Friday, July 18, 2014

သမင်ရတု (Pitiful Deer)


သမင်ရတု (Pitiful Deer)
==============

သခင်လူများ ကျွန့်စကားကို ရွှီးနားခံ (My fellow friends, please listen to me
ရှိလွန်ခါ တောမြိုင်ခွီး (Once upon a time, there was a jackal
ချီသမင်သည် သစ်ပင်ကြီးအောက်ကနီလည်း --။ (and a deer under a tree.

မြင့်ထိပ်ဗွီ ခေါင်ထိပ်ဖျား (A crow is crowing on the tree
ကျီးတခုသည် ခေါ်မှုမြည်သံကြားက (Jackal said Oh my deer,
အချစ်ရွှီသမင် ညေခါခင်ပွန်း မြဲစွာမွှမ်းသည် (It will not be good to be friend
ကောင်းလွန်းမည် မထင်လည်း --။ (with the crow.

မြီတွင်သာလားရလျှင် ကိုနှင့်ငါလျှင် (You and me walk on the ground,
ချစ်ခင်ရမည် အဆွီနှလုံးသွင်းလည်း --။ (So, we should be good friends.

ခွီးလှည့်ပတ်ဆိုရတ်မှာ ကောင်းယောင်ထင်၍ (The deer believe in the deceiving words
သမင်လိုက်လီရာလည်း --။ (of the jackal.

လယ်သည်စပါး ပန်းနုဖျားသည် (If you come with me,
ယခု စားမည်မှတ်လော (You can eat good fruits and vegetables
လိုတိုင်းဝမ်းဝ စားရမည် မချွတ်လည်း --။ (at your will.

ခွီးလှည့်ပတ်ဆိုရတ်မှာ (The deer believed in the jackal
ကောင်းယောင်ထင်၍ သမင်ထွက်စားပြန်လည်း --။ (And went to eat the vegetables in the field.

ထိုယောက်ျားလယ်သခင် (Soon, the farmer set up a trap on the way.
ပြီးခုန်ပင် လာတုံလတ်
သရီကျော့ကွင်း
ထောင်လျှက် လမ်းတွင်ထားလည်း --။

ခါတပါးသည် လားခီမိ (And the deer had fallen on the trap.
သရီကျော့ကွင်း (The rope was tangling on its neck.
လိုင်ဝယ် လျှင်ဆောငြိလည်း --။

မချိရုန်းရင်းဆာ (Oh, my dear friend, Jackal
အဆွီလျှင် တောမြိုင်ခွီး( Come and help me and save my life.
သီမည်ဖီးကို
လျှင်ဆော ကယ်တင်ပါလှည့် --။

ဒွန်းစန္ဒာဟိန္ဒူမျိုး (The jackal said I am a Brahman and I cannot bite the leather of
နွားသရီကို မကိုက်ပါဖူးတော့လည်း --။ (the cow.

မချိပူပြင်းစွ (Sooner, the crow came and said don’t be afraid
အဆွီလျှင် နောင်ကျီးကန်း
ညေခါခင်ပွန်း မြဲစွာမွှမ်းသည်
ကျီးကန်းရောက်ပါလတ်တည်း --။

အဆွီလျှင် နောက်ကျီးကန်း (Please get help from the flies. Then, the flies
ယင်မရဲကို မြဲစွာခင်ပွန်းမွှမ်း၍ (came around and laid eggs on the face of the deer.
မျက်စိရစ်ဝန်းလည်
ယင်မလာ၍
ဖြူစွာ ဥလာသည်တည်း --။

အဆွီလျှင် နောက်ကျီးကန်း (The crow pretended eating the flies’ eggs.
ဦးဂေါင်းမြီတွင်
နှုတ်သွီးတောက်ဟန်ပြု၍
ထိုခဏ လယ်သခင် (Then, the farmer thought the deer was dead
ပြီးခုန်ပင် လာတုံလတ်(And pulled out the rope out of the deer’s neck.
သရီကြိုးသည်
လိုင်ဝယ် လျှင်ဆောချွတ်လည်း --။

ထိုယောက်ျားလယ်သခင် (The farmer went into the jungle,
ကြံလတ်လျှင် စောခါ ခြုံထဲဝင်၍ (to get the vines
နွယ်ပင်ဖြတ်လှီးငြားလည်း --။ (to tie the legs of the deer.

