ယေဇူးနန့်
=====
တတိုင်က
သွီးသံရဲရဲ တိုက်ပွဲ
ဝင်နီကတ်တေအချိန်မှာ
တတိုင်က ဘီယာချေသောက်
မယားနန့်ဖက်အိပ်
ပျော်နီလိုက်ကတ်တေ။
တတိုင်က
ရွာကို မီးလျှို့ခံ
အစုလိုက်အပြုံလိုက် အသတ်ခံ
နီရကတ်တေအချိန်မှာ
တတိုင်က
အိပ်ရီးမပျက်။
တတိုင်က
အေနိတယောက် ညတယောက်
အကောင်ဖျောက်ခံနီ
ရကတ်တေအချိန်မှာ
တတိုင်က
ခြင်ကိုက်ယှောင် လောက်တောင်မမှတ်။
ယေဇူး အဆီယစ်လို့
လိုင်သားတက်နီရေ အားလာကြီးတိ
မာမာဘားမှာ ဘုန်းဘုန်းဘုန်းဘုန်း
အသတ်ခံ
လကားဘားမှာ ဘိုင်းဘိုင်းဘိုင်းဘိုင်း
အပိုင်းခံနီရကတ်တေ။
(မောင်ပေါက်တူး)
(October 10, 2024)(Thursday)
Sunday, May 11, 2025
ယေဇူးနန့်
စိန်ခေါ်သံ
ရခိုင့်တော်လှန်ရီးနိ
ပေါက်ဆိန်ကျော်သန်းအမှတ်ရ
===================
ဂိုးချေ သီကျလားယာဆိုကေလည်း
ရခိုင့်တော်လှန်ရီးသမိုင်း
ဗလဗွီ ဒေလီက နိုင်ငံရီးသမိုင်းမှာ
နာမည်တလုံးတင်ကျန်ရစ်ခ
ယင်းချင့်က "ပေါက်ဆိန်ကျော်သန်း"
လာမစမ်းကဲ့ နှစ်ခြမ်းကွဲဖို့။
ဂိုးချေမဟိယာဖြစ်လို့
အေဂု ကောင်းကောင်း
လိုင်ခြောင်းကျယ်နီကတ်တေ။
Facebook ထက်မှာ
ဝက်ခွတ်ဒါးကို ထောင်ပြ
လိုင်သားတက်နီကတ်တေ။
ကရာတေးလား Boxing လား
လက်ခြီကားရား
ကျော်သန်းနန့်တွိကေ ဗြားစား
နှစ်ခြမ်းကွဲယာ မှတ်ထား။
ပညာဟိပေါရေအရပ်မှာ
ထမင်းချက်ဖို့လူမဟိ
ပေါင်ချေလှုပ်လို့
အုတ်ဖို့အကောင်တိကျည်းယာ။
ပညာဟိပေါရေအရပ်မှာ
ကန့်ကွက်တေလူမဟိ
အားလုံး သဘောတူထောက်ခံပါသည်။
ပညာဟိပေါရေအရပ်မှာ
အားလုံးမှန်ပါသည်။
ပညာဟိပေါရေအရပ်မှာ
အားလုံး သူရဲကောင်း ရဲရဲတောက်
ကြောက်မွှီးတပင်မပါ
ရန်သူရောက်ကေ ယနာနာ။
Project တခု ကျလာကေ
ခွီးပိုင်ယှောင် လုကတ်တေ ကိုက်ကတ်တေ
လုပ်ဖို့ခါ တကောင်ချေလည်း မလာ
အုပ်ဖို့ခါ ပျာယိပျာယာ။
စဉ်စားကေ ဒေါသထွက်တေ
ဒူးထောက်လားခကတ်တေ
လွတ်မြောက်လားခကတ်တေ
ပြင်ခံဝတ်လို့ Online ထက်မှာ
မြောက်ကြွ မြောက်ကြွ ဘောရိပြ
ချောတိုင်တက်နီကတ်တေ
အကောင်ကြီးကြီး
နဖူးမှာ စာရွီးထားကတ်တေ
ပညာဟိ သူရဲကောင်း ရဲရဲတောက်
လိုင်ခြောင်းခြောက် လောင်းမှောက်တိကို
(အဂယင့်) ဂိုးချေပိုင်ယှောင်
ပေါက်ဆိန်နှင့်
နဖူးကို နှစ်ခြမ်း ခွဲပစ်လိုက်ချင်ရေ။
သာလှဧူး (မြောက်ဧူး)
October 19, 2020
တရွာသား (နှင့်) တယောက်
===================
ကျဆုံးခြင်းကို
မှတ်တိုင်မစိုက်။
ကျဆုံးခြင်းကို
အထိမ်းအမှတ်လုပ်လို့
ငါ့သားကို သျှင်မပြု။
ကျွန်သက်တန်းစိ
သျှင်ပြုပွဲလုပ်လို့
တနှစ်ထက်တနှစ်
ကျွန်သျှင်လောင်းတိ များလာစွာကို
မနှစ်မြို့။
ဝက်သားဆီပြန် အဆီယွဲ့ယွဲ့
ချင်ဆီကောင်းလီပတ်စီ
စားရငါမခြီ။
ဆရာတော်ရို့ သျှင်လောင်းလှည့်ခါ
စည်တီးသံ ငါမကြား
ငိုကျွီးသံရာ ငါကြားရေ။
သံစည်တီးသံ ငါမကြား
ရင်ဖတ်ခတ်သံ ငါကြားရေ။
သာဓုခေါ်သံ ငါမကြား
ကျိန်စာတိုက်သံ ငါကြားရေ။
တရွာလုံးသား
ဝက်ဆီယစ်လို့
ပျော်လုံးဆို့လို့
ဝမ်းတင်းတင်းနှင့်ပြန်လာရေခါ
တယောက်တည်းငါ
ဂျောင်မှာကုတ်လို့
ဝမ်းဆာဆာနှင့်
ထမင်းရည်သောက်လို့
ငါခြီရေ။
(မောင်ပေါက်တူး)
ကျွန်ယုတ်
Saturday, May 10, 2025
ကောင်းခြင်းမင်္ဂလာ
============
မိုးသောက်မယေလင်းတုံ
တောရဂုံမှာ နှင်းမြုံဆောင်းဆောင်း
ကျီးငှက်ပေါင်းလည်း သောင်းသောင်းလည်းမြည်
ကောင်းကောင်းစည်၏။
ရိပ်ခြည်သာယာ ပြာပြာညိုညို
