင်းဖို့။ ယင်းအပြင် ဆိုင်အသစ်တိရှာပြီးကေ အများကြီးထွက်အောင်ရောင်းခဖို့။ အများထွက်လီ သူမအတွက် ကော်မသျှင် ပိုရလီမနား။ ဒေအတိုင်းဆိုကေ ခရီးစရိတ်ကလည်း စိကေတဗွေထွက်ဖို့။ ယုံးက အထက်တန်းလက်မှတ်ခ ပီးရေ။ သူမရိုးရိုးတန်းနန့် လာရေ။ ထမင်းစရိတ်လည်းသက်သာရေ အိမ်ကထမင်းဗူးချေ ယူလာရေ။ ပိုစွာဖေသာချေတိကို မောင်ချေ၊ ညမချေတိ အတွက်လိုအပ်စွာချေတိ ဝယ်ပီးလို့ရရေ။ အမိလည်း အယင်ပိုင် ပပင်ပပန်းလုပ်စရာမလို။ သူမတဖက်တလမ်းက ဖေသာထောက်ပံ့ပီးကေ အမိအယင်ပိုင် ပင်ပန်းစရာမလို။ သူမလည်း ရရေ ဖေသာချေတိစုပြီးကေ အဝီးသင်ကျောင်းစရိတ်အတွက် အမိပါးက တောင်းစရာမလိုဗျာယ်။ အချိန်ရကေ သူမကောင်းတက်ချင်ရေ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းတိ တက်လို့ရရေ။ သူမကိုယ့်စိတ်ကူးနန့်ကိုယ် တက်ကြွနီရေ။သူမမိသားစုကိုလည်း ကူညီနိုင်ဗျာယ်ဆိုရေ ခံစားမူတိနန့် လန်းဆန်းပျော်မြူးနီရေ။ ဖူးပွင့်စ သဇင်ပန်းချေတပွင့်၊ ယုံကြည်မူအပြည့်နန့်။

ယေလည်း ဒေလောကကြီးမှာ မထင်ထားစွာတိဖြစ်တတ်ပါရေ။ ဘဝပီးကံကြောင်းလား? စနစ်ဆိုးကြောင်းလား? လူပုဂ္ဂိုလ်ကြောင့်လား? သူမပါးကို ဒေပိုင်ဆိုးဝါးရေ အဖြစ်ဆိုးကြီးကျလာဖို့စွာ မသိစွာအမှန်ပင်။

ခရီးသည်တိ ရွစိရွစိ ဖြစ်နီကတ်တေ။ သင်္ဘောဆိုက်ဖို့ ဦးလှည့်နီဗျာယ်။ ထူးဆန်းစွာက ရသေ့တောင်ဆိပ်ကမ်းမှာထက် များရေလူအုပ်ကြီးပင်ဖြစ်တေ။ ကူလီသမားတိက တဝက်လောက်ဟိဖို့ထင်ယင့်။ ကျန်တဝက်က မြန်မာစစ်သားတိနန့် လာကြိုရေလူတိပင်ဖြစ်တေ။ နောက်တခုက ဘူးသီးတောင်မှာ ဒေလောက်ကုလားများဖို့မထင်ခ။ ဒေမြို့လူဦးရေ ၈၀ ရာခိုင်နှုန်းစွာ ကုလားတိလတ်။

သူမနားကို အထမ်းသမား တရွီရောက်လာရေ။ စက္ကူဗူးချေတဗူးကို သူထမ်းဖို့ ငါထမ်းဖို့ လုနီကတ်တေ။ သူမမျက်နှာတတင်းနန့် သူမနားကို အယင်ရောက်လာရေ အထမ်းသမား ထမ်းဖို့ပီးလိုက်တေ။ ဆီးကာတွန်းကို မျက်စိချယင်း ရှိကခရီးသည်တိနောက်က မျှောင်လိုက်လာလတ်တေ။ မြန်မာစစ်သားတိနန့် ယင်းသူရို့မိသားစုတိ အယင်တက်ပြီးမှ ကျန်ခရီးသည်တိကို တက်ခွင့်ပြုရေ။ သူမရှိက ခရီးသည်တိကို ရဲ၊ လဝက၊ ကာစတင်၊ တဖွဲ့ပြီးတဖွဲ့စစ်ဆေးနီရေ။ ထူးဆန်းစွာက ကာစတင်ဆိုရေ လူတိကလည်း စစ်ယူနီဖောင်းဝတ်ထားရေ။