အာအာသည် ကျူးမြည်လတ် (Then, the crow made a sound,
ချီသမင်သည် (And the deer had run away and escaped.
ဖြုန်းဖြုန်းပြီးသည်ဖြစ်လည်း --။

ထိုယောက်ျားလယ်သခင် (When the farmer saw the deer escaped,
လက်တွင် ဒါးနှင့်ပစ် (he was so upset
ခြုံထဲရွှက် ပုန်း၍နီ (And throw the sword against the deer.
မြိုင်ခွီးဂေါင်းတွင် (But it went astray
မှန်လျှင် သီခီပြီလည်း --။ (And hit the jackal’s head and jackal was dead.

ဤနည်းလျှင် မုံတရှိ (The same way,
မေလတ်ဖြူမှာ (My dear girl has untrue lover.
ဖျက်သူနှင့်ရာ တွိလည်း --။

မချိသည် လွန်ယောင်သဲ (She is now broken-hearted and crying,
မေချစ် အပူဝင်သည် (the same as the deer does.
သမင်ပမာ နည်းတည့်လည်း --။

မကိုက်ပါဖူး = မကိုက်ဖူးပါ
မုံတရှိ = ထိုနည်းဥပမာနှင့် အတူတူ အရှိရှိ ၊ ထိုနည်းတူစွာ
လွန်ယောင်သဲ = အလွန် အသဲအသန်၊ လွန်စွာ အသဲအသန်ဖြစ်သည်။

ထရိပူရကရသော ရှိဟောင်းရခိုင်ဂန္ဓ၀င်ကဗျာတပုဒ်ဖြစ်ပါသည်။ အလယ်တန်းသင်ရိုးညွှန်တန်း၌ ပြဌာန်းသင့်သည်။ ကိုယ်တော်ပညာစာရ ကောင်းမှုပြုပါသည်။

(ရခိုင်ပေါင်းကူး သာလှဦး)

This poem is the original scripture from Tripura.

မောင်ပြောင်းတိုက်သို့ အိပ်ဖွင့်ပီးစာ


မောင်ပြောင်းတိုက်သို့ အိပ်ဖွင့်ပီးစာ
======================

ပြောခါစကား ပစ်သားမဟိ
မိုးသို့ထိယောင်
အာဘောင်အာရင်း
ငြင်းခုန်ခြင်းကြောင့်
ဝမ်းတွင်းလည်းနာ
ဒူလာပါဒရ
ဖြစ်ကြပါ၏ --။

စေတနာနှင့်
ဝင်ကာပြောကေ
သဘောမကျ
မြှောက်ပင့်ပြောခါ
အားကြီးရလို့
ငါးသလောက်ကို
ဆားနူးနူးနှင့်
ဖြူးထားမျှက်နှာ
တခွီးခွီးကေ
ဝမ်းကြီးသာရေ --။

လွတ်လပ်ရီးကို
တောင်းလို့မရ
တိုက်မှရရေ
ဆိုကေလည်းသင့်
ဂိုးချေတိုက်စွာ
ပြောင်းတိုက်စွာလား --။

တခေတ်ပြီးတခေတ်
တနှစ်ပြီးတနှစ်
တိုက်ပါလတ်စွာ
ကုလားကိုရာ လက်နက်ရောင်းလို့
ဘုန်းကြီးကျောင်းမှာ
တောင်းစားကပ်စား လုပ်စားမမြင်
ဗမာဘားမှာ
အလင်းဝင်ရေ --။

အလှပလှ
ကြောင်ကျမကျ
ခွီးကျကျရေ --။

(အဘာလေ)
အေပိုင်တော်ရေ ရခိုင်မသား
ကုလားကွမ်းယာ
ဗမာသကာ ထညက်စား --။

မောင်ချစ် (ရခိုင်ပြည်)

Sunday, July 6, 2014

ဒေနိ ရခိုင်ပြည်


ဒေနိ ရခိုင်ပြည်
=========

ငရို့တိ ကိုးကွယ်စွာက (အဖ)
မင်းရို့တိ တင်ထားစွက (အဘ)
ပြည်သူတိ ဖြစ်နီစွာက (ဘအ)

(ချစ်ဆွေဦး)

Saturday, July 5, 2014

ရခိုင့်စာပီ AIDS


ရခိုင့်စာပီ AIDS
===========

အပျော်လိုက်လို့
(ဧ့) ကိုက်နီရေ ရခိုင်စာပီ
အရိုးမှာ အရီကပ်
ကမ္မဌာန်းရုပ်ပေါက်နီဗျာယ်--။