စိမ်းစိုစိုနှင့် မြင့်မိုရ်တောင်ကြီး
တံတိုင်းကြီးလည်း ကာဆီးရံတား
မားမားမတ်မတ် ခြီစုံရပ်၍
မညွတ်ဥက္ခောင်း သွီးသစ်လောင်းသည်
ကောင်းခြင်းမင်္ဂလာသာစီသတည်း။
ကောင်းခြင်းမယေမင်္ဂလာ ပြည့်စုံစွာသား
ဓညာပြည်ကြီး အီးချမ်းစီငှာ
ဘုန်းမိုးရွာ၏။
ရွှီဝါရောင်ဆင်း ပြောင်ပြောင်ဝင်း၍
ထွန်းလင်းဂုဏ်ရောင် ရွှန်းတောက်ပြောင်ဖို့
စွမ်းဆောင်ကြိုးစား ပြည်သူများလည်း
ရိုးသားဖြူစင် ချစ်ချစ်ခင်လျှက်
ကြင်နာနှလုံး အပြုံးမေတ္တာ
စေတနာနှင့် သာသနာလည်း
ရှည်ကြာတည်တံ့ ပွားပြန့်စည်ပင်
သဒ္ဓါရွှင်သည်
ကောင်းခြင်းမင်္ဂလာဖြာစီသတည်း။
(နရသီဟ)
December 7, 2023 (Thursday)(ကသစ်ဗုဒ္ဓိနိ)
လေဥဗျိုင်း
လေဥဗျိုင်း
=======
အပြုတ်ခြေမှုန်းမယ်နဲ့
ကြုံးဝါးလာခဲ့တာ
ပြည်တွင်းစစ်ကြီးက
အနှစ်ခုနှစ်ဆယ်ကျော်လာခဲ့ပြီ။
ကမ္ဘာမှာ မြန်မာဟေ့လို့
ကြွေးကြော်လာခဲ့တာ
အခုတော့ ကမ္ဘာမှာ
ဖာနိုင်ငံဖြစ်သွား
ကောင်းကြသေးရဲ့လား။
အဘွာကြီးတက်လာပြန်တော့
ပြည်တွင်းစစ်ငြိမ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။
အခုတော့ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးက
ပဲလွှာကြားမှာ ဆားညှပ်နေသလိုဘဲ။
ဘွားတော်ကြီးရယ်
ဟုတ်မှလည်း လုပ်စမ်းပါအုံး
ဖုံးဖိထားပေမဲ့ ကုန်းကွကုန်းကွနဲ့
လုံးဝကျက်သရေတုံး။
မဟာမိတ် ညီနောင်အဖွဲ့ဆိုလား ဘာဆိုလား
AA ကို မဖိတ်လို့
(၂၁) ရာစု ပင်လုံညီလာခံကို မတက်ရောက်နိုင်ဘူး
ရှင်းရှင်းဘဲပြောလိုက်ပေါ့။
အခုတော့ (Covid-19) ကို အကြောင်းပြ
ကိုဗစ်သာမရှိရင် AA မပါလည်း တက်မယ်ဆိုတဲ့သဘောလား။
ခင်ဗျားတို့ရဲ့ Policy လား Diplomacy လား
ကျုပ်ကတော့ နားမလည်ဘူး။
ဒါပေမဲ့ သဘောပေါက်တာတခုတော့ရှိတယ်
ထိုနည်းလည်းကောင်းတော့ မဖြစ်ပါစေနဲ့။
ကိုထူးထူးဟန်ပြောသလို
မြန်မာစစ်တပ်နဲ့တော့ ရင်ကြားစေ့ရေးလုပ်တယ်။
တခြားတိုင်းရင်းသားတွေနဲ့
တင်ကြားစေ့ရေးလုပ်နိုင်တယ်။
မကြိုက်ရင်လည်း
AA နဲ့ ဖင်ကြားစေ့ရေးလောက်တော့ လုပ်သင့်တာပေါ့။
အခုတော့ ဘွားတော်ကြီးရဲ့စိတ်ဓါတ်က
လူမျိုးရေးမုန်းတီးမှုဖြစ်နေပြီ။
ဘုန်းကြီးစာချ
သင်ပုန်းချေပါ
လက်စားမချေပါနဲ့
ခင်ဗျားဘဲပြောခဲ့တာလေ။
အခုလာမဲ့ရွေးကောက်ပွဲမှာ
ခင်ဗျားရဲ့ NLD
တချို့က မွတ်ဒေါင်းပါတီလို့ခေါ်ကြတယ်
မွတ်ဒေါင်းဘဲခေါ်ခေါ်
ဖွတ်ခေါင်းဘဲခေါ်ခေါ် ကိစ္စမရှိပါဘူး။
အရေးကြီးတာက
ကြံ့ဖွတ်ကိုတောင် နိုင်မဲ့လက္ခဏာမရှိဘူး။
ခင်ဗျားရဲ့ အမာခံဒေါက်တိုင်
ထွန်းအိန္ဒြာဗိုလ်တောင်
ခင်ဗျားကို မထောက်ခံတော့ဘူး။
ရှင်းရှင်းပြောရရင်
ဇာဂနာတောင် ခင်ဗျားကိုချဉ်နေပြီ။
ဒေါက်တာအေးမောင်ကို ထောင်ထဲထည့်ပြီး
ဒီမိုကရေစီသူရဲကောင်းလုပ်ပြတယ်ပေါ့။
Scotland နဲ့ Spain မှာ
သီးခြားလွတ်လပ်ရေးတောင်းနေတာ
မကြားဘူးလား။
အိပ်ချင်ယောင် ဆောင်မနေစမ်းပါနဲ့ ဘွားတော်ကြီးရယ်
ဒေါက်တာအေးမောင်က
အချုပ်အချာအာဏာအကြောင်းဘဲပြောတာ
ရခိုင်ပြည် သီးခြားလွတ်လပ်ရေးတောင်းနေတာမဟုတ်ဘူး။
အချုပ်အချာအာဏာဆိုတာ
ခင်ဗျားတို့ ဗမာတခုတည်းကဘဲ ပိုင်တယ်လို့ မှတ်နေသလား။
သီပေါမင်းကို အင်္ဂလိပ်တွေ ဆုံးမလိုက်တုန်းက
မြန်မာတွေရဲ့အချုပ်အချာ
ဘယ်များနာသွားသလဲ။
အဖေချုပ်တဲ့ ပင်လုံစာချုပ်
လက်နှီးစုတ်လောက် တန်ဘိုးမရှိတော့ဘူး။
သမီးချုပ်တဲ့ ပင်လုံစာချုပ်
