Saturday, September 28, 2024

သင်္ချိုင်းကုန်းဇရပ်က တခန်းရပ်ပြဇတ်

သင်္ချိုင်းကုန်းဇရပ်က တခန်းရပ်ပြဇတ်
=========================


ပန်းကုံးစွပ်ဖို့လားမှတ်တေမှာ

ပန်းကုံးမစွပ်

ပန်းကွင်းရာ လာစွပ်။


လက်ကမ်းလို့

ဖက်နမ်းကတ်ဖို့လားမှတ်တေမှာ။


စမ်းဖီစမ်းဖတ်

"ကောင်းရသုဂတိလားပါစီ" လတ်။


သာလှဧူးကို

အရူးအမူးချစ်ကတ်။


လမ်းခွဆုံမှာ

လေးဂွင်နင်းလို့

ဖုတ်ကြမ်းတလား ကကတ်။


တ ယောက် က 

လက်ကိုင်ပုဝါချေအုပ်

မျက်ရည်သုတ်လို့

တချုတ်ချုတ်ငိုရေ။


အကျင့်ကောင်း 

စာရိတ္တကောင်း

သူတော်ကောင်း

မင်းလောင်း

ဘုရားလောင်း။


ခေတ်မကောင်းခါ

ခေါင်းထဲက အလောင်း။


ပါရမီသျှင်

ဂရုဏာသျှင်

တိုင်းချစ်ပြည်ချစ် အမျိုးချစ်

အဖိုးထိုက်တန်

မွန်မြတ်ရတနာ

ပြန်မရယာ။


တိုင်းပြည်အတွက်

အစားထိုး မ ရ ရေ ဆုံးယူံး မှု

ရပ်စောက်ရပ်လို့

တမိနိ ငြိမ်သက်အလေးပြု။


"စာပီရွီးခြစ်

ကလောင်ခေတ်မှီ

သုတေသီ"


"လူရာသီလား

သူကားမသီ

အာဇာနီ"


တယောက်က ကဗျာရွတ်လို့

ဂုဏ်ပြု။


ပရဟိတစိတ်ဓါတ်နှင့်

စွန့်လွှတ်အနစ်နာခံသူ။


တိုင်းပြည်အတွက်

ကိုယ်ကျိုးမဖက်

အသက်ကိုစွန့် ရဲဝံ့စွန့်စား

ပြတ်သားသူ။


လှုမှုရေးနှင့် ရပ်ရေးရွာရေး

သာရေးနာရေး

စီးပွားရေ ကျမ္မာရေး ပညာရေး

ဘာသာရေး

အလေးထားသူ။


အချစ်ရေးမှာလည်း

ခွင့်လွှတ်တတ်သူ

ပီးဆပ်တတ်သူ။


မိကောင်းဖခင်သားသမီး

ခြီမွှီးလက်မွှီး မီးမလောင်

ရွှီအဆင်းနှင့် အချင်းဆီးသူ။


သစ္စာဟိသူ ဖြောင့်မတ်သူ

စိတ်ထားမွန်မြတ်သူ

စိတ်ကောင်းနှလုံးကောင်းဟိသူ

သဘောထားပြည့်ဝသူ

အလှူဒါနရက်ရောသူ

စိတ်ထားဖြူစင်သူ

နုညံ့သိမ်မွေ့သူ

အပြစ်ကင်းစင်သူ

သီလသမာဓိနှင့်ပြည့်စုံသူ

လက်ရုံးရည် နှလုံးရည်ပြည့်ဝသူ

အကြားအမြင်ဟိသူ

အမြော်အမြင်ကြီးမြတ်သူ

ထက်မြက်ပြောင်မြောက်သူ

နာယကဂုဏ်ပြည့်စုံသူ

ဝေဖန်ထောက်ရှုတတ်သူ

ဗဟုသုတများပြားသူ

အပြောအဟောကောင်းသူ

သ မာ သ မတ် ကျ သူ

ယောက်ကျားကောင်းပီသသူ

ဥပဓိရုပ်ခန့်ငြားသူ။


စာပီဂီတ သုခုမ စွယ်စုံရ

အာဂလူ။


ပြည်တန်ပတ္တမြား

မတထောင်မှာ တကောင်ဖွား

အလွန်တရာယှားရေလူ။


မဟုတ်မခံ မမှန်မလုပ်

စစ်အာဏာသျှင်ကို တိုက်ထုတ်သူ။


စွန်းဦးတီထွင် လိုလျှင်ကြံဆ

လမ်းညွှန်နည်းပြသူ။


ရှိကဦးဆောင် ဂုဏ်ထွန်းပြောင်

နီရောင်တောက်ပလင်းစီသူ။


ဂုဏ်ဒြပ် အထပ်ထပ်

မဟာမုနိမှာ ရွှေကပ်။


လက်ကမ်းလို့ 

ဖက်နမ်းကတ်ဖို့လားမှတ်တေမှာ။


စမ်းဖီစမ်းဖတ်

ပန်းကွင်းရာ လာစွပ်။


ဇရပ်မှာ ကမ္မာဝါစာဖတ်

မကျွတ်။


ပန်းကုံးမစွပ်

ပန်းကွင်းစွပ်သည် အရပ်

ဇရပ်။


အရပ်အခေါ်

အိပ်ပျော်။


သီခါ ချီကျူး

မသီခင် သာလှဧူး။


သီခါ တမိပေါက် တယောက်ထွန်းကား

မသီခင် စောက်ကန်းသား။


မသီခင် အထူးထူးလုပ်

သီခါ ဖူးဖူးမှုတ်။


မသီခင် ဝိုင်းကိုက်

သီခါ ဝိုင်းချစ်။


မသီခင် ဦးဆောင်

သီခါ ဖူးဖူးရောင်။


သာလှဧူး (မြောက်ဧူး)

March 10, 2023 (Friday) (သောက္ကြာနိ)




Friday, September 27, 2024

မြင်ကွင်းကျယ်

မြင်ကွင်းကျယ်

==========


ကျယ်ရေအထဲမှာ

အကျယ် (၅) မျိုးဟိရေ။


တခုက အမြင်ကျယ်

တခုက (စွာကျယ်)။


အမြင်ကျယ်စွာ ကောင်းကေလည်း

(စွာကျယ်) စွာ မကောင်း။


(စွာကျယ်) ၏ အဓိပ္ပါယ်

ပြတ်စိပြတ်စိမြည်။


ကျယ်စွာနောက်တခု ဟိသိမ့်ရေ

ယင်းကျယ်စွာက

(စွာကျယ်) ထက် ညှက်တေ။


(မြင်ကွင်းကျယ်)။


(မြင်ကွင်းကျယ်) ကေ မကျပ်

သတိချပ်။


(မြင်ကွင်းကျယ်) ထက်

ညှက်စွာတခု ဟိသိမ့်ရေ။


(လိုင်ခြောင်းကျယ်)။


(လိုင်ခြောင်းကျယ်) ထက်

ညှက်စွာတခုဟိသိမ့်ရေ။


(--------)။


တမျိုးမထင်ကဲ့

အဖြေက

(ပင်လယ်)။


မြန်မာစကားမှာ

ယေထက်ညှက်တေ စကားတလုံးဟိရေ

(စွပ်ကျယ်)။


ရခိုင်သားမှာ

(ကင်စီပရာ)

(မောင်းကျွတ်) လည်း ခေါ်ရေ။


ဝတ်ကဝတ်ယင့်

စွပ်က စွပ်ယင့်

(မောင်းကျွတ်)။


မောင်းကျွတ်အင်္ကျီ

အောက်အီးအီး

ယောက်ဖကြီးမှာ စွပ်လို့နီ။





မြင်ကွင်းကျယ်

 

