Wednesday, December 10, 2025

ဗုဒ္ဓဝင်လင်္ကာရတု (ပြီး၏)



ဗုဒ္ဓဝင်လင်္ကာရတု (ပြီး၏)
================

ကကုသံ ဂေါဏာဂုံ ကဿပ
ဂေါတမ
မည်တွင်အရိမိတ္တေယျတည်း
ပွင့်လာကြအလီလီ
ပါရမီဖြည့်သည်ကား
လေးသင်္ချီနှင့် ကမ္ဘာတသိန်း
ရီကိန်းစကြာဝဠာ ပေါ်သောခါ၌
ငါးပွင့်ကြာကို ယူကာနမိတ်ဖတ်၍
ဤ ဘဒ္ဒ ကမ္ဘာ ကြီး ၌
ကြာလျှင်အပါး
ဘုရားငါးဆူ ပွင့်တော်မူအံ့။

ဥယျာဉ်အတွင်းဝယ်၌
နွီမိုးဆောင်းလျှင်
အပြောင်းအလှည့် မငြီးငွေ့စီရ
ကခြေသည်သဘင်ဇတ်
ပတ်သာဗုံမောင်း စောင်းညှင်းတူရိယာသည်
တခါမပြတ်ပေတည်း။

နန်းစည်းစိမ်နှင့်
ကာမဂုဏ်ကို အာရုံခံစား
ပျော်ပါး၍နီစီပြီးခါ
ထားငြားပါသော်လည်း
လူနာ လူအို လူသီ ရဟန်း
ဖန်သင်္ကန်းကို သိကျွမ်းတွိမြင်ငြားက
တောထွက်လာသည်
အာရုဏ်မိုးထ အခါတည်းလည်း။

အရိယာသည် သစ္စာလေးပါးကို
ကုန်စင်သိတုံငြား၍
မိဂတာဝုဏ်တောတွင်းဝယ်၌
ပဉ္စဝဂ္ဂီငါးပါးကို
တရားဦးဟောကြားတော်မူ၏။

အလျှံတပြောင်ပြောင်
လောင်ကျွမ်းလျှက်သည် ရာဂမီး
ကုန်ချုပ်ငြိမ်း၍
အီးချမ်းရာမှန် ပြည်နိဗ္ဗာန်ကို
လမ်းညွှန်ပြတော်မူ၏။

လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း
ချမ်းသာကြောင်းသည်
ကောင်းမှုအနုမောဓနာ ခေါ်စီသောဝ်လည်း။

ခေါ်ကြပါသည်ယင်းခါတွင်
မဂ္ဂင်သျှစ်ပါး လေးပါးအရိယာ
မဇ္ဈိမပဋိပဒါ မင်္ဂလာသုတ္တံ
ကံကံ၏အကျိုး
ကိုယ့်တောင်ယာ ကိုယ်စိုက်ပျိုး၍
ကြိုးကုတ်လုံ့လ မြတ်စာဂသည်
ဒါနပြုကတ်လီလော့။

စရိုက်သည် လွန်ဆိုးသွမ်း
ကျင့်ယုတ်ကြမ်းသည်
ပင်ပန်းကြီးလှစွာ၏။

ကျင့်ရာမှောက်မှား လူမိုက်အားလျှင်
ဝီးစွာယှောင်ယှားကုန်လော့။

ပညာဟိကို တွိသောသူ
ဟူလျှင်မူကား
သူ့ကျေးဇူးကို ထွေတထူးသည်
ဆည်းပူးပူဇော်လီလော့။

ကုမုဒြာ ပဒုံမာ
(၃၈) ဖြာ မင်္ဂလာသည်
တူစွရွှီကြာပန်းကို
ရွှင်လန်းပန်ဆင်လီလော့
မှာထားခပါသည်လည်း။

တနိသ၌ သစ္စကပရစိုရ်သည်
ခြစ်ရန်လိုသည် မှန်သောကြောင့်
မရဏ၏အဆုံးစွန်သည်
တမလွန်၌
မဟာဘုတ်၏ရုပ်နှင့်နာမ်လျှင်
တဖန်ပြန်၍
ပဇာအရပ်၌ ဖြစ်ဖို့သနည်း
မီးလီသောခါ သံစည်ကြီးသည်
တီးခီမည်သော်မှန်သောကြောင့်
အသံသည် မြည်ဟီးစွ။

လောင်စာကင်းပျောက် ထိုမီးတောက်သည်
အနောက်သို့လည်းကောင်း မြောက်သို့လည်းကောင်း
ပဇာအရပ်သို့ ရောက်ဖို့သနည်း။