တိုင်ထူဆီးလည်းမနိုင်
သွီးသွင်းလို့လည်းမရ
ကုရာနတ္ထိ ဆီးမဟိ
တရိရိနန့် လုံးပါးပါး
လေးဖက်တွားနီဗျာယ် --။

ကိုယ်ခံအားကျဆင်း
(ဧ့) ရောဂါစွဲကပ်လျှက်
လေးဖက်တွားလူမမာ
ပြန်လည်နလန်ထူလာနိုင်ဖို့
ရခိုင်ဇီဝက
သမားတော်ကြီးတိ
ဆီးအယင်ဖော်စပ်ပီးကတ်ပါဖိ --။

မောင်ပေါက် (ရခိုင်ပြည်)

ကန္တုကန္တာအချစ်


ကန္တုကန္တာအချစ်
==========

ကန္တုကန္တာ မကျသိမ့်လို့
ဒါဒေါင်မရောင်းချင်ရေ ဈီးသည်မတယောက်ကို
ဈီးပြတ်ဖို့ မသင့်တော်ရေပိုင်
မင်းအချစ်ကိုလည်း
ငါ ဈီးမပြတ်ချင်ပါ --။

အ၀ှန်လို့ ပြောချင်ကေ ပြော
အရွှန်လို့ ဆိုချင်ကေ ဆို
အချစ်တိ ရင်ထဲမှာ
လပြည့်ဖြားပိုင်
ဘုန်းဘုန်းကြီးပြည့်လို့ ---။

အခုက အညာရီကြီးလို့
ကမ်းထောင့်ပြိုကျရေပိုင်
ငါ့ဘ၀လည်း ရရောင်းဆာလို့
ပျက်ကျလားခပျာယ် --။

အဂန္ဓုလို့ရာ သဘောထားလိုက်ပါဖိ
ညည့်နက်လို့ အနှင်မခံရအောင်
အထုပ်ချေကို ဘိုးသီးပိုးလို့
အိမ်ပြန်ဖို့ယာ ဘုချေ -။ ။

(အောင်ဇုံ)
June 10, 2014

သိုက်မြုံ


သိုက်မြုံ
=====
စာပဒေါင်းသည် အဟောင်းမခင်
အသစ်မြင်၏ --။

နွယ်မျှင်သွယ်တန်း သူ၏နန်းတွက်
ရက်ကန်းတတ်မြောက် သူတည်ဆောက်၏ --။

မိုးရောက်သည်နှင့် အဆင်သင့်ပင်
လီနှင့်အတူ တလူလူဝင့်
အောင်လံရွှင့်၏ --။

တွေးချင့်ထောက်ရှု ဤကောင်းမှုလျှင်
ကုသိုလ်ပြုရာ ကျောင်းကန်သာက
ကဗျာတပုဒ် ပုံပြယုဂ်တည့် --။ ။

(နရသီဟ)

အလုံးကြီးကြီး ဆို့မမျို


အလုံးကြီးကြီး ဆို့မမျို
==============

မုတ်ဆိတ်ဖွားဖွား ကုလားပင်
ရခိုင်ပြည်ကို အသျှင်ခံလို့
တန်ပြန်လက်မ ထောင်လတ်တေ
လက်လွှတ်စပါယ် ကြည့်မထားကဲ့ --။

ရခိုင်ပြည်ထဲ ခိုးလို့ဝင်
ပြည်ကိုပင်လျှင် အသျှင်ခံလို့
သမိုင်းတိကို သူရို့လိမ်
နောင်တချိန်မှာ သွီးချောင်းစီးဖို့ --။

အမျိုးမစစ် ကာလနာ
နိုင်ငံတကာ ငိုလို့ပြယင့် --။

စစ်အစိုးရ ပြန်လက်ခံ
နှစ်ဖက်ခွကြံ မဟာမင်းကြီး
အလုံးကြီးကြီး ဆို့မမျို
မင်းရို့ပြည်ကို ခေါ်လို့ထားလိုက် --။

ငါရို့ကတော့ လက်မခံ
ကိုယ့်နိုင်ငံကို ကိုယ်ရို့ပြန်ကတ်
အောက်ဆီအောက်ဆတ် ဆိုလတ်တေ
လူတိုင်းမှာလေ လူ့အခွင့်အရေး --။