မြင်ကွင်းကျယ်

==========

လူကအစိတ်ကေ


စိတ်က နတ်ပြည်။


ဗုံကမကျယ် ပတ်ကကျယ်

ဆံပင်ထက် မုဆိတ်ရှည်။


လာပြန်ဗျာယ်တယောက်

အောက်ယီးယီးအောက်

ဆီးသောက်ဆီးသောက်

စိတ်မဖောက်။


လူလည်းမကောက် နတ်မကောက်

(-----) ခြောက်

ဘော်လုံးကန်လို့ကျောက်။


မပီကလာ ပီကလာ

ဗလိမဟုတ် ကဏန်းမဟုတ်

ဒုံကျာ။


သာလှဧူး


မယားဖတ်ဖို့

မယားဖတ်ဖို့

========

ငါသီလားသော်

လက်ဖျားမကိုင် ခြီမကိုင်သည်

ခွီ ယိုင် ထိုးလို့ မနီကဲ့။


ငါသီလားသော်

လုပ်စားမတတ် နားကပ်ချွတ်ရောင်း

အိမ်ကိုရောင်းလို့ မစားကဲ့။


ငါသီလားသော်

အူယားဖားယား အိမ်တိုင်းလား၍

တောင်းစားလို့ခြီ မနီကဲ့။


အခုကပင် တွေးဆင်ခြင်လော့

အိမ်သျှင်မကောင်း ချိန်မနှောင်းခင်။


ဟိခါ သူကောင်း

မဟိခါ ဘူဖောင်း

ကောင်းကောင်းမှတ်ထား

ငါ့မယား။


ယောက်ျားအားကိုး မယားဆိုးဟု

လူမျိုးတကာ ကဲ့ရဲ့ရာသည်

ငါသီခါမှ သိလိမ့်မည်။


အားကိုးမဲ့ခါ လမ်းဘေးမှာသည်

ကြီးစွာနောင်တ ရလိမ့်မည်။


ရွှေလည်းမကျန် ငွေလည်းမကျန်

အိမ်လည်းမကျန် ခြံလည်းမကျန်

ကြွီးမကန်သည်

အခွံတုံးတိဖြစ်လိမ့်မည်။


ရွှေခွက် ငွေခွက် အုံးမှုတ်ခွက်ဟု

မျက်ခွက်တွန်းဆီးပစ်လိမ့်မည်။


လင်မဟိက ဘဝသုည

ခွီး ကျ ဝက် ကျ ကျလိမ့်မည်။


ဟိသမျှပေါင် တက်တက်ပြောင်ကေ

ကောင်သီလင်းဋကျလိမ့်မည်။


သာလှဧူး (မြောက်ဧူး) 😁😁




လူလည်းမကောက် နတ်မကောက်

လူလည်းမကောက် နတ်မကောက်

=====================

ကျီးဖြူရွာသာခြင်းထဲက

မေထွီးဖြူ

လိမ္မာလိုက်တေနှင့်။


ရွှေဖလားနှင့် သောက်ဖို့လို့

ငွေဖလားနှင့် သောက်ဖို့လား

မိဘထုံးစိုင်

အုန်းမုတ်ခွက်နှင့် သောက်ပါဖို့။


ကျီးဖြူရွာကို

ကျွဲချီးတပုံ နွားချီးတပုံ

ပစ်ပြီးခါမှ ဆက်လားရေ။


ငါရို့တိမှာက

ကျွဲချီးတပုံ နွားချီးတပုံ

စိုက်ပစ်ခရေ။


နွားချီးက လယ်မှာ

သြဇာဖြစ်ကေလည်း

စာမှာ ပိုးကျရေ။


လူလည်းမကောက် နတ်မကောက်

(-----) ခြောက်။


(နှစ်) လုံး (----) ခြောက်

လူမကောက်။


ပညာဟိလူ

ထိုပန်းဝှက်ကို ဖော်လို့ယူ။


ငါးမဟိလို့ မျှိုင်စွံစွာရာ

သိုက်နှင့်ခြင် တပွာမပြည့်။


(မောင်ပေါက်တူး)







Sunday, September 15, 2024

ဆံတော်ရှင်ဘုရား ဖူးဇောင်လား

ဆံတော်ရှင်ဘုရား ဖူးဇောင်လား ====================

တောတောင်ညိုမှိုင်း
တဆိုင်းဆိုင်းနှင့်
ရှုတိုင်းသာစွ
လှပသာယာသည်တည်း။
ပင်လယ်ပြာနှင့်တောင်တန်း
လွမ်းဖွယ်ကောင်းပါသည်တည်း။
မြစ်ပြင်ကျယ်မှာ ပျံဝဲကာကာ
စိုင်းဒြားမင်းခွာ ငှက်များစွာကို
မြင်ရပါသည်တည်း။
တောင်စွယ်တောတန်း ခရီးလမ်းကို
ဖြတ်သန်းကျော်မြောက်
ရောက်ပါသည်တည်း။
ဆံတော်ရှင်ဘုရား အဖော်များနှင့်
ဖူးဇောင်လားသည်
ပျော်ပါးပါသည်တည်း။
ထံတော်ပါးမှာ ဆုတောင်းပါသည်
မကြာကောင်းကောင်း
ပေါင်းရပါစီသတည်း။
(ကောင်းကျော်ဖြူ)
ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။


မော်ကွန်းစဉ်လာ

မော်ကွန်းစဉ်လာ

===========

ကမ်ဘာဦးစ ပထမ၌
စစရာရာ အာကာကောင်းခင်
အမှောင်ပင်တည်း။

အမှောင်တွင်၌ ရီလျှင်ဖြစ်၍
ရီ၏သဘာဝ လှုပ်ထဘောင်ဘင်
ခတ်လီကျင်သော် အမှောင်တွင်၌
မီးလျှင်ဖြစ်၍ လျပ်စစ်ပေါ်လာ
ထိုအခါတွင် စက္ကြာဝဠာတခွင်
အလင်းမြင်၏။

အလင်းမြင်ခါ မိုးလည်းရွာ၏
ကမ္ဘာအစ ကာလပဋိသန္ဓေ
စ၍တည်ကာ ဖြစ်ပေါ်လာပြီး
မြီကြီးပထဝီ မီးရီလီထု
လေးခုပရမတ် ဓါတ်ပေါင်းစပ်သော်
သတ္တဝါဟု စပြုပေါ်လာ
ကမ္ဘာဦးလူ ဖြစ်လိမ့်ဟူ၏။

ထို့တူတဖန် တိရိစ္ဆာန်အများ
တွားလားပျံကူး တထူးထွေလာ
ဆန်းပြားစွာပင် ဖြစ်လတ်ကျင်ပြီး
အသီးသီးလျှင် မြီကြီးအနှမ့်
ပြန့်နှမ့်ပေါက်ပွား လည်လှည့်စားသည်
ဤကားအစပဏာမတည်း။

ကာလရှည်စွာ ကြာသောကာလ
မြို့ပြပြည်ရွာ တည်ထောင်လာပြီး
မှုးကြီးမတ်ကြီး ရာဇာထီးနန်း
စိုးစဲံမြန်း၍ ထွန်းကားလူ့ဘောင်
ထူထောင်ထွန်းသစ် သက္ကရာဇ်တွက်ရွီ
ရာထောင်ချီကြာ သောအခါတွင်
ရာဇဝင်ဟု မှတ်တမ်းပြု၍
အမှုအက္ခရာ စာဟူထပ်လောင်း
ပေါ်ထွန်းကောင်းသည်
အပေါင်းလက္ခဏာ အခရာတည်း။

ကျောက်တွင်ရွီးခြစ် ပီတွင်ခြစ်၍
သက္ကရာဇ်ဟု အနှစ်များစွာ
ရှည်ကြာသက်တမ်း ကိန်းဂဏန်းနှင့်
ဆန်းကျမ်းလင်္ကာ ဂါထာမန္တရား
ဆီးဝါးဗေဒင် ရာဇဝင်ဟု
မှတ်တမ်းပြု၍ မနုဓမ္မသတ်
ပညတ်ဥပဒေ အရှည်တည်လတ်
အုပ်စည်းကြပ်ပြီး အမြတ်အယုတ်
သမုဒ်ခေါ်တွင် ဇတ်ဟူထင်ရှား
ကွဲပြားလာဘိ ခတ္တိယ ဗြဟ္မဏ
ဝေဿဂေါတ္တ ဒလိတ္တဂေါတ္တ
စတ္တစတု လေးခုစိတ်ဖြာ
သက်ဆင်းလာသည်
ရာဇာသက္ကဋကျမ်း၌ပြ၏။