ထပိန်စုတ်ဘဲဖြစ်သွားမလား။
မျက်လှည့်ပွဲကြည့်နေရသလို
ရင်ဖိုလိုက်တာ။
"အမေစု" "အမေစု" နဲ့
အခုတော့
"လေအု" သွားပြီ..။
သာလှဧူး (မြောက်ဧူး)
Oct 8, 2020
မှတ်ချက်။ ။ မြန်မာကဗျာ။
ဒီပုတ်ထဲက ဒီပဲ
ဒီပုတ်ထဲက ဒီပဲ
===========
(မဘသ) မရှိရင်
မြန်မာပြည် ပျောက်သွားမယ် --။
(မဘသ) ကို
ဘုရားလို ကိုးကွယ်တယ် --။
(၉၆၉) ကို
နေ့စဉ် ထိုင်ရှိခိုးတယ် --။
ဒေါ်စု
ခင်ဗျား ဖောက်ပြန်သွားပြီ --။
ငြိမ်းချမ်းရေးလုပ်တာ
(AA) ကို ချန်လှပ်ထားခဲ့
ခင်ဗျားရဲ့ ငြိမ်းချမ်းရေးက
မျက်လှည့်ပြသလိုဘဲ --။
နှစ်ဆယ်ရာစု ပင်လုံညီလာခံလုပ်တယ်
ဘင်္ဂလီကို အကြောင်းပြ လုံခြုံရေးကို အကြောင်းပြ
ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို
ရက်အကန့်သတ်မဲ့ ရွှေ့ဆိုင်း
ရခိုင်ပြည်မှာ မြောက်ပိုင်းတခုတည်း ရှိတာမဟုတ်
(ဘူးသီးတောင်၊ မောင်တော)
အဲဒီ နှစ်မြို့ထည်း ရှိတာမဟုတ်
(စစ်တွေ) မှာလုပ်လည်း ရတယ်
(ရန်ကုန်) မှာ လုပ်လည်း ရတယ် --။
ခင်ဗျားရဲ့ အကြောင်းပြချက်
ခင်ဗျားရဲ့ အတွင်းစိတ်ကို
ထင်ဟပ်နေပြီ --။
ကောက်ကျစ်စဉ်းလဲတဲ့ ဝံပုလွေ
သိုးရေ ဆောင်းထားသလိုဘဲ --။
မြေခွေးက
မြက်စားပြနေသလိုဘဲ --။
(AA) မပါတဲ့ တနိုင်ငံလုံး (အပစ်အခတ်ရပ်စဲရေး/ ငြိမ်းချမ်းရေး)
ပြောရရင် မကောင်းဘူး
(-----) ဘဲ။
(ဒေါ်စု) တယောက်တည်းကို ပြောတာမဟုတ်
(မင်းအောင်လှိုင်)
ခင်ဗျားလည်း မှတ်ထားပါ --။
(ဖက်ခွက်) စိတ်ကို မဖျောက်နိုင်သရွှေ့
အမြဲတမ်း (ဖက်ခွက်ရုပ်) ပေါက်နေမှာဘဲ --။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
(AA) ပါလာမလားလို့ ပျော်လိုက်ရတာ။
အခုတော့ သဲထဲရေသွန်
ရခိုင်ပြည်ကို မင်းတို့ဆက်အုပ်ချုပ်နေသရွှေ့
(သီပေါမင်း) ကို အင်္ဂလိပ် ကြက်ဖမ်းသလိုဖမ်းသွားတာ
မြင်ယောင်ကြည့်လိုက်စမ်းပါ --။
ငြိမ်းချမ်းရေးကို လိုချင်ရင်
မြန်မာပြည်ကို
ကမ္ဘာမြေပုံပေါ်က ပျောက်မသွားစေချင်ရင်
မြန်မာပြည်မှာ
ဗုဒ္ဓသာသနာ မကွယ်ပျောက်စေချင်ရင်
မြန်မာပြည်မှာ
ရွှေတိဂုံဘုရားကို ဆက်ဖူးမျှော်ချင်သေးရင်
မြန်မာပြည်မှာ
မြန်မာလူမျိုးကို မြင်တွေ့စေချင်သေးရင်.....
(AA) ကို ရခိုင်ပြည်ကို ကာကွယ်ခွင့်ပြုပါ
ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ပါ
နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ အဖြေရှာပါ။
ခင်ဗျားတို့အားလုံး (အမြီးမရှိတဲ့) ဝက်ထီးအားကိုးနဲ့
ဆက်ပြီး မိုက်တွင်းနက်နေအုံးမယ်ဆိုရင်
နောက်ဆုံးမှာ
(အားလုံး)(လဋ) စာဘဲ ဖြစ်မယ် --။
အပြုသဘော ပြောတယ်
လက်ခံရင်လက်ခံ
လက်မခံရင်
(--------)။
ကုလားဆိုးကို
ထိုင်ရှိခိုး
ကုလားမင်း (----)။
"မြန်မာဖက်ခွက်ဝါဒ အမြန်ဆုံးကျဆုံးပါစေ"
ခိုင်လုံးချော (ရခိုင်ပြည်)
August 3rd, 2017 (ကသစ်ဗုဒ္ဓိနိ)
မှတ်ချက်။ ။ မြန်မာကဗျာ။
ဖက်ခွက်တိုင်းပြည်
==========
ပြောပြန်ရင်လည်း
အောင်မင်းလွန်ရာကျမယ်။
ဘယ့်နှယ်လည်းဗျာ
တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုပြီး
(AA) မပါဝင်ရ
တကယ့်ကို တရားမျှတတဲ့ ဒီမိုကရေစီပါလား --။
အာဏာအစိတ်သား
လွှတ်တော်မှာ အလကားအချောင်ရတာအကြောင်းမဟုတ်။
ငြိမ်းချမ်းရေးအလုပ်မှာ
ဝင်ရှုပ်နေတာ ပြဿနာ
စစ်တိုက်မှ ထမင်းစားရ ဝမ်းဝတဲ့လူတွေ။
တူရကီနဲ့ အီရန်က
ဗုံးကြဲမယ်လုပ်တော့