သူမအလှည့်ကျလာရေ။ ယင်းတပ်ဖွဲ့က နှာဘူးတိ သူမခန္ဓာက မျက်စိလုံးဝမခွါ။ အဆိုးဆုံးက ကာစတင်ဆိုရေ စစ်ယူနီဖောင်းဝတ်ထားရေ မြန်မာစစ်သားနှစ်ယောက်။ ကိုယ့်နှမ သူ့နှမ မစာနာ၊ ဒေလောက်ပင် ရရိုင်းစစိုင်းကြည့်ရလာ။ လဝကခုံရှိကိုအရောက် အလုပ်မဟိအလုပ်ရှာလို့ မှတ်ပုံတင်ပြခိုင်းရေ။ အော်….ရခိုင်က ရခိုင်ပြည်မှာ မှတ်ပုံတင်ပြရရေဘဝ။ လဝက ကပြုံးစိစိနန့် မှတ်ပုံတင်ပြန်ပီးရေ။ ဒုတိယ ခုံတန်းကိုရောက်လာရေ။ အရှက်မဟိရေ တဏှာရူးတိခုံတန်း။ ထိုလူနှစ်ယောက်နားကို ရောက်စွာနန့် သူမ ဖော်မပြတတ်တေ အန္တရာယ်အငွိအသက်တခု ရလိုက်တေပိုင်။

”ညီမလေးက ဆေးကုမ္ပဏီကလား?” (မြန်မာဘာသာ)

”ဟုတ်ကဲ့” (မြန်မာဘာသာ)

”ဒီကိုမရောက်ဖူးဘူးထင်တယ်” (မြန်မာဘာသာ)

တယောက်မျက်နှာ တယောက်ကြည့်လို့ ပြုံးစိစိနန့် ကြည့်လိုက်ကတ်တေ။ သူရို့မျက်နှာတိက စားနီကျကြောင်ဖားတိပိုင်။ ငါရို့အတွက် ဂွင်တဂွင်မိဗျာယ်ဆိုရေအတိုင်း။ သူမတခု စိုင်းစားမိလိုက်တေ။ ဒေတဏှာရူးတိ ငါဆီးကုမ္ပဏီကဆိုစွာ ဇာပိုင်သိလဲဂု? အော်…. သိဗျာယ် ငါ့ဆီးကာတွန်းဘူးကိုမြင်လို့ထင်ရေ။ ယင်းပိုင်စိုင်းစားနီယင်း……..

”ညီမလေးမှာ ဆီးသယ်ယူခွင့် စာရွက်ပါရဲ့လား?” (မြန်မာဘာသာ)

သူမမှာ ပါလာရေခါ ဆီးစရင်းကိုထုတ်ပီးလိုက်တေ။ ကုမ္ပဏီက သယ်ယူခွင့်ဆိုရေစာကို မပီးလိုက်။ တခြားကိုယ်စားလှယ်တိလည်း လိုရေလို့ တခါလည်းမပြောဖူး။ အော်…တခုခုဖြစ်လို့ကမလွယ်။ Supervisor က ဒေဆီးကာတွန်းကို ဂရုစိုက်ဖို့နန့် မပျောက်ချဖို့ သူမကို အတန်တန်မှာလိုက်တေ။ ပစ္စည်းပျက်စီးဆုံးယှုံးကေ သူမအပြစ်လတ်။ ဆီးတန်ဖိုးက လွယ်စွာမဟုတ်။

”မပါဘူး” (မြန်မာဘာသာ)

သူမပစက ပြုတ်နန့်ပင် ထွက်လာရေစကားလုံးပါ။ သူရို့နှစ်ယောက် ဒုတိယအကြိမ်တယောက်မျက်နှာကိုတယောက် ထပ်ပနာ ကြည့်ယင်း ပြုံးလိုက်ကတ်စွာ သူမမြင်လိုက်တေ။ သူရို့လိုချင်ရေ အဖြေရလားရေပုံမျိုး။

”ဒါဆို ညီမဆေးကာတွန်းကို အကိုကြီးတို့ ခဏသိမ်းထားလိုက်မယ်။ စိတ်ချ ညီမဆေးတွေ မပျောက်စေရဘူး။ ညနေ ၉ နာရီမှာ ဒီလိပ်စာအတိုင်း လာယူလိုက်နော်။” (မြန်မာဘာသာ)

