Thursday, June 8, 2017

ဇတ်ပျက်ခန်း

ဇတ်ပျက်ခန်း
========

ပါတီဝင်လည်းမဟုတ်
အမတ်လည်း မခံ
ထောက်ခံမဲချေ တမဲရဖို့
ပရစ်မျက်နှာ သွားခြဲလို့
ပြုံးပြဖို့လည်း မတတ် --။

လက်ခုပ်တီးခံရဖို့မလို
ကျောက်ခဲပစ်ခံရစွာ မကြောက် --။

လုများကေ
ဖဲသမားလည်း
ဘုရားတကာဖြစ်တေ ခေတ်မှာ
တရားဇရပ်မှာ ဖဲနှက်လို့
သူများအခြင်းကို လတင်းတုတ်
ပုတ်နှင့်ရာ ကောက်ဖို့ဆိုကေ
တနှစ်တနှစ်ကို
တင်းသုံးရာကျော်လောက်ထွက်ဖို့ --။

ဟိဟိဟားဟား
ပျော်ကတ်ပါးကတ်
တကြိုင်းကေ ရန်ဖြစ်ကတ်
ကော်နှက်ကတ်
တကြိုင်းကေ ဖက်ကတ်နမ်းကတ်
အချစ်မွှမ်းကတ်
ခရမ်းသီးဇတ်က အလွမ်းခန်းပိုင်
ပုဝါချေကိုင်လို့
ဝမ်းနည်းပက်လက်
မျက်ရည်စက်လက်
ဇတ်စင်အောက်မှာက
စုတ်ပီစုတ်ပက် --။

လူနာ လူအို လူသီ ရဟန်း
သိဒ္ဓတ္ထ တောထွက်ခန်းပိုင်
ပုတီးကိုင်လို့
တရားထိုင်ရခန့်သိမ့် --း ။

(သာလှဧူး)(မြောက်ဧူး)
May 17, 2017 (ဗုဒ္ဓူးနိ)

No comments:

Post a Comment