ဒူးတုန်နေလိုက်ကြတာ
(သနားစရာ)
ရေစွတ်နေတဲ့ ကြွက်စုတ်ကလေးလိုဘဲ --။
ကချင်ကျတော့
ရုရှကပေးထားတဲ့ လေယာဉ်အစုတ်ပလုပ်တွေနဲ့
လက်သံပြောင်နေလိုက်ကြတာ --။
ပေးတာယူ ကျွေးတာစား (NCA) ကလည်း
AA, TNLA, MNDAA ကို နောက်ချန်ထားခဲ့
စကောလောက်မှ ဇောက်မနက်တဲ့လူတွေ။
အခုတော့ ” ခွဲမထွက်ရ”
လက်ထိပ်အခတ်ခံနေရပြီ။
မကြာခင်မှာ ခင်ဗျားတို့လည်ပင်းကို
ကြိုးကွင်းစွပ်တော့မယ်
မသေခင်မှာ
ထမင်းဝအောင်စားထားကြပေတော့ --။
သစ္စာဖောက်တွေ မညီညွတ်လို့
အမဲဖျက်ခံနေရပြီ --။
ဒေါ်စုကလည်း
"မကြာမှီ စင်္ကာပူကို ကျော်တက်မည်" တဲ့။
လေလုံးကြီးလိုက်ပုံကလည်း
မပြောချင်ဘူး
ဘင်္ဂလားဒေချ်လောက်ကိုဘဲ
မှီအောင်လိုက်ကြစမ်းပါ --။
“ပြည်ထောင်စု” “ပြည်ထောင်စု” နဲ့
ဘာတခုမှ စောက်သုံးမကျတဲ့တိုင်းပြည်
သွားကြားထိုးတံတောင်
နိုင်ငံခြားက တင်သွင်းနေရတယ် --။
(21) ရာစု ပင်လုံညီလာခံလုပ်ပြီး
ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုနေရင်တော့
ဖက်ခွက်ပြည်ထောင်စုကြီးလည်း
ပဲပြားနံချပ်လို
တာရှည်ခံပါ့မလား --။
ဟုတ်မှလည်း လုပ်ကြစမ်းပါ
ရွှေမြန်မာတို့ရယ်။
သိပ်ပြီးတော့လည်း
ဖင်ခေါင်းကျယ်မနေကြပါနဲ့။
ဒီလိုဘဲ ကျွဲခြေရာကွက်မှာ
လက်ပစ်ကူးနေကြအုံးမယ်ဆိုရင်တော့
မကြာခင် ကုလားဆီမှာ
ဆီဆွတ်ခံရလိမ့်မယ် --။
(မောင်မှန်)(June 11, 2018)(တလင်္လာနိ)
မှတ်ချက်။ ။ မြန်မာကဗျာ
မောင်လုံးချင်းသည်
မောင်လုံးချင်းသည်
=============
ပန်းမျိုးပေါင်းစုံ မွှီးသင်းထုံ၍
ရဂုံမြိုင်အတွင်းမှာ
ဆီးနှင်းဖြောက်ဖြောက်
တပေါက်ပေါက်လျှင် ကျလတ်ကျင်သော်
ဝမ်းမြောက်မရွှင် စားမဝင်သည်
ပူပင်ကြောင့်ကြကြီးလျှက်
နှုတ်ကမပြော စကားမဆို
ဝမ်းမှာမျိ၍ထားကာ
မျက်ရည်ယိုစီး အပူမီးသည်
တောကြီးမီးလောင်သည်သို့
ဆောက်တည်ရာ ရှာမရ
ငှက်ဖိုးခေါင်သည် ဖော်ကိုလွမ်း၍တသို့
နိညမဟူ တကြူကြူလေ
မေဖြူကြားစီချင်၏။
ဟေမန္တသည်ဆောင်းကာလ မြောက်ပြန်စုံလီထက
တစိမ့်စိမ့်သည် လှိမ့်ကာလှူးကာပြန်၍
သန်းခေါင်ယံသည်
နာရီပြန်နှစ်ချက်တီး အာရုဏ်တက်မှာ
တစက်ပင်မအိပ်ပါတည်း
စိတ်ပူလောင်သည်
မေ့ကိုလွမ်းသည်ကြောင့်လေး။
တပေါင်းလည်းကူး တန်းခူးကာလ
ဂိမန္တတမှာ
ရာသီသည်လွန်ပူပြင်း
မောင်လုံးချင်းသည် စားမဝင်
မီးခိုးလည်းမှိုင်းမှိုင်းမှုံ တောလုံးဝိုင်းဝိုင်းအုံသည်
ဖုံတဆောင်းဆောင်းထလျှက်
ရဂုံမှာ ရွက်များတခက်ပင်မဟိပါတည်း။
ပင်တိုင်းမှာသည် အရိုးငေါက်ငေါက်
ကိုင်းခြောက်အဖျားထက်၌
ဂြိုးသားယင့်ယူ တကြူကြူမြည်လာလတ်က
စိတ်ပူသည်လွမ်းမစဲ
သင်္ကြန်အခါတည်းလေ။
သင်္ကြန်ရောက်လတ်ကလျှင်
နံချင်းပြိုင်၍ သစ္စာတိုင်တည်
ဆုပန်ရွယ်ငြားချင်ပါသော်လည်း
လွန်ဝမ်းနည်းသည်
ပြည်ရွာတိုင်းခြားတပါးအရပ်မှာ၌
မောင်ကမပျော်လို
မေ့ကိုလွမ်း၍ နိတိုင်းငိုသည်
မျက်ရည်ယိုစီးပါသည်၏လည်း။
မျက်ရည်ယိုစီး အပူမီးသည် မငြိမ်းနိုင်
သင်္ကြန်ပြီးသော် ဝသန်မိုးဦးရောက်က
အာကာကောင်းခင် မှိုင်းမှုံဆင်သည်
လျပ်လျှင်တပြက်ပြက်နှင့်
စက်မိုးထစ်ကြိုး ရွာသွန်းဖြိုးသည်
လွန်စွာအငြိုးကြီး၏။
ရီစီးသည်တဖောင်ဖောင်
ဝါခေါင်မာသ ချိန်ကာလ၌
မိုးများစွာ ရွာသွန်ချသည်နိမပြတ်
ဖားများစွာလည်း
မစဲအသံ တကြံကြံနှင့်
ညံညံအော်မြည်လတ်က
ထွေတထူးသည် နတ်ပူးယောင်သို့
ညည့်သိုင်ခေါင်မှာ