သူမစိတ်မှာ စိုးရိမ်မူနန့်အတူ အားငယ်စိတ်ပါဖြစ်လာလတ်တေ။ တခြားသူတိလည်း ဒေအတိုင်း လာနီကတ်စွာဗျာယ်မနား။ ငါ့ခါကျမှ ဇာတွက် သိမ်းထားလိုက်စွာလဲ။ ဇာပင်ဖြစ်ဖြစ် ညဇာ ၉ ချက်တီး လားယူခီရဖို့။ အားလုံးအဆင်ပြေလိမ့်မေလို့ သူမကိုယ်သူမ အားတင်းလိုက်တေ။ သင်္ဘောဆိပ်တတည့်မှာ တည်းခိုခန်းတခုတွိစွာနန့် ယင်းတည်းခိုခန်းကို တန်းဝင်လိုက်တေ။ မှတ်ပုံတင်နန့် ကျသင့်ရေ ဖေသာာကို ယှင်းပြီးနာ သူမအတွက် ပီးရေအခန်းထဲကို ဝင်လိုက်တေ။ ဂုမှ ၆ ချက်တီးရေသိမ့်။ ၉ ချက်မတီးခင် ရီမိုးချိုးပြီးနာ ထမင်းစားပြီးကေ အသင့်လုပ်ထားရဖို့မနား။ သူမရီချိုးပြီးကေ ဝမ်းဆာလာစွာနန့် တည်းခိုခန်းဘေးက ထမင်းဆိုင်ကို ဝင်စားလိုက်တေ။ ထမင်းစားရစွာရာတခု ထမင်းမခြီ။ ထမင်းဆိုင်မှာ ထိုင်ယင်းနန့် ထိုဒေတွေးနီလိုက်ယင်း ၈ ချက်တီးခွဲလားရေ။ ဘူးသီးတောင်မြို့မှာ နီဝင်စွာနန့် လူတိ အလားအလာ နည်းပါလတ်တေ။ သူမ ကုလားဆိုက်ကားတစီး ငှါးပနာ လိပ်စာအတိုင်း မောင်းခိုင်းလိုက်တေ။ ဘူသီးတောင်မြို့ထဲမှာ ဒေအချိန်ဆိုကေ လမ်းမှာ လူအလားအလာ ကောင်းနည်းလားဗျာယ်။ ဆိုက်က္ကားသမား မြို့ပြင်ဖက်ကို ဦးတည်နင်းနီရေ။ သူမကြောက်စိတ်တိဝင်လာရေ။ တလမ်းလုံးမှောင်နီရေ။ ယေပင်လည်း သူမကိုသူမ အားတင်းလိုက်တေ။ ကောင်းမကြာခင် လိပ်စာကအိမ်ရှိကို ရောက်လာရေ။ ဆိုက္ကားသမားကို ဖေသာပီးပနာ အိမ်တန်းခါးဝကို လျှောက်လိုက်တေ။ ဘေးပတ်ဝန်းကျင်တခုလုံး မှောင်ပနာ တိတ်ဆိတ်နီရေ။ အိမ်တန်းခါးနားကိုရောက်စွာနန့် အိမ်ထက်က လူတယောက်ဆင်းလာရေ။

”ဝင်လာခဲ့ညီမ” (မြန်မာဘာသာ)

သူမပါးက အထုပ်သိမ်းယူထားလိုက်တေလူဆိုစွာ သူမချက်ချင်းမှတ်မိလိုက်တေ။ ယင်းလူက အိမ်ထက်ကို ဦးဆောင်ခေါ်လားရေ။ ယောင်ပြင်ခန်းကို ရောက်စွာနန့် နောက်တယောက်ကို တွိလိုက်တေ။ ယင်းလူလည်း သင်္ဘောဆိပ်မှာ သူမပါးက အထုပ်သိမ်းထားရေလူထဲကတယောက်ပါ။ သူရို့နှစ်ယောက်လုံးကို ကြည့်ရစွာ မျက်စိတိ ဂနာမငြိမ်ဖြစ်နီကတ်တေ။ ဆတ်တီခုံထက် အရက်ပုလင်းထောင်ထားကတ်တေ။ ဒေလူတိ အရက်သောက်နီကတ်တေ။ ဇာတွက်ငါ့ကို ဒေအချိန်မှ ခေါ်စွာလဲ။ ဒေလူတိ ရိုးကရိုးယင့်လား။ သူမကြောက်စိတ်ဝင်လာရေ။ ယေလည်း အားတင်းပြီးကေ ခုံဝိုင်းမှာ ဝင်ထိုင်လိုက်ယင်း စိုးရိမ်တကြီးမီးလိုက်တေ။

”ကျမ ဆေးတွေ ….” (မြန်မာဘာသာ)

”ဘာမှမစိုးရိမ်နဲ့ အကိုတို့ အဆင်ပြေအောင်လုပ်ထားတယ်” (မြန်မာဘာသာ)

လို့ သူမစကားမဆုံးခင် ထိုင်နီရေလူက ဝင်ပြောလိုက်တယ်။

”အဲလိုဆိုရင် ကျမဆေးယူပြီး ပြန်တော့မယ်၊ အပြင်မှာ မှောင်နေပြီ။” (မြန်မာဘာသာ)

”ဖြည်းဖြည်းပေါ့ ငါတို့က နင်ကိုမြင်ကတည်းက အယမ်းခင်ချင်နေတာ” ”ရခိုင်မလေးတွေက အယမ်းခင်ဖို့ ကောင်းတာ” (မြန်မာဘာသာ)