ဗွဟ်မီအက်ခရာ သက်ကဋပါဠိ
ပိဋကဝေဒ နက္ခတ္တဗေဒင်
အမြင်ဟူးရား ဆီးဝါးမန္တာ
အဌာရသ ကဏ္ဍအကျယ်
တဆယ်သျှစ်ရပ် တတ်ငြားကျီပွန်
ဒါးခွတ်လှံထိုး စက်ကြိုးယန္တယား
ရထားမြင်းဆင် စစ်ဆင်စစ်ဆုတ်
ဥပါယ်တမျှင် အလျင်အမြန်
ဉာဏ်ရေးကြွယ်ဝ သေနင်္ဂနှင့်
ရာဇာတိက္ကမ စသည်အပြား
ဆယ်ပါးသိက္ခာ စဉ်လာနွယ်ရိုး
ပိုင်အုပ်စိုးသည်
တန်းခိုးအာဏာထွန်း၏တည်း။

တန်းခိုးထွန်းပ အဇ္ဇုနလျှင်
ပြည်မယှောင်ခွာ ရောက်လာထပြီး
သက္ကျနွယ်ရိုး သက်အမျိုးနှင့်
အကျိုးရီစက် နှစ်သက်ကြည်ဖြူ
အတူယှဉ်မှီး ပေါင်းပြီးခါသော်
မာရယုဟု ခေါ်ပြုတွင်မှတ်
သားတော်မြတ်ကို ဖွားလတ်ခါတုံ
တေဇာကြီးထု မာရယုလျှင်
စစ်ပြုထန်ပြင်း ရန်ကိုခွင်းသည်
သောင်းတွင်းမဏ္ဍိုင်မိုး၏တည်း။

မင်းမာရယု အစပြု၍
ဓညဝတီ နဒီမြစ်မ
ကစ္ဆပ၏ အရှိအနောက်
တောင်မြောက်ဝန်းကျင်
တောင်ခွင်တောင်ရိုး ကိုးဆယ့်ကိုးမြို့
ရှိသို့လည်းကောင်း နောက်လည်းကောင်းဟု
အပေါင်းများစွာ နှစ်ရှည်ကြာမြင့်
ကန်ရီပြင်မှာ ကြာလျှင်ပွင့်သို့
တင့်တင့်တယ်တယ် စည်စည်ကားကား
လွန်ထင်ရှား၏။

စပါးဆန်ရီ ပုတ်ရိုင်ကျီပြည့်
မျှော်ကြည့်မဆုံး ရွှီရောင်ဖုံးလွှမ်း
ပန်းဂေါ်သဇင် နန်းတော်ဝင်နှင့်
ဂုဏ်အင်ကြီးမြတ် အထွဋ်ထိပ်မိုး
တန်းခိုးထင်ပေါ် မြတ်သျှင်ကျော်နှင့်
ဓါတ်တော်မွီတော် ဖူးမျှော်ကြည်နူး
ပျံ့ပျူးသာယာ ဧကဗျာနှင့်
လင်္ကာကျူးဖွဲ့ ဓလေ့ရိုးရာ
စိုင်လာမပျက် အဆက်ဆက်တည့်
လက်ကမ်းယူဆောင် ရွှန်းရွှန်းပြောင်သည်
အခေါင်ထွဋ်ထိပ်မြင့်၏တည်း။

ဒါနသီလ ပရိစာဂ မုဒုက ဥပေါသထ
အက္ကောဓ အဝိရောဓ
အဝိဟိံသန ခန်ထီ သမ်မာပဋိပန်န
ရာဇာစိုးရ စိုးအုပ်ထပြီး
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြဌာန်းနှင့်
ရဟန်းသျှင်လူ ပြည်သူပြည်သား
လူအများလည်း တရားဓမ္မ
အဆုံးမနှင့် လောကလောကီ
နှစ်လီအကျိုး သယ်ပိုးရွက်ဆောင်
ဂုဏ်ထွန်းပြောင်သည်
အောင်စည်အောင်မောင်းခတ်တီးတည်း။

(နရဟီဟ)
1st January, 2024 (Monday)(တလင်္လာနိ)(ရခိုင့်တော်လှန်ရီးနိ)



ဖိုလ်ဝင်နိဗ္ဗာန်ရကြောင်းတည်း

ဖိုလ်ဝင်နိဗ္ဗာန်ရကြောင်းတည်း

====================

မာရယုလျှင် ပြုလီကျင်၍

ယခုတွင်သည် ရခိုင်မျိုး

လူထိပ်မိုးသည် တန်းခိုးအဏာလွန်ကြီးစွာ၏။


စန္ဒသူရိယမင်းစိုးစဉ်ခါ၌

မြတ်ဘုရားဆင်းကြွလာသည်

သသနာရောင်ဝါ မီးနှယ်ဖြာ၍

နိမပြတ်သည် အလှူဒါနဝတ်နှင့်

နတ်ပြည်တမျှသာတည်း။


များစွာသည်အိမ်ခြီပေါင်း

သောင်းတွင်းမဏ္ဍိုင် ပြည်ရခိုင်မှာ

ပြိုင်းသေတိုင်ကြီးထောင်၍

ကြိုင်ကြိုင်မွှီးသည်ပန်းမဉ္ဇူ

တင်းခွန်တလူလူနှင့် ဇမ္ဗူသည်ပေါ်ထင်ရှား

ကမ္ဘာကျော်နှမ့်ကြား၏။


ဝေသာလိသည် မြို့မရွှီပြည်သာ၌

သိန်းခိုပြည်က ထေရ်ရတထောင်

ပင့်ဆောင်ခေါ်ဖိတ်ကျွေး၍ 

လှူပွဲကျင့်ပ ကိုယ့်ပြည်မက ထေရ်ရတထောင်

ပေါင်းနှစ်ထောင်သည် ဦးဆောင်သင်္ဂါယနာတင်၍

ထူလတွင်သည်စန္ဒြား လူထွဋ်ဖျားသည်

ကြီးစွာဒါနပြု၏၊


ကြီးရွီချပ်ပြား ရွှီငွေများနှင့် 

ကျောက်သားအက္ခရာတင်ပြီးခါသော်

မဏ္ဍိုင်စိုက်ထူ မတ်မတ်လူသည်

ကမ္ဘာထိန့်ထိန့်ဆူ၏။


ပျော်ရွှင်သည်တသောင်းသောင်း

ပတ်သာဗုံမောင်းတီး၍ 

ထီးနန်းစိုးစံ ဘိက်သိက်ခံသည်

မှန်စွာနတ်လူ ကြည်ဖြူသထာ၏လည်း။


သားတော်သိရိစန္ဒြား ဘရိပ်ရာကို ခိုလှုံငြားကာ

နန်းရိုးဆက်ခံလာသည်

အမှုကိစ္စအဝဝကို ကုန်အောင်ပြီးစီးလုပ်၍

ဇေတဝန်ကျောင်းကြီးဆောက်ကာ

ဒါနအလှူ ပီးတော်မူသည်

နတ်လူသထာ၏လည်း။


ဒါနအလှူ ပီးတော်မူသည်ယင်းခါတွင်

သီလ ဘာဝနာ ဝိပဿနာ 

လောကီလောကုတ္တရာ အဖြာဖြာ

ကြီးစွာကြိုးကုတ် ပြီးစီးလုပ်အောင်မြင်သည်

အကြင်ပြည်သူ သျှင်လူရဟန်း ကျွတ်တမ်းဝင်ကာ 

ဈာန်သမာဓိ ဉာဏ်ဗောဓိ 

နိဗ္ဗာန်ချမ်းသာရောက်ရပါလီ၏လည်း။


(ကောင်းကျော်ဖြူ)

1st January, 2024 (Monday)(တလင်္လာနိ)(ရခိုင့်တော်လှန်ရီးနိ)

ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။




မောင်လုံးချင်းသည်

မောင်လုံးချင်းသည်

=============


ပန်းမျိုးပေါင်းစုံ မွှီးသင်းထုံ၍

ရဂုံမြိုင်အတွင်းမှာ

ဆီးနှင်းဖြောက်ဖြောက်

တပေါက်ပေါက်လျှင် ကျလတ်ကျင်သော်

ဝမ်းမြောက်မရွှင် စားမဝင်သည်

ပူပင်ကြောင့်ကြကြီးလျှက်

နှုတ်ကမပြော စကားမဆို

ဝမ်းမှာမျိ၍ထားကာ

မျက်ရည်ယိုစီး အပူမီးသည်

တောကြီးမီးလောင်သည်သို့

ဆောက်တည်ရာ ရှာမရ

ငှက်ဖိုးခေါင်သည် ဖော်ကိုလွမ်း၍တသို့

နိညမဟူ တကြူကြူလေ

မေဖြူကြားစီချင်၏။


ဟေမန္တသည်ဆောင်းကာလ မြောက်ပြန်စုံလီထက

တစိမ့်စိမ့်သည် လှိမ့်ကာလှူးကာပြန်၍

သန်းခေါင်ယံသည်

နာရီပြန်နှစ်ချက်တီး အာရုဏ်တက်မှာ

တစက်ပင်မအိပ်ပါတည်း

စိတ်ပူလောင်သည်

မေ့ကိုလွမ်းသည်ကြောင့်လေး။


တပေါင်းလည်းကူး တန်းခူးကာလ  

ဂိမန္တတမှာ 

ရာသီသည်လွန်ပူပြင်း

မောင်လုံးချင်းသည် စားမဝင်

မီးခိုးလည်းမှိုင်းမှိုင်းမှုံ တောလုံးဝိုင်းဝိုင်းအုံသည်

ဖုံတဆောင်းဆောင်းထလျှက်

ရဂုံမှာ ရွက်များတခက်ပင်မဟိပါတည်း။


ပင်တိုင်းမှာသည် အရိုးငေါက်ငေါက် 

ကိုင်းခြောက်အဖျားထက်၌

ဂြိုးသားယင့်ယူ တကြူကြူမြည်လာလတ်က

စိတ်ပူသည်လွမ်းမစဲ

သင်္ကြန်အခါတည်းလေ။


သင်္ကြန်ရောက်လတ်ကလျှင်

နံချင်းပြိုင်၍ သစ္စာတိုင်တည် 

ဆုပန်ရွယ်ငြားချင်ပါသော်လည်း

လွန်ဝမ်းနည်းသည်

ပြည်ရွာတိုင်းခြားတပါးအရပ်မှာ၌

မောင်ကမပျော်လို

မေ့ကိုလွမ်း၍ နိတိုင်းငိုသည်

မျက်ရည်ယိုစီးပါသည်၏လည်း။


မျက်ရည်ယိုစီး အပူမီးသည် မငြိမ်းနိုင်

သင်္ကြန်ပြီးသော် ဝသန်မိုးဦးရောက်က

အာကာကောင်းခင် မှိုင်းမှုံဆင်သည်

လျပ်လျှင်တပြက်ပြက်နှင့်

စက်မိုးထစ်ကြိုး ရွာသွန်းဖြိုးသည်

လွန်စွာအငြိုးကြီး၏။


ရီစီးသည်တဖောင်ဖောင်

ဝါခေါင်မာသ ချိန်ကာလ၌

မိုးများစွာ ရွာသွန်ချသည်နိမပြတ်

ဖားများစွာလည်း 

မစဲအသံ တကြံကြံနှင့်

ညံညံအော်မြည်လတ်က

ထွေတထူးသည် နတ်ပူးယောင်သို့

ညည့်သိုင်ခေါင်မှာ

မောင်လျှင်ယောင်၍ထ၏။


တကိုယ်တည်း

လွန်ဝမ်းနည်းသည် ဝသန်အခါတည်းလေး။


(ကောင်းကျော်ဖြူ)


ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။




Saturday, September 14, 2024

သာနုပန်း

သာနုပန်း

=======

တောင်ကလီလာ မြောက်လီလာကေ

ရင်မှာအီးချမ်း

ငယ်ကချစ်ကို တဇလွမ်း။


ငယ်ကချစ်နှင့် ကြီးချစ်မတူ

ငယ်ကချစ်က ရစ်ပတ်တေဝေ

ကြီးခါချစ်က ရင့်ခါးရေလေ။


ထမင်းထုပ်နှင့် ဟင်းထုပ်သိုးမေ

ငယ်ကချစ်ပိုင် ရခဲရေ။


အရှိဒေမှာရာလည်း သျှင်မ

အသျှင်မမှာ မြင်ရေရင်သွီး

လုံးတန်းနှင့် ရပ်တန်းညီကေ

ညိုမောင်ထွီး။


မချင်ဒေမှာရာလည်း လိုက်ဖက်

မယင်ဒေမှာရာလည်း လိုက်မိ

တယောက်မောင်ကား 

သူတပါးနှင့် ပျော်ရို့တွိ။


မျက်စိဆင်းရဲ နားဆင်းရဲ

ကုသိုလ်ကံကို ဝမ်းလည်းနည်း။


မရိုးထောင် ပြိုင်းတောင်ကျော်လမ်း

ခမောင်းပင်မှာ သာနုပန်း။

သူကမလို လူဇာမသိ

သာနုပန်းက ပင်တံရိုးမှာ

ညှိုးလို့ဟိ။


နှုတ်သီးဝင်းရောင် ခြီဖျားညိုလှ

တောသုံးထောင်မှာ ဖော်ကိုတကေ

ဖိုးခေါင်မ။


ပင်လုံးတိုင်းမှာရာလည်း မျက်ရည်

တောင်လုံးတိုင်းမှာရာလည်း မျက်စိ

ဖိုးခေါင်မကား ကိုယ့်ဖော်ရွီကို 

ရှာမတွိ။


တတိုင်းပြည်နှင့် ချောင်းကြီးလည်းခြား

မောင်နှင့်မေ့ကို ခွဲလို့ထားရေ။


ပတ္တမြားမျက်ရှင် ရွှီစင်လက်စွပ်

အဖိုးတန် မေ့ကိုပန်လို့ ပီးပါခလိုက်။


(ဗိုလ်မင်းထောင်က ဇမ်းကဗျာ)