မောင်လျှင်ယောင်၍ထ၏။
တကိုယ်တည်း
လွန်ဝမ်းနည်းသည် ဝသန်အခါတည်းလေး။
(ကောင်းကျော်ဖြူ)
ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။
ငြိမ်းအီးပါစီ သန္တာမြီ
=============
နွယ်ချိုဖိုးခေါင် ရိုးမတောင်သည်
စိမ်းရောင်ညိုမြ သာလီစွတည်း။
နဒီမြစ်မ ကစ္ဆပလည်း
စီးကျသွင်သွင် အသက်ရှင်လျှက်။
ပင်လယ်ကမ်းခြီ သန္တာမြီလည်း
စီရီသွယ်တန်း သာစခန်းတည်း။
စိတ်ချမ်းသာစွ အလှကြက်သရေ
လွန်တင့်တယ်သည် ရွှီပြည်ရခိုင်
မဏ္ဍိုင်ပြည်ကြီး ငြိမ်းအီးပါစီ။
သိင်္ဂီရောင်ဝင်း ရွှီအဆင်းနှင့်
ထွန်းလင်းရွှန်းပြောင် တိုက်တိုင်းအောင်၍
အခေါင်ထွဋ်ထိပ် ရန်ကိုနှိပ်သည်
ဘိက်သိက်တံဆိပ်ခတ်စီသတည်း။
(နရသီဟ)
January 17, 2024 (Wednesday)(ဗုဒ္ဓူးနိ)
လက်ဆောင်ယူခ
===========
လက်သန်းမယေ ဓါတ်တော်
ဦးခိုက်မျှော်
ကော်ရော်ရိုညွတ်
စောမဲကျီလေ စေတီမြတ်ကို
ဖူးကတ်ခီခါ မယ်မပါ
ဖူးချင်ပါလျှက် မဖူးရ။
မဖူးရလည်း ဟိပါပတ်စီ
စံကားဝါဝါ
မောင်ပြန်လာ လက်ဆောင်ယူခ
မှာလိုက်ရစီ။
အင်္ဂရားနှင့် စံကားဝီဝီ
လက်ဦးချီ
မာပါစီကြောင်း သာစီကြောင်း
စောမဲကျီလေ စေတီရင်းမှာ
ဆုမွန်တောင်း။
အောင်သာလှ (နတ်ဆိပ်)
မလိုက်ဝန့်ဝန့် လိုက်ဝန့်ဝန့်
မလိုက်ဝန့်ဝန့် လိုက်ဝန့်ဝန့်
=================မိုက်လည်းမိုက်တေ
ခိုက်လည်းခိုက်တေ
ချစ်လည်းချစ်တေ
ကြိုက်လည်းကြိုက်တေ။
မောင်လူပျိုကို မေကကြိုက်လည်း
မလိုက်ဝန့်ဝန့် လိုက်ဝန့်ဝန့်။
ဝင်းလို့မြင် အပင်ထက်က
သရက်သီးကို ကျီးကိုက်လတ်မေ
မောင်ကြီးလန့်။
ခူးဖို့ပျင်ကေ အရှင်လတ်လတ်
လူးကျလတ်မေ ဒူးနှမ့်နှမ့်
မခူးဝန့်ဝန့် ခူးဝန့်ဝန့်။
အလှမ်းမဝီး
ရွှမ်းလို့ချို ညိုမှည့်သီး။
တောဂနိုင်လေ မြိုင်လုံးနှံ့အောင်
ရနံ့ကြိုင်ကေ
ရခိုင်သွီးလေ ရခိုင်သွီး။
ဟာသ ဒီမိုကရေစီ
============
ရုပ်ထုနဲ့ဘဲ
အလုပ်ရှုပ်နေလိုက်တာ
လေးနှစ်သာ အချိန်ကုန်သွား
ဘာတခုမှလည်းဖြစ်မလာ --။
(ဝေဟင်အောင်) နဲ့ (ဒေါက်တာအေးမောင်) ကို ထောင်ချ
ပြည်တွင်းစစ်က ရပ်မသွား --။
ရခိုင်ကို အပြုတ်တိုက်မယ်
အမြစ်ပြတ်ချေမှုန်းမယ်နဲ့
ဘွားတော်ကြီးရဲ့ NLD ဒီမိုကရေစီက
အာဏာရှင်စီမိုကရေစီဖြစ်နေပြီ--။
ပြောတော့မပြောချင်ပါဘူး
ဒါပေမဲ့ ဘွားတော်ကြီးရယ်
NLD တွေ
တခုတော့ ပြောလိုက်ပရစေ
ကုလားထီးစုတ်ဆောင်း
သိပ်ကောင်းမနေပါနဲ့ --။
ခွဲထွက်ရေး မတောင်းဆိုပါဘူး
တောင်းတယ်ဆိုရင်ကော
ဘာဖြစ်သလဲ
ထောင်ချမလား
ခင်ဗျားတို့ ထောင်မချခင်
ထောင်ပြလိုက်မယ် လက်ညှိုး --။
ဒီနှစ်ဆို ခင်ဗျားတို့အားလုံး
နိဂုံးချုပ် ရှုပ်ခဲ့သမျှအရှုပ်နဲ့
အထုပ်ထုပ်ပိုး
အာဏာသျှင်တွေလိုလည်း သက်တန်းတိုးမရ
ဆောင်းထားတဲ့သိုးရေ
ခွေးချီသွားပြီဆိုတော့
ပြည်သူ့တံတွေးခွက်မှာ ပက်လက်မျော
အနိစ္စ ဒုက္ခသဘောနဲ့ ကိစ္စချော
ငါတကောကော ကောခဲ့သမျှ
အမျှအမျှလို့သာ ခေါ်လိုက်ကြပါတော့ --။
ကမ္ဘာမကြေ မသာမြေ
NLD တွေ
(အားလုံး) ကောင်းရာသုဂတိ လားပါစေ--။ ။
(ဝရင်းတုတ်)
Feb 15, 2020 (စနီနိ)
ရခိုင်မင်းလောင်း
ကိုးတောင်ကျား
===========
အဖတလှည့် သားတလှည့်
ဘယ်ပြန်ပြန် ဘယ်ပြန်လည်းကြည့်
ညာပြန်ပြန် ညာပြန်လည်းကြည့်။
ကြည့်လို့မဝ ရှုလို့မဝ
ရွှီတူပင်မှာ ငွေတူရစ်ကေ
ချစ်မဝ။
အရီးသျှင်မှာ မြင်ရေရင်သွီး
မိနှင့်ဖမှာ ချစ်လို့မွီးကေ
မောင်းမောင်ကြီး။
အဘာကြီးသား