လို့ပြောယင်း အရက်တခွက်မော့သောက်လိုက်တေ။ ယင်းလူထိုင်နီရေ ခုံဘေးနားမှာ ဆီးကာတွန်း ချထားစွာကို သူမမြင်လိုက်တေ။

”မှောင်နေလို့ ကျမပြန်တောမယ်နော်….” (မြန်မာဘာသာ)

လို့ပြောပြီးကေ ဆီးကာတွန်းကို ထယူဖို့ အပျင်……

သူမပက်ခုံးးထက်ကို နောက်ကရပ်နီရေလူ လက်နှစ်ချောင်းတင်ယင်း သိုင်းဖက်ဖို့ကြိုးစားလာရေ။ သူမ ရှက်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ခြင်းတိ တပြိုင်တည်းဖြစ်လားရေ။ သူမခန္ဓာ တဆတ်ဆတ်တုန်နီရေ။ ငါဇာလုပ်ကေ ကောင်းဖို့လဲ။ အော်လိုက်ကေ ကောင်းဖို့လား။ မဖြစ်သိမ့် အော်လို့ လူတိသိလားကေ ရှက်ကောင်းထမန်း။ ငါဒေက အယင်ထွက်ပြီးရဖို့လို့ ဆုံးဖြတ်ယင်း ယင်းလူလက်ကို ပုတ်ခါပြီးကေ တန်းခါးဝကို ထွက်ပြီးရေ။ လှီကားထစ်ကို ဆင်းဖို့အပျင်မှာ ယင်းလူ သူမလက်ကိုဆွဲဖို့ကြိုးစားရေ။ ကြောက်စိတ်နန့် ဇကုန်လက်ပြန်တုတ်ပနာ ခြံပြင်ကိုထွက်ပြီးရေ။ ယင်းလူယုတ်မာနှစ်ကောင် နောက်က ထက်ကြပ်လိုက်တေ။ ခြီလှမ်း အလှမ်းလေးငါးဆယ်လောက်ရာပြီးလိုက်ရရေ။ နောက်ကလိုက်လာရေလူ သူမကို မှီလာရေ။ သူမအင်္ကျီကိုအားနန့်ဆွဲပြီးနာ ရှိကိုဆောင့်တိုးလိုက်တေ။ ယောင်္ကျားနန့် မမအား ဇာပိုင်နိုင်ဖို့လဲ။ သူမ ရှိကို အားလွန်ကျပနာ ဘေးကမြောင်းကို လူးကျလားရေ။ နောက်ကလိုက်လာရေ လူယုတ်မာ သူမကိုခွပြီးကေ လက်နှစ်ဖက်ကို ချုပ်ဖို့ကြိုးစားနီရေ။ ဒေတခါတော့ မထူးဗျာယ်။ ငါအော်လိုက်ဖို့ဗျာယ်။ ဒေခွီးသား လူယုတ်မာတိလက်ထဲမှာတော့ ငါအရောက်မခံနိုင်။ သူမ ဟိသမျှအားကို ညှစ်ထုတ်ပနာ အသံကုန်အော်ချလိုက်တေ။ ဇာအသံလည်းမထွက်လာ။ နောက်ကထပ်လိုက်လာရေ နောက်တယောက်လူယုတ်မာက သူမပစကိုဖိထားလိုက်တေ။ တယောက်က ပစပိတ်ယင်း နောက်တယောက်က သူမပေါင်နှစ်ဖက်ကို လှမ်းချုပ်လိုက်တေ။ သူမဟိသမျှအားနန့် အစွမ်းကုန်ရုန်းယင်း ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ ရှက်ခြင်း၊ မွန်းကျပ်ခြင်းတိနန့်အတူ အမှောင်ထဲမှာ အမှောင်ကို ထပ်ဆင့်လူးကျလားရေ။

”တေး….တေး….တေး……”

ကားဟွန်းသံကြောင့် သူမ လန့်နိုးးသတိရလာရေ။ ငါဇာကိုရောက်နီစွာလဲ။ အော်..သိဗျာယ် ထိုလင်းပြန်မသား လူယုတ်မှာတိ ငါ့ကို အဓမ္မကျင့်လားခဗျာယ်။ သူမအင်္ကျီသီးတိကို ပြန်တပ်ပနာအထ ဆီးဗူးကို လက်နန့်တိုက်မိလိုက်တေ။ ယင်းလူယုတ်မာတိ သူရို့ဆန္ဒကိုဖြည့်ပြီးကေ ဆီးဗူးကို ထားပစ်ခကတ်တေ။ သူမ ဝမ်းနည်းပက်လက် ငိုချလိုက်တေ။ အော်…မဖြစ်သိမ့်။ လူတိမြင်လို့မဖြစ်။ ဆီးကာတွန်းဗူးကို ကိုင်ထလိုက်တေ။ ဘူးသီးတောင် ဆောင်းရာသီ အအီးဒဏ်ကလည်း သူမကို တစိချေလည်းမညှာတာ။ နှင်းထုတိကြောင့် အားလုံးကို ဝဝါးချေရာမြင်ရရေ။