ဓမြကို ရှိနီခံ
သူခိုးလက်ခံ သူရို့အစစ်
အမှန်တရား ချစ်ကတ်ပါ
မုသားဝါဒါ မသုံးကတ်ကဲ့
ကာလနာကို မမြီးစပ္ကဲ့ --။

မောင်ပေါက် (ရခိုင်ပြည်)

ပြည်ကြီးရခိုင်


ပြည်ကြီးရခိုင်
========

ရက္ခပူရီ၊ တိုင်းဌာနီကား
ရီကြိုင်မြမြ၊ ဂစ္ဆပနှင့်
စိမ်းမြညိုရောင်၊ ရိုးမတောင်နှင့်
ကမ်းမြောင်ရှည်စွာ၊ ပင်လယ်ပြာနှင့်
ရောင်ဝါသွယ်ဖြာ၊ သာသနာနှင့်
စိုင်လာသမိုင်း၊ ဤတိုင်းနိုင်ငံ
နက်သန်ဘုမ္မိ၊ ရာဇ၀င်ဟိ၏ --။

ရက္ခပူရီ၊ ဤသည်နိုင်ငံ
အောင်လံဝင့်ဝင့်၊ ထီးဖွင့်နန်းတည်
ပိတောက်စည်နှင့်၊ နယ်ပြည်သမုဒ်
အချုပ်အချာ၊ အာဏာပိုင်စိုး
မြင်းမျိုးသိန္ဓ၀၊ ကေသရာဇာ
ဗျာလပဉ္စရူ၊ ဆင်ဖြူဆင်နီ
သက်သီသာဓက၊ သင်္ဂေတနှင့် --။

ရက္ခပူရီ၊ ဤမြီဇာတိ
သီရိမဟာ၊ ရာဇာသွီးရင်း
မြတ်ခြင်းသီလ၊ စောင့်ထမျိုးရိုး
ထိန့်ကြိုးငလျင်၊ ပဲ့တင်ဟိန်းဟိန်း
ဗြိန်းစောင်းသံပြိုင်၊ စည်တော်မြိုင်နှင့်
ရခိုင်သားသွီး၊ ထိန်ထိန်ညီးသည်
ဘုန်းမီးနီလတောက်ထွန်းတည်း --။

(နရသီဟ)

မှန်ကင်းတလှည့် ထင်းတလှည့်


မှန်ကင်းတလှည့် ထင်းတလှည့်
===================

မြုံခိုးအုံမှိုင်း တဆိုင်းဆိုင်းနှင့်
တိုင်းသျှစ်ဌာနီ ပြာရီမှိုင်းညို့
မြသို့အသွင် လှရိပ်ဆင်လျှက်
ပင်ထက်လျှိုမြောင် တောတောင်ယံကြော
သံချိုနှောသည့် ဥသြရီသောက်
နွီကိုရောက်တိုင်း ရင်လှိုင်းခက်ထန်
မျက်ရည်သွန်မိ ပြန်လည်နှိုးဆွ
ပူသောကနှင့် နွမ်းရဘ၀င်
စိတ်အမြင်ဝယ် ယခင်အတိတ်
ပုံနမိတ်ရို့ တရိပ်ရိပ်လျှင်
စွဲဟင်ထင်သည် မရွှင်တမ်းတရလီဗျာယ်။

မျှော်ကြည့်တိုင်းလျှင် သျှစ်ခွင်အနှံ့
တေးဝီဖြန့်ရာ စေတီသာလည်း
မြီမှာပြိုယွင်း အလှကင်းလျှက်
ကျိုးပျက်တံတိုင်း အပိုင်းပိုင်းလည်း
ခြုံဝိုင်းနွယ်ရံ အထီးကျန်စွာ
စရှာမရ အနန္တတည့် --။

သြော် ရခိုင်ရို့၏ မိမြီဘမြီ
စာပီလက်ရာ နုပညာလျှင်
တခါမှန်ကင်း တလှည့်ထင်းသို့
ပျက်ယွင်းမြီခ ဖြစ်လီရငြား
ရခိုင်သားရို့ စိတ်ထားမှန်မှန်
မျိုးမာန်တိုးမြှင့် သင့်တင့်ညီညာ
တွဲလက်ဖြာသော် ရင်မှာခွန်အား
အားမာန်ပွားသည်
မိုးသားရောင်နီသို့နှယ်တကား --။

(ခိုင်လူခြင်္သေ့)