မတထောင်မှာ တကောင်ဖွား
ပြည်ရခိုင်ကို ပိုင်လို့စိုးကေ
ကိုးတောင်ကျား။
အောင်လှခိုင် (ဒိုက်ကလူ)
April 25,2025 (Friday) (သောက္ကြာနိ)
၀ချေတန်းဖတ်စာ
===========
(တစ်) (နှစ်) စပါးစိုက်
(သုံး) (လေး) သြဇာကျွေး
(ငါး) (ခြောက်) အပင်ပေါက်
(ခုနှစ်) (သျှစ်) စပါးဖြစ်
(ကိုး) (တဆယ်) တလင်းလည်။
ပိုးမီးစုန်း
======
တန်းဆောင်ဘုန်းလပြည့်နိ
ကောင်းခင်ထက်မှာ ကြယ်ချေလက်လက်
ဝင်းခြံဒေါင့်မှာ ပိုးမီစုန်းလည်း အရောင်ထွက်
မီးပုံးချေပိုင် ပျံလို့တက်
တဖြက်ဖြက် တဖြက်ဖြက်။
ရခိုင် ခုနှစ်ရက်သတ္တတပါတ်
================
တလင်္ဂုနီ တလင်္လာ
နိမြတ်ရက်ရာဇာ။
အင်္ဂါ ဗုဒ္ဓူး
ရွှီမြို့မြောက်ဦး အောင်သံကျူး။
ကြသားပတီး သောက္ကြာ
စည်တော်လည်းတီး မင်္ဂလာ။
စနီ နဂါးမောက်
အခေါင်မိုးသို့ရောက်။
မင်္ဂလာအတာ သင်္ကြန်ခါ
လီသွတ်သွတ်ကေနှင့်
ဇရပ်ကေ သာယာ။
ရွာတောင်ထိပ်မှာ
ထိပ်ထူးပွင့်က နီကျာကျာ။
ပိတောက်ပွင့်နှင့် ငုံးပွင့်ဝါဝါ
အတာကူး နှစ်ဦးသင်္ကြန်ခါ။
ရီဖလားကိုယ်စီ ဆင်တူညီညာ
တသီတသန်း
စီတန်းလှည့်လည်ကာ။
နံသာရီသွီး အမွှီးနံသာ
ရခိုင်ဘုရား ရီချိုးလား
များပြားစုံစွာ။
ရှိရိုးရာလေ စိုင်လာမပျက်
သုံးရက်တိုင်တိုင် ပြည်မဏ္ဍိုင်မှာ။
မေတ္တာရီလောင်း
ကောင်းခြင်းမယေဖြာဖြာ
သာလီစွ ရက္ခိတမင်္ဂလာ။ ။
သာလှဦး (April 30, 2025) (ဗုဒ္ဓူးနိ)။
ပေါက်ပွင့်နီနီ
ပေါက်ပွင့်နီနီ
==========
နီကလည်းပူ
ခွီးလည်းအူ။
ပူနီမကြောက်
လူတယောက်။
ဥသြသံကြား
မခံစား။
တောင်ယာကိုလား
နွားကျောင်းသား။
မလားပါလီ လားပါလီ
ရီကြိုင်ချောင်းမှာ
မြက်ကောင်းကောင်းကို စားရစီ
နွားတရွီကို
ဒုတ်တချောင်းနှင့် ကြိမ်းလို့မောင်းကေ
ကျောင်းလို့နီ။
လက်ပံပွင့်နှင့် ပေါက်ပွင့်နီနီ
တောင်ခြီရင်းမှာ ပွင့်လို့နီ
တချို့ပွင့်က ရင့်လို့ကြွီ။
ပေါက်ပွင့်ကြွီ နီရင့်ရင့်
ပေါက်ပွင့်ပွင့်ကေ ပင်မြင့်မြင့်။
အောင်လှခိုင် (ဒိုက်ကလူ)
Saturday, January 4, 2025
(၁၉၄၂) ခုနှစ်အတွင်း ဘင်္ဂလီကုလားဖျက်ဆီးခြင်းခံလိုက်ရသော မောင်တောမြောက်ပိုင်း ရခိုင်ရွာများစာရင်း
(၁၉၄၂) ခုနှစ်အတွင်း ဘင်္ဂလီကုလားဖျက်ဆီးခြင်းခံလိုက်ရသော မောင်တောမြောက်ပိုင်း ရခိုင်ရွာများစာရင်း
================================================
(၁) သစ်ပုတ်ချောင်းရွာ ( အိမ်ခြီ ၂၀ )
(၂) ကံပြင်ရွာ (အိမ်ခြီ ၄၃ )
(၃) ရီဖုန်းပြင်ရွာ(အိမ်ခြီ ၅၀ )
(၄) ပန်းတောပြင်ရွာ (အိမ်ခြီ ၅၀ )
(၅) မောင်ဦးရွာ (အိမ်ခြီ ၃၀ )
(၆) ခွဆုံပြင်ရွာ (အိမ်ခြီ ၄၅ )
(ရ) ပြင်ဖြူရွာ (အိမ်ခြီ ၄၅ )
(၈) ဒိုးတန်းရွာ (အိမ်ခြီ ၂၀၀ )
(၉) သက်ကေပြင်ရွာ (အိမ်ခြီ ၅၀)
(၁၀) ဝက်ပိုက်ရွာ (အိမ်ခြီ ၆၀)
(၁၁) ကျောက်ချောင်းရွာ( အိမ်ခြီ ၂၅)
(၁၂) ပုဏ္ဏားဆပ် ရွာ(အိမ်ခြီ ၆၀)
(၁၃) သဲချောင်းရွာသစ်
(၁၄) ငန်းချောင်းရွာ (အိမ်ခြီ ၅၀)
(၁၅) ဒါကြီးစားရွာ (အိမ်ခြီ ၄၀)
(၁၆) ကျောက်ပြင်ဆိပ်ရွာ (အိမ်ခြီ ၃၀ )
(၁၇) ပြင်ဖြူချောင်းရွာ (အိမ်ခြီ ၅၀ )
(၁၈) ရီခပ်ချောင်းရွာ (အိမ်ခြီ ၅၀)
(၁၉) ငါးစားကြူးရွာ (အိမ်ခြီ ၆၀ )
(၂၀) ပြောင်ပစ်ရွာ (အိမ်ခြီ ၄၀)
(၂၁) ပြင်ရှည်ရွာ (အိမ်ခြီ ၃၀ )
(၂၂) ဖရုံချောင်းရွာ (အိမ်ခြီ ၃၀ )
(၂၃) ဆင်သေပြင်အထက်ရွာ (အိမ်ခြီ ၄၀ )