ထိုနည်းတူစွာ ငါသည်
လိုင်ဂုတ်ကိုချိုး အငုတ်ကျိုးသည့်
ထန်းရိုးဥပမာသို့
သံသရာလည်ပတ်
ရာဂမီးသည် ဖီးကကျွတ်၍
အိုခြင်းနာခြင်းသီခြင်းကင်းရာ
လွတ်မြောက်ရာမှန် ဘုံဗိမှာန်သို့
နိဗ္ဗာန်ကူးလီပြီးတည်းလည်း။ ။

သာလှဧူး (မြောက်ဧူး)
ကောင်းမှုတော်ဖြစ်ပါသည်ဘုရား။
December 8, 2025 (တလင်္လာနိ)


Sunday, December 7, 2025

ဟင်းခင်းစိုက်တေ

ဟင်းခင်းစိုက်တေ
==========

စင်ထက်မှာရာလေ ဖုံဖုံ
အောက်မှာရာလေ ကွက်ရိုက်
ငစိုးမောင်မှာ တောင်ခြီရင်းမှာ
ဟင်းခင်းစိုက်တေ။

ပဲမျိုးအစုံ ရောင်းမကုန်ကေ
ဖရုံသခွား ဖွဲထာပင်လေ
စင်အမြင့်မှာ ယာဂြင့်ခါး။

ခဝဲပွင့်ယေ၀င်းဝါ သီးကင်းဖြာကေ
ဘူးရာလေမပြတ် အညွှန့်ရှင်ကေ
စင်ကြီးကြီးမှာ အသီးထပ်တေ။

မုန်ညင်းမုန်လာ တန်းညီညာ
အာလူးခရမ်း ဂေါင်းခင်မျော်လေ
ဂေါ်ပီခင်းနှင့် ရီကင်းစွန်း။

မရိတ်နံနံ ဒန့်သလွန်
ကိုက်လံငရုတ် မျိုးစုံအောင်လေ
မောင်ငစိုးမှာ စိုက်ပျိုးလုပ်တေ
ကောက်ရေခူးရေ ရောင်းကတ်တေ။။

စိုးမင်းဦး (မုနိမြေ)


စံကားပန်း

စံကားပန်း
======

မပွင့်လည်းမြင်  ပွင့်လည်းမြင် 
လယ်တဲနားက စံကားပင်။

အသွင်ထူးဆန်း
ခက်လံဖျားမှာ
စံကားပန်း။

စံကားဝါဝါ  ပွင့်လို့လာ
ပန်ပါလီရ ကဆုန်လ။

မိုးထမှုန်ရီ  မှိုင်းဝီဝီ
စုံလီညှင်းညှင်း တဝင်းဝင်း
တောဂနိုင်မှာ မြိုင်လို့ပွင့်ကေ
မွှီးကြိုင်သင်းလေ မွှီးကြိုင်သင်း။

စိုးမင်းဦး (မုနိ‌မြေ)


Saturday, December 6, 2025

သီတင်းလည်းကျွတ် ဝါလည်းကျွတ်

သီတင်းလည်းကျွတ် ဝါလည်းကျွတ်
======================

မိုးသောက်မယေအာရုဏ်
လင်းပြန်တုံက
ရဂုံမြိုင်အတွင်းမှာ
ကျီးငှက်သရကာ
ကျူးမြည်လာသည်
အသံကေမှာရာလည်း ညံညံစီစီ။

တသိတမန် ရှက်ကွန်ချေနှင့်
ဆံစညို ပျိုမေတကျိတ်
ပုဏ္ဏရိတ်ကေ အချိတ်ထပိန်
ပိုးထပိန်နှင့်
အလွန်ကေမှာလည်း ဆင်တူညီညီ။

စုံလီညှင်းညှင်း
သဇင်ခိုင်မှာ
မွှီးကြိုင်သင်းကေ ဖြူဝင်းဝင်းနှင့်။

သီတင်းလည်းကျွတ် ဝါလည်းကျွတ်ကေ
အထွဋ်တင် သျှင်ကျော်ဘုရား
ဖူးဇောင်လားရေ
ဝတ်တွားရေလည်း ဝတ်တွားရေ။

ဝါကျွတ်လွန်ကေ
အယင်အမြန် ပြန်လာစီကြောင်း
ချစ်မောင်းမောင်နှင့် ပြန်ဆုံပေါင်းဖို့
ဆုတောင်းရေလည်း ဆုတောင်းရေ။

(ကောင်းကျော်ဖြူ)
ရွှီလုံးလက်ရွီးဖြစ်ပါသည် ဘုရား။
June 21, 2025 (Saturday) (စနီနိ)