Khaing Soe Than Aung ကျေးဇူးပြုသည်။





အိမ်ပြန်ဖို့ ဝန်ယင်ရို့


အိမ်ပြန်ဖို့ ဝန်ယင်ရို့

============

သင်္ဘောကေမှာရာလည်း ရွက်တို

မြစ်ပြင်ကေမှာရာလည်း ချုပ်လို့

အချိန်တန် ကိုယ့်ပြည်ပြန်ဖို့

တယောက်မောင်မှာ ဝန်ယင်ရို့ --။


သျှစ်တောင်ကေမှာရာလည်း ဝါး

တပြန်ချေကို မကွာစီချင်

မောင်ကြီးသျှင်မှာ ဝမ်းကြီးနည်းရို့

လိုင်ကိုဆွဲကေ ငိုရို့ပင် --။


ဘယ်ဖက်ကေမှာရာလည်း မျက်ရည်

ဆည်တားကေမှာရာလည်း မရ

အတန်တန် ဒေရင်ဖက်က

ကြောင်းစီးကျ --။


သောက်တေကေမှာရာလည်း စမ်းရီ

ဝမ်းမှာကေပင်ရာလည်း မကျ

သမုဒ္ဒရာ ပင်လယ်နားမှာ

လှိုင်းကြီးထ --။


(ဘာသာပြန်)အဖိုးသျှင်

ဗိုလ်မင်းထောင်က ဇမ်းကဗျာ။


မောင်တက်ခီ

မောင်တက်ခီ

========

သရက်သီးမွန်

အခွံချိုအီး

စားလို့ချို ညိုမှည့်သီး။


ညှာရိုးမကြွီ မြီမှာမကျ

တွဲလိုမြင် အပင်ထက်က

တလုံးရ။


နှမတစိပ် မောင်တစိပ်

နှစ်စိပ်ခြမ်းရွီ

ပိုးရွှီတောင်လေ ဟုန်းတောင်နားမှာ

စားရယောင်လေ မောင်တက်ခီ။


အသားဝင်းဝါ ကမ္ဗလာလေ

ရသာချိုအီး

နုညံ့စွာလေ ရွာလုံးနှံ့အောင်

သင်းပျံ့ကြိုင်ကေ လှိုင်လှိုင်မွှီး။





မိုးပေါက်မျက်ရည်

မိုးပေါက်မျက်ရည်

===========

ဖုန်ငွေ့ဆောင်းဆောင်း

လတပေါင်း

တပေါင်းလည်းလွန်

ခါသင်္ကြန်

သင်္ကြန်လည်းရောက်

မိုးဖြောက်ဖြောက်။


မိုးဖြောက်ဖြောက်မှာ

နှစ်ယောက်တူပြိုင်

နံသာဖြူကို ပြိုင်တူသွီးကေ

မွှီးကြိုင်ကြိုင်လေ

ရခိုင်ဘုရား လားကတ်တေ။


ကံ့ကော်ပွင့်နှင့် ငုံးပွင့်ဝီဝီ

စေတီတော်လေ 

ထံတော်ရင်းမှာ လက်ဦးချီ

မာပါစီကြောင်း သာစီကြောင်း

အခါလွန် သင်္ကြန်ရက်မှာ 

ပေါင်းရစီကြောင်း ဆုမွန်တောင်း။


ဆုမွန်တောင်း ဆုတောင်းမပြည့်

သန်းခေါင်ကျော်ညည့် လမပြည့်။


မပြည့်ဆုတောင်း 

ကံမကုန်ကေ ပြန်ဆုံပေါင်းဖို့

တပေါင်းလည်းလွန် ခါသင်္ကြန်

သင်္ကြန်လည်းရောက်

မိုးဖြောက်ဖြောက်။


မိုးဖြောက်ဖြောက်မှာ

မိုးပေါက်မျက်ရည် 

မေ့ဥက္ခောင်းမှာ ကျလတ်တေ။


သနားပါကေ

နောက်နှစ်အတာ ရောက်ယောင်လာလတ်

ပြန်မလွှတ်ယာ။


ကမ္ဘာ့အစွန် လွန်ရေခြီထောက်

ကျောက်ဆွဲလို့ ထားဖို့ယာ။


အလာလာကေ အလာလည်းကောင်း

ဘုန်းကြီးကျောင်မှာ ဆွမ်းကြီးလောင်း။


တဝါဝါကေ ဝါဝါလည်းဝင်း

ပုယေခြီမှာ ရွှီအဆင်း။


တဝင်းဝင်းကေ ဝင်းဝင်းလည်းပြောင်

ပိုးထပိန်မှာ သိန်းစွန်တောင်။


မောင်မယ်နှစ်ဖြာ နဖူးစာ

ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့လာ။


ဘယ်ဖက်ကေမှာ 

ရတနာ သဲချာသမီး

ညာဖက်မှာကေ 

အဘာခေါ် သာကျော်ကြီး

မိနှင့်ဖမှာ ချစ်လို့ မွီးကေ

ပန်းယောင်မွှီးလေ ပန်းယောင်မွှီး။


အောင်လှခိုင် (ဒိုက်ကလူ)

February 06, 2023 (Tuesday) (အင်္ဂါနိ)





ကျွဲသာခြင်း

ကျွဲသာခြင်း

========

ကျွဲမရာလည်း ဂုတ်ပီ

ပင်လယ်နားမှာ သားတရွီနှင့်

ဂုတ်ပီဂုတ်ပေါင်း အလုပ်ကောင်းကို

မြက်ကောင်းပီးမေ


ဒေတလယ်ကို ညက်အောင်လားကေ

လည်လားကျွဲရို့ လားကျွဲရို့။


ခုံးတိုင်ခုံးတိုင် တလုံးတိုင်လေ

ခုံးတိုင်အကြား ထိပ်ကွက်မေကို

အလယ်ထားလို့

လားရာက လည်လည်

လည်ရာကလေ လားလား

အေတလယ်ကို ညက်အောင်လားကေ

လည်လားကျွဲရို့ လားကျွဲရို့။


ကျွဲမရာလည်း ဂုပ္ပီ

ခုံးတိုင်ရင်းမှာ သားတရွီနှင့်

ဂုပ်ပီမသား

နပိုင်းမောင်ကို 

အတိုင်ထားကေ

လားလေး ကျွဲရို့

လည်လေး ကျွဲရို့။


ပဒုန်းရာလည်း သွယ်သွယ်

ခွါချေရာလည်း ပုပု

နင့်ထိပ်ပြင်လေ ထိပ်ပြင်လှမှာ

ဂြိုနှစ်ခုနှင့်

အလုပ်ကောင်းကေ

မြက်ကောင်းပီးမေ။


ရီကောင်းရာမှာ

ရှာပျာတိုက်မေ။


သွိ သွိ ဖုံ ဖုံ

မြီတလင်းမှာ

အိပ်ရမေ။


ကျုပ်များကျွံ

အင်းဒင်လှမှာ

လူးရစီမေ။


တလင်းလည်ကေ

လည်ရာလေး ကျွဲရို့

လားလား။





(ကြက်တောပြင် ဆရာတော်)

ပေါက်ပွင့်နီနီ

ပေါက်ပွင့်နီနီ

==========

နီကလည်းပူ

ခဲဝါအူ။


ပူနီမကြောက်

လူတယောက်။


ဥသြသံကြား

မခံစား။


တောင်ယာကိုလား

နွားကျောင်းသား။


ရဲရဲရင့်ရင့်

လက်ပံပွင့်နှင့် ပေါက်ပွင့်နီနီ

ရွင့်လို့ကြွီ

ကမ္ဗလာကို မွိရာခင်းလို့

တောင်ခြီရင်းမှာ  ကြင်းလို့နီ။။


မလားပါလီ လားပါလီ

ရီကြိုင်ချောင်းမှာ

မြက်ကောင်းကောင်းကို စားရစီ

နွားတရွီကို

ဒုတ်တချောင်းနှင့် ကြိမ်းလို့မောင်းကေ

ကျောင်းလို့နီ။


လက်ပံပွင့်နှင့် ပေါက်ပွင့်နီနီ

လှမ်းကြည့်ခီကေ တောင်ခြီရင်းမှာ

တချို့ပွင့်က ပွင့်လို့နီ

တချို့ပွင့်က ရင့်လို့ကြွီ။


ပေါက်ပွင့်ကြွီ နီရင့်ရင့်

ပေါက်ပွင့်ပွင့်ကေ

ပင်မြင့်မြင့်။


လက်ပံပင်အောက် 

ပူနီမကြောက် လူတယောက်

ဒုတ်ကိုကိုင်မြှောက် နွားကိုငေါက်

နီပူခေါက်ခေါက် ချွေးပေါက်ပေါက်။


အောင်လှခိုင် (ဒိုက်ကလူ)




အာကျယ်ဝမ်းဖောင်း

အာကျယ်ဝမ်းဖောင်း

===============

မောင်ရို့အငယ်  ပေါက်စရွယ်

အာကျယ်ဝမ်းဖောင်း မွီးမိခင်လေ

နို့သျှင်ဘားက  မုန့်ကိုတောင်း။


ကြိုးလိမ်မုန့်ချို စားရလို

ခြီကိုလည်းဖျစ်  အိပ်ရာဝင်ကေ

နောက်ပြင်ကြောကို  ခြစ်လည်းခြစ်။


ရောင်ဖြူဝင်းဝါ မိုးလင်းခါ

အမိသယ်မှာ ဈီးကလာ ရအောင်ရှာပီး

အဘာသားထွီး အားလာကြီးမှာ

ဝအောင်ထီးလည်း ဝအောင်ထီး။


အောင်အောင် (နတ်ဆိတ်)