ဂြိုးညိုလည်းတိတ် မေလည်းအိပ်


ဂြိုးညိုလည်းတိတ် မေလည်းအိပ်
====================

ရွက်လှသိပ်သိပ်
မှင်းကျိုးပင်မှာ ဂြိုးညိုအိပ်လို့
သံတိတ်လတ်ကေ မေအိပ်တေလေ --။

မိုးလင်းရောင်ဝါ သူ့ဘာသာလေ
စီစာလည်းမြည် နိုးလတ်တေ --။

မပြတ်နိစ္စ အချိန်ကျ
မေလည်းထရေ --။

မြတ်စိန္တေမှာ ဆုမွန်တောင်းကေ
ဝတ်ပြုရေလည်း ၀တ်ပြုရေ --။

မေထွီးမရွှင်


မေထွီးမရွှင်
=======

တန်းဆောင်ဘုန်းလ ဟေမန္တမှာ
ချမ်းစတဖန် မြောက်လီပြန်ကေ
ရိုက်သွန်ဖြူးဖြူး
မရောက်လာကေ ယင်းခါကပင်
မေလျှင်စိတ်မှာ လွမ်းစယေပြုလို့
အခုကုန်ခါ တ၀ါဝါကေ
နတ်တော်ဆန်းဘိ ညဥ့်နှင့်နိမှာ
မေထွီးမရွှင်
စက်ဘုံသာကေ အိပ်ရာတွင်းမှာ
တစိမ့်စိမ့်ကေ ချမ်းစိမ့်ဝင်ရေ --။

လပြာသိုမှာ ဖြိန့်ဖြိန့်တုန်လို့
ကြင်သူယေ မရောက်
နှမဖြူလေ ညှိုးပိန်ခြောက်ကေ
တယောက်တည်းလေ --။

ပြာသိုလည်းပွဲ တပိုးထွဲမှာ
မီးပွဲမယေသဘင် ရထားငင်ကေ
ပျော်ရွှင်သောင်းသဲ
ရွာရှိပြင်မှာ မေလျှင်စိတ်မှာ
ပူကြီးဆွေးလို့
မကွဲမကွာ သူတကာမှာ
ချစ်ဘော်စုံဘက်
သည်ကိုမြင်ကေ မေလျှင်စိတ်မှာ
စိတ်ကြီးပျက်လို့
ကျင်ကိုင်လက်ပန်း အခန်းခန်းကို
အိမ်သူအကျွန် မြင်လတ်ပြန်ကေ
လွမ်းတောက်တာရှည်
ပန်းမဉ္ဇူကို နီပူထိုးကေ
ညှိုးလတ်တေလေး --။ ။

ကျွန်းသားအချစ်


ကျွန်းသားအချစ်
==========

ရမ်းပေါက်ကေရာလည်း စုံလီ
ပင်လယ်နားမှာ နွားတရွီနန့်
ဝါးပုလီကို မေပျို ကြားအောင်
ကာရီဘောင်က
ဂြိုးငှက်ကေယောင်ယောင်
ဖိုးခေါင်ယောင်လေ
နိခြင်းကြောင်တောင်
ကုန်းခေါင်ခေါင်မှာ
ချွေးပေါက်ကေရာလည်း ဒုတ်ဒုတ်
ပုလီချေကို ဆိုကာမှုတ်လို့
အလုပ်မှာပျော် မေ့ကိုခေါ်ကေ
ပေါ်လာနိုးနိုး ချောင်းခိုးကြည့်ပျာ
တအောင့်ကြာကေ ဆင်းပါလာလတ်
ရီခပ်ကွန်ဆောင် ဟင်းခူးယောင်လေ
ဘုန်းမောင်လူချော သူ့ရည်းစားကို
လားလို့ ကြိုရေ --။

ပဇောင်ချို မေပျို ပီးရေ
နွယ်ချို ကွမ်းယာ ဆီးကွမ်းယာကို
ဝါးကာလည်းစား
ကလောင်ဂျီ ကို ဖွာကာသောက်လို့
တအောင့်နားခါ
မေပျိုနားမှာ လားကာလည်းထိုင်
လက်ကိုကိုင်ကေ
(အဘာလေ) အေပိုင်ချိုရေ အချစ်
ရွာကချစ်ကို
အနှစ်တရာ မမိပါဝေ --။

သက္ကရာဇ်ကို ဖြိုကာပစ်လို့
တစ်ကပြန်စ
ချစ်ချစ်လို့ မ၀ပါ --။

အောင်လှခိုင် (ဒိုက်ကလူ)