Sunday, September 27, 2015

ကျန်ရစ်မင်းသား၏ဝေဒနာကဗျာ

ကျန်ရစ်မင်းသား၏ဝေဒနာကဗျာ
======================

နန်းထိုက်တော်ဝင်
ပန်းသဇင်
ပင်ယံမြင့်ဖျား
သူစံစား
လက်ဖျားနှင့်ထောင် မတို့ဝန့်ပါ --။

သဇင်ရနံ့ကို လျှူလျှိုက်လို့
မောင်ကြီးရင်မှာ
အချစ်စိတ်တိ တိုးဝင်လာ --။

သဇင်ကို
မမြင်ရကေ မနီနိုင် --။

သဇင်ကို မြတ်နိုး
ဘုရားကိုပိုင် ရှိခိုးလို့ ထားချင်ရေ --။

သဇင်သာလျှင်
မောင်ကြီး၏ဘ၀ --။

သဇင်အလှ
ရှုမ၀ကို
အ၀ီးက ကြည့်ချောင်း
ရက်ပေါင်းမရွီတွက်နိုင်ပျာယ် --။

မောင်ကြီးချစ်တေသဇင်
ဘောက်သာဆိုးနှင့်
လင်နောက်လိုက်လားသောအခါ
မောင်ကြီးမှာ အသဲနှစ်ခြမ်းကွဲ
တခုပိုင်လည်း မတတ်နိုင် --။

ကျန်ရစ်မောင်ချစ်
ကလောင်ခြစ်
ကဗျာများစွာဖြစ် --။

(ခိုင်မာဆက်)(September 27, 2015) (တလင်္ဂုနီနိ)

No comments:

Post a Comment