ရခိုင်မုန့်တီ

ရခိုင်မုန့်တီ

========

ပု ဆိုကေပု

ယောင်းဆိုကေယောင်း

နှူးလို့နှပ်ကေ ဆုံမှာဖွတ်လို့

မုန့်တီဖတ်ကို ထုလို့ထောင်း။


ပွက်ပွက်ဆူ ရီပူမှာပြုတ်

ဖက်နှင့်ထုပ်။


ဆွဲလို့ငင် အမျှင်တန်းလန်း

ဗန်းခံထဲမှာ ထည့်လို့လှန်း။


မွှီးလို့ကြိုင်ကေ ရခိုင်မုန့်တီ

ပဒကောနှင့် သင်္ဘောထိုးကို

အရိုးနှုတ်လို့ အိုးနှင့်ပြုတ်

လက်သုပ်သုပ်ကေ စားကတ်လီ။


အောင်လှခိုင် (ဒိုက်ကလူ)



ခမောင်းပန်း

ခမောင်းပန်း

=======

တန်းခူးကုန်

ကဆုံလတွင်း မြောက်လီပြင်း

လီပြင်းလည်းထ မိုးလည်းကျ။


မိုးလရာသီ ပင်အကိုင်းမှာ

မှိုင်းမှိုင်းဝီ စုံညီပွင့်လန်း

ရွာအဝင်လေ ထေရ်သျှင်ကျောင်းက

ခမောင်းပန်း။


ခမောင်းပန်းခိုင် တလှိုင်လှိုင်

ကိုင်ကာလည်းချိုး

မြတ်စေတီလေ ညောင်ရီအိုးမှာ

အပြည့်ထိုး။


နဖူးထိပ်ပြင် လက်စုံတင်

ဇီသျှင်လည်းကိုး

ဆုထူးပန်ကေ ဇေတဝန် 

မြတ်မွန်ကျောင်းမှာ ထိုင်ရှိခိုး။


(အောင်သာလှ)




ခွာညို

ခွာညို

====

လပြာသိုမှာ

ခွာညိုပွင့်သစ်

ချမ်းမျိုးစုံကေ တုန်ခိုက်ခိုက်။


ချစ်တေနှမ

မြရဂုံမှာ ဂုမ္ဗာန် ယက္ခ

အတန်တန်ကေ ရန်များလှ။


နှမကိုပင် စိတ်ကထင်

မောင်လျှင်ကြောက်လန့်

ချစ်တေသူကို မယူဝန့်။






တပတ်ကျ

 တပတ်ကျ

=========

ဗျိုင်းဟောက်ကေလိုင်စောင်း

ငါးကိုချောင်း။


ရကြောင်းမမြင် ဗျိုင်းနှုတ်သီးမှာ

ရီညှိတင်။


ရီကြိုင်ကြိုင်လေ ကမ်းပိုင်ထဲက

ရုန်းလည်းမရ ငါးခုံးမ။


ကမ်းစပ်ကေမှာ

ပတုန်းကေဆတ်ဆတ် တဖြတ်ဖြတ်

အစာမွတ်လို့ လာလို့ဟပ်

တပတ်ကျ။






ချစ်ခြင်းဖွဲ့ဇမ်းကဗျာ

 ချစ်ခြင်းဖွဲ့ဇမ်းကဗျာ

==============

ယမင်းမယေပျိုဖြူ 

ရခိုင်သူကို ဒေလူရင်ထဲ

အသည်းစွဲလေ။


လွမ်းရက်တာရှည် ဖြေမဆည်ကေ

တပြည်ကွာခြား

ကိုယ့်ချစ်သူလေ ပျိုဖြူပါးသို့ 

ချစ်အားယိုင်ယိုင် လွမ်းနိစိုင်ကေ

ငေးမှိုင်မှန်းဆ

မေဟိရာကို မောင့်မှာတလို့

စိတ်ကမရွှင် ဘဝင်ညှိုးနွမ်း

ချမ်းလို့တုန်ကေ ဇကုန်လွမ်းရေ။


နှစ်လရာသီ  အလီလီကေ

ခါမှီချိန်ကူး 

ပိတောက်ဝါလေ ဝီဆာဖူးလို့ 

မြူးထူးကခုန်

တနှစ်ကုန်လည်း  တူဆုံမတွိ

မေနှင့်မောင်မှာ ပြည်ရွာခြားကေ

စည်းတားဟိရေ။


ပူချိပူချာ  လွမ်းဒဏ်ရာကို   

လင်္ကာသီကုံး 

ဇမ်းကဗျာလေ   ဖွဲ့ကာထုံးကေ

နှလုံးဘဝင် သည်းရင်ပြင်မှာ 

သဇင်နှမ

ကိုယ့်ချစ်သူလေ ပျိုဖြူလှကို

လွမ်းလို့တရေ။


ဖြေမပြေကေ ပုယေမေနား

နောက်နှစ်ခါလေ ရောက်ယောင်လားဖို့ 

ချစ်အားထက်သန်

သစ္စာမှန်ကေ  ငှက်စွန်အတတ်

မောင်းမောင်ကြီးမှာ

ထက်ဝဠာကို ကျော်ကာဖြတ်လို့

လှမ်းလတ်ပါမေ ။


အောင်အောင်  (နတ်ဆိတ်)



လဆုတ်ပြာသို

 လဆုတ်ပြာသို

==========
ဆီးနှင်းစိုစို လပြာသို
မြုံဆိုင်းဆိုင်းနှင့် မှိုင်းမှိုင်းညို။

မျက်ရည်ယိုစီး ဖော်ကွာဝီး
ယမုံနာလေ
သီတာမြစ်ကြီး ခြားလို့ဆီး။

ချမ်းအီးလို့တုန် နှစ်လည်းကုန်
လူကြုံတခေါက်
အခါလွန် အိမ်ပြန်ရောက်ဖို့
တယောက်မောင်းမောင်
ရိုးမတောင် ဖိုးခေါင်လည်းကျူး
နှစ်သစ်ကူးခါ
ယမုံနာ သီတာမြစ်ကို
လက်ပစ်ကူး ဖြတ်ကူးလာမည်။

ပုဝါကိုအုပ် မျက်ရည်သုတ်
လဆုတ်ပြာသို
တောင်မြင်တိုင်းမှာ မှိုင်းလို့ညို
မငိုလီကဲ့။

အကယ်၍
တည့်တည့်လျှောက်လှမ်း ခရီးကြမ်းမှာ
မောင်ကြီးပင်ပန်း
လက်နှင့်ခြီလေ ခွီယိုင်နွမ်းကေ
မေ့လက်ကိုကမ်း
ဇတ်သိမ်းခန်းသည်
အနမ်းမိုးပန်းလွှမ်းစီသတည်း။

အောင်လှခိုင် (ဒိုက်ကလူ)
December 21, 2023



ငစရိုင့်ဝမ်းပူ

ငစရိုင့်ဝမ်းပူ

=========

အဘာဝါ

အဘာ ကွန်ပစ်လားခရေ။


ငစရိုင့်ချေဝမ်းဖား အဆီများ

နူံးနိုင်နိုင်လေ ချဉ်ပေါက်ပေါက်နှင့်

ချက်လို့စားဖို့

ဝမ်းပူပူကို အအူကိုနှုတ်

နုတ်နုတ်ကေစိုင်း နှစ်ပိုင်းပိုင်းလို့

ဝမ်းဗျိုင်းသားကို ဘုချေစားမေ

ချောင်းကမ်းနားမှာ လမုယေပင်စောက် 

ဆလိမ်ခြုံလေ  ဆူးကိုဖောက်လို့

ဥချေပေါက်ချေ မှုစိချေ

အစိတ်ကေ တကောင်မလွတ်

အကျိုင်ပြတ်ကို ဖမ်းခမေ။


တကောင်မကျန် ပသိထိုး

နောင်းနောင်းကိုင်ကေ နိုင်လွန်ကြိုးနှင့် 

တန်းသီထိုးလို့ ယူခမေ။


တပြုန်းပြုန်း ပတုန်းလည်းထောင်

မရုန်းနိုင်အောင်

မြှုံးနှင့်လှောင်ယူခမေ။


အဘာရောက်ခါ အိမ်တန်းပျင်းမှာ

ဆနွင်းဝင်းဝင်း ချဉ်ပြင်းပြင်းနှင့်

ငစရိုင့်ဝမ်းပူ နှခွမ်းစူကို

အအူကိုနှုတ် အိုးနှင့်ပြုတ်ကေ

ဝမ်းတင်းယောင် အုတ်ဖိယကေ။


ငါးစရိုင့်ဝမ်းဖား ချက်လို့စား

စားရာစားလီ အားဟိလီ။


အဏ္ဏဝါသား (နတ်ဆိတ်)