”ကလိမ်….ကလိမ်….ကလိမ်….” ဆိုက္ကားသမားတယောက် သူမအနားမှာ လာရပ်လိုက်တေ။

”မမ ဆိုက္ကားစီးပါဖို့လား?”

သူမ ဆိုက္ကားသမားနားကို ကပ်လိုက်တေ။ ဆိုက္ကားသမားသူမကို အနီးကပ်မြင်လိုက်စွာနန့် ပြဿနာတခုတက်ထားဗျာယ်ဆိုစွာ သူနားလည်လိုက်တေ။ သူမခန္ဓာမှာ ကျုပ်တိလူးလို့၊ ပြီးကေ ငိုထားရေ။

”မမ ဇာဖြစ်စွာပါလဲ?” ”ကျွန်တော် ဇာကူညီပီးရပါဖို့လဲ?”

သူမ မပြောလို့မဖြစ်ပါ။ သူကတဆင့် လူတိကိုပြောလိုက်ကေ ဒုက္ခကျဖို့ဆိုစွာသူမ သဘောပေါက်တေ။ ယင်းခမီးအမျိုးသားကို အကျဉ်းချုပ်ပြောပြလိုက်တေ။

”တောက်….ခွီးသမီးသား အောက်သားတိ…….တခါမဟုတ်…….” ရင်ထဲကခံပြင်းသံနန့် ပြောလိုက်တေ။

သင်္ဘောဆိပ်ကိုအရောက်မှာ သူမပါးက ငါးရာတန် သုံးရွက်ထုတ်ပီးရေ။ သူအတန်တန်ငြင်းရေကြားက သူမအတင်းပီးပြီးကေ ကတိတခုတောင်းလိုက်တေ။

”အခင် ကျေးဇူးပြုလို့ တယောက်ကိုလည်းမပြောပါကဲ့နန်း။”

သူမအပြန်သင်္ဘောထက်မှာ မငိုအောင်းတတ်နိုင်သရွိထိမ်းချုပ်ထားရေ။ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ မုန်းတီးနာကျီးခြင်း၊ အားငယ်ခြင်းတိနန့်အတူ……. ဘာဘာ ပြောခရေစကားချေကို သတိရလိုက်တေ။

”ဒေလင်းပြန်မသား မြန်မာစစ်သားတိ ကိုယ်ချင်းစာတရားမဟိရေ အကောင်တိ”


မျိုးသာဂီ (ရခိုင်ပြည်)
မှတ်ချက်။ ။ ခမီးအမျိုးသားသူငယ်ချင်းက ပြောပြရေ အဖြစ်မှန်ကို အခြီခံရွီးသားထားပါရေ။

Thursday, May 31, 2012

အာရီယံ ဟက္ကရီကျ


အာရီယံ ဟက္ကရီကျ
============
အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝပိုင်ပိုင် စောင့်စွမ်းနိုင်၍
ရခိုင်နာမ ဘွဲ့မည်လှလည်း --။

ယခုကာလ ရခိုင်သမ
ဘောက်သာဆိုးဆို
အသီရရ အရှင်ရှင်ရ
ငပြီမကို ပြာမှာချယှောင်
ဖြတ်ဖြတ်လူးလို့ ငမ်းငမ်းတ --။

(ဂေါက်ရ)

Sunday, March 4, 2012

ဝါလကျွတ်ကေ လက်ထပ်မည်


(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာများ)
====================

တခွန်းခေါ်လည်း
ခေါ်လို့မထူး
နှစ်ခွန်းခေါ်လည်း
ခေါ်လို့မထူး
ရွှီနားပြင်မှာ
ရွှီခင်လီးလို့
မကြားလီလား --။

နားယောင်လည်းခံ
နားပင်းကွန်ကေ
နားဆံတင်းတင်း
ပျိုမေလှလေ
အောက်ကိုဆင်းလို့ ပြောကတ်မည် --။

စွာကလာကေ
စွာရွာသားရောင်
နပျိုးတောက
ရွက်ကျင်လီစုံတိုက်
ချမ်းလိုက်တေနန့် --။

နားမကြားယောင်
ဟန်မဆောင်
ဘုန်းမောင်လူချော
မောင်းမောင်ခေါ်စွာ
မကြားတကြားကား မောင်းမောင် --။

