Tuesday, June 2, 2015

ကျွန်အာရီယံ


ကျွန်အာရီယံ
=======

ကိုယ့်အမျိုးသားနိကို
ကိုယ့်စကားနှင့် စာတန်းထိုးခွင့်မရ
ကုလားပါးမှာလည်း အသတ်ခံ
မြန်မာပါးမှာလည်း အသတ်ခံ
ကျွန်အာရီယံ ရခိုင်သားတိဘ၀ --။

အမျိုးသားနိကျင်းပရစွာက
အမျိုးသားရီးစိတ်ဓါတ်
နိုးထလာစီဖို့မဟုတ်လား --။

"အမျိုးသားနေ့" လတ်
အတုလမာရဇိန်ဘုရားကြီး
ရခိုင်အမျိုးသားနိပွဲအပြီးမှာ
ရခိုင်သားတိ အားကောင်းမောင်းသန်
ဘ၀ဂ်ညံအောင် ကမ္ဘာပထ၀ီမြီကြီး
ထိန့်ထိန့်တုန်အောင်
အသံကို ဇကုန်အော်လို့
ဝင်သီးကွဲအောင်
လိပ်ဂေါင်းထွက်အောင်
ကြွေးကြော်လိုက်သည့်အသံ
ကျွန်အာရီယံ
ရခိုင်မျိုးဟေ့ ဒို့မြန်မာ --။

(မောင်ပေါက်)(ရခိုင်ပြည်)
ဒုတိယအကြိမ်မြောက် ရခိုင်အမျိုးသားနိ။ June 2nd, 2015 အင်္ဂါနိ။ အမှတ်တရ ရွီးစပ်ပါသည်။

No comments:

Post a Comment