ပန်းခွာညို

 ပန်းခွာညို

======
ရောင်ဖြူဝင်းဝင်း
တောင်တလင်းမှာ
ဂြိုးလင်းပြာ ငှက်ဝါကေ တွတ်တွတ်
လီသွတ်သွတ်။
မောင်က ကိုင်ညွှတ်
မေက ဆွတ်။
လနတ်ပြာသို နှင်းစိုစို
ခွာညိုပန်းကို မေပန်လို။
တပွင့်ကိုပန် တတံချန်ထား
သတင်းဝင် သျှင်ကျော်ဘုရားမှာ
တင်ဖို့လား။
အောင်ကျော်ရွှီ (ပိုးရွှီပြင်)



ယူကတ်ဖို့ယာ

 ယူကတ်ဖို့ယာ

=========


ပိတုန်းရာလေ ကေသာ

နှာတံရာလေ စင်းစင်း

အသားအရောင် ပြောင်ပြောင်ဝင်းဝင်း

ရွှီညမင်း။


ပါးကွက်နှစ်ဖက် အပြောသွက်

နားထက်မှာချို  ဟန်မပို

နဂိုလိုရင်း ချစ်လို့ခင်ကေ

မောင်မောင့်ရင်တွင်း

ပပဝင်း။


ချစ်ခြင်းရာလည်း ပြိုင်ပြိုင်

မွှီးသင်းကြိုင် နှစ်ခိုင်နှစ်ခက်

ရွှီတူပင်မှာ ငွေတူရစ်ကေ

ချစ်တသက်။


အကြင်နာ အသွင်ရာလေ ညီညွတ်

မိဘကြည်ဖြူ သဘောတူ

ယူကတ်ဖို့ယာ။


လွမ်းပြေညို(ဓညမြီ)



တောင်ယာတဲ

 တောင်ယာတဲ

========

ရောင်ဖြူဝင်းလို့ မိုးလင်းခါ

ခဝဲဝင်းဝါ ပွင့်လတ်ယာ

တြင်းငြာ ငှက်ဝါလာနား

ဝါးရုံဖျား။

ပတုန်းရှည်ရှည်

ကျွဲပတုန်းက ကျူးလို့မြည်

စာချေပိညှောက်

ဝါးရုံအောက်။

သစ်တောက်ခေါက်ယာ ရောက်လို့လာ

ဂြိုးလင်းပြာ ပျံကာလည်းဝဲ

အာကာထဲ။

ပိုးပဇိုင်းသံ 

အာရုဏ်တက်လို့ လင်းကြက်တွန် 

ကျီးငှက်သံ ညံညံမစဲ

တောင်ယာတဲ။


သာလှဦး (မြောက်ဦး)




တပင်တိုင်နန်း

တပင်တိုင်နန်း
=========

လမုတပင်
ချောင်းကမ်းစပ်တွင် အသက်ရှင်။
ဗျိုင်းကတရွီ
အကိုင်းဖျားမှာ နားလို့နီ။

အညာရီ ဖြားရီတိုက်လည်း
တိုက်ပတ်စီ ငါမသီ။

အရုပ်မလှ မမွှီးမြလည်း
လောက၏ဒါဏ် ကြံ့ကြံ့ခံယင်း
ကျုပ်ကျွံနွံနစ် ကမ်းနားသစ်ပင်
ချောင်းကမ်းစပ်တွင် အသက်ရှင်။

အလင်္ကာလေ ကဗျာမဖွဲ့ စာမဖွဲ့
တကောင်တည်း ယေလည်းခြင်္သေ့။

ခြင်္သေ့မင်းမူ ကြည့်ခီမူသော်
ဇမ္ဗူဒီတောင်ကျွန်း
ထီးလူလူကေ ရောင်ဖြူရွှန်းလို့
သောင်ပြင်ကမ်းက တပင်တိုင်နန်း။

တပင်တိုင်နန်း လှပုံဆန်းသည် 
ကြငှာန်းဆင့်ဆင့် ပန်းဆင့်ဆင့်။

လီအဟုန်ဖြင့် ဇကုန်ရွှင့်သည်
ရွှီဘုံမြင့်မြင့် ဂုဏ်ဝင့်ဝင့်။

သာလှဦး (မြောက်ဦး)




Thursday, September 12, 2024

ရင်ကျိုးရေ



ရင်ကျိုးရေ
======

ကိန္နရီ ကိန္နရာ
ငှက်ကြိုးကြာ အဖော်ကိုရှာ
အာကာမှာဝဲ ရွှီရင်ကွဲ
သီပွဲဝင်ရေ။
ပမာနည်းတူ မေလတ်ဖြူမှာ
တကြူကြူလေ
ရင်ပူလောင်ကျွမ်း ဖော်ကိုလွမ်းကေ
ဝမ်းနည်းရေ။
အိမ်စွန်ဖျားမှာ ငှက်ရွှီဝါ
ရောက်ပျာရောက်ပျာ
တြင်းငြာ လာပါလိမ့်နိုး
ပြတင်းပေါက်က ရှောက်လို့ခိုး။
ဂြိုးကလည်းကြူ
ခွီးလည်းအူ အပူလွန်ဆိုး
လွမ်းသဲအူလေ ပန်းမေဉ္ဇူကို နီပူထိုး
ကြွီလို့ညှိုးရေ။

Sunday, February 9, 2020

ပန်းတိုင်

ပန်းတိုင်
======

သီဖို့စွာကြောက်လို့
မလျှောက်ဘဲ ရပ်နီကေ
မရောက်ဘဲ သီကတ်ဖို့ယေ --။

(ဘာသာပြန်)


ခရမ်းသီးမျက်ရည်

ခရမ်းသီးမျက်ရည်
===========

ဂုတ်ကျပြီးကေ လဒမိုင်လို့
အစာ စုတ်ခီရဖို့ရောင်။

နခေါင်းချေရှုံ့လို့
မျက်နှာကို လက်ကိုင်ပုဝါနှင့်သုတ်
တရှုတ်ရှုတ်ငိုလို့
သနားဖို့ကောင်းလိုက်တေ
အဘာငါ့သား
ကောင်းကောင်းဝမ်းနည်းရေလား။

အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်သည့်
ရခိုင်သမ
ဘောက်သာဆိုးနှင့် ခိုးရွာလိုက်ခါ
ငိုဖို့မျက်ရည်
တစက်ချေလည်း ကျန်မည်မဟုတ် --။

သနားဖို့ ကောင်းလိုက်တေနန့်
နွားရာဆို (အဂယင့်) အမှန်
ခွတ်လို့ရာ စားပစ်လိုက်ချင်ရေ။

"တော်လှန်ရီးနိ" ကျင့်ပကတ်မေဆို
ကြောက်ကြီးသံဖက်ဝင်လို့
ကျားကိုမြင်ကေ ခဲဝါပိုင်ယှောင်
ခါးသတ်လားယာ။

Facebook ထက်က ဝက်ခွတ်ဒါး
အသွားတုံးလားခယာလား။

(ဝရင်းတုတ်)
Feb 9, 2020 (တလင်္ဂုနီနိ)