သရက်ရေ ပင်ပျို
နပျိုးရေပင်လှ
ရွက်ချင်းဆိုင်
မြိုင်မြိုင်အုပ်ကေ
ဆင်ပုတ်ရွာက --။

နတ်နန့်မတူ
လူတင်လေမက
အေရပ်ရွာမှာ
အလွန်လှရေ နှမချေထံ
ချစ်တေဆိုကေ
ထိုအကြောင်းကို
ကကောင်းပြောမည်
အောက်ကိုဆင်းပါ ပုယေ --။

လူရွာသားကို
အမီးစုံစီ
ကိုယ့်ရွာသားကို
အကြည့်စုံစီ
ပဝေသဏီ
ဆိုစကားကို
မောင်းမောင်နားမှာ
မကြားလီလား --။

အကြည့်စုံကေ
စုံပါလီစ
အမီးစုံကေ
စုံပါလီစ
သတင်းဆိုကေ
ဝါလကျွတ်ကေ
လက်ထပ်ကတ်မည် ပုယေ --။

မိနန့်ဖမှာ မွီးစပ်တေ
နွားချေနှစ်ကောင်
ကျွဲငါးကောင်ကို
အသူရေကျောင်းဖို့
လယ်ကဆိုကေ
ငါးတောင်ကျားကို
အသူရေထွန်ဖို့
ဒေကရေကေ
ဒေမေလိုက်ကေ
ထမင်းငတ်မည် မောင်းမောင် --။

မိနန့်ဖမှာ မွီးစပ်တေ
နွားချေနှစ်ကောင်
ကျွဲငါးကောင်ကို
မောင်းမောင်ရာ ကျောင်းမည် --။

လယ်ကဆိုကေ
ငါးတောင်ကျားကို
မောင်းမောင်ရာ...ထွန်မည် --။

သတင်းဆိုကေ
ဝါလကျွတ်ကေ
လက်ထပ်ကတ်မည် ပုယေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာများ စုဆောင်းမှု)



Wednesday, February 29, 2012

ခွက်ပေါက်


ခွက်ပေါက်
=======

မင်းဖောက်ကေလည်း ငါမဖောက်ပါ
တယောက်တည်းလို့ ပြောပတ်စီ --။

မင်းကြောက်ကေလည်း ငါမကြောက်ပါ
တယောက်တည်းလည်း ဖြစ်ပတ်စီ --။

ရခိုင်ဖြစ်ပြီး ဖက်ခွက်ယက်ကေ
ယေမနားဝေ ဖက်ခွက်သားကျ
အေချင့်လားဝေ အမျိုးမြတ် --။

အဝေချကြောက်
မောင်ခွက်ပေါက်
လောက်ကျလိမ့်မည် သတိထား --။


Thursday, January 5, 2012

အထည်ကြီးပျက်ရခိုင်

အထည်ကြီးပျက်ရခိုင်
==========
ဇန္န၀ါရီ (၁) ရက်နိ
ရခိုင့်တော်လှန်ရေးနိကို
ကျင့်ပကတ်ဖို့ သတိမရ
ရခိုင့်အမျိုးသားနိကို
သတ်မှတ်ကတ်ဖို့ အတွက်မပေါ်
အထည်ကြီးပျက်ရခိုင်
ဒီဇင်ဘာ (၃၁) ရက်နိ
ရခိုင်အချုပ်အချာကျရေနိမှာ
လဒမှိုင်မှိုင်လို့
ပြက္ခဒိန်လည်း မြန်မာနန့်အတူတူ
စာရွီးကေလည်း မြန်မာနန့်အတူတူ
စကားပြောကေလည်း မြန်မာနန့်အတူတူ
စနီ တလင်္လဂုနီကိုတောင်
ကိုယ့်စကားနန့်ကိုယ် ရွီးဖို့မတတ်
ဓည၀တီ ရခိုင်ပက္ခဒိန်မှာ
ပက္ခဒိန်တခုတည်း ရရစ်မပါစွာကလွဲကေ
စနီ တင်္လဂုနီ တင်္လလာ အင်္ဂါ
ဗုဒ္ဓူး ကြသားပတီး သောက်ကြာ
အားလုံးမြန်မာပိုင်ယှောင် --။

အာရီယံ တနီသတ်
ခချီးကို ရမွှီးဆွတ်ထားရေပိုင် --။



Friday, December 9, 2011

အာရီယံ ရခိုင်သား


အာရီယံ ရခိုင်သား
===========
အာရီယံဟု ဆိုခြင်းပြုလည်း
ယခုရခိုင် တတိုင်ဗမာ
တတိုင်ကုလား ပဲလှော်ကြားမှာ
ဆားညှပ်ထား --။