(၂၄) ဆင်သေပြင် အောက်ရွာ (အိမ်ခြီ၂၀)
(၂၅) သဲဖြူချောင်းရွာ (အိမ်ခြီ ၄၀ )
(၂၆) ပြားသားမဲရွာ (အိမ်ခြီ ၁၅ )
(၂၇) တောင်ဖက်ရွာ (အိမ်ခြီ စာရင်းမရ
(၂၈) ဖေါက်ကျီတောင်ရွာ (အိမ်ခြီ ၃၀ )
(၂၉) အထက်ဘော်တူလာရွာ (အိမ်ခြီ ၄၂ )
(၃၀) အင်တူလာရွာ (အိမ်ခြီ ၅၀)
(၃၁) အင်းချောင်းရွာ (အိမ်ခြီ ၃၀ )
(၃၂) အင်္ဂါဖ ရွာ (အိမ်ခြီ ၄၀)
(၃၃) ကာလာရွာ (အိမ်ခြီ ၈၀)
(၃၄) လဘော်ဝရွာ (အိမ်ခြီ ၃၆ )
(၃၅) ဒုံးကျော်ဖရွာ (အိမ်ခြီ ၂၂ )
(၃၆) သက်ကေပြင်ရွာ (အိမ်ခြီ ၇၅ )
(၃၇) ဂျိတ်ချိုင် (အိမ်ခြီ ၄၀)
(၃၈) ကိုင်စူးရွာ (အိမ်ခြီ ၂၄ )
(၃၉) တပ်ချောင်းရွာ (အိမ်ခြီ ၃၀)
(၄၀) အလယ်ချောင်း (အိမ်ခြီ ၈၂)
(၄၁) မောင်ရွေဇံရွာ (အိမ်ခြီ ၂၀)
(၄၂) သာဒိုးလှရွာ (အိမ်ခြီ ၄၀)
(၄၃) တပ်ချောင်းချေရွာ (အိမ်ခြီ ၃၀)
(၄၄) ဆင်ပြကွင်းရွာ (အိမ်ခြီ ၄၀ )
(၄၅) ရွှေဒိုင်းရွာ (အိမ်ခြီ ၄၆ )
(၄၆) ရီချမ်းချောင်း (အိမ်ခြီ ၄၀)
(၄၇) ငါးချမ်းရွာ (အိမ်ခြီ ၂၃ )
(၄၈) ရဲအောင်စံရဖွေရွာ (အိမ်ခြီ ၄၀ )
(၄၉) ကြောင်နဖေ အထက်ရွာ (အိမ်ခြီ ၃၀)
(၅၀) ကြောင်နဖေ အောက်ရွာ (အိမ်ခြီ ၂၅ )
(၅၁) ချက်စူရွာ (အိမ်ခြီ ၂၀ )
(၅၂) အရိုးကျရွာ (အိမ်ခြီ ၄၀ )
(၅၃) ကျော်ထွီးချောင်းရွာ (အိမ်ခြီ ၃၀)
(၅၄) အင်းချောင်းအထက်ရွာ (အိမ်ခြီ ၄၈)
(၅၅) အင်းချောင်းအောက်ရွာ (အိမ်ခြီ ၂၆ )
(၅၆) ရွှေဖီဦးဖရွာ (အိမ်ခြီ ၂၅ )
(၅၇) ထောက်ကလန်ရွာ (အိမ်ခြီ ၈၈ )
(၅၈) တောင်ပြိုလက်ဝဲရွာ (အိမ်ခြီ ၁၆ )
(၅၉) တောင်ပြိုလက်ယာရွာ (အိမ်ခြီ ၂၈ )
(၆၀) ဒေးတန်းညာ (ရခိုင်ရွာ) (အိမ်ခြီ ၂၂)
(၆၁) ကွမ်းသီးပင်ရွာ (အိမ်ခြီ ၁၂ )
(၆၂) ကျမ်းထောင်ရွာ (အိမ်ခြီ ၁၅ )
(၆၃) တန်းချောင်းရွာ (အိမ်ခြီ ၁၈ )
(၆၄) စံထွန်းဦးရွာ (အိမ်ခြီ ၂၀ )
(၆၅) အရှိခမောင်းဆိပ်ရွာ (အိမ်ခြီ ၃၅ )
(၆၆) အနောက်ခမောင်းဆိပ်ရွာ (အိမ်ခြီ ၂၅ )
(၆၇) သူလူတောင် အထက်ရွာ (အိမ်ခြီ ၅၀ )
(၆၈) သံခုံရွာ (အိမ်ခြီ ၃၀ )
(၆၉) မဖြူမရွာ (အိမ်ခြီ ၄၀)
(၇၀) ကုံးတက်ရွာ (အိမ်ခြီ စာရင်းမရ )
(၇၁) ခင်ပြိုသားရွာ (အိမ်ခြီ ၆၀)
(၇၂) ရွှေငင်ချောင်းအထက်ရွာ(အိမ်ခြီ ၄၀ )
(၇၃) ငရန့်ချောင်းရွာ ၅၀ )
(၇၄) သစ်တုံးနားရွာ (အိမ်ခြီ ၆၀)
(၇၅) ပန်းရွှေအောင်ဖရွာ (အိမ်ခြီ ၂၀ )
(၇၆) ရွှေလှခိုင်ရွာ (အိမ်ခြီ ၂၀)
(၇၇) တမန်းသားရွာ (အိမ်ခြီ ၃၀)
(၇၈) ချဒိုးရီရွာ (အိမ်ခြီ ၁၅ )
(၇၉) သာအောင်ရွာ (အိမ်ခြီ ၃၀ )
(၈၀) လောင်းပတ်ရွာ (အိမ်ခြီ ၃၀)
(၈၁) ဝက်ကျိန်းရွာ (အိမ်ခြီ ၁၀၀ )
(၈၂) ကြက်ကျိန်းရွာ (အိမ်ခြီ ၄၀ )
(၈၃) ကျွဲသဘောက် အထက်ရွာ (အိမ်ခြီ ၄၅ )
(၈၄) ကျွဲသဘောက် အောက်ရွာ (အိမ်ခြီ ၆၀ )
(၈၅) ကျောက်တန်းရွာ (အိမ်ခြီ ၅၀ )
(၈၆) စိမ့်တောပြင်ရွာ (အိမ်ခြီ ၄၀ )
(၈၇) ဂေါ်ဒူရ အထက်ရွာ (အိမ်ခြီ ၂၅ )
(၈၈) ဂေါ်ဒူရ အောက်ရွာ (အိမ်ခြီ ၆၅ )
(၈၉) ကျွန်းပေါက်ရွာ (အိမ်ခြီ ၃၅ )
(၉၀) တရိမ်းရွာ (အိမ်ခြီ ၁၅၀ )
(၉၁) တင်သာရရွာ (အိမ်ခြီ ၂၅ )
(၉၂) သဲချောင်းရွာ (အိမ်ခြီ ၆၅ )
(၉၃) နပျိုးေချောင်းရွာ (အိမ်ခြီ ၄၅ )
(၉၄) ငါးစံဘော်ရွာ (အိမ်ခြီ ၈၀ )
(၉၅) လက်ဖွဲကျရွာ (အိမ်ခြီ ၂၀)
(၉၆) ကျောက်ချောင်းရွာ (အိမ်ခြီ ၅၀ )
(၉၇) ရဲအောင်ချောင်းရွာ (အိမ်ခြီ ၇၀)
(၉၈) ရီနောက်ငါးသားရွာ (အိမ်ခြီ ၂၀ )