Friday, December 5, 2025

မြောက်ဦးဘုရားဖူး



မြောက်ဦးဘုရားဖူး
============

တောင်ကျွန်းမယေ သပြီ
မြရောင်ဝီ၍
အောင်မြီအထွဋ် ဂုဏ်ကြီးမြတ်သည့်
မြောက်ဦးအရပ်မှာ၌
အဖသျှစ်သောင်း သားကိုးသောင်းသည်
အပေါင်းမြောက်များစွာတည်း။

မြို့ဦးဂေါင်းဘုရား
မာန်ငါးပါးသည်
ထင်ရှားကျော်ကြားပါ၏။

ဗားဘူဟိယင့် ဆန်ဟိယင့်
ဒိုင်းကျီဟိယင့် ရီဟိယင့်။

အမြင့်တောင်နှင့် ဓါတ်ရွှေဂူ
တောင်ဖြူနှင့် အဘောင်တော်အင်း
မြင်းစိုင်းပြင်နှင့်တောင်ရပ်
စံကားတောင်ကိုပတ်၍
အောင်တပ်ပြီးလျှင်
ဘောင်းဒွတ်ဆိပ်ကမ်းဝ၌
နှစ်စဉ်သည်ပြိုင်လောင်းပွဲ
ခြိမ့်ခြိမ့်သဲသည်
ကျင်ပွဲမြို့လုံးကျွတ်တည်း။

ရိုးရာဇတ်သည်
တဝဂူအတ္ထုပ္ပတ်နှင့်
သုံးရက်ပြတ်လုံး
ကြည့်မဆုံးသည်
ရွှင်ပြုံးတကာကာတည်း။

များစွာသည် သျှင်လူပေါင်း
တသောင်းသောင်းသည်
လမ်းကြောင်းပြည့်မွှမ်းကျင်မျှ
ဘုရားဖူးလာကြသည်
ဒါနအလှူဝတ်ကို
မပြတ်ဆောက်တည်ပါ၏။

အဓိဌာန်ကျောင်း မြောက်ဦးစင်တာ
စူဠာမုနိဘုရား လား၍ကိုယ်စီ
သီလယူကြပါ၏။

လက်ဆီးကန်ကို လည်ပတ်ပြီး၍
ကိုးနဝင်းစေတီမြတ်ကို
ဦးညွတ်ပြီးခါ
လက်ဝဲလက်ယာ ရှုကြည့်ပါသော်
ဇိနမာန်အောင် ရွှေဂူတောင်
ရွှေတောင်စေတီတော်ကို
ဖူးမျှော်လိုက်ရပါသည်
သဒ္ဓါရိုကျိုး လက်စုံမိုး၍
ရှိခိုးကန်တော့ပါသည်၏လည်း။

ရှိခိုးမယေလီလီ
လက်ဦးချီကေ
စုံညီရိုညွတ် ဖူးလတ်ပြီးခါ
သူရိယာလေ ရောင်ဝါကင်းပျောက်
တမိုးသောက်တေ။

မိုးသောက်မယေတခါ
လင်းပြန်လာ၍
ပေါ်တော်မူဘုရား
ဖူးဇောင်လားခါ
ဖြားရီစပ်တွင် ဝပ်တွားသည့်ဟန်
လိပ်ကမ်ဘာမ တွိရပြီးသော်
ကင်းဆိပ်ကုလားကွ
ရပ်ဒေသကို မှန်းမျှော်ကြည့်လိုက်ပါက
မြို့မနိဂုဏ်း ဆင်ခြီဖုန်း၌
အုန်းတောပြင်လျှင်
ကြည့်မြင်မဆုံးပါတည်း။

ယင်းကလွန်မြောက်
ငွေတောင်ပေါက်က
ပန်းနီကွင်းကိုဖြတ်လျှောက်လားလီပါက
ဘားမိဘားကရား
ဝိဇ္ဇာထိုရ်လေ ထိုယောက်ျားရို့
တရားလျှော်ရာ
ဂူလျှင်အောင်းကေ ကျောင်းတော်ရှာကို
တွိကာလွန်မြောက်
သူရိယာလေ
ရောင်ဝါဝင်းကေ အလင်းပျောက်လို့
ရောက်လတ်မယေတုံခါ
အော်ဒါမှာ ညစာထမင်း
စားပြီးကလျှင်
တရောင်းရောင်းကေ သောင်းသောင်းပျော်ပါး
ဖော်အပေါင်းနှင့် ပွဲကြည့်လားရေ။

ကောင်းကျော်ဖြူ
December 3rd, 2025 (ဗုဒ္ဓူးနိ)