အရီယံဟု ဆိုခြင်းပြုလည်း
ယခုရခိုင် ဖျာလိပ်ခေါင်းကို
ခွီးဝင်ပိုင် --။

အာရီယံဟု ဆိုခြင်းပြုလည်း
ယခုရခိုင် သကာစားမှာ
ဆောင့်ခြောင်ထိုင် ---။



Sunday, July 3, 2011

ဘီဟာရီ

ဘီဟာရီ
=====
အာရီယံအလုပ်ကို မလုပ်
မြန်မာအငုတ်ကို စုပ်
အရီယံ မဟုတ်
ဗီဟာရီ ယုတ် --။


(သာလှဦး)

Sunday, January 30, 2011

ချီးထက်ရွံဖို့ကောင်းသူများ

ချီးထက်ရွံဖို့ကောင်းသူများ
============
ပြည်ထဲမှာ ကြည့်ခီပြန်ကေလည်း
ဖက်ခွက်တိက
နီရာတကာမှာ
မသမာမှုတိနန့်
ခဲဝါကျင့် ခဲဝါညာဏ်
အကောက်ကြံလို့ …။

တော်လှန်ရေးမှာလည်း
ဖက်ခွက်တိက
ရကေ အချောင်အုပ်ဖို့
အကွက်ချောင်းနီပြီးကေ
တိုင်းပြည်နန့်လူမျိုးကို ကယ်တင်ဖို့လတ်
လူကြီးလူကျယ် စကားပြောလို့ …။

မြင်လိုက်ကြားလိုက်စွာနန့်
အော့အံချင်ရေ
ချီးထက်ရွံဖို့ကောင်းရေ အကောင်တိ
လူချင်းရာတွိဖို့ဆိုကေ
အဂယင့်
အရီကိုလှန်လို့
အရှင်လတ်လတ်
ထူးခတ်ပစ်လိုက်ချင်ရေ ...။

(သာလှဦး)

Saturday, January 22, 2011

မြန်မာယောက်ဖ ကျွန်ပါမောက္ခ


လူမျိုးတမျိုး ရေရှည်တည်တံ့ခိုင်ခန့်ဖို့က
အသိပညာသျှင်၊ အတတ်ပညာသျှင်၊ အနုပညာသျှင်
ဘာသာရေးဂေါင်းဆောင်
နိုင်ငံရေး၊ တော်လှန်ရေး၊ မျိုးချစ်ဂေါင်းဆောင်တိက
အဓိက...။

တခြားတခြား လူမျိုးတိမှာ
အမျိုးသားစိတ်၊ မျိုးချစ်စိတ်၊ လူမျိုးရေးစိတ်
ရှင်သန်နိုးကြားလာရေး၊ စာပီမြင့်မားလာရေးအတွက်
နိထူးနိမြတ်တိမှာ
ကဗျာဖတ်ပြိုင်ပွဲလုပ်ကတ်
စာရွီးပြိုင်ပွဲ့လုပ်ကတ်၊ စာစီစာကုံးပြိုင်ပွဲလုပ်ကတ်
မျိုးဆက်သစ်လူငယ်ချေတိကို
မြီတောင်မြှောက်ပီးကတ်၊ လမ်းညွှန်ပြသကတ်နန့်
ပညာသျှင်ပါမောက္ခတိ
တင့်တည်ခန့်ငြားလို့
ဂုဏ်သတင်းတိမွှီးကြိုင်လို့......ကျော်ကြားလို့...။

ငါရို့
ရခိုင်ပညာသျှင်တိမှာ
နောက်လိုက်ငယ်သားတိကို
”မြန်မာစာကိုရွီးဖို့........လက်ထောက်ချ ညွှန်ကြားလို့
ဖေါက်သည်ချ သင်ကြားလို့...”

"ချီးထက်ပင်လည်း ရွံ့ဖို့ကောင်းပါရေကား"

ထောက်ပြဝေဖန်သူကို ဘေးခေါက်
အမှန်ပြောသူ၊ ရခိုင်စာရွီးသူရို့ကို တက်သီးခေါက်
ဘွဲထူး၊ ဂုဏ်ထူး၊ ပညာထူးတိနန့်
ဝိုင်း..ခြိမ်းခြောက်လို့
လူ့အသိုင်းဝိုင်းက မောင်ထုတ်လို့
ဂျောင်ပိတ် ၀ိုင်းသတ်လို့....။

ကြီးကေ မျှောင်
မြင့်ကေ ဖား
ငယ်ကေ အနိုင်စား
နောက်လိုက်ကြောင်ဖားတိကလည်း
နောက်လိုက်ကောင်း ပီသလိုက်တေပင်
အများနန့်မိတ်မပျက်ရအောင်
မျက်နှာချိုသွီးပျာ
နီရာထိုင်ကွက်ချေတခု ရရေးအတွက်
စိုစွတ်နီရေမြီကြီးထက်
သတင်းစာခုထိုင်နီရေ...။