(၉၉) မီးကျောင်းချောင်းရွာ (အိမ်ခြီ ၁၅ )
အိမ်ခြီအတိအကျမသိရသော ရခိုင်ရွာများ
=================
(1) ဘော်ဒုလာအောက်ရွာ
(2) ဒိုင်းပိုင်ရွာ
(3) ခိုင်ဦးဖရွာ
(4) သာသြအောင် ရွာသစ်
(5) တပ်ချောင်းချေ တီစားရွာ
(6) မိမင်းသာဖရွာ
(7) ရွှေဒိုင်ရွာ
(8) တောင်ပုတ်ရွာ
(9) လမုံ့ကိုင်းရွာ
(10) ဝေလာဂေါင်းတုံးရွာ
(11) သလူချောင်းရွာ
(12) ရဲဘော်ဦးရွာ
(13) သဲနီရွာ
(14) ကြောင်ခိုးရွာ
(15) ငါးရံချောင်းရွာ
(16) မီးချောင်းခုတ်ရွာ
(17) သစ်တုံးနားရွာ
(18) မှိုင်းစရီရွာ
(19) ဘဲရုပ်ရွာ
(20) ကျောက်ပြင်လှရွာ
(21) မောင်ဆိပ်ရွာ
(22) ဖက်ဝန်းချောင်းရွာ
(23) ဂါရာပြင်ရွာ
(24) ဝက်ကျိန်းချေရွာ
(25) စံကားပင်ရင်းရွာ
(26) ငဖြူချောင်းရွာ
(27) နတ်ကျောက်ရွာ
(28) ပြိုင်ချောင်းရွာ
(29) ကြင်ဖေါ်ရွာ
(30) အောင်လှဖြူရွာ
(31) သင်္ဘောလှရွာ
(32) မီးတိုက်ရွာ
(33) နံသာတောင်ရွာ
(33) ကွမ်းတောင်ရွာ
(34) ဂေါ်ဒူရသဲချောင်းရွာ
(35) ဆင်အိုးရွာ
(36) ကျောက်ချောင်းချေရွာ
(38) ဂန့်ဒရံရွာ
(39) ဂြစ်ချောင်းအောက်ရွာ
(40) သစ်သီးပင်အလယ်ပြင်ရွာ
(41) လောင်းဒုံစေတီပြင်ရွာ
(42) ဟန်စားမရွာ
(43) ငါးခူရချောင်းဝရွာ
(44) ကျာခေါင်းထောင်ရွာ
(45) မောင်လုံးဖရွာ
(46) ကြက်ရိုးပြင်ရွာ
(47) ငန်းချောင်းရွာ
(48) ပွင့်ဖြူချောင်းရွာကြီး
(49) ပွင့်ဖြူချောင်းရွာချေ
(50) ချစ်စံဖရွာ
(51) နေပူခံရွာသစ်
(52) နေပူခံ ရွာဟောင်း
(53) မောင်နှမသဲချောင်းရွာ
(54) ချောင်းမြောက်ရွာ
(55) သလူချောင်းရွာ
(56) ရွာူသစ်ကေရွာ
(57) မင်္ဂလာကြီးကျေးရွာ
(58) ကျောက်လှေက ားရွာ
(59) စပ်ချကုန်းရွာ
(60) သဲဖြူကျွန်းရွာ
(61) မင်းကျိုးချောင်းရွာ
(62) ရီဖုန်းပြင်ရွာ
(63) ခွဆုံပြင်ရွာ
(64) သစ်ပုတ်ချောင်းရွာ
(65) ကင်းချောင်းရွာ
(66) အတွင်းကင်းချောင်းရွာ
(67) ကံပြင်ရွာ
(68) ကျိးကန်းဖြူရွာ
(69) မှော်ဝင်ရွာ
(70) ဂြင်းချောင်းရွာ
(71) လင်းဘားကုန်းရွာ
(72) ဇော်မတက်ရွာ
(73) ငါးခူရ တောင်ရွာ
(74) ချီးစားရွာ
(75) အပေါက်ဝရွာ
(76) လာလီရွာ
(77) စိန်ပန်းရွာ
(78) တုံးချောင်းအထက်ရွာ
(79) တုံးချောင်းအောက်ရွာ
(80) ကာဒီရွာ
(81) အုန်းူပင်ရင်းရွာ
(82) ဒိုးတန်းရွာ
(83) ကညင်တန်းရွာ
(84) အလယ်သံကျော် ရွာဟောင်း
(85) ကြန်ချောင်းရွာ
(85) သင်္ဂနက်ရွာ
(87) ကျောင်းတောင်ရွာ
(88) တပ်ထိုးပြင်ရွာ
(89) မြင်းလွတ်ချောင်းရွာ
(90) မြီချောင်းရွာ
(91) ရှောက်ကိုင်းရွာ
(92) ကျောက်ပန်းဒူရွာ
(93) ဗောဓိကိုင်းရွာ
(94) ရွှေမောင်ရွာ
(95) အတွင်းပြင်ရွာ
(96) ကြံတန်းချောင်းရွာ
(97) အင်းဒင်ကြီးရွာ
(98) အင်းဒင်ချေရွာ
(99) သဝင်ချောင်းရွာ
(100) ကိုးတန်ကောက်ရွာချေ
(101) သျှိန်ခါလီရွာ
(102) ဒုံးပိုက်ရွာ
(103) ဆင်ဝပ်ရွာ
(104) အောင်လှဖ ရွာ
(105) ဖေါက်ကျီချောင်းရွာ
(106) ပေါက်တောပြင်ရွာ
(107) ကုန်းတန်းရွာ
(108) ပဒင်းရွာ
(109) ရီတွင်းကျွန်းရွာ
(110) ချရားတန်းရွာ
(111) ဝါးချရွာ
(112) ညောင်ပင်ကြီးအထက်ရွာ
(113) ညောင်ပင်ကြီးအောက်ရွာ
(114) ဒါက်ရွာ
(115) လှပိုးခေါင်ရွာ
စုစုပေါင်း ရွာပေါင်း (214) ရွာဖြစ်သည်။
ပြုစုသူ မိုးညို
Sunday, December 22, 2024
လေဥဗျိုင်း
လေဥဗျိုင်း
















.jpg)