ဖဖရဲသီး ရဲရဲကြီး

ဖဖရဲသီး ရဲရဲကြီး
==========

မက္ကလာယေ ရိုင်ရိုင်
ကြိမ်သားတုတ်ကို နောင်းနောင်းကိုင်
ပြည်မဏ္ဍိုင်က ရခိုင်သားမှာ
မြန်မာစာကို ရခိုင်စာဟု
အာဘောင်အာရင်း ငြင်းခုံခြင်းကြောင့်
ချင်းချင်းကွဲပြား
အောက်စကားဖြင့် မှောက်မှောက်မှားမှား
ရွီးငြားသောခါ ရခိုင်စာမှာ
ကွယ်ကာလည်းပျောက် ငါးပါးမှောက်တေ။

ယောက်ဖဖတ်ဖို့ နားလည်ဖို့ဟု
ကိုယ့်စာကိုဖျောက် ငါးပါးမှောက်သော်
ယောက်ဖဧကန် ခေါ်ခြင်းဟန်ကား
အမှန်မောင်ကြီး ယခီးငပြာ
ပြောသောခါတွင် ရင်မှာမီးတောက်
ဗြောက်အိုးဖောက်သို့ ဒေါသပေါက်ကွဲ
 နောက်ပြန်လဲသည်
ဖောက်လွဲဖောက်ပြန်နီတုန်းသိမ့် --။

ရခိုင်ရို့သွီး ရဲတွီးနီတျာ
သံထက်မာလည်း
အယူလွဲသော်
ဖရဲသီးကြီး ကွဲယှောင်တည်း --။ ။

(သာလှဦး)(မြောက်ဦး)
February 1st, 2020 (စနီနိ)


ခဲခတ်

ခဲခတ်
====

သမိုင်းပါရဂူ
စင်မြင့်ထက်မှာ ဘွဲ့တက်ယူ
ယူလည်းမလွတ်
ရခိုင်စာကို မရွီးတတ်
လူခဲခတ် --။

မြန်မာပါရဂူ
စင်မြင့်ထက်မှာ ဘွဲ့တက်ယူ
ယူလည်းမလွတ်
ရခိုင်ပိုင်ယှောင် မရွီးတတ်
လူခဲခတ် --။

သိပ္ပံပါရဂူ
စင်မြင့်ထက်မှာ ဘွဲ့တက်ယူ
ယူလည်းမလွတ်
ရခိုင်စာပီ မရွီးတတ်
လူခဲခတ် --။

မြန်မာတိနှင့် ရင်ဘောင်တန်းဖို့
ကိုယ့်အတ္တကို ထုတ်လို့ဖော် --။

မပီကလာ ပီကလာနှင့်
မြန်မာကဗျာ စာမျက်နှာမှာ
ငါးရာကျော် --။

တော်ပါသော်လည်း လွန်ဆင်းရဲသည်
လူမွဲရခိုင်
ဦးဏှောက်ကြီးကေ ထန်းသီးပိုင် --။ ။

သာလှဧူး (မြောက်ဧူး)
January 9, 2020 (ကသစ်ဗုဒ္ဓိနိ)




ဖိတ်ခေါ်သံ

ဖိတ်ခေါ်သံ
=========

အဘာငါ့သား
မတထောင်မှာ တကောင်ထွန်းကေ
မောင်ဝမ်းဖား --။

ထွန်းကားထွန်းယင့် အဂယင့်လေ
ဝမ်းကြင့်ရေ --။

ပဇာဖြစ်လို့
အခန်းဒေါင့်မှာ ဆောင့်ခြောင်ထိုင်လို့
ငိုနီလေ --။

မုနိမဟာ ကြီးမြတ်စွာကို
လိုချင်ရေဇု ငိုပါရေ --။

မုနိမဟာ ကြီးမြတ်စွာကို
ပြန်လိုရေဆို
ထိုင်ငိုနီလို့ဖြစ်ဖို့လား --။

နက်ဖန်ရက်ခါ ရက်ရာဇာ
တော်လှန်ရီးနိ မိုးထခါ
ရခိုင့်အောင်လံ အောင်တင်းခွန်ကို
အောင်စည်အောင်မောင်း သောင်းသောင်းညံညံ
အောင်စည်ဟိန်းကေ ဗြိန်းစောင်းသံနှင့်
မိုးစွန်တိမ်ကြား တောင်ထိပ်ဖျားမှာ ရွှင့်ကတ်မေ
သာယာအီးလေ သာစွလေ
ရခိုင်သားလေ သာစွလေ --။

(သာလှဦး)(မြောက်ဦး)
January 11, 2020 (စနီနိ)




ဝက်ထီး

ဝက်ထီး
======

လက်နက်ချလို့
ဒူးထောက်လားပြီးခါမှ
ရခိုင်ပြည်ကြီး
သီးခြားလွတ်လပ်ရီးလို့
ကျွီးလို့ကြွေးကြော်
အသားဖော်သော်
ပိဿနှစ်ရာကျော် --။

လက်သီးလက်မောင်း
ဖြောင်းဖြောင်းလည်းခတ်
သတ္တိဟိကေ ထွက်ပါလတ်
ရပ်ကွက်ထဲမှာ စိန်ခေါ် --။

ကမ္ဘာတခွင် လွန်ထင်ပေါ်
အောင်လအန်ဆန်းနှင့် အမျိုးတော် --။

သာလှဧူး (မြောက်ဧူး)
January 16, 2020 (ကသစ်ဗုဒ္ဓိနိ)

ပီတိ (Rapture)

ပီတိ (Rapture)
==========

တလင်းပြောင်ပြောင်
ကုန်းခေါင်ခေါင်မှာ
တောင်လီလာကေ
ရင်မှာစူးစူး
တရိပ်ရိပ်ကေ စိတ်ကြည်နူးရေ
သာယာအီးလေ သာစွလေ
ရခိုင်သားလေ သာစွလေ --။

(သာလှဦး)
January 18, 2020 (စနီနိ)


Sunday, February 24, 2019

ခေါင်းဆောင် (သို့မဟုတ်) ခေါင်းရောင်

ခေါင်းဆောင် (သို့မဟုတ်) ခေါင်းရောင်
===================

ရခိုင်သားတိ
ကျင့်ပ၀န့်ရေ သတ္တိမဟိ --။

လဒမှိုင်နိမှာ
မျက်နှာဖုံပြာ
မြင်ရပါသည်
လာပါလိမ့်မည် ကျဆုံးခန်း --။

စိန်ဂေါက်စိန်ဂေါက်
စည်းကိုခေါက် --။

ဗေထုံဗေထုံ
ကလို့ခုန် --။

ဗေထီးဗေထီး
ဗုံကိုတီး --။

ဗြိန်းစောင်းဗြိန်းစောင်း
ကလို့ကောင်း --။

(သာလှဧူး)
(2019 December 31st)(ရခိုင်သားလဒမှိုင်နိ) (အမှတ်တရ ရွီးစပ်သည်)

Thursday, December 27, 2018

ရက္ခိတ သတ္တိ

ရက္ခိတ သတ္တိ
=======

စင်ထက်မှာ မိုက်ကိုင်လို့
အော်ကျယ် အော်ကျယ် တကောင်
ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်
ထောင်ရောက်စွာနှင့်
"ဘု" ဆိုကေ
"ပု" ပါလားအောင် ပြီးရေ --။

(သာလှဦး)


Monday, November 5, 2018

ရခိုင်သားနာရီ


ရခိုင်သားနာရီ
========

(၏) လို့တတိုင် (ဧ့) တတိုင်
အတတ်ကြီးဆန်းလိုက်တေနန့်
ရခိုင်စာပီ ဆောင့်ခြောင်ထိုင်
ဇရပ်အို ကျောင်းပြိုထက်က
တိုင်ကပ်နာရီယှောင်
တွဲလောင်းကြီးကျ
ထုတ်မှာသတ် ယောက်မှာသတ်
ခြောက်ကပ်ခြောက်ကပ်မြည်လို့ --။

(သာလှဧူး)(မြောက်ဧူး)
Oct 25, 2018 (ကသစ်ဗုဒ္ဓိနိ)