ရခိုင့်လူ့အဖွဲ့စည်း အမျိုးသားရေးစိတ် ပြန်လည်ဦးမော့လာရေးက
ရခိုင်စာပီ အဓိကမကျ....လတ်....။
Communal Spirit လူစုလူဝေးစိတ်ဓါတ်က
အရေးကြီးရေ.....ဆိုကာ....။

ပြောခမေ
“မှားနီရေ မြန်မာယောက်ဖ ကျွန်ပါမောက္ခ
Communal Spirit ကို Literature (စာပီ) က ကျားမကန်ကေ
ပြိုကျတတ်တေ.......”

“စာပီမဟိရေလူမျိုးတမျိုးစွာ အကွပ်မဟိရေကြမ်းနန့်တူရေ....”

“ရီလွတ်ငါးချေပိုင်
ရီမဟိရေကုန်းထက်မှာ အသက်လျှူရကေလည်း
တအောင့်းချေရာ....”


ခိုင်မြသိန်း (ချောင်းသာကြီး)
3/12/2001

Friday, December 31, 2010

ဖောက်ပြန်နီသော သတ်ပုံတခု


ဖောက်ပြန်နီသော သတ်ပုံတခု
===============

“ရ” ရစ်မနိုင် ရခိုင်ကိုမီး
ဆိုရိုးစကား ဟိသော်ငြားလည်း
“ရ” နန့် “ယ” ကို ခွဲခြားပိုင်ပိုင်
မပြောနိုင်ရေ ရခိုင်ပြည်သူ
လူသူတချို့ အတွေးဖောက်ပြန်
Brain မမှန်လို့ သူရို့ပြောသံ
လီသံတိက “ရှိမှာ” အစား
“ချိမှာ” လို့ရာ လီသံထွက်ကေ
ရခိုင်သံနန့် အမှန်ရွီးးရန်
ကြံကတ်ပြန်ကေ “ဟြိမှာ” လို့ရာ
ပျင်ကတ်ပြန်ဗျာယ် …။

“ရှာရေဖွီရေ” စသည်စကား
ပြောကြားဖို့က အချိန်ကျကေ
မဆီမဆိုင် သူရို့တိက
ရွီးပြကတ်စွာ
“ရှာ” ၏အစား “ဟြာ” လို့တခါ
ရွီးကတ်ပြန်ကေ ဖောက်ပြန်သူရို့
သတ်ပုံသစ် …။

(ဥက္ကာပျံ)

Saturday, December 18, 2010

ချီးထက်ပင်လည်း ရွံဖို့ ကောင်းပါရေကား

ရခိုင်ပိုင် မရွီးတတ်တေ ရခိုင်အသင်း
ရခိုင်ပိုင် မရွီးတတ်တေ ရခိုင်သတင်းစာ
ရခိုင်ပိုင် မရွီးတတ်တေ ရခိုင်သတင်းဌါန
ရခိုင်ပိုင် မရွီးတတ်တေ ရခိုင်နိုင်ငံရေးပါတီ
ရခိုင်ပိုင် မရွီးတတ်တေ ရခိုင်တော်လှန်ရေးအဖွဲ့ 
ရခိုင်ပိုင် မရွီးတတ်တေ ရခိုင်နိုင်ငံရေးသမား
ရခိုင်ပိုင် မရွီးတတ်တေ ရခိုင်တော်လှန်ရေးသမား
ရခိုင်ပိုင် မရွီးတတ်တေ ရခိုင်ကျောင်းသား
ချီးထက်ပင်လည်း ရွံဖို့ ကောင်းပါရေကား...။

ကိုယ့်စာကို ကိုယ်မသိ
ကိုယ့်ဇာတိကို ကိုယ်မမြင်
ကိုယ့်ရင်ဘတ်ထဲကအသံ ကိုယ်မနာခံ
ကိုယ့်နှလုံးသားထဲကစကား ကိုယ်နားမထောင်
မင်းရို့ ပိုင်အကောင်တိကို ခွီးတောင်လေးစားဖို့မဟုတ်...။

လွတ်လပ်ရေး လွတ်လပ်ရေး
ဖင်ပြဲအောင်အော်
ညီညွတ်ရေး ညီညွတ်ရေး
ဖင်ကချီးထွက်အောင်အော်
ရခိုင်သားက ရခိုင်စာကိုမရွီးရေ ကာလပတ်လုံး
လွတ်လပ်ရေး ညီညွတ်ရေး
တခုအရေးလည်း ဖြစ်လာဖို့မဟုတ်...။


(မြောက်ဦးကဘီလူး)